ဖရဲသီးလေးက ကလေးစီးလျောထိပ်လေးမှာ မတ်တပ်ရပ်နေသည်။သူ လျောစီးလိုက်ပြီး အောက်ကို ရောက်ရောက်ချင်းမှာပဲ ဖရဲသီးလေးရဲ့ အင်္ကျီကော်လံလေးဟာ ဖမ်းဆွဲခံလိုက်ရပြီး သူ ခြေတစ်လှမ်းတောင် မရွေ့နိုင်တော့ပေ။
၀တုတ်လေးရဲ့ မျက်နှာဝိုင်းဝိုင်းလေးက ဖရဲသီးလေးနားကို တိုးကပ်လာပြီး မေးလိုက်သည်။ " ပေါ်ရန်တင်း , ငါ မင်းကို မေးစရာရှိတယ် "
ဖရဲသီးလေးက စ်တ်ဆိုးမာန်ဆိုးနဲ့ ၀တုတ်လေးကို တွန်းထုတ်ပေမယ့် သူ ၀တုတ်လေးကို ရွေ့အောင်မလုပ်နိုင်ပေ။ဖရဲသီးလေးက စိတ်ဆိုးဆိုးနဲ့ ပြန်ပြောလိုက်သည်။ " မင်း ဘာမေးချင်တာလဲ ? "
" မင်းရဲ့အဖေက ပေါ်ယွီလား ? တီဗွီဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်တဲ့ တစ်ယောက်လေ " လေးနှစ်အရွယ် ၀တုတ်လေးမှာ ကိစ္စအများကြီးနဲ့ပတ်သတ်ပြီး အခြေခံနားလည်နိုင်စွမ်းတော့ရှိသည်။
" ငါ မသိဘူး " ဖရဲသီးလေးက ရိုးရိုးသားသား အသံလေးနဲ့ ပြန်ပြောလိုက်သည်။
ဝတုတ်လေးဟာ ဖရဲသီးလေးက အရူးတစ်ယောက်ကျနေတာပဲလို့ တွေးလိုက်မိပြီး နောက်ကနေ iPad ကိုထုတ်ကာ ခလုတ်ဖွင့်လိုက်သည်။အဲဒီနောက်မှာတော့ screen ပေါ်တွင် ပုံတစ်ပုံပေါ်လာသည်။၀တုတ်လေးက ပုံကို အနီးကပ်ဆွဲပြပြီး မေးလိုက်သည်။
" ဒါက မင်းအဖေလေ ။ ဒီကလေးက မင်းမဟုတ်လား ? "
ဖရဲသီးလေးက စူးစိုက်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
" ကောင်းတယ် ၊ အရမ်းကောင်းတယ် " မျက်နှာဝိုင်းဝိုင်းနဲ့ မျက်လုံးမှေးမှေး ကလေးလေးက လှောင်ပြောင်လိုက်သည်။ " မင်းအဖေရဲ့ တီဗွီဇာတ်လမ်းတွဲတွေက တကယ့်ကို ဆိုးဝါးတာပဲ "
ပြောပြီးတာနဲ့ ၀တုတ်လေးက iPad ကိုယူကာ သွက်လက်စွာ တန်းပြေးထွက်သွားတော့သည်။
ဖရဲသီးလေးကတော့ စိတ်ဆိုးနေတဲ့ မျက်နှာအမူအရာလေးနဲ့အတူ မြေကြီးပေါ်ကို အားပြင်းပြင်းနဲ့ ခြေဆောင့်လိုက်လေသည်။
_____________
ည ကိုးနာရီအချိန်တွင်။
ဝတုတ်လေးက သူ့အဖေရဲ့ စာကြည့်ခန်းတံခါးကို ခေါက်လိုက်ပြီး ချက်ချင်းပဲ သူ့အဖေရဲ့ ခွင့်ပြုချက်နဲ့အတူ အထဲကို ၀င်လာခဲ့သည်။ " ဒက်ဒီ "
စာကြည့်စားပွဲနောက်မှာ ထိုင်နေတဲ့ ချူဖန်းက သူ့ကို ကြည့်လိုက်သည်။ချူဖန်းက အရမ်းချောမောခန့်ညားကာ အပြုံးလေးတစ်ခုနဲ့ နူးညံ့စွာ မေးလိုက်သည်။ " ဘာဖြစ်လို့လဲ ? "
