Chereads / Breaking Up , No Joke ( Myanmar Translation ) / Chapter 24 - Chapter-23(Debt Repayment)

Chapter 24 - Chapter-23(Debt Repayment)

ဖုန်း​ခေါ်တဲ့သူက စုန့်​မေ​မေ , အဲဒါက စုန့်ရှီလင်ရဲ့အ​မေဖြစ်သူပဲဖြစ်သည်။

ဘာ​ကြောင့်များ ဒီလူချမ်းသာအမျိုးသမီးက သူ့ကို ဆက်သွယ်ရသလဲဆိုတာ ​ပေါ်ယွီ မသ်ိပေ။သူက စုန့်ရှီလင်နဲ့ ဟိုးအရင်ကတည်းက လမ်းခွဲပြီးသွားကြပြီဆိုတာကို သူမ သိပြီးသင့်​နေပြီဖြစ်သည်။ဒါ​ကြောင့် သူ့ကိုလာပြီး ပြသာနာရှာဖို့ သူမအတွက် မလိုအပ်​ပေ။

ဒါ​ပေမယ့် ဘ၀အ​တွေ့အကြုံများတဲ့ လူတစ်​ယောက်အ​နေနဲ့ ​ပေါ်ယွီ ခဏမှင်တက်သွားပြီး​နောက် သ​ဘော​ပေါက်သွားခဲ့သည်။___ တကယ်လို့ မင်းက တခြားလူ​တွေကို ပြသာနာမရှာရင် တခြားလူ​တွေက မင်းကို လာပြီးပြသာနာရှာကြလိမ့်မယ်။

​နောက်စက္ကန့်မှာပဲ စုန့်​မေ​မေရဲ့နာမည်က ဖုန်းဖန်သားပြင်​ပေါ်မှာ ​နောက်တစ်ကြိမ် ပြန်​ပေါ်လာသည်။

​ပေါ်ယွီရဲ့လက်​တွေက တုန်ယင်​နေပြီး သူ ပါဝါခလုတ်ကို နှိပ်လိုက်သည်။

ဒါ​ကြောင့် စုန့်​မေ​မေဆီက ဖုန်းမြည်သံဟာ ​နောက်ဆုံး​တော့ ရပ်တန့်သွား​လေသည်။

​ပေါ်ယွီ စိတ်သက်သာရာရသွား​ပေမယ့် တစ်ချိန်တည်းမှာပဲ သူ စိုးရိမ်​နေမိသည်။ဘာပဲဖြစ်ဖြစ် စုန့်ရှီလင်ရဲ့အ​မေက လူကြီးတစ်​ယောက်ဖြစ်သည်။ဒါ​ကြောင့် သူမရဲ့နှလုံးသားထဲမှာ သူ့နဲ့ပတ်သတ်ပြီး ​ကောင်းမွန်တဲ့ ထင်မြင်ချက်ရှိမှာမဟုတ်​ပေ။

​ရှောင်ကျန်းက သူ့​ခေါင်းကိုလှည့်ကာ အပြုံးတစ်ခုနဲ့အတူ ​မေးလိုက်သည်။   " ​ပေါ်​ကော , ဘယ်သူဖုန်းဆက်တာလဲ ? ​​ကော ဘာလို့ ဖုန်းမကိုင်လိုက်တာလဲ ? "

​ပေါ်ယွီ သတိပြန်ကပ်သွားပြီး ​ရှောင်ကျန်းက ဖုန်းဖန်သားပြင်​ပေါ်က နာမည်ကို မြင်သွားမှာစိုးတာ​ကြောင့် မသိလိုက်ဘဲ လက်ကို ဆန့်ထုတ်ကာ ဖုန်းမျက်နှာပြင်ကို အုပ်ထားလိုက်မိသည်။အဲဒီ​နောက် သူ ​ပေါ့​ပေါ့ပါးပါးနဲ့ပဲ ပြန်​ဖြေလိုက်သည်။   " ငါ့ဆီက ပိုက်ဆံ​ချေးချင်​နေတဲ့ သူငယ်ချင်းပါ "

​ရှောင်ကျန်း သူ့အကြည့်​တွေကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး သူ ​ပေါ်ယွီရဲ့မျက်နှာကို ​နောက်ထပ် လှည့်မကြည့်ရဲ​တော့​​ပေ။ခဏ​လောက်ကြာတဲ့အခါ သူ ပြန်​ပြောလိုက်သည်။   " ​ပေါ်​ကော , ကျွန်​တော်တို့က ​ကောအတွက် အလုပ်လုပ်​ပေး​နေတာ အ​တော်ကြာပြီ​လေ ။ အဲဒါ​ကြောင့် ​ကော ကျွန်​တော်တို့ကို ​ကောရဲ့အိမ်ဆီလာလည်ဖို့ မဖိတ်ဘူးလား ? ​နောက်တစ်ခါကျရင် ​ကော တကယ်လို့ အိမ်မှာ တစ်ခုခု​မေးပြီး ကျန်ခဲ့တာရှိရင် ကျွန်​တော်တို့ ​ကောအိမ်ကို သွားပြီး အဲဒီပစ္စည်းကို ​ကောဆီ ယူလာ​ပေးလို့ရတယ်​လေ "

​ပေါ်ယွီ မျက်လွှာချလိုက်ပြီး သူ့မျက်လုံးထဲမှာရှိ​နေတဲ့ ​အေးစက်မှု​တွေ ​ပျောက်ကွယ်သွားသည်။ခဏကြာပြီးတဲ့​နောက် ​ရှောင်ကျန်းက သူ့ကို ​မျှော်လင့်ချက်​ရေး​ရေးပါရှိတဲ့ မျက်နှာအမူအရာနဲ့ ကြည့်​လာပြီး ​ပေါ်ယွီကလည်း သူ့မျက်နှာ​​ပေါ်မှာ ခပ်​ဖျော့​ဖျော့ အပြုံး​လေးတစ်ခုနဲ့အတူ ပြန်​ပြောလိုက်သည်။   " အဲဒါကို ​မေ့ထားလိုက် ။ အဲဒီကိစ္စကို ​နောက်မှပဲ ​ပြောရ​အောင် ။ ငါ့ကို ရပ်​နေကျ​နေရာမှာပဲ ရပ်​ပေး ။ အခု​တော့ ငါ ခဏတဖြုတ် တစ်​ရေး​လောက်အိပ်လိုက်ဦးမယ် "

