နောက်တစ်နေ့တွင်။နှစ်နှစ်လုံးလုံး တစ်ယောက်တည်းဖြစ်ခဲ့ရတဲ့ပေါ်ယွီက နောက်တစ်ကြိမ်ပြန်ပြီး နာမည်ကျော်ကြားလာတဲ့အခါမှာ သူက သူ့ရဲ့ဆွဲဆောင်မှုကို မရည်ရွယ်ဘဲ စတင်ထုတ်လွှတ်လာခဲ့သည်။ရင့်ကျက်တဲ့အမျိုးသားတစ်ယောက်ရဲ့ ညှို့ဓါတ်ကိုပါ ထပ်ပေါင်းလောင်းထည့်လိုက်တာကြောင့် သူ့ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးထုကြီးရဲ့ အာရုံစိုက်မှုကို အကြီးအကျယ် ဆွဲဆောင်နေတော့သည်။
အသက်ငယ်ငယ် မိတ်ကပ်ဆရာမလေး လုလုက သူမ့သူငယ်ချင်းကောင်းရဲ့ပုခုံးကို ပုတ်ပြီး တီးတိုးပြောလိုက်သည်။ " ငါတို့ သူ့ကို တစ်ရက်လောက် မတွေ့လိုက်တာနဲ့ပဲ ဘာလို့ သူက အရမ်း ... အီစီကလီပုံပေါက်လာရတာလဲ ? "
" သူက အရမ်း sexy ကျနေတာပါ , ဟုတ်ပြီလား ? ငါ့ idol ကို မစော်ကားနဲ့ !!! " တစ်ဖက်က မိန်းမငယ်လေးဟာ မကျေမနပ်နဲ့ ပြန်ပြောလိုက်ပြီး အဝေးက ပေါ်ယွီရဲ့ကျောပြင်လေးကို ချစ်ခင်မြတ်နိုးတဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေသည်။
လုလုက နှုတ်ခမ်းမဲ့ကာ လှောင်ပြောင်လိုက်ပြီး သူမသူငယ်ချင်းက တကယ် ပျင်းစရာကောင်းတာပဲလို့တွေးမိသည်။ပေါ်ယွီက ရုပ်ချောတဲ့ star တစ်ယောက်သာသာပဲဟာကို။ သူက နှစ်ပေါင်းရှစ်ရာအတွင်း ယောက်ျားတစ်ယောက်ကိုတောင် မမြင်ဘူးသလိုမျိုး တစ်နေကုန် ပေါ်ယွီကို အရူးအမူးဖြစ်ပြနေလိုက်တာ။တခြားလူတွေက ပေါ်ယွီကို သူ သဘောကျတယ်ဆိုတာ သိသွားကြမှာကိုလည်း ကြောက်သေးတယ်။
ပြီးတော့ , ပေါ်ယွီက အရမ်းကြီးချောမောနေတာမျိုးလည်း မဟုတ်ပါဘူး။ငါတော့ သူ ဘာကိစ္စ ပေါ်ယွီကို အဲဒီလောက်အရူးအမူးဖြစ်နေရသလဲဆိုတာ တကယ့်ကို နားမလည်နိုင်ဘူး။
အမျိုးသားဟော်မုန်းတွေနဲ့ နှစ်လိုဖွယ်ရာအမျိုးသားကတော့ ရိုက်ကွင်းထဲမှာရှိတဲ့ မိန်းမငယ်လေးတွေရဲ့မျက်လုံးတွေဟာ သူ့ကို ငေးနေကြတာကို မသိပေ။
အမျိုးသမီးတွေနဲ့ပတ်သတ်ရင် ' ထောင်ဟွားကျဲ ' လေးဖြစ်တဲ့ပေါ်ယွီက ဒါရိုက်တာဟော်ဆီကို ဖြည်းဖြည်းချင်း လျှောက်လာပြီး ပြောလိုက်သည်။ " ဒါရိုက်တာဟော် , ဒီနေ့ ဘယ်ဇာတ်ဝင်ခန်းတွေ ရိုက်မှာလဲ ? "
{ T / N ; Tao Hua Jie(rotten peach blossom) ဆိုတာက အချစ်ရေးကံမကောင်းတဲ့သူတွေကို ခေါ်တာပါတဲ့။အဓိပ္ပါယ်က ကိုယ်ကြိုက်တဲ့သူကို ကိုယ်မရဘဲ ကိုယ်မကြိုက်တဲ့သူတွေက ကိုယ့်လာကြိုက်နေတဲ့သဘောပါ။Eng tran က rotten peach blossom လို့ရေးထားတာ ကိုယ်က အဲဒါကို ဘာမှန်းမသိလို့ ဂလူးဂလဲမှာ ရှာကြည့်ထားတာပါ rotten peach blossom ကို မြန်မာလိုပြန်လို့မကောင်းတာနဲ့ တရုတ်အသံထွက်ပဲရေးလိုက်တော့တယ်နော် }
ဒါရိုက်တာဟော်က ပေါ်ယွီမေးတာကို ပြန်မဖြေဘဲ ပေါ်ယွီကို နှစ်ပတ်လောက် လှည့်ပတ်ကြည့်ပြီး ရယ်စရာပြောလိုက်သည်။
" အရမ်းကို ချောမောနေတာပဲ ! မင်း ကြည့်စမ်းပါဦး ! အဝတ်အစားပြောင်းလိုက်တာနဲ့ မင်းက လုံးဝတခြားလူတစ်ယောက်လို ဖြစ်သွားတာပဲ !!! "
