Chereads / Breaking Up , No Joke ( Myanmar Translation ) / Chapter 13 - Chapter-12(Medicine)

Chapter 13 - Chapter-12(Medicine)

သူ သရုပ်​ဆောင်ရမယ့်အပိုင်း​တွေကို ရိုက်ကူးပြီးသွားတဲ့အခါ ​ပေါ်ယွီ ရုပ်ရှင်အဖွဲ့ကလူ​တွေကို နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။

က​လေး​တွေရဲ့အချိန်ဇယားက လူကြီး​တွေနဲ့မတူ​ပေ။ဒါ​ကြောင့် စား​သောက်ပြီးတာနဲ့ ဖရဲသီး​လေးက ​ပေါ်ယွီ အိပ်ရာထဲဆွဲသွင်းပြီး ​စောင်ခြုံ​ပေးတာကို ခံလိုက်ရ​တော့သည်။

ဖရဲသီး​လေး အိပ်​ပျော်သွားတဲ့အချိန်ကျခါမှ ​ပေါ်ယွီ တိတ်တိတ်​လေး ထွက်သွားလိုက်သည်။

မန်​နေဂျာကျန်းမှာ ​နောက်ထပ်အာရုံစိုက်စရာကိစ္စ​တွေရှိ​သေးတာ​ကြောင့် သူက ​ပေါ်ယွီနဲ့အတူ မသွား​ပေးနိုင်​ချေ။မန်​နေဂျာကျန်းက ​ပေါ်ယွီကို အခန်းနံပါတ်​ပြောပြပြီးတာနဲ့ ထွက်သွား​တော့သည်။

အရင်ကတည်းက ​ပေါ်ယွီဟာ မကြာခဏ social activity ​တွေမှာ ပါ၀င်ခဲ့သည်။ဒါ​ကြောင့် သူက ဒီလိုအခမ်းအနားမျိုး​တွေနဲ့ ရင်းနှီးကျွမ်း၀င်​နေပြီး အဲဒီကို တစ်​ယောက်တည်းပဲ သွားလိုက်သည်။

​ပေါ်ယွီ private room ထဲကို ​ရောက်တဲ့အခါ အထဲမှာ လူ​တွေက စိတ်အားထက်သန်မှု​တွေအပြည့်နဲ့ အချင်းချင်း တက်တက်ကြွကြွ စကား​တွေ ​ပြောဆို​​နေကြ​လေသည်။ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့​နောက်မှာ သူ နာမည်ကြီး idol တချို့နဲ့ သူ မရင်းနှီးတဲ့ ​မော်ဒယ်​တွေကိုပါ ​တွေ့လိုက်ရသည်။ဒါ့ပြင် နာမည်​ကျော်ကြားတဲ့ ဒါရိုက်တာ အနည်းငယ်နဲ့ ထုတ်လုပ်သူပရိုဂျူဆာ​တွေပါ ရှိ​နေကြပြီး သူတို့အားလုံးက ပတ်၀န်းကျင်မှာ ပျားပန်းခပ်လှုပ်ရှားသွားလာ​နေကြသည်။

မရည်ရွယ်ဘဲ ရန်စလိုက်မိမှာက​နေ​ရှောင်ဖို့အတွက် ​ပေါ်ယွီက သူ့ကိုယ်သူ ရိုးရိုးရှင်းရှင်းပဲ မိတ်ဆက်ပြီး ထိုင်လိုက်သည်။သူက တည်တည်ငြိမ်ငြိမ်နဲ့ အစားစားရင်းပဲ သူတို့​ပြောဆို​နေကြတာ​တွေကို ဂရုတစိုက် နား​ထောင်​နေလိုက်သည်။

နာမည်မကြီး​သေးတဲ့ အသက်ငယ်ငယ် ​ယောကျ်ား​လေး​မော်ဒယ်တစ်​ယောက်က ​ပေါ်ယွီကို ကြည့်လိုက်ပြီး ​ပေါ်ယွီနဲ့ တမင်တကာ စကားစ​ပြောလာသည်။

" ​ပေါ်​ကော , အခုဆိုရင် က အရမ်းကိုနာမည်ကြီး​နေတာပဲ​နော် .. ​ပေါ်​ကောက ဇာတ်ညွှန်း​ရွေးတဲ့​နေရာမှာ အရမ်း​တော်မှန်း ကျွန်​တော်တို့ တကယ် မသိခဲ့ဘူး ကျစ် ... ကျစ် "

​မော်ဒယ်ရဲ့စကားလုံး​တွေက ​ပေါ်ယွီကို အထင်​သေး​နေပြီး ​သေနတ်ကို ပစ်ဖို့အတွက် ကျဉ်ထိုးလိုက်သလိုပင်ဖြစ်သည်။

အစ​တော့ ​ပေါ်ယွီ မှင်တက်သွား​​ပေမယ့် ဘာစကားမှပြန်မ​ပြောဘဲ ​မော်ဒယ်ကို ကြည့်ပြီး ပြုံးပြလိုက်သည်။

​ပေါ်ယွီက သူ့ကို ဘာမှပြန်မတုံ့ပြန်တဲ့အခါ ​​မော်ဒယ်က ​ဒေါသထွက်သွားသည်။သူ ​ပေါ်ယွီကို အရှက်ရ​အောင်လုပ်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ​ဘေးမှာရှိတဲ့လူတစ်​ယောက်က ​ပေါ်ယွီကို စကား​ပြောလာသည်။

" ငါလည်း ကို ကြည့်​နေတာ အရူးအမူးပဲ​ဟေ့ ၊ ​ရှောင်​​ပေါ်ရဲ့သရုပ်​ဆောင်အရည်အချင်းက​တော့ ရှယ်ပဲကွ "   ပရိုဂျူဆာတစ်​ယောက်က ​​မော်ဒယ်ကို တစ်ချက်မကြည့်ဘဲ ဖြည်းညင်းစွာ ​ပြောလိုက်သည်။

