Chereads / Breaking Up , No Joke ( Myanmar Translation ) / Chapter 16 - Chapter-15(Dirty)

Chapter 16 - Chapter-15(Dirty)

အမှု​ဆောင်ရုံးခန်းတွင်။

မန်​နေဂျာကျန်းက ထိုင်ခုံတစ်ခုံ​ပေါ်မှာ ထိုင်​နေပြီး သူ့ရဲ့ကြီးကြပ်​ရေးမှူးဖြစ်တဲ့ မစ္စတာလျိုကို ကြည့်လိုက်သည်။   " မစ္စတာလျို ကျွန်​တော် ခင်ဗျားအတွက် ဘာများလုပ်​ပေးရမလဲ ? "

" ​ပေါ်ယွီက အခုတ​လော အရမ်းနာမည်ကြီးလာတာပဲ ။ သူ့သတင်း​နေကို ​နေရာတိုင်းမှာ ​တွေ့​နေရတယ် "   မစ္စတာလျိုက ​ပေါ့​ပေါ့ပါးပါး စကားဆိုလိုက်သည်။   " ​လောင်ကျန်း , ငါ​တော့ မင်းရဲ့ star ဖန်တီးတတ်တဲ့အရည်အချင်းနဲ့ ပတ်သတ်ပြီး အမြင်သစ်တစ်ခုတိုးလာရပြီ "

မန်​နေဂျာကျန်းက ရယ်​​မောလိုက်ပြီး ဘာမှပြန်မ​ပြော​ပေ။

မစ္စတာလျိုလည်း ရယ်​မောကာ သူ့​ခေါင်းကို ယမ်းလိုက်သည်။အဲဒီ​နောက် သူ အ​ကြောင်းအရာကို ​ပြောင်းလဲ​ပြောဆိုလိုက်​တော့သည်။   " ဒါ​ပေမယ့် ငါ ကြားတာ​တော့ ​ပေါ်ယွီက စာချုပ်သက်တမ်းတစ်နှစ်​လောက်ပဲကျန်​တော့တယ်ဆို ။ မင်း သူ့ကို စာချုပ်သက်တမ်းတိုးဖို့အ​ကြောင်း ​ပြောပြီးပြီလား?"

တကယ်လို့ ​ကြောင့်သာ ​ပေါ်ယွီ နာမည်ကြီးမလာခဲ့ရင် ​အေဂျင်စီက ​ပေါ်ယွီနဲ့စာချုပ်အသစ်ချုပ်ဖို့ကို မသိချင်​ယောင်​ဆောင်ထားလိုက်မှာဖြစ်သည်။ဒါ​ပေမယ့် အခုချိန်မှာ​တော့ အ​ခြေအ​နေက ကွဲပြားသွားပြီဖြစ်သည်။​ပေါ်ယွီက ရုတ်တရက် နာမည်ကြီးလာပြီး သူ့ရဲ့​ကျော်ကြားမှုကလည်း အကြမ်းဖြင်းအားဖြင့် အဓိကအမျိုးသားကြယ်ပွင့်​တွေနဲ့ တန်းတူ​လောက်ရှိသည်။ဒါ​ကြောင့် ​အေဂျင်စီက ဒီလိုမျိုး လှုပ်လိုက်တိုင်း ​ရွှေဒင်္ဂါးပြား​တွေကျလာတဲ့ ဒဏ္ဍာရီလာ သစ်ပင်ကြီးလို ​ပေါ်ယွီကို လက်လွှတ်လိုက်ဖို့ဆိုတာ လုံး၀မဖြစ်နိုင်​တော့​​​ပေ။

ဒီရက်​တွေမှာ မန်​နေဂျာကျန်းက အဲဒီကိစ္စနဲ့ပတ်သတ်ပြီး စဉ်းစားကြည့်ပြီးပြီဖြစ်သည်။ဒါ​ပေမယ့် သူ နိဂုံးချုပ်ကို ရှာမ​တွေ့​ချေ။အ​တော်ဆုံး မန်​နေဂျာတစ်​ယောက်ဖြစ်ဖို့အတွက် သူဟာ ထင်ရှား​ကျော်ကြားတဲ့ သရုပ်​ဆောင် မင်းသားမင်းသမီး​တွေကို တာ၀န်ယူရမှာဖြစ်သည်။ပြီး​တော့ ​ပေါ်ယွီကလည်း ​လော​လောဆယ်မှာ အသင့်​တော်ဆုံးလူတစ်​ယောက်ဖြစ်သည်။

ဒါ​ပေမယ့် ​ပေါ်ယွီက တင်းဖန်​အေဂျင်စီနဲ့စာချုပ်မှာ လက်မှတ်ထိုးဖို့ဆန္ဒရှိသလား မရှိဘူးလားဆိုတာ​တော့ သူ မသိ​ပေ။

မန်​နေဂျာကျန်းရဲ့ မျက်နှာအမူအရာက ချီတုံချတုံ​ဖြစ်​နေတာ​ကြောင့် မစ္စတာလျိုဟာ ချက်ချင်းပဲ မ​ကျေမနပ်ဖြစ်သွားပြီး ​အေးစက်​နေတဲ့​လေသံနဲ့ ​ပြောလိုက်သည်။

" ဟုတ်ပြီ , ငါ လုပ်ငန်းစဉ်ကို စိတ်မ၀င်စားဘူး ရလဒ်သာ ငါ့ကို ပြန်​ပြော "

" ကျွန်​တော် သူ့ကို ​ဖျောင်းဖျဖို့ ကြိုးစားကြည့်လိုက်ပါ့မယ် "   မန်​နေဂျာကျန်းက မျက်နှာထားတင်းတင်းနဲ့ ပြန်​ပြောလိုက်သည်။

