ကုမ္ပဏီကနေ ပေါ်ယွီကို ပေးထားတဲ့ လက်ထောက်ရှောင်ကျန်းက ရှေ့ကိုလျှောက်လာသည်။သူက အလိုက်တသိနဲ့ ပေါ်ယွီအတွက် တံခါးဖွင့်ပေးလိုက်ပြီး သူ ပြောလိုက်သည်။ " ဟယ်လို , ပေါ်ကော "
Driver ဖြစ်တဲ့ ရှောင်လီက ပေါ်ယွီ ကားထဲ၀င်လာပြီးတာကို မြင်တဲ့အခါ လီဗာကို နင်းလိုက်ပြီး ဖြည်းဖြည်းမှန်မှန် ကားမောင်းလိုက်သည်။
ကုမ္ပဏီကနေ သူ့အတွက်ပေးတဲ့ ဒီလက်ထောက်ကောင်လေးနှစ်ယောက်နဲ့ပတ်သတ်ပြီး ပေါ်ယွီ အလွန်စိတ်ကျေနပ်နေသည်။သူက ယောကျ်ားလေးကိုသဘောကျတဲ့ ယောကျ်ားလေးတစ်ယောက်ဖြစ်သည်။တကယ်လို့ သူ့ဘေးပတ်၀န်းကျင်က လူတွေအားလုံးကသာ ချောချောမောမော ကောင်လေးတွေဖြစ်နေမယ်ဆိုရင် သူဟာ အလုပ်အပေါ်မှာထားတဲ့ စိတ်အားထက်သန်တက်ကြွမှုကို တိုးတက်စေရုံသာမက စိတ်ချမ်းချမ်းသာသာ အဆင်ပြေပြေနဲ့ပါ နေထိုင်နိုင်ဦးမှာဖြစ်သည်။
အထူးသဖြင့် ရှောင်ကျန်းနဲ့ရှောင်လီတို့က သွက်သွက်လက်လက်လေးတွေ ဖြစ်ရုံသာမကဘဲ အရမ်းလည်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်သေးသည်။သူတို့က လိုအပ်မလာခင်အချိန်ထိ ပေါ်ယွီရဲ့အနားယူချိန်ကို အနှောင့်အယှက်ဖြစ်အောင် သူတို့ရဲ့ပါးစပ်ကို ဘယ်တော့မှ မဖွင့်ကြပေ။
" မနက်ဖြန် အချိန်ဇယားကဘာလဲ ? " ပေါ်ယွီက ထိုင်ခုံပေါ်မှာ မှီနေပြီး ပြန်လည်လန်းဆန်းလာအောင် အနားယူတဲ့အနေနဲ့ သူ့မျက်လုံးတွေကို မှိတ်ထားသည်။
ရှောင်ကျန်းက အချိန်ဇယားကို ဖွင့်ကြည့်ပြီး လျင်မြန်စွာ ဖြေလိုက်သည်။ " Break Up Challenge ရဲ့ နောက်ဆုံးရှိုးပွဲကို ရိုက်ကူးစရာရှိပါတယ် ။ ကျွန်တော်တို့ နေလယ်ခင်းမှာ သုံးနာရီလောက် အစမ်းလေ့ကျင့်ဖို့လိုပြီး အစီအစဉ်တင်ဆက်သူတွေရယ် ဇာတ်ညွှန်းရယ်နဲ့ ရင်းနှီးလာအောင်လုပ်ရမယ် "
Break Up Challenge ဆိုတာက တရုတ်နိုင်ငံမှာ နာမည်အကြီးဆုံး ရသစုံရှိုးတစ်ခုဖြစ်ပြီး အစီအစဉ်တင်ဆက်သူသုံးဦးရှိသည်။ပရိုဂရမ်တစ်ခုချင်းစီမှာ နာမည်ကြီး idol တွေနဲ့ star တော်တော်များများကို ဂိမ်းကစားဖို့နဲ့ သူတို့ရဲ့အလုပ်တွေကို ကြော်ငြာဖို့အတွက် ဖိတ်ခေါ်ကြသည်။အဲဒီလိုနည်းလမ်းနဲ့ပဲ star တွေက ပါ၀င်ကြသည်။
ပေါ်ယွီက သူ့ရဲ့ ရဲရဲနီနေတဲ့မျက်လုံးတွေကို ဖွင့်လိုက်သည်။ဒီနေ့ ပေါ်ယွီ သူ နာမည်ကြီးဒါရိုက်တာတစ်ယောက်ရိုက်ကူးမယ့် ရှေးဟောင်းပြဇာတ်တစ်ပုဒ်ကို အခြေခံထားတဲ့ ရှေးခေတ် costume တီဗွီဇာတ်လမ်းတွဲတသ်ခုမှာ အမျိုးသားဇာတ်လိုက်နေရာအတွက် audition ဖြေခဲ့သည်။ဇာတ်လိုက်အမျိုးသားကတော့ အင်အားကြီးနိုင်ငံတစ်ခုရဲ့ ထူးချွန်ထက်မြက်ပြီး ရည်မှန်းချက်ကြီးမားတဲ့ မင်းသားတစ်ပါးဖြစ်သည်။