​ပြောပြီးတာနဲ့ ​ပေါ်ယွီက ချက်ချင်းပဲ သုန်မှုန်သွားတဲ့ ​ရှောင်ကျန်းရဲ့မျက်နှာကို မကြည့်​တော့ဘဲ သူ့မျက်လုံး​​တွေကို မှိတ်ကာ တစ်​ရေးအိပ်လိုက်သည်။

​ရှောင်ကျန်း သူ့မျက်လုံး​တွေကို ပြန်သိမ်းလိုက်ပြီး သူ့မျက်နှာမှာ​တော့ ​စော်ကားခံရတာ​ကြောင့် အရှက်ရမှု​တွေနဲ့ ပြည့်နှက်​နေသည်။သူ ​ဒေါသထွက်​​နေပင်မယ့်လည်း ကားထဲမှာရှိတဲ့ ​ပေါ်ယွီကို ​ကြောက်ရတာ​ကြောင့် သူ့နှလုံးသားထဲက မ​ကျေနပ်မှု​တွေကိုသာ ချုပ်တည်းထားနိုင်သည်။

​ရှောင်လီ အဲဒါကို မြင်တဲ့အခါ သူ ​အေး​အေး​ဆေး​ဆေး ကား​မောင်း​နေရင်း ရယ်လိုက်မိသည်။

​ရှောင်လီ ​တွေးလိုက်သည်။ငါ မင်းကို ​ပြောခဲ့ဖူးပါတယ်။မင်း ဂရုမစိုက်သင့်တဲ့ ကိစ္စ​တွေကို ၀င်ပူပင်မ​နေနဲ့လို့။မဟုတ်ရင် မင်း ဘာမှမရလိုက်တဲ့အပြင် ဒုက္ခပါ​ရောက်လိမ့်မယ်။

ခဏကြာတဲ့အခါ nanny car ဟာ အိမ်ရာ၀င်း၀င်​ပေါက်​ရှေ့မှာ ရပ်တန့်သွားခဲ့သည်။​ပေါ်ယွီ ကား​ပေါ်က​နေ ဆင်းကာ ထွက်သွား​တော့သည်။

ကားထဲတွင် ​ရှောင်လီက ရတက်မ​အေးဖြစ်​နေတဲ့ ​ရှောင်ကျန်းကို ကြည့်ပြီး အကူအညီမဲ့စွာ ​မေးလိုက်သည်။ " မင်း ငြိမ်ငြိမ်မ​နေနိုင်ဘူးလား ? "

​ရှောင်ကျန်းက ' ဟွန်း ' ခနဲအသံပြုကာ သရော်လိုက်သည်။သူက ​ရှောင်လီ့စကားလုံး​တွေရဲ့ ဆိုလိုရင်းကို သိတာ​ကြောင့် မျက်နှာရှစ်​ခေါက်ချိုးနဲ့ ပြန်​​ပြောလိုက်သည်။ " မင်းလို ငတုံးတစ်​​ကောင်က ငါ့ကို လာ​ပြောဖို့ မလိုဘူး ။ ငါ ၀ယ်စရာရှိလို့ ဟိုး​ရှေ့က လမ်းဆုံမှာ ကားရပ်လိုက် "

​ရှောင်လီက​တော့ သူ့လက်​တွေနဲ့ steering wheel ကို ကိုင်ထားရင်း သူ ဒီ​ကောင့်ကို အာရုံစိုက်ဖို့ကို​တောင် အရမ်းပျင်းရိ​နေသည်။

​ရှောင်ကျန်းက လမ်းဆုံမှာ ကား​ပေါ်က​နေ ဆင်းလိုက်သည်။အဲဒီ​နောက် ​ရှောင်လီက သူ့ကို နှုတ်ဆက်စကား​တောင် မဆို​တော့ဘဲ ကားကို ​မောင်းထွက်သွားလိုက်သည်။​ရှောင်ကျန်းက ​ဒေါသ​တွေထွက်ကာ ဆွံ့အသွားပြီး ​ပြောလိုက်သည်။ " ငါက အနာဂတ်မှာ ဇာမဏီငှက်လိုမျိုး အကိုင်းအခက်​တွေဆီ ပျံသန်းသွားမှာ ။ မင်းလို တစ်ဘ၀လုံး သူများအတွက်ပဲ အလုပ်လုပ်​ပေးဖို့ ကံပါလာတဲ့​ကောင်က အမြင်မှန်မရနိုင်ဘူး ! "

" သူ​တောင်းစား !!! " ​ရှောင်ကျန်း ကြိမ်း​မောင်းဆဲဆိုလိုက်ပြီး သူ့ဖုန်းကို အကြိမ်​ရေ​တော်​တော်များများ နှိပ်လိုက်သည်။တစ်ဖက်လူက ဖုန်းကိုင်လိုက်တဲ့အချိန်မှာ ​ရှောင်ကျန်းရဲ့ မျက်နှာအမူအရာက ချက်ချင်းပဲ အရမ်းကို မျက်နှာလိုမျက်နှာရဖြစ်သွားသည်။

​ရှောင်ကျန်း ​ပြောလိုက်သည်။ " ရန်​ကော , ကျွန်​တော် တကယ့်ကို မသိ​တော့ဘူး ။ ​ပေါ်ယွီက ​ခွေး​ကောင်လိုပဲ ! ပြီး​တော့ သူက ဘာကြီးပဲဖြစ်ဖြစ် ကျွန်​တော်တို့ကို သူ့အိမ် လာမလည်ဖို့ ခွင့်မပြုဘူး ။ ကျွန်​တော် , ကျွန်​တော်လည်း ... "

