သုံးနာရီလောက် ရိုက်ကူးပြီးသွားချိန်မှာတော့ guest တွေရော အစီအစဉ်တင်ဆက်သူတွေရောဟာ သူတို့ အစတုန်းက ကစားခဲ့ကြတာနဲ့ယှဉ်ရင် အရမ်းမောပန်းသွားကြတာကြောင့် တက်တက်ကြွကြွ မကစားနိုင်ကြတော့ပေ။
ကျောင်းလီက တမင်တကာ ချောင်းဟန့်ပြီး ပြောလိုက်သည်။ " ဟုတ်ကဲ့ ၊ အခုလို တီဗွီရှေ့ကနေကြည့်ရှူပေးကြတဲ့ သူတွေရော တိုက်ရိုက်ကြည့်ရှူပေးကြတဲ့ သူတွေရောကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ။ ဒီနေ့တော့ ဒီလောက်ပါပဲ ။ ကျေးဇူးပြုပြီး ဒီအစီအစဉ်ကို စိတ်ပါ၀င်စားလို့ရှိရင် ကျွန်တော်တို့ရဲ့ တရား၀င် website ပေါ်မှာ တခြားအကြောင်းအရာများကို ထပ်မံကြည့်ရှူလို့ ရနိုင်ပါတယ် "
ချူရှောင်းရှောင်းက သူမရဲ့အသံကို မြှင့်တင်ကာ စပွန်ဆာကြော်ငြာတွေရဲ့နာမည်ကို အလေးပေးပြောပြီးနောက်မှာတော့ သူမ အပြုံးလေးတစ်ခုနဲ့အတူ ဆက်လက်ပြောဆိုလိုက်သည်။ " Break Up Challenge ! Challenge Your Type ! Yeah !!! "
" နောက်တစ်ကြိမ်မှာ ပြန်တွေ့ကြမယ် ! " အစီအစဉ်တင်ဆက်သူသုံးဦးဟာ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
ပေါ်ယွီက မှန်ရှေ့မှာထိုင်နေရင်း သူ့မိတ်ကပ်တွေကို ဖျက်နေသည်။ရန်ဖေး လမ်းလျှောက်၀က်လာတာကို သူမြင်တဲ့အခါ ပေါ်ယွီ ပြောလိုက်သည်။ " နောက်ကျနေပြီကို မင်း မပြန်ရသေးဘူးပဲ ? "
" အခုမှ ဆယ်နာရီပဲရှိပါသေးတယ် ။ ကျွန်တော်က အိမ်မှာဘာမှလုပ်စရာမရှိပါဘူး " ရန်ဖေးက နှုတ်ခမ်းမဲ့ကာ " ကျွန်တော်နဲ့အတူတူ ညစာစားမလား ? ကျွန်တော် ၀ယ်ကျွေးပါ့မယ် "
ပေါ်ယွီ သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး ရန်ဖေးကို တစ်ချက်ကြည့်လိုက်သည်။အဲဒီနောက် သူ သူတို့နောက်မှာရှိနေတဲ့ လင်းရီနဲ့ချူရှောင်းရှောင်းကို တွေ့သွားတဲ့အခါ ပေါ်ယွီ ချက်ချင်းပဲ ရန်ဖေးရဲ့ရည်ရွယ်ချက်ကို သဘောပေါက်လိုက်သည်။
လင်းရီရော ချူရှောင်းရှောင်းရောက ဒီ entertainment လောကမှာ ဝါရင့်စီနီယာတွေဖြစ်ကြသည်။ဒါ့ပြင် သူတို့က အချိန်တိုင်း idol တွေနဲ့ star တွေအမြောက်အများပါ၀င်တဲ့ ရသစုံရှိုးကို တင်ဆက်နေကြရတဲ့သူတွေဖြစ်တာကြောင့် သူတို့က လူတွေအများကြီးအများကြီးနဲ့ သိကျွမ်းကြသည်။ဒါကြောင့်ပဲ ရန်ဖေးက သူတို့တွေနဲ့ မိတ်ဆွေကောင်းတွေဖြစ်ချင်နေတာကို နားလည်လို့ရသည်။
" ငါ စားချင်ပါတယ် ၊ ဒါပေမယ့် မနက်ဖြန်ကျရင် ငါ audition တွေရော interview တွေရော အများကြီးလုပ်စရာရှိသေးလို့ ဒီနေ့တော့ အိမ်စောစောပြန်မှဖြစ်မယ် " ပေါ်ယွီ သမ်းဝေဖြေလိုက်သည်။