ဒီဇာတ်လမ်းတွဲဟာ အပိုင်းပေါင်းခြောက်ဆယ် ခြောက်ဆယ့်ငါးပိုင်းလောက် ပါ၀င်မှာဖြစ်သည်။ရိုက်ကူးနေစဉ်အတွင်းမှာပဲ သရုပ်ဆောင်မင်းသားမင်းသမီးတွေရဲ့ပုံပန်းသဏ္ဍာန်က ပြောင်းလဲလာရုံသာမက ဇာတ်ကောင်တွေအပေါ်ထားတဲ့ သူတို့ရဲ့နားလည်နိုင်စွမ်းကလည်း ပြောင်းလဲလာမှာဖြစ်သည်။ဒါကြောင့် ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင် အလွန့်အလွန်မြင့်မားတဲ့ သရုပ်ဆောင်စွမ်းရည်ရှိနေဖို့ လိုအပ်သည်။
ပေါ်ယွီက သူ ဒီနေ့ audition မှာ တင်ဆက်ခဲ့တာနဲ့ပတ်သတ်ပြီး အနည်းငယ် စိုးရိမ်မိသည်။
ဒီနေ့ သူ audition ဖြေတုန်းက တွေ့ဆုံခဲ့တဲ့ superstar တွေနဲ့ယှဉ်ရင် သူ့ရဲ့သရုပ်ဆောင်အရည်အချင်းက သူတို့တွေနဲ့ ယှဉ်နိုင်ပေမယ့်လည်း နည်းနည်းတော့ အတွေ့အကြုံမရှိဟန်ပေါ်နေသည်။
သူ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်နိုင်ဖို့ အခွင့်အရေးနည်းပါးမှန်း ပေါ်ယွီ ရေးရေးမျှ ခံစားမိသည်။ဒါပေမယ့် သူ ဒီဇာတ်ကောင်နေရာကို အရမ်းအရမ်း အများကြီး သဘောကျသည်။အကယ်၍များ သူ အဲဒီဇာတ်ကောင်နေရာမှာသာ သရုပ်ဆောင်ခွင့်မရခဲ့ရင် သူ အနည်းနဲ့အများတော့ စိတ်ထိခိုက်ရလိမ့်မည်ဖြစ်သည်။
ရှောင်ကျန်းက ပေါ်ယွီ စိတ်အခြေအနေမကောင်းဘူးဆိုတာကို သဘောပေါက်တာကြောင့် သူက သူ့ရဲ့ကိုယ်ပိုင်တည်ရှိမှုလေးကို မှေးမှိန်အောင်ကြိုးစားရင်း ဘေးမှာ တိတ်တိတ်ကလေး ထိုင်နေသည်။
ဖရဲသီးလေးက ပေါ်ယွီရဲ့အိမ်မှာရှိနေတာဖြစ်သည်။ဒါကြောင့် ပေါ်ယွီက သူတို့ကို ရပ်ကွက်ထိပ်မှာပဲ ချထားပေးခဲ့ဖို့ အမြဲတမ်းပြောပြီး ဘယ်တော့မှ သူ့အိမ်ကို လိုက်ခဲ့ဖို့ မဖိတ်ခေါ်ချေ။
ရှောင်ကျန်းက အမှောင်ထုထဲမှာ တဖြည်းဖြည်း တိုး၀င်ပျောက်ကွယ်သွားတဲ့ ပေါ်ယွီရဲ့ပုံရိပ်ကို ငေးကြည့်ရင်း သူ့နှလုံးသားထဲမှာ တီးတိုးပြောနေမိသည်။
ပေါ်ယွီက သူ့ကို ရပ်ကွက်ရှေ့မှာပဲ ချထားပေးခဲ့ဖို့ အခေါက်တိုင်း ဘာကြောင့်ပြောနေသလဲဆိုတာ ရှောင်ကျန်း မသိပေ။သူ အလုပ်လုပ်တာ ရက်တော်တော်များများရှိပြီဆိုပေမယ့် ပေါ်ယွီရဲ့အိမ်နေရာအတိအကျကိုတော့ အခုထိ ရှောင်ကျန်း မသိသေးပေ။
ရှောင်လီက မျက်ဖြူလန်တဲ့အထိ စဉ်းစားနေတဲ့ ရှောင်ကျန်းကို တစ်ချက်ကြည့်ပြီး ရယ်လိုက်သည်။အဲဒီနောက် သူ ကားထွက်ဖို့အတွက် လီဗာကို နင်းလိုက်တော့သည်။
