Chereads / Breaking Up , No Joke ( Myanmar Translation ) / Chapter 23 - Chapter-22(Threat)

Chapter 23 - Chapter-22(Threat)

" ​ပေါ်ယွီက မင်း စုန့်ရှီလင်ကိုပေးမယ့် ​သံပရာရည်ကို မှား​သောက်မိခဲ့တာလို့ မင်း ပြောခဲ့တယ်​လေ ။ အခု မင်း ဘာလို့အဲ့လိုလုပ်ခဲ့ရတယ်ဆိုတာ ငါ့ကို ​ပြောပြမလား ? "

ချီယန်က သူ့ကိုယ်သူ ​ကျေနပ်အားရ​နေတဲ့အချိန်မှာ ​​မော့အန်းယွီက ရုတ်တရက် ​မေးလိုက်သည်။

ချီယန်ရဲ့ မျက်နှာအမူအရာက ချက်ချင်း ​ပြောင်းလဲသွားသည်။

​မော့အန်းယွီက မတ်တပ်ရပ်ကာ ဖန်ခွက်အသစ်တစ်လုံးကို ယူလိုက်ပြီး ဝိုင်နီ​တွေ ​လောင်းထည့်ကာ သူ့လက်ထဲကခွက်ကို အနည်းငယ် လှုပ်ယမ်းလိုက်သည်။

ချီယန်ရဲ့ ​နောက်​ကျောက ရုတ်တရက် ​ချွေး​တွေစိုရွှဲလာသည်။

" အရင်တုန်းက ငါ မင်းလိမ်တာခံရလုနီးပါးပဲ​လေ ။ ဒါ​ပေမယ့် အခု​တော့ အဲဒါကို သ​ဘော​ပေါက်နားလည်ဖို့ အရမ်းကြီး ​နောက်မကျ​သေးပါဘူး " ​မော့အန်းယွီက ​အေးစက်စွာ ​ပြောလိုက်သည်။ " ငါ့ခွင့်ပြုချက်မရှိဘဲ မင်းကို အဲဒီအစီအစဉ်အ​ကောင်အထည်​ဖော်ဖို့ ဘယ်သူကများ ခွင့်ပြု​ပေးလိုက်တာပါလိမ့် ?? "

ချီယန် မသိလိုက်ဘဲနဲ့ ပြန်လည်တုန့်ပြန်​ပြောဆိုလိုက်မိသည်။ " ငါ မ​စောင့်နိုင်​တော့ဘူး ။ ​ပေါ်ယွီကလည်း ဟွားချန်မြို့​တော်ကို ပြန်​ရောက်​နေပြီး ​ပေါ်ယွီအ​ပေါ်ထားတဲ့ စုန့်ရှီလင်ရဲ့သ​ဘောထားကလည်း စိတ်မချရတာကို ၊ ငါ စဉ်းစားလိုက်မိတာနဲ့ ... ​​မော့အန်းယွီ , မင်းလည်း ဒီကိစ္စမှာ တာ၀န်ရှိတာပဲ​လေ။ ငါတို့နှစ်​ယောက်လုံး အခုဖြစ်ပျက်​နေတဲ့အရာတိုင်းအတွက် တာ၀န်ယူဖို့ ​ခေါင်း​ရှောင်​​နေလို့မရနိုင်ဘူး "

​မော့အန်းယွီ မတ်တပ်ရပ်ကာ ချီယန်ရဲ့မျက်လုံး​တွေကို တည့်တည့်ကြည့်ရင်း စကားလုံးတစ်လုံးချင်းစီကို ဖိ​​ပြောလိုက်သည်။ " ​ပေါ်ယွီ့အနားက​နေ စုန့်ရှီလင်ကို ချက်ချင်း ဖယ်ထုတ်ပစ်ဖို့ ငါ မင်းကို ​နောက်ထပ်အခွင့်အ​ရေးတစ်ခု​ပေးမယ် ။ မင်း အဲဒါကို မလုပ်နိုင်ဘူးလို့​တော့ ငါ့ကို လာမ​ပြောနဲ့ ! "

" ငါ မလုပ်နိုင်​တော့ဘူး " ချီယန်က ​မောြအန်းယွီရဲ့မျက်၀န်း​တွေကို ​ကြောက်လန့်​နေသည်။ဒါ​ပေမယ့် တစ်ချိန်တည်းမှာပဲ ​မော့အန်းယွီရဲ့အမိန့်​တွေက သူ့အတွက် ဘယ်​တော့မှ အပြီးမသတ်နိုင်​တော့ဘူးဆိုတာကိုလည်း ချီယန် အရမ်း ရှင်းရှင်းလင်းလင်း သိသည်။

ဒါ့ပြင် စုန့်ရီီလင်ရဲ့သူ့အ​ပေါ်ထားတဲ့သ​ဘောထားကလည်း ခုတစ်မျိုး ​တော်ကြာတစ်မျိုး ဖြစ်​နေသည်။လွန်ခဲ့တဲ့ဆယ်နှစ်က သူ စုန့်ရှီလင်ဆီက​နေ ထွက်မလာခင်တုန်းက​တောင် စုန့်ရှီလင်က သူ့စကားကို တစ်ခါမှ နား​ထောင်ခဲ့တာမဟုတ်ပါ​ချေ။

" အဲဒါဆိုရင်လည်း ဒီ​လောကကြီးမှာ ချီယန်ဆိုတဲ့ idol star တစ်​ယောက် မရှိနိုင်​တော့ဘူး​ပေါ့​လေ ။ ချီယန်လို့အမည်ရတဲ့ ​အောက်​ခြေအညတရလူတစ်​ယောက်ပဲ ရှိ​တော့မှာ " ​မော့အန်းယွီက ချီယန်ကို ခြိမ်း​ခြောက်သတိ​ပေးလိုက်သည်။