အဲဒါကို ကြားလိုက်ရတဲ့အခါ ရန်ဖေးက စိတ်ချမ်းသာသွားပြီး သူ့မျက်နှာပေါ်မှာ ကျေနပ်ပျော်ရွှင်တဲ့အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။သူက ပေါ်ယွီကို ညစာစားတဲ့နေရာမှာ မပါစေချင်ပေ။ဒါပေမယ့် ပေါ်ယွီက ဒီမှာရှိနေတာကြောင့် သူ့မှာ ပေါ်ယွီကို မဖိတ်လို့မရပေ။
ပေါ်ယွီက ရန်ဖေးရဲ့ရည်ရွယ်ချက်ကို သိပေမယ့်လည်း ရန်ဖေး ဖြစ်ချင်တဲ့ဆန္ဒတွေကို ထုတ်ဖော်ပြနေစရာမလိုဘူးလို့ သူ တွေးမိသည်။
လင်းရီက ရှေ့ကိုလျှောက်လာသည်။သူက အသက်သုံးဆယ်အရွယ် အမျိုးသားအစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်သည်။လင်းရီ သူက အမြဲတမ်း မျက်နှာပြုပြင်ထိန်းသိမ်းရေးကို အလေးထားအာရုံစိုက်ပြုလုပ်တာကြောင့် မိတ်ကပ်ဖျက်ပြီးတဲ့အချိန်မှာတောင် သူ့မျက်နှာက သူ့ရဲ့ရှိရင်းစွဲအသက်ကို မပြသချေ။ " ပေါ်ယွီ , ဒီည hotpot သွားစားကြရအောင်လေ ! "
ပေါ်ယွီ ခေါင်းယမ်းပြလိုက်သည်။ " ကျွန်တော် ပင်ပန်းနေပြီ ၊ အဲဒါကြောင့် ကျွန်တော် အိမ်ပြန်နားမှပဲရတော့မယ် "
ပေါ်ယွီနဲ့လင်းရီက သူတို့အချင်းချင်း သိလာကြတာ နှစ်အနည်းငယ်လောက်ရှိပြီဖြစ်သည်။ပြီးတော့ သူတို့နှစ်ယောက်ကြားမှာ သူငယ်ချင်းကောင်းဆက်ဆံရေးမျိုးလည်းရှိတာကြောင့် သူတို့က တစ်ယောက်နဲ့တစ်ယောက် ပေါ့ပေါ့ပါးပါး စကားပြောနေကြသည်။
လင်းရီက ပေါ်ယွီ ငြင်းဆန်လိုက်တာကို စိတ်မခုပါပေ။သူတို့တွေက သုံးနာရီလောက် ဆက်တိုက်ကြီး ဂိမ်းကစားခဲ့ကြရတာဖြစ်သည်။ဒါကြောင့် ပေါ်ယွီ ပင်ပန်းနေတယ်ဆိုတာကို နားလည်ပေးလို့ရသည်။ " အဲဒါဆိုလည်း ဟုတ်ပြီလေ ။ ငါ သူတို့နဲ့ပဲ သွားလိုက်တော့မယ်နော် ၊ ရန်ဖေး , သွားရအောင် ! "
ရန်ဖေးက ပေါ်ယွီကို ဘာကြောင့် လင်းရီနဲ့ရင်းနှီးနေသလဲဆိုတာ မေးမကြည့်ရသေးခင်မှာပဲ သူ မြန်မြန် မတ်တပ်ထရပ်ပြီး လင်းရီနဲ့အတူ ထွက်သွားလိုက်ရသည်။
ပေါ်ယွီ မိတ်ကပ်ဖျက်ပြီး ခြေလှမ်းနည်းနည်းလောက်ပဲ လှမ်းရသေးတဲ့အချိန်မှာ သူ့ရှေ့ကို လာရပ်ပြီး သူ့ကိုစိုက်ကြည့်နေတဲ့ ချီယန်ကို မြင်လိုက်ရသည်။ကြည့်ရတာ ချီယန်က သူ့ကို စောင့်နေတဲ့ပုံပဲ။
ပေါ်ယွီက ရှေ့ကိုဆက်လျှောက်သွားပြီး မေးလိုက်သည်။ " ဘာကိစ္စရှိလို့လဲ ? "
" ဒီည မင်း ကိုယ့်ကိုကိုယ် အရမ်းကျေနပ်အားရနေတယ်ပေါ့ ၊ ဟုတ်တယ်မလား ? " ချီယန်က သူ့ဒေါသတွေကို ချုပ်တည်းရင်း ပေါ်ယွီကို အေးစက်စွာ ဆိုလိုက်သည်။
ပေါ်ယွီ မှင်တက်သွားပြီးနောက် ဒေါသထွက်လာတော့သည်။
ပေါ်ယွီ သူ ထပ်ကာထပ်ကာ အကြိမ်အကြိမ် အလျှော့ပေးခဲ့ပါတယ် ။ ဒါပေမယ့် ချီယန်က သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း မနေနိုင်ဘဲ သူ့ကိုလာပြီး ခဏခဏ အကြိမ်ပေါင်းများစွာ ရန်စနေတယ် ။