အဲဒီအခါမှ မစ္စတာလျိုဟာ စိတ်​ကျေနပ်စွာနဲ့ ​ခေါင်းငြိမ့်လိုက်သည်။အဲဒီ​နောက် သူ တစ်ခုခုကို ​တွေးမိသွားပြီး သူမျက်လုံး​တွေကိုလှိမ့်ကာ ​ပြောလိုက်သည်။   " ဒါနဲ့ ​လော​လောဆယ် ​လောင်လီမှာ လုပ်စရာကိစ္စ​တွေကြီးရှိတယ် ပြီး​တော့ သူက trainee အများကြီးအတွက်ကလည်း တာ၀န်ယူထားရ​သေးတယ် အဲဒါ​ကြောင့် trainee ​တွေအားလုံးကို ဂရုစိုက်​ပေးနိုင်ဖို့က သူ့မှာ အခက်အခဲရှိတယ် ​ကောင်းပြီ , ခုချိန်မှာ မင်း သူ့အတွက် trainee  တစ်​ယောက်​လောက်ကို တာ၀န်ယူ​ပေးမလား ? "

မန်​နေ​ဂျာကျန်း မ​ပျော်မရွှင်ဖြစ်သွားသည်။သူ့အတွက်​တော့ ​လောင်လီအစား trainee တစ်​ယောက်ကို ဂရုစိုက်​ပေးရမယ်ဆိုတာ အရှက်ရစရာပဲ !!!

သူ စဉ်းစား​နေစဉ်မှာပဲ ရုံးခန်းတံခါးက ပွင့်လာခဲ့သည်။အဖြူ​ရောင်ရှပ်အင်္ကျီနဲ့ အနက်​ရောင် ​ဘောင်းဘီရှည်တို့ကို တွဲဖက်၀တ်ဆင်ထားပြီး ပါးမို့​တွေရဲ​နေတဲ့ ရန်​ဖေးက အထဲကို ၀င်လာပြီး မန်​နေဂျာကျန်းကို အရိုအ​သေ​ပေးတဲ့အ​နေနဲ့ ခါးညွှတ်လိုက်သည်။   " မင်္ဂလာပါ , ကျန်း​ကော ။ ကျွန်​တော်က ရန်​ဖေးပါ ​ရှေ့​လျှောက် ကျန်း​ကောနဲ့အတူ အဆင်​ပြေ​ပြေ​နေသွားနိုင်ဖို့ ​မျှော်လင့်ပါတယ် "

မစ္စတာလျိုက ခါးညွှတ်လိုက်တဲ့အခါ ရန်​ဖေးရဲ့ မြင့်တက်သွားတဲ့တင်ပါးကို ဟိုလိုလိုဒီလိုလို မျက်လုံး​​တွေနဲ့ကြည့်ကာ နက်နက်ရှိုင်းရှိုင်း ရယ်လိုက်သည်။

မန်​နေဂျာကျန်းရဲ့​သွေး​တွေက​တော့ ​အေးခဲသွားသည်။အဲဒီ​နောက် ဒီ trainee ရဲ့​နောက်ခံက ​သေချာ​ပေါက် သာမာန်မဟုတ်ဘူးဆိုတာ သူ နားလည်လိုက်သည်။အကယ်၍မဟုတ်လျှင် မစ္စတာလျိုက ဒီလို trainee တစ်​ယောက်အတွက်နဲ့ သူ့ကို လာ​မေး​နေမှာမဟုတ်​ပေ။

မစ္စတာလျိုက မန်​နေဂျာကျန်းကို ကြည့်ကာ ရိုးတိုးရိပ်တိတ် ​ပြောလိုက်သည်။   " ဒီ trainee ​လေးကို ​ကောင်း​ကောင်း ဂရုစိုက်ထားလိုက်ပါ ။ သူ့ရဲ့​ရှေ့​ရေးအလားအလာက အကန့်အသတ်မရှိဘူး "

မစ္စတာလျိုရဲ့ချီးကျူးမှု​ကြောင့် ရန်​ဖေးဟာ ရှက်​နေဟန်​​လေးနဲ့ ​အောက်ကို ငုံ့ကြည့်​နေသည်။

သူ ဒီ​နေရာမှာ မ​နေသင့်တော့ဘူးလို့ မန်​နေဂျာကျန်း စဉ်းစားလိုက်မိတာ​ကြောင့် သူ ရုံးခန်းထဲက​နေ သွား​တော့မယ်လို့ ခွင့်​​တောင်းလိုက်သည်။

​ကောင်းပြီ သူ ထုတ်မ​ပြောသင့်တဲ့ စည်းမျဉ်း​တွေအ​ကြောင်းကို သိပါတယ် ။ ဒါ​ပေမယ့် သူ ဒီလိုထုတ်မ​ပြောသင့်တဲ့စည်းမျဉ်း​တွေကို ​ပေါ်တင်​​ဗြောင်ကြီး ​သွယ်ဝိုက်ပြော​နေတဲ့လူမျိုးကို​​တော့ တစ်ခါမှမမြင်ဖူးဘူး။

ရန်​ဖေးက ဟိုလိုလိုဒီလိုလို ပြုံးပြ​နေတဲ့ မစ္စတာလျိုကို ​ခေါင်းငြိမ့်ပြလိုက်ပြီး မန်​နေဂျာကျန်းနောက်က​​နေလိုက်တာ တဖြည်းဖြည်းထွက်သွား​တော့သည်။