အဲဒီနောက် တစ်စက္ကန့်မှာပဲ ၀တုတ်လေးက အောက်ခံဘောင်းဘီတိုလေးကိုသာ ၀တ်ထားပြီး သူ့ရဲ့အိအိစက်စက် အဆီတုံးလေးတွေက အပြင်ထွက်နေရင်းနဲ့ သူ့ရှေ့ရောက်လာတာကို ချူဖန်း မြင်လိုက်ရတဲ့အချိန်မှာ ရုတ်တရက် ဒေါသထွက်သွားတော့သည်။ " မင်း ဘာလို့ အ၀တ်အစားတွေ ၀တ်မထားတာလဲ ? "
ဝတုတ်လေးက သူ့ဗိုက်ကို ပုတ်လိုက်တဲ့အခါ ဗိုက်မှာရှိတဲ့အဆီလေးတွေက တုန်တုန်တုန်တုန်လေး ဖြစ်သွားသည်။အမြင်အာရုံ ထိခိုက်မှုက အရမ်းကို ရုတ်တရက်ဆန်သွားရသည်။
" သား ဒက်ဒိ့ကို ပြောစရာရှိလို့ ။ အဲဒါပြီးရင် သွားအိပ်တော့မှာကို ဘာလို့ အ၀တ်အစားတွေ ၀တ်နေတော့မလဲ ? "
ချူဖန်းက သူ့နဲ့ အကျင့်ရော ပုံစံပါ တော်တော်လေး ကွဲထွက်နေတဲ့ ၀တုတ်လေးကို ကြည့်ပြီး ခဏလောက် တိတ်ဆိတ်သွားရသည်။တကယ်လို့ သူသာ ဖခင်ဖြစ်ကြောင်း စစ်ဆေးမှုကို တိတ်တဆိတ် မလုပ်ရသေးရင် ဒီဝတုတ်လေးက သူ့သားဆိုတာကို ချူဖန်း သူ လက်ခံနိုင်မှာမဟုတ်ပေ။
" သား ပေါ်ယွီကို အများကြီးသဘောကျတယ် ။ အဲဒါကြောင့် ကုမ္ပဏီကိုလာဖို့ သူ့ကို ခေါ်ရင်ရော ဘယ်လိုလဲ ? " ၀တုတ်လေးမှာ ရုတ်တရက် ပုံမှန်မဟုတ်တော့ဘဲ ရှက်သွေးဖြာလာတော့သည်။
" ပေါ်ယွီ ? " ချူဖန်း နှစ်ကြိမ်လောက် ပြန်စဉ်းစားလိုက်ရသည်။သူ အခုတလော နာမည်ကြီးနေတဲ့ အဲဒီ star ကို သဘောကျပေမယ့် ၀တုတ်လေးကပါ ပေါ်ယွီကို အာရုံစိုက်နေလိမ့်မယ်လို့ တစ်ခါမှ မထင်မိပေ။
" ဘာလို့ သူ့ကို ကြိုက်တာလဲ ? " ချူဖန်း သိချင်စိတ်နဲ့ မေးကြည့်လိုက်သည်။
၀တုတ်လေးက သူ့ဆံပင်တွေ ကျွတ်တော့မလိုထိ စိတ်ရှုပ်သွားသည်။ပေါ်ယွီလိုမျိုး ဘ၀င်မြင့်ပြီး စိတ်ထားမကောင်းတဲ့သူကို ကြိုက်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ပေ။
အကယ်၍ သူက တစ်ယောက်ယောက်ကို မဖြစ်မနေ ကြိုက်ရမယ်ဆိုရင်တောင် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုပိုင်ရှင် လျူခိုင်လို ၊ ငယ်ရွယ်ချောမောခန်ညားတဲ့ မော့အန်းယွီလို အဲ့လိုလူမျိုးတွေကိုပဲ ကြိုက်မှာဖြစ်သည်။
" သူ့သားက သားတို့ကျောင်းက " ၀တုတ်လေးက တခစ်ခစ်ရယ်လိုက်သည်။
ကျောင်းက ?