ချီယန် နောက်ကို လှည့်လိုက်တဲ့အချိန်မှာ သူ့ရဲ့​ကြောက်စိတ်​​တွေက ​လျော့ပါး​မှေးမှိန်သွားသည်။​မော့အန်းယွီကို ​ကျော​ပေးထားတဲ့ ချီယန်ရဲ့မျက်နှာ​ပေါ်မှာ ​အောင်နိုင်ခြင်းရဲ့အပြုံးတစ်ခုက ​ပေါ်​ပေါက်လာခဲ့သည်။သူ ​မော့အန်းယွီကို ​အေးစက်​နေတဲ့​လေသံနဲ့အတူ ​ပြောဆိုလိုက်သည်။ " ငါတို့​တွေ ပန်းတိုင်ကို ​ရောက်တဲ့အချိန်ကျရင်​တော့ ငါတို့ပူး​​ပေါင်းထားတဲ့ဆက်ဆံ​ရေးက လုံး၀ကို ပြီးပြီ​နော် "

​မော့အန်းယွီက ​နောက်ထပ်တစ်ကြိမ် ဘိလိယက်ထိုးတဲ့တုတ်တံကို ​ကောက်ယူကာ ​ပြောလိုက်သည်။ " ဒါ​ပေါ့ "

ချီယန် သီးသန့်အခန်းထဲက​နေ ထွက်သွား​တော့သည်။

" ဘန်း " ​ဘောလုံးဟာ တွင်းထဲကို ​ရောက်ရှိသွား​လေသည်။

______________

" မား ? " စုန့်ရှီလင် ဖုန်းထုတ်ကြည့်လိုက်တဲ့အခါ ဖုန်း​ခေါ်တဲ့သူက သူ့အ​မေဖြစ်​နေတာကို ​တွေ့လိုက်ရသည်။စုန့်ရှီလင် ဖုန်း​ဖြေလိုက်သည်။

စုန့်ရှီလင်ရဲ့အ​မေဖြစ်သူက ​လေးနက်တဲ့အသံနဲ့အတူ ​မေးလာခဲ့သည်။ " မင်း ​ပေါ်ယွီနဲ့အတူရှိ​နေတုန်းလား ? "

" ဟိုးအရင်ကတည်းက ကျွန်​တော်တို့ ပြတ်သွားကြပြီ​လေ " စုန့်ရှီလင်က အမှန်အတိုင်း ပြန်​ဖြေလိုက်သည်။

" ငါ့ကို မညာနဲ့ ! " စုန့်ရှီလင်ရဲ့အ​မေက စိတ်လှုပ်ရှား​နေသည်။ " ချီယန်​လေးက ငါ့ကို ​ပြောတယ် ။ မင်း အိမ်ကိုပြန်မလာဘဲနဲ့ ​ပေါ်ယွီ့​ဘေးမှာ အိမ်တစ်လုံး​တောင် ၀ယ်လိုက်​သေးတယ်ဆို ။ အဲဒါ​တောင်မှ အခု မင်းက ​ပေါ်ယွီနဲ့ဆက်ဆံ​ရေးမရှိ​တော့ပါဘူးလို့ ငါ့ကို လာ​ပြော​နေတာလား ? "

ချီယန် ? စုန့်ရှီလင်ရဲ့မျက်၀န်း​တွေက ကျဉ်း​မြောင်းသွားသည်။

" ​ပေါ်ယွီတို့မိသားစုက မရိုးသားတဲ့အပြင် သိက္ခာလည်းမရှိဘူး ။ မင်း ​ပေါ်ယွီကလွဲရင် ဘယ်သူနဲ့မဆို ပတ်သတ်လို့ရတယ် ! " စုန့်ရှီလင်ရဲ့အ​မေက စိတ်မ​ကောင်းဖြစ်​နေဟန်နဲ့ ​ပြောလိုက်သည်။ " ငါ မင်းအတွက် ညစာစားပွဲတစ်ခု စီစဉ်​ပေးထားပြီးပြီ ။ အဲဒီက​လေးမ​လေးက ဦး​လေးဟန်ရဲ့သမီးပဲ ။ မင်း ဒီတစ်​ခေါက် ချိန်းထားတဲ့ ညစာစားပွဲဆီ သွားကိုသွားရမယ် !!! "

" မား , ကုမ္ပဏီမှာ ကျွန်​တော် ​ဖြေရှင်းမှရမယ့် ကိစ္စ​တွေရှိတယ် ။ ကျွန်​တော် ထွက်လာလို့မရဘူး " စုန့်ရှီလင်က ​ပေါ့​​ပေါ့ပါးပါး ပြန်​ပြောလိုက်သည်။

စုန့်ရှီလင်ရဲ့အ​​မေက ခိုင်မာစွာ ​ပြောလာခဲ့သည်။ " ​ကောင်းပြီ ၊ မင်း ညစာစားပွဲကို မသွားလည်းရတယ် ။ ဒါ​​ပေမယ့် မင်း အိမ်​ပြောင်းရမယ် ! "

" မ​ပြောင်းဘူး " စုန့်ရှီလင်မှာ သူကိုယ်တိုင်​တောင် မသိလိုက်ဘဲ ငြင်းဆန်လိုက်မိသည်။

စုန့်ရှီလင်ရဲ့အ​မေက ​လှောင်​ပြောင်ခနဲ့လိုက်သည်။ " မင်းပဲ ​ပေါ်ယွီနဲ့ ပြတ်သွားပါပြီဆို "

စုန့်ရှီလင် ဆက်လက်ရှင်းပြမ​နေ​တော့​ပေ။

စုန့်ရှီလင်ရဲ့အ​မေက သ​ရော်​လှောင်​ပြောင်လိုက်ပြန်သည်။ " မင်းတို့ အရင်က ဘယ်လိုပြတ်ခဲ့လဲဆိုတာ ကိစ္စမရှိဘူး ။ ဒါ​ပေမယ့် အခုချိန်မှာ​တော့ မင်း စိတ်ကူး​ပေါက်ရာ ထင်တိုင်းကြဲ​နေလို့မရဘူး ။ မနက်ဖြန်ညကျရင် ညစာချိန်းထားတာကို မင်း သွားရမယ် ။ ငါ မင်းကို ​ခေါ်ဖို့ ကုမ္ပဏီကို လာခဲ့လိုက်မယ် "

စကားဆုံးတာနဲ့ စုန့်ရှီလင်ရဲ့အ​မေက သူ့ရဲ့ရှင်းပြချက်ကို​တောင် နားမ​ထောင်​တော့ဘဲ ​တွေ​ဝေတုံ့ဆိုင်းခြင်းမရှိ ဖုန်းချသွား​လေသည်။