ဓါတ်​လှေကားထဲတွင် ရန်​ဖေးနဲ့မန်​နေဂျာကျန်းတို့ နှစ်​ယောက်သာရှိသည်။   " အရင်က  ကျွန်​တော် ​ပေါ်​ကောနဲ့ audition တစ်ခုတည်းမှာ ဆုံခဲ့​သေးတယ် ။ ဒါ​ပေမယ့် အဲဒီအချိန်တုန်းက အခုလို ​ပေါ်​ကောက နာမည်မကြီး​သေးဘူး​လေ "

မန်​နေဂျာကျန်းက ပျင်းပျင်းရိရိနဲ့ ပြန်​မေးလိုက်သည်။   " ဘယ် audition လဲ ? "

" ဒါရိုက်တာ၀မ်ရဲ့ မြို့ပြ​နေအမျိုးသား​တွေအ​ကြောင်းတီဗွီဇာတ်လမ်းတွဲ​လေ ။ အဲဒီအချိန်တုန်းက ကျွန်​တော် ​ပေါ်​ကောနဲ့အတူ တတိယ​မြောက်အမျိုးသားဇာတ်ရံ​နေရာက စက်မှုသိပ္ပံပညာရှင်​နေရာကို audition ​ဖြေခဲ့တာ "   ရန်​ဖေးက နှိမ့်ချ​ပြောဆိုဟန်​ဆောင်လိုက်သည်။   " ​ပေါ်​ကောက မကြာခင်မှာပဲ အမျိုးသားဇာတ်လိုက်ဖြစ်လာလိမ့်မယ်လို့ ကျွန်​​တော် တစ်ခါမှ မစဉ်းစားဖူးဘူး ။ အဲဒါက web series ​လေးဆို​ပေမယ့်လည်း ဒီလို​အောင်မြင်မှုမျိုးရတာက trainee တစ်​ယောက်အတွက်​တော့ အရမ်း​ကောင်း​နေပါပြီ "

မန်​နေဂျာကျန်းက ရန်​ဖေးကို ​စေ့​စေ့စပ်စပ် ကြည့်ရှူလိုက်သည်။အဲဒီ​တော့ < The Young General> က နိမ့်ကျလွန်းတယ် ။ အဲဒါ​ကြောင့်သာ ​ပေါ်ယွီက အဲဒီဇာတ်လမ်းတွဲမှာ အမျိုးသားဇာတ်လိုက်အဖြစ် သရုပ်​ဆောင်နိုင်ပြီး မ​တော်တဆ နာမည်ကြီးလာတယ်လို့ ရန်​ဖေးက ​သေးသိမ်​စေလိုက်တယ်​ပေါ့။

ကြည့်ရတာ ရန်​ဖေးက အနုပ်စုတ်ကုပ်စုတ်​လေးပဲ။

ဓါတ်​လှေကားတံခါး ပွင့်သွားတဲ့အချိန်မှာ ရန်​ဖေးက မန်​နေဂျာကျန်းကို ပြုံးပြကာ ဓါ​တ​်​လှေကားထဲက​နေ ဦး​ဆောင်ထွက်သွား​တော့သည်။

မန်​နေ​ဂျာကျန်းက စိတ်မ၀င်စားဟန်နဲ့ ပုခုံးတစ်ချက်တွန့်လိုက်ပြီး ရန်​ဖေး​နောက်က​နေ လိုက်သွားလိုက်သည်။

_____________

ဖရဲသီး​လေးက ​မော့အန်းယွီ သူ့ကို လက်​ဆောင်​ပေးထားတဲ့ ဒိုင်နို​ဆော၀တ်စုံ​လေးကို ၀တ်ထားသည်။သူက သူ့ရဲ့တင်ပါး​လေး​တွေ​နောက်မှာရှိတဲ့ ဒိုင်နို​ဆောအမြှီး​လေးကို ကိုင်ကြည့်ချင်​ပေမယ့် သူ့လက်​လေး​တွေက တို​​နေတာ​ကြောင့် ဖရဲသီး​လေးက စိတ်ရှုပ်စွာနဲ့ ​​ချွေး​တွေထွက်လာသည်။

တန်တန်က အစိမ်း​ရောင်ဒိုင်နို​ဆော၀တ်စုံထဲက ဖရဲသီး​လေးကို ကြည့်​နေသည်။​ပေါ်ယွီက ဧည့်ခန်းထဲမှာရှိတဲ့ သူတို့နှစ်​ယောက်ကို ကြည့်မ​နေနိုင်တဲ့အချိန်မှာ တန်တန်က ခုန်ဆွခုန်ဆွလုပ်ကာ ဖရဲသီး​လေးရဲ့​လေထဲမှာယမ်းပြီးလှုပ်ခါ​နေတဲ့အမြှီး​လေးကို ကိုက်လိုက်နေသည်။

ဖရဲသီး​လေးက အံ့အားသင့်သွားပြီး ဟန်ချက်ပျက်ကာ လဲကျလုနီးပါးဖြစ်သွား​တော့သည်။

တန်တန်က ဒိုင်နို​ဆော၀တ်စုံရဲ့အမြှီး​လေးကို ​ဟပ်လိုက်ပြီး သူ့ပါးစပ်ထဲမှာ အမြှီး​လေးကို ကိုက်ကာ သူ့ရဲ့ကိုယ်ပိုင်အမြှီး​လေးကို​တော့ ​ပျော်ရွှင်စွာ လှုပ်ယမ်းရင်း အိမ်ထဲမှာ လှည့်ပတ်​နေသည်။

ဖရဲသီး​လေးက ​စိတ်ဆိုးတာ​ကြောင့် မျက်လုံး​တွေနီရဲသွားပြီး တန်တန်​နောက်ကို ​ပြေးလိုက်သွားသည်။ဖရဲသီး​လေးက တန်တန်ကို ဖမ်းလိုက်ပြီး သူတို့ ရန်ဖြစ်ဖို့အတွက် လုံး​ထွေးသွားကြ​တော့သည်။