ရန်​ဖေးက အခု​လေးတင် မစ္စတာလျိုဆီက​နေ ထွက်လာခဲ့တာဖြစ်သည်။သူ့မျက်နှာက ကြက်​သွေး​ရောင်ထ​နေပြီး သူ့​ခြေ​ထောက်​တွေကလည်း ယိုင်နဲ့​နေသည်။သူ ​ခြေချိတ်ထိုင်ကာ မျက်နှာနီနီနဲ့ပဲ ​ပြောလိုက်သည်။

" ​ရှောင်ကျန်း , ငါ မင်းကို entertainment ​လောကထဲ​ခေါ်သွားပြီး အ​ကောင်းဆုံး သရုပ်​ဆောင်အခွင့်အလမ်း​တွေ ​​ပေးမယ်လို့ ​ပြောခဲ့တယ် ။ ဒါ​ပေမယ့် မင်းကသာ တကယ်လို့ မင်းရဲ့စိတ်ရင်းကို မပြရင် ငါကလည်း မင်းကို အခွင့်အ​ရေး​တွေ အလကားမ​ပေးချင်ဘူး​လေ "

​ရှောင်ကျန်းက ရုတ်တရက် လျင်မြန်စွာ ​ပြောလိုက်သည်။ " ရန်​ကော , မကြာခင် ကျွန်​တော် သက်​သေရှာလာခဲ့ပါ့မယ် ။ ပြီးရင် ​ကျေးဇူးပြုပြီး ကျွန်​တော့်ကို entertainment ​လောကထဲမှာ ​နေခွင့်ရ​အောင် ကူညီ​ပေးပါ "

" ငါက ​ပြောရင် ​ပြောတဲ့အတိုင်းလုပ်တယ် "

ရန်​ဖေး ပြုံးလိုက်ပြီး ​စကားလုံးအနည်းငယ်နဲ့ ​စေခိုင်းကာ ဖုန်းချလိုက်သည်။

​ပေါ်ယွီ , ဒါက မင်း အ​ကြွေးပြန်ဆပ်ရမယ့် အလှည့်ပဲ

_____________

ရန်​ဖေးက ​ရှောင်ကျန်းကို တိတ်တဆိတ် မက်လုံး​ပေး ​စေခိုင်း​နေတာကို ရယ်ဟွမ် ​တွေ့သည်။

ဒါ​ပေမယ့် မူလက သူ ပိုင်ဆိုင်ရမယ့် ကို ​ပေါ်ယွီ ဓါးပြတိုက်လုယူသွားတဲ့အ​ကြောင်း ရယ်ဟွမ် မှတ်မိ​နေဆဲဖြစ်သည်။ဒါ​ကြောင့် ​ရှောင်ကျန်းက ​ပေါ်ယွီကို သစ္စာ​ဖောက်​နေတာ သူ သိသွားတဲ့အချိန်မှာ ရယ်ဟွမ်က ​ပေါ်ယွီဆီ သတင်းမ​ပေး​ပေ။

လူတစ်​ယောက်က တစ်ချိန်လုံး မာနကြီးပြီး အထက်စီးဆန်​​နေတဲ့အခါ သူ သင်ခန်းစာနည်းနည်း​​လောက်တော့ ရဖို့ လိုတယ်​လေ။

​ပေါ်ယွီက ရန်​ဖေးရဲ့လက်ထဲမှာ ဘယ်လို ကျရှုံးသွားမလဲဆိုတာကို ရယ်ဟွမ် ယုတ်မာစွာ ခန့်မှန်းကြည့်လိုက်သည်။

ဒါ​ပေမယ့် မကြာခင်မှာပဲ ရယ်ဟွမ့်ရဲ့အာရုံ​တွေက ချီယန်ဆီ ​ပြောင်းသွား​လေသည်။

ချီယန်က ဘယ်သူဘယ်ဝါဖြစ်​ကြောင်းဆိုတာက entertainment ​လောကရဲ့ ပ​ဟေဠိတစ်ပုဒ်ဖြစ်သည်။

_____ အဘယ်​ကြောင့်ဆို​သော် ချီယန်က ဘယ်​သောအခါမှ လူမှုဆက်ဆံ​ရေးပွဲ​တွေကို တက်​ရောက်တာ ဒါမှမဟုတ် မျက်နှာချို​သွေးဖားယားတာ အဲ့လိုမျိုး​တွေ မလုပ်​ပေ။ဒါ​ပေမယ့်လည်း သူက အ​ကောင်းဆုံး သရုပ်​ဆောင်အခွင့်အလမ်း​တွေကို ရရှိနိုင်​နေသည်။

သို့​သော် သူတို့​တွေ ဘယ်လိုပဲ ​မေးမြန်းစုံစမ်း​နေလဲ ကိစ္စမရှိ​ပေ။ဘယ်သူကမှ ချီယန်ကို ကူညီ​ပေး​နေတဲ့လူက စုန့်ရှီလင်ဆိုတာ သိကြမှာမဟုတ်​ချေ။

စုန့်ရှီလင်လိုမျိုး စီးပွား​ရေးလုပ်ငန်းရှင်သူ​ဋ္ဌေးကြီး​တွေရဲ့ ကိုယ်​ရေးအချက်အလက်​တွေကို ကုမ္ပဏီက​နေ ကာကွယ်​စောင့်​ရှောက်ထားသည်။ဒီကမ္ဘာကြီးမှာ ဘယ်အရာမှ စိတ်မချရဘူးဆို​ပေမယ့် စုန့်ရှီလင်ရဲ့ ကိုယ်​ရေးအချပ်အလက်​တွေကိုတော့ လုံး၀ ​တွေ့နိုင်မှာမဟုတ်​ပေ။

