Chereads / Breaking Up , No Joke ( Myanmar Translation ) / Chapter 21 - Chapter-20(Breaking News)

Chapter 21 - Chapter-20(Breaking News)

ပေါ်ယွီရဲ့အလုပ်က အရှိန်အဟုန်အား​ကောင်း​နေတဲ့အချိန်မှာ ' ဧရာမပါးစပ်ကြီးက အတင်းအဖျင်း​တွေကို ​ဖော်ထုတ်ရတာ ကြိုက်တယ် ' လို့အမည်ရတဲ့ Weibo marketing user acc အသုံးပြုသူဟာ ' ​ပေါ်ယွီက entertainment ​လောကက​နေ ထွက်သွားသင့်တယ် ' ဆိုတဲ့ သတင်းတစ်ပုဒ်ကို စတင်ဖြန့်ဖြူးလာသည်။

______ အဲဒီ Weibo marketing acc အသုံးပြုသူဟာ entertainment ​လောကရဲ့ အတင်းအဖျင်းသတင်းစကား​တွေကို ​ဖော်ထုတ်ရာမှာ အထူးကျွမ်းကျင်သည်။အထူးသဖြင်း star ​တွေရဲပုံရိပ်ဟာ လူထုကြားမှာရှိတဲ့ သူတို့ရဲပုံရိပ်နဲ့ မတူညီ​တော့တဲ့အခါမျိုးဖြစ်သည်။

ဥပမာ , ပြီးခဲ့တဲ့နှစ်​မေလတွင် ' ဧရာမပါးစပ်ကြီး ' ဟာ ဖြူစင်ရိုးသားလှပါတယ်ဆိုတဲ့ သရုပ်​ဆောင်မင်းသမီးတစ်​ယောက်ရဲ့ စိတ်ပျက်စရာအတိတ်ကို ​ဖော်ထုတ်ခဲ့သည်။သူမဟာ အလုပ်ပြီးတဲ့အချိန်မှာ bar ​တွေသွားရတာကြိုက်ပြီး မတူညီတဲ့ ​ယောကျ်ား​ပေါင်းစုံနဲ့လည်း မကြာခဏ အတူအိပ်တတ်သည်။ ' ဧရာမပါးစပ်ကြီး ' က သူမရဲ့အဲဒီလိုပြုမူ​နေတဲ့ ဓါတ်ပုံ​တွေနဲ့ အဲဒီ​ယောကျ်ား​ပေါင်းစုံရဲ့ဓါတ်ပုံ​ပေါင်းများစွာကို သက်​သေအ​ထောက်အထားအ​နေဖြင့် internet ​ပေါ်မှာ post တင်လိုက်သည်။

လူထုအလယ်မှာ နှစ်​ပေါင်းများစွာ ​ကျောက်စိမ်းအမျိုးသမီး​လေးပုံရိပ်အဖြစ် ဖန်တီးထားခဲ့တဲ့ အဲဒီဖြူစင်ရိုးသားလှပါတယ်ဆိုတဲ့ သရုပ်​ဆောင်မင်းသမီးဟာ ချက်ချင်းပဲ အဲဒီ Weibo marketing acc အသုံးပြုသူ​ရဲ့ ​ဖော်ထုတ်မှုကြောင့် ပျက်စီးသွားခဲ့ရသည်။

​နောက်မှာ​တော့ အဲဒီမင်းသမီးဟာ Weibo အသုံးပြုသူ​တွေနဲ့ အ​တွေ့အကြုံရှိ ဝါရင့် hater ​တွေရဲ့ ရန်လိုတိုက်ခိုက်ခြင်းကို ​မေးခွန်း​တွေ ​ဝေဖန်ချက်​တွေနဲ့ တရစပ်ထိုးနှက်ခံရ​တော့သည်။အခုချိန်မှာ သူမက သရုပ်​ဆောင်အလုပ်ကို ဆက်လက်လုပ်ကိုင်​နေတုန်း ဆို​​ပေမယ့်လည်း သူမဟာ အမျိုးသမီးဇာတ်လိုက်အဖြစ် သရုပ်မ​ဆောင်နိုင်​တော့ပေ။

သူမရဲ့ပုံရိပ်က ပြတ်ပြတ်သားသား ဖျက်ဆီးခံလိုက်ရပြီး သူမရဲ့တန်ဖိုးလည်း ကျဆင်းသွားခဲ့သည်။သူမဟာ အချိန်တစ်ရက်တည်းနဲ့ လူထုရဲ့အာရုံစိုက်ခြင်းကိုခံရမယ့်အစား အထင်​သေးရွံရှာစက်ဆုပ်ခြင်းကို ခံလိုက်ရ​တော့သည်။

ဒီနှစ်ရဲ့ မတ်လမှာ​တော့ ' ဧရာမပါးစပ်ကြီး ' ဟာ Weibo ​ပေါ်မှာ ​နောက်တစ်ကြိမ် post  တင်ခဲ့ပြန်သည်။အဲဒီ post မှာ စာသားတိုတစ်​ကြောင်းသာ ပါ၀င်သည်။ ' သူတို့​တွေက အမှတ်မထင် ဒီတိုင်း​တွေ့ကြတာပဲလို့​တော့ ငါ မယုံဘူး ။ မင်းတို့​ရော ဘယ်လိုထင်ကြလဲ ? ' [long pictures attached]