ချူဖန်း လက်ကို ဝေ့ယမ်းပြလိုက်သည်။
" သွားအိပ်တော့ ငါ အဲဒီကိစ္စကို စဉ်းစားထားလိုက်မယ် "
၀တုတ်လေးက ခေါင်းလေးငုံ့ကာ လှည့်ထွက်သွားတော့သည်။
ဒါပေမယ့် သူ စာကြည့်ခန်းထဲကနေ ထွက်လာပြီးတဲ့နောက်မှာ ၀တုတ်လေးက ချက်ချင်းပဲ သူ့အိပ်ခန်းဆီပြန်ကာ အိပ်ရာပေါ်လေးမှာ လှဲရင်း စိတ်လှုပ်ရှားစွာနဲ့ iPad ကို ဖွင့်လိုက်သည်။
ပြီးတော့ သူ ' ပေါ်ယွီ ' လို့ ရိုက်ရှာကြည့်လိုက်သည်။
အဲဒီအခါ ပေါ်ယွီရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ အတင်းအဖျင်းတွေဟာ search result မှာ ပေါ်လာပြီး ၀တုတ်လေးက နှုတ်ခမ်းကို မဲ့ကာ နောက်တစ်ကြိမ် ထပ်ရိုက်ရှာလိုက်သည်။ ' ပေါ်ယွီရဲ့ တီဗွီဇာတ်လမ်းတွဲများ '
______________
" WTF ! မြန်မြန်လုပ် ! ပြေး ! အား , သူ အဖမ်းခံလိုက်ရပြီ ... အား ! အား ! အား ! ... "
" ပေါ်ယွီက အရူးလား ၊ သူများထောင်ချောက်မထဲမှာ မိသွားရတယ်လို့ ... ဟာကွာ "
" မြန်မြန်ပြေးစမ်းပါ ! အဲဒီအူကြောင်ကြောင်မိန်းမကို ဂရုစိုက်မနေနဲ့ !!! " ၀တုတ်လေးက သူ့အိပ်ရာအိအိလေးကို ဒေါသတကြီးပုတ်ရင်း တံတွေးတွေ စင်ထွက်တဲ့အထိ အော်ဟစ်နေသည်။
______________
နောက်တစ်နေ့ မနက်ခင်းတွင် ချူဖန်းက ကော်ဖီသောက်ရင်း ထမင်းစားစားပွဲကထိုင်ခုံမှာ ထိုင်နေသည်။
၀တုတ်လေးကတော့ အားမရှိတော့သလို ခံစားနေရပြီး ပင်ပန်းနုံးချိည့်နေတဲ့ပုံစံလေးနဲ့ မျက်ကွင်းတွေ ညိုမည်းကာ စိတ်ကူးထဲလွင့်မျောနေရင်း စားပွဲဆီ ရောက်လာသည်။
ချူဖန်း ; " ........ "
_______________
ဇာတ်သိမ်းပိုင်းကို ဒီအပတ် သောကြာနေ့ ညရှစ်နာရီအချိန်တွင် Small Fan website မှာ ပြသခဲ့သည်။
ဂုဏ်းချုပ်စုံတွဲ ။ တစ်ယောက်က သေဆုံးသွားပြီး နောက်တစ်ယောက်က ဒဏ်ရာရခဲ့သည်။
[ ဇာတ်သိမ်းပိုင်းကြောင့် ငါလေး အရမ်းကို ၀မ်းနည်းကြေကွဲနေရတယ် ။ ငါ့မျက်ရည်တွေဆိုရင် မြစ်တစ်စင်းနီးပါးလောက် စုပုံနေပြီ ]
[ ငါ့မျက်လုံးထဲက မျက်ရည်တွေနဲ့အတူတူ ငါ့နှလုံးသားလေးလည်း နာကျင်ကိုက်ခဲနေတယ် ]
[ ငါ ဒီအတွဲရဲ့ကံကြမ္မာက ပျော်စရာမကောင်းနိုင်လောက်ဘူးဆိုတာကို စဉ်းစားခဲ့ဖူးပေမယ့်လည်း ငါ မှန်းထားတာတွေက တကယ်လည်းဖြစ်လာရော ငါလေး အကြီးအကျယ်ကို ပြင်းပြင်းထန်ထန် ခံစားရေတုန်းပဲ ]