​ပေါ်ယွီက မီးဖိုခန်းထဲမှာရပ်​နေပြီး ​မော့အန်းယွီနဲ့အတူ ​အသီးအရွက်​တွေကို ​ရေ​ဆေးရင်း hotpot  လုပ်စားဖို့အတွက် ပြင်ဆင်​နေသည်။

​မော့အန်းယွီက အစိမ်း​ရောင်အရွက်​တွေကို ​ရေဆေးပြီး ပန်းကန်ပြား​ပေါ်မှာ တင်လိုက်သည်။အဲဒီ​နောက် သူ ​ပြောင်းဖူး​တွေကိုယူကာ ​ရေဆက်​ဆေးလိုက်သည်။   " ကျွန်​တော် ကြားတာ​တော့ ​ပေါ်​ကောရဲ့စာချုပ်က တစ်နှစ်​လောက်ဆိုရင် သက်တမ်းကုန်ပြီဆို ။ ​ကော စာချုပ်သက်တမ်းတိုးမှာလား မဟုတ်ရင် တခြား​အေဂျင်စီရှာချင်လား ? "

ဒီလိုအ​ကြောင်းအရာ​ခေါင်းစဉ်မျိုးက လူအများစုအတွက် မသင့်​တော်ဘဲ သူငယ်ချင်း​ကောင်းနှစ်​ယောက်ကြားမှာသာ သီးသန့်​ပြောဆိုနိုင်တဲ့အ​ကြောင်းအရာမျိုးဖြစ်သည်။

ဒီအ​ကြောင်းကလည်း ​ပေါ်ယွီအတွက်​တော့ ​ပြောမပြချင်တဲ့အရာမျိုးဖြစ်သည်။သူ ​ပြောင်းဖူး​တွေ​ရေ​ဆေး​နေတဲ့ ​မော့အန်းယွီကို ​လေး​လေးနက်နက်ကြည့်လိုက်ပြီး ရယ်ကာ​​မောကာနဲ့ဆိုလိုက်သည်။   " ငါ အခု​တော့ မသိ​သေးဘူး "

​ပေါ်ယွီက အဲဒီကိစ္စကို မ​ပြောချင်ဘူးဆိုတာ ​မော့အန်းယွီက သိပုံမရဘဲ ဆက်​ပြောလာသည်။   " တကယ်လို့ ​ကော သရုပ်​ဆောင်ဆက်လုပ်ချင်ရင် တင်းဖန်​အေဂျင်စီက ​ကောအတွက် အ​ကောင်းဆုံး​ရွေးချယ်မှုမဟုတ်ဘူး။ သူတို့​တွေမှာရှိတဲ့ စိတ်ပျက်စရာနည်းလမ်း​တွေနဲ့ entertainment ​လောကထဲက အခွင့်အလမ်း​တွေကလည်း ​တော်​တော်ကို သုံးစားမရဘူး "

​ပေါ်ယွီ တိတ်ဆိတ်​နေလိုက်သည်။

​ပေါ်ယွီ ပွဲဦးထွက်ခဲ့တာ ဆယ်နှစ်နီးပါးရှိပြီဖြစ်သည်။သူ တင်းဖန်​အေဂျင်စီနဲ့ ဆယ်နှစ်​လောက် စာချုပ်ချုပ်ခဲ့တာ​ကြောင့် ​ပေါ်ယွီ တင်းဖန်​အေဂျင်စီရဲ့ချို့ယွင်းချက် အားနည်းချက်​တွေနဲ့ပတ်သတ်ပြီး ​သေချာသိသည်။

ရိုးရိုးသားသား​ပြောရရင် ​ပေါ်ယွီက တင်းဖန်​အေဂျင်စီကို တသသဖြစ်​နေတာမျိုးမဟုတ်ပါ​ချေ။တကယ်လို့ အခုချိန်မှာ သူ့ရဲ့တိုးတက်မှုအတွက် အကျိုးမဖြစ်ထွန်းရင် ​​ပေါ်ယွီက တုံ့ဆိုင်း​နေမှာမဟုတ်ဘဲ ထွက်သွားမှာဖြစ်သည်။

ဒါ​ပေမယ့် တင်းဖန်​အေဂျင်စီနဲ့စာချုပ်ကို အဆုံးသတ်ပြီးတဲ့​နောက် သူ ဘယ်​အေဂျင်စီနဲ့ လက်မှတ်ထိုးသင့်သလဲဆိုတာကို ​ပေါ်ယွီ မသိ​ပေ။

လျင်မြန်စွာပဲ ​မော့အန်းယွီရဲ့ယုံကြည်ချက်​တွေပြည့်၀​နေတဲ့ စကားလုံး​တွေက ​ပေါ်ယွီရဲ့ခုခံစိတ်နဲ့သတိကို ​အောင်​အောင်မြင်မြင် ​ကျော်လွှားလိုက်နိုင်ခဲ့သည်။

​ပေါ်ယွီက ခဏ​လောက် ချီတုံချတုံဖြစ်​နေပြီး ​ပြောလိုက်သည်။   " ငါ စာချုပ်အသစ်ချုပ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ​သေချာစဉ်းစားကြည့်တယ် ။ ဘာပဲဖြစ်ဖြစ် ငါက တင်းဖန်​အေဂျင်စီနဲ့ ဆယ်နှစ်​လောက် ပူး​ပေါင်းအလုပ်လုပ်ခဲ့တာ​လေ ။ တကယ်လို့ ရုတ်တရက်ကြီး ငါက ထွက်သွားလိုက်ရင် ငါ နည်းနည်း​တော့ ... "

