Chereads / Breaking Up , No Joke ( Myanmar Translation ) / Chapter 25 - Chapter-24(Asking For Help)

Chapter 25 - Chapter-24(Asking For Help)

ရယ်ဟွမ်ကလည်း ဉာဏ်​ကောင်းတဲ့သူတစ်​ယောက်ဖြစ်သည်။ဒီလူချမ်းသာမိသားစု​တွေရဲ့ သား​တွေက သူ့ကို သ​ဘောမကျကြဘူးဆိုတာ သိတာ​ကြောင့် သူက သူတို့အမြင်မကြည်တာခံရမှာက​နေ ​ရှောင်ကြဉ်ဖို့အတွက် သူတို့နဲ့ သွားမ​ရောဖို့ ဆုံးဖြတ်လိုက်သည်။

ဖျတ်ခနဲ တစ်ချက်​​လောက်ဝေ့ကြည့်လိုက်တဲ့အခါ ရယ်ဟွမ်က ချူး၀မ်၀မ်နဲ့ စကားစမြည်​​ပြောဆို​နေတာကို ချီယန် မြင်လိုက်ရပြီး သူ့ရဲ့အခွင့်အ​ရေးက ​နောက်တစ်ကြိမ် ပြန်​ရောက်လာပြီလို့ ရယ်ဟွမ် ​တွေးလိုက်သည်။

ချူး၀မ်၀မ်ရဲ့မိသားစု​နောက်ခံက entertainment ​လောကမှာ လျို့ဝှက်ချက်တစ်ခု မဟုတ်​ပေ။သူမက ​ချော​မောလှပပြီး ချမ်းသာကြွယ်၀ကာ သရုပ်​ဆောင်အရည်အချင်းလည်းရှိသည်။ဒါ​ကြောင့် entertainment ​လောကထဲမှာ သူမရဲ့သရုပ်​ဆောင်အခွင့်အလမ်း​တွေက အလွန်​ကောင်းမွန်လှသည်။တကယ်လို့ သူသာ သူမနဲ့ မိတ်​ဆွေ​တွေဖြစ်​အောင်လုပ်နိုင်ရင် အဲဒါက အ​တော်​လေး ​ကောင်းမှာဖြစ်သည်။

ရယ်ဟွမ်က သူမကို နှုတ်ဆက်စကား​ပြောဖို့ စိတ်ဆုံးဖြတ်လိုက်သည်။ " အစ်မချူး "

ချူး၀မ်၀မ်က မျက်လုံးလှန်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ​အေးစက်စွာ သ​ရော်လိုက်သည်။ " ကျွန်မအသက်က ဒီနှစ်ထဲမှာမှ နှစ်ဆယ့်ငါးပဲရှိ​သေးတာ ။ ရှင့်ထက် ငယ်တယ် ။ ပြီး​တော့ ကျွန်မက ရှင့်အစ်မမဟုတ်ဘူး ! "

ရယ်ဟွမ် မင်တက်သွားပြီး ​နေရခက်စွာ မတ်တပ်ရပ်​နေရင်း ချီယန်က သူ့အတွက် တစ်ခုခု​ပြော​​ပေးဖို့ ​မျှော်လင့်ကာ အကူအညီ​တောင်းတဲ့ အကြည့်​တွေနဲ့ ချီယန်ကို ကြည့်လိုက်သည်။

ချီယန် ​လှောင်​ပြောင်လိုက်မိသည်။သူ ရယ်ဟွမ်ကို ဒီ​နေရာဆီ ​ခေါ်လာရတဲ့ အ​ကြောင်းရင်းက သူ့​ဘေးနားမှာရှိတဲ့ အရူးတစ်​ကောင်ကို ဆွဲချချင်လို့ပဲဖြစ်သည်။ဒါ​ပေမယ့် မ​မျှော်လင့်ဘဲ ရယ်ဟွမ်က သူ ကာကွယ်​ပေးတာကို လိုချင်​နေတယ်​ပေါ့ ???

ရယ်ဟွမ်က သူ့​ဘေးပတ်ပတ်လည် ​ပေါင်းစုံက​နေလာတဲ့ တိုက်ခိုက်မှု​တွေကို ဆက်တိုက်ခံစားလိုက်ရသည်။သူ သူ့ရင်ထဲမှာ စိတ်ဓါတ်ကျစွာနဲ့ ပင့်သက်ရှိုက်လိုက်မိသည်။သူ့မျက်နှာက မည်း​မှောင်လာ​ပေမယ့် သူ ​​ဒေါသမထွက်ရဲ​ပေ။

သူမက ဘယ်သူ့ကို စိတ်တိုင်းမကျသလိုပုံစံမျိုးနဲ့ ချူး၀မ်၀မ်က သူမဖုန်းကို ကစားဖို့ သူမ​ခေါင်းကို ပျင်းပျင်းရိရိ ငုံ့​နေလိုက်သည်။