" ဒါပေါ့ " ပေါ်ယွီ အိတ်ကပ်ထဲကနေ စီးကရက်တစ်လိပ်ကို ဆွဲထုတ်လိုက်ပြီး မီးမညှိဘဲ နှုတ်ခမ်းမှာ ညှပ်လိုက်သည်။ " ငါက တကယ့်ကိုပဲ ငါကိုယ့်ငါ အမြင့်တက်နိုင်ဖို့အတွက် တခြားလူတွေအပေါ် နင်းချေရတာ သဘောကျတယ်လေ "
" ဟား ! ပေါ်ယွီ မင်းက ငါ စွန့်ပစ်ထားတဲ့အရာကို ကောက်သုံးနိုင်တာပဲ ! " ချီယန်က လှောင်ပြောင်ခနဲ့လိုက်သည်။
ပေါ်ယွီလည်း လှောင်ပြောင်ရယ်မောလိုက်ပြီး ရှေ့ကိုတိုးသွားကာ ချီယန်ရဲ့ပုခုံးပေါ် သူ့လက်မောင်းကို တင်လိုက်သည်။အဲဒီနောက် သူ ချီယန်ရဲ့နား,နားကို ကပ်သွားကာ တစ်လုံးချင်း ဖိပြောလိုက်သည်။ " စုန့်ရှီလင်ဆိုတဲ့လူနဲ့ ပထမဆုံးအကြိမ် အတူတူ အိပ်ခဲ့တာ ငါပါ ။ အဲဒီတော့ မင်းကသာ ငါ စွန့်ပစ်ပြီးသားပစ္စည်းကို ကောက်ထားတဲ့လူပဲ "
တစ်ယောက်ယောက်က သူ့ကို ရေအေးတွေနဲ့ကောက်ပက်လိုက်သလိုမျိုး ချီယန် ဒေါသတွေထွက်ကာ တဆတ်ဆတ် တုန်ယင်လာသည်။မမျှော်လင့်ဘဲ ပေါ်ယွီက သူ့ကို ဒီလိုအော်ဂလီဆန်စရာစကားမျိုးတွေ ပြောတယ်ပေါ့ !!!
" စကားမစပ် , ငါ အရင်တစ်ခေါက်တုန်းက မင်းကိုပြောပြဖို့ မေ့သွားတယ် ။ အဲဒီညတုန်းကလေ ငါ့ရဲ့ဖြေဆေးလေးက စုန့်ရှီလင်ဖြစ်ခဲ့တာ " ပေါ်ယွီက ဒေါသကြောင့် ဘာမှမမြင်နိုင်တော့ပေ။သူ လှောင်ပြောင်ပြီး တုန့်ပြန်ပြောဆိုလိုက်သည်။ " အဲဒါက အရမ်းးးးးးကို ဆန်းကြယ်တာပဲနော် ! "
" ဘာပဲဖြစ်ဖြစ် မင်းရဲ့လူကို ခဏငှားပေးလို့ ကျေးဇူးပဲ " ပေါ်ယွီက ချီယန်ရဲ့ပုခုံးကို ပုတ်ပြီး လှည့်ထွက်သွားလိုက်သည်။
အဲဒါကို ကြားလိုက်ရတဲ့အခါ ချီယန် သူ့ဒူးတွေအားနည်းလာပြီး ကြမ်းပြင်ပေါ်မှာ ငုတ်တုတ်ထိုင်ချလိုက်မိသည်။
မုန်းစရာပဲ , အရမ်းမုန်းစရာကောင်းလိုက်တာ !!!
စုန့်ရှီလင်က သူ့ကို လှည့်စားပြီး ပေါ်ယွီနဲ့အတူတူ အိပ်ခဲ့တယ်ပေါ့ ?
သူ ဘယ်လိုလုပ် ဒီလိုစိတ်ပျက်စရာကိစ္စကြီးကို လုပ်ရဲရတာလဲ ?
သေစမ်း !!!
သူတို့တွေအကုန်လုံး သေသင့်တယ် !!!
ပထမစက္ကန့်မှာတော့ သူ့ရဲ့အချစ်ပြိုင်ဘက်ကြီးကို တိုက်ခိုက်ခဲ့ရလို့ ပေါ်ယွီက ရဲရင့်ရွှင်မြူးနေသည်။ဒါပေမယ့် ဒုတိယမြောက်စက္ကန့်လည်းရောက်ရော အခန်းထောင့်လေးမှာ ပေါ်ယွီ ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်မိပြီး နောင်တရစွာနဲ့ သူ့ဆံပင်တွေကို ဆွဲဆုပ်လိုက်သည်။
စကားပုံရှိတယ်မလား။ ' ကလေးမွေးပြီးလို့ သုံးနှစ်ကြာရင် အဲဒီမိန်းမက ရူးသွပ်သွားလိမ့်မယ် ' တဲ့။သူလည်း အဲဒီမိန်းမတစ်ယောက်လိုမျိုး ကလေးမွေးပြီးတာ သုံးနှစ်ကြာလို့ ရူးသွားတာလား ?