ပေါ်ယွီ ရယ်မောလိုက်သည်။
အခု ပေါ်ယွီက နောက်အပိုင်းအတွက် မိန်းကလေးဆန်တဲ့ make up style နဲ့ စစ်သူကြီးငယ်လေး ဝတ်ရမယ့် လှပကြော့ရှင်းတဲ့တန်ဖိုးကြီးရှေးခေတ် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ယခုခေတ် မိန်းမငယ်လေးတစ်ယောက်ရဲ့ အလှနဲ့ အတော်လေး လိုက်ဖက်နေသည်။ဒါပေမယ့် သူက ယောက်ျားလေးတစ်ယောက်ဖြစ်တာကြောင့် make up အထူကြီး လိမ်းလို့မရပေ။
မော့အန်းယွီက အဝေးမှာ ရပ်နေပြီး သူ့ရဲ့မျက်နှာပေါ်က မပျော်ရွှင်မှုတွေကို ဖုန်းကွယ်ဖို့အတွက် သူ့ခေါင်းတစ်ခုလုံးကို အုပ်ထားလိုက်သည်။အဲဒါကြောင့် ဘယ်သူကမှ မော့အန်းယွီရဲ့မျက်နှာအမူအရာဟာ တစ်ခုခုမှားနေမှန်း တွေ့မှာမဟုတ်တော့ပေ။
ပေါ်ယွီမှာ စူးရှထက်မြတ်တဲ့မျက်လုံးတွေရှိတာကြောင့် သိပ်မဝေးတဲ့နေရာမှာရှိနေတဲ့ မော့အန်းယွီကို ရှာတွေ့သွားတော့သည်။ပေါ်ယွီ ခဏလောက်တုံ့ဆိုင်းနေပြီးမှ မော့အန်ယွီဆီ ဇာတ်ညွှန်းစာအုပ်ကိုယူသွားကာ ပြောလိုက်သည်။ " ငါတို့ အခု ဇာတ်ဝင်ခန်းတွေကို အစမ်းလေ့ကျင့်ကြည့်မလား ? "
မော့အန်းယွီက ခဏလောက်တိတ်ဆိတ်နေပြီး ကွဲအက်စွာ ပြန်ပြောလိုက်သည်။ " မလေ့ကျင့်တော့ဘူး ။ ကျွန်တော် လည်ချောင်းနာနေလို့ "
ပေါ်ယွီ သံသယဝင်သွားသည်။ " မင်း မနေ့ညက အအေးမိသွားလို့လား ? "
မော့အန်းယွီရဲ့အသံက ကွဲအက်နေလေသည်။ဒါကြောင့် ပေါ်ယွီ သူ့ကို သင်္ကာမကင်းမဖြစ်တော့ပေ။
မော့အန်းယွီက ခေါင်းလည်းမငြိမ့်သလို ခေါင်းလည်းမခါပေ။အထွေထွေဝန်ထမ်းက သူ့ဆီ ပြေးလာတာကို မြင်တဲ့အခါ မော့အန်းယွီက သူ့ခန္ဓာကိုယ်ကို ရွေ့ပြီး ပြောလိုက်သည်။ " သရုပ်ဆောင်ဖို့ သွားရအောင် ၊ နောက်ဆုံးဇာတ်ဝင်ခန်းကို တစ်ခေါက်တည်းနဲ့အပြီးရိုက်မယ်တဲ့ "
အစကတည်းက မော့အန်းယွီရဲ့ သူ့အပေါ် ကြင်နာမှုရယ် သူ့နဲ့အတူအချိန်ဖြုန်းပေးလေ့ရှိတာရယ်ကြောင့် ပေါ်ယွီက မော့အန်းယွီကို သဘောကျသည်။ဒါကြောင့် သူ မော့အန်းယွီနဲ့ သူငယ်ချင်းတွေလုပ်ချင်သည်။
အဲဒီအချက်ကြောင့်ပဲ ပေါ်ယွီက မော့အန်းယွီကို ဖိတ်ခေါ်လိုက်သည်။ " အလုပ်ပြီးသွားရင် ငါနဲ့အတူ ထမင်းတစ်နပ်လောက်စားဖို့ မင်းကို ဖိတ်ပါရစေ ? "
မြန်မြန်သွားနေတဲ့ မော့အန်းယွီရဲ့ခြေလှမ်းတွေက ရပ်တန့်သွားပြီး သူ့ရဲ့မျက်နှာအမူအရာကလည်း ခက်ခဲရှုပ်ထွေးလို့နေသည်။ဒါပေမယ့် သူ ဒီလိုအခွင့်အရေးကောင်းကိုတော့ ငြင်းပယ်လိုက်ရမှာ တွန့်ဆုတ်နေတာကြောင့် မော့အန်းယွီ ပြန်ဖြေလိုက်သည်။ " ကောင်းပါပြီ "
ပေါ်ယွီ စိတ်အေးသွားသလိုခံစားလိုက်ရပြီး မော့အန်းယွီနဲ့ ဘေးချင်းယှဉ်လျှောက်လိုက်ရင်း မော့အန်းယွီရဲ့ပုခုံးကို ပုတ်ပေးကာ ပြောလိုက်သည်။ " ကျေးဇူးပဲ "
မော့အန်းယွီ မျက်လွှာချလိုက်သည်။