ဒါပေမယ့်လည်း အဲဒီလိုဆိုရင်တောင်မှ ဒါရိုက်တာဟော်ကတော့ ဇာတ်သိမ်းကို ပြောင်းလဲပေးတာ ဒါမှမဟုတ် အင်တာနက် အသုံးပြုသူတွေရဲ့ဆန္ဒအတိုင်း side story ရိုက်ပေးတာမျိုး လုံး၀မလုပ်ပေ။
Happy ending ဆိုတာ လုံး၀ကို စိတ်ကျေနပ်အားရစရာကောင်းတာက ဟုတ်ပါတယ် ။ ဒါပေမယ့် ၀မ်းနည်းစရာဇာတ်ကြောင်းတွေကတော့ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ စွဲမြဲမှတ်မိနေဖို့ ပိုလွယ်တယ်လေ။
သေချာတာပေါ့။
______________
၀တုတ်လေးက screen အမည်းကြီးနဲ့အတူ နှာရည်တွေထွက်တဲ့အထိ ငိုရင်း အိပ်ရာပေါ်မှာ လှဲနေသည်။
သူ့ခေါင်းမြှီးခြုံထားတဲ့စောင်လေးဟာ တစ်စုံတစ်ယောက်ရဲ့ ဆွဲမခြင်းကို ခံလိုက်ရသည်။
ချူဖန်းက ရုပ်ဆိုးစွာ ငိုယိုနေတဲ့ ၀တုတ်လေးကိုမြင်ကာ အံ့အားသင့်သွားသည်။ " မင်း ဘာလို့ ငိုနေတာလဲ ? "
" ဒက်ဒီ , ကုချန်ကျင်းက သေသွားတယ် ... " ၀တုတ်လေးက ချူဖန်း သူ့ကို ကမ်းပေးတဲ့ tissue ကိုယူပြီး သူ့မျက်နှာလေးကို သုတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
" ကုချန်ကျင်းက မင်းသူငယ်ချင်းလား ? သူက ဘာလို့သေသွားတာတဲ့လဲ ? " ချူဖန်းက အိပ်ရာဘေးမှာ ၀င်ထိုင်ကာ ဂရုမစိုက်စွာ မေးလိုက်သည်။
" ........ " ၀တုတ်လေးက နှာမှုတ်လိုက်ပြီး iPad ကိုယူကာ ချူဖန်းဆီ လှမ်းပေးလိုက်သည်။
ချူဖန်းက iPad ကို ယူကြည့်ပြီး မေးလိုက်သည်။ " ပေါ်ယွီက ဒီထဲမှာ သရုပ်ဆောင်ထားတာလား ? "
" အွန်း " ၀တုတ်လေးက သူ့အကြိုက်ဆုံး ဇာတ်လိုက်ရဲ့သေဆုံးမှုကြောင့် ၀မ်းနည်းကြေကွဲမှုတွေထဲမှာ နှစ်မြှုပ်နေသည်။သူက အရှေ့ကို ငူငူငိုင်ငိုင်လေးကြည့်ရင်း သူနှစ်ခေါင်းမှာ တွဲလောင်းကျနေတဲ့ နှစ်တွေကိုတောင် သုတ်ဖို့မေ့နေသည်။ " သား အရမ်းကို အသည်းကွဲနေတယ် "
ချူဖန်း ရယ်မောလိုက်ရင်း ၀တုတ်လေးရဲ့ ဗိုက်လုံးလုံးလေးကို ပုတ်ပေးကာ iPad ကိုယူပြီး ထွက်သွားတော့သည်။ " မင်း မနက်ဖြန် ကျောင်းမှာ ပေါ်ယွီကို တွေ့လို့ရတယ် ။ ငိုနေတာကိုရပ်ပြီး အနားယူတော့ ။ iPad နဲ့ ဖုန်းကိုတော့ ငါ သိမ်းသွားလိုက်တော့မယ် "
ပြောပြီးတာနဲ့ ချူဖန်းက သမုဒ္ဒရာရှုခင်းပုံစံ ပြင်ဆင်ထားတဲ့ ၀တုတ်လေးရဲ့အခန်းကနေ ထွက်သွားတော့သည်။
၀တုတ်လေးက နှာခေါင်းရှုံ့လိုက်ပြီး သူ့ရဲ့ခံစားချက်တွေလည်း ပိုမိုဆိုးဝါးသွားလေသည်။