စုန့်ရှီလင်ရဲ့မျက်ခုံးနှစ်ဖက်ဟာ ​တောင်တန်း​တွေလို စုကြုံ့လာသည်။အချိန်အ​​တော်ကြာတဲ့အခါ သူ လက်ကိုဆန့်ထုတ်ကာ နက်​မှောင်​နေတဲ့ မျက်၀န်း​တွေနဲ့အတူ ဖုန်းချပြီး နှုတ်ခမ်း​တွေကို တင်းတင်း​စေ့ပိတ်လိုက်သည်။သူ ဘာ​တွေစဉ်းစား​နေလဲဆိုတာ ဘယ်သူမှ မသိနိုင်​ပေ။

စုန့်ရှီလင် ဖုန်းချသွားပြီး​နောက် သူမက သူမ​ဘေးမှာ ထိုင်​နေတဲ့ ချီယန်ကို ပြုံးပြကာ အံ့သြစွာနဲ့ ဆိုလိုက်သည်။ " ချီယန်​လေး , မင်း ဘာလို့များ ဖြူ​ဖျော့​နေရတာလဲကွယ် ? ​နေမ​ကောင်းဘူး လား ? "

ချီယန်က မတ်တပ်ထရပ်ကာ မြန်မြန် နှုတ်ဆက်စကား​ပြောချင်​နေပြီဖြစ်သည်။စုန့်ရှီလင်ကို ဆန့်ကျင်ပြီး သတင်း​ပေးလိုက်တဲ့လူက သူဆိုတာကို စုန့်ရှီလင်ရဲ့အ​မေက တိုက်ရိုက်ကြီး စုန့်ရှီလင်ဆီ ​ပြောလိုက်လိမ့်မယ်လို့ သူ တစ်ခါမှ မ​တွေးမိ​ပေ။

" အန်တီစုန့် , ကျွန်​တော် လုပ်စရာအလုပ်​လေး​တွေ ရှိ​သေးလို့ အဲဒါ​ကြောင့် ကျွန်​တော် အရင်ပြန်လိုက်ပါဦးမယ် ၊ ​နောက်မှ​တွေ့မယ်​နော် " ချီယန် မတ်တပ်ရပ်လိုက်ပြီး ဖြူဆုတ်​နေတဲ့ပုံစံနဲ့ သူမကို နှုတ်ဆက်စကားဆိုလိုက်သည်။

စုန့်ရှီလင်ရဲ့အ​မေက မ​ကျေနပ်ဟန်နဲ့ မျက်​မှောင်ကြုတ်လိုက်ပြီး ချီယန်ကို ဆွဲထားကာ စကားအနည်းငယ်​ပြောလိုက်သည်။အဲဒီ​နောက် သူမက ချီယန်ကို သူ့ရဲ့နားလည်​ပေးမှုအတွက် ချီးကျူးလိုက်ပြီး ​ပေါ်ယွီက ​နောက်တစ်ခါ သူမရဲ့သားဖြစ်သူကို မြှူဆွယ်​နေတဲ့အ​ကြောင်း ​ပြောပြတာအတွက်လည်း ​ကျေးဇူးတင်လိုက်သည်။

ချီယန်မှာ​တော့ ပိုပိုပြီး စိတ်မငြိမ်မသက်ဖြစ်လာသည်။

စုန့်ရှီလင်ရဲ့အ​မေက ချီယန်ကို ထွက်သွားလို့ရပြီဖြစ်​ကြောင်း လက်ဟန်ပြလိုက်သည်။

ချီယန် စိတ်သက်သာရာရစွာနဲ့ သက်ပြင်းတစ်ချက်ချလိုက်ပြီး ​ကော်ဖီဆိုင်အပြင်ကို ထွက်လာခဲ့သည်။သူ ကားပါကင်ဆီ ​လမ်းလျှောက်သွားတဲ့အချိန်မှာ ကားတံခါးက အဆင်သင့် ပွင့်​နေသည်။သူ့ကို ပုံမှန်မဟုတ်တဲ့ အ၀တ်အစား​တွေ၀တ်ထားတဲ့ ကိုယ်ရံ​တော်နှစ်​ယောက်က ပိတ်တားလိုက်ကြသည်။ " မစ္စတာချီ , ကျွန်​တော်တို့ရဲ့သူ​ဋ္ဌေးက မစ္စတာကိုပြောစရာတချို့ရှိတယ်တဲ့ "

ချီယန်က ကိုယ်ရံ​တော်​တွေ သူ့ကို ​ပြောတဲ့​နေရာဆီ ကြည့်လိုက်တဲ့အခါ သူ တဆတ်ဆတ် တုန်ယင်လာပြီး ​သော့က ကြမ်းပြင်​​ပေါ်ကို ပြုတ်ကျသွားခဲ့​လေသည်။

_________________

​ပေါ်ယွီ အ၀တ်လဲခန်းထဲမှာ ထိုင်​နေရင်း iPad ထဲက​နေတစ်ဆင့် ဇာတ်ညွှန်းဖတ်​နေသည်။အခန်းထဲတွင် ​နောက်ထပ် အမျိုးသားကြယ်ပွင့် သုံးဦးရှိသည်။

star လေး​ယောက်လုံးက မတူညီတဲ့ ​နေရာ​တွေ အသီးသီးမှာ ထိုင်​နေကြပြီး တစ်​ယောက်ကို တစ်​ယောက် စကားလည်း မ​ပြောကြ​ပေ။

ဒီ​နေရာက အမည်ရတဲ့ ​ရှေး​ခေတ်ရှန်းရှ တီဗွီဇာတ်လမ်းတွဲရဲ့ aidition ​နေရာပဲ ဖြစ်သည်။တခြားအမျိုးသားသုံး​ယောက်က​တော့ အခုချိန်မှာ ငယ်ရွယ်​ရေပန်းစား​ကျော်ကြား​နေတဲ့ star ​တွေဖြစ်သည်။သူတို့​တွေက တစ်​ယောက်နဲ့ တစ်​ယောက် မရင်းနှီးကြ​ပေ။ဒါ့ပြင် သူတို့အားလုံးက ဇာတ်​ကောင်​နေရာတစ်ခုတည်းအတွက် audition လာ​ဖြေကြတာဖြစ်သည်။သူတို့ အခန်းထဲကို ၀င်လာတဲ့အချိန်တုန်းက ကိုယ့်ကိုကိုယ် မိတ်ဆက်ခဲ့ကြတာကလွဲရင် သူတို့မှာ ​ပြောဆိုဆက်ဆံမှာမရှိကြ​ချေ။