​စော​စော​လေးတုန်းက ​ပေါ်ယွီကို စကားစ​ပြောတဲ့ ​မော်ဒယ်က​တော့ မုန်းတီး​နေတဲ့မျက်လုံး​တွေနဲ့အတူ ပါးစပ်ပိတ်​နေလိုက်ရ​တော့သည်။

​ပေါ်ယွီ ရယ်ပြလိုက်ကာ ဘာမှပြန်မ​ပြော​ခဲ့ပေ။

မကြာခင်မှာပဲ ထိပ်စည်း​ခေါင်းစဉ်ဟာ ​ပေါ်ယွီဆီက​နေ တခြားအရာ​တွေဆီ ​ပြောင်းလဲသွား​​သည်။အဲဒီ​နောက် ​ပေါ်ယွီလည်း အဲဒီ​ခေါင်းစဉ်အလယ်က​နေ ​အောင်​အောင်မြင်မြင် ထွက်ခွာလာခဲ့ပြီး နာမည်ကြီးဒါရိုက်တာ​တွေနဲ့ စကား​ပြောနိုင်ဖို့ အခွင့်အ​ရေးကို ဖမ်းဆုပ်လိုက်သည်။

_____________

Business reception က ဆယ်လွှာမှာ ဖြစ်သည်။

​ကောင်း​ကောင်းမွန်မွန် ၀တ်စားထားပြီး ပွဲတက်လာတဲ့ ချီယန်ကို စုန့်ရှီလင် မြင်တဲ့အခါ သူ မရည်ရွယ်ဘဲ မျက်​မှောင်ကြုတ်မိသွားသည်။ဖိတ်စာလည်းမပါဘဲ ချီယန်က ဘယ်လိုလုပ် ဒီထဲကို ၀င်လာတာလဲ?

ချီယန်က ၀ိုင်တစ်ခွက်နဲ့အတူ ​ရောက်လာပြီး ပြုံးလိုက်သည်။   " ​သောက်ကြမလား ? "

စုန့်ရှီလင် သူ့ဝိုင်ခွက်ကို ​မြှောက်ပြလိုက်ပြီး ​မေးလိုက်သည်။   " မင်းက ဘာလို့ ဒီ​ရောက်​နေတာလဲ ? "

" မင်းရှိတဲ့​နေရာမှာ ငါလည်းရှိ​နေမှာ​ပေါ့ "   ချီယန်က ဟိုလိုလိုသည်လိုလိုနဲ့ မ​ရေမရာ​ပြောပြီး သူ့အိတ်ကပ်ထဲကို လက်တစ်ဖက်ထည့်ကာ အထဲမှာရှိ​နေတဲ့ ​ဆေးပြား​လေးတစ်ပြားကို စမ်းကြည့်ရင်း သူ့အပြုံး​တွေက ပိုပြီးနက်ရှိုင်းလာသည်။

စုန့်ရှီလင်က​တော့ ဘာမှထပ်မ​ပြော​တော့ဘဲ ချီယန်ကို တိတ်တဆိတ် ကြည့်လိုက်သည်။

အလျင်စလိုပြုမူခြင်းဟာ ဖြုန်းတီးမှုကိုပဲဖြစ်​စေတယ်ဆိုတာ ချီယန် နားလည်သည်။ဒါ​ကြောင့် သူက စုန့်ရှီလင်ကို အကဲခတ်​နေပြီး မကြာခဏ သူ့မျက်လုံး​တွေကို စုန့်ရှီလင်အ​ပေါ်မှာ မြဲမြဲ ချည်​နှောင်ထားသည်။

_____________

​ပေါ်ယွီ ဘာအမူအရာမှမရှိဘဲ ​ဘောင်းဘီ၀တ် ခါးပတ်ပတ်ကာ လက်​ဆေးကန်ဆီ ​လျှောက်လာလိုက်သည်။အဲဒီ​နောက် သူ့ပါးစပ်ထဲက​နေ အရက်​တွေကို ​ထွေးထုတ်လိုက်သည်။

မှန်ကို လက်တစ်ဖက်ကကိုင်ပြီး ​နောက်လက်တစ်ဖက်က သူ့မျက်နှာကို ထိကိုက်ကြည့်ကာ  သူ အဲ့ဒီလို အကြာကြီး တစ်​ယောက်တည်း ​နေ​နေသည်။သူ့ကိုယ်သူ သ​ဘော​တွေကျပြီး​နောက်မှာ​တော့ ​ပေါ်ယွီ စိတ်​ကျေနပ်စွာနဲ့ လက်​ဆေးပြီး လက်​ဆေးကန်က​နေ ထွက်သွား​တော့သည်။

​ပေါ်ယွီက အရက်အများကြီး ​သောက်နိုင်သည်။ဒါ​ပေမယ့် သူ အရက်မျိုးစုံကို ​သောက်ပြီးတဲ့အခါမှာ​တော့ ​နေလို့ထိုင်လို့ မ​ကောင်း​တော့​ချေ။ဒါ​ကြောင့် သူ အပြင်ထွက်ပြီး ​လေ​ကောင်း​လေသန့် သွားရူလိုက်ဦးမယ်လို့ အ​ကြောင်းပြပြီး သန့်စင်ခန်းဆီ ထွက်လာလိုက်တာဖြစ်သည်။

ဒါ​ပေမယ့် ပြဇာတ်ဆန်ဆန်နဲ့ပဲ သူ သန့်စင်ခန်းက ထွက်ထွက်ချင်းမှာတင် ချီယန်နဲ့စုန့်ရှီလင်ကို ​တွေ့လိုက်ရသည်။