သူတို့က ပေါ်ယွီအတွက် အလုပ်လုပ်ပေးရသည်။ဒါကြောင့် သူတို့အတွက်တော့ အလုပ်ရှင်ရဲ့ကိုယ်ပိုင်အတွင်းရေးကိစ္စတွေ အပြင်ဘက်မှာ နေရတာက ပိုအဆင်ပြေသည်။
ပေါ်ယွီ အိမ်သော့နဲ့ တံခါးကို ဖွင့်လိုက်ပြီး အပေါက်၀မှာ ရပ်လိုက်သည်။ပြီးတော့ သူ သူ့ရဲ့ရှူးဖိနပ်တွေကို လဲ၀တ်လိုက်ပြီး ဧည့်ခန်းပတ်ပတ်လည်ကို ကြည့်လိုက်သည်။
တန်တန်က သူ့ရဲ့အမြှီးလေးကို လှုပ်ယမ်းကာ သူအကြိုက်ဆုံး ပလတ်စတစ်အရိုးလေးကို ပါးစပ်မှာ ကိုက်ချီထားရင်း ပေါ်ယွီ့ဘေးနားလာ လှည့်ပတ်နေသည်။
ပေါ်ယွီက ဖရဲသီးလေးရဲ့အခန်းဆီကို ခြေဖျားလေးထောက်သွားပြီး အခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ဖရဲသီးလေးကို တွေ့လိုက်ရသည်။သူ ဖရဲသီးလေးဆီသွားကာ စောင်ခြုံပေးလိုက်ပြီးနောက် တန်တန်နဲ့အတူ အခန်းထဲကနေ ပြန်ထွက်သွားလေသည်။
ပေါ်ယွီက ဆိုဖာပေါ်မှာ ပင်ပန်းနေတဲ့မျက်နှာအမူအရာနဲ့အတူ ခြေပစ်လက်ပစ် လှဲလျောင်းနေသည်။
သူ အရင် အလုပ်မလုပ်ဘဲနေခဲ့တဲ့ အချိန်တုန်းကကျ အလုပ်လုပ်ဖို့အတွက် ပွက်ပွက်ညံနေခဲ့သည်။ဒါပေမယ့် အခု သူ တကယ်လည်း အလုပ်ပြန်စလုပ်ရော မနက်အစောကြီး ထွက်သွားပြီး နောက်ကျမှပဲ အိမ်ပြန်ရောက်တာကြောင့် သူ့ရဲ့သားလေးကိုတောင် မြင်ရဖို့ခက်ခဲနေတဲ့ဘ၀ကြီးကို ကျင့်သားမရပေ။
ဒါပေမယ့် သူ အခုသူ့ဘ၀ကြီးက နှုတ်မြိန်စာလေးတစ်ခုလိုဖြစ်နေတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိသည်။သူ ဇာတ်လမ်းအရ သရုပ်ဆောင်ရမယ့်နေရာကို အလုပ်ကိစ္စနဲ့ခရီးသွားနေတဲ့အခါကျရင် ပေါ်ယွီ သူ့ရဲ့အူတူတူသားလေးနဲ့ ဆယ်ရက် ဆယ့်ငါးရက်လောက် တွေ့ရမှာမဟုတ်ပေ။
ပထမဆုံးအကြိမ်အဖြစ် ပေါ်ယွီက သူ ဖရဲသီးလေးကို ကျောင်းအိပ်ကျောင်းစားလက်ခံတဲ့ကျောင်းဆီကို ပို့သင့်လားဆိုပြီး စဉ်းစားမိသည်။ဘာပဲဖြစ်ဖြစ် သူ့ရဲ့အလုပ်က သူ့ကို မကြာခဏ အိပ်ပြန်ဖို့ ခွင့်ပြုမှာမဟုတ်ချေ။
_____________
နေ့လယ် သုံးနာရီတွင်။ပေါ်ယွီက Break Up Challenge ရဲ့ စင်မြင့်နောက်မှာဖြစ်သည်။
အစီအစဉ်တင်ဆက်သူတွေကတော့ ပရိုဂရမ်ရဲ့သော့ချက်ကို ချုပ်ကိုင်ဖို့ တာ၀န်ယူထားတဲ့ လင်းရီ ၊ ပရိုဂရမ်အစပိုင်းမှာ ပတ်၀န်းကျင်ကို တက်ကြွအောင် မြှင့်တင်ပေးရတဲ့ ချူရှောင်းရှောင်းနဲ့ ပတ်၀န်းကျင်ကို ပူနွေးအောင် ထိန်းသိမ်းပေးတဲ့ ကျောင်းလီ ဆိုပြီး အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ပါ၀င်သည်။
ချူရှောင်းရှောင်းက မိတ်ကပ်လိမ့်လို့ မပြီးသေးတာကြောင့် လင်းရီက ပေါ်ယွီနဲ့အတူ ဇာတ်ညွှန်းအနှစ်ချုပ်ကို အစမ်းလေ့ကျင့်ပေးနေပြီး ကျောင်းလီက ရန်ဖေးကို တာ၀န်ယူထားသည်။