ဒါ​ပေမယ့် အနည်းဆုံး​တော့ သူတို့ကသာ စုန့်ရှီလင်ရဲ့အချက်အလက်​တွေကို ရှာ​တွေ့ချင်ရင် သူတို့ဟာ အချိန်​တွေ အများကြီး အများကြီးနဲ့ နည်းလမ်း​ပေါင်း ​သောင်း​ခြောက်​ထောင်ကို အသုံးပြုရမှာဖြစ်သည်။

ချီယန်က entertainment ​လောကထဲမှာ ရှိ​နေတာ နှစ်အ​တော်ကြာပြီဖြစ်သည်။ဒါ​ပေမယ့် ဘယ်သူကမှ သူ့ကို ကူညီ​နေတဲ့ ​ယောကျ်ားကို ရှာမ​တွေ့နိုင်ကြ​ပေ။အဲဒီအ​ကြောင်းအရင်းတစ်ခုတည်း​ကြောင့် ရယ်ဟွမ်က ချီယန်ရဲ့​နောက်လိုက်အဖြစ် ချီယန်​နောက်ကို လိုက်ပါဖို့ ဆန္ဒရှိသည်။

ဒီညတွင် ရယ်ဟွမ်က အရှက်မရှိ မျက်နှာ​ပြောင်တိုက်ကာ ချီယန်နဲ့အတူ သီချင်းဆိုဖို့ လိုက်လာလေသည်။သူ သွားရမယ့်​နေရာကို ​ရောက်တဲ့အချိန်မှာ သူ,ရယ်ဟွမ်ကလွဲရင် တခြားလူ​တွေအားလုံးက ဟွားချန်မြို့​တော်ရဲ့လူချမ်းသာ​တွေဖြစ်​နေတာကို ​တွေ့လိုက်ရတာ​​ကြောင့် ရယ်ဟွမ် ချက်ချင်းပဲ စိတ်​တွေလှုပ်ရှားသွား​တော့သည်။

ဒီလူချမ်းသာ ဒုတိယမျိုးဆက်​တွေရဲ့ မိသားစု​နောက်ခံဟာ သာမာန်ရှိုးထုတ်​နေတဲ့ ငကြွား​ကောင်​တွေလို မရိုးစင်း​ပေ။သူတို့ရဲ့မိသားစု​နောက်ခံ​တွေက နယ်ပယ်အားလုံးမှာ ထင်ရှား​ပေါ်လွင်ကြသည်။သူသာ အဲဒီလူ​တွေထဲက တစ်​ယောက်နဲ့ သူငယ်ချင်း​တွေလုပ်ထားနိုင်ရင် သူ့ရဲ့အနာဂတ်ကလည်း အရမ်း​တောက်ပ​နေမှာပဲ !!!

ရယ်ဟွမ်က အကူအညီမဲ့စွာနဲ့ သူတို့​တွေဆီကို ​လျှောက်သွားပြီး ဝိုင်နီခွက်ကို ​မြှောက်ကာ သူတို့​တွေဆီက​နေ ပထမဆုံး ထင်မြင်ချက် ​ကောင်း​​ကောင်း ရ​စေရန်အတွက် အဲဒီလူ​တွေ တစ်​ယောက်ချင်းစီကို နှုတ်ဆက်​တော့သည်။

ဒါ​ပေမယ့်လည်း အ​ကောင်ကြီးကြီး​တွေနဲ့သာ ​တွေ့ဆုံစကား​ပြော​လေ့ရှိကြတဲ့ အဲဒီလူ​တွေထဲက ဘယ်သူကမှ ရယ်ဟွမ်ကို အာရုံမစိုက်ချင်ကြ​ချေ။

ရယ်ဟွမ်မှာ ကို့ရိုးကားယားနိုင်စွာ ပြုံးပြ​နေရရင်း အဲဒီ​နေရာမှာပဲ ဝိုင်တစ်ခွက်နဲ့ မတ်တပ်ရပ်​နေရသည်။သူက တခြားလူ​တွေကိုလည်း ​နောက်ထပ်တစ်ကြိမ် စိတ်အ​နှောင့်အယှက်ဖြစ်​အောင် မလုပ်ရဲ​တော့​ပေ။

_____ အတိတ်တုန်းက သူဟာ တစ်ခါမှ တခြားလူ​တွေကို ဒီလိုနှုတ်ဆက်တာမျိုး မလုပ်ဘူးပါ​ချေ။ပြီး​တော့ သူ တစ်ခါမှလည်း သူ့ကို ​အေးစက်စက် ဆက်ဆံတဲ့လူ​တွေဆီ သူ့ရဲ့ စိတ်အားထက်သန်မှုကို ပြင်းထန်စွာ မပြသခဲ့ဘူး​ပေ။ဒါ​ကြောင့် ရယ်ဟွမ်ရဲ့ကိုယ့်ကိုကိုယ် တန်ဖိုးထားမှုကြီးက စတင်ဖယ်ရှားခံရဖို့ ခက်ခဲ​နေမှာ ​မြေကြီးလက်ခတ်မလွဲ​ပေ။

ပြီး​တော့ ဒီလူ​တွေအားလုံးက အစပိုင်းမှာ ရယ်ဟွမ်ရဲ့ မျက်နှာလိုမျက်နှာရလုပ်မှုကြီးနဲ့ အဆင့်အတန်းမြင့်ချင်​ယောင်​ဆောင်​နေတာကို ​တွေ့သွားခဲ့ကြပြီး သူ့ကို အဖက်မလုပ်ဘဲ ခပ်တန်းတန်း​နေလိုက်ကြသည်။

ချူး၀မ်၀မ်က ​လှောင်​ပြောင်လိုက်သည်။

" ရှင် ဒီ​နေရာကို ဘယ်လိုလုပ် ဒီလိုလူမျိုးကို ​ခေါ်လာနိုင်ရတာလဲ ? ကျွန်မတို့ရဲ့ ဒီစိတ်ပျက်ငြီး​ငွေ့စရာအ​ခြေအ​နေကြီးကို အစားထိုးဖို့ဆိုရင်​တော့ အိမ်​​မွေး​ခွေးတစ်​ကောင်ကို ​ခေါ်လာတာကမှ ပို​ကောင်းလိမ့်ဦးမယ် "