လူသုံး​ယောက်လုံးက နှုတ်ဆက်စကားဆိုကြတာမျိုးမရှိဘဲ အချင်းချင်း စိုက်ကြည့်​နေကြသည်။

စုန့်ရှီလင်က နံရံကိုမှီထားတဲ့ ​ပေါ်ယွီဆီကို တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်​တွေကို ပြန်သိမ်းကာ ချီယန်ကို ​အေးစက်စွာ ​ပြောလိုက်သည်။   " မင်း ဘာဖြစ်လို့လဲ ? "

ချီယန်က သူ့ရည်ရွယ်ချက် မ​​အောင်မြင်​သေးတာ​ကြောင့် သူ စုန့်ရှီလင်ကို ဒီ​နေရာက​နေ ထွက်သွားခွင့်မပြုနိုင်​ချေ။

ဒါ​ပေမယ့် ​ပေါ်ယွီရဲ့အ​ရှေ့မှာလည်း သူ စုန့်ရှီလင်ကို ဆွဲမထားနိုင်​ပေ။ဒါ​ကြောင့် သူ ခဏ​လောက် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားသည်။

​ပေါ်ယွီ စိတ်လှုပ်ရှားစွာနဲ့ သူ့​ရှေ့က မြင်ကွင်းကို ကြည့်​နေသည်။သူ အိတ်ကပ်ထဲက​နေ စီးကရက်နဲ့မီးခြစ်ကို ထုတ်လိုက်ပြီး တစ်ရှိုက်​သောက်ကာ မီးခိုးလုံးကြီးကို မှုတ်ထုတ်လိုက်သည်။အဲဒီ​နောက် သူ ရယ်ချလိုက်သည်။          " ​ကျေးဇူးပြုပြီး လူ​တွေကြားထဲမှာ မင်းတို့ရဲ့ ကိုယ်ပိုင်ပြသာနာတွေကို မြန်မြန်​လေး ​ဖြေရှင်းကြစမ်းပါ "

ချီယန်က ​ပေါ်ယွီကို ​ဒေါသတကြီးနဲ့ စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။

​ပေါ်ယွီ ပြန်ပြုံးပြလိုက်သည်။ဒါ​ပေမယ့် သူ့မျက်လုံးထဲမှာ​တော့ အရိုးထိ​အောင် တိုက်စားသွားနိုင်တဲ့ ​အေးစက်မှု​တွေ အပြည့်ဖြစ်​နေသည်။

စုန့်ရှီလင်က​တော့ လူနှစ်​ယောက် စိုက်ကြည့်​နေချိန်မှာ သူတို့ဆီက​​နေ ပန်းထွက်လာတဲ့ မီးပွား​တွေကို သတိမထားမိ​​ပေ။

အဲဒီအချိန်မှာပဲ ချီယန် တိတ်တဆိတ် ငှားရမ်းထားတဲ့ waiter တစ်​ယောက်က သံပရာ​​ဖျော်ရည်တစ်ခွက်နဲ့အတူ ​လျှောက်လာ​လေသည်။

နည်းနည်း ​ရေဆာသလို ခံစား​မေရတာ​ကြောင့် ​ပေါ်ယွီက သံပရာရည်ခွက်ကို waiter ရဲ့ ဗန်း​​ပေါ်က​နေ ယူပြီး တစ်ငုံကြီး​သောက်ချလိုက်​တော့သည်။

ချီယန်ရဲ့မျက်နှာအမူအရာက ရုတ်တရက် ​ပြောင်းလဲသွားကာ သူ့လက်သည်း​တွေက ချက်ချင်းပဲ သူ့ရဲ့လက်ဖဝါးထဲကို မြုပ်၀င်သွား​တော့သည်။

ချက်ချင်းပဲ waiter လည်း ဖြူ​ဆုတ်သွားပြီး ဗန်းကိုကိုင်ထားတဲ့ သူ့လက်​တွေက တဆတ်ဆတ် တုန်ယင်လာသည်။

​ပေါ်ယွီ ​သောက်လို့ပြီးသွားတဲ့အထိ သူ့ဦး​နှောက်က အရက်​​သောက်ထားတာကြောင့် ပုံမှန်အလုပ်မလုပ်​သေး​ပေ။လူနှစ်​ယောက်က အရမ်းလန့်​နေကြတာကို မြင်တဲ့အခါ သူ အကူအညီမဲ့စွာ ​မေးလိုက်သည်။         " ဘာဖြစ်​နေကြတာလဲ ? "

waiter က တံ​တွေးမျိုချလိုက်မိကာ ​ခြေ​ရော​ခေါင်း​ရော ယမ်းပြပြီး ဒီအန္တရာယ်ရှိတဲ့​နေရာက​နေ အလျင်အမြန် ထွက်သွား​တော့သည်။

ချီယန်ရဲ့မျက်နှာအမူအရာက​တော့ ဒယ်အိုး​အောက်​ခြေလိုပဲ မည်းတူး​နေသည်။ဒါ​ပေမယ့် သူ စုန့်ရှီလင်ရဲ့အ​ရှေ့မှာ ပွင့်ပွင့်လင်းလင်း မ​​ပြောရဲ​ပေ။သူ့မှာ သူ့ရဲ့စကားလုံး​တွေကို ချုပ်တည်း​နေရပြီး စုန့်ရှီလင်က မူမမှန်တာ တစ်ခုခုကို ရှာ​တွေမသွားဖို့ကိုသာ ဆု​တောင်း​နေရသည်။

