ရန်ဖေးဟာ ပေါ်ယွီ အထဲကိုရောက်နှင့်ပြီးလောက်ပြီလို့ ခန့်မှန်းပြီးနောက် သူ အပြင်ကနေ တံခါးကို တွန်းဖွင့်ကာ ရုံးခန်းထဲကို ဝင်သွားလိုက်သည်။
မန်နေဂျာကျန်းက စိတ်သက်သာရာရစွာနဲ့ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
" ပေါ်ကော , မတွေ့တာကြာပြီနော် " ရန်ဖေးက ရှေ့ကိုလျှောက်လာပြီး ပေါ်ယွီဆီကို လက်ဆန့်ပေးလိုက်သည်။
ပေါ်ယွီရဲ့မျက်ဝန်းတွေထဲမှာ အံ့သြမှုတွေ ဖြတ်ပြေးသွားပေမယ့် သူ ရယ်မောလိုက်သည်။ " ဟယ်လို "
ရန်ဖေးရဲ့မျက်နှာအမူအရာက ချက်ချင်းပဲ တောင့်တင်းသွားပြီး ဘာမှမဖြစ်သလို ပြန်ပြေလိုက်သည်။ " ကျွန်တော်တို့
{ T / N ; The Man's Survival ဆိုတာက ပေါ်ယွီ အပိုင်း ၂ မှာတုန်းက audition ဖြေပြီး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲနာမည်ပါ စက်မှုသိပ္ပံပညာရှင် နေရာလေ }
ရှင်းလင်းလှတဲ့ သတိပေးချက်ကြောင့် မကြာခင်မှာပဲ ပေါ်ယွီ သူ့ကို မှတ်မိသွားသည်။
" မင်းက ? ရန်ဖေး ? "
သူ အရင် စက်မှုသိပ္ပံပညာရှင်နေရာအတွက် audition ဖြေတဲ့အချိန်တုန်းက သူ့ကို ထပ်ကာထပ်ကာ ရန်စခဲ့တဲ့ trainee က ရန်ဖေးပဲဖြစ်သည်။
ရန်ဖေးက ပေါ်ယွီကို အမှတ်ရစေလိုက်တာကြောင့် ပေါ်ယွီ ခဏလောက်တုံ့ဆိုင်းသွားပြီး နာမည်ကို ထုတ်ပြောလိုက်နိုင်သည်။
ရန်ဖေးက ပေါ်ယွီရဲ့ဘေးမှာ ဝင်ထိုင်လိုက်ကာ အလှဆင်ပစ္စည်းသေးသေးလေးကို ဆော့ကစားရင်း သာမာန်ကာလျှံကာ ဆိုလိုက်သည်။ " ပေါ်ကောရဲ့ web series က rating တွေမြင့်နေတာကို ဂုဏ်ပြုပါတယ် ။ ကျွန်တော်ဆို အပတ်တိုင်း အဲဒီဇာတ်လမ်းကို ကြည့်တယ် "
" ကျေးဇူးပဲ " ပေါ်ယွီက လျစ်လျူရှူထားဟန်နဲ့ ပြန်ပြောလိုက်သည်။သူက ဒီလိုမျိုး ယဉ်ကျေးမှုမရှိတဲ့ trainee တွေဆိုရင် အမြင်ကတ်တယ် ၊ ကြည့်မရဘူး ။
ကြည့်ရတာ ရန်ဖေးက ပေါ်ယွီရဲ့ဝတ်ကျေတမ်းကျေစကားလုံးတွေကို သဘောပေါက်ပုံမရဘဲ သူ ပြောလာပြန်သည်။ " ဒါနဲ့ မစ္စတာလျိုက ကျွန်တော့်ကို ကျန်းကောရဲ့အဖွဲ့ထဲ ပြောင်းပေးလိုက်တာလေ ။ ပေါ်ကော , တွေ့ရတာဝမ်းသာပါတယ် "
ပေါ်ယွီက အရမ်းကသိကအောက်နိုင်သွားသလို ခံစားလိုက်ရပြီး မန်နေဂျာကျန်းကို လှမ်းကြည့်လိုက်သည်။
မန်နေဂျာကျန်းက ပေါ်ယွီရဲ့မျက်လုံးတွေကို ရှောင်ဖယ်လိုက်ပြီး ခဏလောက်ကြာတဲ့အခါ သူ နေရခက်စွာနဲ့ ပြောလာခဲ့သည်။
"
entertainment လောကထဲက လူတွေက အရမ်းကိုလက်တွေ့ဆန်ကြသည်။တကယ်လို့ အဲဒီဇာတ်လမ်းပရိုမိုးရှင်းဆင်းပွဲကသာ လွန်ခဲ့တဲ့နှစ်လလောက်တုန်းက ကျင်းပမှာဆိုရင် ရိုက်ကူးရေးအဖွဲ့က ပေါ်ယွီကို ပွဲမှာပါဝင်ပေးဖို့ ဖိတ်ခေါ်နေမှာမဟုတ်ဘဲ weibo ကနေသာ message ပို့ပေးလိုက်မှာဖြစ်သည်။