တကယ်လို့ အဲဒီလိုသာမဟုတ်ရင် ရှေ့နောက် မစဉ်းစားဘဲနဲ့ အဲဒီစကားလုံးတွေကို သူ့ပါးစပ်ကနေ လွှတ်ခနဲထွက်လာစရာ အကြောင်းမရှိဘူး။
တခြားလူရဲ့ထောင်ခြောက်ကြောင့် စိတ်ကြွဆေးမိသွားတယ်ဆိုတာကကို သူ့အတွက် တော်တော်လေး သိက္ခာကျစရာကောင်းနေပြီ။ဒါပေမယ့် သူက လုံလုံလောက်လောက်ကို အရူးထပြီး သူ တစ်ညလုံး အိပ်ရာပေါ်မှာ စုန့်ရှီလင်ဖိထားတာခံခဲ့ရတဲ့အကြောင်းကို တခြားလူတွေဆီ သွားပြောလိုက်သေးတယ်။
ဘယ်လိုတောင် ရှက်စရာကောင်းတာလဲ !!!!!
ပေါ်ယွီ ခါးသီးမှုတွေနဲ့အတူ လက်နဲ့အပြည့်ဆံပင်တွေကို ဆွဲဆုပ်ထားပြီး ဦးရေပြားတွေ စပ်ဖျဉ်းဖျဉ်းဖြစ်လာခါမှ သူ့ဆံပင်တွေကို လွှတ်လိုက်သည်။သူ ခဏလောက် တောင့်တင်းနေပြီး မတ်တပ်ထရပ်လိုက်ကာ အေးတိအေးစက်မျက်နှာနဲ့ ဓါတ်လှေကားဆီ လမ်းလျှောက်သွားလိုက်သည်။အဲဒီနောက် ပေါ်ယွီ မြေအောက်ကားပါကင်ဆီကို တိုက်ရိုက်တန်းဆင်းသွားလိုက်တော့သည်။
Break Up Chllenge ရဲ့ ရိုက်ကူးရေး၀င်ပေါက်ဂိတ်မှာ ပေါ်ယွီကို နီးနီးကပ်ကပ် တွေ့ခွင့်ရဖို့အတွက် စောင့်နေကြတဲ့ ပရိသတ်တွေ အများကြီးရှိသည်။ဒါကြောင့် ပေါ်ယွီက ဉာဉ့်နက်သန်းခေါင်ကြီးမှာ မလိုအပ်ဘဲ အုတ်အော်သောင်းတင်းဖြစ်မယ့်ကိစ္စတွေကို ရှောင်ရှားဖို့အတွက် အရှေ့၀င်ပေါက်ကနေ မဖြတ်တော့ဘဲ ဓါတ်လှေကားနဲ့ မြေအောက်ကားပါကင်ဆီ တန်းသွားဖို့ ဆုံးဖြတ်လိုက်သည်။
ရှောင်ကျန်းက ကားတံခါးနားမှာ စိုးရိမ်နေတဲ့မျက်နှာအမူအရာနဲ့ အချိန်အကြာကြီး မသက်မသာ ရပ်စောင့်နေသည်။သူက ပေါ်ယွီ ရောက်လာတာကို မြင်,မြင်ချင်းမှာပဲ ရှောင်းကျန်း စိတ်သက်သာရာရစွာနဲ့ သိသိသာသာ သက်ပြင်းတစ်ချက်ချကာ ရှေ့ကိုမြန်မြန် လျှောက်သွားပြီး ခေါ်လိုက်သည်။ " ပေါ်ကော "
ပေါ်ယွီ လက်ယမ်းပြပြီး ကားနောက်ခုံမှာ ၀င်ထိုင်လိုက်သည်။ " အရှေ့၀င်ပေါက်မှာ ပရိသတ်တွေအများကြီးပဲ ။ အဲဒါကြောင့် ငါ နောက်တံခါးကနေ ဖြတ်လာခဲ့တာ ။ မြန်မြန်မောင်းတော့ , ငါ ပင်ပန်းနေပြီ "
ရှောင်လီက ခေါင်းငြိမ့်လိုက်ပြီး လီဗာကို ဖိနင်းကာ လျင်မြန်စွာ မောင်းထွက်သွားလိုက်သည်။
ပေါ်ယွီက သူတို့အလုပ်လုပ်ပေးရတဲ့ ပထမဆုံး star တစ်ယောက်မဟုတ်ပေမယ့် သူတို့ အလုပ်လုပ်ပေးခဲ့ရတဲ့အထဲမှာ အထူးဆန်းဆုံးတစ်ယောက်ပဲဖြစ်သည်။
မိနစ်နှစ်ဆယ်ကြာပြီးတဲ့နောက် သူတို့ ပေါ်ယွီရဲ့ အိမ်ရာ၀င်ပေါက်ဂိတ်ကို ရောက်ရှိလာကြသည်။ရှောင်ကျန်းနဲ့ရှောင်လီက ကားထဲမှာထိုင်နေရင်း တဖြည်းဖြည်းမှေးမှိန်သွားတဲ့ ပေါ်ယွီရဲ့ပုံရိပ်ကို ဖျက်ကနဲ ကြည့်လိုက်သည်။