______________
အဲဒီအချိန်မှာပဲ ညစာစားနေတဲ့ ပေါ်ယွီကတော့ ဖရဲသီးလေးရဲ့ဘောင်းဘီတိုလေးကို ဆွဲချွတ်ခဲ့ဖူးတဲ့ ၀တုတ်ဟာ သူ့ကို သဘောတွေကျနေတယ်ဆိုတာ မသိပေ။
ဖရဲသီးလေးက သူ့နှုတ်ခမ်းလေးကို စူလိုက်သည်။ " ပါးပါး , သား ငါးမကြိုက်ဘူး "
ပေါ်ယွီ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
" ပါးပါးက ငါးစားရတာကြိုက်တယ် ၊ အဲဒါကြောင့် ပါးပါးလိုပဲ မင်းလည်း ငါးစားရတာကို ကြိုက်သင့်တယ် "
စကားဆုံးတဲ့အခါ ပေါ်ယွီက ငါးဆန်ပြုတ်ကို ဇွန်းနဲ့အပြည့် နောက်တစ်ဇွန်းခပ်ကာ ဖရဲသီးလေးရဲ့ ပါးစပ်လေးနားမှာ ဇွန်းတေ့ပေးလိုက်သည်။
ဖရဲသီးလေးက ပေါ်ယွီကို ဘယ်လိုပြန်လည်ချေပရမလဲဆိုတာ မသိပေ။သူ့မှာ နာနာခံခံနဲ့ပဲ ငါးဆန်ပြုတ်ကိုသား စားလိုက်ရပြီး ဖရဲသီးလေးက မပျော်ရွှင်တော့ပေ။
ငါးဆန်ပြုတ်ကျွေးပြီးတဲ့နောက် ပေါ်ယွီက tissue လေးနဲ့ ဖရဲသီးလေးရဲ့ပါးစပ်ကို သုတ်ပေးလိုက်ပြီး ဖရဲသီးလေးရဲ့စူထွက်နေတဲ့ နှုတ်ခမ်းလေးကို လက်ညှိုးရယ်လက်မရယ်နဲ့ ဆွဲညှပ်ကာ ရယ်မောလိုက်သည်။ " မင်း မပျော်ဘူးလား ? "
ဖရဲသီးလေးရဲ့နှုတ်ခမ်းဟာ ဘဲနှုတ်သီးလေးဖြစ်သွားတဲ့အထိ ဖိဆွဲခံလိုက်ရတာကြောင့် ဖရဲသီးလေးက ပိုပြီးတော့တောင် မပျော်မရွှင်ဖြစ်သွားသည်။ဒါပေမယ့် သူ ဘာပြောရမလဲမသိတာကြောင့် ဖရဲသီးလေးက သုန်မှုန်ကာ စိတ်ကောက်နေသည်။
ဖရဲသီးလေး စိတ်ဆိုးလာတာကို မြင်တဲ့အခါ ပေါ်ယွီက သူ ဖရဲသီးလေးကို စနောက်နေတာရပ်လိုက်သည်။ပေါ်ယွီ ခပ်ဟဟရယ်မောရင်း ပန်းကန်လုံးတွေနဲ့ တူတွေကို ကောက်ယူကာ ဘေစင်ထဲ ထည့်ထားလိုက်သည်။အဲဒီနောက် သူ ပြန်သွားကာ ဖရဲသီးလေးကို ပွေ့ချီလိုက်ပြီး သူ့လက်မောင်းတွေထဲမှာ ဖက်လိုက်သည်။ " ဒီနေ့ည ပါးပါနဲ့အတူတူ အိပ်မလား ??? "
ဖရဲသီးလေးရဲ့ မျက်လုံးလေးတွေက တောက်ပလာပြီး သူ့မှာ ပေါ်ယွီနဲ့အတူ အငြင်းပွားနေဖို့ အချိန်မရှိပေ။ " အိပ်မယ် !!! "
" မင်း ဒီည အိပ်ရာပေါ်မှာ ရှူးရှူးပေါက်ချရင်တော့ ငါ မင်းနဲ့မအိပ်ဘူးနော် ! " ပေါ်ယွီက ဖရဲသီးလေးကို အောက်ချပေးလိုက်ပြီး ဖရဲသီးလေးက စိတ်ဆိုးမာန်ဆိုးနဲ့ သူ့အခန်းလေးဆီ သွက်သွက်ပြန်သွားတာကို ကြည့်လိုက်သည်။ချက်ချင်းပဲ ပေါ်ယွီ ပိုမိုပျော်ရွှင်သွားသည်။
ဖရဲသီးလေးရဲ့ပါးလေးတွေဟာ စိတ်ဆိုးနေတာကြောင့် အနီရောင်သမ်းနေသည်။သူက သူ့ကိုယ်လေးသူ စောင်အောက်ထဲ တိုး၀င်ပြီး သူ့ရဲ့တင်ပါးလေးကိုတော့ အပေါ်ကို ပင့်မြှောက်ထားကာ စိတ်ကောက်နေလေသည်။