{ T / N ; အခုအချိန်မှာ ပေါ်ယွီက နာမည်ကြီးနေလို့သာ တကူးတက ဖိတ်နေတယ်လို့ ပြောချင်တာပါ }
ရန်ဖေးက ပျော်ရွှင်စွာ ဝင်ပြောလိုက်သည်။ " အဲဒီဇာတ်လမ်းတွဲမှာ ကျွန်တော် ပဉ္စမမြောက်အမျိုးသားဇာတ်ကောင်လေ ။ ကံကောင်းတာက ပေါ်ကောကြောင့် ကျွန်တော်လည်း ရိုက်ကူးရေးအဖွဲ့နဲ့အတူတူ ကြော်ငြာပွဲကို တက်နိုင်တော့မယ် "
ပေါ်ယွီရဲ့မျက်နှာက ရုတ်တရက် အေးစက်သွားသည်။
ရိုးရိုးသားသားပြောရရင် ပေါ်ယွီက trainee တစ်ယောက်ကို ကူညီပေးရမှာ စိတ်မရှိပေ။ဒါပေမယ့် ရန်ဖေးမှာ မလိုတမာစိတ်တွေရှိနေသ၍ကတော့ ပေါ်ယွီ ရန်ဖေးကို ကူညီမယ်လို့မဆိုလိုချေ။
ဒါပေမယ့် ပေါ်ယွီက
အဘယ်ကြောင့်ဆိုသော်
ဒါပေမယ့် အခု ဇာတ်လမ်းတွဲက အပြီးသတ်သွားပြီဖြစ်တာကြောင့် ပေါ်ယွီ ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး ချီယန်နဲ့ ကင်မရာရှေ့မှာ သရုပ်ဆောင်မနေနိုင်တော့ဘူးလို့ စဉ်းစားမိသည်။
မန်နေဂျာကျန်းနဲ့ရန်ဖေးကတော့ ပေါ်ယွီ ဘာတွေစဉ်းစားနေမှန်းမသိတာကြောင့် သူတို့က ပေါ်ယွီဟာ trainee တစ်ယောက်ကိုတောင် မကူညီချင်လို့ တိတ်ဆိတ်ခြင်းနဲ့ သူတို့ကို ငြင်းဆန်နေတယ်ဆိုပြီး ထင်နေကြသည်။ဒါကြောင့် အန်နေဂျာကျန်းနဲ့ရန်ဖေးတို့ဟာ ချက်ချင်းလက်ငင်းပဲ မပျော်မရွှင်ဖြစ်သွားကြတော့သည်။
ရန်ဖေးက အံကြိတ်ပြီး တွေးလိုက်မိသည် ; တကယ်လို့ အခုချိန် ပေါ်ယွီမှာသာ အောင်မြင်မှုတွေအများကြီးနဲ့ ကျော်ကြားမှုတွေမရှိရင် ငါလည်း မင်းဆီလာပြီး တွယ်ကပ်မနေချင်ဘူး !!!
မန်နေဂျာကျန်းက အေးစက်စွာ ကြည့်လိုက်သည်။မစ္စတာလျိုက ရန်ဖေးကို ကူညီပေးဖို့ သူ့ကို ဖိအားပေးခဲ့တာကို မန်နေဂျာကျန်း မပျော်ရွှင်ပေမယ့် ပေါ်ယွီရဲ့တိတ်ဆိတ်နေတဲ့ သဘောထားက သူ့ကို ပိုပြီးတော့တောင် မပျော်မရွှင်ဖြစ်စေသည်။
ပေါ်ယွီ တွေးတောနေရာကနေ သတိပြန်ဝင်လာပြီး သူ့ခွက်ထဲမှာရှိတဲ့ လက်ဖက်ရည်တွေအားလုံးကို သောက်ချလိုက်သည်။
" ကောင်းပြီ ၊ ကျွန်တော် သဘောပေါက်ပြီ "
မန်နေဂျာကျန်းက စားပွဲပေါ်ကနေ ဖိုင်တစ်ခုကို ကောက်ယူလိုက်သည်။ " ဒီဟာက မင်းရဲ့ ဒီတစ်ပတ်အချိန်ဇယားပဲ ။ ကုမ္ပဏီက မင်းအတွက် လက်ထောက်တစ်ယောက်နဲ့ driver တစ်ယောက် စီစဉ်ပေးထားတယ် ။ သူတို့ မင်းကို lobby မှာ စောင့်နေကြတယ် "
ပေါ်ယွီ ခေါင်းငြိမ့်လိုက်ပြီး ကုမ္ပဏီက စီစဉ်ပေးတာတွေကို ဝမ်းသာစွာပဲ လက်ခံထားလိုက်သည်။
မန်နေဂျာကျန်းက ပေါ်ယွီကို တည်တည်ငြိမ်ငြိမ်နဲ့ လမ်းညွှန်ပေးပြီးနောက် ပေါ်ယွီက သူ့ရဲ့ အချိန်ဇယားကိုယူကာ ရန်ဖေးနဲ့အတူ ရုံးခန်းထဲကနေ ထွက်သွားတော့သည်။