ရှောင်ကျန်း သက်ပြင်းချလိုက်သည်။ " ငါ ရုတ်တရက်ကြီး သံသယ၀င်လာမိတယ် ။ ပေါ်ယွီက သူ့ရဲ့ရွှေရောင်စံအိမ်ကြီးထဲမှာ တိတ်တိတ်ပုန်းမယားလေးနဲ့ နေ,နေတာများလား ? "
ရှောင်လီက ခေါင်းလည်းမငြိမ့်သလို ခေါင်းလည်းမခါပေ။သူက ရှောင်ကျန်းရဲ့ကျောကို ပုတ်ပေးလိုက်ပြီး မပြတ်မသား ဆိုလိုက်သည်။ " ဟုတ်ပြီ , လျှောက်ပြီး ခန့်မှန်းနေတာတွေ တော်တော့ ၊ သူက သူ့အိမ်ကို တခြားလူတွေ လာမလည်စေချင်တာလည်း ဖြစ်နိုင်တာပဲ "
ရှောင်ကျန်း သက်ပြင်းချကာ ကားပြတင်းပေါက်ကနေပြီး အိမ်ရာ၀င်း၀က်ပေါက်ကို ကြည့်လိုက်သည်။ဝါး ! ဒီနေရာက အရမ်းချမ်းသာတာပဲ ။ တကယ်လို့ ငါလည်း နောင်တစ်ချိန် ပိုက်ဆံတွေရှိလာရင် ဒီနေရာမှာ အိမ်တစ်လုံးလောက်တော့ ၀ယ်ရမယ် ။
_____________
တစ်ချိန်တည်းမှာပဲ
[ WTF !!! ငါတော့
[ ငါ နောက်တစ်ပတ်မှာလာမယ့် ဇာတ်သိမ်းပိုင်းကို စောင့်မျှော်နေတယ် ။ သူတို့နှစ်ယောက်ကြားမှာရှိတဲ့ အချစ်နဲ့ပဋိပက္ခက ပိုပိုပြီး ပြင်းထန်လာပြီ ။ ကြည့်ရတာ သူတို့ရဲ့ ပျော်ရွှင်စရာဘ၀ကြီးက ကိစ္စတုံးတော့မယ်ထင်ပါတယ် ]
[ နှိပ်စက်ကလူပြုရတာကို သဘောကျတဲ့ ဒီကောင်လေးက ရှေးခေတ်ဇာတ်လမ်းတွဲတွေကို ချစ်တယ်နော် ။ အလုပ်ဆင်းရင် အိမ်မပြန်နဲ့နော် , ဇာတ်ညွှန်းရေးဆရာရေ !!! ငါ့မှာ မင်းအတွက် ဓါးတစ်ချောင်းရှိတယ် !!! ]
စစ်သူကြီးလေးရဲ့တမင်သက်သက် ရှောင်ဖယ်မှုရယ် ၊ ဂိုဏ်းချုပ်ရဲ့ သံသယတွေရယ် ၊ ဘယ်လက်ရုံးနဲ့ ညာလက်ရုံး အကြီးအကဲတို့ရဲ့ လှုံ့ဆော်မှုရယ်နဲ့ ဧကရာဇ်ရဲ့ဖိအားတွေက တစ်ဆင့်ခြင်း ဖြစ်ပေါ်လာသည်။အမှန်တရားဟာ တဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့သည်။
ဇာတ်ကြောင်း တိုးတက်လာပြီး ဇာတ်ကောင်တွေက အရမ်းကြောက်ဖို့ကောင်းလာကြောင့် ဇာတ်လမ်းအသွားအလာက အရမ်းအရမ်းကို စိတ်လှုပ်ရှားစရာကောင်းနေသည်။
Break Up Challenge ကို ညဆယ်နာရီအချိန်မှာ ထုတ်လွှင့်ပြသတာကြောင့် ပရိသတ်တွေဟာ
ရင်းနှီးနေတဲ့ သီချင်းတီးလုံးသံက ထွက်ပေါ်နေပြီး အမြဲတမ်း အသစ်အဆန်းတွေ ပြောင်းလဲနေတတ်တဲ့ စင်မြင့်က စတင်ပွင့်လာကာ စင်မြင့်ရဲ့အလယ်မှာတော့ အစီအစဉ်တက်ဆက်သူသုံးဦးက ရပ်နေကြသည်။
" အားလုံးပဲ မင်္ဂလာပါ ၊ ကျွန်တော်တို့က Break Up အဖွဲ့သားတွေပါ "
" ကျွန်တော်ကတော့ Break Up ရဲ့ သူရဲကောင်းကြီး လင်းရီပါ "