ဓါတ်ပုံ​တွေထဲမှာ ဆွဲ​ဆောင်မှုရှိတဲ့ မင်းသမီးတစ်​ယောက်က အရပ်ရှည်ရှည် ရုပ်​ချော​ချော အမျိုးသားကြယ်ပွင့်တစ်​ယောက်ရဲ့လက်​မောင်းကို တွဲထားပြီး အရမ်းကို ရင်းနှီးကြတဲ့ ပုံစံနဲ့ မကြာခဏ တိုးတိုး​လေး စကား​လှမ်း​ပြော​နေတဲ့ ပုံရိပ်​တွေပါရှိသည်။သူတို့ကို ကြည့်ရတာ အရမ်းပဲ ချစ်ခင်ကြင်နာ​နေကြဟန်​ပေါ်ပြီး လမ်းသွားလမ်းလာ​တွေက​တောင် သူတို့ကို မျက်စိရှက်လို့ မကြည့်နိုင်​ပေ။

ဒါ​ပေမယ့် အကယ်၍ အမျိုးသားကြယ်ပွင့်မှာ က​လေး​မွေးဖွားခါနီး ဇနီးသည်တစ်​ယောက်သာမရှိရင် ၊ အဲဒီမင်းသမီးမှာသာ သူမနဲ့ ငါးနှစ်​လောက် ချစ်ခဲ့ကြတဲ့ ချစ်သူ​ကောင်​လေးမရှိရင် သူတို့နှစ်​ယောက်က အရမ်းကို ပြီးပြည့်စုံပြီး လိုက်ဖက်တဲ့ စုံတွဲတစ်တွဲ ဖြစ်နိုင်သည်။

မိန်းမဖြစ်သူက ကိုယ်၀န်ရှိ​နေတာကို ​ယောကျ်ားဖြစ်သူက ကိုယ်၀န်သည်ဇနီးကို လိမ်လည်​ဖောက်ပြန်ခဲ့တာဆိုတဲ့အချက်ဟာ ​ခေတ်​ပေါ်လူမှုအဖွဲ့အစည်းရဲ့ ​နေရာတိုင်းမှာ မြင်​တွေ့​​နေရပြီး တစ်ချိန်တည်းမှာပဲ လူထုကို အလွန်​ဒေါသထွက်​စေသည်။အဲဒီ post ထွက်​ပေါ်လာလာချင်းမှာတင် သူတို့ရဲ့လက်တွဲ​ဖော်​တွေကို လိမ်လည်လှည့်စားခဲ့ကြတဲ့ အမျိုးသားကြယ်ပွင့်နဲ့ သရုပ်​ဆောင်မင်းသမီးတို့ဟာ လူအများရဲ့ အထင်​သေးရွံရှာမုန်းတီးစက်ဆုပ်ခြင်းကို ခံရ​တော့သည်။

သိပ်မကြာခင်မှာပဲ အမျိုးသားကြယ်ပွင့်ဟာ ဆိုရှယ်မီဒီယာ​တွေ​ရှေ့မှာ ငိုယိုရင်း သူ့ရဲ့အပြစ်​တွေနဲ့​နောင်တ​တွေကို သိရှိပါပြီဟုဆိုကာ သူ့မိသားစုဆီပြန်သွားဖို့နဲ့ ​နောက်ထပ်အမှားမလုပ်​တော့ဖို့ကို ကတိ​ပေးခဲ့သည်။

အဲဒီအမျိုးသားကြယ်ပွင့်ရဲ့ဇနီးကလည်း ဘာအ​ကြောင်းပြချက်မှမ​ပေးဘဲ သူ့ကို ခွင့်လွှတ်ဖို့ ​ရွေးချယ်ခဲ့သည်။

ဒါ​ပေမယ့် အမျိုးသမီးသရုပ်​ဆောင်က​တော့ အဲဒီအမျိုးသားကြယ်ပွင့်လို ကံမ​ကောင်းအ​ကြောင်းမလှ​ပေ။လူမှုအဖွဲ့အစည်းက အမျိုးသမီး​တွေအ​ပေါ်မှာ အရမ်း​တောင်းဆိုလွန်းပြီး ​ဒေါသထွက်​နေကြတဲ့ အင်တာနက်အသုံးပြုသူ​တွေဟာ အမျိုးသမီးသရုပ်​ဆောင်ကို ခွင့်မလွှတ်ကြ​ပေ။

သူများ​ယောကျ်ားကို မြူဆွယ်တဲ့ မိန်းမပျက်တစ်​ယောက်က လူ​တွေခွင့်လွှတ်တာကိုခံရဖို့ အရည်အချင်းမရှိဘူး !!!

အမျိုးသားကြယ်ပွင့်ဟာ လူထု​ရှေ့မှာ​နေရမယ့်အစား ကုမ္ပဏီတစ်ခုတည်​ထောင်လိုက်သည်။မကြာခင်မှာ အမျိုးသမီးသရုပ်​ဆောင်ကလည်း Weibo comment box ကိုပိတ်ထားလိုက်ပြီး entertainment ​လောကမှာပဲ ဆက်လက်သရုပ်​ဆောင်ဖို့ ​ရွေးချယ်ခဲ့သည်။

သို့​သော်လည်း ​ဒေါသထွက်​နေကြတဲ့ အင်တာနက်အသုံးပြုသူ​တွေဟာ အဲဒီမင်းသမီးရဲ့ တီဗွီဇာတ်လမ်းတွဲ​တွေကို ဆက်လက်ကြည့်ရှူဖို့ ဆန္ဒမရှိကြ​တော့​ပေ။သူတို့က ရုန့်ရင်းကြမ်းတမ်းရက်စက်ပြီး အညှာအတာကင်းမဲ့လှတဲ့ မှတ်ချက်​တွေနဲ့အတူ မင်းသမီးနဲ့သူမရဲ့မိသားစုကို ဆဲ​ရေး​စော်ကားကြသည်။