သူတို့ ရုံးခန်းအပြင်ကို လမ်းလျှောက်လာကြတဲ့အချိန်မှာ ရန်ဖေးက ခပ်တိုးတိုး ပြောလိုက်သည်။ " ပေါ်ကော , ကျွန်တော့်ကို ကောနဲ့အတူ ခေါ်မသွားချင်ဘူးလား ? "
ပေါ်ယွီက မရေမရာ ဖြေလိုက်သည်။ " မဆိုးပါဘူး "
ရုတ်တရက် ရန်ဖေးက ပေါ်ယွီရဲ့နားရွက်နားကို ချဉ်းကပ်လာပြီး ပြောလိုက်သည်။ " ပေါ်ကောရေ , တကယ်လို့ ကောက ကျွန်တော့်ကို ကောနဲ့အတူ ခေါ်မသွားချင်ရင်တောင်မှ ကောမှာ တခြားရွေးချယ်စရာမရှိဘူးလေ ။ ဘာဖြစ်လို့ဆို မစ္စတာလျိုက မန်နေဂျာကျန်းကို ပြောထားတယ်မဟုတ်လား ။ ကော ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမတတ်နိုင်ပါဘူး "
ပေါ်ယွီက ဓါတ်လှေကားထဲကို ဝင်သွားလိုက်ပြီး မပြောင်းလဲတဲ့မျက်နှာအမူအရာနဲ့ အထပ်ရွေးတဲ့ခလုတ်ကို နှိပ်လိုက်သည်။
" မစ္စတာလျိုက မင်းရဲ့စပွန်ဆာလား ? "
ရန်ဖေးက ဘာစကားတစ်လုံးမှ ဟမလာဘဲ ပြုံးပြပြီး ပေါ်ယွီကို စိတ်အားရကျေနပ်စွာ ကြည့်လိုက်သည်။
ဓါတ်လှေကားတံခါးက ပွင့်လာခဲ့သည်။
ပေါ်ယွီ ပြောပစ်လိုက်တော့သည်။ " မစ္စတာလျိုမှာ အဆီတွေဖုံးနေတဲ့ အသားတွေနဲ့ ဘီယာဗိုက်ကြီးပဲရှိပြီး အသက်ကလည်း အိုနေပြီ ။ မင်းက အဲ့လိုလူမျိုးကြီးကို နမ်းတောင်နမ်းနိုင်တယ်ဆိုတော့ကား မင်းရဲ့အမြင်အာရုံတွေက ခွေးစားတာကို ခံလိုက်ရတာလား ? "
ရန်ဖေးရဲ့မျက်နှာအမူအရာက ချက်ချင်းပဲ ပြောင်းလဲသွားတော့သည်။သူ ပြန်ပြီး တစ်ခုခုပြောမလို့ ပြင်လိုက်ပေမယ့် မြေညီထပ်မှာ ရုံးကဝန်ထမ်းတွေအများကြီးကို မြင်လိုက်ရတာကြောင့် ရန်ဖေးမှာ ချက်ချင်းပဲ တိတ်ဆိတ်သွားလိုက်ရသည်။
ရန်ဖေးက သူ ဘယ်လောက်ကြီးပဲဒေါသထွက်နေနေ လူတွေအများကြီးရှေ့မှာ သူ ပေါ်ယွီနဲ့စကားများငြင်းခုံလို့ မရနိုင်ပေ။သူ့မှာ သူ့ကိုယ်သူ ထိန်းချုပ်ရင်း ဒေါသတွေကိုသာ မျိုချနေရသည်။
ဘေးမှာ ရပ်နေတဲ့ပေါ်ယွီကတော့ ပြုံးလို့ပင် နေလေသည်။
_____________
နောက်အပတ်အတွက် ပေါ်ယွီရဲ့အချိန်ဇယားကတော့ လုံးဝကို အပြည့်ဖြစ်နေသည်။သူက အသုံးစရိတ်ကြီးမားတဲ့ ရှေးခေတ် costume တီဗွီဇာတ်လမ်းတွဲသုံးခုမှာ audition ဖြေရမည်။
ရန်ဖေးက ပေါ်ယွီရဲ့အဲဒီအချိန်ဇယားနဲ့ ပတ်သတ်ပြီး အရမ်းကို စိတ်ကျေနပ်နေသည်။
အဘယ်ကြောက့်ဆိုသော် ရန်ဖေးက ပေါ်ယွီလိုပဲ နာမည်ကြီးကျော်ကြားချက်သည်။ဒါပေမယ့် သူ ဇာတ်ညွှန်းကောင်းကောင်းတစ်ခုရပြီး လူထုရှေ့မှာ မကြာခဏ ပေါ်လာနိုင်ဖို့အတွက် သူ့ကို တစ်ယောက်ယောက်က ကူညီပေးဖို့ လိုအပ်သည်လေ။
သူ့အမြင်မှာ သူ့ကို ကူညီပေးဖို့ ပေါ်ယွီက သင့်တော်တဲ့သူတစ်ယောက်ဖြစ်တယ်လို့ ရန်ဖေး စဉ်းစားမိသည်။