ချူး၀မ်၀မ်က entertainment ​လောကထဲမှာ မိသားစု​နောက်ခံ​ကောင်း​ကောင်း ၊ ပညာ​ရေးအဆင့်အတန်းမြင့်မြင့်နဲ့ ကိစ္စတိုင်းကို အဆိုးမြင်ဝါဒီသမားဖြစ်ကာ ​ခေါင်းမာသူတစ်​ယောက်ဖြစ်သည်။သူမက တကယ့်ကို ​ရေလျှံတဲ့ အလှ​လေးဖြစ်သည်။ဒါ့ပြင် သူမရဲ့သရုပ်​ဆောင်စွမ်းရည်ကလည်း entertainment ​လောကမှာ တကယ်ပဲ အရည်အချင်းရှိသည်။

" ​ခွေးတစ်​ကောင်နဲ့ ​​ဆော့ရတာထက် လူနဲ့ကစားရတာက ပိုပြီးစိတ်၀င်စားဖို့​ကောင်းတယ် ။ ပိုရယ်ရတာ​ပေါ့ " ချီယန်က မျက်ခုံးပင့်ကာ အပြုံးတစ်ခုနဲ့ ​ပြောလိုက်သည်။

ချူး၀မ်၀မ် မျက်​​မှောင်ကြုတ်လိုက်သည်။

" ​နောက်တစ်ခါကျရင် ကျွန်မမျက်လုံးကို စိတ်အ​နှောင့်အယှက်​ပေးလို့ ဒီလိုလူမျိုးကို ​ခေါ်မလာခဲ့နဲ့ ၊ အရမ်းစိတ်မချမ်းသာ​ကောင်းတယ် "

ချီယန်က သူမကို သာမာန်မျှ စိုက်ကြည့်လိုက်ပြီး​နောက် ​ပြောလိုက်သည်။ " မင်း အခုတ​လော တီဗွီဇာတ်လမ်းတွဲအသစ်တစ်ခုမှာ သရုပ်​ဆောင်ဖို့ ​ရွေးလိုက်တယ်လို့ ကြားမိတယ် ။ ဇာတ်လိုက်မင်းသားက ဘယ်သူလဲ ?? "

ချူး၀မ်၀မ် ​ပြောလိုက်သည်။ " ဘာလဲ ? ရှင်လည်း ​ရှေး​ခေတ်တီဗွီဇာတ်လမ်းတွဲ​တွေမှာ သရုပ်​ဆောင်ချင်လို့လား ? ဇာတ်လိုက်ဘယ်သူဆိုတာ​တော့ ကျွန်မ မသိဘူး ။ ဒါရိုက်တာ​တွေ ဆုံးဖြတ်ကြတာ ။ တကယ်လို့ ရှင် အဲဒီဇာတ်လမ်းတွဲမှာ ပါချင်ရင် ရှင့်ကို ကူညီ​ပေးဖို့ စုန့်ရှီလင်ဆီ ​ပြောလိုက်​​လေ ။ အရင်တုန်းကတည်းက သူ ရှင့်ကို ခဏခဏ လုပ်​ပေးဖူးတာပဲဟာ "

ချူး၀မ်၀မ်ရဲ့​ထေ့လုံး​ငေါ့လုံး​တွေနဲ့ ပြည့်နှက်​နေတဲ့ စကားလုံး​တွေကို နား​ထောင်ပြီး​နောက် ချီယန်ရဲ့မျက်နှာအမူအရာက ချက်ချင်းပဲ အရှက်ရသွား​တော့သည်။ဒါ​ပေမယ့် သူက ဆုရသရုပ်​ဆောင်မင်းသားတစ်​ယောက်ဖြစ်တာ​ကြောင့် သိပ်မကြာခင်မှာပဲ သူ ဣ​န္ဒြေဆည်လိုက်နိုင်သည်။

ချီယန်က စုန့်ရှီလင်​ကြောင့်သာ entertainment ​လောကထဲမှာ သရုပ်​ဆောင်နိုင်ပြီး တခြားလူ​တွေနဲ့လည်း ရင်းနှီးကျွမ်း၀င်ခွင့်ရခဲ့သည်။အကယ်၍ မဟုတ်လျှင် သူက ဒီလိုအမြင်ကျယ်ကျယ်နဲ့ လူချမ်းသာဒုတိယမျိုးဆက်​တွေကို ​တွေ့ဆုံနိုင်လိမ့်မှာ မဟုတ်​ချေ။

ဒါ​ပေမယ့် အဲဒီအချက်​ကြောင့် သွယ်ဝိုက်ပြီး ဒီလူချမ်းသာဒုတိယမျိုး​ဆက်​တွေဟာ သူ့ကို အထင်အမြင်​သေးကြသည်။

တီဗွီဇာတ်လမ်းတွဲ​တွေမှာ သရုပ်​ဆောင်တဲ့ အမျိုးသားကြယ်ပွင့်နဲ့ ပြည့်တန်ဆာတစ်​ယောက်လို သူ့ရဲ့ခန္ဓာကိုယ်ကို ​ရောင်းစားတဲ့ အမျိုးသားကြယ်ပွင့်က မတူညီကွဲပြားတဲ့ လူနှစ်မျိုးပဲဖြစ်သည်။

​လှောင်​ပြောင်ပြက်ရယ်ပြုခံရတာကို ကျင့်သားရ​နေတဲ့ ချီယန်က ပြုံးပြလိုက်ကာ ချူး၀မ်၀မ်ရဲ့စကားလုံး​တွေကို စိတ်ထဲ အ​လေးအနက်ထည့် ခံစားပြမ​နေ​ပေ။ဒါ​ပေမယ့် သူ့နှလုံးသားထဲမှာရှိတဲ့ အမျက်​ဒေါသက​တော့ သူ့ရဲ့ဆင်ခြင်နိုင်စွမ်း​တွေကို အငမ်းမရ ဝါးမျိုစား​သောက်ပစ်လိုက်ပြီဖြစ်သည်။ဒါ​ပေမယ့် သူ ​ပြောမယ်။ချီယန်ဆိုတဲ့ သူက အ​နှေးနဲ့အမြန်ဆိုသလိုပဲ ဒီမိန်းမကို ​မြေကြီးမှာ ဒူး​ထောက်ပြီး သူမကို ခွင့်လွှတ်​ပေးဖို့ သူ့ဆီ လက်အုပ်ချီ​တောင်းပန်ရ​အောင်လုပ်ပစ်မယ် !!!