နောက်ကျမှရောက်လာတဲ့ ချီယန်ကတော့ မိတ်ကပ်လိမ်းပြီးသွားတဲ့ ချူရှောင်းရှောင်းနဲ့ ဇာတ်ညွှန်းအချုပ်ကို လေ့ကျင့်လိုက်သည်။
ညနေခြောက်နာရီမှာ Break Up Challenge ရိုက်ကူးရေးအစီအစဉ် စတင်ပြီဖြစ်သည်။
တရုတ်နိုင်ငံရဲ့ ထိပ်တန်းရသစုံရှိုးတွေထဲက တစ်ခုဖြစ်တာကြောင့် Break Up Challenge ရဲ့ ရိုက်ကူးတင်ဆက်နေစဉ် အချိန်တိုင်းမှာ ပရိသတ်တွေအပြည့်ပဲဖြစ်သည်။
အစီအစဉ်တင်ဆက်သူသုံးဦးဟာ စင်မြင့်ပေါ်ကို တက်ရောက်လာကြသည်။ရိုးရိုးရှင်းရှင်း မိတ်ဆက်ပြီးနောက် အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ ချီယန်က စင်ပေါ်ကို အရင်ဆုံးတက်သွားလိုက်တဲ့အခါ ပရိသတ်တွေဆီကနေ လက်ခုပ်သံတဖြောင်းဖြောင်းက ဗြုန်းခနဲ ထွက်လာသည်။
trainee တစ်ယောက်ဖြစ်တာကြောင့် ရန်ဖေးရဲ့ကျော်ကြားမှုက မမြင့်မားဘူးဆိုပေမယ့် သူ့မှာ ကာတွန်းတွေထဲက ငယ်ရွယ်ချောမောတဲ့ကောက်လေးတစ်ယောက်လိုမျိုး နူးညံ့သိမ်မွေ့တဲ့ မျက်နှာဟန်ပန်မျိုးရှိသည်။ဒါကြောင့် သူ စင်ပေါ်တက်သွားတဲ့အချိန်မှာလည်း လက်ခုပ်သံအများအပြား ပေါ်ထွက်လာသည်။
ပေါ်ယွီကတော့ နောက်ဆုံးကျမှပဲ စက်မြင့်ပေါ်တက်သွားခဲ့သည်။
စတိတ်စင်ပေါ်က မီးရောင်တွေဟာ ရုတ်တရက် မှိတ်ကျသွားသည်။နောက်စက္ကန့်မှာပဲ ခပ်ဖျော့ဖျော့ အလင်းရောင်လေးက စင်မြင့်အလယ်မှာ ဖြစ်ပေါ်လာသည်။ပေါ်ယွီက မိုက်ကိုကိုင်ထားရင်း မီးရောင်လေးအောက်မှာ မတ်တပ်ရပ်နေပြီး အေးဆေးစွာ ဆိုလိုက်သည်။ " အားလုံးပဲ မင်္ဂလာပါ ၊ ကျွန်တော်က ပေါ်ယွီပါ "
အဲဒီနောက်မှာတော့ ဘေးပတ်ပတ်လည်မှာရှိတဲ့ မီးတွေအားလုံး ပြန်လင်းလာသည်။
ပရိတ်သတ်တွေက သုံးစက္ကန့်လောက် တိတ်ဆိတ်သွားကြပြီးနောက်မှာတော့ အတူတကွ အကျယ်ကြီး အော်ဟစ်လိုက်ကြသည်။ " အား ! အား ! အား ! စစ်သူကြီးလေး !!! "
ပေါ်ယွီ ခေါင်းကို ညင်ညင်သာသာလေး ငြိမ့်ပြလိုက်ရင်း သူ့မျက်လုံးထဲက လျစ်လျူရှူခြင်းတွေကို ဖုံးကွယ်လိုက်သည်။ပေါ်ယွီရဲ့ နဖူးပေါ်မှာ ဝဲချထားတဲ့ ဆံပင်လေးတွေကလည်း သူ့ရဲ့လှုပ်ရှားမှုနဲ့အတူ ယိမ်းကျသွားလေသည်။
ရန်ဖေးရဲ့မျက်နှာအမူအရာက အရမ်းကို ခက်ခဲရှုပ်ထွေးသွားဟန်ရသည်။
ပေါ်ယွီလည်းပဲ အတော်မှင်တက်သွားရသည်။ဒီရက်တွေမှာ သူက သူ့အလုပ်တွေနဲ့ အလုပ်များနေခဲ့တာကြောင့် Weibo ထဲကိုလည်း ၀င်မကြည့်ဖြစ်သလို အာတာနက်ပေါ်က fan တွေကိုလည်း အာရုံမစိုက်နိုက်ခဲ့ပေ။ဟုတ်တာပေါ့ ၊ သူ အခုချိန်မှာ ဒီလောက်နာမည်ကြီးနေမှန်း လုံး၀မသိခဲ့ဘူး။