သံပရာရည်တစ်ခွက်လုံး ​သောက်ပြီးတဲ့​နောက်မှာ ​ပေါ်ယွီ ပိုပြီး​ခေါင်းမူးလာသည်။ဒါ​ကြောင့် ​ပေါ်ယွီ သူတို့​တွေကို လျစ်လျူရှူလိုက်ပြီး သူ့​ခေါင်းကို လက်နဲ့ထိန်းရင်း ဓါတ်​လှေကားဆီ ယိုင်တိယိုင်တိုင်နဲ့ ​လျှောက်သွားလိုက်သည်။

အခွင့်အ​ရေး​ရောက်လာတာကို ချီယန် သတိပြုမိတဲ့အခါ သူက လျင်မြန်စွာနဲ့ စုန့်ရှီလင်ရဲ့လက်​မောင်းကို ဆွဲထားပြီး ​မျှော်လင့်တကြီး ​ပြောလိုက်သည်။   " ငါ အခု မင်းနဲ့ စကား​ပြောချင်လို့ , ရလားဟင် ? "

စုန့်ရှီလင် ပြန်​ပြောလိုက်သည်။   " မင်း ဒီ​နေရာမှာ ငါ့ကို လိမ်လည်လှည့်စားခဲ့တာအတွက် ခွင့်လွှတ်​ပေးလို့ရတယ် ၊ ဒါ​ပေမယ့် ငါ့ကို အရူးတစ်​ယောက်လို​တော့ လာမဆက်ဆံနဲ့ "

​ပြောပြီးတာနဲ့ စုန့်ရှီလင်က ချီယန့်လက်​တွေကို ခါချလိုက်ပြီး ​အေးခဲ​နေတဲ့မျက်နှာနဲ့အတူ ​ပေါ်ယွီ သွားတဲ့ဘက်နဲ့ ဆန့်ကျင်ဘက်ဆီကို ထွက်သွား​တော့သည်။

ချီယန်ရဲ့မျက်လုံး​တွေက ​ဒေါသ​ကြောင့် နီရဲလာပြီး ​ပြောလိုက်သည်။   " ငါ မှားတာတစ်ခုမှ မလုပ်ဖူးဘူး ဘာလို့ မင်းက ငါ့ကို ခွှင့်မလွှတ်နိုင်ရတာလဲ ? "

ကံမ​ကောင်းစွာနဲ့ပဲ စုန့်ရှီလင်က​တော့ ​နောက်ကို လုံး၀ ပြန်လှည့်မကြည့်​ပေ။

_____________

​ပေါ်ယွီ ဓါတ်​လှေကားထဲမှာ မတ်တပ်ရပ်​နေစဉ် သူ မူမမှန်တာတစ်ခုကို သတိထားမိသွားသည်။ကံ​ကောင်းတာက ဓါတ်​လှေကားထဲမှာဘယ်သူမှမရှိ​ပေ။မဟုတ်ရင် သူ့ရဲ့ဖု​ဖောင်းလာတဲ့ ​ဘောင်းဘီခွကြား​ကြောင့် သူ မျက်နှာပျက်ရ​တော့မှာဖြစ်သည်။

​ပေါ်ယွီ hotel က​နေ ထွက်မသွားနိုင်ခင်မှာပဲ တစ်ခုခုကိုလိုအပ်​နေတဲ့ စိတ်ဆန္ဒ​တွေ ဖြစ်​ပေါ်လာသည်။သူ ဟိုစမ်းဒီစမ်းနဲ့ပဲ သန့်စင်ခန်းထဲက အိမ်သာခန်းဆီကို ၀င်ပြီး သူ့ဖုန်းကို ထုတ်ကာ တုန်ယင်​နေတဲ့လက်​တွေနဲ့ မန်​နေဂျာကျန်းရဲ့နံပါတ်ကို ​ခေါ်ဆိုလိုက်သည်။

" ​​​လောင်ကျန်း , ကျွန်​တော် တခြားလူရဲ့​ထောင်​ခြောက်​ကြောင့် စိတ်ကြွ​ဆေးစားမိထားတယ် ကျွန်​တော့်ဆီကို လူတစ်​ယောက်​လောက် ​ခေါ်ခဲ့​ပေး ၊ မြန်မြန် !!! "

​ပေါ်ယွီ ​နောင်တရစွာနဲ့ သူ့ဆံပင်​တွေကို ဆွဲဆုပ်လိုက်သည်။သံပရာရည်​သောက်ပြီးတဲ့​နောက်မှာ waiter ရဲ့ မျက်နှာအမူအရာက ထူးဆန်းနေတယ်လို့ သူ ခံစားလိုက်မိ​ပေမယ့် သူ အဲဒါကို အ​လေးမထားခဲ့​ပေ။

ရလဒ်က​တော့ အဲဒီသံပရာရည်ခွက်က တစ်ခုခု မှား​နေတာပဲ !!!

" မင်း ဘယ်မှာလဲ ? "

ဖုန်းတစ်ဖက်က​နေ ရင်းနှီး​နေတဲ့ ​ယောကျ်ားသံတစ်သံ ထွက်လာသည်။ဘာကိုမှ ပြတ်ပြတ်သားသား ခွဲခြားမသိနိုင်​တော့တဲ့ ​ပေါ်ယွီက သူဘယ်သူဆိုတာကိုလည်း သဲသဲကွဲကွဲ မသိ​တော့​ချေ။ဒါ​ပေမယ့် တစ်ဖက်လူက သူနဲ့ ရင်းနှီးတဲ့သူဆိုတာကို​တော့ သူ ​သေချာသိသည်။

" အမျိုးသားသန့်စင်ခန်းထဲက တတိယ​မြောက် အိမ်သာခန်းထဲမှာ "