___________
ဂိုဏ်းချုပ်ဟာ ဒဏ်ရာရနေတဲ့ပုခုံးကို ဖုံးထားပြီး တစ်ချိန်က သူ အယုံကြည်ရဆုံးဖြစ်တဲ့ ကုချန်ကျင်း ၊ အခုတော့ သူ့ကို နာကျင်စေဆုံးဖြစ်တဲ့ ကုချန်ကျင်းကို ဓါးနဲ့ချိန်ရွယ်ကာ မေးလိုက်သည်။ " မင်း ကိုယ့်ကို ဘာလို့ သစ္စာဖောက်ရတာလဲ ? "
သူ့လက်ပေါ်မှာ မရေမတွက်နိုင်တဲ့ အသက်ပေါင်းများစွာရဲ့သွေးတွေ စွန်းတင်းနေတဲ့ ကုချန်ကျင်းဟာ သူ့အစ်ကိုနှစ်ယောက်ရဲ့အတောင်ပံတွေအောက်မှာ ကာကွယ်ပေးခံနေရတဲ့ အချိန်တုန်းကလိုမျိုး ထပ်ပြီးရိုးရိုးအအနဲ့ပြောတိုင်းယုံသူမဟုတ်တော့ပေ။အဲဒီအစား ပြောမပြနိုင်လောက်တဲ့ ရက်စက်ခြင်းတွေနဲ့ လျစ်လျူရှူခြင်းတွေသာ သူ့မှာရှိတော့လေသည်။
" ငါ မင်းကို ပြောမယ် ၊ ငါတို့ ပထမဆုံးပြန်တွေတဲ့တစ်နေ့ ငါ မင်းကို ကလဲ့စားပြန်ချေမယ် ! " ကုချန်ကျင်းဟာ သူ့မျက်ဝန်းတွေထဲမှာ ဘာခံစားချက်မှမရှိဘဲ ဂိုဏ်းချုပ်ကို ကြည့်လိုက်သည်။
" မင်း အဲဒါကို သိလား ? " ဂိုဏ်းချုပ်ဟာ သက်ပြင်းတစ်ချက်ချကာ သူ့ရဲ့ဓါးကို မြေကြီးပေါ် လွှတ်ချလိုက်လေသည်။သူ့မျက်လုံးတွေထဲမှာတော့ ယိုယွင်းကျဆင်းခြင်းတွေနဲ့ ဆုံးရှုံးခြင်းတွေသာ ရှိတော့သည်။
" မင်း ငါ့ကို အင်အားကြီးစစ်တပ်ကနေပြီး အလောင်းအစားလုပ်တဲ့အနေနဲ့ ကယ်တင်ပေးခဲ့တယ်။မင်းက ငါ့ကို အရာအားလုံးသင်ပြပေးခဲ့ပြီး မင်းကပဲ ငါ့ကို အရာအားလုံးပေးခဲ့တယ် ။ ငါ မင်းကို တစ်လောကလုံးမှာ ငါ့ရဲ့တစ်ဦးတည်းသောဆွေမျိုးလို့ မှတ်ယူထားခဲ့တယ် "
" ဒါပေမယ့် ငါ့ရဲ့မိသားစုတစ်ခုလုံးနဲ့ကုမိသားစုမှာရှိတဲ့ နှစ်ရာသုံးဆယ်ကိုးယောက်သောလူတွေကို အမြစ်ပြတ်သုတ်သင်ဖို့ အလကားအသုံးမကျတဲ့ဧကရာဇ်ကို ကူညီခဲ့တဲ့လူက မင်းပဲ !!!!!! အဲဒါတွေအားလုံးက မင်းကြောင့်ပဲ !!!!!! "
ဂိုဏ်းချုပ်ဟာ ငယ်ရွယ်စဉ်ကတည်းက သူ သင်ကြားပေးခဲ့တဲ့ ကုချန်ကျင်းကို ကြည့်လိုက်သည်။သူ ခဏလောက် တိတ်ဆိတ်နေမိသည်။သူ မျက်လွှာချကာ သူ့ရဲ့နောင်တတွေကို ဖုံးကွယ်လိုက်ပြီး သူ့လက်တွေကို ဆန့်ထုတ်ရင်း ပြောလိုက်သည်။ " ကိုယ် တောင်းပန်ပါတယ် ၊ ကိုယ် မင်းမိသားစုအားလုံးအတွက် ကိုယ့်အသက်နဲ့ မင်းကို အလျော်ပေးဖို့ ဆန္ဒရှိပါတယ် ... ! "
" ကျွန်တော် အဲဒါကို မလိုချင်ဘူး ! " ကုချန်ကျင်းက အမုန်းတရားတွေနဲ့ စိတ်ဆိုးမာန်ဆိုးအော်ဟစ်လိုက်သည်။ " ခင်ဗျားရဲ့အသက်က ညစ်ပတ်လွန်းပါတယ် ၊ ကျွန်တော် မလိုချင်ဘူး ! "
ညာဘက်ဘေးမှာရှိနေတဲ့ အကြီးအကဲဟာ ပြသာနာရှာဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေတာဖြစ်သည်။ကုချန်ကျင်း အချိန်မီ မတုံ့ပြန်ခင်မှာ သူက ကုချန်ကျင်းကို ဗြုန်းခနဲတွန်းလိုက်ပြီး လေလက်ဝါးဟာ ချောက်ကမ်းပါးအစွန်နားမှာရပ်နေတဲ့ ဂိုဏ်းချုပ်ဆီကို မညှာမတာ တိုက်စားသွားသည်။
ဒါပေမယ့် သူ့ရဲ့ရန်သူက ချောက်ကမ်းပါးအောက်ကို ကျမသွားခင်မှာပဲ ညာဘက်အကြီးအကဲရဲ့ အရေးအကြီးဆုံးသွေးပြန်ကြောဟာ ထိုးနှက်ခံလိုက်ရပြီး ချောက်ကမ်းပါးအောက်ကို ထိုးချသွားခဲ့သည်။