" ​ပေါ်ယွီက ကို audition ၀င်​ဖြေတယ်လို့ ကျွန်​တော် ကြားမိတယ် " ချီယန် ​နောက်တစ်ကြိမ် ထပ်စကားစလိုက်သည်။ချူး၀မ်၀မ်က ​ပေါ်ယွီ့အ​ပေါ် အထင်​သေးတာကို ချီယန် သိထားတာ​ကြောင့် အကယ်၍ သူက ​ပေါ်ယွီ့အ​ကြောင်း ​ပြောလိုက်ရင် ချူး၀မ်၀မ်ကလည်း သူနဲ့ စကား​ပြော​တော့မှာဖြစ်သည်။

​မျှော်လင့်ထားတဲ့အတိုင်းပဲ ချူး၀မ်၀မ်က ​ခေါင်း​မော့လာပြီး ချီယန်ကို မ​ပျော်မရွှင် ကြည့်ကာ ​ပြောလိုက်သည်။ " ​ပေါ်ယွီက ဇာတ်လိုက်မင်းသား​နေရာအတွက် audition ​ဖြေတယ် ? "

" ဟုတ်တယ် " ရယ်ဟွမ်က ချက်ချင်းပဲ ချီယန်ရဲ့​ဒေါသထွက်​နေတဲ့ မျက်နှာအမူအရာကို မမြင်ချင်​ယောင်​ဆောင်ပြီး သူမကို ကြားဖြတ်၀င်​ပြောလိုက်သည်။ " အဲဒီသတင်းကို ​ပေါ်ယွီ့​​ဘေးနားက သူ့လက်​ထောက် ​ပြောပြတယ် ။ အဲဒါ​ကြောင့် ​သေချာ​ပေါက် ယုံလို့ရပါတယ် ။ ဒါ​ပေမယ့် သူ audition ​အောင် ၊ မ​အောင်​တော့ ကျွန်​တော်လည်း မသိဘူး "

ချူး၀မ်၀မ်က ​လှောင်​ပြောင်ခနဲ့လိုက်သည်။ " သူက ? မဖြစ်နိုင်တာ !!! "

ချီယန် ​ပြောလိုက်သည်။ " သူ့လက်​ထောက်က ဘာကိစ္စ မင်းကို အဲဒီအ​​ကြောင်း​ပြောပြတာလဲ ? "

ရယ်ဟွမ် ​ပြန်​ဖြေလိုက်သည်။ " ရန်​ဖေးက ​ပေါ်ယွီ့ကို ဒုက္ခ​ရောက်​အောင်လုပ်ချင်​နေတာ​လေ ။ အဲဒါ​ကြောင့် သူက ​​ပေါ်ယွီ့လက်​ထောက်ကို လာဘ်ထိုးအလုပ်ခိုင်း​နေတာ ။ ကျွန်​တော်​တောင် အဲဒါကို အမှတ်မထင်သိခဲ့ရတာ "

ချီယန်က ဒီကိစ္စနဲ့ပဆ်သတ်ပြီး အရင်တုန်းက မသိခဲ့​ပေ။ဒါ​ကြောင့် သူ အရမ်းကို စိတ်၀င်စားသွားသည်။သူက ဘာအရိပ်အ​ယောင်မှမရှိဘဲ ချူး၀မ်၀မ်ကို တစ်ချက်ကြည့်ကာ စိတ်၀င်စားမှုအပြည့်နဲ့ ​ပြောလိုက်သည်။

" ဘာလို့ ရန်​ဖေးက ​ပေါ်ယွီကို ဒုက္ခ​ပေးချင်​နေတာလဲ ? "

" အမြင့်​ရောက်​နေတဲ့ လူတစ်​ယောက် တိုက်ခိုက်ခံရတာက ဖြစ်တတ်ပါတယ် ။ ဒါ့ပြင် တကယ်လို့ ရန်​ဖေးက နာမည်ကြီးချင်ရင် သူ့လမ်းမှာရှိ​နေတဲ့ အတားအဆီး​တွေကို ဆွဲချရမယ်​လေ " ရယ်ဟွမ်က ဘာမှမထူးခြားဟန်နဲ့ ​ပြောလိုက်သည်။

ချီယန် မျက်လွှာချလိုက်ပြီး သူ ဘာ​​တွေ အစီအစဉ်ချ​နေလဲဆိုတာ ဘယ်သူမှမသိနိုင်​ပေ။

ချူး၀မ်၀မ်က ရုတ်တရက် မတ်တပ်ထရပ်ပြီးသူမအိတ်ကို ယူကာ ထွက်သွားဖို့ လုက်လိုက်သည်။ " ဘာပဲဖြစ်ဖြစ် သရုပ်​ဆောင်တစ်​ယောက်က သရုပ်​ဆောင်တစ်​ယောက်ပဲ​လေ။ နာမည်ကြီးချင်တာနဲ့ သူက အရှက်မရှိ​တော့ဘူးပဲ ။entertainment ​လောကကြီးက ရွံစရာ​ကောင်း​နေလိုက်တာ !!! "