​ပေါ်ယွီ မျက်လုံးလှန်ပြီး သူတို့ထဲက နှစ်​ယောက်ကို လျင်မြန်စွာနဲ့ ဖျတ်ခနဲ ကြည့်လိုက်တဲ့အခါ သူ အကူအညီမဲ့စွာ ပြုံးလိုက်မိသည်။ဒီလူနှစ်​ယောက် Weibo ​ပေါ်မှာ သူတို့အချင်းချင်း မကြာခဏ ဆက်သွယ်တတ်ကြသည်။သူတို့​တွေဟာ ရသစုံရှိုးပွဲ​တွေကို အတူတူ တက်​ရောက်ကြတဲ့အချိန်တိုင်းမှာလည်း သူတို့နှစ်​ယောက်က ညီအစ်ကို​ကောင်း ၊ သူငယ်ချင်း​ကောင်း​တွေဖြစ်​ကြောင်း အတိအလင်း ထုတ်​ဖော်​ပြောဆိုကာ အလွန်အမင်း ​ကြော်ငြာ​လေ့ရှိသည်။

ဒါ​ပေမယ့် ဒီသူငယ်ချင်း​ကောင်း​တွေပါဆိုတဲ့ နှစ်​ယောက်က ပရိသတ်​တွေနဲ့ ကင်မရာ​တွေရဲ့ ​နောက်ကွယ်မှာ​တော့ မယုံကြည်နိုင်​လောက်​အောင်ပဲ သူတို့အချင်းချင်း နာရီဝက်​လောက်​တောင် မျက်နှာချင်းမဆိုင်ကြတာကို ဘယ်သူမှ မသိကြ​ပေ။

ဒါ​ပေမယ့် ​ပေါ်ယွီက​တော့ သူတို့ကို နားလည်​ပေးနိုင်သည်။အဆုံးမှာ​တော့ အကယ်၍များ လူတစ်​ယောက်က entertainment ​လောကထဲမှာ ပိုက်ဆံရှာချင်ရင် အဲဒီလူဟာ သူ့ရဲ့စီးပွား​ရေးတန်ဖိုးနဲ့ ​ကျော်ကြားမှုကို ထိန်းသိမ်း​စောင့်​ရှောက်ရမည်ဖြစ်သည်။တကယ်လို့ သူတို့​တွေနဲ့တခြားလူ​တွေကြားမှာ ကွာခြားချက်သာမရှိရင် ဘယ်သူကမှ သူတို့ကို သရုပ်​ဆောင်​ပေးဖို့ ​ပြော​ရေးဆိုခွင့်ရှိသူ(spokesman)အဖြစ် လုပ်​ဆောင်​ပေးဖို့ ​​မေးမြန်းကမ်းလှမ်းကြမှာမဟုတ်​ပေ။

ဒါ​ပေမယ့် ​ပေါ်ယွီ သူ့နှလုံးသားထဲမှာ ​ပြောလိုက်မိသည်။ ' နားလည်​ပေးနိုင်တယ်ဆိုတာက လက်ခံသ​ဘောတူတယ်လို့ ဆိုလိုတာမဟုတ်ဘူး ' ။ ​ပေါ်ယွီ အကြည့်လွှဲလိုက်ပြီး iPad ကိုပိတ်ကာ သူ့ရဲ့စိတ်ဝိဉာဏ်ကို ပြန်လည်လန်းဆန်းလာ​အောင် အနား​ပေးတဲ့အ​နေနဲ့ သူ့မျက်လုံး​တွေကို မှိတ်ချလိုက်​တော့သည်။

ပိတ်ထားတဲ့ အခန်းတံခါးက ပွင့်လာ​လေသည်။

အမျိုးသမီးလက်​ထောက်က အခန်းထဲကို ​ခေါင်းပြူ၀င်ကာ ဂရုတစိုက် ​ပြောလိုက်သည်။ " audition စပါပြီ ။ ဒါရိုက်တာကြီးနဲ့ ပရိုဂျူဆာကြီးတို့က ​ဘေးခန်းမှာ ​စောင့်​နေကြပါတယ် "

အဲဒါကို ကြားတဲ့အခါ လူ​လေး​ယောက်လုံးက တစ်ချိန်တည်းမှာ မတ်တပ်ရပ်လိုက်ကြပြီး တံခါးဆီကို ​လျှောက်သွားလိုက်ကြသည်။

______ ဟာ ကျင့်ကြံခြင်း​လောကရဲ့ အရှင်သခင်နဲ့ ကျင့်ကြံခြင်း​လောကထဲ​ရောက်ခါစ လူသစ်​လေးတို့စုံတွဲကြားက လှပတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။အမျိုးသမီးဇာတ်လိုက်က အ​ကျော်ကြားဆုံး အမျိုးသမီး star ဖြစ်တဲ့ ချူး၀မ်၀မ်ဖြစ်သည်။အဲဒီ​နောက် အမျိုးသားဇာတ်လိုက်ကို​တော့ ဒီ​လေး​ယောက်ထဲက​နေ ​ရွေးချယ်မှာဖြစ်သည်။

ချူး၀မ်၀မ်မှာ သရုပ်​ဆောင်အရည်အချင်း​ကောင်း​တွေလည်းရှိပြီး ဒါရိုက်တာကလည်း အမျိုးသမီးဇာတ်လိုက်မှာ ဖြူစင်ရိုးသားတဲ့ ပုံပန်းသဏ္ဍာန်မျိုးရှိသင့်တယ်လို့ ​မျှော်လင့်တာ​ကြောင့် သူမဟာ အမျိုးသမီးဇာတ်လိုက်​နေရာအတွက် လျင်မြန်စွာပဲ အတည်ပြုခံလိုက်ရသည်။

အမျိုးသမီးဇာတ်လိုက်​နေရာအတွက် ဒါရိုက်တာရဲ့​တောင်းဆိုချက်​တွေက မမြင့်​​ပေ။ဒါ​ပေမယ့် အမျိုးသားဇာတ်လိုက်အတွက်က​တော့ အလွန်မြင့်မားလှသည်။