" ကျွန်မကတော့ Mrs.Challeng ချူရှောင်းရှောင်းပါ "
" ကျွန်တော်ကတော့ ကူညီသူလေး ကျောင်းလီပါ "
_____________
[ အရမ်းချောတဲ့ ယောကျ်ားတွေ !!! အား ! အား ! အား ! ပေါ်ယွီက အရမ်းကို ချောမောနေပြီး အရသာရှိမယ်ပုံပဲ ]
[ WTF ! ရန်ဖေးက သယ်နေရာကနေ ထွက်လာတာလဲ ? ဒင်းက ငါ့ယန်ယန် ပြောရမယ့်စကားတွေကိုတောင် ခိုးလိုက်သေးတယ် ! ယန်ယန်ရေ , မငိုနဲ့နော် ငါက မင်းကို အရမ်းချစ်တယ် ! ]
[ ပေါ် ! ယွီ ! မင်းက အရမ်းကို ချသ်စရာကောင်းတာပဲ ။ ခြေတံရှည်တွေနဲ့ ချစ်ရတဲ့ အစ်ကိုကြီးရေ , ငါလေး မင်းနဲ့အတူတူ ကလေးလေးတွေ လိုချင်တယ် ]
[ အစီအစဉ်တင်ဆက်သူတွေက မျက်စိမမြင်ကြတာလား ? သူတို့က ငါ့ရဲ့ယန်ယန်ကို ဘာကိစ္စ လျစ်လျူရှူထားကြတာလဲ ? ယန်ယန်က အမျိုးသားဇာတ်လိုက်လေ ။ ပေါ်ယွီက ဘာမို့လို့လဲ ? သူက web series တွေမှာ သရုပ်ဆောင်ရတဲ့ လူပြက်သာသာပဲဟာ ! သူမှာ ယန်ယန်နေရာကို ခိုးဖို့ အရည်အချင်းမရှိဘူး ! ... ]
[ ငါ့အပေါ်က comment ရေးသွားတဲ့လူရေ , ပါးစပ်ပိတ်ထားလိုက်စမ်း ! ရသစုံရှိုးတွေက ကိုယ်ရည်ကိုယ်သွေးကို စမ်းသပ်ဖို့ အကောင်းဆုံးပဲ ။ ချီယန့်ကိုကြည့်ရတာမှ ဗီလိန်ကျနေရော ၊ ပေါ်ယွီက တကယ့်ကို ထက်မြက်လိုက်တာ !!! ]
မကြာခင်မှာပဲ ပေါ်ယွီနဲ့ချီယန်ရဲ့ ပရိသတ်တွေက Break Up Challenge ထုတ်လွှင့်နေချိန်မှာပဲ ချက်ချင်း ငြင်းခုံကြတော့သည်။သူတို့ရဲ့ hater တွေကတော့ အဲဒီအချိန်အတွင်းမှာ ပြသာနာရှာကြပြီး ပရိသတ်တွေကြားမှာ ပွဲဖျက်နှောင့်ယှက်နေကြသည်။
ဒါပေမယ့်လည်း Break Up Challenge က ကြည့်ရှုနှုန်းတွေ မြင့်သထက်မြင့်လာခဲ့သည်။Break Up Challenge က ဒီတစ်ပတ်ရဲ့ ရသစုံရှိုးစာရင်းမှာ ကြည့်ရှူနှုန်း နံပါတ်တစ်နေရာကို ဖြည်းဖြည်းချင်း သိမ်းပိုက်နိုင်ခဲ့သည်။
ပြီးတော့ ပေါ်ယွီနဲ့ချီယန်က သူတို့ရဲ့ပရိသတ်တွေဟာ တခြားပရိသတ်တွေနဲ့ ငြင်းခုံနေကြတာကို မသိတာကြောင့် သူတို့ရဲ့ တရား၀င် Weibo acc တွေမှာ ဘာစာမှမတင်မိကြပေ။
ဒီငြင်းခုံပွဲကြောင့် ရန်ဖေးရဲ့တည်ရှိမှုဟာ မှေးမှိန်သွားရသည်။အရင်က ရန်ဖေးဟာ ချီယန်ကို အပြစ်ပြုမိမှာ ဂရုမစိုက်ဘဲ စင်မြင့်ပေါ်မှာ စာသားတွေကို ခိုးယူခဲ့သည်။ဒါပေမယ့် အခုချိန်မှာတော့ သူဟာ ဒီ့ထက်ပိုပြီး ပရိသတ်တွေဆီကနေ အာရုံစိုက်မှုကို မရရှိတော့ပေ။
ပရိသတ်တွေကြားက ငြင်းခုံမှုကနေတစ်ဆင့်