ဂိုဏ်းချုပ်က ချောက်ကမ်းပါးထိပ်စွန်းကို အလျင်အမြန်ပြေးသွားလိုက်သည်။
သေရေးရှင်ရေးဖြစ်နေတဲ့အချိန်တုန်းက ညာဘက်အကြီးအကဲရဲ့လေလက်ဝါးကို ကိုယ်စားခံဖို့ အရှေ့ကို တစ်ယောက်တည်းပြေးထွက်လာခဲ့တဲ့ ကုချန်ကျင်းဟာ ချောက်ကမ်းပါးထဲကို ခန္ဓာကိုယ်တစ်ဝက် ကျသွားခဲ့သည်။သူက အကြီးအကဲရဲ့လေလက်ဝါးကို တောင့်မခံနိုင်ဘဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။
ကုချန်ကျင်းဟာ ဂိုဏ်းချုပ်ကိုကြည့်ရင်း ဂရုမစိုက်ဟန်နဲ့ ပြောလိုက်သည်။ " ခင်ဗျား အရင်က ကျွန်တော့်ကို ကယ်ခဲ့တယ် ။ ကျွန်တော် ခင်ဗျားကို မသတ်နိုင်ပါဘူး "
" လီဖန်း , ငါ ကုချန်ကျင်းက ဒီလောကမှာ အသက်မရှင်သန်သင့်တဲ့သူပါ ။ မင်းနဲ့ကုမိသားစုကြားမှာလည်း ဘာဆက်ဆံရေးမှမရှိတော့ဘူး "
လီဖန်းဟာ သူ့ရဲ့ဖြူဖျော့နေတဲ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး ကုချန်ကျင်းဆီကို လက်လှမ်းကာ ဆိုလိုက်သည်။ " ကိုယ့်ကို မင်းလက်ပေး ! နာခံစမ်းပါ !! "
နောက်စက္ကန့်မှာပဲ ကုချန်ကျင်းရဲ့နှုတ်ခမ်းထောင့်စွန်းကနေ သွေးတွေစီးကျလာပြီး မျက်လုံးတွေ မှိတ်ကျသွားတော့သည်။သူဟာ အမုန်းတရားကြောင့် ဖျက်ဆီးခံလိုက်ရလေသည်။
အတိတ်က စစ်သူကြီးငယ်လေးရော အခု ကုချန်ကျင်းရော နှစ်ယောက်လုံးဟာ ရှင်သန်ခြင်းကို စွန့်လွှတ်သွားကြပြီး ကြိုးပြတ်စွန်လေးတစ်ခုလိုမျိုး အောက်ကို လွင့်ကျသွားခဲ့လေသည်။
____________
သုံးနှစ်ကြာသော် ... မီးခိုးရောင်ဆံနွယ်တွေနဲ့ လီဖန်းဟာ ကမ္ဘာကြီးထဲကနေ ပျောက်ကွယ်သွားခဲ့သည်။နတ်ဆိုးအဖွဲ့အပါအဝင် ဘယ်သူကမှ သူ ဘယ်ဆီဘယ်ဝယ်ရောက်နေသလဲဆိုတာကို မသိကြပေ။
" ကိုယ် မင်းကို တွေ့ဖို့လာပြီ " ချောက်ကမ်းပါးရဲ့အစွန်းမှာ မတ်တပ်ရပ်နေရင်း လက်ထဲမှာဝိုင်အိုးကို ကိုင်ထားကာ လီဖန်း ပြောလိုက်သည်။
" ကိုယ် မင်းမမြင်ဘူးတဲ့ လောကကြီးထဲက လှပတဲ့ရှူခင်းတွေကို မင်းအတွက် ကြည့်ပေးမယ် ။ ကိုယ် မင်းမလျှောက်လှမ်းလိုက်ရတဲ့ လမ်းတွေပေါ်မှာ မင်းကိုယ်စား လျှောက်ပေးမယ် ။ ကိုယ် မင်းမတွေကြုံလိုက်ရတဲ့အရာတွေကို မင်းအတွက် တွေ့ကြုံပေးမယ် "
လီဖန်း ဝိုင်ကို မော့သောက်လိုက်သည်။
" ကိုယ် သေဆုံးသွားပြီးရင်လည်း မင်းက ကိုယ့်ရဲ့ညီအစ်ကို ဆက်ဖြစ်ပေးဖို့ မျှော်လင့်ပါတယ် "
ပြောပြီးတာနဲ့ လူ့ဘဝမှာအလှည့်အပြောင်းများစွာကို တွေ့ကြုံခံစားခဲ့ရတဲ့ ဂိုဏ်းချုပ်ဟာ နောက်ကိုလေးနက်စွာကြည့်လိုက်ပြီး တစ်ကိုယ်တည်းအထီးကျန်နေတဲ့ သဏ္ဍာန်နဲ့ လှည့်ကာထွက်ခွာသွားတော့လေသည်။
" Cut !!! " ဒါရိုက်တာဟော်က ကျယ်ကျယ်လောင်လောင် လက်ခုပ်တီးလိုက်ပြီး စိတ်ကျေနပ်အားရစွာ အော်ပြောလိုက်သည်။
သူ့ဘေးနားကဝန်ထမ်းလေးတွေကတော့ နီရဲနေတဲ့မျက်လုံးတွေနဲ့အတူ အသံခပ်တိုးတိုးနဲ့ ဝမ်းနည်းကြေကွဲစရာဇာတ်ကြောင်းကို ဆွေးနွေးနေကြသည်။