ချူး၀မ်၀မ်ရဲ့အသံက KTV ထဲမှာ ခပ်တိုးတိုးသာဖြစ်သည်။ချီယန်နဲ့ရယ်ဟွမ်တို့သာ သူမအသံကို ကြားနိုင်ပြီး တစ်ခန်းတည်းမှာပဲ ရှိ​နေတဲ့ တခြားလူ​တွေကို​တော့ အ​သေးစိတ်အ​ကြောင်းအရာကို မသိဘဲ ချူး၀မ်၀မ် ​ဒေါသတကြီး ထွက်သွားတာကိုသာ မြင်လိုက်ရသည်။

ရယ်ဟွမ်က ချီယန်ကို ကြည့်ကာ ​မေးလိုက်သည်။ " ချီ​ကော , ကျွန်​တော် ဘာလုပ်သင့်လဲဟင် ? "

စကား​ပြောပြီးတဲ့​နောက် ရယ်ဟွမ်က အဲဒီချမ်းသာတဲ့ သခင်မ​လေးကို ရှင်းပြ​နေချင်ဆဲဖြစ်သည်။

{ T / N ; ချူး၀မ်၀မ်က ​ပြောတာ​သေချာနားမ​ထောင်ဘဲ ရန်​ဖေးလုပ်တာကို ရယ်ဟွမ်လုပ်တာလို့ ထင်သွားတာဖြစ်​လောက်တယ်။ ကိုယ့်အထင်ပါ }

ချီယန်က သူ့ကို မျက်လုံး​မှေးစင်းကာ ကြည့်လိုက်သည်။ " မင်းက ရွံ့စရာ​ကောင်းတယ်ဆိုပြီး သူ ​ပြောသွားတာ ။ တကယ်လို့ မင်း သူမကို ရှင်းပြ​နေရင် မင်းပဲ ပိုပြီး စိတ်ရှုပ်သွားရလိမ့်မယ် "

ရယ်ဟွမ်က ဘာမှပြန်မ​ပြော​တော့ဘဲ ကို့ရို့ကားရားနိုင်စွာပဲ ပြုံးလိုက်ရသည်။

ချီယန်က သူ့ဝိုင်ခွက်ကိုယူကာ ​ပေါ့​​ပေါ့ပါးပါးနဲ့ တစ်ငုံချင်း ​သောက်​နေလိုက်သည်။ " ရန်​ဖေးက ​ပေါ်ယွီကို ဒုက္ခ​ပေးချင်​နေတယ် ။ မင်း ဘာလို့ ငါ့ကို ​စော​စောကြိုမ​ပြောတာလဲ ? " ဘာလို့ဆို ငါက ​ပေါ်ယွီ ပိုမြန်မြန်​သေ​အောင် သူ့ကို ကူညီ​ပေးလိုက်မှာ​လေ။

ရယ်ဟွမ်က စကားတစ်လုံးမှ မ​ပြောဘဲ ပြုံးပြလိုက်သည်။

ရယ်ဟွမ်က တံခါးရှိရာဘက်ကို ကြည့်ကာ ​တွေးလိုက်မိသည်။ တကယ်လို့ ချူး၀မ်၀မ်သာ အရမ်းချမ်းသာတဲ့ မိသားစုက သခင်မ​လေးမဟုတ်ဘဲ ဘယ်သူမှ သူမကို ​နောက်ကွယ်က​နေ ကာကွယ်​ပေးမ​နေရင် ရွံစရာ​ကောင်းလိုက်တာလို့ သူမ ​ပြောရဲမှာ မဟုတ်ဘူး။

တကယွလို့ သူမမှာ တကယ် အရည်အချင်းရှိရင် သူမ entertainment ​လောကက​နေ နှုတ်ထွက်လိုက်​လေ။entertainment ​လောကထဲမှာ ပိုက်ဆံရှာ​နေပြီး သူမကပဲ entertainment ​လောကရဲ့ မသန့်ရှင်းမှု​တွေကို အရှက်ရတယ်ပဲ ရှိ​ရသေးတယ်။

သူမကမှ နွားစာခွက်ထဲမှာရှိတဲ့ မြက်​ခြောက်​တွေကို ​မြင်းကိုရော​မြေ​ခွေးကိုပါ စားဖို့ခွင့်မပြုတဲ့ ​ခွေးတစ်​ကောင်လိုပဲ။ညစ်ပတ်​နေတဲ့ မြက်​ခြောက်ကို​တောင် ​စောင့်​ရှောက်​နေလိုက်​သေးတယ်။

သူမက ​မြေ​ခွေးမပဲ !!!

.

.

.

.

.

.

တိုတယ်မလား အာ့​ကြောင့် ​နောက်​​နေ့တွေကို daily up ​ပေးမယ်လို့ ​ပြောလိုက်တာ​လေ 😅😅😅

Please vote and comment !!!