ဒါရိုက်တာဝမ်က အလယ်မှာထိုင်နေပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ ဇာတ်လိုက်မင်းသားနဲ့ ဇာတ်လိုက်မင်းသမီးတို့က နေရာယူထားကြသည်။ပေါ်ယွီကတော့ ချီယန်ရဲ့ဘေးမှာ ရပ်နေသည်။
အဲဒီဇာတ်လမ်းတွဲမှာ ရန်ဖေးကလည်း မထင်မရှားပဉ္စမမြောက်အမျိုးသားဇာတ်ကောင်လေးနေရာကနေ ပါဝင်ခဲ့သည်။ဒါပေမယ့် သူက အရှက်မရှိဘဲ မျက်နှာပြောင်ပြောင်နဲ့ ပေါ်ယွီဘေးမှာ မတ်တပ်ရပ်ကာ စကားကို တည့်တည့်မပြောဘဲ နားထောင်ကောင်းအောင် လှည့်ပတ်ပြောလိုက်သည်။ " ပေါ်ကောက ပြောတယ် သူက ကျွန်တော့်ကို ဂရုစိုက်ပေးမယ်တဲ့လေ "
စစ်သူကြီးငယ်လေးအဖြစ် Weibo Hot Search List မှာ လဝက်ကျော်ကျော်လောက် ပေါ်ယွီက နေရာယူထားခဲ့တာကြောင့် ဒီည သတင်းထောက်တွေရဲ့ လက်ထဲမှာရှိတဲ့ မိုက်တွေနဲ့ဖလက်မီးတွေအားလုံးဟာ တမင်တကာ ပေါ်ယွီဆီကို ရောက်လာကြတော့သည်။
ချီယန်ရဲ့မျက်နှာပေါ်က အပြုံးဟာ ပိုပြီးတောင့်တင်းလာပေမယ့် သူ့ကို မေးခွန်းတွေ မေးမြန်းနေကြတဲ့ သတင်းထောက်အနည်းငယ်လည်း ရှိနေသည်။
ချီယန်မှာ တကယ်ကောင်းမွန်တဲ့ သရုပ်ဆောင်အခွင့်အလမ်းတွေရှိပေမယ့် အခုချိန်မှာ သူ့ရဲ့ကျော်ကြားမှုနဲ့သတင်းအချက်အလက်တွေကတော့ ပေါ်ယွီထက် အများကြီး နည်းပါးလေသည်။
ဆံပင်စည်းထားတဲ့ အမျိုးသမီးသတင်းထောက်က ရှက်သွေးဖြာကာ စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်သည်။ " စစ်သူကြီးငယ်လေး , ရှင်က ဒီဇာတ်လမ်းတွဲမှာ ဘယ်နေရာကနေ သရုပ်ဆောင်ထားတာပါလဲ ? "
ပေါ်ယွီ ပြုံးရင်း ပြန်ဖြေလိုက်သည်။ " မင်း နေရာမှားနေပါပြီ ။ ဒီနေရာက
EQ မြင့်တဲ့ ကြယ်ပွင့်တွေဟာ သတင်းထောက်တွေရဲ့ စူးရှထက်မြက်လှတဲ့ မေးခွန်းတွေကို ဖြေဆိုရာမှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ကောင်းကောင်းမွန်မွန် သင့်တင့်လျောက်ပတ်အောင် ဖြေရတာကို ကျင့်သားရနေကြပြီဖြစ်သည်။ပေါ်ယွီကလည်း အဲဒီလိုလေးစားစရာကောင်းတဲ့ အတွေ့အကြုံရှိ ကြယ်ပွင့်တစ်ယောက်ပဲဖြစ်သည်။
မျက်မှန်ဝတ်ထားတဲ့ နောက်ထပ်အမျိုးသားသတင်းထောက်တစ်ယောက်က မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။ " ပေါ်ယွီ , ခင်ဗျားက နှစ်နှစ်လောက် entertainment လောကထဲကနေ ဘာကြောင့်များ ထွက်သွားခဲ့တာပါလဲ ? အင်တာနက်ပေါ်က ကောလဟာလတွေအရ ခင်ဗျားက ဖျားနာနေခဲ့တာကြောင့် ခင်ဗျားရဲ့သရုပ်ဆောင်အလုပ်ကို ရပ်ထားလိုက်ရတယ်ဆိုတာ မှန်ပါသလား ? "
" ဒါက ဒါရိုက်တာဝမ်ရဲ့ ဇာတ်လမ်းမိတ်ဆက်ပွဲပါ ။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ရဲ့အတွင်းရေးကိစ္စတွေကို ပြောဆိုနေတယ် ။ ဒါရိုက်တာဝမ်က စိတ်ဆိုးပြီး ကျွန်တော် သရုပ်ဆောင်ထားတဲ့အပိုင်းတွေကို ဖြတ်ထုတ်ပစ်လိုက်မှာ ကျွန်တော် စိုးရိမ်မိပါရဲ့ " ပေါ်ယွီ ဝိုးတိုးဝါးတားသာ ပြန်ဖြေလိုက်သည်။