" ဝါး !!! ပေါ်ယွီက အရမ်းနာမည်ကြီးတာပဲ ။ မင်းရဲ့ပရိသတ်တွေအော်သံက ဒီရိုက်ကူးရေးခန်းမကြီးရဲ့ခေါင်မိုးကိုတောင် လွင့်ထွက်သွားစေတော့မယ် " လင်းရီက ရှေ့ကို လျှောက်လာပြီး ပေါ်ယွီရဲ့ပခုံးပေါ်ကို လက်တင်ကာ ညီအစ်ကိုကောင်းတွေလိုမျိုး ပခုံးပုတ်ပေးလာသည်။
" ကျွန်တော်လည်း
ပရိသတ်တွေက အော်ဟစ်လိုက်သည်။
" ရေး !!! "
{ T / N ; ဒီနေရာမှာ လင်းရီပြောသွားတဲ့ ဂိုဏ်းချုပ်ကတော်လေး ဆိုတာက ပေါ်ယွီကို ပြောချင်တာပါ ပေါ်ယွီရိုက်ခဲ့တဲ့ The Young General က bl ခန်းတွေပါတယ်လို့ ပြောတယ်လေ အဲဒါကြောင့် အဲ့လိုခေါ်လိုက်တာရယ် ။ မရှင်းရင်လာမေးနော် ဟုတ်ပြီလား }
လိင်တူဇာတ်လမ်းတွေက ပရိတ်သတ်တွေရဲ့ စိတ်အားထက်သန်တက်ကြွမှုကို တိုးတက်စေဖို့ အထောက်အကူပြုသည်လေ။
" ဟား ... ဟား , ကျွန်တော် အခုချိန်မှာ နောက်လာမယ့်ဇာတ်ကြောင်းကို မပြောရဲပါဘူးဗျာ ။ မဟုတ်ရင် ဒါရိုက်တာဟော်က ကျွန်တော့်ဆီကို ဓါးတွေပို့လိုက်လိမ့်မယ် " ပေါ်ယွီက လင်းရီရဲ့ဖော်ရွေတဲ့အကူအညီကို လိုလိုလားလား လက်ခံလိုက်သည်။
ချူရှောင်းရှောင်းကလည်း ရှေ့ကိုတိုးလာပြီး ပေါ်ယွီရဲ့ရက်ဘတ်ကို ထိဖို့ အခွင့်အရေးယူကာ ပြောလိုက်သည်။ " ကျွန်မတော့ ဂိုဏ်းချုပ်ကတော်လေးကို ထိလိုက်မိပြီ ။ ရှင်တို့ မှန်းကြည့်ကြပါဦး ။ ဂိုဏ်းချုပ်က ဉာဉ့်နက်သန်းခေါင်လောက်ကြီးကို ကျွန်မဆီလာပြီး ကြက်သွေးရောင်အဆိပ်ချီးမြှင့်တော့မှာလား မသိဘူးနော် "
" ကြက်သွေးရောင်အဆိပ်ကို အင်ပါယာအနောက်နန်းဆောင်ရဲ့ ဧကရီဘုရင်မကြီးကပဲ ချီးမြှင့်တာလေ ။ ကျွန်တော်တို့ အခုဆိုရင်တော့ ကြိုးကြာမောက်နီလို့ခေါ်တဲ့ အဆိပ်ကို သုံးရမယ်ပုံပဲ ! " ပေါ်ယွီက သူ့စကားရဲ့အဆုံးမှာ အသံကို မြှင့်ပြောပြီး လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ဖြေလိုက်သည်။
ဒီအချိန်မှာ လျစ်လျူရှူခံထားကြရတဲ့ ရန်ဖေးနဲ့ချီယန်တို့ရဲ့ မျက်နှာတွေဟာ ချက်ချင်းပဲ မည်းမှောင်လာတော့သည်။ကံကောင်းစွာနဲ့ပဲ ကင်မရာက သူတို့ရဲ့မည်းမှောင်နေတဲ့မျက်နှာတွေကို ရှောင်ရှားသွားပြီး တစ်စက္ကန့်မှ မရိုက်မိပေ။
လင်းရီက နည်းနည်း ကသိကအောက်ဖြစ်သလို ခံစားလိုက်ရပြီး ပေါ်ယွီ့ဘေးနား ရပ်နေစဉ်မှာပဲ ချီယန့်အကြောင်းကို ဦးဆောင်ပြောဆိုလိုက်သည်။