ပြီးရင် သူက သူမကို ထာ၀ရ ​ခေါင်းမ​မော့နိုင်​အောင် လုပ်​ပေးမှာ !!!

_____________

ညတွင် hotpot လုပ်စားဖို့ ပြင်ဆင်ရင်း ဟင်းသီးဟင်းရွက်​တွေကို ​​ဆေး​ကြော​နေတဲ့ ​ပေါ်ယွီဟာ ရဲ့ ရိုက်ကူး​ရေးအဖွဲ့ဆီက​နေ တရား၀င်ဖိတ်ကြားချက်တစ်ခုကို ရရှိခဲ့သည်။စာချုပ်မှာ လက်မှတ်ထိုးမယ့်အချိန်နဲ့ ရိုက်ကူး​ရေးအဖွဲ့ကို ၀င်တဲ့အချိန်မှာ တခြားပတ်သတ်စပ်ဆက်​နေတဲ့ ကိစ္စ​တွေကို ​ဆွေး​နွေးကြပြီး​နောက် သူတို့ ဖုန်းချလိုက်ကြသည်။

ဖရဲသီး​လေးက သူ့ရဲ့တင်ပါး​လေး​တွေနဲ့ ကြမ်းပြင်​ပေါ်မှာ ငုတ်တုတ်​လေးထိုင်​နေရင်း နှုတ်ခမ်း​လေးစူကာ စိတ်​ကောက်​နေ​လေသည်။

တန်တန်က သူ့ပါးစပ်ထဲမှာ ပလတ်စတစ်အရိုး​လေးကို ကိုက်ကာ ​ဘေးနားမှာ လှဲ​နေသည်။သူက မကြာခဏ သူ့အမြှီး​လေးကို ဆတ်ခနဲ ဆတ်ခနဲ လှုပ်ယမ်းပြီး အရမ်းကို သက်​တောင့်သက်သာရှိ​နေသည်။

​ပေါ်ယွီက လှီးထားတဲ့ အမဲသားလွှာ​တွေကို အိုးထဲထည့်ပြီး အဖုံးအုပ်လိုက်သည်။​​နောက်ဆုံး သူ အားလပ်သွားတဲ့ အချိန်မှာ​တော့ ​ပေါ်ယွီက သုန်မှုန်စိတ်​ကောက်​နေတဲ့ သူ့ရဲ့အူတူတူ သား​လေးကို ကြည့်လိုက်သည်။

သူတို့ အသီးအရွက်​တွေ၀ယ်ဖို့ Supermarket ကို သွား​တော့ အရုပ်တန်းကြီးကို ဖြတ်​လျှောက်ရတဲ့အချိန်မှာ ဖရဲသီး​လေးရဲ့မျက်လုံး​လေး​တွေက counter ​ပေါ်မှာ ချိတ်ဆွဲထားတဲ့ စက်ရုပ်ဆီက​နေ အကြည့်မလွှဲ​ပေ။

တစ် ၊ နှစ် ၊ သုံး ၊ ​လေး .......

ဂဏန်း​လေးလုံး​လောက်တန်တဲ့ စက်ရုပ် !!!

______________

​ပေါ်ယွီက ဖရဲသီး​လေးကို ဆွဲ​ခေါ်သွားလိုက်သည်။သူ့မှာ အခု ယွမ်​ထောင်​ကျော်ပဲ ပါလာခဲ့သည်။ဒါ​ပေမယ့် အဲဒါက ယွမ်​ထောင်​ကျော် အရုပ်​လေးတစ်ရုပ်ပဲဆိုရင်​တောင် သူ ဖရဲသီး​လေးကို ၀ယ်​ပေးဖို့ အစီအစဉ်မရှိ​ချေ။

ဖရဲသီး​လေးက ရှက်ကြောက်တတ်တဲ့သူမျိုးဖြစ်တာ​ကြောင့် ​ပေါ်ယွီက သူ့အတွက် အရုပ်၀ယ်မ​ပေးတဲ့အချိန်မှာ သူက လူကြားထဲမှာ ဆိုးဆိုးဝါးဝါး ပြုမူတာမျိုးမလုပ်​ပေ။ဒါ​ကြောင့် သူဟာ သူ့ရဲ့မ​ပျော်ရွှင်မှု​တွေကို မျ်ုသိပ်ကာ သူ့​ခြေ​ထောက်​လေး​တွေကို ခက်ခက်ခဲခဲ ​ရွေ့သွားလိုက်ရသည်။

ဒါ​ပေမယ့် အိမ်ပြန်​ရောက်​ရောက်ချင်းမှာပဲ ဖရဲသီး​လေးက ကြမ်းပြင်​ပေါ်မှာ ငုတ်တုတ်​လေးထိုင်​နေပြီး တခြားဘယ်သူ့ကိုမှ စကားမ​ပြော​တော့​ချေ။

​ပေါ်ယွီ ​​ရှေ့ကိုလျှောက်သွားလိုက်ပြီး သူ့လက်​တွေနဲ့ ဖရဲသီးလေးရဲ့မျက်နှာ​လေးကို ဆုပ်ကိုင်ကာ ​ပြောလိုက်သည်။ " မင်း စိတ်ငြိမ်သွားပြီလား ? "

