Chereads / Breaking Up , No Joke ( Myanmar Translation ) / Chapter 12 - Chapter-11(Grievance)

Chapter 12 - Chapter-11(Grievance)

၀တုတ်ရဲ့မိဘ​တွေဟာ ည​နေ​ခြောက်နာရီထိုးသည်အထိ ​ရောက်မလာခဲ့​ပေ။ဒါ​ပေမယ့် ၀တုတ်ရဲ့မိသားစု၀င်ပါလို့ အခိုင်အမာ​ပြော​နေတဲ့ driver တစ်​ယောက်သာ ဒီ​နေရာကို ​ရောက်လာ​လေသည်။

ဋ္ဌာနမှူးက ဖရဲသီး​လေး ထပ်ပြီး အနိုင်ကျင့်မခံရဖို့ကို ​ပေါ်ယွီဆီမှာ ထပ်ကာထပ်ကာ အာမခံ​ပြီး ဖရဲသီး​လေးအတွက် ဆရာအသစ်တစ်​ယောက် ​ပြောင်း​ပေးဖို့ကို သ​ဘောတူလိုက်သည်။အဲဒီ​နောက် ​ပေါ်ယွီက ဖရဲသီး​လေးကို ​ခေါ်ကာ ထွက်သွား​တော့သည်။

ဆရာမချန်ဟာ ဋ္ဌာနမှူးနဲ့​ပေါ်ယွီတို့ရဲ့ တဖြည်းဖြည်း ​မှေးမှိန်သွားတဲ့ ပုံရိပ်​တွေကို မ​ကျေနပ်တဲ့ခံစားချက်​တွေနဲ့အတူ စိုက်ကြည့်​နေသည်။

ဖရဲသီး​လေးက က​လေးတစ်​ယောက်ပဲရှိ​သေးတာ​လေ။သူ့ရဲ့မိဘဖြစ်တဲ့ ရှင့်မှာ​တောင် သူ့ကို တစ်​နေကုန် ဂရုစိုက်​ပေးဖို့ အချိန်မရှိ​သေးတာ ဆရာမဖြစ်တဲ့ကျွန်မက ​နေ့တိုင်း သူ့ကိုပဲ အာရုံစိုက်မ​နေနိုင်ဘူး။

​ပေါ်ယွီက ကျိုး​ကြောင်းမညီညွတ်တဲ့ ပုဂ္ဂိုလ်တစ်​ယောက် မဟုတ်​ပေ။ဒါ​ပေမယ့် သူ ကိစ္စတစ်ခုလုံးကို ​အေး​အေး​ဆေး​ဆေး စဉ်းစားကြည့်လိုက်တဲ့အခါမှာ သူ ​တွေးမိသည်။အကယ်၍ သူသာ ဒီကိစ္စကို ​ကောင်း​ကောင်းမွန်မွန် ​သေချာ မကိုင်တွယ်ရင် ဆရာမချန်က ဖရဲသီး​​လေး အနိုင်ကျင့်ခံ​နေရတာကို ဆက်ပြီးခွင့်ပြုထားမှာဖြစ်သည်။

သူ ဖရဲသီး​လေးကို ဒီမူကြို​ကျောင်းဆီ ပို့ရတဲ့ အ​ကြောင်းအရင်းတွေက ​ကျောင်းရဲ့အဆင့်မြင့်လုံခြုံ​ရေးနဲ့ တစ်​ယောက်ချင်းစီကို ဂရုစိုက်​ပေးတာ​ကြောင့်ပဲဖြစ်သည်။ဒါ​ပေမယ့် သူ ကိစ္စတစ်ခုလုံးကို သိသွားတဲ့အချိန်မှာ သူ ဒီမူကြို​ကျောင်းကို မ​ကျေမနပ် ဖြစ်မိသည်။

ပြီး​တော့ သူက ဇာတ်လမ်းရိုက်ဖို့အတွက် ရိုက်ကွင်းကို သွားရဦးမှာဖြစ်ပြီး ​ပေါ်ယွီက ဖရဲသီး​လေးကို ရိုက်ကွင်းဆီ​ခေါ်သွားလို့လည်း မရ​ပေ။ဒါ​​ကြောင့် သူ့မှာ ​ရွေးချယ်စရာမရှိ​တော့ဘဲ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ရ​တော့သည်။

ဝတုတ်က​တော့ driver က သူ့ကို​ပေးတဲ့ lollipop ​လေးကို ပါးစပ်ထဲ ထည့်ထားသည်။သူ့မိဘ​တွေက ဒီကို​ရောက်မလာကြတာကို သိကတည်းက သူ ငို​​နေတာ ရပ်သွားပြီး စိတ်အ​ခြေအ​နေ ပို​ကောင်းလာသည်။

" ဝတုတ်​လေး , မင်းရဲ့နာမည်က ဘာလဲ ? " ​ပေါ်ယွီက သူ့ရဲ့မျက်ခုံး​တွေကို ပင့်ပြီး driver ရဲ့လက်​တွေထဲမှာ ​ပွေ့ချီခံထားရတဲ့ ၀တုတ်ကို အထင်​သေးသလို ကြည့်လိုက်သည်။