" ချီယန်က သမိုင်းအကြောင်းတွေရော အခုခေတ်အကြောင်းအရာတွေကိုပါ ကျွမ်းကျင်တတ်မြောက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ရှေးရိုးဆန်တဲ့ ကျူတာဆရာနေရာမှာ သရုပ်ဆောင်ထားတယ်လို့ ကျွန်တော် ကြားမိတယ် ။ ကျူတာဆရာလေးက အရမ်းချစ်စရာကောင်းတာပဲ ။ ကျွန်တော် trailer ကို ကြည့်ပြီးတာနဲ့ ဇာတ်လမ်းတွဲကိုကြည့်ဖို့ လုံး၀ သွားရည်ယိုနေမိပြီ ။ ကျွန်တော် ဇာတ်လမ်းတွဲကို အရမ်းစောင့်မျှော်နေမိတာ "
ချီယန် ရယ်မောလိုက်ပြီး အဲဒီအကြောင်းအရာကို ပြောမလို့ လုပ်လိုက်တုန်းမှာပဲ သူ့ဘေးမှာ ထိုင်နေတဲ့ ရန်ဖေးက ၀င်ပြီးကြားဖြတ်ပြောလိုက်သည်။အဲဒီအခါ သူ ချက်ချင်းပဲ သူ့ရင်ဘတ်ထဲမှာ တစ်ခုခု တစ်ဆို့သွားသလို ခံစားလိုက်ရကာ အတော်လေး ရင်ခံသွားသည်။
" အဲဒီဇာတ်လမ်းတွဲကို လွန်ခဲ့တဲ့နှစ်လကျော်ကျော်လောက်က ရိုက်ပြီးသွားတာလေ ။ ကျွန်တော်ဆိုရင် အစကနေအဆုံးထိ ချီကောနဲ့ပေါ်ကောတို့ သရုပ်ဆောင်ထားတဲ့အပိုင်းတွေဆိုရင် အရမ်းကို ကြိုက်လို့ ကျွန်တော် အတော်လေးကို ပျော်ရွှင်မိတယ် " ရန်ဖေးက ချီယန်ရဲ့မျက်နှာပေါ်မှာရှိနေတဲ့ ဒေါသတွေကို လုံး၀ သတိမထားမိဘဲ ရယ်ရင်းပြုံးရင်း ဆိုလိုက်သည်။
လင်းရီက တည်တည်ငြိမ်ငြိမ်နဲ့ ရယ်မောလိုက်သည်။
ပေါ်ယွီက အောက်ကို ငုံ့ကြည့်လိုက်ရင်း သူတို့တွေ ရန်ဖြစ်တာကို သဘောကျနေသည်။
လင်းရီက လျင်မြန်စွာနဲ့ အခြေအနေကို ကယ်တင်လိုက်ရသည်။သူ ဟာသနှောကာ ရယ်မောလိုက်ရင်း " ဟုတ်ပါပြီ , ပထမဆုံး ဂိမ်းအစီအစဉ်ကို သွားကြရအောင် ---------- Break Up Guess ! "
Break Up Challenge က တရုတ်နိုင်ငံမှာ နာမည်ကြီးတဲ့ ရသစုံရှိုးတစ်ခုပဲဖြစ်သည်။ဒါ့ပြင် သူတို့က ပရိုဂရမ်တိုင်းမှာ ရိုးရိုးရှင်းရှင်း အမေးအဖြေလေးတွေကို ပါ၀င်ကစားဖို့အတွက် နာမည်ကြီး star တွေကို ဖိတ်ခေါ်ပြီး အဲဒီ star တွေက အစီအစဉ်တင်ဆက်သူတွေနဲ့အတူ ဂိမ်းအစီအစဉ်တွေကို ကစားကြသည်။
Break Up Guess ရဲ့ အဓိကသော့ချက်က အစီအစဉ်တင်ဆက်သူတွေနဲ့ guest တွေကို အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ပြီး screen ပေါ်က မေးခွန်းတွေကို အမြန်ဆုံး ဖြေဆိုရမှာဖြစ်သည်။
အားလုံး စုစုပေါင်း မေးခွန်းငါးခု ပါ၀င်သည်။အကယ်၍ ပထမတစ်ဖွဲ့က အဖြေကို မှားဖြေမိရင် တခြားတစ်ဖွဲ့က တစ်မှတ်ရသွားပြီး အဖြေမှားကြီးကို ဖြေလိုက်မိတဲ့ ပထမအဖွဲ့က တစ်မှတ်ဆုံးရှုံးသွားမှာဖြစ်သည်။
ရန်ဖေးက ခပ်ဟဟရယ်ရင်း ဆိုလိုက်သည်။ " အင်းးး , ကျေးဇူးပြုပြီး လွယ်လွယ်ကူကူ မေးခွန်းလေးတွေပဲ မေးရင်ကောင်းမယ် ။ ကျွန်တော်က ဉာဏ်သိပ်မကောင်းတော့ကျတော့ ခက်ခက်ခဲခဲတွေမေးရင် မဖြေနိုင်လောက်ဘူး "