အမျိုးသားဇာတ်လိုက်ဟာ လန်းဆန်းတက်ကြွပြီး ရိုးသား​ဖြောင့်မတ်တဲ့ စိတ်​နေသ​ဘောထားရှိတဲ့ ရှန်းမာန်ဂိုဏ်းရဲ့ ​ခေါင်း​ဆောင်ဖြစ်သည်။ကျင့်ကြံခြင်းကို ​လေ့ကျင့်သူဖြစ်တာ​ကြောင့် သူဟာ ကိ​လေသာခုနစ်ပါးနဲ့ ခံစားမှုအာရုံ​ခြောက်ပါးတို့ကို ဟိုးအရင်ကတည်းက ဖယ်ရှားထားခဲ့သည်။ဒါ​ကြောင့် သူ့နှလုံးသားထဲမှာ ဆန္ဒလည်းမရှိ ၊ ဝမ်းနည်းမှုလည်းမရှိ ၊ ​ပျော်ရွှင်မှုလည်းမရှိ​ပေ။

ဒါ​ကြောင့် အမျိုးသားဇာတ်လိုက်ရဲ့စိတ်ခံစားချက်​တွေကို သူ့မျက်၀န်း​တွေတစ်မျိုးထဲမှာသာ ​ဖော်ပြနိုင်ပြီး သူ့မျက်နှာ​ပေါ်မှာ​တော့ ဘယ်လိုအမူအရာမှ ဖြစ်လို့မရ​ပေ။

ရိုးရိုးသားသား ​ပြောရရင် ဒီဇာတ်​ကောင်နေရာဟာ သရုပ်​ဆောင်မင်းသားရဲ့အရည်အချင်းကို စစ်​ဆေးတဲ့ ကြီးမားလှတဲ့ စမ်းသပ်ချက်ပင်ဖြစ်သည်။

​ပေါ်ယွီက သုံး​ယောက်​မြောက် audition ​ဖြေရမယ့်သူဖြစ်သည်။သရုပ်​ဆောင်ရမှာက မဆိုး​ပေမယ့် အခက်အခဲက ကြီးမားသည်။

ပထမဆုံး audition ​ဖြေတဲ့ လျူရန်က သုန်မှုန်​နေသည်။မကြာခင်မှာပဲ သူက သူ့ရဲ့စိတ်အ​ခြေအ​နေကို လျင်မြန်စွာနဲ့ ထိန်းသိမ်းလိုက်သည်။

______ အကယ်၍ ပထမဆုံးလူကသာ ​​ကောင်း​ကောင်းမွန်မွန် တင်ဆက်နိုင်ခဲ့ရင် သူဟာ ဒါရိုက်တာကြီးရဲ့ချီးကျူးမှုနဲ့ အားရ​ကျေနပ်ခြင်းကို ရရှိရုံသာမက ​နောက်လူ​တွေကိုလည်း စိတ်ဖိစီးပြီး သရုပ်​ဆောင်တဲ့​နေရာမှာ အခက်​တွေ့​အောင် လုပ်နိုင်မှာဖြစ်သည်။

_______________

လျူရန်က သူ့​ရှေ့မှာရှိတဲ့ ​ကောင်မ​လေးကို ဂရုမစိုက်ဟန်နဲ့ ကြည့်လိုက်သည်။ " ငါ တပည့်သစ် လက်မခံဘူး "

​ကောင်မ​လေးက ဇာတ်လမ်းစာသားတစ်​ကြောင်းကို ​ပြောလိုက်သည်။ဒါ​ပေမယ့် လျူရန်က ပိုပြီး​တော့​တောင် လျစ်လျူရှူလိုက်သည်။ " ထပ်​ပြောစရာမလိုဘူး ။ ကျူးယာက ဒီတစ်ဘ၀လုံးမှာ ဘယ်သူ့ကိုမှ တပည့်အဖြစ်လက်ခံမှာမဟုတ်ဘူး "

​ပြောပြီးတဲ့​နောက် လျူရန်ဟာ ဝါး​​တောအုပ်ထဲက မ​သေမျိုးထာ၀ရရှင်သန်သူဟန်ပန်နဲ့ သူ့လက်​တွေကို ခါချလိုက်ပြီး လျစ်လျူရှူစွာ ဆိုလိုက်သည်။ " ပြန်​တော့ ၊ ဒီ​နေရာကို ​နောက်တစ်ခါ ထပ်မလာနဲ့​တော့ "

ခဏကြာတဲ့အခါ လျူရန်က သူ့ရဲ့​အေးစက်စက် မျက်နှာအမူအရာနဲ့ သရုပ်​ဆောင်​နေတာကို ရပ်တန့်လိုက်ပြီး ခုံမှာထိုင်​နေကြတဲ့ ဒါရိုက်တာ ၊ ပရိုဂျူဆာနဲ့ စာ​ရေးဆရာတို့ဘက်ကို ဦးညွှတ်လိုက်သည်။

ဒါရိုက်တာက ​လှောင်​ပြောင်သ​​ရော်လိုက်သည်။ " ဇာတ်လိုက် ကျူးယာက ​ဒေါသထွက်မ​နေသင့်ဘူး ။ မင်း တင်ဆက်သွားတာ ပိုလွန်း​နေတယ် "

လျူရန် မ​ပျော်မရွှင်ခံစားလိုက်ရသည်။ဒါ​ပေမယ့် သူက ဒါရိုက်တာရဲ့ဖြစ်တည်မှုကို ​ကြောက်ရတာ​ကြောင့် သူ သိပ်ပြီး များများစားစား မ​ပြောရဲဘဲ ​ဒေါသထွက်​နေတဲ့ အမူအရာနဲ့အတူ ​ဘေးထွက်ထိုင်​နေလိုက်ရသည်။

လျူရန်က အရမ်းကို ​ကောင်း​ကောင်း တင်ဆက်သွားခဲ့တာ​ကြောင့် သူ့မှာ အခွင့်အ​ရေးမရှိ​တော့ဘူးလို့ ဒုတိယ​မြောက် audition ​ဖြေမယ့်သရုပ်​ဆောင်က ​တွေးလိုက်သည်။ဒါ​ပေမယ့် ဒါရိုက်တာရဲ့အဲဒီစကား​တွေကို ကြားလိုက်ရတဲ့အခါ သူ ချက်ချင်းကို အရမ်းပဲ ​ပျော်ရွှင်သွားပြီး သရုပ်​ဆောင်ဖို့အတွက် ​ရှေ့ကို ထွက်လာ​တော့သည်။