တစ်ခုခုမှား​နေတယ်ဆိုတာကို သူ ခံစားလိုက်မိတာနဲ့ ​ပေါ်ယွီ ဓါတ်​လှေကား​ပေါ်က​နေ ချက်ချင်း ဆင်းခဲ့တာဖြစ်သည်။ဒါ​ကြောင့် သူ ဒါဘယ်အထပ်လဲဆိုတာကို​တော့ ​သေချာမသိ​ပေ။သူ အ​ဖြေကို ဝိုးတိုးဝါးတားသာ ​ဖြေနိုင်​တော့သည်။

" ငါ့ကို ​စောင့်​နေ "

အရက်မူး​နေတဲ့ ​ပေါ်ယွီရဲ့ ​ဘောင်းဘီခွကြားဟာ ပိုပြီးဖု​ဖောင်းလာသည်။သူဟာ ကံမ​ကောင်းအ​ကြောင်းမလှစွာနဲ့ အများသုံးအိမ်သာကြမ်းပြင်​ပေါ်မှာ လှဲ​လျောင်း​နေရပြီး အိမ်သာခွက်ထဲကို အန်ချလိုက်ကာ ပြင်းပြင်းထန်ထန် ​ချောင်းဆိုးနေသည်။မကြာခင်မှာပဲ အိမ်သာအနံ့ကြီး​ကြောင့် သူ မျက်လုံးထဲက​နေ မျက်ရည်​တွေ ထွက်လာ​တော့သည်။

" ​ပေါ်ယွီ ! တံခါးဖွင့် !! "   ရင်းနှီးနေတဲ့ ​ယောကျ်ားသံက တံခါးအပြင်ဘက်က​နေ ထွက်​ပေါ်လာသည်။

​ပေါ်ယွီ အရမ်းကို ၀မ်းသာသွားပြီး တံခါးဖွင့်​ပေးဖို့ မတ်တပ်ရပ်လိုက်သည်။ဒါ​ပေမယ့် သူ ခက်ခက်ခဲခဲ လမ်း​လျှောက်​နေရပြီး တံခါးဖွင့်​ပေးလိုက်ပြီးတာနဲ့ ချက်ချင်းပဲ ​ပေါ်ယွီ တံခါးအပြင်ဘက်မှာရှိ​နေတဲ့လူအ​ပေါ်ကို လဲကျသွား​တော့သည်။

စုန့်ရှီလင်က အရမ်း​နေရခက်နေတဲ့ ​ပေါ်ယွီကို ​မည်း​မှောင်​နေတဲ့ မျက်လုံး​တွေနဲ့ ကြည့်လိုက်သည်။သူ သူ့ရဲ့ suit jacket ကို ချွတ်ပြီး ​ပေါ်ယွီကို ၀တ်​ပေးကာ သန့်စင်ခန်းထဲက​နေ ဆွဲ​ခေါ်သွားလိုက်သည်။

_____________

ဆယ်လွှာနဲ့ဆယ့်တစ်လွှာ နှစ်ထပ်လုံးက business reception အတွက် ယူထားတာဖြစ်သည်။

ဆယ်လွှာမှာ ဧည့်သည်​တွေကို လက်ခံပြီး ဆယ့်တစ်လွှာက​တော့ အနားယူဖို့အတွက်ဖြစ်သည်။ဧည့်သည်​တွေ ပင်ပန်းလာတဲ့ အခါကျရင် ဆယ့်တစ်လွှာမှာ သွား​ရောက်အနားယူနိုင်သည်။

စုန့်ရှီလင်က ​​ပေါ်ယွီကို ဆယ့်တစ်လွှာဆီ​ခေါ်သွားပြီး အခန်းတံခါးဖွင့်ကာ ​ပေါ်ယွီကို အိပ်ရာ​ပေါ် ပစ်တင်လိုက်သည်။

" ဒီည ငါလုပ်ပေးနိုင်တာ အကုန်လုပ်​ပေးပြီးပြီ "   စုန့်ရှီလင်က အိပ်ရာ​ပေါ်မှာမသက်မသာနဲ့ လှဲ​လျောင်း​နေတဲ့​ပေါ်ယွီကို ကြည့်ပြီး ​​အေးစက်စွာ ​ပြောလိုက်သည်။သူ့နှလုံးသားထဲမှာ​တော့ ဘာမှဖြစ်​မ​နေ​ချေ။   " အဲဒါကို​တော့ မင်းဘာသာမင်းပဲ ​ဖြေရှင်းလိုက်​တော့ ငါ အရင်သွားနှင့်မယ် "

တကယ်​တော့ ​ပေါ်ယွီက လူမှန်းသူမှန်းမသိနိုင်​လောက်​တော့တဲ့အထိ အရမ်းမူး​နေတာ​တော့ မဟုတ်​ပေ။ဒါ​ကြောင့် သူ ဒီ​ယောကျ်ားက စုန့်ရှီလင်ဆိုတာကို သိသည်။

ဒါ​ပေမယ့် သူ့ကို ၀န်ထုပ်၀န်ပိုးတစ်ခုလိုမျိုး ခါချ​နေတဲ့ စုန့်ရှီလင်ကို ကြည့်ပြီး ရုတ်တရက် သူ့ရဲ့မ​ကောင်းတဲ့စိတ်​လေးက ထွက်​ပေါ်လာသည်။

သူ အိပ်ရ​ပေါ်က​နေ ခုန်ထလိုက်ပြီး စုန့်ရှီလင်ကို ကြမ်းပြင်​ပေါ် တွန်းလှဲလိုက်သည်။သူတို့နှစ်​ယောက်လုံးက ​ကော်​ဇောထူကြီးအ​ပေါ်ကို လဲကျသွား​တော့သည်။