" ပေါ်ယွီ , ခင်ဗျားနဲ့ချီယန်ကြားမှာ ဆက်ဆံရေးမကောင်းဘူးလို့ ကျွန်တော် ကြားမိတယ် , အဲဒါ ဟုတ်ပါသလား ? "
အဲဒီစကားလုံးတွေ ထွက်ပေါ်လာလာချင်းမှာပဲ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ချီယန်ကတော့ ထိုင်ခုံပေါ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေပြီး ဖြေရှင်းတာလည်းမလုပ်သလို မမှန်ကန်ကြောင်း ငြင်းဆိုတာလည်းမလုပ်ပေ။
ရန်ဖေးက ညင်သာစွာ ချောင်းဟန့်လိုက်သည်။ " ပေါ်ကောက အရမ်းကောင်းတဲ့သူပါ ။ ကျွန်တော် ရိုက်ကွင်းမှာ ပေါ်ကောက ချီယန်နဲ့အတူတူ ရယ်ရယ်မောမော စကားစမြည်ပြောနေကြတာကို မကြာခဏ မြင်ဖူးပါတယ် ။ မင်းတို့ စိုးရိမ်လွန်နေကြပါပြီ "
ပေါ်ယွီက အံ့အားသင့်သွားတဲ့မျက်နှာအမူအရာနဲ့ ရန်ဖေးကို လှည့်ကြည့်လိုက်သည်။
ဒီလိုအချိန်မျိုးမှာ ရန်ဖေးက သူ့အတွက် ပြောပေးလိမ့်မယ်လို့ ပေါ်ယွီ တစ်ခါမှ မတွေးမိချေ။ဒါပေမယ့် ရန်ဖေးက လူတွေရဲ့အာရုံစိုက်မှုကိုပိုပြီးလိုချင်လို့ ဒီလိုလုပ်တာလည်း ဖြစ်နိုင်တယ်ဆိုပြီး ပေါ်ယွီ နောက်တစ်ကြိမ် စဉ်းစားလိုက်မိသည်။
ဒါ့ပြင် ပေါ်ယွီ ရိုက်ကွင်းကို ရောက်တဲ့အချိန်မှာ ရန်ဖေးက ရိုက်ကွင်းမှာ မရှိသေးပေ။ဒါကြောင့် ရန်ဖေးက သူနဲ့ချီယန်ရဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင်နေနေကြပါတယ်ဆိုတဲ့ မြင်ကွင်းကို မြင်ဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ပေ။
ချီယန်ကတော့ ပေါ်ယွီနဲ့ဆက်ဆံရေးမကောင်းဘူးဆိုတဲ့အကြောင်းနဲ့ပတ်သတ်ပြီး ဖြစ်နိုက်ခြေသဲလွန်စလုံးဝမပါဘဲ မေးခွန်းတွေကို ဖြေခဲ့သည်။
ဒါရိုက်တာဝမ်ဟာ မုန်တိုင်းကြီးကို မရိပ်မိတာကြောင့် တဟားဟားရယ်မောနေလေသည်။
မိတ်ဆက်ပွဲပြီးနောက် ပေါ်ယွီ စင်နောက်မှာ အဝတ်အစားလဲလိုက်သည်။အဲဒီနောက် သူ အနီးအနားမှာ ချီယန်နဲ့ ရယ်မောပြောဆိုနေရင်း မတ်တပ်ရပ်နေတဲ့ ရန်ဖေးကို မြင်လိုက်ရသည်။ပေါ်ယွီက နောက်လှည့်ပြီး ထွက်သွားမလို့လုပ်လိုက်ပေမယ့် မျက်စိလျင်တဲ့ရန်ဖေးက သူ့ကို နာမည်လှမ်းခေါ်လာခဲ့သည်။
ဒါကြောင့် ပေါ်ယွီ မတတ်နိုင်တော့ဘဲ ရန်သူဆီ သွားလိုက်ရတော့သည်။
ချီယန်က ပြောလိုက်သည်။ " ရန်ဖေး , ငါ့ရဲ့လက်ထောက်ကို သွားရှာပြီး သူမကို ငါ့ဖုန်းယူလာပေးဖို့ပြောလိုက် "
ရန်ဖေးရဲ့ စိတ်လှုပ်ရှားနေတဲ့ အပြုံးလေးဟာ လေထဲမှာ တံ့သွားပြီး ချီယန်ကို ခေါင်းငြိမ့်ပြကာ မပျော်မရွှင်မျက်နှာကြီးနဲ့ ထွက်သွားတော့သည်။