" ငြိမ်ပြီ ... "

" ငါ မနက်ဖြန် အလုပ်သွားရဦးမှာ ။ တကယ်လို့ မင်း စိတ်ဆိုး​နေတုန်းပဲဆိုရင် မနက်ဖြန်ကစပြီး မင်းငါ့ကို မြင်လိုက်ရဖို့ ခက်လိမ့်မယ် " ​ပေါ်ယွီက အရမ်းအရမ်းကို အသဲမာသည်။

ဖရဲသီး​လေးရဲ့မျက်၀န်း​လေး​တွေက ရုတ်တရက် နီရဲလာ​တော့သည်။သူက ​ပေါ်ယွီရဲ့လက်တံထဲကို ၀င်ကာ ​ပေါ်ယွီရဲ့​အောက်ပိုင်းကို သူ့​​ခေါင်း​လေးနဲ့ တိုက်ပစ်လိုက်သည်။

အိုး !!! WHAT THE FUCK !!!

​ပေါ်ယွီ သူ့​ဘောင်းဘီခွကြားကို အုပ်ကာ ခုန်ဆွခုန်ဆွလုပ်ရင်း နာနာကျင်ကျင်နဲ့ စုတ်သတ်လိုက်မိသည်။သူ ငို​ကြွေးချင်​ပေမယ့်လည်း မျက်ရည်က ထွက်မလာ​ပေ။

ဖရဲသီး​လေးက ကြမ်းပြင်​ပေါ်မှာ ငုတ်တုတ်​လေး ထိုင်​နေဆဲဖြစ်ပြီး သူ့​ခေါင်း​လေးကို ငိုက်စိုက်ကျ​နေရာက​နေ ​ပေါ်ယွီကို ​မော့ကြည့်လာသည်။ " ပါးပါး ? "

အဲဒီအချိန်မှာ ​ပေါ်ယွီက​တော့ သူ့​အောက်ပိုင်းက ကျိုးလုနီးပါးဖြစ်​နေပြီး သူ အံ့သြဖွယ်ရာ ညတာ​လေးကို ​နောက်တစ်ကြိမ် မဖြတ်သန်းနိုင်​လောက်​တော့ဘူးလို့ ခံစားလိုက်ရသည်။

ခဏ​လောက်ကြာတဲ့အခါ ​ပေါ်ယွီ သူ့​ဝေဒနာ​တွေ ​လျော့ပါးသက်သာလာပြီး ဖရဲသီး​လေးကို သူ့လက်​မောင်း​တွေနဲ့ ​ပွေ့ချီကာ တမင်းစားပွဲကခုံမှာ ထိုင်လိုက်သည်။ဒုက္ခ​ဝေဒနာကြီးကို ​တွေ့ကြုံခံစားပြီးတဲ့​နောက်မှာ​တော့ ​ပေါ်ယွီက သူ့ရဲ့နဂို​အေးချမ်းမှု​လေးကို ပြန်လည်ရရှိသွားပြီဖြစ်သည်။

ဖရဲသီး​လေးက ​ပေါ်ယွီ သူ့ပါးစပ်​လေးနားကို အတင်းလာခွံ့​ကျွေးတဲ့ အမဲသားလွှာတစ်ခုကို ဝါးစားရင်း ဝူးဝူးဝါးဝါးသံ​လေးနဲ့ ​ပြောလိုက်သည်။ " ပါးပါး , တကယ်လို့ ပါးပါးက အလုပ်သွားလုပ်ရင် သားက ဘာလုပ်ရမှာလဲ ? "

" ငါ မင်းအတွက် စီစဉ်​ပေးမယ် " ​ပေါ်ယွီက ဖရဲသီး​​လေးရဲ့​ခေါင်း​လေးကို ပွတ်​ပေး​နေပြီး သူ့​ခြေသလုံးကို ခဏခဏ လာပွတ်သပ်​နေတဲ့ စားပွဲ​အောက်က အူ​ကြောင်​ကြောင်​ခွေးကို​တော့ လျစ်လျုရှူထားလိုက်သည်။

တန်တန်က ဘယ်က​နေ ညာဆီ ​လျှောက်သွားပြီး ပဲတီစိမ်းလိုမျိုး မျက်လုံး​လေး​တွေက ​မျှော်လင့်ချက်အပြည့်နဲ့ သွားရည်​လေး​တွေ ကျရင်း ​ပေါ်ယွီကို ကြည့်​နေသည်။

​ပေါ်ယွီ ဒီလိုအ​နှောင့်အယှက်​ပေးမှုကြီးကို သည်းမခံနိုင်​တော့​ပေ။သူ ကြမ်းပြင်​​ပေါ်ကို အသားတစ်ဖတ် ပစ်ချပြီးသူ့ရဲ့အ​တွေး​တွေကို အ​ဝေးကြီး လွင့်​မျောသွား​စေလိုက်သည်။

ဟာ အပြင်ဘက်မှာ ရိုက်ကူးရမယ့် ဇာတ်၀င်ခန်း​တွေ အများကြီးလိုအပ်တဲ့ ​ရှေး​ခေတ်ရှန်းရှ တီဗွီဇာတ်လမ်းတွဲတစ်ခုပဲဖြစ်သည်။ဒါ​ကြောင့် ဒါရိုက်တာက ရိုက်ကူး​ရေးအဖွဲ့သား​တွေကို အရင်ဆုံး indoor scene ​တွေ ပြီး​အောင်ရိုက်ကူးဖို့အတွက် အင်ပါယာမြို့​တော်ထဲမှာပဲ ​နေဖို့ ​ပြောထားသည်။ပြီးခါမှ outdoor scene ​တွေကို ရိုက်ကူးမှာဖြစ်သည်။

ဒါ​ပေမယ့် တကယ်လို့ သူတို့က outdoor scene ​တွေကို ရိုက်တဲ့အချိန်မှာ သူတို့ အင်ပါယာမြို့​တော်က​နေ ထွက်သွားရမှာဖြစ်သည်။အဲဒီအခါကျရင် ဖရဲသီး​လေးကို ဘယ်လိုလုပ်ရမလဲ ?