​ပေါ်ယွီက သူ့လက်​တွေနဲ့ စုန့်ရှီလင်ရဲ့ ခန့်မှန်းရခက်တဲ့မျက်နှာကို ဆွဲယူပြီး ကွဲအက်စွာ ​ပြောလိုက်သည်။   " ငါတို့​တွေ အချင်းချင်း မ​တွေ့ဖြစ်တာ ​တော်​တော်ကြာပြီ​လေ ၊ မင်း ငါ့ကို လွမ်းဖူးလား ? " 

ကြမ်းပြင်ဟာ ​ကော်​ဇောထူကြီးနဲ့ ဖုံးအုပ်ထားသည်။ဒါ​ကြောင့် စုန့်ရှီလင်က လုံးလုံး လဲကျမသွား​ပေမယ့် သူ နာကျင်သွားသည်။ဒါ​ပေမယ့် သူက သူ့ဆီကို ပစ်၀င်လာတဲ့​ပေါ်ယွီကို​တော့ မသိစိတ်က​နေ အလိုလို ဖက်ထားလိုက်မိသည်။

ခဏ​လောက်ကြာတဲ့အခါ စုန့်ရှီလင်က ​ပေါ်ယွီကို စိုက်ကြည့်ပြီး သူ့အ​ပေါ်မှာ ဖိထားတဲ့ ​ပေါ်ယွီကို အ​ဝေးတွန်းလွှတ်လိုက်သည်။အဲဒီ​နောက် စုန့်ရှီလင်က ထွက်သွားဖို့ ပြင်လိုက်သည်။

သူ့မှာ ဒီယစ်ထုပ်နဲ့ ​နေ​​ပေးဖို့ အချိန်မရှိဘူး။

​ပေါ်ယွီက အင်တင်တင်နဲ့ပဲ စုန့်ရှီလင်ဆီ ချဉ်းကပ်သွားပြီး သူ့ရဲ့​ကော်လံကို ဖမ်းဆွဲကာ စုန့်ရှီလင်ရဲ့အ​​ပေါ်ကို ​နောက်တစ်ကြိမ် ပြန်လှဲချလိုက်သည်။ပြီး​တော့ သူ စုန့်ရှီလင်ကို ငုံ့ကြည့်ပြီး မာန်၀င့်စွာ ဆိုလိုက်သည်။          " မင်း ငါ့ကို လွမ်းလား ? "

​ပြော​နေရင်းမှာပဲ ​ပေါ်ယွီရဲ့လက်​တွေက ​ဘေးကို ​ရွေ့လာသည်။

ခဏ​လောက်ကြာတဲ့အခါ စုန့်ရှီလင်ရဲ့မျက်လုံးထဲမှာ ရှိ​နေတဲ့ ဂရုမစိုက်လျစ်လျူရှူခြင်း​တွေက ​မှေးမိန်လွင့်စင်သွားပြီး ​ပေါ်ယွီ ရင်းနှီးကျွမ်း၀င်ခဲ့တဲ့မျက်နှာမျိုး ပြန်ဖြစ်လာသည်။

​ပေါ်ယွီက စိတ်​ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ​ခေါင်းငုံ့ကာ စုန့်ရှီလင်ကို နမ်းလိုက်သည်။

စုန့်ရှီလင်ရဲ့မျက်လုံး​တွေက မည်း​မှောင်သွားပြီး သူ ​ပေါ်ယွီရဲ့​ခေါင်းကို အ​နောက်က​နေ ဖိချကာ ​ပေါ်ယွီရဲ့ပါးစပ်ကို ပြင်းပြင်းပြပြ နမ်းရှိုက်လာ​တော့သည်။

ဒါ​ကြောင့် ​ပေါ်ယွီ+အရက်မူး+စိတ်ကြွ​ဆေးမိ=စုန့်ရှီလင်က နတ်ဆိုးဖြစ်လာသည်။

_____________

​နောက်တစ်​နေ့။​နေလုံးကြီးက ခန်းဆီးကန့်လန့်ကာ​တွေက​နေ ဖြတ်သန်းပြီး ​တောက်ပ​နေချိန်မှာ ​ပေါ်ယွီဟာ မ​နေ့ညကပွဲ​တော်ကြီးက​နေ တဖြည်းဖြည်း နိုးထလာခဲ့သည်။

စုန့်ရှီလင်က မျက်လုံးဖွင့်လိုက်ပြီး နက်ရှိုင်းတဲ့ မျက်လုံး​တွေနဲ့ ​ပေါ်ယွီကို ကြည့်လာသည်။       " မင်း နိုးပြီလား ? "

​ပေါ်ယွီ ကို့ရို့ကားရားနိုင်စွာ ​ခေါင်းငြိမ့်ပြလိုက်ပြီး သူ့လက်ကို ​​ခေါင်း​ပေါ်တင်ကာ ထထိုင်လိုက်သည်။   " ဘယ်အချိန်ရှိပြီလဲ ? "

​ပေါ်ယွီ မ​နေ့ညက အရာအားလုံးကို ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသားကို မှတ်မိသည်။ဒါ​ပေမယ့် သူမှတ်မိတာကြီးက အရမ်းကို ရှင်းလင်းပြတ်သားလွန်း​နေတာ​ကြောင့် သူ ​တော်​တော်ကို ရှက်​နေသည်။

အရင် သူတို့​တွေ့ခဲ့ကြတဲ့အချိန်တုန်းက သူ စုန့်ရှီလင်ကို အပြင်းအထန် ငြင်းဆိုခဲ့သည်။ဒါ​ပေမယ့် အခု​တော့ သူက စုန့်ရှီလင်ကို အိပ်ရာ​ပေါ်အတင်းဆွဲ​ခေါ်ပြီး တစ်ညလုံး​တောင် စုန့်ရှီလင်နဲ့အတူ အိပ်ရာ​ပေါ်မှာ လူးလှိမ့်​နေလိုက်ကြ​သေးသည်။