ပေါ်ယွီက သူ့လက်တွေကို ရင်ဘတ်ပေါ်မှာ တင်ပြီး ပြောလိုက်သည်။ " မင်းက သူ့ကို ပထုတ်လိုက်တယ်ဆိုတော့ မင်းမှာ ငါ့ကို ပြောစရာအကြောင်းများ ရှိလို့လား ? "
ချီယန်က မျက်လုံးထောင့်စွန်းတွေ ကွေးတက်သွားတဲ့အထိ ပြုံးပြလိုက်ပြီး ပေါ်ယွီရဲ့နား နားကိုကပ်ကာ တစ်လုံးချင်းပြောလာသည်။ " အဲဒီညတုန်းက မင်းရဲ့ပြသာနာကို ဖြေရှင်းဖို့ မင်းကို ဘယ်သူကူညီလိုက်တာလဲ ? "
ပေါ်ယွီရဲ့မျက်နှာပေါ်ကအပြုံးဟာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
" ဆေးက အရမ်း အလုပ်ဖြစ်တာလေ ။ မင်း ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြေရှင်းခဲ့ဖြေရှင်းခဲ့ အရမ်းပင်ပန်းသွားမှာပဲနော် " ချီယန်ရဲ့စကားလုံးတွေဟာ အမုန်းတရားတွေနဲ့ ပြည့်နှက်နေသည်။ " ငါ တကယ့်ကို အဲဒီလူက ဘယ်သူလဲဆိုတာ သိချင်ပေမယ့်လေ ငါ မင်းရဲ့နေရာနဲ့ပတ်သတ်ပြီး ပိုစိတ်ဝင်စားမိတယ်။မင်းက အပေါ်ကလား ? ဒါမှမဟုတ် အောက်ကလား ? "
အောက်ချထားတဲ့ ပေါ်ယွီရဲ့လက်တွေဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတာကြောင့် ကျွိခနဲအသံပင် မြည်လာခဲ့သည်။
" ပေါ်ယွီ , မင်း ပြန်မလာသင့်ဘူး" ချီယန်က အဲဒီစကားကို ပြောပြီးသွားတဲ့အချိန်မှာတော့ သူဟာ ပေါ်ယွီရဲ့မျက်နှာအမူအရာကို ဖတ်ကြည့်ရမှာတောင် ပျင်းရိနေသည်။သူက အမောတကော ပြေးလာပေးတဲ့ ရန်ဖေးဆီကနေ သူ့ဖုန်းကို ဆွဲယူလိုက်ပြီး တစ်ချက်ပြုံးပြကာ ထွက်သွားတော့သည်။
ရန်ဖေးကတော့ သူဟာ ခွေးတစ်ကောင်လိုမျိုး အရူးလုပ်ခံလိုက်ရသလို ခံစားလိုက်ရတာကြောင့် ဒေါသထွက်လာပြီး သူ့ရဲ့မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ဒါပေမယ့် သူ ဘာမှထုတ်မပြောရဲပါပေ။
ရန်ဖေးက ပေါ်ယွီ့ဘက်ကို လှည့်ကာ မေးလိုက်သည်။ " ကောတို့ ဘာတွေပြောခဲ့ကြတာလဲ ? "
" မင်း သူနဲ့ ရယ်မောပြီးပြောဆိုနေတာပဲမဟုတ်ဘူးလား ? ကိုယ့်ဘာသာကိုယ်ပဲ သူ့ကို မေးကြည့်ပေါ့ " ပေါ်ယွီက ရန်ဖေးရဲ့မျက်နှာပေါ်မှာချက်ချင်း ဖြစ်ပေါ်လာတဲ့ အရှက်ရမှုတွေနဲ့ဒေါသတွေကို သတိမထားမိဘဲ အေးစက်နေတဲ့မျက်နှာနဲ့အတူ ထွက်သွားသည်။
ပေါ်ယွီ အခန်းထောင့်မှာ မတ်တပ်ရပ်နေရင်း သူ့ဖုန်းကိုထုတ်ကာ စုန့်ရှီလင်ဆီ ခေါ်လိုက်သည်။
စုန့်ရှီလင်ရဲ့နက်ရှိုင်းပြီး သံလိုက်လို ညှို့ဓါတ်ပါတဲ့အသံဟာ ဖုန်းထဲကနေ ထွက်လာခဲ့သည်။ " ဘာကိစ္စရှိလို့လဲ ? "
ပေါ်ယွီ ဖုန်းထဲကနေပြီး keyboard ရိုက်သံ ခပ်တိုးတိုးကို ကြားလိုက်ရတာကြောင့် ဒီအလုပ်သရဲကတော့ အလုပ်လုပ်နေတုန်းပဲဟဆိုပြီး သူ ခန့်မှန်းလိုက်မိသည်။ " မင်းရဲ့ ခွေးပေါက်လေးကို ရည်းစားကို ထိန်းစမ်းပါဦး ။ တကယ်လို့ သူ ငါ့ကိုလာပြီးရှုပ်လို့ကတော့ ငါ သူ့ကို ပစိဖိတ်သမုဒ္ဒရာထဲ ကန်ချလိုက်ရမှာပဲ "