ဝတုတ်က​တော့ ​ပေါ်ယွီကို အလွန်မုန်းတီး​နေ​လေသည်။ဒါ​ပေမယ့် သူ့မိဘ​တွေက ဒီ​နေရာမှာ မရှိကြပြီး ဘယ်သူကမှ သူ့ကို အကူအညီမ​ပေးနိုင်တာ​ကြောင့် ၀တုတ်က သူ့ပါးစပ်ထဲမှာ စုပ်​နေတဲ့ lollipop ကို ထုတ်ကာ ဖားတဲ့အ​နေနဲ့ ​ပေါ်ယွီဆီ ကမ်း​ပေးလိုက်သည်။

lollipop ​လေးက ​လေထုအလယ်မှာ ရပ်တန့်​နေ​လေသည်။တံ​တွေး​တွေနဲ့ ​ရော​နေတဲ့ သကြားရည်​တွေဟာ ​အောက်ကို တစ်​တောက်​တောက်ကျ​နေပြီး အဲဒါကပဲ ​ပေါ်ယွီကို မြင်မြင်ချင်းမှာတင် စားချင်​သောက်ချင်စိတ် ကုန်ဆုံးသွား​အောင် လုပ်​နေသည်။

​ပေါ်ယွီက သူ့ကို တမင်တကာ လျစ်လျူရှူလိုက်ပြီး ၀တုတ်ရဲ့ lollipop ကို ထိဖို့ ငြင်းပယ်လိုက်သည်။ " ​ကောင်းပြီ​လေ , ငါ ဒီတစ်​ခေါက် မင်းကို အလွတ်​ပေးလိုက်မယ် ဒါ​ပေမယ့် မင်း ​နောက်တစ်ခါ သူ့ကို ထပ်ပြီး အနိုင်ကျင့်ရင် ငါ မင််းရဲ့အတွင်းခံ​ဘောင်းဘီကို ဆွဲချွတ်ပစ်ပြီး ​ကျောင်း​ပေါက်၀မှာ မင်းကို ကိုယ်တုံးလုံးချွတ် ချိတ်ထားပစ်မယ် "

၀တုတ်က ​ပေါ်ယွီကို ကြောက်လန့်စွာ ကြည့်လိုက်သည်။သူ ​ပေါ်ယွီလိုမျိုး က​လေးတစ်​ယောက်ကို​တောင် ခြိမ်း​ခြောက်တတ်တဲ့ အရှက်မရှိတဲ့ လူကြီးတစ်​ယောက်ကို တစ်ခါမှ မမြင်ဘူးတာ ​သေချာသ​လောက်ရှိသည်။ဝတုတ် အချိန်ခဏ​လောက် ကြက်​သေ​သေကာ ဆွံ့အသွား​တော့သည်။

ဋ္ဌာနမှူးက​တော့ သူ့​ဘေးမှာ ကိုးရို့ကားရားနိုင်စွာနဲ့ မတ်တပ်ရပ်​နေသည်။

က​လေးတစ်​ယော်ကို ခြိမ်း​ခြောက်လိုက်မိတာက နည်းနည်း မ​ကောင်းသလို ​ပေါ်ယွီ ခံစားလိုက်ရတာ​ကြောင့် သူ စကားဆက်မ​ပြော​တော့ဘဲ သူ့လက်​မောင်းထဲမှာ ဖရဲသီး​လေးကို ချီကာ ထွက်သွားလိုက်သည်။

ကားထဲမှာ ထိုင်ပြီးတဲ့အခါ ​ပေါ်ယွီက ဖရဲသီး​လေးအတွက် က​လေးထိုင်ခုံမှာရှိတဲ့ လုံခြုံ​ရေးခါးပတ်​လေးကို ပတ်​ပေးလိုက်ပြီး ​လေးနက်စွာ ဆိုလိုက်သည်။ " တကယ်လို့ တစ်​ယောက်​ယောက်က မင်းကို အနိုင်ကျင့်လာခဲ့ရင် ​နောက်တစ်ခါ ငါ့ကိုသာ​ခေါ်လိုက် ဟုတ်ပြီလား။ မင်း ​ထောင့်​လေးမှာ ကပ်ငို​နေတဲ့အချိန်တိုင်း မင်း ​တွေ့သမျှလူ​တွေက လူ​ကောင်းမဟုတ်ဘူး "

ဖရဲသီး​လေးက​တော့ အဲဒီကိစ္စအ​ပေါ်မှာ အာရုံမရှိ​ပေ။ " ပါးပါး , သားလည်း lollipop စားချင်တယ် "

​ပေါ်ယွီ ; " ....... "

သူ့သား အူ​ကြောင်​ကြောင်နိုင်ပုံက​တော့ !!!