အိမ်မှာရှိနေတဲ့ ဒါရိုက်တာ၀မ်က အရမ်းကို စိတ်လှုပ်ရှားနေလေသည်။
ဘယ်သူ့ရဲ့သရုပ်ဆောင်အရည်အချင်းက ပိုကောင်းတယ်ဆိုတာကို နှိုင်းယှဉ်ဖို့အတွက် web series ထဲမှာပါတဲ့ ကျူတာဆရာငယ်လေး ကျယ်ဟွားနေရာကနေ ချီယန် သရုပ်ဆောင်ထားတဲ့ အပိုင်းတွေနဲ့ စက်မှုသိပ္ပံပညာရှင်လေး ကျီရှူနေရာကနေ ပေါ်ယွီ သရုပ်ဆောင်ထားတဲ့ အပိုင်းတွေကို နှစ်ဖက်ပရိသတ်တွေက သီးသန့်အထူးတလည် ပိုင်းဖြတ်ယူလာလိုက်ကြသည်။
[ ချီယန်က သရုပ်ဆောင်ကောင်းပါတယ် ၊ ဒါပေမယ့် သူက ပေါ်ယွီနဲ့အတူ သရုပ်ဆောင်တဲ့အချိန်ကျတော့ သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေက ကသိကအောက်ဖြစ်နေတယ်နော် ]
[ ချီယန်က အပေါ်ယံသာမာန်လောက်ပဲ သရုပ်ဆောင်တာမဟုတ်ဘူး ။ ပေါ်ယွီကသာ အပိုတွေလုပ်နေတာ ။ ပေါ်ယွီ သူ ဆယ်နှစ်နီးပါးလောက် စင်မြင့်ပေါ်မှာ ဘယ်လိုနေခဲ့သလဲဆိုတာ စိတ်ကူးကြည့်လို့တောင်မရဘူး။သူက ချီယန်နဲ့ ဘာဆိုဘာမှ မယှဉ်နိုင်တာပဲ ။
စာကြွင်း ; ပေါ်ယွီက သရုပ်ဆောင်တဲ့နေရာမှာ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ လိုအပ်သေးတယ်လို့ ငါ ထင်မိတယ် ]
[ အစတုန်းကတည်းက ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖို့ကို ယန်ယန် မရွေးလိုက်သင့်ဘူး ။ ဒုတိယမြောက်နဲ့ တတိယမြောက်သရုပ်ဆောင်တွေက သူတို့ကိုယ်သူတို့ ကြော်ငြာဖို့ ယန်ယန်ကို အသုံးချသွားကြတယ် ။ သူတို့က ယန်ယန်အတွက် ပြသာနာတွေပဲ ။ အဲဒီတော့ အခုချိန်ကစပြီး ငါက ပေါ်ယွီရဲ့ hater ဖြစ်ပြီကွ !!! ]
ဖရဲသီးလေးက အပတ်စဉ်တိုင်း သူ စားခွင့်ရှိတဲ့ ချောကလက်ရေခဲမုန့်ခွက်လေးကို ကိုင်ကာ ဂရုတစိုက် လျှာလေးနဲ့လျက်ရင်း တီဗွီကို မျက်တောင်မခတ်တမ်း ကြည့်နေသည်။
အ၀တ်အစားလဲပြီးနောက် ပေါ်ယွီ အပြင်ထွက်လာတဲ့အခါ သူ ပါ၀င်ထားတဲ့ Break Up Challenge ကို ကြည့်နေတဲ့ ဖရဲသီးလေးကို မြင်လိုက်ရသည်။ရုတ်တရက် ပေါ်ယွီရဲ့မျက်နှာက အနီရောင်သမ်းသွားသည်။သူ ရှေ့ကို တိုးသွားပြီး မေးလိုက်သည်။
" ဖရဲသီးလေး , မင်းပါးပါးက တီဗွီပေါ်မှာ မချောဘူးလား ? "
ဖရဲသီးလေးက တီဗွီထဲကပေါ်ယွီကို တစ်ချက်ကြည့်ကာ ဘေးမှာရှိတဲ့ပေါ်ယွီကို နောက်တစ်ကြိမ် ပြန်ကြည့်လာသည်။ပြီးတော့ သူ အလေးအနက် ဖြေလိုက်သည်။
" ချောတယ် ! "