" ဘာကိစ္စဖြစ်ခဲ့လို့လဲ ? "
တည်ငြိမ်ပြီး သြဇာရှိတဲ့အမျိုးသားဟာ လူငယ်လေးစိတ်ဆိုးနေတာကို ဗွေမယူဘဲ တည်ငြိမ်စွာ မေးလိုက်သည်။အဲဒီအသံမှာဆိုရင် မသိမသာအလိုလိုက်ပေးနေတဲ့ အရိပ်အယောင်မျိုးတောင် ပါနေသည်။
ဒါပေမယ့် စိတ်တိုနေတဲ့ပေါ်ယွီကတော့ ဘာမှသတိမထားမိပေ။ " အဲဒီညက သံပရာရည်မှာ တစ်ခုခုမှားနေတာလေ "
" အဲဒါ ချီယန် သူ လုပ်ခဲ့တာ " keyboard ရိုက်နေတဲ့အသံဟာ ရုတ်ခြည်းရပ်တန့်သွားပြီး အမျိုးသားရဲ့အသံကလည်း တိတ်ဆိတ်သွားသည်။
ပေါ်ယွီ လှောင်ပြောင်လိုက်သည်။ " ငါလေ တကယ့်ကို နားမလည်ဘူး ။ မင်းကပဲ သူ့ကို စိတ်မကျေနပ်စေနိုင်လို့လား ဒါမှမဟုတ် သူကပဲ ဆာလောင်လွန်းနေတာလား ? စုန့်ရှီလင် , ငါ မင်းကို ပြောမယ် ။ မင်းရဲ့ကိစ္စတွေမှာ ငါ့ကို ထပ်ပြီးဆွဲမသွင်းပါနဲ့တော့ "
" ငါ ဖြေရှင်းလိုက်မယ် " စုန့်ရှီလင်က စားပွဲပေါ်ကနေ စာရွက်စာတန်းတစ်ပုံတစ်ပင်ကို ယူကာ လျင်မြန်စွာနဲ့ စေ့စေ့စပ်စပ် ကြည့်ရှူလိုက်ပြီးနောက် လက်မှတ်ထိုးပေးလိုက်သည်။ " စိတ်မဆိုးနဲ့တော့ "
လျင်လျင်မြန်မြန်ပဲ အင်အားပြည့်၀ပြီး အဓိပ္ပါယ်ရှိလှတဲ့ လက်မှတ်တစ်ခုဟာ party A ရဲ့အောက်မှာ ပေါ်လာခဲ့သည်။
အမျိုးသားရဲ့တည်ငြိမ်မှုကြီးတွေကို ရင်ဆိုင်လိုက်ရတဲ့အခါ ပေါ်ယွီ ဘယ်လိုပြန်ပြောရမယ်ဆိုတာ မသိတော့ဘဲ ခဏလောက် စဉ်းစားပြီး ဖြေလိုက်သည်။ " အဲဒီလို မျှော်လင့်ပါတယ် "
စုန့်ရှီလင် ဖုန်းကနေပြီး တတီတီမြည်သံတွေပဲ ကြားလိုက်ရတဲ့အခါ သူ ဖုန်းကို စားပွဲပေါ်တင်လိုက်ပြီး keyboard ဆက်ရိုက်နေတော့သည်။
ဒါပေမယ့် သူ့မျက်နှာပေါ်က အမူအရာကတော့ လျစ်လျူရှူခြင်းတွေကနေ ဒေါသတွေဆီကို ကူးပြောင်းသွားလေသည်။
____________
အလုပ်ကိစ္စတွေကို ဖြေရှင်းပြီးနောက် စုန့်ရှီလင် ကုမ္ပဏီကနေ ထွက်သွားလိုက်သည်။သူက ကုမ္ပဏီနားက တိုက်ခန်းဆီကို ပြန်ရမယ့်အစား စုန့်ရှီလင်က စုန့်အိမ်တော်ကို ပြန်သွားလိုက်သည်။
စုန့်အိမ်တော်၏ ဧည့်ခန်းထဲတွင် စုန့်ရှီလင်နဲ့ ဆင်တဲ့ သတ်လတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ယောက်က လေးနက်တဲ့မျက်နှာအမူအရာနဲ့ ဆိုဖာပေါ်မှာ ထိုင်နေပြီး သူ့ရဲ့ခန္ဓာကိုယ်ကနေ အရမ်းအေးစက်တဲ့အရှိန်အဝါတွေကို ထုတ်လွှတ်နေသည်။ဒါက ပထမဆုံးအကြည့်နဲ့တင် သူ့နားကို ချဉ်းကပ်ဖို့ အရမ်းပဲခက်ခဲနေဟန်ပေါ်သည်။
