Chereads / Breaking Up , No Joke ( Myanmar Translation ) / Chapter 14 - Chapter-13(Anger)

Chapter 14 - Chapter-13(Anger)

ပေါ်ယွီ တံခါး၀က​နေ အိပ်ခန်းထဲကို ​ထော့နဲ့​​ထော့နဲ့ နဲ့ ခက်ခက်ခဲခဲ ​လျှောက်သွားပြီး သူ ဖရဲသီး​လေးကို ရှာမ​တွေ့​ချေ။အိမ်က ဘာသံမှမကြားရဘဲ တိတ်ဆိတ်​နေတဲ့အခါ ​ပေါ်ယွီ ချက်ချင်းပဲ စိုးရိမ်ပူပန်လာသည်။

" ဖရဲသီး​လေး ? ​ပေါ်ရန်တင်း ? ​ပေါ်ရန်တင်း​ရေ ? "

​​ပေါ်ယွီ အရမ်းစိုးရိမ်​နေတာ​ကြောင့် ​​ချွေး​တွေစီးကျလာသည်။

ခဏကြာတဲ့အခါ ​ပေါ်ယွီရဲ့အိပ်ခန်းထဲက​​နေ ဖရဲသီး​လေးရဲ့အသံ​လေးက ထွက်​ပေါ်လာသည်။ဖရဲသီး​လေးဟာ အသံ​တွေပြာတဲ့အထိ ငို​ထားပြီး တဟင့်ဟင့်ရှိုက်ငို​နေဆဲဖြစ်သည်။

အဲဒီအချိန်မှာ ​ပေါ်ယွီရဲ့နှလုံးသား​လေးက ရုတ်တရက် တင်းကြပ်သွားပြီး သူ အိပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။​ပေါ်ယွီ အသံလာရာဆီ လိုက်သွားတဲ့အခါ မတ်တပ်ရပ်အ၀တ်ဗီရိုကြီး​ရှေ့ကို ​ရောက်သွားပြီး သူ ဗီရိုတံခါးကို ဖွင့်လိုက်​​တော့သည်။

ဖရဲသီး​လေးက တန်တန်နဲ့အတူ အ၀တ်ဗီရိုထဲမှာ ကုပ်ကုပ်က​လေး ​ဆောင့်​ကြောင့်ထိုင်​နေပြီး တစ်ကိုယ်လုံးတုန်ယင်ကာ အသက်ရှူရပ်မတတ် ငို​နေသည်။ဖရဲသီးလေး တုန်တက်သွားတိုင်း သူ့နဖူး​ပေါ်က ဆံပင်​လေး​တွေကလည်း တုန်သွားပြီး ကြည့်ရတာ သနားစရာလည်း​ကောင်းသလို ရယ်စရာလည်း​ကောင်း​နေသည်။

​ပေါ်ယွီ သနားသွားပြီး ရယ်ချင်သလို ခံစားလိုက်ရသည်။​ပေါ်ယွီက တအီအီ​​အော်​နေတဲ့ တန်တန်ကို ​ကောက်ချီပြီး ကြမ်းပြင်ပေါ် ချလိုက်သည်။အဲဒီ​နောက် သူ ဖရဲသီး​လေးကို ​ပွေ့ချီလိုက်​တော့သည်။

ဖရဲသီး​လေးက ​ပေါ်ယွီရဲ့​ခေါင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လာခဲ့သည်။   " ပါးပါး , ဘယ်သွား​နေတာလဲ ..... ဘယ်သွား ... ? "

ဖရဲသီး​လေးက အချိန်အကြာကြီး ပြင်းပြင်းထန်ထန် ငို​နေခဲ့တာ​ကြောင့် အခု သူ စကားတစ်ခွန်းကို​တောင် အပြည့်အစုံ မ​ပြောနိုင်​တော့​ပေ။

​ပေါ်ယွီ နှပ်​တွေနဲ့​ရော မျက်ရည်​တွေပါ​ရော​နေတဲ့ ဖရဲသီး​လေးရဲ့မျက်နှာကို အနမ်း​လေးပေးလိုက်သည်။သူ ညစ်ပတ်​နေတာကို သည်းခံဖို့ ကြိုးစားလိုက်ပါ​သေးတယ် ဒါ​ပေမယ့် အလကားပဲ။​ ​​​ပေါ်ယွီ ​ဖရဲသီး​လေးကို ရေချိုးခန်းဆီ ​ခေါ်သွားပြီး လက်ကိုင်ပဝါအစိုနဲ့ ဖရဲသီး​လေးရဲ့မျက်နှာ​လေးကို သုတ်​ပေးလိုက်​တော့သည်။

" မင်း ဘယ်အချိန် အိပ်ရာကနိုးတာလဲ ? "

ဖရဲသီး​လေးက ငိုထားလွန်းတာ​ကြောင့် ကြို့ထိုး​နေတုန်းပင်ဖြစ်သည်။ဒါ​ပေမယ့် သူ ​ပေါ်ယွီကို မြင်လိုက်ရတဲ့အခါ ဖရဲသီး​လေးရဲ့စိတ်အ​ခြေအ​နေက ပိုပြီးအဆင်​ပြေလာသည်။   " နိုးတာကြာပြီ ၊ သား ပါးပါးကို ရှာမ​တွေ့ဘူးရယ် "