" အခု ငါ အိမ်ကထွက်သွားတဲ့အချိန်တွေမှာ ဘာတွေလုပ်ခဲ့လဲဆိုတာ မင်း သိပြီမလား ? " ပေါ်ယွီက ခွက်လေးထဲမှာ ရေခဲမုန့်တစ်၀က်လောက်ကျန်သေးတာကို တွေ့တဲ့အခါ သူ ဖရဲသီးလေးနားကို ကပ်သွားလိုက်ပြီး သူ့ပါးစပ်ကိုဟကာ ပြောလိုက်သည်။ " ပါးပါးလည်း စားချင်တယ် "
ဖရဲသီးလေးက ၀မ်းနည်းသွားတဲ့မျက်နှာလေးနဲ့အတူ ရေခဲမုန့်တစ်ဇွန်းခပ်ကာ ပေါ်ယွီရဲ့ပါးစပ်ထဲကို ဖြည်းဖြည်းချင်း ထည့်ပေးလိုက်သည်။ " ပါးပါး , ဟိုဘက်အခန်းမှာနေတဲ့ သော်သော်တို့ အိမ်ပြောင်းသွားကြပြီ "
" ငါ သိတယ် " ပေါ်ယွီက လက်ဖက်ရည်စားပွဲပေါ်ကနေ လိမ္မော်သီးတစ်လုံးကိုယူကာ အခွံခွှာလိုက်သည်။ " မနေ့က ပိုင်ရှင်အသစ်ပြောင်းလာတယ်လို့ ကြားမိတယ် ။ နောက်ကျမှပဲ မိတ်ဆွေဖွဲ့ဖို့ သူ့ဆီ သွားလည်ရမယ် "
ဖရဲသီးလေးက ခေါင်းငြိမ့်ပြလိုက်ပြီး ရေခဲမုန့်တွေအားလုံးကို မြန်မြန်ကုန်အောင်စားပစ်လိုက်သည်။အဲဒီနောက် ပေါ်ယွီက ဖရဲသီးလေးကို ရေချိုးခန်းထဲမှာ လက်သွားဆေးခိုင်းလိုက်ပြီး ဖရဲသီးလေးက cream လေးလို နူးညံ့ချိုသာတဲ့အသံလေးနဲ့ ပြောလာခဲ့သည်။ " ပါးပါး , ဟိုဘက်အခန်းကို သွားလည်ကြရအောင်လေ "
ပုံမှန်အားဖြင့် ဒီအိမ်ရာ၀င်းထဲက ပိုင်ရှင်တွေဟာ ချမ်းသာရင်ချမ်းသာ မဟုတ်ရင် အာဏာပါဝါရှိကြသည်။သူက star တစ်ယောက်ဖြစ်နေရင်တောင်မှ သူတို့တွေက သူ့ကို စိတ်အားထက်ထက်သန်သန်နဲ့ နှုတ်ဆက်ကြမှာမဟုတ်ပေ။
' အိမ်နီးချင်းကောင်းတစ်ယောက်ဟာ အဝေးက ညီအစ်ကိုတစ်ယောက်ထက် ပိုကောင်းတယ် ' ဆိုတဲ့ဆိုရိုးရှိသည်။ဒါကြောင့် အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့က အလွန်အရေးကြီးသည်။
ဒါပေမယ့် ပေါ်ယွီ သူ့အိမ်နီးချင်းရဲ့အခန်းတံခါးကို ခေါက်လိုက်တဲ့အချိန်မှာတော့ သူ သူ့ရဲ့အိမ်နီးချင်းအသစ်ကိုမြင်ပြီး မှင်တက်သွားရသည်။
ဖရဲသီးလေးက မျက်လုံးလေးတွေကွေးတက်သွားတဲ့အထိ ရယ်ပြလိုက်သည်။ " ဟယ်လို , စုန့်ဦးဦး "
စုန့်ရှီလင် , " .... "
ပေါ်ယွီ , " .... "
______
This author has something to say .
မစ္စတာရှဉ့်က သူ့ရဲ့စားစရာတွေအားလုံးကို ထင်းရှူးပင်လေးကို တွန်းပို့ပေးလိုက်သည်။သူ့ရဲ့အမွှေးလေးတွေနဲ့မျက်နှာပေါ်က အမူအရာကတော့ မရှင်းလင်းပေ။ " ဒါက ငါ့ရဲ့သတို့သမီးတင်တောင်းတဲ့ ပစ္စည်းတွေပဲ၊ ကျေးဇူးပြုပြီး စစ်ကြည့်လိုက်ပါဦး ။
ထင်းရှူးပင်လေး , " .... " |
.
.
.
.
.
.
မှတ်မိမလားတော့မသိပေမယ့် ထင်းရှူးပင်လေးဆိုတာက ပေါ်ယွီရဲ့ personal weibo acc name ပါ အဲ့ဒါဆို မစ္စတာရှဉ့်ဆိုတာက ....