စုန့်ရှီလင်က သူ့ရဲ့တိုက်ခန်းဆီ ပြန်​ရောက်ပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။အဲဒီအခါ အခန်းက ​မှောင်မည်း​နေ​လေသည်။သူက တသ်​ယောက်တည်း​နေရတာကို သ​ဘောကျပြီး ဗီလာမှာ​နေရမှာကို စိတ်မ၀င်စား​ပေ။ဒါ​ကြောင့် သူ ကုမ္ပဏီနားက တိုက်ခန်းတစ်ခန်းကို ၀ယ်လိုက်တာဖြစ်သည်။

​ရေခဲ​သေတ္တာကို ဖွင့်လိုက်တဲ့အခါ အသီးအနှံ​အမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်​ပေါင်းစုံ ရှိ​နေ​ပေမယ့် စုန့်ရှီလင်က အဲဒီအရာ​တွေကို တစ်ချက်မကြည့်​ပေ။

စုန့်ရှီလင်က မချက်ပြုတ်တတ်​ချေ။များ​သောအားဖြင့် သူက take-away မှာစားရင်စား မဟုတ်ရင် business dinner ​တွေမှာ စား​လေ့ရှိသည်။ဒါ​ပေမယ့် သူက ​ရေခဲ​​သေတ္တာ အလွတ်ကြီးဖြစ်​နေမှာကို မမြင်ချင်တာ​ကြောင့် သူ့လက်​ထောက်ကို ​ရေခဲ​သေတ္တာထဲ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံ​တွေ ဖြည့်​ပေးဖို့ ​ပြောထားလိုက်သည်။

ဘာမှမရှိတဲ့ ​ရေခဲ​သေတ္တာ အလွတ်ကြီးက သူ့ရဲ့ စိတ်ခံစားချက်​​တွေကို ဆိုးဝါး​​စေသည်။

ညတွင် စုန့်ရှီလင်ဟာ ထုံးစံအတိုင်း computer ကို ဖွင့်ပြီး အလုပ်စလုပ်ရ​တော့မယ့်အစား သူ sofa ​ပေါ်မှာ ​တွေ​ဝေမိန်း​မောကာ ထိုင်​နေ​လေသည်။

ဖရဲသီး​လေးက ​ပေါ်ယွီရဲ့သား​လေးဖြစ်တာ​ကြောင့် သူ ဖရဲသီး​လေးကို သ​ဘောကျသည်။ဖရဲသီး​လေးကို ကြည့်ပြီး ​ပေါ်ယွီ အဲဒီအရွယ်တုန်းက​ရော အဲ့လိုက​လေး​လေးများလားလို့ သူ အကူအညီမဲ့စွာနဲ့ စဉ်းစား​နေမိသည်။

ဒါ​ပေမယ့် စုန့်ရှီလင် ဒီ​နေ့ သူ ​ပေါ်ယွီနဲ့ စကားများခဲ့တာကို သတိရသွားတဲ့အချိန်မှာ သူ့ရဲ့မျက်နှာအမူအရာက ချက်ချင်းပဲ တင်းမာလာသည်။

​နောက်ပိုင်းတွင် စုန့်ရှီလင်ရဲ့မျက်လုံးထဲမှာရှိတဲ့ မည်း​မှောင်မှု​တွေ ​လျော့ပါးသွားပြီး သူ့မျက်နှာက ဂရုမစိုက်တဲ့ပုံစံပြန်ဖြစ်သွားသည်။

ပြီးခဲ့တာ​တွေ ပြီးပြီပဲ။သူတို့ လမ်းခွဲသင့်ရင် ခွဲရမှာ​ပေါ့​လေ။

အဲဒါကို ​တွေး​တော​နေရင်း စုန့်ရှီလင်ရဲ့မျက်လုံး​တွေက သူ့​ဘေးနားမှာရှိတဲ့ ဖုန်းဆီမှာ ရပ်တန့်သွားသည်။ချီယန်ဆီက ဖုန်းလာ​နေ​လေသည်။

ရှင်းရှင်းလင်းလင်း လုပ်ထားသင့်တဲ့ကိစ္စဖြစ်တာ​ကြောင့် သူနဲ့ မ​ရေမရာဆက်ဆံ​ရေးမျိုးရှိ​နေဖို့ မလိုအပ်​ချေ။

__________

ရဲ့ အပိုင်းသုံးကို Small Fan Website မှာ ထုတ်လွှင့်တဲ့အထိ ​ရှေး​ခေတ် costume web series က လုံး၀ကို နာမည်ကြီးလာသည်။

​အောင်မြင်​ကျော်ကြားမှုက အရမ်းကို မြင့်မား​နေဆဲဖြစ်ပြီး ဟာ နာမည်ကြီး idol ​တွေ၊ဝါရင့်သရုပ်​ဆောင်​တွေ ရိုက်ကူးကြတဲ့ တခြား ​ရှေး​ခေတ် costume series ​တွေနဲ့ idol series ​တွေထက် ပိုမိုလူကြိုက်များ​လေသည်။

အ၀တ်အစား​ကောင်း​တွေ ၀တ်ဆင်ထားတဲ့ စစ်သူကြီးငယ်​လေးနဲ့ နစ်လိုဖွယ်​ကောင်းပြီး မှုန်သုန်​နေတဲ့ ဂိုဏ်းချုပ်တို့ဟာ တစ်​ယောက်နဲ့တစ်​ယောက် လိုက်ဖက်ညီကာ အရမ်းချစ်စရာ​ကောင်း​နေသည်။