​ပေါ်ယွီ ​ဖြေလိုက်သည်။   " ပါးပါး အပြင်ထွက်ပြီး ​ပြေးတာ မ​တော်တဆ လမ်း​ပျောက်သွားလို့ ၊ ပါးပါး ​တောင်းပန်ပါတယ် ဖရဲသီးလေး "

ဖရဲသီး​လေးက ၀မ်းနည်း​နေတုန်းပဲ ဆို​ပေမယ့် သူ ​​ထောက်ထားညှာတာစွာပဲ ပေါ်ယွီရဲ့နဖူး​ပေါ်က ​ချွေး​တွေကို သူ့လက်​လေးနဲ့ သုတ်​ပေးလာသည်။   " ပါးပါး ​ကျေးဇူးပြုပြီး ​ပြေးဖို့မသွားပါနဲ့​တော့ "

လိမ်​ပြောရာမှာ အရမ်းကျွမ်းကျင်​နေတဲ့ ​ပေါ်ယွီက​တော့ သူ့သား​လေးရဲ့နူးညံ့တဲ့မျက်နှာကိုကြည့်ပြီး လိပ်ပြာမလုံကာ အပြစ်ရှိစိတ်မျိုး နည်းနည်းမှမဖြစ်ဘဲ ​ခေါင်းငြိမ့်ပြလိုက်သည်။   " ပါးပါး ​နောက်တစ်ခါ ​ပြေးဖို့ ထွက်မသွား​တော့ဘူး "

တကယ်လို့ အဲဒီ​ထောင်​ချောက်ထဲမှာသာ သူ ​နောက်တစ်ကြိမ် မိသွားရင် သူ အရူးတစ်​ယောက်ဖြစ်သင့်​နေပြီ !!!

ရုတ်တရက် ​ဘေးက​နေ တန်တန်က ​ပြေးလာပြီး ခုန်ဆွခုန်ဆွလုပ်ကာ သူ့သွား​လေး​တွေနဲ့ ​ပေါ်ယွီရဲ့ရှပ်အင်္ကျီအနားစကို ကိုက်ဆွဲ​နေသည်။တန်တန်ဟာ ​သေခြင်းတရားက နီးကပ်လာတာကို မသိဘဲ မျက်နှာချို​သွေး​နေ​လေသည်။

​ပေါ်ယွီက ဖရဲသီး​လေးကို ​အောက်ချ​ပေးလိုက်ပြီး ​နောက်လှည့်ကာ တန်တန်ကို ဖမ်းကိုင်လိုက်သည်။အဲဒီ​နောက် သူ တန်တန်ကို ​ရေချိုးခန်းအပြင်ဘက်ဆီ ကန်ထုတ်ပစ်လိုက်သည်။

ဖရဲသီး​လေးဟာ မှန်​ရှေ့က မှန်တင်ခုံ​ပေါ်မှာ ထိုင်​နေပြီး ​ပေါ်ယွီဆီကို ​ပွေ့ဖက်​ပေးဖို့ လက်လှမ်းလိုက်သည်။သူက ​​ပေါ်ယွီရဲ့​ခေါင်း​လေးကိုသာ ဖက်မထားရရင် သူ လုံခြုံတယ်လို့ မခံစားရ​ပေ။

​​ပေါ်ယွီ ဖရဲသီး​လေးကို ​ပွေ့ဖက်​ပေးလိုက်သည်။သူ မ​နေ့ညက တစ်ညလုံး ပြန်မလာခဲ့​ပေ။အကယ်၍ မဟုတ်လျှင် ဖရဲသီးလေးလည်း ဒီလိုမျိုး ဖြစ်​နေမှာမဟုတ်​ချေ။

ဒါ​ပေမယ့် ဘာပဲဖြစ်ဖြစ် သူက ဘယ်သူပြင်ထားတဲ့ သံပရာရည်ကို မ​တော်တဆ ​သောက်ခဲ့လိုက်မိတာလဲ?

​ပေါ်ယွီ သူ့မျက်လုံး​တွေကို ​မှေးစင်းကာ သူ့ရဲ့သိချင်စိတ်​တွေကို ချိုးနှိမ်ပြီး စဉ်းစားကြည့်လိုက်သည်။ဒီကိစ္စက အရမ်းမရိုးရှင်းနိုင်​လောက်ဘူး။

ဒါ​ပေမယ့် ​ပေါ်ယွီက သူ့ကိုယ်ပိုင်အလုပ်နဲ့လူမှုအဆင့်အတန်း​ပေါ်မှာ မူတည်ပြီး​တော့ကာ အမှန်တရားကို ရှာမ​တွေ့နိုင်​ပေ။ဒါ​ကြောင့် သူ ခဏ​လောက် အဲဒီကိစ္စကို ​မေ့ပစ်လိုက်ပြီး သူ့​ခေါင်းထဲပဲ ထည့်ထားလိုက်​တော့သည်။

_____________

ချီယန်က​တော့ အရှက်ကွဲမှု​တွေက​နေပြီး ​ဒေါသ​တွေထွက်လာသည်။   " ငါက ​နှောင့်ယှက်ခံလိုက်ရတာပဲ ။ တစ်​ယောက်​ယောက်က ငါ့အစီအစဉ်ထဲကိုလာပြီး တစ်ခုခုလုပ်လိုက်တာပဲဖြစ်ရမယ် ။ ငါ့ကို ​နောက်ထပ်အခွင့်အ​ရေး​ပေးပါ ။ ငါ ဒီတစ်​ခေါက်ကို​တော့ ​အောင်မြင်​အောင်လုပ်ပါ့မယ် "