' ဧရာမပါးစပ်ကြီး ' က ရုတ်တရက် စတင်ဖြန့်ဖြူးခဲ့တဲ့ ' ​ပေါ်ယွီက entertainment ​လောကက​နေ ထွက်သွားသင့်တယ် ' ဆိုတဲ့ သတင်းကို ​ပေါ်ယွီ မြင်လိုက်ရတဲ့အချိန်မှာ ချက်ချင်းပဲ သူ ​​ချွေး​​​စေး​တွေ ထွက်လာ​တော့သည်။

____________

' ဧရာမပါးစပ်ကြီး ' ; ' ဒီပုံကို မြင်ပြီးတဲ့အခါ ​ကျေးဇူးပြုပြီး ဆုံးဖြတ်​ပေးပါ ' [ long pictures attached ]

ရိုက်ကွင်း​နေရာရဲ့အပြင်ဘက်မှာ ​ပေါ်ယွီက သူ့လက်​မောင်းထဲမှာ ချီထားတဲ့ နှစ်နှစ်အရွယ် ဖရဲသီး​လေးနဲ့အတူ milk tea ဆိုင်တံခါး​ရှေ့မှာ လမ်း​လျှောက်​နေပြီး အရမ်းကို ​ပျော်ရွှင်​နေတဲ့ မျက်နှာအမူအရာနဲ့ လမ်းတစ်ဖက်ကို ကူးသွား​နေသည်။

ဓါတ်ပုံရိုက်တဲ့ ရှူ​ထောင့်​ကြောင့် ပုံ​တွေထဲမှာ ဖရဲသီး​လေးရဲ့ ​ကျောပြင်​လေးကိုသာ မြင်ရပြီး အ​ရှေ့ဘက်ခြမ်းပုံက​တော့ ရှင်းရှင်းလင်းလင်း မမြင်ရဘဲ မှုန်ဝါး​နေသည်။

ဖုန်းက လက်ထဲက​နေ ကြမ်းပြင်​​ပေါ်ကို ပြုတ်ကျသွားပြီး ဖရဲသီး​လေးက ပ​ဟေဠိဖြစ်​နေတဲ့ ပုံ​လေးနဲ့ ​ပေါ်ယွီကို လှည့်ကြည့်လာသည်။

​ပေါ်ယွီက ဖရဲသီး​လေးကို ပြုံးပြလိုက်ပြီး ကပျာကယာနဲ့ သူ့ဖုန်းကို ပြန်​ကောက်လိုက်သည်။

သူ အရမ်းကို သတိလက်လွတ်ဖြစ်​နေသည်။အဲဒီအချိန်တုန်းက စုန့်ရှီလင်ဟာ ရိုက်ကွင်းဆီ ဖရဲသီး​လေးကို လာပို့​ပေးတာဖြစ်သည်။ပြီး​တော့ ​ပေါ်ယွီကလည်း အဲဒီကိစ္စကို နှစ်ခါပြန်မစဉ်းစားဘဲ ထွက်​တွေ့ခဲ့လိုက်မိပြီး ခိုး​ကြောင်ခိုးဝှက်နဲ့ ​ဓါတ်ပုံရိုက်တတ်တဲ့ ပါပါရာဇီ​တွေအတွက် အခွင့်အ​ရေးချန်ထား​ပေးမိသလိုဖြစ်သွားသည်။

{ T / N ; မှတ်မိကြလား​တော့မသိဘူး ။ ​ပေါ်​ပေါ်က အဲဒီ milk tea shop မှာ စုန့်စုန့်နဲ့ ​တွေ့တဲ့အချိန်တုန်းက​လေ စုန့်စုန်ထပြန်သွားပြီး ​ပေါ်​ပေါ်နဲ့ဖရဲသီး​လေးပဲကျန်ခဲ့တဲ့အချိန်မှာ flash မီးလင်းသွားတယ်လို့ပါတယ်​လေ။မှတ်မိလား ? မမှတ်မိဘူးလား ? မမှတ်မိရင် ပြန်ဖတ်ပါကွယ် chapter-10 ကို }

_______________

​ပေါ်ယွီ အပြင်းအထန် စဉ်းစား​နေရင်း သူ့နှုတ်ခမ်း​တွေကို တင်းတင်း​စေ့ပိတ်လိုက်သည်။

သူ သင့်​တော်တဲ့ အခွင့်အ​ရေးတစ်ခုကို အသုံးချပြီး ဖရဲသီး​လေးကို လူကြားထဲ ​ခေါ်ထုတ်လာဖို့ကို ​ပေါ်ယွီ စဉ်းစားခဲ့ဖူးသည်။သူ ရုပ်ရှင်ရိုက်​​နေတဲ့ အချိန်အတွင်းမှာ သူ ဖရဲသီး​လေးကို ရိုက်ကွင်းဆီ ​ခေါ်သွားနိုင်ပြီး ဖုံးကွယ်ထားစရာ မလို​တော့​ပေ။

ဒါ​ပေမယ့် ​ပေါ်ယွီ စဉ်းစားလို့မရ​သေးတာက ဖရဲသီး​လေးက သူ့သားဆိုတာကို လူ​တွေဆီ ဘယ်လိုအသိ​ပေးပြီး လူထုရဲ့​မေးခွန်း​တွေအတွက် အ​ကောင်းဆုံးတုံ့ပြန်မှုအစီအစဉ်ကိုပဲ !!!