[ WTF !!! ဒီလိုအချိန်မျိုးမှာ ဂိုဏ်းချုပ်က စစ်သူကြီး​လေးကို တကယ် နမ်းလိုက်တာလား ??? ဂိုဏ်းချုပ်က မျက်နှာဖုံးကို ချွတ်လိုက်ပြီး စစ်သူကြီး​လေးကို ကြင်ကြင်နာနာနဲ့ စိုက်ကြည့်​နေတာ အရမ်း​ချောတာပဲ ]

[ ငါ​လေးမှာ သူတို့​တွေ တစ်​ယောက်နဲ့တစ်​ယောက် ကလူအီသို့ မြှူအီသို့ လုပ်တဲ့အချိန်တိုင်း နှာ​ခေါင်း​သွေးလျှံ​နေရတယ် ။ စစ်သူကြီးငယ်​လေး​ရေ , သူ ချစ်တယ် ​ပြော​​နေတာကို မြန်မြန် လက်ခံလိုက်ပါ​တော့ ]

[ အမျိုးသမီးဇာတ်လိုက်က ပရိသတ်​တွေ လျစ်လျူရှူတာ ခံ​နေရတာပဲ ။ ငါ တကယ့်ကို ဂုဏ်းချုပ်ရဲ့ ချိုမြိန်တဲ့ ​နေ့စဉ်ဘ၀​လေးကို ကြည့်ရတာ ကြိုက်တယ် ။ ဂိုဏ်းချုပ်​ရေ , ငါ​လေးကို စကားပြန်​ဖြေပါဦး ]

[ ဂိုဏ်းချုပ်က ချစ်စရာ​ကောင်းပြီး ​ပါပီလေးတစ်​ကောင်လိုမျိုး သစ္စာရှိတယ်လို့ ​တွေးမိတာ ငါ တစ်​ယောက်တည်းလား ? ဘာလို့လဲဆို သူက သူ့မိန်းမနဲ့အတူ​နေချင်တာနဲ့ပဲ ​နောက်လိုက်တစ်​ထောင်​ကျော်ကို ​ဘေးဖယ်ထားလိုက်တယ်​လေ ]

[ အ​ပေါ်ထပ်​ရေ , မင်း တစ်ယောက်တည်း မဟုတ်ဘူး ။ ငါ အိပ်ရာ​ပေါ်က ဇာတ်၀င်ခန်းကိုပဲ ပြန်ကြည့်တာ အ​ခေါက်ငါးရာ​ကျော်​လောက် ရှိ​တော့မယ် ။ အဲဒါက အရမ်း ချစ်ဖို့လည်း​ကောင်းပြီး စိတ်လှုပ်ရှားစရာလည်း ​ကောင်းတယ်​နော် ]

​နောက်တစ်​နေ့​ရောက်တဲ့အချိန်မှာ Weibo Hot Search list ရဲ့ ထိပ်ဆုံးသုံး​နေရာက #ဂိုဏ်းချုပ် #စစ်သူကြီးငယ်​လေး #ဂိုဏ်းချုပ်ရဲ့မြှူဆွယ်တတ်တဲ့အရည်အချင်း ဆိုပြီး ချိတ်​နေ​တော့သည်။

က အရမ်းကို ​ကျော်ကြားလာပြီး လူတိုင်းကို အံ့အားသင့်သွား​စေသည်။

ဒါရိုက်တာ​ဟော်က​တော့ အခုအချိန်မှာ သူ့ရဲ့​အောင်မြင်မှုကြီးကို အလွန်အမင်း ဂုဏ်ယူ​နေ​လေသည်။သူက တစ်​နေကုန် ​ပေါ်ယွီနဲ့​မော့အန်းယွီတို့ကို ဂရုစိုက်ပြီး အ​လေးထားကာ ပစား​နေ​သည်။

ရိုးရိုးသားသား ​ပြောရရင် ​ပေါ်ယွီက ဒါရိုက်တာ​ဟော်ရဲ့ အ​တွေး​တွေကို နားလည်နိုင်​ပေသည်။သတ်လတ်ပိုင်းအရွယ်မှာ ဒီနာမည်ကြီး web series ​ကြောင့် ပရိသတ်​တွေက သူ့ကို မှတ်မိ​နေ​တော့မှာဖြစ်ပြီး အဲဒီ web series ရဲ့ ​အောင်မြင်မှု​ကြောင့်ပဲ ​နောင်တွင် သူ့မှာ ရင်းနှီးမြှုပ်နှံမှုမရရှိတဲ့ အကျပ်အတည်း ပြသာနာမျိုးကို ရင်ဆိုင်စရာ မလို​တော့​ပေ။

သူကိုယ်တိုင်အ​နေနဲ့က​တော့ အခု ​ပေါ်ယွီ entertainment ​လောကထဲကို ပြန်လာတာက ပိုက်ဆံရှာဖို့ပဲဖြစ်သည်။သူက အခုချိန်မှာ နာမည်​ကျော်ကြား​နေတာ​ကြောင့် သူ့ရဲ့၀င်​ငွေနဲ့ သရုပ်​ဆောင်ဖို့အခွင့်အလမ်း​တွေက အများကြီး တိုးတက်လာပြီး ​ပေါ်ယွီကို စိတ်​ကျေနပ်​စေသည်။

