ည ရှစ်နာရီခွဲအချိန်တွင် ပေါ်ယွီ ဆေးလိပ်သောက်ဖို့ကို အရမ်း အာသာပြင်းပြနေမိသည်။ဒါပေမယ့် ဖရဲသီးလေးက ဧည့်ခန်းထဲမှာ puzzle လေးတွေ ဆက်တိုင်းကစားနေဆဲဖြစ်သည်။ဒါကြောင့် သူက အမှိုက်ပစ်မလို့ဆိုပြီး အကြောင်းပြကာ အပြင်ထွက်လာခဲ့သည်။
ဖရဲသီးလေးက ခေါင်းကို လှည့်ကြည့်မလာဘဲ သူ့လက်လေးတွေကို ဝှေ့ယမ်းပြလိုက်သည်။ " ပါးပါး , မြန်မြန်ပြန်လာခဲ့နော် "
ပေါ်ယွီ အမှိုက်ပစ်ပြီးနောက် ကော်ရစ်ဒါကို မှီကာ စီးကရက်တစ်လိပ်ကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်။အဲဒီနောက် သူ စီးကရက်ကို မီးညှိဖို့အတွက် မီးခြစ်ကိုပါ ထုတ်လိုက်သည်။
ဆောင်းဦးနှောင်းပိုင်းရဲ့ ညလေက အေးစက်မှုတွေနဲ့ ပြည့်နှက်နေသည်။ပေါ်ယွီက အပြင်ကို လောလော,လောလောနဲ့ ထွက်လာခဲ့တာကြောင့် သူ့မှာ ကုတ်အင်္ကျီပါမလာဘဲ ရှပ်အင်္ကျီလက်တိုလေးတစ်ထည်ကိုသာ ၀တ်ထားသည်။ဒါကြောင့် သူ နှာခေါင်းတွေ ယားယံလာပြီး မကြာခင်မှာပဲ နှစ်ခါ သုံးခါလောက် နှာချေလိုက်မိတော့သည်။
သူ့နောက်ကနေ လမ်းလျှောက်တဲ့ခြေသံ ခပ်တိုးတိုး ထွက်ပေါ်လာသည်။ပေါ်ယွီ နောက်ကို လှည့်မကြည့်ရသေးခင်မှာပဲ သူ့ပုခုံးပေါ်ကို ကုတ်အင်္ကျီတစ်ထည် ရောက်ရှိလာခဲ့သည်။
ရင်းနှီးကျွမ်း၀င်နေပြီးသား ကိုယ်နံ့ကို ရှူရှိုက်လိုက်မိတာကြောင့် ပေါ်ယွီ ရယ်မောကာ နောက်ထပ်စီးကရက်တစ်လိပ်ကို ထုတ်ပြီး သူ့ဘေးမှာ လာရပ်နေတဲ့ စုန့်ရှီလင်ကို စီးကရက် လှမ်းပေးလိုက်သည်။ " ဒီတစ်ခုယူ "
ဒီယောကျ်ားက စီးကရက်ကို ယူမှာမဟုတ်ဘူးလို့ ပေါ်ယွီ တွေးထားခဲ့ပေမယ့် နောက်စက္ကန့်မှာပဲ စုန့်ရှီလင်က ပေါ်ယွီ့လက်ထဲကနေ စီးကရက်ကို ယူလိုက်လေသည်။
ပေါ်ယွီရဲ့နှုတ်ခမ်းတွေက လှုပ်ရှားသွားခဲ့သည်။ဒါပေမယ့် သူ မပြောရသေးခင်အချိန်မှာပဲ သူ့ရှေ့ကို အရိပ်တစ်ခုက ရောက်ရှိလာသည်။
စုန့်ရှီလင်က သူ့ခေါင်းကို တိမ်းစောင်းပြီး ပေါ်ယွီဆီကို တိုးကပ်လာသည်။စုန့်ရှီလင်ရဲ့နှုတ်ခမ်းမှာ စီးကရက်ကို ကိုက်ခဲထားရင်း အဲဒီစီးကရက်က ပေါ်ယွီရဲ့စီးကရက်နဲ့ အောက်ခြေထိပ်ဖျားအချင်းချင်း ထိကပ်သွားသည်။စုန့်ရှီလင်ရဲ့မျက်နှာက အေးစက်နေပြီး ရင့်ကျက်တဲ့ယောကျ်ားတစ်ယောက်ရဲ့ ဆွဲဆောင်မှုကလည်း ပေါ်ယွီကို ရိုက်ခတ်နေသည်။
ပေါ်ယွီ ဘာအရိပ်အယောင်မှမပြဘဲ ပါးစပ်နဲ့အပြည့် တံတွေးတွေကို မျိုချလိုက်မိပြီး သူနဲ့လက်မအနည်းငယ်လောက်သာ ဝေးကွာတော့တဲ့ အဲဒီယောကျ်ားကို မျက်တောင်မခတ် ကြည့်နေသည်။သူ့နှလုံးသားနဲ့အသည်းတွေကို ကြောင်လေးတစ်ကောင်က ကုတ်ခြစ်နေသလိုမျိုး အဲဒါက အရမ်းကို ယားယံနေမိသည်။
သူက အရမ်းချောနေတာပဲ။တကယ်လို့ ငါ သူနဲ့ နောက်တစ်ခါလောက်သာ ထပ်ပြီးအတူတူ အိပ်လိုက်ရရင် ပိုမိုက်မှာ ...