ဒါ​ကြောင့် အခုချိန်က ဖရဲသီး​လေးကို လူကြားထဲမှာ ပွဲထုတ်ဖို့ အချိန်​ကောင်းတစ်ခုမဟုတ်​​ပေ။

​နောက်ဆုံးကျရင် လူ​တွေရဲ့ထင်မြင်ချက်က ဘယ်လို​တွေ ဖြစ်လာမယ်ဆိုတာကိုလည်း သူ မသိဘူး !!!

​ပေါ်ယွီ အ​တော် စိတ်ဆင်းရဲ​နေရသည်။

______________

[ entertainment ​လောကကြီးက တကယ့်ကို ဖရိုဖရဲနဲ့ ပရမ်းပတာပါပဲ ၊ အဲဒါ​ကြောင့် ငါက ဇာတ်လမ်းကိုပဲ အာရုံထားကြည့်ပြီး အဲဒီ star လို့​ခေါ်တဲ့ဟာ​တွေကို အားမ​​ပေးချင်တာ ]

[ ဟာ ... ဟ , သူ့ရဲ့လက်ထက်ပွဲကို လျှို့ဝှက်ထားတဲ့ ​နောက်ထပ် star တစ်​ယောက်​ပေါ့​လေ ၊ ပြီးခဲ့တဲ့ရက်ကပဲ သူက ​မော့အန်းယွီနဲ့အတူတူ လိင်တူဇာတ်လမ်း​ကြော်ငြာတဲ့​နေရာမှာ အလုပ်ရှုပ်​နေတုန်းရှိ​သေးတယ် ။ အခု​တော့ ငါတို့ သိလိုက်ရပြီ ၊ အားလုံးက အတုအ​ယောင်​တွေချည်းပဲ ၊ စိတ်ပျက်စရာ​ကောင်းရန်​ကော !!! ]

[ ​ပေါ်ယွီ့လက်​မောင်းထဲက က​လေး​လေးက ​ပေါ်ယွီ့သားဖြစ်ရမယ်ဆိုတဲ့ စည်းမျဉ်းမှမရှိတာ ။ အဲဒီက​လေး​လေးက သူ့ရဲ့​ဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်းရဲ့ က​လေးလည်း ဖြစ်နိုင်တာပဲ ။ အမှန်တရား ထွက်​ပေါ်မလာခင်မှာ ​ကျေးဇူးပြုပြီး စကားနဲ့ပဲ အဓိပ္ပါယ်​ကောက်မ​နေကြနဲ့ ]

[ # ​ပေါ်ယွီ , entertainment ​လောကက​နေ ထွက်သွား !  # ငါ ထပ်ပြီး သူ့ပရိသတ်မဟုတ်​တော့ဘူး ။ ငါ ဒီလို ​နောက်ကွယ်မှာ ကတိမတည်တဲ့ star မျိုး​တွေကို မကြိုက်ဘူး ]

' ဧရာမပါးစပ်ကြီး ' တင်လိုက်တဲ့ ​နောက်ဆုံး Weibo သတင်းဟာ လျင်မြန်စွာနဲ့ပဲ Weibo Hot Search List ထဲကို ​ရောက်သွားပြီး အဲဒီအဖြစ်အပျက်​ကြောင့် ​ပေါ်ယွီက​တော့ ​ဘေးကျပ်နံကျပ် အ​ခြေအ​နေထဲမှာ ပိတ်မိသွားရသည်။

______________

အခုချိန်တွင် internet တစ်ခုလုံးဟာ ​ပေါ်ယွီရဲ့ မ​ကောင်းသတင်း​တွေနဲ့ လွှမ်းမိုး​နေသည်။လူထုဟာ ​ပေါ်ယွီရဲ့ အသက်ဆယ့်​​ခြောက်နှစ်မှာ ပွဲဦးထွက်ဇာတ်လမ်းတွဲဖြစ်တဲ့ တက္ကသိုလ်လူငယ်တီဗွီဇာတ်လမ်းတွဲက​နေပြီး ထိ တူးဆွရှာ​ဖွေကာ သူ့ရဲ့သရုပ်​ဆောင်အရည်အချင်း ၊ ကိုယ်ကျင့်တရား ၊ သိက္ခာ အဲဒီအ​ကြောင်း​တွေကို ​ဆွေး​နွေး​နေကြသည်။

မန်​နေဂျာကျန်းက တည်ငြိမ်စွာ ​ပြောလိုက်သည်။   " ဒါက အရမ်းကို ရုတ်တရက်ကြီး ဖြစ်သွားတာပဲ ။ တစ်​ယောက်​ယောက်က ​နောက်ကွယ်က​နေ မင်းကို အရှက်ခွဲဖို့ အင်တာနက်ရှဲဒိုးစာ​ရေးဆရာ​တွေကို ရည်ရွယ်ချက်ရှိရှိ ၀ယ်ထားတာဖြစ်ရမယ် ။ မင်း ဇာတ်ညွှန်းဖတ်တဲ့​နေရာမှာပဲ အာရုံစိုက်ထား ။ ဒီရက်​တွေမှာ internet သုံးတာကို ရပ်ထားလိုက်ဦး "

​ပေါ်ယွီက ဖုန်းထဲက​နေ ကတိ​ပေးလိုက်ပြီး ဖရဲသီး​လေးရဲ့လက်ထဲက လိ​မ္မော်သီးကို သူ့ဆီကမ်း​​ပေးရန် ဖရဲသီး​လေးကို လက်ဟန်ပြလိုက်သည်။​ပေါ်ယွီ အခွံနွှာ​ပေးရင်း ​ပြောလိုက်သည်။   " ကျွန်​တော် သိပြီ "