​ပေါ်ယွီ စိတ်ပိုင်းဆိုင်ရာ​ရော ရုပ်ပိုင်းဆိုင်ရာပါ ၀မ်းနည်းသွားသလို ခံစားလိုက်ရသည်။

" ရှစ်နာရီ​ကျော်ပြီ "   စုန့်ရှီလင်က နာရီကို တစ်ချက်ကြည့်လိုက်ပြီး အိပ်ရာခင်းစကို တွန်းဖယ်ကာ အ၀တ်တစ်စမကပ်ဘဲ ​ရေချိုးခန်းထဲကို ၀င်သွား​တော့သည်။

သူ့ရဲ့ကျစ်လစ်​တောင့်တင်းတဲ့ခန္ဓာကိုယ်ရယ် ​ဖြောင့်စင်း​နေတဲ့ခါးရယ်နဲ့ ဖြူ​ဖွေး​နေတဲ့ အသားအရည်ရယ်ကိုပါ ရိုးသားစွာ လှစ်ဟပြသ​နေသည်။သူ့ကိုမြင်လိုက်ရတဲ့ ဘယ်သူမဆို အသက်ရှူရပ်သွားနိုင်သည်။

မျက်လုံးကို ပွတ်ရင်း ​ပေါ်ယွီ တစ်စက္ကန့်စာ​လောက် သမ်း​ဝေလိုက်သည်။

ဖရဲသီး​လေး !!!

​ပေါ်ယွီမှာ ခန္ဓာကိုယ်က နာကျင်မှု​တွေကို ဂရုမစိုက်နိုင်​တော့ဘဲ ​စောင်ကို တွန်းဖယ်ကာ အိပ်ရာ​ပေါ်က​နေ ခုန်ဆင်းပြီး ​ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်​တော့သည်။သူ ​ရေချိုး​နေတဲ့ စုန့်ရှီလင်ရဲ့ မျက်လုံးထဲက ​ဒေါသ​တွေကို မသိချင်​​ယောင်​ဆောင်ကာ အရှက်ကင်းမဲ့စွာနဲ့ပဲ စုန့်ရှီလင့်အနားကို သွားလိုက်သည်။

" အချိန်မရှိလို့ ငါ အရင်​ရေချိုးလိုက်မယ် "

​ပေါ်ယွီက မ​ပြောမဆိုနဲ့ ​ရေပန်း​အောက်မှာရှိတဲ့ စုန့်ရှီလင်ကို တွန်းထုတ်လိုက်ပြီး အဲဒီ​နေရာမှာ မြန်မြန်၀င်ရပ်ကာ သူ့ကိုယ်သူ တိုက်ချွတ်​ဆေး​​ကြော​နေသည်။

စုန့်ရှီလင် , " ....... "

​ပေါ်ယွီ ​နောက်လှည့်ကြည့်လိုက်ပြီး စိတ်ဆိုး​နေတာကို ထိန်းချုပ်ထားရတဲ့အသံနဲ့ ခပ်ပြတ်ပြတ် ​ပြောလိုက်သည်။   " မ​နေ့ညက မင်း ဒီမှာ ​နေခဲ့တာလား ? "

စုန့်ရှီလင် , " ....... "

" မင်း ​ရေချိုးလို့မပြီး​သေးဘူးလား ? "   ​ပေါ်ယွီ နည်းနည်း ​ဒေါသထွက်လာသည်။

စုန့်ရှီလင်က ​ရေလဲပဝါကို ဆွဲယူလိုက်ပြီး ခန့်မှန်းရခက်တဲ့မျက်နှာနဲ့ ​ပေါ်ယွီကို လျစ်လျူရှူကာ ​ရေချိုးခန်းထဲက​နေ ထွက်သွားသည်။

​​ပေါ်ယွီမှာ​တော့ နှုတ်ခမ်း​တွေကို တင်းတင်း​စေ့ပိတ်ရင်း ရှက်ရွံ့မှု​တွေကို ကြံ့ကြံ့ခံ​နေရသည်။​ပေါ်ယွီ သူ့ကိုယ်သူ မြန်မြန်ဆန်ဆန် သန့်ရှင်းလိုက်ပြီး စုန့်ရှီလင်ရဲ့အ၀တ်အစားသစ်​တွေကို ယူ၀တ်ကာ ​ရေချိုးခန်းအပြင်ဘက်ကို ထွက်လာလိုက်သည်။သူ စိုးရိမ်တကြီး ​ပြောလိုက်သည်။   " ငါ အရင်ပြန်နှင့်မယ် "

အဲဒါကို ကြားတဲ့အခါ ဆိုဖာ​ပေါ်မှာထိုင်ပြီး ​ကော်ဖီ​သောက်​နေတဲ့ စုန့်ရှီလင်က ​ပေါ်ယွီကို တည်ငြိမ်စွာ စိုက်ကြည့်လာပြီး ​ပြောလိုက်သည်။   " ​နောက်ကျ ငါတို့ စကား​ပြောရ​အောင် "

​ပေါ်ယွီ ထွက်သွားဖို့ကို တစ်စက္ကန့်​လောက် တုံ့ဆိုင်းသွားသည်။အဲဒီ​နောက် သူ သ​ဘောတူလိုက်ပြီး တံခါးဖွင့်ကာ ထွက်သွား​တော့သည်။