ဒုတိယ​မြောက် သရုပ်​ဆောင်မင်းသားက ရွှန်းလက်​နေတဲ့ အပြုံးနဲ့အတူ ​တောက်ပ​နေသည်။သူ သရုပ်​ဆောင်နယ်ပယ်ထဲကို ၀င်လာပြီး​နောက်ပိုင်းမှာ သူ့ရဲ့သရုပ်​ဆောင်စွမ်းရည်က သိပ်မဆိုး​ပေ။ဒါ​ပေမယ့် ဒါရိုက်တာက​တော့ သူ့ရဲ့သရုပ်​ဆောင်အရည်အချင်းက သူလိုချင်တဲ့အထိ​ရောက်ဖို့ အ​တော်​လေး လိုအပ်​နေ​သေးတယ်လို့ ​ပြောလိုက်သည်။

​ပေါ်ယွီ နည်းနည်း စိတ်ဖိစီးသွားသလို ခံစားလိုက်ရသည်။အရင်က သူ တီဗွီဇာတ်လမ်းတွဲနှစ်ခုနဲ့ ဇာတ်​ကောင်​နေရာ​တွေကို လိုချင်သည်။တစ်ခုက နိုင်ငံကို သိမ်းပိုက်​အောင်နိုင်ခဲ့တဲ့ ​​တော်၀င်မင်းသား​နေရာဖြစ်ပြီး ​နောက်တစ်ခုက ဒီဟာဖြစ်သည်။သူက နိုင်ငံကို သိမ်းပိုက်​အောင်မြင်တဲ့ မင်းသားဇာတ်​ကောင်​​နေရာအတွက် ​ရွေးချယ်မခံရ​ပေ။ဒါ​ကြောင့် တကယ်လို့များ သူ ဒီဟာကိုပါ ထပ်အ​ရွေးမခံရရင် သူ့ကိုယ်သူ စိတ်ပျက်မိမှာဖြစ်ပြီး ​လောင်ကျန်းကိုလည်း ရှင်းပြနိုင်​တော့မှာ မဟုတ်​ချေ။

ဒါ့ပြင် ​ပေါ်ယွီ မှာ သရုပ်​ဆောင်ခဲ့ပြီးတဲ့​နောက် သူ ပို​ကောင်းတဲ့ တီဗွီဇာတ်လမ်းတွဲတစ်ခုမှာ သရုပ်​ဆောင်ဖို့ လိုအပ်သည်။ဒါမှသာ လူထုကြားက သူ့ရဲ့ပုံရိပ်ကို ​ပြောင်းလဲပစ်ပြီး ပိုမိုများပြားတဲ့ ပရိသတ်​တွေက သူ့ကို မှတ်မိသတိရ​နေမှာဖြစ်သည်။

ဒီတီဗွီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်လိုက်​နေရာက သူ့အတွက် လက်ရှိအချိန်မှာ ​ပြောင်းလဲပစ်ဖို့အတွက် အ​ကောင်းဆုံးအခွင့်အ​ရေးဖြစ်သည်။

​​ပေါ်ယွီ အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်ကာ မတ်တပ်ရပ်လိုက်သည်။

________________

​​ပေါ်ယွီရဲ့ ပုံပန်းသွင်ပြင်က သူ့ရဲ့ကြီးမားတဲ့ အားသာချက်ပဲဖြစ်သည်။ပြီး​တော့ သူ့ရဲ့​​အေးစက်ပြီး ​ကြော့ရှင်းရည်မွန်တဲ့ ပင်ကိုယ်စရိုက်ကလည်း သူ့ကို အလွန်နူးညံ့သိမ်​မွေ့ပြီး စိတ်ကူးယဉ်ဆန်​စေသည်။

______ ​ပေါ်ယွီက ဘယ်အရာမှ ဒီမ​သေမျိုးအမတရှင်ကို လာ​ရောက်မ​နှောင့်ယှက်နိုင်သလိုမျိုး ​လျစ်လျူရှုတတ်တဲ့ မျက်၀န်း​တွေနဲ့အတူ သူ့​ကျော​နောက်မှာ လက်​တွေကို ချိတ်ယှက်လိုက်သည်။

{ T / N ; လက်​နောက်ပစ်ထားတယ်ဟုဆိုလိုသည် }

" ​ကျေးဇူးပြုပြီး ကျွန်မကို ရှင့်ရဲ့တပည့်အဖြစ် ​ခေါ်ထား​ပေးပါ ... " အဲဒီအချိန်မှာ ဖြူစင်တဲ့ က​လေးမ​လေးက မျက်ရည်​တွေ ဝိုင်း​နေတဲ့ မျက်လုံး​တွေနဲ့အတူ သူ့​ကျော​နောက်မှာ လက်​တွေကို ယှက်ကာ မတ်တပ်ရပ်​နေတဲ့ အမျိုးသားကို ကြည့်လိုက်သည်။

" ငါ ဘယ်တပည့်မှ လက်မခံဘူး ၊ ငါ့ကို မင်း ထပ်​ပြောဖို့မလိုဘူး " ​ပေါ်ယွီက ​ခေါင်းကို အနည်းငယ် ​စောင်းငဲ့လိုက်တာ​ကြောင့် သူ့ရဲ့ပိတုန်း​ရောင်ဆံနွယ်​တွေက သူ့မျက်လုံး​တွေကို ဖုံးအုပ်လာသည်။သူ တည်ငြိမ်နေတဲ့ မျက်နှာအမူအရာနဲ့အတူ သူ့​မေး​စေ့ကို ​မော့လိုက်သည်။

" ပြန်​တော့၊ ဒီကိုနောက်တစ်ခါထပ်မလာခဲ့နဲ့ "

သူ့ရဲ့လက်​ချောင်းထိပ်​လေး​တွေက ​မြေပြင်​ပေါ်ကို အနည်းငယ် ထိလိုက်တဲ့အခါ ဝါးရွက်​ထောင်ချီက ပျံဝဲလာပြီး ဝဲဂယက်သဏ္ဍာန် စုစည်းသွားကြသည်။အဲဒါကို အ​ဝေးက​နေ ကြည့်ရတာ အလွန်ထိတ်လန့်စရာ​ကောင်းဟန်​ပေါ်သည်။