ချူရှောင်းရှောင်းက ရယ်မောရင်း ရန်ဖေးကို ရိုက်လိုက်သည်။ " ရှင် ရူးနေလား ? ရှင့်ပြိုင်ဘက်တွေရှေ့မှာ ရှင့်ကိုယ်ရှင်နှိမ့်ချနေရသလား ? "
ရုတ်တရက် ကျိုးတိုးကျဲတဲ ရယ်သံတွေနဲ့ ပတ်၀န်းကျင်က တိတ်ဆိတ်သွားတော့သည်။
ကျောင်းလီက ဟာသပြောတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူဖြစ်သည်။အခုလို ပတ်၀န်းကျင်က နေရခက်နေတဲ့အချိန်မှာ သူ ရေခဲလို အခြေအနေကြီးကို ဖြိုခွဲဖို့ ထွက်လာလိုက်သည်။
" စစ်သူကြီးလေး , ကျွန်တော် အင်ပါယာအနောက်နန်းဆောင်ကို ၀င်တဲ့အခါလေ ကျွန်တော့်ရဲ့ ဒီယဉ်ကျေးသိမ်မွေ့လှတဲ့ မျက်နှာလေးနဲ့ဆိုရင် ကျွန်တော် ဆွဲဆောင်မှုရှိတဲ့ ဧကရီဘုရင်မကြီး ဖြစ်နိုင်လောက်လား ? " စကားဆုံးတဲ့အခါ ကျောင်းလီက သိုးငယ်လေးရဲ့မျက်လုံးလေးတွေနဲ့ ပေါ်ယွီကို ကြည့်လိုက်သည်။
" ခင်ဗျားက ဆွဲဆောင်မှုရှိတဲ့ ဘုန်းတော်ကြီးတစ်ပါးတော့ ဖြစ်လာနိုင်လောက်ပါတယ် ဘာလို့များ အင်ပါယာအနောက်နန်းဆောင်ကို ၀င်ချင်နေရတာလဲ ? " ပေါ်ယွီက ဖြေပြီးတာနဲ့ ကျောင်းလီနားကနေ လှစ်ခနဲပြေးထွက်သွားလိုက်ပြီး ကျောင်းလီက နောက်ကနေ လိုက်ဖမ်းသည်။
စင်အောက်မှာရှိတဲ့ ပရိသတ်တွေက သူတို့ရဲ့မျက်နှာတွေကို အုပ်ကာ ကျယ်ကျယ်လောင်လောင် အော်ဟစ်ကြတော့သည်။
ပေါ်ယွီ့ဘေးမှာ ထိုင်နေတဲ့ ချီယန်ကတော့ အတော်လေးကို ကသိကအောက်ဖြစ်ဟန်ပေါ်သည်။
သူက အရေးအကြီးဆုံး star တစ်ယောက်ဆိုတာ ဒီလောက်သိသာနေတာကို ဒီလူတွေက ပေါ်ယွီ့နားမှာပဲ ဟိုးအစကတည်းက တဝဲလည်လည်လုပ်နေကြတယ် ။ ဒင်းတို့တွေက သူ့ကိုတော့ လုံး၀ကို လျစ်လျူရှူထားပြီးလေ !!!
ပြီးတော့ ရန်ဖေးလည်း အတူတူပဲ ။ စင်နောက်မှာတုန်းကကျတော့ ကောင်းကောင်းမွန်မွန် ပြုမူနေပြီး စင်ပေါ်လည်းရောက်ရော သူ့ဆီကနေ ရှိုးပွဲကို ခိုးယူဖို့ အရမ်းအရမ်း ကြိုးစားနေတယ် ။ ဒီလိုမျိုး နှလုံးသားမည်းနက်နေတဲ့ကောင်က သူ့ကို မေးတဲ့မေးခွန်းကိုတောင် ဖြတ်လုဖြေလိုက်သေးတယ် ။
ဟာသတွေ ပြောဆိုကြပြီးနောက် ဂိမ်းစတင်ပြီဖြစ်သည်။
" ပထမဆုံးမေးခွန်း ... လွန်ခဲ့တဲ့သုံးနှစ်က Break Up Challenge နဲ့ အခု Break Up Challenge ကြားမှာရှိတဲ့ ကွာခြားချက်ကဘာလဲ ? "
ပေါ်ယွီက တစ်စက္ကန့်အတွင်း ဖြေလိုက်သည်။
" အချိန် "
" မှားတယ် "
ရန်ဖေးက ချက်ချင်း ဖြေလိုက်သည်။ " တစ်ခုက ပြီးခဲ့တဲ့ သုံးနှစ်တုန်းက တခြားတစ်ခုကကျ နောက်သုံးနှစ်ကြာမှ "
" မှားတယ် "
ချူရှောင်းရှောင်းက ပြောလိုက်သည်။