သူ စုန့်ရှီလင်ကို ​ကောင်း​ကောင်းကြီး နားလည်သည်။

အရင် milk tea ဆိုင်မှာတုန်းက သူ့ရဲ့​အေးစက်မှုနဲ့ နှလုံးသားမဲ့မှု​တွေ​ကြောင့် ​ပေါ်ယွီ မ​နေ့ညက စုန့်ရှီလင်နဲ့ ​တွေ့တဲ့အချိန်မှာ စုန့်ရှီလင်က သူ့ကို လျစ်လျူရှူထားခဲ့သည်။ဒါ​ပေမယ့် မ​နေ့ညတုန်းက သူတို့ ဖြစ်ပျက်ခဲ့တာ​တွေ​ကြောင့် စုန့်ရှီလင်က သူနဲ့စကား​ပြောချင်​နေသည်။

စုန့်ရှီလင်က ​နောက်တစ်ကြိမ် သူနဲ့အတူတူ ပြန်​နေချင်တာ မဟုတ်​လောက်ဘဲ one night stand အ​​နေနဲ့ပဲ ဒီပြသာသနာကို ဒီမှာထားခဲ့ချင်​နေတာ ဖြစ်ရမည်။

ဟုတ်ပြီ , သူက စုန့်ရှီလင်အတွက် ပြသာနာ​ကောင် ဖြစ်​နေတာပဲ။

ဒါ​ပေမယ့် အခုချိန်မှာ​တော့ ​ပေါ်ယွီ တကယ်ပဲ အဲဒီကိစ္စကို များများစားစား အာရုံမစိုက်နိုင်​သေး​ပေ။ဖရဲသီး​လေးက အိမ်မှာ​တစ်​ယောက်တည်း ရှိ​နေတာဖြစ်ပြီး ဖရဲသီး​လေး ငိုများ​နေမလား ဆိုတာကိုလည်း သူ မသိ​ချေ။

သူ ရိုက်ကူး​ရေးအဖွဲ့ကိုလည်း ​ဖြေရှင်းချက် ​ကောင်း​ကောင်းတစ်ခု ​ပေးရဦးမည်။ဒီ​နေ့ သူ သရုပ်​ဆောင်ရမယ့်အလုပ်က ဒါရိုက်တာ​ဟော် သတ်မှတ်​ပေးထားတဲ့ တချို့ဇာတ်၀င်ခန်း​တွေကို ပြန်လည်ရိုက်ကူးဖို့ဖြစ်သည်။ဒါ​ပေမယ့် ......

အဲဒါ​တွေကိုပါ စဉ်းစားမိသွားတဲ့အခါ ​ပေါ်ယွီ မဆင်မခြင်နဲ့ steering wheel ကို ပုတ်လိုက်မိသည်။သူ စိတ်အ​ခြေအ​​နေ မ​ကောင်း​တော့​ပေ။

လမ်း​ပေါ်မှာတင်ပဲ ​ပေါ်ယွီ မီးစိမ့်မယ့်အချိန်ကို​စောင့်ရင်း ဒါရိုက်တာ​ဟော်ဆီ ဖုန်း​ခေါ်လိုက်သည်။အပူချိန်က​​တော့ အ​တော်အသင့်ဖြစ်ပြီး စိတ်အ​ခြေအ​​နေက​တော့ အ​တော်​လေး ဆိုးဝါး​နေသည်။

ဒါက တကယ်​တော့ ​ပေါ်ယွီရဲ့အမှားသာဖြစ်သည်။အနာဂတ်မှာ ကျန်ရစ်လာမယ့် စကားလုံး​တွေကို ​ရှောင်ရှားဖို့အတွက် ​ပေါ်ယွီ ကိုယ့်ကိုကိုယ် နှိမ့်ချ​ပြောဆိုလိုက်သည်။

ဒါရိုက်တာ​ဟော်က မတ်တပ်ရပ်​နေကာ မ​ပျော်ရွှင်သလို ခံစား​နေရသည်။ဒါ​ပေမယ့် ​ပေါ်ယွီက စိတ်​ရောကိုယ်ပါ နှိမ့်ချပြောဆို​နေတာ​ကြောင့် တဖြည်းဖြည်းပဲ သူ့​ဒေါသ​တွေက လွင့်စင်​ပျောက်ကွယ်သွားသည်။

ဖုန်းချပြီးတဲ့​နောက် ​ပေါ်ယွီ ကားကို အိမ်​ဆီမောင်းသွားလိုက်ပြီး parking ထိုးကာ မြန်မြန် ထွက်သွားလိုက်သည်။

သူ လျင်မြန်စွာနဲ့ ​ခြေလှမ်းကျဲကျဲ​လျှောက်မိတဲ့အခါ ​ပေါ်ယွီ သတိမထားမိဘဲ သူ့ဒဏ်ရာကို ဆွဲဖြဲလိုက်သလို ဖြစ်သွားပြီး ချက်ချင်းပဲ နာကျင်သွား​တော့သည်။

နာလိုက်တာ , ဒီဒဏ်ရာကြီးက ငါ့ကို သတ်​နေတာပဲ !!!

​ပေါ်ယွီ တစ်လမ်းလုံး နာကျင်မှုကို ​တောင့်ခံပြီး ​နောက်ဆုံး သူ အိမ်တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ စိုးရိမ်ပူပန်မှု​ကြောင့် ​​ချွေးစီး​တွေ​တောင် ထွက်​နေသည်။

.

.

.

.

.

.

{ T / N ; ကားစီးတာ မြန်လွန်းလို့ ကိုယ်​တောင်အဲ့ဒီနားကို နှစ်​ခေါက်​လောက်ပြန်ဖတ်လိုက်ရတယ် ပြီး​တော့ ​ပေါ်ယွီ ဘာလို့ လမ်း​ကောင်း​ကောင်းမ​လျှောက်နိုင်တာလဲ သိတယ်မလား ? ဟင်း...ဟင်း Bossစုန့်ရဲ့စနက်​တွေ​​လေ 😎 }