ဖုန်းတစ်ဖက်မှာရှိ​နေတဲ့ အမျိုးသားက ​လှောင်​ပြောင်လိုက်သည်။   " မင်း စုန့်ရှီလင်ကို မင်းရဲ့အ​စေခံလို့များ စဉ်းစား​နေတာလား ? မင်းရဲ့အစီအစဉ်ကို ပြီးပြည့်စုံ​​အောင်ဆွဲဖို့အတွက် မင်းကို ဒုတိယအခွင့်အ​ရေး​ပေးဖို့​တောင်းတဲ့အထိ မင်း ရူးမ​နေသင့်ဘူး "

ချီယန်က အမျိုးသားကို အတိုက်အခံလုပ်ကာ ​ပြောလိုက်သည်။   " အဲဒီကိစ္စကို လုပ်တဲ့သူက ငါဆိုတာ သူ မသိဘူး​လေ ။ အဲဒါက ငါ့မှာ အခွင့်အ​ရေးရှိတယ်လို့ ဆိုလိုတာပဲ "

အမျိုးသားမှာ ချီယန်ရဲ့တုံးအမှုကြီးကို ဆွံ့အသွား​လေသည်။   " သတိထားပြီးလုပ် ။ သူ့ကို သက်​သေရမသွား​စေနဲ့ ၊ ဒါပဲ "

​ပြောပြီးတာနဲ့ အမျိုးသားက ဖုန်းချသွားသည်။

ချီယန် ဖုန်းကို ကြမ်းပြင်​ပေါ်လွှင့်ပစ်ချလိုက်ပြီး သီချင်း​လေးတသည်းသည်းလုပ်​နေ​တော့သည်။

အဲဒီအမျိုးသားက သူ့ကို အဟန့်အတားခလုတ်ကန်သင်း​တွေရှင်းပစ်ဖို့ ကူညီ​ပေးနိုင်ပြီး ချီယန်ကို စုန့်ရှီလင်အနားမှာ ​နေနိုင်​အောင်လုပ်​ပေးခဲ့တာ​ကြောင့် ချီယန်က အမြဲတမ်း အဲဒီအမျိုးသားရဲ့အကြံအစည်အတိုင်း လိုက်နာ​​လေ့ရှိသည်။

ဒါက ရယ်စရာ​တော့ ​ကောင်းသားပဲ။

ဒါ​ပေမယ့် မ​နေ့ညက သူ စုန့်ရှီလင်အတွက် ပြင်ဆင်ထားတဲ့ သံပရာရည်ကို ​ပေါ်ယွီက ​သောက်လိုက်မိသည်။ဒါ​ကြောင့် ​ပေါ်ယွီက​တော့ တခြားလူ​တွေနဲ့ အတူအိပ်ရ​တော့မှာပဲလို့ ချီယန် ဖျက်လိုဖျက်ဆီး ခန့်မှန်းကြည့်လိုက်သည်။

အဲဒီကိစ္စကြီးကို ချီယန် စဉ်းစားကြည့်လိုက်တာနဲ့ သူ အဲဒါက အရမ်းရွံရှာစက်ဆုပ်စရာ​ကောင်းသလို ခံစားရသည်။

တကယ်လို့ သူ ​ပေါ်ယွီရဲ့အားနည်းချက်ကိုသာ ဖမ်းမိရင် သူ့အခွင့်အ​ရေးကို ဖျက်လိုဖျက်ဆီးလုပ်သွားတဲ့​ပေါ်ယွီကို သူ ဒုက္ခ​ရောက်​အောင်လုပ်ပစ်မယ်။

ချီယန်ရဲ့မျက်လုံး​တွေက ပုံမှန်ပြန်ဖြစ်သွားသည်။

တစ်ညတာအတွက် ​ပေါ်ယွီနဲ့အတူအိပ်ခဲ့တဲ့ စုန့်ရှီလင်က​တော့ ချီယန်ဟာ ဒီပြသာနာကိုမီး​မွှေးတဲ့ ကြံရာပါမှန်း လုံး၀မသိ​ပေ။​ပေါ်ယွီ ထွက်သွားပြီး​နောက် သူ ​ရေချိုခန်းထဲပြန်၀င်ပြီး ​ရေဆက်ချိုးလိုက်သည်။

ဆံပင်​တွေက အ​ခြောက်မခံရ​သေးတာ​ကြောင့် စို​နေဆဲဖြစ်သည်။စုန့်ရှီလင် ဝိုင်ခွက်ကိုယူပြီး ဝိုင်နီတစ်ငုံ​သောက်လိုက်သည်။သူ့ရဲ့ဥပက္ခာပြုတတ်ပြီးနက်ရှိုင်းတဲ့မျက်၀န်း​တွေက​တော့ ​ဒေါသထွက်​နေဟန်ရှိသည်။

သူက ငတုံးတစ်​ယောက်မဟုတ်​ပေ။

မ​နေ့ညက သန့်စင်ခန်းတံခါးမှာ မူး​နေခဲ့တာကလွဲရင် ​ပေါ်ယွီက ပုံမှန်ပဲဖြစ်သည်။စုန့်ရှီလင်က သူ့ကို မိနစ်နည်းနည်းပါးပါး​လောက် ကြည့်မထားလိုက်မိတဲ့အချိန်မှာ တခြားလူရဲ့ထောင်​ခြောက်​ကြောင့် ​ပေါ်ယွီ စိတ်ကြွ​ဆေးစားမိသွားတယ်ဆိုတာကြီးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ?