______________
သီးသန့် ဘိလိယက်ခန်းမတွင်။
ချီယန်ဟာ ဘောဒီဂတ်တွေရဲ့ အပြင်ဘက်ကနေ အထဲကို ရိုင်းစိုင်းစွာ တွန်းလွှတ်ခြင်းခံလိုက်ရသည်။သူ သူ့ဒေါသတွေကို မပေါက်ကွဲရသေးခင်မှာပဲ ချီယန် မော့ကြည့်လိုက်တဲ့အခါ ဘာကိုမှဂရုမစိုက်တဲ့ မျက်နှာဘေးနဲ့အတူ သူ့ရှေ့မှာ မတ်တပ်ရပ်နေတဲ့ မော့အန်းယွီကို မြင်လိုက်ရသည်။ချီယန် ချက်ချင်းပဲ နှုတ်ဆက်လိုက်သည်။
ဆိုရိုးစကားရှိသည်။ ' ကံကြမ္မာက ကိုယ့်ကို ဆန့်ကျင်အလေးမပေးတဲ့အချိန်မှာ ဉာဏ်ပညာရှိတဲ့ ယောကျ်ားတစ်ယောက်က မတိုက်ခိုက်ပေ။ ' ပြီးတော့ ချီယန်ကလည်း သူ့ကိုလာပြီး ဆိုးဆိုးဝါးဝါး ဆက်ဆံတာကို သဘောကျတဲ့လူမဟုတ်ပေ။
" မစ္စတာချီကတော့ ခမ်းနားထည်ဝါမှုအပြည့်နဲ့ နာမည်ကြီး ကြယ်တစ်ပွင့်ပါပဲ ။ ဒီကိုလာဖို့အတွက် မစ္စတာချီကို ဖိတ်ကြားဖို့က စကားကောင်းတွေနဲ့တင် မလုံလောက်ဘူးလေ ။ အဲဒါကြောင့် ငါ မင်းကိုခေါ်လာဖို့ လူလွှတ်လိုက်တာ " မော့အန်းယွီက သူ့လက်ထဲမှာ ဘိလိယက်ထိုးတဲ့တုတ်တံကို ကိုင်ထားပြီး အဖြူရောင်ဘောလုံးကို ချိန်ကာ ချက်ချင်း ထိုးချလိုက်သည်။
အပြာရောင်ဘောလုံးက တွင်းထဲကို ကျသွားပြီး ပိုက်ကွန်ကနေ ပြုတ်ကျမလာပေ။
{ T / N ; ဘိလိယက်က ဘယ်လိုကစားရလဲမသိတာမို့လို့ ပါတဲ့အတိုင်းရေးလိုက်ပါတယ် အမှားပါသွားရင်လည်း မီယားနဲယို }
ချီယန်က ခပ်တည်တည်နဲ့ပဲ သူ့အ၀တ်အစားတွေကို သပ်ရပ်အောင်ပြင်ဆင်လိုက်ပြီး ရှေ့ကိုလျှောက်လာကာ ဘေးဘီကိုကြည့်ရင်း ထိုင်လိုက်သည်။
ဒီနေရာက အဆင့်မြင့်စျေးကြီး ကိုယ်ပိုင်ဘိလိယက်ခန်းမတစ်ခုဖြစ်ပြီး သူတို့တွေဟာ သီးသန့် Black card တစ်ခုရှိတဲ့ ဧည့်သည်တော်တွေကိုသာ လက်ခံတာဖြစ်သည်။
စုန့်ရှီလင်အပေါ် မှီခိုနေတဲ့ ချီယန်က entertainment လောကထဲမှာ နှစ်အတော်ကြာ သုံးဖြုန်းခဲ့သည်။သူက အမြဲတမ်း အကောင်းဆုံး သရုပ်ဆောင်အခွင့်အလမ်းတွေကိုရရှိပြီး သူ ဘယ်နေရာဘဲရောက်ရောက် ကိစ္စမရှိဘဲ လူတွေရဲ့လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ တဖြတ်ဖြတ်လက်နေတဲ့ ကင်မရာမီးရောင်တွေက သူနဲ့အတူ အမြဲရှိသည်။
ဒါပေမယ့် ဒီသီးသန့်ဘိလိယက်ခန်းမထဲမှာတော့ သူ သိမ်ငယ်မှုကို ခံစားနေရသည်။အဘယ်ကြောင့်ဆိုသော် သူဟာ ဒီထဲကို ၀င်ခွင့်တောင်မရပေ။