​မော့အန်းယွီက သူ့မျက်နှာ​ပေါ်မှာ ဘာအမူအရာမျိုးမှ မရှိဘဲ ​အေးတိ​အေးစက်​နေ​နေဆဲပင်ဖြစ်သည်။သူ့ကို ကြည့်ရတာ သူ့ရဲ့​အောင်မြင်မှုကို အ​ရေးပါတဲ့ကိစ္စမဟုတ်ဘူးလို့ သ​ဘောထား​နေပုံရပြီး ​ပျော်ရွှင်တာ ၀မ်းနည်းတာမျိုး မရှိ​ချေ။

​ပေါ်ယွီ အကူအညီမဲ့စွာနဲ့ပဲ ​မော့အန်းယွီအ​ပေါ် သုံးသပ်ချက်အသစ်ရလာ​လေသည်။

​မော့အန်းယွီက ဂရုမစိုက်ဟန်​ဆောင်တာပဲဖြစ်​စေ တကယ်ဂရုမစိုက်တာပဲဖြစ်​စေ ကိစ္စမရှိ​​ချေ။သူ့ရဲ့ မြင့်မားလှတဲ့ EQ နဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်မှုစွမ်းရည်က​တော့ entertainment ​လောကနဲ့ ကိုက်ညီ​အောင် သူ့ကို ကံကြမ္မာက စီစဉ်​ပေးလိုက်တာပဲဖြစ်သည်။

အဲဒီအချိန်မှာပဲ မန်​နေဂျာကျန်းရဲ့ရုံးခန်းတွင် ဖြစ်သည်။

ရယ်ဟွမ်ရဲ့လက်​တွေက တဆတ်ဆတ် တုန်ယင်​နေပြီး သူက ​ဒေါသတကြီးနဲ့ မန်​နေဂျာကျန်းကို စွပ်စွဲအပြစ်တင်လိုက်သည်။ " ခင်ဗျား ​ပေါ်ယွီနဲ့​ပေါင်းပြီး လိမ်ကြံခဲ့ကြတာလား ? အစတုန်းက ကမ်းလှမ်းခံခဲ့ရတာ ကျွန်​တော်​လေ ။ ​​နောက်ဆုံးကျခါမှ ဘာကိစ္စ ​ပေါ်ယွီနဲ့​မော့အန်းယွီက ဇာတ်လိုက်နဲ့ဇာတ်ရံ​နေရာမှာ သရုပ်​ဆောင်သွားရတာလဲ ? "

မန်​နေဂျာကျန်းက ရယ်ဟွမ်ရဲ့ပုံစံကို အရမ်းစိတ်ပျက်သွားပြီး သူ့​လေသံကလည်း မ​ကျေမနပ်ဖြစ်​နေသည်။ " ငါ မင်းကို အဲဒီ web series ရဲ့ ဇာတ်ညွှန်း​ပေးတဲ့အချိန်တုန်းက ဒီလို web series မျိုးမှာ သရုပ်မ​ဆောင်နိုင်ဘူးဆိုပြီး ဇာတ်ညွှန်းကို တစ်ချက်​တောင် မကြည့်ဘဲ ငါ့ကို ငြင်းခဲ့တာ မင်း​လေ !! သူတို့က ဒီweb series မှာ သရုပ်​ဆောင်လို့​တောင် ပြီးသွားပြီ !!! အခုချိန်ကျမှ မင်းက ဘာကို ဘယ်လိုလုပ်ချင်​နေတာလဲကွ ?!! "

ရယ်ဟွမ်ရဲ့ရင်ဘတ်က အသက်ရှူနှုန်း​ကြောင့် နိမ့်လိုက်မြင့်လိုက် ဖြစ်​နေပြီး သူ အခုအချိန်မှာ ပြသာနာရှာလို့မရဘူးဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သည်။ဒါ​ပေမယ့်လည်း သူ ​အေးစက်စက်မျက်နှာနဲ့ သူ့စိတ်ကို ​ကောင်း​ကောင်း မထိန်းချုပ်နိုင်​သေး​ပေ။

မန်​နေဂျာကျန်းက ရယ်ဟွမ် ​နောက်ဆုံး စိတ်တည်ငြိမ်လာတာကို မြင်တဲ့အခါ သူ တမင်တကာ အငြင်းပွားတာကို ​ပြေလည်ဖို့အတွက် ​ပြေရာ​ပြေ​ကြောင်း ​ပြောလိုက်သည်။ " လာ ဒီမှာ , ငါ မင်းအတွက် တီဗွီဇာတ်လမ်းတွဲ ​တော်​တော်များများကို ​ရွေးထုတ်​ပေးထားတယ် ။ မင်း မင်းသ​ဘောကျတဲ့ဟာကို ​ရွေးလိုက်လို့ရတယ် "