ဝါး​တောအုပ်အစွန်မှာ​တော့ ဖြူစင်ရိုးသားတဲ့ မိန်းမငယ်​လေးဟာ သူမရဲ့မမြင်နိုင်တဲ့ အရိပ်​လေးကိုသာ ချန်ထားခဲ့ပြီး မျက်ရည်​တွေအပြည့်နဲ့ ထွက်ခွာသွား​လေသည်။

စာ​ရေးဆရာက ​ပေါ်ယွီကို မျက်​တောင်မခတ်ကြည့်​နေရင်း သတိမမူမိဘဲ သူ့အင်္ကျီအစွန်း​လေးကို လက်​ချောင်း​တွေနဲ့ ဆုပ်ထား​နေမိသည်။

ဇီဇာ​​ကြောင်တဲ့ ဒါရိုက်တာလည်း ​နောက်ဆုံး​တော့ အားရ​ကျေနပ်သွားသည်။ဒါ​ပေမယ့် သူက ဆုံးဖြတ်ချက်ကို အ​လောတကြီး မချမှတ်ဘဲ ​ပြောလိုက်သည်။ " အရမ်း​ကောင်းတယ် ၊ အရမ်း​ကောင်းတယ် ။ ​နောက်တစ်​ယောက် "

​ပေါ်ယွီက သူ့​နေရာသူ ပြန်ထိုင်လ်ုက်သည်။ခဏတဖြုတ်ကြာတဲ့အခါ သူ စိတ်တည်ငြိမ်သွားပြီး ​လေး​ယောက်​မြောက်မင်းသား သရုပ်​ဆောင်တာကို ​​စောင့်​နေလိုက်သည်။

​လေး​ယောက်မြောက် သရုပ်​ဆောင်မင်းသားရဲ့ နဖူး​ပေါ်မှာ ​ချွေး​စေး​တွေ ထွက်​နေပြီဖြစ်သည်။သူဟာ အရင်တစ်​ယောက် အထူးသဖြင့် ​ပေါ်ယွီရဲ့ ပြီးပြည့်စုံလှတဲ့ သရုပ်​ဆောင်စွမ်းရည်ကို မြင်ကာ ကြီးမားလွန်းတဲ့ ဖိအား​အောက်ကို ​ရောက်ရှိ​နေပြီး သူ စိတ်ပူပန်ထိတ်လန့်​နေသည်။

ဒါ​ကြောင့် သူ သရုပ်​ဆောင်တာက သူ့ရဲ့ဆိုးဝါး​နေတဲ့ စိတ်အ​ခြေအ​နေ​ကြောင့် စိတ်​ကျေနပ်မှုမရ​ပေ။သူ တင်ဆက်ပြီးတဲ့အချိန်မှာ ဒါရိုက်တာရဲ့အရင်က​လျော့ပါးပြီးတဲ့ မျက်နှာအမူအရာက ရုတ်တရက် ​အေးခဲလာပြီး ' ဟွန်း ' ဟု အသံပြုသ​ရော်ကာ ​ပြောလိုက်သည်။ " ဟုတ်ပြီ ။ ဒါအကုန်ပဲ​ပေါ့ "

ဒါရိုက်တာ ၊ စာ​ရေးဆရာနဲ့ ပရိုဂျူဆာတို့က မတ်တပ်ရပ်ကာ အခန်းတစ်ခန်းဆီကို ​လျှောက်သွားကြသည်။

သူတို့​လေး​ယောက်လည်း audition room ထဲက​နေ ထွက်လာခဲ့သည်။

ခဏ​လောက်ကြာတဲ့အခါ ပရိုဂျူဆာက ထွက်လာပြီး နူးညံ့တဲ့ မျက်နှာထားနဲ့ ​ပြောလာခဲ့သည်။ " မင်းတို့​တွေ ကြိုးစားခဲ့ကြတယ် ။ ဒီ​နေ့​တော့ ဒီ​လောက်ပဲ ။ အရင်ဆုံး မင်းတို့ ပြန်လိုက်ကြပါ ။ ပြီးရင် ငါတို့ ​ဆွေး​နွေးပြီး ရလဒ်ကို အ​ကြောင်းကြား​ပေးမယ် "

​ပြောပြီးတာနဲ့ ပရိုဂျူဆာက တကယ့်ကို အလုပ်ရှုပ်​နေဟန်​ပေါ်ကာ ​လော​လော ​လော​လောနဲ့ ထွက်သွား​လေသည်။

​ပေါ်ယွီ သူ နာရီကို တစ်ချက်ကြည့်ကာ ထွက်သွားဖို့ အရင်ဆုံး မတ်တပ်ထရပ်လိုက်သည်။ သူ လုပ်နိုင်တာ အကုန်လုပ်ခဲ့ပြီးပြီ။ကျန်တာက​တော့ သူ့ကံအ​ပေါ်ပဲ မူတည်တယ်။

လျူရန်မှာ စူးရှတဲ့မျက်လုံး​တွေရှိပြီး သူက ​ပေါ်ယွီကို ခင်မင်ရင်းနှီးဟန်နဲ့ ​ပြောလိုက်သည်။ " ​ပေါ်​ကော , ​စောပါ​သေးတယ် ။ ကျွန်​တော်တို့ ဒီည hotpot သွားစားကြရင်​ရော ဘယ်လိုလဲ ? "

မ​ကောင်းဘူး ။ ​ပေါ်ယွီ သူ့နှလုံးသားထဲက​နေ ငြင်းဆန်လိုက်သည်။

သူ နှစ်နှစ်​လောက် အ​ပျော်အပါး​ရှောင်ကြဉ်ပြီးတဲ့ ​နောက်ဆုံး​တော့ သူ့မှာ တစ်ညလုံး အိပ်ရာ​ပေါ်မှာ လူးလှိမ့်ဖို့အတွက် အခွင့်အ​ရေးရှိပြီဖြစ်သည်။တကယ်လို့ သူသာ ဘာမှမလုပ်ဘဲ တစ်ညထပ်​နေရရင် အဲဒါက သူ့အတွက်​တော့ ဒုက္ခကြီးပဲ !!!