စုန့်ရှီလင် ရုတ်တရက် အ​ကြောင်းပြချက်မရှိဘဲ စင်္ကြံလမ်း​ထောင့်က​နေ သံပရာရည်တစ်ခွက်နဲ့ ​ပေါ်လာတဲ့ waiter နဲ့ ​​ပေါ်ယွီ သံပရာရည်​သောက်ပြီး​တဲ့နောက်မှာ waiter ထိပ်ထိပ်ပျာပျာဖြစ်သွားခဲ့တာကို သတိရသွားသည်။သူ ဝိုးတိုးဝါးတားနဲ့ပဲ အမှန်တရားဆီကို နီးကပ်လာသည်။

စုန့်ရှီလင် မျက်​မှောင်ကြုတ်လိုက်ပြီး ဒီလိုကိစ္စမျိုးကို ​ပြောင်ပြောင်တင်းတင်း စုံစမ်းဖို့ မသင့်​တော်ဘူးလို့ ​တွေးမိသည်။

ဒီကိစ္စက အင်ပါယာမြို့​တော်ထဲမှာ ဖြစ်သွားခဲ့တာဖြစ်ပြီး တခြားလူရဲ့​ထောင်​ခြောက်​ကြောင့် ​ပေါ်ယွီကလည်း စိတ်ကြွ​ဆေးမိသွားခဲ့သည်။အကယ်၍ ဒီကိစ္စကိုသာ လူထုကများ သိသွားခဲ့ရင် အဲဒါက ​ဟော်တယ်နဲ့​​ပေါ်ယွီတို့ရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်​စေလိမ့်မည်။

စုန့်ရှီလင်က မျက်နှာ​ပေါ်မှာ ခန့်မှန်းရခက်တဲ့အမူအရာနဲ့ သူ့လက်​ချောင်း​တွေကို ​ကွေးကာ စားပွဲ​ပေါ် ထုလိုက်ပြီး ဗြုန်းခနဲအသံတစ်ခုကို ပြုလုပ်လိုက်သည်။

ဒါ​ပေမယ့် စုန့်ရှီလင် သူ ဒီ​စော်ကားခံရမှုနဲ့ အရှက်တကွဲဖြစ်ခဲ့ရတာ​တွေကို တိတ်တဆိတ် မျိုချပြီး မ​နေနိုင်​​ပေ။အဲဒါ​ကြောင့် စုံစမ်းစစ်​ဆေးတာကို ​ပေါ်တင် လုပ်မယ့်အစား လျို့ဝှက်စွာ လုပ်​ဆောင်ရမည်ဖြစ်သည်။

____________

မနက်အ​စောကြီးမှာပဲ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာတုန်လှုပ်မှုကို ခံစားလိုက်ရတဲ့ ဖရဲသီး​လေး​ကြောင့် ​ပေါ်ယွီ ခွင့်တစ်ရက်ယူပြီး အိမ်မှာ​နေကာ ဖရဲသီး​လေးနဲ့အတူတူ Superman တို့ ရှီယန်ယန်တို့လိုမျိုး ကာတွန်းကား​တွေကို ​ပျော်​ပျော်ရွှင်ရွှင် ကြည့်​ပေး​နေသည်။

​မြေ​ခွေးက သိုး​လေး​တွေနဲ့ monster ​လေး​တွေကို ဖမ်းတဲ့အခန်းကိုပဲ တစ်​နေကုန်ကြည့်​နေတာ​ကြောင့် ​ပေါ်ယွီ မူး​နောက်​နေပြီး ​အော်ဟစ်​နေတဲ့ တန်တန်ကို ဂရုစိုက်​ပေးချင်စိတ်လည်း မရှိ​တော့​ပေ။

ဖရဲသီး​လေးက ဆိုဖာ​ပေါ်မှာ ​ပျော်​ပျော်ရွှင်ရွှင် ထိုင်ပြီး ကိတ်မုန့်​လေးတစ်လုံးကို စား​​နေသည်။ကိတ်မုန့်​လေးရဲ့ သုံးပုံပုံတစ်ပုံ​လောက်ထိ ကျန်​တော့တဲ့အချိန်မှာ ဖရဲသီး​လေးက အင်တင်တင်နဲ့ပဲ သူ ကိတ်မုန့်စား​နေတာကို အမြှီး​လေးယမ်းကာ ကြည့်​နေတဲ့ တန်တန်ရဲ့​ရှေ့ကို ကိတ်မုန့်ယူသွား​ပေးလိုက်သည်။

မီးဖို​ချောင်တံခါး၀မှာ ​ပေါ်ယွီက မီးဖို​ချောင်သုံးဓါးတစ်​ချောင်းနဲ့ မတ်တပ်ရပ်​နေပြီး မျက်​မှောင်ကြုတ်လိုက်သည်။   " သူ့ကို ကိတ်မုန့်မ​ကျွေးနဲ့ ၊ ကိတ်မုန့်က သူ့ကို ​​နေမ​ကောင်းဖြစ်​စေတယ် "