ဒါပေမယ့် မော့အန်းယွီကတော့ ဒီထဲကို ၀င်နိုင်ရုံသာမက တစ်ချက်တောင် အတားအဆီးမခံရဘဲနဲ့ ဘော်ဒီဂတ်တွေကပါ တစ်လမ်းလုံး သူ့ကို လိုက်ပါစောင့်ရှောက်ပေးသည်။မော့အန်းယွီရဲ့ နောက်ခံအင်အားက မြင်ရသလောက် မရိုးရှင်းနိုင်ဘူးဆိုတာကို ချီယန် ခန့်မှန်းမိသည်။
မော့အန်းယွီက ဘ်လိယက်ထိုးတဲ့တုတ်တံကို တစ်ဖက်ပစ်လိုက်ပြီး ဝိုင်ခွက်ထဲကနေ ဝိုင်နီတစ်ငုံလောက် ယူသောက်ကာ ချီယန်ကို တစ်ချက်ကြည့်လိုက်သည်။ " သောက်ဦးမလား ? "
" မင်း ငါ့ကို ဒီနေရာခေါ်လာပြီး ဘာလုပ်စေချင်နေတာလဲ ? " ချီယန်က မော့အန်းယွီကို အေးစက်စွာ ပြန်ကြည့်လိုက်သည်။
မော့အန်းယွီ လှောင်ပြောင်လိုက်သည်။
" မင်းက တကယ်ပဲ မင်းကိုယ်မင်း နာမည်ကြီး star လို သဘောထားနေတာပဲ ၊ ငါက မင်းကို ငါနဲ့အတူ ကစားပြီး အနားယူဖို့ မင်းကို ဖိတ်ခေါ်ချင်ရုံတင်ပါ "
" ငါ ဘိလိယက် မကစားတတ်ဘူး " အဲဒီစကားလုံးတွေက ချီယန်အတွက် အသုံးမ၀င်ပေ။
မော့အန်းယွီက ဘောလုံးတစ်လုံးကို ကောက်ပြီး ချီယန်ဆီ ပစ်ပေးကာ ဒေါသလည်းမပါ ပျော်ရွှင်မှုလည်းမရှိတဲ့ လေသံနဲ့ ပြောလိုက်သည်။ " ဒီကိုလာပြီး ငါနဲ့အတူ တစ်ခွက်လောက် သောက်လှည့် ။ ငါ့ကို နောက်ထပ်တစ်ခါ ထပ်ပြောရအောင်မလုပ်နဲ့ "
ချီယန်က မော့အန်းယွီကို ကြည့်ကာ အံ့သြသွားပြီး ကြောက်လန့်လာသည်။သူ မော့အန်းယွီကိုထပ်ပြီး မောက်မာမပြရဲတော့ပေ။ချီယန် ရှေ့ကိုတိုးသွားလိုက်ပြီး ဝိုက်ခွက်ကိုယူကာ ဂရုတစိုက် သောက်လိုက်သည်။
" အကုန်လုံးသောက် " မော့အန်းယွီက ချီယန်ကို ပြုံးပြကာ ပြောလိုက်သည်။
ချီယန် ဝိုင်ခွက်ထဲမှာရှိတဲ့ ဝိုင်နီတွေအားလုံးကို သောက်ပစ်လိုက်သည်။သူ ဝိုင်သောက်ပြီးတဲ့နောက် ချီယန် သူ့ဒေါသတွေကို ချုပ်တည်းပြီး မေးလိုက်သည်။ " မင်း ငါ့ကို ဘာစောက်လုပ်တွေ လုပ်စေချင်နေတာလဲ ??? "
" ငါ မင်းကို အရင်တစ်ခါ ဆက်သွယ်တဲ့အချိန်တုန်းက မင်းရဲ့ပါးစပ်ကနေ အပုပ်နံ့ထွက်နေမှန်း ငါ သိလိုက်ရတယ်လေ ။ အဲဒါကြောင့် ငါ မင်းပါးစပ်ကို ဆေးကြောပစ်ချင်လို့ " မော့အန်းယွီ လှောင်ပြောင်သရော်လိုက်သည်။
ချီယန် အကူအညီမဲ့စွာနဲ့ပဲ ဆက်လက်သည်းမခံနိုင်တော့ပေ။
စုန့်ရှီလင်က ပေါ်ယွီအတွက် သူ့ကို အတိုက်အခံလုပ်တယ် ။ အခုတော့ ပေါ်ယွီ့အတွက်နဲ့ မော့အန်းယွီကပါ သူ့ကို အကူအညီမပေးဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့လေ ?