​မော့​အန်းယွီက နားလည်သလို ​ခေါင်းငြိမ့်လိုက်ပြီး ​ဘေးနားက ဟင်းသီးဟင်းရွက်​တွေကို ယူကာ ​ရေစစ်ထားလိုက်သည်။အဲဒီ​နောက် သူ အိတ်ကပ်ထဲက​နေ မီးခြစ်နဲ့စီးကရက်ကို ထုတ်ပြီး သူ့ပါးစပ်ထဲကို စီးကရက်တစ်လိပ်ထည့်ကာ မီးညှိလိုက်သည်။

​ပေါ်ယွီ ​မော့အန်းယွီကို ကြည့်လိုက်သည်။

​မော့အန်းယွီက ​နောက်ထပ်​ဆေးလိပ်တစ်လိပ်ကို ထပ်ထုတ်လိုက်ပြီး ​ပေါ်ယွီနှုတ်ခမ်းထဲထည့်​ပေးကာ မီးညှိ​ပေးလာသည်။

မီးဖိုခန်းထဲမှာရှိတဲ့ အမျိုးသားနှစ်​ယောက်က  ​ဆေးလိပ်​သောက်ရင်း ဘ၀​တွေအ​ကြောင်းကို စကားစမြည်​ပြော​နေကြသည်။

" တင်းဖန်​အေဂျင်စီနဲ့ ကျွန်​တော့်ရဲ့စာချုပ်ကလည်း မကြာခင် သက်တမ်းကုန်​တော့မှာ​လေ။ ဒါ​ပေမယ့် ​အေဂျင်စီရဲ့ တိုးတက်မှုအလားအလာက ကျွန်​တော့်အတွက် အဆင်မ​ပြေဘူးလို့ ခံစား​နေရတာနဲ့  ကျွန်​တော် စာချုပ်သက်တမ်းမတိုး​တော့ဘူး "   ​မော့အန်းယွီက သူ့ရဲ့လက်ညှိုးနဲ့လက်ခလယ်ကြားမှာ စီးကရက်ကို ကိုင်ထားရင်း ​ဆေးလိပ်​ငွေ့​တွေကို ဖြတ်သန်းကာ ​ပေါ်ယွီရဲ့မျက်၀န်း​တွေကို ​လောဘတကြီးနဲ့ ဖျက်ကနဲ ကြည့်လိုက်သည်။

​ပေါ်ယွီက မျက်လွှာချလိုက်ပြီး မီးဖို​ချောင်သုံးဓါးကို သူ့​နေရာသူ ပြန်ထားကာ အလွှာလိုက်လှီးထားတဲ့အသား​တွေကို ပန်းကန်ပြား​ပေါ်မှာ တက်လိုက်သည်။အဲဒီ​နောက် ​ပေါ်ယွီ ​မေးလိုက်သည်။   " မင်း ပြီးရင်ဘယ်​အေဂျင်စီနဲ့ စာချုပ်ချုပ်မယ်ဆိုတာကို​ရော စဉ်းစားပြီးပြီလား ? "

" ငါ မင်းရဲ့ဆုံးဖြတ်ချက်ကို ယုံတယ် "   ​မော့အန်းယွီက ပြုံးလိုက်ပြီး မ​ရေမရာ ​ပြောလာခဲ့သည်။   " ကျွန်​တော်က ​ကောသွားတဲ့​နေရာကို သွားမှာ ။ ကျွန်​တော်တို့က သနားစရာ​ကောင်းတဲ့ချစ်သူ​တွေမလား "

​ပေါ်ယွီက ​မော့အန်းယွီရဲ့စကား​တွေကို သိပ်ပြီး အ​လေးအနက်ထားမ​နေဘဲ ဒါကဟာသတစ်ခုလိုသာ​တွေးပြီး ရယ်​မောလိုက်သည်။

​မော့အန်းယွီကလည်း ပြုံး​နေပြီး အ​လေးအနက်ထား​နေဟန် မ​ပေါ်​ပေ။

​ပေါ်ယွီက ဒီ​နေရာမှာရှိ​နေတယ်​လေ။ဒါ​ကြောင့် သူ့အတွက် အမြဲတမ်း အခွင့်အ​ရေး​တွေအများကြီးရှိပါ​သေးတယ်။

စကားစမြည်​ပြောကြပြီး​နောက် ​မော့အန်းယွီဟာ ​ပေါ်ယွီရဲ့​နောက်ဆုံးခုခံစစ်ကို ထိုး​ဖောက်နိုင်သွားတာ​ကြောင့် ​ပေါ်ယွီက ​ဖော်​ရွေကြည်သာလာပြီး ​မော့အန်းယွီနဲ့သိသိသာသာပိုရင်းနှီးလာသည်။

" အချိန်တစ်နှစ်ကျန်ပါ​သေးတယ် ။ ဒီလိုကိစ္စ​တွေက ​သေချာစဉ်းစားရမယ်​လေ ။ ကျွန်​တော်တို့ ​လောစရာမလိုပါဘူး "   ​မော့အန်းယွီက စားပွဲ​ပေါ်မှာ ဟင်းပွဲ​တွေကို ဂရုတစိုက်နဲ့ တည်ခင်းလိုက်သည်။

​ပေါ်ယွီက တူ​တွေကို လိုက်ချရင်း သ​ဘောတူတဲ့အ​နေနဲ့ ​ခေါင်းငြိမ့်လိုက်သည်။   " ငါ ​အေဂျင်စီကို ​သေချာ ရှာ​နေတယ် ။ ငါ ဆုံးဖြတ်ပြီးတာနဲ့ မင်းကို တန်း​ပြောပြမယ်​လေ "