ဖရဲသီး​လေးက ​နောက်ကိုလှည့်ကာ ပြန်​ဖြေလိုက်သည်။   " ပါးပါးပဲ အရင်တစ်ခါ တန်တန်ရဲ့​မွေး​နေ့တုန်းက အိမ်မှာရှိတဲ့ ကိတ်မုန့်​လေးကို တန်တန်ဆီ ​ပေးခဲ့တယ်မဟုတ်ဘူးလား ? "

​ပေါ်ယွီ တိတ်တဆိတ်ပဲ မီးဖို​ချောင်ထဲကို ပြန်၀င်သွား​တော့သည်။

​ကောင်စုတ်က​လေး ! အဲဒီတုန်းက တန်တန်ကို ကိတ်မုန်​ကျွေးလိုက်တယ်ဆိုတာက သူတို့မှာ ကိတ်​တွေအများကြီးကျန်​​နေ​သေးလို့​လေ။အခု ကိတ်မုန့်​လေးကကျ​တော့ ဖရဲသီး​လေးအတွက်​တောင် မ​လောက်တဲ့ ကိတ်မုန့်​သေး​သေး​လေး​လေ ။ အမှန်ဆို ဖရဲသီး​လေးက တန်တန်ဆီ ကျန်တဲ့ကိတ်မုန့်​လေးကို မ​ပေးလိုက်သင့်ဘူးမလား ? အရမ်းမိုက်မဲတာပဲ !!!

ဖရဲသီး​လေးနဲ့တန်တန်ဟာ ကိတ်မုန့်​လေးကို အတူတူ မျှစားပြီးတဲ့​​နောက်မှာ သူတို့ရဲ့သံ​ယောဇဉ်​တွေက ပိုပြီးနက်ရှိုင်းလာသည်။ဒါ​ကြောင့် ဖရဲသီး​လေး ​ရေချိုး​နေတဲ့အချိန်မှာ တန်တန်က အမြှီး​လေးကို ယမ်းကာ bathtub ​ဘေးနားမှာ စက်ဝိုင်းပုံ​လေးလှည့်ပတ်သွား​​နေသည်။ပါပီ​လေးရဲ့မျက်နှာက ​ရေအတူတူချိုးရဖို့အတွက် စိတ်အားထက်သန်မှုအပြည့်ဖြစ်​နေ​လေသည်။

စူးရှတဲ့မျက်လုံး​တွေနဲ့ လျင်မြန်ဖြတ်လတ်တဲ့ လက်​တွေရှိတဲ့​ပေါ်ယွီက တန်တန်ကို ​ရေနဲ့ပက်လိုက်သည်။အဲဒီအခါ တန်တန်က နည်းနည်း​ဝေးတဲ့​နေရာကို ပြန်​ပြေးသွားပြီး ​ပေါ်ယွီ သတိ​ပေးလိုက်သည်။   " ရပ် !!! အဲဒီ​နေရာမှာ မတ်တပ်ရပ်​နေ ၊ ဒီ​​နေရာကို မလာခဲ့နဲ့ "

ဖရဲသီး​လေးက မ​ပျော်ရွှင်​တော့​ပေ။သူက တန်တန်နဲ့အတူ bathtub ထဲမှာ ​ရေချိုးဖို့အတွက် တန်တန်ကို ​ခေါ်ဖို့ bathtub အပြင်ကို ခုန်ထွက်လို့ရ​အောင် ရုန်းကန်လိုက်သည်။

​ပေါ်ယွီက ဖရဲသီး​လေးရဲ့ ဆံပင်အမြှီး​လေးကို ဆွဲထားလိုက်ပြီး စိတ်တို​နေတဲ့ ဖရဲသီး​လေးရဲ့မျက်လုံး​လေး​တွေကို မသိချင်​ယောင်​ဆောင်ကာ မာန်ပါပါဆိုလိုက်သည်။   " ​ရေချိုးမလား ဒါမှမဟုတ် ငါ မင်းရဲ့ဆံပင်အမြှီး​လေးကို ဖြတ်ပစ်ပြီး မင်းဆံပင်​တွေအားလုံးကို ရှင်းလင်းသွား​အောင် ရိတ်​ပေးရမလား "

ဖရဲသီး​လေးက စိတ်မပါလက်မပါနဲ့ပဲ bathtub ထဲမှာ ပြန်ထိုင်လိုက်ပြီး ဘဲရုပ်က​လေး​တွေနဲ့အတူတူ ကစား​နေ​တော့သည်။သူ့နှုတ်ခမ်း​လေးက အ​ရှေ့ကို အ​တော်​လေးစူထွက်​နေပြီး သူ စိတ်မ​ကျေနပ်​ကြောင်းကို ပြသ​ထားသည်။   " တန်တန်လည်း ​ရေချိုးချင်​နေမှာပဲကို "

" သူ့မှာ သူ့ရဲ့ကိုယ်ပိုင် bathtub ရှိတယ်​လေ။ ငါ တန်တန်ကို မင်းနဲ့အတူ ​ရေချိုးဖို့ ခွင့်ပြုမ​ပေးနိုင်ဘူး အဲဒီ​တော့ ​ကျေးဇူးပြုပြီး အဲဒီအကြံကို စွန့်လွှတ်လိုက်​တော့ "   ​ပေါ်ယွီက ​အေးစက်စွာ ​ပြောပြီး ဖရဲသီး​လေးရဲ့နှလုံးသားထဲမှာ ​လောင်ကျွမ်း​နေတဲ့ မီး​တောက်​လေးကို နင်း​ချေလိုက်သည်။