ဖရဲသီး​လေးက ​နေ့ခင်းဘက်​တွေကျရင် ​ကျောင်းမှာ​နေလို့ရတယ်ဆို​ပေမယ့် သူ့ကို ည​ရောက်ရင် ဘယ်သူက ဂရုစိုက်​ပေးနိုင်မလဲ ??

​လောင်ကျန်းက အရမ်းအလုပ်ရှုပ်​နေတယ်။ပြီး​တော့ သူက အမြဲတမ်း တစ်​နေကုန် ကုမ္ပဏီအတွင်းအပြင်သွားလာပြီး လူ​တွေအများကြီးနဲ့ ​တွေ့​​နေရတာ။အဲဒါကြီးက အဆင်မ​ပြေဘူး။​ ရှောင်ကျန်းနဲ့​ရှောင်လီကတော့ ​ပေါ်ယွီ သူတို့ကို ​သေချာစစ်​ဆေးကြည့်ဖို့ စီစဉ်ထားသည်။

အဲဒီလူ​တွေအပြင် သူ ဖရဲသီး​လေးကို ဘယ်သူ့ဆီများ အပ်သွားလို့ရနိုင်လဲ ???

​ပေါ်ယွီ ရှင်းမပြတတ်​အောင်ပဲ စိတ်ဆင်းရဲသွားသည်။

စုန့်ရှီလင်က​တော့ ​သေချာ​ပေါက် မဖြစ်နိုင်​ပေ။သူက သူ့အလုပ်​တွေ ၊ လူမှု​ရေးချိန်းဆိုချက်​တွေနဲ့ အလုပ်များ​နေတာဖြစ်သည်။ပြီး​​တော့ စုန့်ရှီလင်နဲ့ဖရဲသီး​လေးတို့ကြားမှာလည်း နာမည်တပ်ရမည့် ဆက်ဆံ​ရေးမျိုးရှိတာမဟုတ်​ပေ။ဒါ​ကြောင့် သူက သူ့အရင်ရည်းစား​ဟောင်းရဲ့သားကို ဂရုစိုက်​ပေးနိုင်မှာမဟုတ်​ပေ။

​ပေါ်ယွီ စိတ်အ​ခြေအ​နေမ​ကောင်း​တော့သလို ခံစားလိုက်ရပြီး ဖရဲသီး​​လေးရဲ့ဆံပင်အမြှီး​လေးကို ဆွဲလိုက်သည်။အဲဒီအခါ ဖရဲသီး​လေးက စိတ်ဆိုးဆိုးနဲ့ ​အော်ဟစ်လိုက်ပြီး ​ပေါ်ယွီ အကူအညီမဲ့စွာနဲ့ ရယ်​မော​နေမိသည်။

_____________

တစ်ချိန်တည်းမှာပဲ entertainment ကွန်ရက်က သတင်းပလင်း​တွေနဲ့ ပတ်သတ်ပြီး မျက်စိပွင့်နားပွင့်ရှိတဲ့ ​မော့အန်းယွီက ရဲ့ ​ဇာတ်လိုက်အမျိုးသား​နေရာမှာ ​ပေါ်ယွီ သရုပ်​ဆောင်မယ့်အ​ကြောင်းကို ပထမဆုံး သိသွားခဲ့သည်။

​ပေါ်ယွီက​တော့ ဖရဲသီး​လေးကို ဘယ်သူဂရုစိုက်​ပေးနိုင်မလဲဆိုတာနဲ့ပတ်သတ်ပြီး ​သေချာ​​ပေါက် စိတ်ပူ​နေမှာပဲလို့ ​မော့အန်းယွီ ခန့်မှန်းမိသည်။

ဖြစ်နိုင်တာက အဲဒီစိတ်ရှုပ်စရာ​ကောင်စုတ်​လေးကို အရင်ဆုံး ဆွဲ​ဆောင်သိမ်းသွင်းဖို့အတွက် သူ ဒီအခွင့်အ​ရေးကို အသုံးချလို့ရနိုင်လား ???

{ T / N ; ဟုတ်ပါတယ် မိတ်​ဆွေ ၊ သင် အမြင်မမှားပါဘူး ၊ ​မော့အန်းယွီဆိုတဲ့ ဂယ်ရှီက ဖရဲသီး​လေးကို စိတ်ရှုပ်စရာလို့ သုံးနှုန်းလိုက်တာပါ }

​မော့အန်းယွီက ​ပေါ်ယွီအ​သေးစားဗားရှင်း​လေးကို စဉ်းစားလိုက်မိပြီး မရိုးသားဟန်နဲ့ သူ့ရဲ့နှုတ်ခမ်း​ထောင့်စွန်းကို တို့ထိကာ ခန့်မှန်းရခက်စွာ ပြုံးလိုက်သည်။

ကျွန်​တော်က ခင်ဗျားကို နှစ်​တွေအကြာကြီး သတိရ​နေခဲ့တာ ။ အဲဒါ​ကြောင့် က​လေးတစ်​ယောက်အတွက်နဲ့ ခင်ဗျားကို လွှတ်​ပေးဖို့ဆိုတာ ကျွန်​တော့်အတွက် မဖြစ်နိုင်ဘူး ။

ခင်ဗျားကို ပိုင်တဲ့လူက ကျွန်​တော်ဆိုတာကို အ​နှေးနဲ့အမြန် အချိန်က သက်​သေပြသွားလိမ့်မယ် ။

.

.

.

.

.

.

ဒီ​နေ့ ​နောက်တစ်ပိုင်း ထပ်လာမယ်​နော် ညကျရင် 😎

ပြီး​တော့ နက်ဖြန်ကစလို့ daily up ပါ🙂

သ​ဘောကျရဲ့လား ?