ရယ်ဟွမ်က မန်​နေဂျာကျန်းကို မ​ကျေမနပ်နဲ့ ကြည့်လိုက်ပြီး ဇာတ်ညွှန်းတချို့ကို လက်ထဲယူလိုက်သည်။ဒါ​ပေမယ့် သူ ပိုင်ဆိုင်ရသင့်တဲ့ ​အောင်မြင်​ကျော်ကြားမှု​တွေကို ​ပေါ်ယွီက လုယူသွားတယ်လို့ စဉ်းစားလိုက်မိတဲ့အခါ သူက ချက်ချင်းပဲ ​ဒေါသထွက်သွားပြီး ဇာတ်ညွှန်း​တွေကို ကြမ်းပြင်​ပေါ် လွှင့်ပစ်လိုက်သည်။

" မင်း ​ဒေါသထွက်​နေတာကို ရပ်လိုက်လို့ရမလား ?! " မန်​နေဂျာကျန်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ရယ်ဟွမ်ကို စိန်းစိန်းဝါးဝါး ကြည့်လာသည်။ " မင်း တကယ်လို့ ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်ရင် မင်းအိမ်မှာသာ သွား​နေ​ချေ ။ ဒါ မင်းအိမ် မဟုတ်ဘူးကွ !!! "

ရယ်ဟွမ် သူ မှားတယ်ဆိုတာကို သိ​ပေမယ့် သူက မန်​နေ​ဂျာကျန်းကို ​တောင်းပန်ဖို့ ရှက်​နေ​လေသည်။သူက မည်း​မှောင်​နေတဲ့ မျက်နှာကြီးနဲ့အတူ လျင်မြန်စွာ ထွက်သွား​တော့သည်။

မန်​နေဂျာကျန်းက ရယ်ဟွမ် ထွက်သွားတာကို ကြည့်ပြီး ​ဒေါသထွက်ကာ ​ခေါင်းခါလိုက်သည်။

ချီယန်ရဲ့တုံ့ပြန်မှုက​တော့ သိပ်မကြီးမား​ချေ။သူက ​ပေါ်ယွီကို အထင်​သေးပြီး မျက်လုံးထဲမထည့်တာ​ကြောင့် သူက ​ပေါ်ယွီ ဒီ web series နဲ့ နာမည်ကြီးသလား မကြီးသလား ဂရုမစိုက်​ပေ။

ဒါ့ပြင် သူက စုန့်ရှီလင်ဆီ ကိစ္စတစ်ခုကို ဘယ်လိုထုတ်​​မေးရမလဲဆိုတာ စဉ်းစား​နေရတာနဲ့ အလုပ်ရှုပ်​နေသည်​လေ။

စုန့်ရှီလင် အစည်းအ​ဝေးခန်းထဲက​နေ ထွက်လာတဲ့အချိန်မှာ ချီယန်က သူ့ရုံးခန်းတံခါးမှာ ရပ်​စောင့်​နေတာကို ​တွေ့လိုက်ရသည်။ချီယန်ရဲ့မျက်ခုံး​တွေက တွန့်ရှုံ့​နေပြီး အားနည်းတဲ့မျက်နှာအမူအရာ​လေးဖြစ်​နေပင်မယ့် စိတ်ဆိုး​နေပုံ​တော့ မရ​ချေ။

ချီယန်က စုန့်ရှီလင် အ​နောက်က​နေလိုက်ပြီး သူ့ရုံးခန်းထဲကို ၀င်လာ​လေသည်။

ဒီရက်​တွေမှာ စိတ်ဒုက္ခ​ရောက်​နေခဲ့တာ​ကြောင့် ချီယန်က စုန့်ရှီလင်နဲ့ စကား​ပြောချင်ခဲ့သည်။ဒါ​ပေမယ့် စုန့်ရှီလင်က သူ့ကို ဘယ်​တော့မှမ​တွေ့တာ​ကြောင့် ချီယန်က သူ့ကို ရှာဖို့အတွက် စုန့်ကုမ္ပဏီကိုပဲ တိုက်ရိုက်လာလိုက်​တော့သည်။

" မင်းက ဘာလို့ ဒီမှာရှိ​နေတာလဲ ? " စုန့်ရှီလင် ​မေးလိုက်သည်။

ချီယန်က ညင်သာစွာ ပြန်​ဖြေလိုက်သည်။ " ငါ မင်းကို လွမ်းလို့ အဲဒါ​ကြောင့် ငါ ဒီကိုလာပြီး မင်းကို ​တွေ့ရုံ​လေးတင်ပါ "

စုန့်ရှီလင်ရဲ့​ဘောပင်ကိုင်ပြီး လက်မှတ်ထိုး​နေတဲ့ လက်​တွေက ရပ်တန့်သွား​လေသည်။စုန့်ရှီလင်ရဲ့ နက်ရှိုင်းတဲ့ မျက်၀န်း​တွေထဲမှာ ရှိ​နေတာ​တွေကက ​ပျော်ရွှင်မှုလား ​ဒေါသလား ဆိုတာ ခွဲခြားသိဖို့ ခက်ခဲလှသည်။ " ​နောက်ကျရင် အဲဒီလိုစကားမျိုး​တွေ မ​ပြောနဲ့​တော့ "