ကြမ်းပြင်​ပေါ်မှာ လဲ​နေရာက​နေ ခက်ခက်ခဲခဲ မတ်တပ်ရပ်​နေရတဲ့ တန်တန်က သူနဲ့အတူ ​ရေချိုး​ပေးဖို့ စိတ်အားထက်သန်မှုအပြည့်နဲ့ အ​ဝေးက ဖရဲသီး​လေးကို ကြည့်​နေ​လေသည်။

​နောက်ဆုံးမှာ​တော့ ဖရဲသီး​လေး ​ရေချိုးလို့ပြီးသွားပြီဖြစ်သည်။ဖရဲသီး​လေးဟာ တန်တန်နဲ့အတူ ဖိနပ်မပါဘဲ ဧည့်ခန်းထဲမှာ ပတ်​ပြေး​နေကြသည်။

​ပေါ်ယွီ မျက်ခုံး​တွေ မြင့်တက်သွားပြီး ​ဒေါသထွက်လာ​တော့သည်။အဲဒီလိုဖြစ်​နေချိန်မှာပဲ သူ့ဖုန်းက အသံမြည်လာခဲ့သည်။​ပေါ်ယွီက ဘယ်သူ​ခေါ်တယ်ဆိုတာကို မကြည့်ဘဲ ဖုန်း​ဖြေချလိုက်မိသည်။

​မော့အန်းယွီက အပြုံး​လေးနဲ့ ​ပြောလာသည်။   " ​ပေါ်ယွီ , မနက်ဖြန် ရိုက်ကွင်းကို လာမှာလားဟင် ? "

​ပေါ်ယွီ ​ခေါင်းငြိမ့်လိုက်သည်။သူ ပြန်မ​ဖြေခင်မှာပဲ သူ့လက်​မောင်းထဲမှာ တန်တန်ကို ​ပွေ့ပြီး ​ဘေးနားမှာ ​ပြေးလွှား​နေတဲ့ က​လေးဆိုး​လေးက ​အော်လိုက်သည်။   " ပါးပါး , ဒီကိုလာပါဦး ၊ တန်တန်ကို ​ရေချိုး​ပေးရ​အောင် သား ဒီ​နေ့ တန်တန်နဲ့အတူတူ အိပ်ချင်လို့ "

က​လေး​လေးရဲ့ နူးညံ့လတ်ဆတ်တဲ့ က​လေးဆန်ဆန် အသံ​လေးက ​ပေါ်ယွီရဲ့နားထဲက​နေတစ်ဆင့် ဖုန်းကိုဖြတ်ပြီး တစ်ဖက်က ​မော့အန်းယွီဆီ ​ရောက်သွား​လေသည်။

​မော့အန်းယွီ , " ..... "

​ပေါ်ယွီ , " ..... "

ဗု​ဒ္ဓေါ ဘုရားသခင် ???

​ပေါ်ယွီ သူ့​ခေါင်းထဲမှာ တဝီဝီမြည်လာပြီး ​နောင်တရစွာနဲ့ပဲ သူ့ရဲ့သတိလစ်ဟင်းသွားမှုအတွက် သူ့ကိုယ်သူ အကြိမ်ကြိမ် ဆူပူ​နေမိသည်။

တစ်ဖက်က ​မော့အန်းယွီလည်း ​နေရခက်သွားသည်။ဒါက သူငယ်ချင်းဖြစ်သူဆီကို ရိုးရိုးရှင်းရှင်း ဖုန်းဆက်တာဖြစ်သည်။ဒါ​ပေမယ့် သူက သူ့သူငယ်ချင်းရဲ့လျှို့ဝှက်ချက်ကို ​တွေ့သွားတာ​ကြောင့် ​နေရခက်လာသည်။

​ပေါ်ယွီ ​ချောင်းဆိုးလိုက်ပြီး ​ရေခဲလိုအ​ခြေအ​နေကြီးကို ဖြိုခွဲလိုက်သည်။   " သူက ငါ့သား​လေး​လေ "

ဖရဲသီး​လေးက နားပါး​လေသည်။​ပေါ်ယွီက ဖုန်းတစ်ဖက်ကလူဆီ သူ့အ​ကြောင်းမိတ်ဆက်​ပေး​နေတာကို ကြားသွား​တော့သည်။ဖရဲသီး​လေးက လျင်မြန်စွာနဲ့ တန်တန်ကို ​အောက်ချလိုက်ပြီး ​ပေါ်ယွီဆီ ​ပြေးလာ​လိုက်သည်။

​ပေါ်ယွီက ဖရဲသီး​လေးရဲ့ဆံပင်အမြှီး​လေးကို ဆွဲလိုက်ပြီး တစ်ဖက်လူက သူ့အမြင်ကို ​ပြောပြတာ ​စောင့်​နေလိုက်သည်။

​မော့အန်းယွီ ​ပြောလိုက်သည်။   " မင်းမှာ အသက်ငယ်ငယ် က​လေး​လေးတစ်​ယောက်ရှိတာပဲ "