အရင်အပိုင်းကကျ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေပြီး ဇာတ်သိမ်းပိုင်းရောက်မှ ဝမ်းနည်းကြေကွဲစရာကောင်းနေတာကြောင့် သူတို့အတွက် ဒီလိုမျိုးအနေအထားပြောင်းပြန်ဖြစ်သွားတဲ့ ဇာတ်သိမ်းမျိုးကို လက်သင့်ခံဖို့ ခက်ခဲနေကြသည်။
ဒါရိုက်တာဟော်က လမ်းလျှောက်လာပြီး ပေါ်ယွီနဲ့မော့အေန်းယွီရဲ့ ပုခုံးကို ပုတ်လိုက်သည်။ " စောပါသေးတယ် ။ အဲဒီတော့ အရင်ဇာတ်ဝင်ခန်းတွေကို ရိုက်ကြတာပေါ့ ။ ပြီးရင် ဒီည အလုပ်သိမ်းပြီး ငါတို့တွေ ညစာသွားစားကြရအောင် မင်းတို့နှစ်ယောက်လည်း ရှိနေဖို့ ငါ မျှော်လင့်ပါတယ် "
ပေါ်ယွီ ဘာမှပြန်မပြောဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ပြောရရင် ဖရဲသီးလေးက အိမ်မှာ တစ်ယောက်တည်း နေနေရတာကြောင့် ပေါ်ယွီ စိတ်ပူနေသည်။
ဒါပေမယ့် သူက ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ ညစာစားမှာကိုလည်း ငြင်းလို့မရချေ။သူက သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်တာကြောင့် ဒီလိုလူမှုဆက်ဆံရေးလုပ်ဆောင်ချက်တွေက တကယ့်ကို မရှိမဖြစ်လိုအပ်သည်။
မော့အန်းယွီက ပေါ်ယွီကို တစ်ချက်ကြည့်ပြီး နောက်ကိုလှည့်ကာ ဒါရိုက်တာဟော်ဆီကို ခေါင်းငြိမ့်ပြလိုက်သည်။အဲဒီနောက် သူ သူ့ရဲ့ကိုယ်ပိုင်နားနေခန်းကို ပြန်သွားတော့သည်။
ဒါရိုက်တာဟော် ပြုံးလိုက်လေသည်။
အပတ်စဉ်ထုတ်လွှင့်ပြသနေတဲ့
အပိုင်းငါးကို ထုတ်လွှင့်ပြသချိန်မှာတော့ ပေါ်ယွီရဲ့ Weibo fan တွေဟာ နှစ်မီလီယံကနေ ခြောက်မီလီယံကျော်အထိ follower တွေ မြင့်တက်လာသည်။web series တွေထဲမှာ ဂိုဏ်းချုပ်နဲ့ စစ်သူကြီးငယ်လေးတို့အတွဲဟာ ဝါသနာအိုးပရိသတ်တွေကြောင့် Weibo Hot Search List ထဲကို အကြိမ်ပေါင်းများစွာ ဝင်ခဲ့သည်။
တစ်ချိန်တည်းမှာပဲ မြောက်များလှစွာသော web series တွေကလည်း ပေါ်ယွီက သူတို့ထဲမှာ သရုပ်ဆောင်ပေးဖို့ကို မျှော်လင့်နေကြသည်။ဒါပေမယ့် အဲဒီ web series တွေရဲ့ ဇာတ်ညွှန်းအများစုဟာ ဒုတိယအဆင့်မှာသာရှိသည်။ဒါကြောင့် ပေါ်ယွီက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အဲဒီဖိတ်ခေါ်မှုတွေအားလုံးကို ငြင်းဆိုလိုက်သည်။
သူက
သူ ဆုံးဖြတ်ချက်မချခင်မှာ နောက်ထပ်ရိုက်မယ့် ဇာတ်ညွှန်းနဲ့ပတ်သတ်ပြီး သေချာဂရုတစိုက် စဉ်းစားရပေမည်။
မော့အန်းယွီရဲ့အလုပ်ကတော့ ပေါ်ယွီထက်တောင် များသေးသည်။
ဒါရိုက်တာဟော် သူတို့အတွဲရဲ့ကျော်ကြားမှုကို တိုးတက်စေရုံသာမက
ပေါ်ယွီက ဒါရိုက်တာဟော်ရဲ့ရည်ရွယ်ချက်ကို ကောင်းကောင်းကြီးသိပေမယ့် သူ သိကြောင်းကိုလည်း ထုတ်မပြနိုင်ပေ။ပြီးတော့ သူက ညစာစားပွဲကို တမင်မလာပါဘူးဆိုတဲ့ လူပြောစရာ အတင်းအဖျင်းသတင်းခေါင်းစဉ်ဖြစ်သွားမှာကနေလည်း ရှောင်ရှားချင်သည်။