ပေါ်ယွီက သူ့ခန္ဓာကိုယ်ကို ရောင်းစားပြီး စုန့်ရှီလင်ကို မြှူဆွယ်ဖျားယောင်းနေတဲ့လူမျိုးသာသာပဲဟာကို ။ ဘာလို့ မော့အန်းယွီက ခဏခဏ သူ့ခေါင်းလာနင်းနေရတာလဲ ?
" မင်း ပေါ်ယွီအပေါ်ထွက်တဲ့ ဒေါသတွေကို ငါ့ဆီလာ ပေါက်ကွဲနေတာလား ? " ချီယန် ပြောလိုက်သည်။ " စုန့်ရှီလင်ကို မြှူဆွယ်ခဲ့တာသူပါ ။ ငါက ဘာလို့ သူ့ကို တစ်ခုခုလောက်တောင်မပြောနိုင်ရတာလဲ ? What the fuck ? "
မော့အန်းယွီက အရမ်းကို ဒေါသတွေထွက်လာပြီး ဟားတိုက်ရယ်မောကာ သူ့လက်ထဲမှာရှိတဲ့ ဖန်ခွက်ကို ရိုက်ခွဲချလိုက်ပြီး ဖန်ကွဲစနဲ့ ချီယန်ကို ချိန်ရွယ်လိုက်သည်။အဲဒီနောက် သူ မေးစေ့ကို မော့ကာ အရေးမစိုက်ဟန်နဲ့ ဆိုလိုက်သည်။ " မင်း နောက်ထပ် စကားတစ်လုံးထပ်ပြောရင် ငါ မင်းကို တံခါးကနေ အပြင်ကို ဘယ်တော့မှ လမ်းလျှောက်ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူး "
ချီယန်က နေရာမှာပဲရပ်နေရင်း တည်ငြိမ်တဲ့အသံနဲ့ ဖြေဖို့ ကြိုးစားလိုက်သည်။ " ဒါကြီးက ငါ့ကို ဒီနေရာမှာ လာပြောနေလို့ မင်းအတွက် အဓိပ္ပါယ်မရှိဘူးလေ ။ ပေါ်ယွီကလည်း မင်း သူ့ကို ကာကွယ်ပေးနေတာ သိမှာမဟုတ်ဘူး ။ သူ့ရှေ့မှာမှ မင်းက အလှလေးကို ကယ်တင်တဲ့ သူရဲကောင်းကြီးဖြစ်ရမှာလေ !!! "
မော့အန်းယွီက ဖန်ကွဲစကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး တည်ငြိမ်စွာ ပြောလာခဲ့သည်။
" ချီယန် , တကယ်လို့လေ စုန့်ရှီလင်ကသာ မင်းကို ဆက်ပြီးကာကွယ်မပေးတော့ရင် မင်းရဲ့ဘ၀ကြီးမှာ ဘာကိစ္စမဆို ဖြစ်လာနိုင်လောက်လား ? "
" အဲဒါက မင်းထက်တော့ သာပါသေးတယ် ။ မင်းကမှ မင်းချစ်တဲ့လူကို ငေးရုံပဲငေးကြည့်နေရပြီး သူကလည်း တခြားယောကျ်ားတစ်ယောက်နဲ့ ဆက်ဆံရေးတစ်ခုရှိနေတယ်လေ" ချီယန် ပြုံးပြလိုက်သည်။
မော့အန်းယွီက ချီယန်ကို စေ့စေ့ကြည့်ကာ ပြောလာခဲ့သည်။ " အခု စုန့်ရှီလင်က ပေါ်ယွီရဲ့ဘေးအိမ်က အိမ်နီးချင်းဖြစ်နေတယ်ပေါ့ ??? "
ချီယန် မှင်တက်သွားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ " ငါ ငါ့မျက်လုံးနဲ့ ဆက်ဆက် သူတို့ တစ်အိမ်တည်းမှာ နေနေတာကို မြင်ခဲ့တာ ။ မော့အန်းယွီ , မင်းက ငါ့ထက်တောင် ပိုပြီး စိတ်ဆင်းရဲရဦးမယ် !!! "
မော့အန်းယွီက ရုတ်ချည်း ဗြုန်းခနဲ ထရယ်လိုက်လေသည်။
.
.
.
.
.
.
Please vote and comment .❤❤❤