ဒီလိုမျိုး ကို့ရို့ကားရားနိုင်တဲ့အ​ခြေအ​နေကြီးမှာ ​ပေါ်ယွီရဲ့စကား​ပြောစွမ်းရည်က ​အေးခဲ​နေပြီး သူ အချိန်မီအ​ကြောင်းအရာကို မလိုက်နိုင်ခဲ့​ပေ။

" သူ့နာမည်က ဘာတဲ့လဲ ? "   ​မော့အန်းယွီ ဖြည်းညင်းစွာ ​မေးလိုက်သည်။​ပေါ်ယွီက ဖရဲသီး​လေးရဲ့ဆံပင်အမြှီး​လေးကို လှုပ်လိုက်ပြီး ဖရဲသီး​လေးကို သူကိုယ်တိုင်ပြန်​ဖြေဖို့အတွက် လှုံ့​ဆောင်လိုက်သည်။

" ဖရဲသီး​လေးပါ!"   ဖရဲသီး​လေးက ဂုဏ်ယူ​နေတဲ့ အမူအရာ​လေးနဲ့ ကျယ်​လောင်စွာ ​ဖြေလိုက်သည်။   " ဟယ်လို , ဦး​လေး "

​မော့အန်းယွီ ပြုံးလိုက်သည်။လူကြီးနှစ်​ယောက်ကြားက အ​နေခက်​နေတာလည်း ​ပျောက်ကွယ်သွားပြီဖြစ်သည်။ 

" ဒါရိုက်တာ​ဟော်က ​ပေါ်ယွီ မနက်ဖြန်ရိုက်ကွင်းကို လာမှာလားလို့ ကျွန်​တော့်ကို ​မေး​နေတယ် ။ ကျွန်​တော်တို့ အရင်ဆုံး ဇာတ်သိမ်းပိုင်းကို ပြီး​အောက်ရိုက်ပြီး အရင်အပိုင်း​တွေကို ​နောက်မှရိုက်ကြမှာ "

​မော့အန်းယွီက သူ့ကိုလာပြီး ဘာဖြစ်လို့ ဒီလိုအ​ရေးမပါတဲ့ အ​သေးအဖွဲကိစ္စ​လေး​တွေကို ​ပြော​နေရသလဲဆိုတာ ​ပေါ်ယွီ နားမလည်​ပေ။ဒါ​ပေမယ့် သူ အဲဒါကို ထုတ်​မေးမ​နေ​တော့ဘဲ ၀မ်းသာစွာ ​ခေါင်းငြိမ့်ပြလိုက်သည်။

" ​ကောင်းပြီ ငါ နားလည်ပြီ ၊ မနက်ဖြန်မှ ​တွေ့မယ်​နော် "

​မော့အန်းယွီက နည်းနည်း အလုပ်ရှုပ်​နေတာဖြစ်ရမည်။သာမာန်စကားစမြည် ​ပြောပြီးတဲ့​နောက် ​မော့အန်းယွီက ဖုန်းချလိုက်​လေသည်။ဒီတစ်​ခေါက်က အရင် သူတို့ အချိန်အကြာကြီး စကား​ပြောခဲ့ကြတာနဲ့ မတူ​ပေ။

ဖုန်းကိုကိုင်ရင်း ​ပေါ်ယွီ ​မော့အန်းယွီက ​နေရခက်သွား​လောက်တယ်လို့ ​တွေးလိုက်မိသည်။သူ သက်ပြင်းတစ်ချက်ချကာ ဖရဲသီး​လေးကိုချီပြီး အိပ်ရာဆီသွားလိုက်​တော့သည်။

သူ ​ဒီရက်ပိုင်းမှာ ​တော်​တော်​လေးကံဆိုး​နေသည်။​ပေါ်ယွီ အကူအညီမဲ့စွာနဲ့ပဲ သူ ဘယ်ဘုရားသခင်ကိုများ အပြစ်ပြုမိလို့လဲဆိုပြီး​တော့​တောင် စဉ်းစားမိသည်။အကယ်၍ မဟုတ်လျှင် သူ လုပ်သမျှအရာတိုင်းက ​နှောင့်ယှက်ခံ​နေရမှာမဟုတ်​ပေ။

__________

ဖုန်းချပြီးတာနဲ့ ​မော့အန်းယွီရဲ့ ကြင်နာတတ်တဲ့မျက်နှာပုံစံ​လေးက ချက်ချင်း ​ပြောင်းလဲသွားသည်။သူက bar ​ပေါ်မှာရှိတဲ့ ပုလင်း​တွေနဲ့ဖန်ခွက်​တွေကို ကြမ်းပြင်​ပေါ် တွန်းချပစ်လိုက်တာ​ကြောင့် တ​ဖြောင်း​ဖြောင်းမြည်သံ​တွေ ထွက်​ပေါ်လာသည်။

​မော့အန်းယွီက ဝိုင်ဗီရိုဆီကိုသွားလိုက်ပြီး ဝိုင်နီတစ်ပုလင်းကိုထုတ်ကာ အဆို့ကိုဖွင့်လိုက်သည်။အဲဒီ​နောက် သူ ဝိုင်ပုလင်းကို သူ့ပါးစပ်ထဲ ​လောင်းချလိုက်​တော့သည်။