မော့အန်းယွီအတွက်ကတော့ သူ ဒီဖိတ်ကြားချက်ကို ယုတ္တိရှိရှိ ပယ်ချလိုက်နိုင်သည်။အဆုံးမှာတော့ သူ့မှာ လုပ်စရာအလုပ်တွေ အများကြီးရှိသည်။ဒါ့ပြင် သူက ဒီ web series ရဲ့ အဓိကဇာတ်လိုက်လည်းမဟုတ်ပေ။ဒါကြောင့် အကယ်၍ သူ ညစာစားပွဲကို မလာရင်တောင်မှ ပြသာနာမရှိချေ။
ဒါပေမယ့် မော့အန်းယွီက ရောက်လာခဲ့သည်။
KTV ရှိ Private Room ထဲတွင် ညကိုးနာရီထိုးတွင်ဖြစ်သည်။ပေါ်ယွီက အခန်းတံခါးမှာ မတ်တပ်ရပ်နေရင်း ဖုန်းကနေတစ်ဆင့် အိမ်မက်မက်နေရာကနေ နိုးလာတဲ့ဖရဲသီးလေးကို လှိုက်လှိုက်လှဲလှဲ ချော့နေလေသည်။ဒါကြောင့် မော့အန်းယွီက သူ့နောက်မှာ မတ်တပ်ရပ်နေမှန်း ပေါ်ယွီ သတိမပြုမိပေ။ဖုန်းချပြီး ပေါ်ယွီ နောက်လှည့်လိုက်တဲ့အချိန်မှာ သူ လန့်မိလုနီးပါးဖြစ်သွားသည်။
" ကလေး နိုးနေလို့လား ? " မော့အန်းယွီက မီးခြစ်နဲ့ စီးကရက်ကို မီးညှိလိုက်ပြီး ပေါ်ယွီကို သောက်မလားဆိုတဲ့ အမူအရာလုပ်ပြလိုက်သည်။အဲဒီနောက် ပေါ်ယွီလည်း စီးကရက်ကို နှုတ်ခမ်းမှာ ကိုက်ထားလိုက်သည်။
ပေါ်ယွီ ဖြေလိုက်သည်။ " အင်း , ငါ မကြာခင် ပြန်ရတော့မယ် ။ ဒါရိုက်တာဟော်ကို ပြောဖို့ ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါဦး "
" ပေါ်ကော , ကော မနက်ဖြန် အားလား ? ကျွန်တော် ကောအိမ်က ကျွန်တော့်မရီးဆီ လာလည်ချင်လို့ ? " မော့အန်းယွီက သာမာန်ကာလျှံကာ ပြောလိုက်ဟန်ပေါ်ပေမယ့် သူ ဘယ်လောက်တောင်စိုးရိမ်ကြောက်ရွံ့နေသလဲဆိုတာ သူသာ သိသည်။
ပေါ်ယွီ မှင်တက်သွားပြီး ရှင်းပြလိုက်သည်။ " ကလေးမှာ အမေမရှိဘူး "
မော့အန်းယွီလည်း မှင်တက်သွားပြီး သူ့ကိုယ်သူ အမြဲမပြတ် ထိန်းချုပ်ရင်း သူ့ဘောင်းဘီအိတ်ကပ်ထဲကို လက်တွေထည့်ကာ ချက်ချင်း တင်းတင်းဆုပ်ထားလိုက်မိသည်။
ပေါ်ယွီက ဟန်ဆောင်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ " မနက်ဖြန်ကျရင် ငါလည်း အိမ်မှာအနားယူနေမှာပါ တကယ်လို့ မင်း အားရင် အိမ်လာလည်လို့ရတယ် အိမ်မှာကလူနှစ်ယောက်ပဲရှိတာ "
မော့အန်းယွီ ခေါင်းငြိမ့်လိုက်သည်။သူ ပေါ်ယွီ ထွက်သွားတာကို ကြည့်ရင်း စီးကရက်နောက်တစ်လိပ်ကို ထုတ်လိုက်သည်။ဒါပေမယ့် သူ့လက်တွေက တဆတ်ဆတ် တုန်ယင်နေတာကြောင့် သူ စီးကရက်ကိုတောင် မီးခြစ်နဲ့ မီးမညှိနိုင်တော့ပေ။
မော့အန်းယွီက ဒေါသတကြီးနဲ့ စီးကရက်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး ဆေးလိပ်သောက်တာကို ရပ်လိုက်တော့သည်။
ဒါပေမယ့် သူ့နှလုံးသားထဲက မီးတောက်လေးကတော့ တဖြည်းဖြည်း တစ်ဖန်ပြန်လည် တောက်လောင်လာလေသည်။
_____________
စိတ်လှုပ်ရှားစရာ ညတစ်ညကို ဖြတ်သန်းပြီးနောက်မှာ မော့အန်းယွီ နာရီအနည်းငယ်လောက် အိပ်ပျော်သွားသည်။ဝေလီဝေလင်းအချိန်မှာ သူ ချက်ချင်းပဲ မျက်လုံးတွေ ပွင့်လာခဲ့သည်။