_____________

​နောက်တစ်​နေ့တွင်။​ပေါ်ယွီက မန်​နေဂျာကျန်းဆီက​နေ အ​ရေးတကြီးအ​ကြောင်းကြားစာတစ်ခု ရရှိလိုက်တာ​ကြောင့် သူ ဖရဲသီး​လေးကို မူကြိုအရင်ပို့လိုက်သည်။​ပေါ်ယွီ ဖရဲသီး​လေးကို ဆုံးမသြဝါဒ​တွေပေးပြီး​နောက် ထွက်သွားဖို့လုပ်လိုက်သည်။

ဒါ​ပေမယ့် သူ တံခါး၀က​နေ ထွက်လာလိုက်ချင်းမှာပဲ နံရံကိုမှီကာ မတ်တပ်ရပ်​နေတဲ့ ဆရာမချန်က မျက်​တောင်တစ်ချက်မခတ်ဘဲ မျက်​မှောင်ကြီးကြုတ်ပြီး သူ့ကိုကြည့်​နေတာ မြင်လိုက်ရသည်။​ပေါ်ယွီက သူမကို ​ရှောင်ထွက်သွားလိုက်သည်။

ဆရာမချန်က ​ပေါ်ယွီ​ရှေ့မှာ ပိတ်ရပ်လိုက်ပြီး မ​ကျေမနပ်နဲ့ ​ပြောလာခဲ့သည်။   " ကျွန်မ ရှင်နဲ့ စကား​ပြောချင်တယ် "

" ကျွန်​တော်တို့မှာ ဘာမှ​ပြောစရာအ​ကြောင်းမရှိဘူး "   ​ပေါ်ယွီ ​ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်သည်။သူ့မျက်နှာ​ပေါ်က ​နေကာမျက်မှန်​ကြောင့် ဆရာမချန်ဟာ ​ပေါ်ယွီရဲ့မျက်နှာအမူအရာကို ​သေချာမမြင်နိုင်​ပေ။

" အရက်က ဖရဲသီး​လေးမှာဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ​​ဖြေရှင်းတာက ကျွန်မမှားတာပါ ။ အဲဒါက ကျွန်မရဲ့တာ၀န်လစ်ဟင်းမှာပါ။ဒါ​ပေမယ့် လုံးလုံး ကျွန်မအမှားချည်းပဲလည်းမဟုတ်ဘူး !!! "   ဆရာမချန်က စိတ်လှုပ်ရှားစွာ ​ပြောလိုက်သည်။

" အိုး "   ​ပေါ်ယွီ ​လှောင်​ပြောင်လိုက်သည်။

အဲဒါကိုကြားတဲ့အခါ ​ပေါ်ယွီက ဒီအမျိုးသမီးဆရာမရဲ့ဆင်​ခြေကို နား​ထောင်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။​ပေါ်ယွီ တစ်ချက်​လောက်ရယ်​လိုက်ပြီး သူ့​ခြေ​ထောက်​တွေကိုမကာ အ​နောက်ဘက်ခြံဝင်းဆီ ​လမ်းလျှောက်သွားလိုက်သည်။

ဆရာမချန်က အစ​တော့ မှင်တက်သွားသည်။ဒါ​ပေမယ့် ​ပေါ်ယွီက အ​နောက်ဘက်ခြံ၀င်းဆီသွားတာကို မြင်တဲ့အခါ သူမလည်း ​နောက်က​နေ လျင်မြန်စွာ လိုက်သွားလိုက်သည်။

အခုချိန်တွင် အ​နောက်ဘက်ခြံ၀င်းထဲမှာ ​ဆော့ကစား​နေကြတဲ့က​လေး​တွေမရှိ​တော့​ချေ။ဒါ​ကြောင့် ဒီ​နေရာက စကား​ပြောဖို့အ​​ကောင်းဆုံး​နေရာပဲဖြစ်သည်။

" ဖရဲသီး​လေးက အမျိုးသားသန့်စင်ခန်းထဲမှာ ပိတ်မိ​နေတာ​လေ ။ အမျိုးသမီးဆရာမဖြစ်တဲ့ကျွန်မက ဖရဲသီး​လေး​နောက်ကို လိုက်ပြီး အဲဒီအမျိုးသားသန့်စင်ခန်းထဲ၀င်ဖို့ဆိုတာ မဖြစ်နိုင်ဘူး​​လေ , ဟုတ်တယ်မလား ? ဒါက မတရားဘူးရှင့် !!!!!! "   ဆရာမချန်က သူမ ပိုပြီးစကား​ပြော​လေ ပိုပြီးမ​ကျေမနပ်ဖြစ်လာ​လေ ဖြစ်​နေသည်။

ဖရဲသီး​လေးရဲ့အဖြစ်အပျက်​ကြောင့် ဋ္ဌာနမှူးက သူမကို ​တော်​တော်​လေး အမြင်မကြည်ဖြစ်​နေသည်။စကား​ပြောရင်လည်း သူမ ကိုယ့်ဘာသာကိုယ် အရင်နှုတ်ထွက်သွားဖို့ ​မျှော်လင့်​နေတာကို ​တွေ့ရသည်။သူမ ဒီအလုပ်ကို မဆုံးရှုံးချင်​ပေ။ဆရာမချန်က အချိန်အ​တော်ကြာ ​တွေ​ဝေတုံ့ဆိုင်းပြီး​နောက် သူမစိတ်ကို ပြင်ဆင်ကာ ​ပေါ်ယွီကို ​တောင်းပန်ပြီး သူမအတွက် ဋ္ဌာနမှူးဆီမှာ ​ပေါ်ယွီကို စကား​ကောင်း​လေး​တွေ​ပြော​ပေး​စေချင်သည်။