" ပြီး​တော့ internet ​ပေါ်မှာ ပျံ​နေတဲ့ ဓါတ်ပုံ​တွေအတွက်က ငါ သတင်းဋ္ဌာန​တွေကို အ​ကြောင်းကြားပြီး သတင်းစာရှင်းလင်းပွဲလုပ်လိုက်မယ် ။ အဲဒီအခါကျမှ သူ ​သေချာ​လေး ရှင်းပြလိုက်​​ပေါ့ "   မန်​နေဂျာကျန်းက သူ့အတွက် စီစဉ်​ပေးထားလိုက်သည်။

" အခု ဒီဟာက မင်းရဲ့အလုပ် တိုးတက်ဖို့အတွက် အ​ရေးကြီးတဲ့အချိန်ပဲ ။ မင်း အဲဒီအ​ခြေအမြစ်မရှိတဲ့ စွပ်စွဲချက်​တွေ​တွေ လွှမ်းမိုးတာခံလို့ မရဘူး !!! "

​ပေါ်ယွီ မန်​နေဂျာကျန်း ​ပြောတုန်းမှာပဲ ဖုန်းချလိုက်သည်။မန်​နေဂျာကျန်းက သူ့ကို ဖုန်းပြန်မ​ခေါ်ခင်မှာ သူ မန်​နေဂျာကျန်းဆီကို အရင် video call ​ခေါ်လိုက်သည်။

မန်​နေဂျာကျန်းရဲ့ ​ဒေါသထွက်​နေတဲ့ မျက်နှာအမူအရာကြီးဟာ screen ​ပေါ်မှာ ​ပေါ်လာပြီး သူ ​အော်လိုက်သည်။   " ​ပေါ်ယွီ , မင်း ဘာလုပ်တာလဲကွ !!! "   ​ပေါ်ယွီက ဖုန်းကင်မရာကို ဖရဲသီး​လေးဘက် လှည့်လိုက်ပြီး ဖရဲသီး​လေးရဲ့ ​ဘေးတိုက်မျက်နှာ​လေးကိုပဲ ပြလိုက်သည်။အချိန်ငါးစက္ကန့်​လောက် ကြာပြီးတဲ့​နောက်မှာ​တော့ ​ပေါ်ယွီ ​ပြောလိုက်သည်။

" အဲဒါက ကျွန်​တော့်သားပဲ အသက်ကနှစ်နှစ်နီးပါး​လောက်ရှိပြီ "

မန်​နေဂျာကျန်း မှင်တက်သွားပြီး သူ့နှလုံးသားထဲမှာ ​တွေးလိုက်မိသည်။ကံ​ကောင်းတာက သူ သတင်းစာရှင်းလင်းပွဲမလုပ်ရ​သေးလို့​ပေါ့ ။ မဟုတ်ရင် တကယ့်ကို ဒုက္ခ​ရောက်​တော့လို့ ။

" မင်း ဘာဆက်လုပ်မှာလဲ ? " မန်​နေဂျာကျန်းဟာ အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှူလိုက်ပြီး​နောက် ​ပြောလာခဲ့သည်။ " အခုချိန်ကြီး မင်းမှာ သားတစ်​ယောက်ရှိပါတယ်ဆိုတဲ့ သတင်းကို မင်း ထုတ်လို့မရဘူး ။ အဲဒီကိစ္စကို မင်း ၀န်မခံသ၍ လူ​တွေ ဘာ​ပြော​ပြော ကိစ္စမရှိဘူး "

မန်​နေဂျာကျန်းက အသိဉာဏ်ရှိတဲ့ အမျိုးသားတစ်​ယောက်ဖြစ်သည်။​ပေါ်ယွီရဲ့အပြုအမူ​တွေက ဘာအတွက်ဆိုတာ သူ သိသည်။ဒါ​ကြောင့် မန်​နေဂျာကျန်းက ဖရဲသီး​လေးနဲ့ပတ်သတ်ပြီး ​ပေါ်ယွီဆီ ​မေးခွန်း​တွေမ​မေး​ပေ။

​ပေါ်ယွီ မတ်တပ်ထရပ်လိုက်ပြီး လသာ​ဆောင်ဆီ ထွက်ကာ ​​ပြောလိုက်သည်။

" ကျွန်​တော် Weibo marketing acc နှစ်ခုနဲ့ အင်တာနက်ရှဲဒိုးစာ​ရေးဆရာ acc ​တွေ သိန်းချီကို ၀ယ်ထားတယ် ။ အဲဒါ​ကြောင့် မကြာခင် ကျွန်​​တော့်ဆီက​နေ လူထု အာရုံ​ပြောင်းသွားလိမ့်မယ် "

" ​ကောင်းတယ် " မန်​နေဂျာကျန်းက အလွယ်တကူပဲ သ​ဘောတူလိုက်သည်။

" သူတို့မှာ အ​ရှေ့ဘက်ခြမ်းက​နေ ရိုက်ထားတဲ့ ဓါတ်ပုံ​တွေမရှိဘူး ။ အဲဒါ​ကြောင့် internet ​ပေါ်မှာ သူတို့​တွေ ဂယက်ထ​အောင်မလုပ်နိုင်ဘူး ။ ဒါ​ပေမယ့် ကျွန်​တော်က​တော့ ကျွန်​တော့်က​လေးကို တစ်ချိန်လုံး ဖုံးကွယ်ထားမှာမဟုတ်ဘူး " ​ပေါ်ယွီ ​ပြောလိုက်သည်။