အချိန်အကြာကြီး ထိန်းထိန်းသိမ်းသိမ်း​နေခဲ့ရတဲ့ ​ပေါ်ယွီအတွက် ​ဒီကိစ္စက နားလည်လို့ရသည်။ဒီ​နေ့မနက်ဆိုရင် သူ့နဖူး​ပေါ်မှာ ၀က်ခြံ​သေး​သေး​လေးတစ်ခုကို​တောင် ​တွေ့ခဲ့ရပြီး အရမ်းကို စိတ်ဓါတ်ကျစရာ​​တောင်ကောင်း​​နေသည်။

သူက တကယ့်ကို အရည်အချင်းပြည့်၀တဲ့ သရုပ်​ဆောင်တစ်​ယောက်ဆို​ပေမယ့် သူ့ရဲ့​ချော​မောခန့်ညားတဲ့ မျက်နှာကလည်း သူ့ရဲ့​ကျော်ကြားမှုကို မြှင့်တင်ဖို့ ​သော့ချက်တစ်ခုဖြစ်သည်။

" ငါ ​လော​လောဆယ် ဝိတ်ကျဖို့ ကြိုးစား​နေတာမို့လို့ အဲဒါကို ​မေ့လိုက်ရ​အောင် " ​ပေါ်ယွီက ​ရှောင်ကျန်းဆီက​နေ mask ကို ယူ၀တ်လိုက်သည်။

လျူရန်က အစ​တော့ မင်တက်သွားပြီး ​ပြောလိုက်သည်။ " ဟုတ်ကဲ့ , အဲဒါဆိုလည်း ​ကောင်းပါပြီ " သူက ​ပေါ်ယွီရဲ့စကားလုံး​တွေကို သ​ဘောတူလိုက်​ပေမယ့် သူ့နှလုံးသားထဲမှာ​တော့ ​ပေါ်ယွီရဲ့လျစ်လျူရှူမှု​ကြောင့် လျူရန် စိတ်အ​နှောင့်အယှက်ဖြစ်သွားရသည်။

​ပေါ်ယွီက သူ့ရဲ့ငြင်းဆန်မှု​ကြောင့် လျူရန် ​နေရခက်သွားတာကို မသိ​ပေ။သူက သူ့ဖုန်းကို သာမာန်မျှ ဟို​ရွေ့ဒီ​ရွေ့လုပ်လိုက်ပြီး ​ခေါင်းငြိမ့်ကာ ဆိုလိုက်သည်။ " ငါ အရင်ပြန်နှင့်​တော့မယ် ။ ​နောက်တစ်​ခေါက်ကျရင် ငါ မင်းတို့ကို ၀ယ်​ကျွေးမယ်​လေ "

စကားဆုံးတာနဲ့ ​ပေါ်ယွီက သူ့​ခြေ​ထောက်​တွေကိုမကာ သိပ်မ​ဝေးတဲ့​နေရာမှာ ရပ်ထားတဲ့ nanny car ဆီကို ​လျှောက်သွားလိုက်သည်။

လျူရန်က သူ့လက်ကို ​တောင့်တင်းစွာ ​မြှောက်လိုက်ပြီး ​ပေါ်ယွီရဲ့​နောက်​ကျောကို ​ဝှေ့ယမ်းပြလိုက်သည်။

​ရှောင်ကျန်းက စူးစမ်းတဲ့မျက်လုံး​တွေနဲ့အတူ ရယ်ချင်ရက်ပက်ကျိနဲ လျူရန်ကို ကြည့်လိုက်သည်။

လျူရန် ​အေးစက်စွာ သ​ရော်လိုက်သည်။သူ ​ပေါ်ယွီကို ​အဆင်မ​ပြေတဲ့မျက်နှာမျိုးနဲ့ မဆက်ဆံရဲ​ပေ။ဒါ​ပေမယ့် သူ့အတွက် လက်​ထောက်​လေးတစ်​ယောက်​ကို မျက်နှာလိုမျက်နှာရလုပ်ဖို့လည်း မလို​ချေ။

​ရှောင်ကျန်း ​တောင့်တင်းစွာ ကြည့်လိုက်ပြီး ထွက်သွား​တော့သည်။

" ​ပေါ်​ကော , ဖုန်းမြည်သွားတယ် ။ ဒါ​ပေမယ့် ကျွန်​တော် ဖုန်းမ​ဖြေလိုက်ရဲလို့ " ​ရှောင်ကျန်းက ​ရှေ့ခုံမှာ ထိုင်​နေပြီး ခဏ​လောက် ချီတုံချတုံဖြစ်ကာ ​ပြောလာခဲ့သည်။

​ပေါ်ယွီ မျက်​​မှောင်ကြုတ်လိုက်ပြီး ​ရှောင်ကျန်း သူ့ဆီ ကမ်း​ပေးလာတဲ့ဖုန်းကို ယူလိုက်သည်။missed call list ထဲမှာ ​ပေါ်​နေတဲ့ နာမည်ကို ကြည့်ပြီးတဲ့နောက် သူ ရုတ်တရက်ကြီး တိတ်ဆိတ်သွားခဲ့သည်။

ခဏ​လောက်ကြာတဲ့အခါ ​ရှောင်ကျန်း သူ ​ပေါ်ယွီရဲ့နဖူးမှာ ​​ချွေး​တွေထွက်​နေတာကို ​တွေ့လိုက်ရသည်။ရုတ်တရက်ကြီး သူ ဘယ်သူကများ ​ပေါ်ယွီဆီ ဖုန်း​ခေါ်လိုက်လဲဆိုတာကို သိချင်မိသွား​လေသည်။

.

.

.

.

.

.

မ​နေ့က တင်​ပေးမလို့ဟာကို ခြံအသစ်၀ယ်ထားတာ လိုက်စပ်စု​နေလို့ ခုမှတင်လိုက်ရတာ ၊ စိတ်မဆိုးကြဘူးမလား ? 😅

ပြီး​တော့ ဒါက အပိုင်း-၂၁ မှာ ဖရဲသီး​လေး စိတ်​ကောက်ပြီး ​စောင်​အောက်မှာ ​နေ​နေတဲ့ပုံစံ​လေး ။ အဲ့တုန်းက ထည့်မ​ပေးလိုက်ရလို့