အရင်တုန်းက သူ ​ပေါ်ယွီဘယ်မှာ​နေတယ်ဆိုတာကို စုံစမ်းဖို့အတွက် ​ပေါ်ယွီ့​နောက်ကို လိုက်သွားခဲ့ဖူးသည်။ဒါ​ပေမယ့် ​ပေါ်ယွီက က​လေး​လေးတစ်​ယောက်ကို ​ကောက်ချီလိုက်လိမ့်မယ်လို့​တော့ သူ တစ်ခါမှမ​တွေးခဲ့​ပေ။

အဲဒီအချိန်တုန်းက ပတ်၀န်းကျင်ကလည်း ​မှောင်မည်း​နေပြီး က​လေးက ဘယ်လိုပုံသံလဲဆိုတာကို သူ ​သေချာမမြင်နိုင်ခဲ့​ပေ။ဒါ​ကြောင့် သူက သူ့ကိုယ်သူ အဲဒီက​လေးက ​ပေါ်ယွီရဲ့​ဆွေမျိုးတစ်​ယောက်​ယောက်ပဲဖြစ်မှာပါဆိုပြီး နှစ်သိမ့်ခဲ့သည်။မျှော်လင့်မထားတာက အဲဒီက​လေး​လေးက ​ပေါ်ယွီရဲ့သားတဲ့လား !!!!!!

အဲဒီ​တော့ ​ပေါ်ယွီက မိန်းမပျက်တစ်​ယောက်နဲ့ က​လေးရှိ​နေလို့ ပြီးခဲ့တဲ့နှစ်နှစ်က ​ပျောက်​နေခဲ့တာ​ပေါ့​လေ !!!

​​မော့အန်းယွီ အဲဒီကိစ္စကို ​တွေး​လေ သူ ပိုပြီး ​ဒေါသထွက်​လေဖြစ်သည်။သူ ရုတ်တရက် ​ဝိုင်ပုလင်းကို ကြမ်းပြင်​ပေါ် ပစ်​ပေါက်လိုက်ပြီး ပြင်းပြင်းထန်ထန် အသက်ရှူ​နေသည်။သူ့မျက်လုံး​တွေက သိသိသာသာကို နီရဲ​နေကာ အရမ်း​ဒေါသထွက်​နေဟန်ရှိသည်။

သူက ဘယ်လိုလုပ်ပြီး တခြားလူနဲ့ က​လေးရှိ​နေနိုင်ရတာလဲ ???

မင်းက ငါ့ပိုင်တာပဲ !!!

​မော့အန်းယွီရဲ့ရင်ဘတ်ဟာ အသက်ရှူနှုန်း​ကြောင့် နိမ့်လိုက်မြင့်လိုက် ဖြစ်​နေပြီး သူ့မျက်လုံးထဲမှာလည်း ယုတ်မာမှု​တွေက တလက်လက် ​တောက်ပလာ​တော့သည်။

___________

​ပေါ်ယွီ က​လေးကို အိပ်​ပျော်​အောင် သိပ်လိုက်ပြီး ဒီမနက် အပြန်လမ်းမှာ သူ ၀င်၀ယ်လာခဲ့တဲ့ ​လိမ်း​ဆေးဘူး​လေးကိုထုတ်ကာ အိပ်ရာ​ပေါ်မှာ ​ဆောင့်​ကြောင့်​လေးထိုင်ရင်း သူ့ကိုယ်သူ လိမ်းလိုက်သည်။

" ရှက်စရာ ​ကောင်းလိုက်တာ ! "   သူ့ကိုယ်သူ ​ဆေးလိမ်းပြီး​နောက် ​ပေါ်ယွီ အိပ်ရာ​ပေါ်မှာ မလှုပ်မယှက် လှဲချလိုက်​တော့သည်။

" တခြားလူကို ငါ့ကိုယ်ငါ ​ပေးလိုက်ရရုံသာမက ​ဆေးကိုပါ ကိုယ့်ဟာကိုယ် လိမ်း​နေရတာပဲ ။ ဘယ်လို​တောင် ကံ​ကောင်းမှုကြီးလဲ !! "

​ပေါ်ယွီ အိပ်ရာ​ပေါ်မှာ ပက်လက်လှန်လိုက်ပြီး မျက်နှာကြက်ကို မျက်​တောင်မခတ် စိုက်ကြည့်​နေ​လေသည်။သူ မ​နေ့ညက ဘာ​တွေဖြစ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားမိသွားတဲ့အခါ ​ပေါ်ယွီ တမ်းတစွာ ​ပြောလိုက်သည်။

" အရမ်း​အေးတာပဲ ။ အချိန်အကြာကြီး မိုး​ခေါင်ပြီးရင်​တော့ ​မြေပြင်​ပေါ်ကို မိုးစက်က​လေး​တွေ ကျလာတန်​ကောင်းပါရဲ့​လေ "

{ T / N ; ​ပေါ်ယွီ​လေးက BOSSစုန့်ကို လွမ်း​​နေတာပါကွယ် 😿😿😿 }

​ပေါ်ယွီ မ​နေ့ညက စုန့်ရှီလင်နဲ့အတူ ချစ်ခဲ့ကြတာကို ​တွေးရင်းနဲ့ပဲ ​ခေါင်း​လေး​စောင်းကာ အိပ်​ပျော်သွား​တော့သည်။

.

.

.

.

.

.

Thank you for reading .