ကိုးနာရီထိုးတွင် မော့အန်းယွီက ပေါ်ယွီရဲ့အိမ်ရှေ့ကို အချိန်ကောင်းမှာ ရောက်နေသည်။သူက လက်ဆောင်ထုပ်အိတ်ကြီးတွေကို လက်တစ်ဖက်နဲ့ ဆွဲထားပြီး နောက်လက်တစ်ဖက်ကိုတော့ အိမ်ခေါင်းလောင်းတီးဖို့ ပြင်လိုက်သည်။သူ ခေါင်းလောင်းကိုမနှိပ်ခင် အချိန်အတော်ကြာ ချီတုံချတုံဖြစ်နေသည်။
ပထမဆုံးအိမ်လည်တာဖြစ်တာကြောင့် သူ ရှင်းမပြတတ်အောင်ဘဲ ရှက်နေသည်။
ပေါ်ယွီက နောက်ကျမှအိပ်ရာဝင်ပြီး နောက်ကျမှပဲ နိုးလေ့ရှိသည်။ကိုးနာရီထိုးတဲ့အချိန်မှာ သူက အိပ်ရာထဲမှာ လှဲနေပြီး လုံးဝမနိုးသေးပေ။ဖရဲသီးလေးနဲ့တန်တန်ကတော့ ဧည့်ခန်းထဲမှာ ပြေးလွှားဆော့နေကြသည်။
တံခါးခေါင်းလောင်းမြည်လာတဲ့အချိန်တွင် ပေါ်ယွီက အိပ်ရာထဲမှာ မှောက်လျားထိုးလိုက်သည်။အိမ်ရဲ့အသံလုံစနစ်က အတော်လေး ကောင်းတာကြောင့် ပေါ်ယွီ ခေါင်းလောင်းသံကို မကြားရပေ။
ပါးစပ်ထဲမှာ ပလတ်စတစ်အရိုးလေးကို ကိုက်ချီထားတဲ့တန်တန်က တံခါးဆီကို ပြေးသွားကာ အရမ်းဟောင်နေသည်။သူ့အမွှေးလေးတွေကလည်း လွင့်တက်လုနီးပါးဖြစ်လို့နေသည်။
တန်တန်ဘေးမှာ မတ်တပ်ရပ်နေတဲ့ ဖရဲသီးလေးက ခန့်မှန်းလို့မရတဲ့မျက်နှာလေးနဲ့ ပြောလိုက်သည်။ " ဦးလေး ဘာရှာနေတာလဲ ? "
အပြင်ဘက်မှာရှိနေတဲ့ မော့အန်းယွီက အံ့သြသွားသည်။အခန်းထဲကနေပြီး ကလေးလေးတစ်ယောက်ရဲ့အသံ ထွက်လာတာကို သူ ကြားလိုက်ရတဲ့အချိန်မှာ သူ ချက်ချင်း မတုံ့ပြန်လိုက်နိုင်ပေ။အဲဒီနောက် အခန်းထဲက ဒီကောင်လေးက ပေါ်ယွီရဲ့ ကလေးပဲဖြစ်လောက်တယ်လို့ သူ သတိရသွားသည်။
ဖရဲသီးလေးက လန့်သွားပြီး ဖိနပ်လေးတွေကိုစီးကာ အိပ်ခန်းထဲကို ပြေးဝင်သွားလိုက်သည်။အဲဒီနောက် သူ အိပ်ရာကြီးပေါ်ကို တက်ပြီး ပေါ်ယွီရဲ့ရင်ဘတ်ပေါ်မှာ ထိုင်ကာ ပြောလိုက်သည်။ " ပါးပါး , ပါးပါး အပြင်မှာ ဦးလေးကြီးတစ်ယောက်ရှိနေတယ် "
ပေါ်ယွီက အိပ်နေဆဲဖြစ်သည်။ဒါပေမယ့် သူ့ရဲ့ရင်ဘတ်ပေါ်ကို ကျောက်တုံးကြီးတစ်တုံးက ဖိထားသလို ပေါ်ယွီ ခံစားလိုက်ရသည်။ဖရဲသီးလေးရဲ့ အလန့်တကြားဖြစ်နေတဲ့ အသံလေးကို ကြားပြီးနောက်မှာတော့ ပေါ်ယွီ သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး ချက်ချင်းပဲ စိတ်ဆိုးသွားတော့သည်။
" မင်း မနက်စောစောစီးစီး မင်းအဖေကိုများ သတ်ချင်နေတာလား ? " ပေါ်ယွီက ဖရဲသီးလေးကို ညှာတာမှုကင်းမဲ့စွာနဲ့ သူ့ရင်ဘတ်ပေါ်ကနေ တွန်းလိုက်ပြီး ထထိုင်ကာ သူ့ရဲ့ရှုပ်ပွနေတဲ့ ဆံပင်တွေကို ထိုးဖွလိုက်သည်။ပြီးတော့ သူ boxer တစ်ထည်သာဝတ်ထားရင်း အိပ်ရာပေါ်ကနေ ဆင်းလိုက်သည်။
ဖရဲသီးလေးက ပေါ်ယွီကို မြန်မြန် ထပ်ပြောလိုက်သည်။ " ပါးပါး , ပါးပါး အပြင်မှာ ဦးလေးကြီးတစ်ယောက် ရောက်နေပါတယ်ဆို"
ပေါ်ယွီ ခဏလောက် မှင်တက်သွားသည်။အဲဒီနောက် သူ ဆင်ဝင်ဆီကိုသွားပြီး တံခါးဖွင့်လိုက်သည်။အဲဒီအခါမှာ သူ လက်ဆောင်ထုပ်တွေအများကြီးနဲ့ မော့အန်းယွီကို တွေ့လိုက်ရပြီး ပေါ်ယွီ ပြောလိုက်သည်။ " မင်း လာတာစောသားပဲ "