စုန့်ရှီလင် မီးညှိတာ အောင်မြင်သွားခဲ့သည်။သူ ပေါ်ယွီ့ဘေးမှာ မတ်တပ်ပြန်ရပ်လိုက်ပြီး စုန့်ရှီလင် စီးကရက်ကမီးခိုးတွေကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။သူ့ရဲ့ချောမောခန့်ညားနေတဲ့ ဘေးတိုက်မျက်နှာဘေးကို အမှောင်ထုထဲမှာ ကောင်းစွာ မမြင်နိုင်ချေ။
ပေါ်ယွီ သူ့ပေါင်ကိုသူ ပြင်းပြင်းထန်ထန် ဆွဲဆိတ်လိုက်ပြီး နှလုံးသားထဲမှာ ဆူပူကြိမ်းမောင်းနေလိုက်သည်။ကိုယ့်လူ , မင်း စိတ်တည်ငြိမ်ရမယ် ! စိတ်တည်ငြိမ်ရမယ် !!!
ဟိုလိုလို ဒီလိုလို မရှင်းမရှင်းဖြစ်နေတဲ့ အငွေ့အသက်တွေက သူတို့နှစ်ယောက်ရဲ့ ဘေးပတ်ပတ်လည်မှာ ဖြန့်ကြက်နေပေမယ့် သူတို့ကတော့ အဲဒါကို သတိမပြုမိကြချေ။
ပေါ်ယွီက စီးကရက်တိုကို မြေကြီးပေါ် ပစ်ချပြီး သူ့ရဲ့ခြေညှပ်ဖိနပ်နဲ့ စီးကရက်ကို ဖိချေလိုက်သည်။ပေါ်ယွီက ကွဲအက်နေတဲ့ အသံနဲ့ မေးလာသည်။ " မင်း ဘာလို့ အပြင်ထွက်လာတာလဲ ? "
စုန့်ရှီလင်က သူ့ခေါင်းကို လှည့်ကာ ပေါ်ယွီကို တစ်ချက်ကြည့်လိုက်သည်။ပေါ်ယွီက ခဏခဏ နှုတ်ခမ်းစူနေတာကို တွေ့လိုက်ရသည်။အရင်တုန်းက သူတို့နှစ်ယောက်ဟာ အတူတူ နေထိုင်ခဲ့ဖူးတာကြောင့် ပေါ်ယွီ တစ်ခုခုကို အာသီသပြင်းပြနေတယ်ဆိုတာ စုန့်ရှီလင် သိလိုက်သည်။
ပေါ်ယွီမှာ ရွေးချယ်စရာမရှိတော့ပေ။သူက စီးကရက်နှစ်လိပ်လောက် သောက်ချင်နေခဲ့တာဖြစ်သည်။ဒါပေမယ့် သူက စုန့်ရှီလင်ကို တွေ့တဲ့အချိန်မှာ တစ်လိပ်ကို စုန့်ရှီလင်ဆီ ပေးလိုက်တာကြောင့် သူ့မှာ စီးကရက်တွေမရှိတော့ချေ။
ပေါ်ယွီ စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲဖြစ်နေသည်။သူ့ပါးစပ်ထဲကို ခပ်စိုစို စီးကရက်တစ်လိပ် ရောက်လာတဲ့အချိန်မှာတော့ ပေါ်ယွီ သတိပြန်၀င်လာသည်။
စုန့်ရှီလင်က သူ့ဘေးမှာပဲ ရပ်နေပြီး စောစောက သူ့ရဲ့အပြုအမူအတွက် သူ့ကို ဘာမှဖြေရှင်းမပြပေ။သူ့ရဲ့မျက်နှာအမူအရာက အဲဒီနှစ် သူတို့ပထမဆုံးစတွေ့ခဲ့တုန်းကလိုမျိုး ဖြစ်နေသည်။ဒါပေမယ့် သူ့ရဲ့အငွေ့အသက်တွေကတော့ ပိုပြီး တည်ငြိမ်ကာ ရင့်ကျက်လာသည်။
ပေါ်ယွီ သူ့ပါးစပ်ထဲကနေ ခါးသက်မှုအပြည့်ကို ခံစားလိုက်ရပြီး စုန့်ရှီလင် ကိုက်ခဲထားခဲ့တဲ့ စီးကရက်ကတောင်မှ သူ့အာရုံကို ဖမ်းမစားနိုင်တော့ပေ။