" ဒါ​ပေမယ့် မင်း အခုမှ နှစ်ဆယ့်ငါးနှစ်ပဲရှိ​သေးတာ​လေ ။ အခုချိန်မှာ မင်းက entertainment ​လောကရဲ့ နာမည်အကြီးဆုံး star ပဲ ။ မင်းရဲ့လက်ထက်ပွဲကို ​ကြေညာဖို့ဆိုတာကြီးက အ​တော့်ကို အဓိပ္ပါယ်မရှိဘူး !!! " မန်​နေဂျာကျန်း ကုန်း​အော်ချလိုက်သည်။

" က​လေးမှာ အ​မေမရှိဘူး ၊ ကျွန်​တော်ပဲ ရှိတာ " ​ပေါ်ယွီ ​ပြောလိုက်သည်။ " ကျွန်​တော် ကျွန်​တော့်သား​လေးကို ဘယ်လိုလူသိရှင်ကြားထုတ်​ကြေညာရမလဲဆိုတာ မသိ​ဘူး ။ ​လောင်ကျန်း , ကျွန်​တော် ကျွန်​တော်ရဲ့က​လေးကို တစ်ချိန်လုံး အိမ်မှာပဲ ​နေသွားဖို့ကို​တော့ ခွင့်မပြုနိုင်ဘူး "

မန်​နေဂျာကျန်းရဲ့ အသက်ရှူသံ​တွေက အရမ်းကို မြန်ဆန်လာ​တော့သည်။ခဏ​လောက်ကြာတဲ့အခါ မန်​နေဂျာကျန်းက တည်ငြိမ်​နေတဲ့ အသံနဲ့ ​ပြောလာခဲ့သည်။

"​ ကောင်းပြီ ၊ ငါ နည်းလမ်းရှာကြည့်လိုက်မယ် ၊ အရင်ဆုံး ဘာကိုမှရှုပ်​ထွေး​အောင်မလုပ်နဲ့ "

​ပေါ်ယွီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။​လောင်ကျန်းက entertainment ​လောကထဲမှာ နှစ်​တွေအကြာကြီး အလုပ်လုပ်လာခဲ့တာဖြစ်သည်။သူက ကူညီ​ပေးဖို့ကတိ​ပေးထားသ၍ ဒီပြသာနာကို ​ဖြေရှင်းဖို့ ​ပေါ်ယွီအတွက် အများကြီး လွယ်ကူသွားပြီဖြစ်သည်။

" ငါ ဒီကိစ္စကို အရင်ရှင်းလိုက်ဦးမယ် " မန်​နေဂျာကျန်းက ​ရောက်တက်ရာရာ​ပြောပြီး​နောက်မှာ​တော့ သူ ​ပြောလိုက်သည်။ " ဒါနဲ့ မင်း စာချုပ်အသစ်ချုပ်ဖို့ကိစ္စကိုလည်း စဉ်းစားလိုက်ဦး "

အဲဒါ ​ပြောပြီးတာနဲ့ မန်​နေဂျာကျန်းက ​ပေါ်ယွီပြန်​ဖြေတာကို​တောင်မ​စောင့်ဘဲနဲ့ ဖုန်းချသွား​တော့သည်။

_______________

ချီယန်က​တော့ internet ​ပေါ်က လူထုထင်မြင်ချက်​တွေဟာ သူ ​မျှော်လင့်ထားတဲ့အတိုင်း ဖြစ်​နေတာကို မြင်ရတဲ့အခါ အရမ်းကို စိတ်​ကျေနပ်အားရ​နေသည်။ချီယန် ပြုံးလိုက်ပြီး iPad ကိုထုတ်ကာ အင်တာနက်ရှဲဒိုးစာ​ရေးဆရာ​တွေကို ၀ယ်ယူထားတဲ့ လက်ကျန်​ငွေကို ​ပေး​ချေလိုက်သည်။

အစက​တော့ ချီယန်ဟာ ​ပေါ်ယွီကို အရှက်ရ​အောင်လုပ်ဖို့အတွက် အင်တာနက်ရှဲဒိုးစာ​ရေးဆရာတချို့ကို ၀ယ်ယူချင်ခဲ့တာဖြစ်သည်။ဒါ​ပေမယ့် ' ဧရာမပါးစပ်ကြီး ' က ​ပေါ်ယွီကို ဒီလိုပြသာနာရှာလိုက်လိမ့်မယ်လို့​တော့ သူ တစ်ခါမှ မ​တွေးဖူး​ပေ။

အခု အဲဒီအဖြစ်အပျက်က ပိုပိုပိုပိုပြီး ဆိုးဝါးလာတာ​ကြောင့် ချီယန် အလွန် ​ပျော်ရွှင်​နေသည်။

ဒါ​ပေမယ့် ချီယန်ရဲ့​နောက်ကွယ်မှာရှိတဲ့ အမျိုးသားက​တော့ မကြာခင်မှာပဲ ​ဒေါသထွက်သွားသည်။

အမျိုးသားရဲ့ ရှင်းလင်းပြတ်သားကာ နူးညံ့သိမ်​မွေ့တဲ့အသံက အခု​တော့ စိတ်ဖိစီး​​နေသည်။သိသိသာသာကိုပဲ သူက အရမ်း​ဒေါသထွက်​နေဟန်​ပေါ်သည်။ " မင်း ... ​သောက်ရူး !!! ငါ မင်းကို အရင်က ​ပြောထားခဲ့တယ်​လေ ၊ မင်း ​ပေါ်ယွီကို ပြသာနာမရှာနဲ့လို့ ။ မင်းဦး​နှောက်က တစ်ခန်းလွတ်​နေတာလား ?!!! "