" guest တွေမတူဘူး "
" မှားတယ် "
ပေါ်ယွီ ချီတုံချတုံနဲ့ ဆိုလိုက်သည်။
" အစီအစဉ်တင်ဆက်သူတွေက အရင်ကထက် အသက်သုံးနှစ်ပိုကြီးလာတယ် ? "
ချူရှောင်းရှောင်းက ပေါ်ယွီကို ဒေါကန်သွားတဲ့မျက်လုံးတွေနဲ့ ကြည့်လာသည်။ဒါပေမယ့် အချက်ပြမီးက အစိမ်းရောင်ကို ပြောင်းသွားလေသည်။
{ T / N ; မိန်းကလေးတွေက သူတို့ကို အသက်ကြီးလာတယ်လို့ပြောရင် သဘောမကျကြဘူးလေ အဲဒါကြောင့်ပါ }
" ဂုဏ်ပြုပါတယ် ၊ အဖြေမှန်သွားပါပြီ ! "
ပရိတ်သတ်တွေက တသောသောရယ်မောလိုက်ကြပြီး ဘယ်သူကမှ ဒီမေးခွန်းရဲ့ တမူထူးခြားနေတဲ့အဖြေကြီးကို မစဉ်းစားမိကြချေ။
" ... နောက်ဆုံးမေးခွန်း ၊
ချီယန် ဖြေလိုက်သည်။ " သန်ဘက်ခါ ည ရှစ်နာရီ "
" ဂုဏ်ပြုပါတယ် ၊ အဖြေမှန်သွားပါပြီ "
အဖြေကို မြန်မြန်ပြန်ဖြေရတဲ့ဂိမ်းပြီးသွားတဲ့နောက် ချူရှောင်းရှောင်းက ဒါရိုက်တာအဖွဲ့ကို သွားခွင့်မပေးဘဲ သူမလည်ပင်းကို ဆွဲဆန့်ကာ အော်ဟစ်နေသည်။Break Up Challenge ရဲ့ လွန်ခဲ့တဲ့သုံးနှစ်နဲ့အခုသုံးနှစ်ကြားမှာရှိတဲ့ အဓိကကွာခြားချက်က အစီအစဉ်တင်ဆက်သူတွေ အသက်ပိုကြီးလာတာတဲ့လား !
Winner အသင်းရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် ချီယန်က ဒုတိယမြောက်ဂိမ်းကို ဆယ်စက္ကန့်စောပြီး စတင်ကစားနိုင်သည်။ရှုံးတဲ့သူတွေကတော့ ဘာမှမလုပ်နိုင်ဘဲ အဲဒီဆယ်စက္ကန့်ကိုပြီးအောင် စောင့်နေရမှာဖြစ်သည်။
ဒုတိယမြောက်ဂိမ်း -------- လူသုံးယောက်ပါ၀င်ပြီး အတားအဆီးတွေကို ကျော်ဖြတ်ပြေးရမယ့် လက်ဆင့်ကမ်းအပြေးပြိုင်ပွဲဖြစ်သည်။
ပေါ်ယွီရဲ့ သန်မာတဲ့ခါးနဲ့ခြေတံရှည်တွေရဲ့ အကျိုးကျေးဇူးကြောင့် သူ ခြေလှမ်းအကျယ်ကြီးလှမ်းလိုက်ပြီး ငါးမီတာအကွာက ပူဖောင်းတွေကို ချက်ချင်း ယူလိုက်သည်။အဲဒီနောက် သူ ပူဖောင်းတွေကို အတူတူ စုချည်ပြီး ချိုင်းကြားမှာညှပ်ထားရင်း ကြမ်းပြင်ပေါ်မှာ ချထားတဲ့ အတားအဆီးတွေကို ရှောင်ရှားကာ ချီယန်ဆီ ပြေးသွားသည်။ပြီးတော့ သူ ပူဖောင်းတွေကို ချီယန်ဆီ လက်ဆင့်ကမ်းပေးလိုက်သည်။
ချီယန်က ပေါ်ယွီပေးတဲ့ ပူဖောင်းတွေကိုယူပြီး နောက်ကိုလှည့်ကာ bouncing bed ပေါ်ကို ခုန်တက်လိုက်သည်။ဂိမ်းစည်းကမ်းအရ သူဟာ ပူဖောင်းတွေကို ချိုင်းကြားမှာ ထိန်းထားရမှာဖြစ်ပြီး သူ ခုန်နေတဲ့အချိန်မှာ အဲဒီပူဖောင်းတွေက ပေါက်သွားတာပဲဖြစ်ဖြစ် ပြုတ်ကျသွားတာပဲဖြစ်ဖြစ် လုံး၀ဖြစ်လို့မရပေ။
ခဏလောက်ကြာတဲ့အခါ ချီယန် မောပန်းလာပြီး ဟောဟဲဆိုက်နေသည်။
.
.
.
.
.
.