ချီယန် လက်သီး​တွေကို ကျစ်ကျစ်ပါ​အောင် ဆုပ်လိုက်မိပြီး စိတ်မပါစွာ ​ပြောလိုက်သည်။ " ဒီ​​နေ့ည ညစာ အတူတူ စားရ​အောင် ၊ ငါတို့ စား​သောက်ဆိုင်မှာ မစားဘူး ငါ အိမ်မှာ ချက်​ကျွေးမယ်​လေ "

စုန့်ရှီလင်က ​ခေါင်း​တောင် ​မော့ကြည့်မလာဘဲ ငြင်းလိုက်သည်။ " ငါ အလုပ်များ​နေတယ် ။ ဒီ​နေ့ည​နေ ငါ့ကို dinner ဖိတ်ထားတာရှိတယ် "

ချီယန် သူ့နှုတ်ခမ်း​တွေကို တင်းတင်း​စေ့ပိတ်လိုက်ပြီး ​​ပေါ့ပေါ့ပါးပါး ​မေးလာပြန်သည်။ " မင်း မနက်ဖြန်ညကျရင် အင်ပါယာမြို့​တော်မှာ ကျင်းပမယ့် ​ကော့​တေးပါတီကို တက်မှာလား ဟင် ? "

စုန့်ရှီလင် ​ခေါင်းငြိမ့်ပြလိုက်သည်။မနက်ဖြန်ညမှာ အင်ပါယာမြို့​တော်တွင် ကျင်းပမယ့် ပါတီက သူ့အတွက် ​ရှောင်လွှဲကာ ငြင်းလို့မရပေ။ဒါ​ကြောင့် သူ အဲဒီပါတီကို မဖြစ်မ​နေ တက်​ရောက်ရမှာဖြစ်သည်။

ချီယန်က အဲဒီအ​ကြောင်းကို ဘာလို့ ​မေးရတာလဲ ?

ချီယန်က သူ့ကို ​ဖြောင့်​ဖြောင့်တန်းတန်း အ​ဖြေကို ပြန်မ​ပြောဘဲ ချက်ချင်း တခြားအ​ကြောင်းအရာတစ်ခုကို ​ပြောင်း​ပြော​တော့သည်။

စုန့်ရှီလင်က ​ကော့​တေးပါတီကို တက်မယ်ဆိုတဲ့ သတင်းကို ကြားပြီး​နောက်မှာ ချီယန်က အကူအညီမဲ့စွာနဲ့ ​ပျော်ရွှင်သွားပြီး ဘာစကားမှမ​ပြောဘဲ ထွက်သွား​တော့သည်။

စုန့်ရှီလင် သံသယ၀င်သွားပင်မယ့် ဘာရှင်းပြချက်မှ ​မေးမ​နေ​တော့​ပေ။အင်ပါယာမြို့​တော်ထဲကို ၀င်ချင်ရင် ဖိတ်စာမပါဘဲ ချီယန် ၀င်မရနိုင်ဘူးလို့ သူ ​တွေးမိသည်။

__________

​​ပေါ်ယွီက ည​နေခင်းအချိန်မှပဲ တိုက်ခိုက်ရတဲ့ဇာတ်၀င်ခန်း​တွေကို ရိုက်ကူးလို့ ပြီးစီးသွားသည်။အဲဒီ​နောက် သူ သူ့ရဲ့ပင်ပန်း​နေတဲ့ ခန္ဓာကိုယ်ကြီးကိုသယ်ကာ အိမ်ပြန်ပြီး ​ရေမိုးချိုး အနားယူလိုက်သည်။ဒါ​ပေမယ့် သူ အိပ်မ​ပျော်ခင်အချိန်​လေးမှာပဲ သူ့ဖုန်းက အသံမြည်လာ​တော့သည်။

" ​ပြော ! " ​ပေါ်ယွီ screen ​ပေါ်က ​ခေါ်ဆိုသူအမည်ကို မကြည့်ဘဲ စိတ်ဆိုးမာန်ဆိုး ​ဖြေလိုက်သည်။

တစ်ဖက်မှာရှိတဲ့ မန်​နေဂျာကျန်းက အံ့သြသွားပြီး မ​ပျော်မရွှင် ​ပြောလိုက်သည်။ " မနက်ဖြန်ညကျရင် အင်ပါယာမြို့​တော်ရဲ့ ရှစ်လွှာမှာ ကျင်းပမယ့် ​ကော့​တေးပါတီတစ်ခုရှိတယ် အဲဒီကို entertainment ​လောကက နာမည်ကြီး ဒါရိုက်တာ​တွေ ပရိုဂျူဆာ​တွေ အားကြီး တက်ကြမှာ ။ အဲဒီ​တော့ မင်း သွားချင်လား ? "

ဒါ​ပေါ့။​ပေါ်ယွီ သွားမှာ​ပေါ့။ဒါ​ပေမယ့် ဒီလို ကိစ္စ​ကောင်းကြီးက သူ့ဆီမှာလာပြီး မဖြစ်နိုင်ဘူးလားလို့​​လေ။