ချီယန်ရဲ့မျက်နှာက ချက်ချင်း ​ပြောင်းလဲသွားသည်။ " ​မော့အန်းယွီ , ငါတို့က တစွ​ယောက်နဲ့တစ်​ယောက် ပူး​ပေါင်းပြီး ကိုယ်လိုချင်တာယူ​နေကြတာ​လေ ။ မင်းမှာ ငါ့ကို ဟိုလိုလုပ်ဒီလိုလုပ်​ပြောဖို့ အရည်အချင်းရှိလို့လား !!! "

​မော့အန်းယွီ ​လှောင်​ပြောင်ရယ်​မောလိုက်သည်။ " တကယ်လို့ ငါသာ စုန့်ရှီလင်ဆီသွားပြီး ပြသာနာရှာတဲ့လူက မင်းပါလို့ ​ပြောလိုက်ရင် မင်းတို့ရဲ့အတိတ်က ဆက်ဆံ​ရေး​ကြောင့် သူ မင်းကိုဆက်ပြီး သနား​နေဦးမယ်လို့ ထင်လား ? "

" မင်း သူ့ကို​ပြောရဲရင် ငါလည်း မင်းက ​​ခွေးတစ်​ကောင်လိုမျိုး ပေါ်ယွီ​နောက်လိုက်​နေတဲ့ ​ငတုံးတစ်ယောက်သာသာပဲဆိုတဲ့အ​ကြောင်းကို တစ်​လောကလုံးဆီ ​ပြောရဲတယ် "

​မော့အန်းယွီရဲ့​လေသံက အန္တရာယ်​အ​ငွေ့အသက်တွေနဲ့ ပြည့်နှက်လာသည်။ " ချီယန် , မင်း ငါ မလုပ်ရဲ​လောက်ဘူးလို့များ တကယ်ကြီး စဉ်းစား​နေတာလား ? "

ချီယန်က ပွင့်ပွင့်လင်းလင်းပဲ သူ​တော်​ကောင်း​ယောင်​ဆောင်​နေတဲ့ ​မော့အန်းယွီကို ​စော်ကား​မော်ကား​ပြောလိုက်​တော့သည်။

" ​မော့အန်းယွီ , မင်း ငါ့ကို အဲ့လိုလုပ်ရဲရင် ငါ မင်းက​ရော ​ပေါ်ယွီကိုပါ သတ်ပြီး ​မြေမြှုပ်လိုက်မယ် "

" ပြီးရင်​တော့ ပြန်သွားပြီး ​ပြောပစ်လိုက်မှာ​ပေါ့ ။ ​ပေါ်ယွီဆိုတဲ့​ခွေး​ကောင်က ငါ့ရည်းစားကို တစ်​နေကုန် မြှူဆွယ်မ​နေသင့်ဘူးလို့ ။ သူက ငါ့လူ​ရှေ့က​နေ ​ပျောက်ကွယ်သွားသင့်တာ !!! "

​မော့အန်းယွီ ​ဒေါသထွက်လာ​တော့သည်။

" ပါးစပ်ပိတ် !!! "

" ငါ ပါတီပွဲတုန်းက ငါ့ရဲ့အစီအစဉ်ကျရှုံးသွားခဲ့တယ် ။ ဒါ​ပေမယ့် ​ပေါ်ယွီက​တော့ ​အောင်မြင်သွားတယ်​လေ ။ သူတို့​တွေက အခန်းတစ်ခန်းထဲမှာ ညလုံး​ပေါက် အတူတူရှိ​နေခဲ့တာ " ချီယန်က နီရဲ​နေတဲ့မျက်လုံး​တွေနဲ့အတူ အံတင်းတင်းကြိတ်လိုက်သည်။

" ပြီး​တော့ အခုလည်း စုန့်ရှီလင်က ​ပေါ်ယွီရဲ့​ဘေးခန်းမှာ ​နေ​နေတာ ။ သူတို့နှစ်​ယောက်ကြားမှာ ဘာကိစ္စမှမရှိဘူးဆိုတာ ဘယ်သူက ယုံနိုင်မှာလဲ !!! "

​မော့အန်းယွီက မသိလိုက်ဘဲ လက်သီးကို ကျစ်ကျစ်ပါ​အောင် ဆုပ်လိုက်မိပြီး တကျွိကျွိအသံ​တွေ​တောင် ထွက်​ပေါ်လာခဲ့သည်။

" မင်း အချိန်အကြာကြီး ချစ်ခဲ့ရတဲ့ ​ယောကျ်ားက တခြား​ယောကျ်ားတစ်​ယောက်နဲ့ အတူတူ အိပ်ခဲ့တယ်ဆိုတာကို သိလိုက်ရ​တော့ မင်းအတွက် ​​တော်​တော်​​လေး အဆင်မ​ပြေဖြစ်တယ်မလား ? " ချီယန် ​လှောင်​ပြောင်သ​ရော်လိုက်သည်။ " ​မော့အန်းယွီ​ရေ , မင်း ဘယ်လိုများ ခံစားရပါသလဲ ? "

​​ပြောပြီးတာနဲ့ ချီယန် ဖုန်းချပစ်လိုက်သည်။

​မော့အန်းယွီက ချီယန် စိတ်ကြွ​ဆေးခတ်ပြီး ​ပေါ်ယွီ ခွင့်ယူသွားတဲ့​နေ့ကို ရုတ်တရက် သတိရသွားသည်။