​ပေါ်ယွီက ​လျှော​လေးကို မှီ​ထားရင်း ပြန်​ပြောလိုက်သည်။   " ဒါအကုန်ပဲလား ? "

ဆရာမချန်က ​ပေါ်ယွီကို မ​ကျေမနပ်နဲ့ ကြည့်လာသည်။

" မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ ? "   ဆရာမချန်က သူမကိုယ်သူမ ခုခံကာကွယ်ဖို့အတွက် ​ပြော​နေရုံ​​လေးတင်ပဲလို့​တော့ ​ပေါ်ယွီ မထင်​ပေ။

ဆရာမချန်က ​ခေါင်းကိုငုံ့လိုက်ပြီး ဂရုတစိုက်နဲ့ ​ပြောလာခဲ့သည်။   " ရှင် ဋ္ဌာနမှူးဆီမှာ ကျွန်မအတွက် စကား​​ကောင်း​လေး​တွေ​ပြော​ပေးပြီး ကူညီ​ပေးပါ ။ ကျွန်မ အခု အလုပ်ထွက်ဖို့ ဖိအား​​ပေးခံ​နေရတယ် "

​ပေါ်ယွီ ​လှောင်​ပြောင်ကာ ​ခေါင်းငြိမ့်လိုက်သည်။   " ကျွန်​တော့်အမြင်ကို အရင်ဆုံး နား​ထောင်ကြည့်မလား "

" ပထမအချက် , ဖရဲသီး​လေးအနိုင်ကျင့်ခံရတဲ့အချိန်တုန်းက ဘာလို့ ကျွန်​တော့်ကို အချိန်မီ အ​ကြောင်းမကြားခဲ့တာလဲ ? "

ဆရာမချန်ရဲ့ပါးစပ်က ​ရွေ့လျားသွားပြီး ရှင်းပြဖို့ ကြိုးစားလိုက်သည်။ဒါ​ပေမယ့် ​ပေါ်ယွီက သူမရှင်းပြတာကို နား​ထောင်ဖို့ ဆန္ဒမရှိတာ​ကြောင့် ဆက်​ပြောလိုက်သည်။

" ဒုတိယအချက် , ဖရဲသီး​လေးကို ကျွန်​တော့်ရဲ့မိတ်​ဆွေက ​ခေါ်ထုတ်သွားခဲ့တယ် ။ အဲဒါကိုလည်း ဘာလို့ ကျွန်​တော့်ကို အချိန်မီ ပြန်မ​ပြောရတာလဲ ? "

ဆရာမချန်ဟာ ​ချွေးစီး​တွေထွက်လာပြီး စကားတစ်လုံးမှထွက်မလာ​တော့ဘဲ အထစ်ထစ်အ​ငေါ့​ငေါ့ ဖြစ်​နေသည်။​နောက်ဆုံးမှာ​တော့ သူမ ကို့ရို့ကားရားနိုင်စွာနဲ့ပဲ ​ခေါင်းကိုသာ ငုံ့ထားလိုက်ရ​​တော့သည်။

​ပေါ်ယွီက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ရှူလိုက်ပြီး စိတ်ထဲမှာ သူ့ကိုယ်သူ သုံးကြိမ်​လောက်ပြန်ဆုံးမ​နေရသည်။  ' ငါက လူကြီးလူ​ကောင်းပဲ '   အဲဒီ​နောက် သူ ဆရာမချန်​ကြောင့်ထွက်လာတဲ့​ဒေါသ​တွေကို အတင်းထိန်းချုပ်လိုက်ရသည်။

" တကယ်လို့ အ​ရေးကြီးကိစ္စမရှိ​တော့ရင် မင်း ငါ့ကို ထပ်တားမ​နေ​တော့ဘူးလို့ ​မျှော်လင့်ပါတယ် "   ​ပေါ်ယွီက မှင်တက်​နေတဲ့ဆရာမချန်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ​ခြေလှမ်းကျဲကျဲလှမ်းကာ ထွက်သွား​တော့သည်။

သူ အဲဒီဆရာမနဲ့ ​နောက်တစ်မိနစ်​လေး​တောင်ထပ်ပြီး မ​နေချင်ဘူး။

သူမက အမှားလည်းလုပ်ထား​သေးတယ်။သူမရဲ့အမှားကို ၀န်ခံဖို့ကျ​တော့လည်း ငြင်းဆန်​နေပြီး ​ခေါင်း​ရှောင်ဖို့​တောင် ကြိုးစားလိုက်​သေးတယ် !!!

အလုပ်အ​ပေါ်မှာထားတဲ့ သူမရဲ့သ​​ဘောထားကို စဉ်းစားကြည့်ရင် သူမ က​လေး​တွေကို ​ကောင်း​ကောင်းဆက်ဆံနိုင်ပါ့မလားဆိုတာ ​ပေါ်ယွီ သံသယ၀င်မိသည်။သူမက တကယ်မှ က​လေး​တွေကို မချစ်ဘဲ !!!

ဆရာမချန်က အဲဒီ​နေရာမှာပဲရပ်​နေပြီး သူမရဲ့မျက်နှာထားဟာ ​ပေါ်ယွီရဲ့စကားလုံး​တွေ​ကြောင့် ​ဒေါသထွက်ကာ အနီ​ရောင်​ပြောင်း​နေပြီဖြစ်သည်။

သူက ငါ့ကို ဘယ်လို​တောင် သဘောထားပြီး ဆက်ဆံနိုင်ရတာလဲ ?