အကယ်၍ သူသာ အခြေအနေတွေရဲ့ ဖိအားတွေအောက်ကို မရောက်ခဲ့ရင် သူ စုန့်ရှီလင်ကို လက်လွှတ်မှာမဟုတ်ပေ။
" ငါ အရင်ပြန်နှင့်မယ် " ပေါ်ယွီ ရုတ်တရက် ထပြောလိုက်ပြီး သူ့ခြေထောက်တွေကိုမကာ စုန့်ရှီလင် သူ့ကို လှည့်ကြည့်မလာခင်မှာပဲ ခပ်သွက်သွက် ထွက်သွားလိုက်တော့သည်။
ပေါ်ယွီက စုန့်ရှီလင် သူ့ကို ၀တ်ပေးထားတဲ့ ကုတ်အင်္ကျီကို တမင်ယူသွားတာ ဟုတ်မဟုတ်ကိုတော့ ဘယ်သူမှမသိပေ။ကြည့်ရတာ သူက ကုတ်အင်္ကျီကို ပြန်ပေးချင်ပုံ မရပေ။
စုန့်ရှီလင် မျက်လွှာချလိုက်သည်။သူ့ရဲ့နက်ရှိုင်းပြီး မည်းမှောင်နေတဲ့ မျက်၀န်းတွေဟာ ညအမှောင်ထဲမှာ ကိန်း၀ပ်ငြိမ်သက်စွာ လှဲလျောင်းနေတဲ့ သားရဲတွေလိုပဲဖြစ်ပြီး သားကောင်က အမဲလိုက်နယ်မြေထဲကို ၀င်လာတဲ့အချိန်မှာ သူက အဲဒီသားကောင်ကို ခုန်အုပ်ပစ်လိုက်မှာဖြစ်သည်။
' သားကောင် ' ကတော့ သေချာပေါက် သူ့အန္တရာယ်ကို ဘာမှမသိဘဲ ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်နေလေသည်။
ပေါ်ယွီ ပြန်သွားပြီး မကြာခင်မှာ စုန့်ရှီလင်လည်း ပြန်လာခဲ့လိုက်သည်။
စုန့်ရှီလင် အိမ်တံခါးကို ရောက်တဲ့အချိန်မှာ ဖုန်းမြည်လာတော့သည်။သူ ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ချီယန် ခေါ်နေတယ်ဆိုတာကို တွေ့တဲ့အချိန်မှာ စုန့်ရှီလင်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဖုန်းချပစ်လိုက်သည်။
သူ ချီယန်ကို ကူညီပေးခဲ့တယ်ဆိုတာက အတိတ်တုန်းက ပတ်သတ်မှုတွေကြောင့်ပဲဖြစ်သည်။ဒါပေမယ့် အဲဒီပါတီညကတည်းက စုန့်ရှီလင်ဟာ ချီယန်နဲ့ကြားက ဆက်သွယ်မှုကို လုံး၀ ဖြတ်တောက်ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ချီယန်က သံပရာရည်ထဲမှာ စိတ်ကြွဆေးခပ်ခဲ့ရုံသာမက စုန့်ရှီလင်ရဲ့အမေရှေ့မှာပါ လိုရာဆွဲပြီး မမှန်မကန်တွေ ပြောဆိုခဲ့သည်။အဲ့လိုမျိုး အပြုအမူတွေက စုန့်ရှီလင်ကို ဒေါသထွက်စေခဲ့သည်လေ။
.
.
.
.
.
.
.
.
ဒီအပိုင်းမှာဆိုရင်တော့ စုန့်စုန့်ရဲ့ဆက်စီကျမှုတွေအောက်မှာ ကျရှုံးနေတဲ့ ပေါ်ပေါ်ကို တွေ့ရမှာပဲဖြစ်ပါတယ်ရှင်👏👏👏
ဖတ်ပြီး vote မပေးကြတာက မကြိုက်ကြလို့လားဟင်😪