" ကုမ္ပဏီအခြေအနေ ဘယ်လိုလဲ ? " သူ့သားအတွက် အမြဲတမ်း ဂုဏ်ယူနေတဲ့ စုန့်ရှီလင်ရဲ့ဖခင်က သူ့ရဲ့သားဖြစ်သူကို ကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့မျက်နှာအမူအရာက ပိုပြီးပိုပြီး စိတ်ကျေနပ်အားရလာသည်။
စုန့်ရှီလင်က ဦးညွှတ်လိုက်ပြီး သူ့အဖေဘေးမှာ ဝင်ထိုင်ကာ ဖြေလိုက်သည်။ " အဆင်ပြေပါတယ် "
" မင်းအမေကတော့ လောလောဆယ် မင်းအတွက် blind date စီစဉ်ပေးဖို့ အလုပ်များနေလေရဲ့ ။ မင်းရဲ့သဘောထားကရော ဘယ်လိုလဲ ? " စုန့်ဖေဖေက ပြောလိုက်သည်။ " မင်း ယောက်ျားကြိုက်ကြိုက် မိန်းမကြိုက်ကြိုက် ငါ စိတ်မဝင်စားဘူး ။ မင်း တစ်ယောက်ယောက်ကို တကယ်ချစ်တာပဲဖြစ်ဖြစ် မချစ်တာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး ။ ဒါပေမယ့် ဒါကိုတော့ မှတ်ထားရမယ် ။ စုန့်အုပ်စုရဲ့ဥက္ကဋ္ဌအနေနဲ့ မင်းရဲ့လုပ်ရည်ကိုင်ရည်အစွမ်းအစကို တခြားလူတွေဆီ ပြသဖို့တော့ လိုအပ်တယ် "
စုန့်ရှီလင်က လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်ပြီး ဖခင်ဖြစ်သူနဲ့ဆင်တူတဲ့ သူ့ရဲ့မျက်နှာမှာတော့ တည်ကြည်မှုတွေ ပြည့်နှက်နေသည်။အကွာအဝေးတစ်ခုကနေ မျက်နှာတူတဲ့လူနှစ်ယောက်ဟာ အတူတကွ ထိုင်နေကြသည်။
စုန့်ဖေဖေက သူ့ရဲ့သားဖြစ်သူကို ပိုပြီးကြည့်လေလေ ပိုပြီးစိတ်အားရကျေနပ်လာလေလေပဲဖြစ်သည်။
အခု စုန့်ရှီလင်က အသက်သုံးဆယ်ပဲရှိသေးတာဖြစ်သည်။သူက သူ့ရဲ့အလုပ်ကိစ္စတွေနဲ့သာ အလုပ်ရှုပ်နေသင့်တာဖြစ်ပြီး လက်ထက်တာတွေ အချစ်တွေကို အခုချိန်မှာ ဘေးချိတ်ထားသင့်သည်။အချစ်မှာ နှစ်မြှုပ်နေတဲ့ ယောက်ျားတစ်ယောက်က သူ့ရဲ့အခြေခံစဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းတွေကို ဆုံးရှုံးရလိမ့်မည်။
စုန့်ရှီလင် ပြောလိုက်သည်။ " အဖေ , ကျွန်တော့်ကို နောက်ထပ် ပြောချင်တာရှိသေးလို့လား ? "
" ငါ မင်းနဲ့စကားပြောချင်လို့ မင်းကို ပြန်ခေါ်လိုက်တာ ။ မြို့တော်အနောက်ဘက်က မြေတွေနဲ့ ပတ်သတ်ပြီး မင်းရဲ့ပဏာမအစီအစဉ်က ဘာလဲ ? " ကုမ္ပဏီစီးပွားရေးနဲ့ပတ်သတ်လာရင် စုန့်ဖေဖေက အလွန်ပဲ ခံစားချက်မရှိတော့တဲ့သူဖြစ်သည်။
စုန့်ရှီလင်က မတ်မတ်ထိုင်နေရင်း သူ့ရဲ့အစီအစဉ်ကို ပြန်ပြောပြနေသည်။
ဧည့်ခန်းထဲမှာ စုန့်သားအဖနှစ်ယောက်က အသံခပ်တိုးတိုးနဲ့ စကားပြောဆိုနေကြသည်။
တည်ကြည်လေးနက်တဲ့ ယောက်ျားနှစ်ယောက်က အတူတကွ ထိုင်နေကြတဲ့အချိန်မှာ ပတ်ဝန်းကျင်ဟာ တင်းမာနေသည်။ဒါကြောင့် အဲဒီအချိန်တိုလေးအတွင်းမှာတောင် အိမ်တော်မှာရှိတဲ့ အစေခံအလုပ်သမားတွေဟာ ဧည့်ခန်းထဲကို ဝင်သွားဖို့ မဝံ့ရဲကြချေ။
.
.
.
.
.
.
.
Online class သင်နေလို့ အလုပ်ရှုပ်နေလို့ပါ။ပိုပြီး update မြန်အောင်ကြိုးစားပါ့မယ် !