သူ့ရဲ့​ဒေါသ​တွေကို ​လျော့ချပြီးတဲ့​နောက် ​ပေါ်ယွီ driver seat မှာ ထိုင်လိုက်ပြီး ကားမ​မောင်းနိုင်​သေး​ပေ။သူ ထိုင်ခုံ​နောက်ကို မှီကာ  အသက်ပြင်းပြင်း ရှူ​နေရသည်။

​ပေါ်ယွီက ဆရာမချန်လုပ်ခဲ့တာ​တွေနဲ့ပတ်သတ်ပြီး တကယ့်ကို ​ဒေါသထွက်ခဲ့တာ​ကြောင့် သူ အခု ​ဒေါသအိုး​ပေါက်ကွဲ​နေသည်။

ခဏ​လောက်ကားထဲမှာ ထိုင်ပြီးတဲ့​နောက် ​ပေါ်ယွီ ကားလီဗာကို နင်းချလိုက်တဲ့အခါမှာ​တော့ ကားဟာ အရှိန်နဲ့ထွက်သွား​တော့သည်။

web series က ပိုပြီးနာမည်ကြီးလာတဲ့အခါ ကုမ္ပဏီထဲမှာရှိတဲ့ ​ပေါ်ယွီရဲ့​နေရာနဲ့​ကျော်ကြားမှုကလည်း မြက့်တက်လာသည်။​ပေါ်ယွီ မန်​နေဂျာကျန်းရဲ့ရုံးခန်းကို သွားဖို့အတွက် ကုမ္ပဏီခန်းမထဲ လမ်းဖြတ်​လျှောက်တဲ့အချိန်မှာ အားလုံးက ​ပေါ်ယွီကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြ​သည်။​ပေါ်ယွီရဲ့သ​ဘောထားက​တော့ ​အေးစက်​နေတာလည်းမဟုတ်သလို ​ဖော်​ရွေပျူငှာပြ​နေတာလည်းမဟုတ်​ပေ။သူ့ကို ဝိုင်းနှုတ်ဆက်ကြတဲ့ ဒီလူ​တွေနဲ့ပတ်သတ်ပြီး ​ပေါ်ယွီ ဘယ်လိုမှမ​နေ​ချေ။

​ပေါ်ယွီ တံခါးကိုဖွင့်ကာ ရုံးခန်းထဲကို ၀င်သွားလိုက်သည်။

စားပွဲမှာထိုင်​နေတဲ့ မန်​နေဂျာကျန်းက ​ပေါ်ယွီ ၀င်လာတာကို မြင်တဲ့အခါ အနည်းငယ် မျက်နှာချို​သွေးတဲ့အ​နေနဲ့ အ​လောတကြီး စကားဆိုလိုက်သည်။   " ငါ မင်းအတွက် လက်ဖက်ရည်လုပ်​ပေးထားတယ် ။ စမ်း​သောက်ကြည့်ပါဦး "

​ပေါ်ယွီက လက်ဖက်ရည်ခွက်​လေးကို ကိုင်ပြီး အနည်းငယ် ​သောက်လိုက်သည်။ 

" ကျွန်​တော်က ဘာလုပ်​ပေးရမှာလဲ ? "

" မင်းကို  trainee တသ်​ယောက်နဲ့ မိတ်ဆက်​ပေးမလို့ "   မန်​နေဂျာကျန်းက သူ့ကိုယ်သူ အားတင်းကာ ပြုံးပြလိုက်သည်။​ပေါ်ယွီက ရန်​ဖေးကိစ္စကို လက်မခံမှာစိုးရိမ်တာ​ကြောင့် သူ နည်းနည်း​တော့ လန့်​နေမိသည်။ဒါ​ပေမယ့်လည်း မစ္စတာလျိုက ​ပြောထားပြီးသားဖြစ်​နေသည်။မန်​နေဂျာကျန်း ပေါ်တင်သ​ဘောမတူနိုင်​ပေမယ့် ​ပေါ်တင်ဆန့်ကျင်လို့လည်း မရနိုင်​ပေ။

" ကျွန်​တော် သူ့ကို မမြင်ချင်ဘူး "   ​​ပေါ်ယွီ ငြင်းဆန်လိုက်သည်။သူက အရူးတစ်​ယောက်မဟုတ်​ပေ။ဒါ​ကြောင့် သူ ခက်ခက်ခဲခဲ​အောင်မြင်လာတဲ့ အခွင့်အ​ရေး​တွေရဲ့တစ်၀က်​လောက်ကို trainee တစ်​ယောက်ဆီ မ​ပေးလိုက်နိုင်​ပေ။

" မစ္စတာလျို ​ပြောပြီးပြီ ။ မင်း trainee အသစ်ကို ​တွေ့ကို​တွေ့ရမယ် "   မန်​နေဂျာကျန်းက ဒါငါ့ကိစ္စမဟုတ်ဘူးဆိုတဲ့ သ​ဘောထားမျိုူကို ပြသလိုက်သည်။

​ပေါ်ယွီ ဘာမှပြန်​မပြောဘဲဲ ပြုံးလိုက်သည်။

မန်​နေဂျာကျန်းမှာ ရှက်ကိုးရှက်ကန်းဖြစ်သွား​ပြီး ပေါ်ယွီက သူ့ရဲ့မျက်နှာကို​တောင် မ​ထောက်ဘဲ ဒီအရှက်ရမှုကြီးက​နေ ​ရှောင်ရှားဖို့အတွက် သူ့ကို ​ခြေတစ်လှမ်းစာ​လေး​တောင် ချန်ထားမ​ပေးရတာလဲလို့ သူ့နှလုံးသားထဲမှာ မ​ကျေမနပ် ​ပြော​နေမိသည်။

.

.

.

.

.

.

Today is the day after tomorrow that I promised you ! You should know that I am a sweet girl of my words .