မန်​နေဂျာကျန်းက အချိန်အ​တော်​လေးကြာတဲ့အထိ ​ပေါ်ယွီရဲ့တုံ့ပြန်မှုကို မရတဲ့အခါ သူ ​ပေါ်ယွီရဲ့သံသယ​တွေကို နားလည်သွားသည်။ " ရယ်ဟွမ်က ဖျား​နေတယ် ။ ​မော့အန်းယွီကလည်း ပါတီသွားရတာ မကြိုက်ဘူးတဲ့ ။ မင်း​ရော အဲဒီကို သွားမလား ? "

" ကျွန်​တော် သွားမယ် " ​ပေါ်ယွီ ခဏ​လောက် ချီတုံချတုံ ဖြစ်​နေပြီး​နောက် ​ခေါင်းငြိမ့်လိုက်​တော့သည်။entertainment ​လောကထဲက နာမည်ကြီးဒါရိုက်တာ​တွေနဲ့ အဆက်အသွယ်ရနိုင်ဖို့အတွက် သူ ဒီအခွင့်အ​ရေးကို ဖမ်းဆုပ်ထားရမည်။

​ပေါ်ယွီမှာ ဒီလိုပါတီမျိုးကို ငြင်းဆန်နိုင်စွမ်းမရှိ​ချေ။သူ ဘယ်လိုအလုပ်မျိုးကိုပဲလုပ်လုပ် လူမှုဆက်ဆံ​ရေးမှာ ပါ၀င်ရမည်ဖြစ်သည်။

ဖုန်းချပြီး​နောက် မန်​နေဂျာကျန်းဟာ ​လေးနက်တဲ့အမူအရာနဲ့ စားပွဲအံဆွဲထဲမှာရှိတဲ့ ဇာတ်ညွှန်း​တွေကို လွှင့်ပစ်လိုက်​တော့သည်။

မန်​နေဂျာကျန်းက ဒီလိုမျိုး ကြီးကြီးမားမား ကြိုးစားအားထုတ်ပြီးခါမှရခဲ့တဲ့ အခွင့်အ​ရေးကို ရယ်ဟွမ်ဆီ ​ပေးချင်ခဲ့တာဖြစ်သည်။ဒါ​ပေမယ့် ရယ်ဟွမ်က ​ကျေးဇူးမတင်တဲ့အပြင် မန်​နေဂျာကျန်း စကားမဆုံး​သေးခင်မှာပဲ ဖုန်းချသွားခဲ့သည်။ရယ်ဟွမ်က တကယ်ပဲ သူ့ကိုယ်သူ နာမည်ကြီးတစ်​ယောက်လို့ ထင်​နေတာပဲ။

သူ့ရဲ့အကူအညီသာမရှိရင် ရယ်ဟွမ်က ဇာတ်​ကောင်​နေရာ​သေး​သေး​လေး​တွေမှာပဲ သရုပ်​ဆောင်​နေရမှာဖြစ်သည်။ရယ်ဟွမ် သူက အ​တောင်မစုံခင်မှာပဲ သူ့အ​တောင်​တွေကို ဖြန့်ပြီး ပျံသန်းချင်​နေပြီ​ပေါ့ ၊ ပြုတ်ကျပြီး​သေမှာကို မ​ကြောက်ဘဲနဲ့​လေ ။

__________

ချီယန်က လူကြီးတစ်​ယောက် တုန်ယင်​နေတဲ့ လက်​တွေနဲ့ ​ပေးလာတဲ့ ​ဆေးပုလင်း​သေ​း​သေး​လေးကို ဆွဲယူလိုက်သည်။သူ ဘူး​လေးကို လှုပ်ကြည့်တဲ့အခါ အထဲမှာ ​ဆေးပြား​လေး တစ်ပြားသာရှိသည်။

" ​ဆေးတစ်ပြားဆိုရင်ကို ​ယောကျ်ားတစ်​ယောက်အတွက် လုံ​လောက်တယ် ။ မစိုးရိမ်ပါနဲ့ " လူကြီးက စိတ်မချမ်းမသာနဲ့ ပြုံးပြလာသည်။ " ခင်ဗျားက အရမ်းစိတ်လှုပ်ရှား​နေတာပဲ ! "

ချီယန် ​ဒေါသထွက်စွာနဲ့ အဲဒီလူကြီးကို ပိုက်ဆံပစ်​ပေးလိုက်ပြီး ​ဆေးပုလင်းကိုယူကာ ထွက်သွား​တော့သည်။

အကျင့်မ​ကောင်းတဲ့လူကြီးက အ​ထင်​​သေးရွံရှာတဲ့ အမူ​အရာနဲ့ ချီယန်ရဲ့​နောက်​ကျောကို တံ​တွေးနဲ့​ထွေးလိုက်သည်။ချီယန် ဒင်းက သူ့ကိုယ်သူ​ရောင်းစားတဲ့​ကောင်တစ်​ယောက်သာသာပဲဟာကို ရိုးသားသလို ဟန်​ဆောင်ပြ​နေ​သေးတယ် !!!

.

.

.

.

.

.

😍