ဒါက အမြဲတမ်း အချိန်တိကျတဲ့ ​ပေါ်ယွီဟာ အလုပ်​နောက်ကျရုံသာမက တစ်ချိန်လုံးလည်း သူ့ဖုန်းကို ပါဝါပိတ်ထားတယ်ဆိုတာ ပုံမှန်မဟုတ်​ပေ။​မော့အန်းယွီက ​ပေါ်ယွီနဲ့ စပြီးခင်မင်တဲ့အချိန်တုန်းက ​ပေါ်ယွီဟာ မ​မျှော်လင့်ဘဲ ခွင့်တစ်ရက်ယူခဲ့သည်။

ဒါ​ပေမယ့် အခုချိန်မှာ​တော့ ​မော့အန်းယွီ အ​ကြောင့်အရင်းကို နားလည်နိုင်ပြီဖြစ်သည်။ " သူက အဲဒီ​ယောကျ်ားနဲ့ တစ်ညလုံး အိပ်ခဲ့ရလို့ အလုပ်ကို အချိန်မီလာဖို့ မဖြစ်နိုင်တာ​ပေါ့​လေ "

​နောက်စက္ကန့်တွင် ​ဒေါသထွက်​နေတဲ့ ​မော့အန်းယွီက အ​ကြောင်းပြချက်မရှိ မတ်တပ်ထရပ်ကာ အိမ်တံခါးဆီကို ကမူးရှူးထိုး ​ပြေးသွားလိုက်မိသည်။ဒါ​ပေမယ့် သူ တံခါးလက်ကိုင်ကို ထိလိုက်မိတဲ့အချိန်မှာ သူ လက်ကို လျင်မြန်စွာ ပြန်ရုတ်လိုက်သည်။

မဟုတ်ဘူး !!!

သူ ​ပေါ်ယွီကို မရင်ဆိုင်နိုင်ဘူး !!!

​​မော့အန်းယွီ ​နောက်ကို ယိုင်တိယိုင်တိုင်လမ်း​လျှောက်ရင်း ပြန်လှည့်လိုက်ပြီး ဘား​ကောင်တာ​ပေါ်မှာ လှဲ​လျောင်းလိုက်သည်။သူ စိတ်တည်ငြိမ်ဖို့ လိုအပ်​နေပြီး အခုလို အ​လောတကြီးပုံစံမျိုးနဲ့ ​ပေါ်ယွီကို မရင်ဆိုင်နိုင်​ပေ။

_______________

တခြားအတင်းအဖျင်းသတင်း​တွေက internet ​ပေါ်မှာ လျင်မြန်စွာ တက်လာခဲ့သည်။ခဏ​လောက်ကြာတဲ့အခါ ​ပေါ်ယွီကို အရှက်ခွဲဖို့ ရည်ရွယ်ချက်နဲ့ ချီယန် ၀ယ်ယူခဲ့တဲ့ အင်တာနက်ရှဲဒိုးစာ​ရေးဆရာ​တွေကို မန်​နေဂျာကျန်း ၀ယ်ယူထားတဲ့ အင်တာနက်ရှဲဒိုးစာ​ရေးဆရာ​တွေက လွှမ်းမိုးသွား​တော့သည်။

' ဧရာမပါးစပ်ကြီး ' မှာ ဖရဲသီး​လေးကို ​ရှေ့ဘက်က​နေ ရိုက်ထားတဲ့ ဓါတ်ပုံနဲ့ ​ပေါ်ယွီက လျှို့ဝှက်လက်ထက်ပြီး က​လေးရှိ​နေပါတယ်ဆိုတဲ့ သက်​သေအ​ထောက်အထားမရှိ​ပေ။ဒါ့ပြင် မန်​နေဂျာကျန်းကလည်း သူ့ကို အမြဲတမ်း ဖိအား​ပေး​နေတာ​ကြောင့် သူဟာ ​ပေါ်ယွီနဲ့ပတ်သတ်​နေတဲ့ Weibo post ကို ဖျက်​ပေးလိုက်ရပြီး ​ပေါ်ယွီဆီကိုလည်း Weibo message တစ်​စောင်ပို့ကာ ​တောင်းပန်ခဲ့ရသည်။

သက်​သေအ​ထောက်အထားမရှိတဲ့အခါ အင်တာနက်အသုံးပြုသူ​တွေက ​ပေါ်ယွီကို အာရုံမစိုက်ကြ​တော့ဘဲ internet ​ပေါ်က တခြား war ​တွေဆီ ​ပြောင်း​ရွေ့သွားကြကာ အဲဒီကိစ္စကို အာရုံထား​နေတာက​နေ ရပ်တန့်လိုက်ကြသည်။

ဒါ​ကြောင့် ​ပေါ်ယွီရဲ့အလုပ်ကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့တဲ့ အဲဒီ​သေ​ရေးရှင်​ရေးအ​ခြေအ​နေကြီးဟာ ​ပျောက်ကွယ်သွား​တော့သည်။မြစ်ထဲကို ပစ်ချလိုက်တဲ့ ​ကျောက်ခဲတစ်လုံးလိုမျိုး ကနဦးပိုင်းမှာ လှိုင်းခွပ်​လေး​​တွေထပြီး မကြာခင်မှာပဲ ပြန်လည်ငြိမ်သက်သွားကာ မူလအတိုင်းပြန်ဖြစ်သွား​လေသည်။

.

.

.

.

.

.

Please vote and comment !!!