နဖူးပေါ်မှာ ချွေးတွေတောင်ထွက်နေတဲ့ မော့အန်းယွီက ရယ်မောကာ ခေါင်းကိုတစ်ဖက်လှည့်လိုက်သည်။သူ ပေါ်ယွီကို မကြည့်ရဲပေ။သူ မမြင်သင့်တာတွေကို မြင်သွားမှာ စိုးရိမ်မိသည်။အဲဒီနောက် သူ ပြောလိုက်သည်။ " ကျွန်တော် အိမ်မှာ ဘာမှလုပ်စရာမရှိတာနဲ့ပဲ စောစောလာလိုက်တာ "
ရုတ်တရက် ပေါ်ယွီက အခု သူ boxer တစ်ထည်သာ ဝတ်ထားမိမှန်း သဘောပေါက်သွားသည်။ပေါ်ယွီ မျက်နှာနီသွားပြီး ပြောလိုက်သည်။ " ငါ အဝတ်အစား သွားဝတ်လိုက်ဦးမယ် ။ ဖရဲသီးလေး ဧည့်သည်အတွက် ရေတစ်ခွက်လောက် ယူခဲ့ဦး "
တန်တန်က ဖရဲသီးလေးရဲ့ရှေ့မှာ ရပ်နေပြီး မော့အန်းယွီကို ခဏခဏ ဟောင်နေရင်း အိမ်ရဲ့အန္တရာယ်များတဲ့ ခွေးလေးတစ်ကောင်ရဲ့ ပုံရိပ်ကို ပြသနေသည်။
မော့အန်းယွီကတော့ ဆိုဖာပေါ်မှာ သည်းခံပြီး ထိုင်နေရသည်။သူ ခွေးပိုင်ရှင်ကို ချစ်ပေမယ့်လည်း ခွေးကိုတော့ မချစ်ပေ။ဒါ့ပြင် ပထမဆုံးအကြိမ် သူနဲ့တွေတဲ့ ဖရဲသီးလေးကလည်း ပြုံးပြနေတာကြောင့် သူ့မှာ လှုပ်မရချေ။
ဖရဲသီးလေးက သူ့ရဲ့လက်ထဲမှာ ဒိန်ချဉ်ခွက်လေးကို ကိုင်ထားရင်း မော့အန်းယွီဘေးနားမှာ ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေသည်။သူက ဒိန်ချဉ်ခွက်လေးကို မော့အန်းယွီဆီ ပေးချင်ပေမယ့် မဝံ့မရဲဖြစ်နေသည်။ဒါကြောင့် ဖရဲသီးလေးက ဘေးလေးမှာသာ ရပ်နေပြီး မော့အန်းယွီကို စိတ်အားထက်သန်စွာ ကြည့်နေလေသည်။
ဧည့်သည်ကို သွားမတွေ့ခင်မှာ ပေါ်ယွီ မြန်မြန် အဝတ်အစားဝတ်လ်ိုက်ပြီး သူရဲ့ထိုးထိုးထောင်ထောင်ဆံပင်တွေကို ရေအေးနဲ့သပ်ကာ နည်းနည်း ပြန်ဖွပေးလိုက်သည်။
" ဘာဖြစ်လို့လဲ ? " ပေါ်ယွီက ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်ပြီး ဖရဲသီးလေးကို ပွေ့ဖက်ကာ ဖရဲသီးလေးရဲ့မျက်နှာအနှံ့ကို နမ်းရှုံ့ရင်း မေးလိုက်သည်။
မော့အန်းယွီ မပျော်မရွှင်ဖြစ်သွားသည်။
" ငါ မင်းကို ရေထည့်ပေးမယ်လေ ။ မင်း တစ်ခုခု သောက်ချင်တာရှိလား ? " ပေါ်ယွီ နေရခက်တဲ့အခြေအနေကို ဖြိုခွဲဖို့ ကြိုးစားလိုက်သည်။
ဖရဲသီးလေးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ရှူလိုက်ပြီး ရုတ်တရက် သူ့လက်ထဲက ဒိန်ချဉ်ခွက်လေးကို မော့အန်းယွီဆီ ပေးလိုက်သည်။ " ကိုကြီး , ဒါသောက်ပါ "
မော့အန်းယွီ မှင်တက်သွားသည်။သူက ဒိန်ချဉ်မကြိုက်ပေ။ဒါကြောင့် သူ သောက်ဖို့ ငြင်းလိုက်ချင်သည်။ဒါပေမယ့် ဖရဲသီးလေးက သူ့ကို မျက်နှာချိုသွေးတဲ့အမူအရာလေးနဲ့ စိတ်အားထက်သန်စွာ ကြည့်နေတာကို မြင်လိုက်တဲ့အချိန်မှာတော့ သူ အမှုမဲ့အမှတ်မဲ့ မသိလိုက်ဘဲ အလိုလို သူ့လက်ကို ဆန့်ထုတ်ပြီး ဒိန်ချဉ်ခွက်လေးကို ယူလိုက်မိသည်။ " ကျေးဇူးပဲနော် "
ဒီကလေးလေးက ပေါ်ယွီနဲ့ တကယ့်ကို တူတာပဲ။
အဲဒီအချက်က ဖရဲသီးလေးကို ငြင်းဆန်ဖို့ မော့အန်းယွီအတွက် ခက်ခဲစေသည်လေ။
.
.
.
.
.
.
Please vote and comment !