သူ့ကိုယ်သူ professional သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ခဲ့တဲ့ ပေါ်ယွီက အစားကို 80% ထိပဲ စားသောက်တဲ့အကျင့်ကို ကျင့်သားရခဲ့သည်။ပေါ်ယွီကြောင့် ဖရဲသီးလေးကလည်း နို့ဖြတ်ပြီး အစာပြောင်းကျွေးတဲ့အချိန်မှာ အဲဒီအကျင့်ထဲကို ပုံစံသွင်းခံလိုက်ရတော့သည်။
ဖရဲသီးလေးက အစား,စားလို့ ပြီးသွားပြီဖြစ်သည်။နာရီ၀က်ကျော်ကျော်လောက်ကြာပြီးသွားတဲ့အခါ ဖရဲသီးလေးက သူ့ရဲ့ဖန်ခွက်လေးကို ယူသောက်လိုက်ပြီး သူ့ရဲ့နှစ်လိုဖွယ်ရာမျက်လုံးလေးတွေကို သိချင်စိတ်နဲ့ ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်သည်။
စုန့်ရှီလင်က အမြဲတမ်း အလုပ်ရှုပ်နေတတ်တာကြောင့် သူက အစားကို အရမ်းမြန်မြန်ဆန်ဆန် စားလေ့ရှိသည်။သူက ပန်းကန်လုံးနဲ့တူတွေကို စားပွဲပေါ်ချပြီး tissue နဲ့ သူ့ပါးစပ်ကို သုတ်ကာ ပြောလိုက်သည်။ " ငါ ပေါ်ယွီကိုရှာဖို့ မင်းကို ခေါ်သွားပေးမယ် "
ဖရဲသီးလေးက လိမ်လိမ်မာမာနဲ့ သူ့လက်လေးတွေကို ဆန့်ပြီး စုန့်ရှီလင်ရဲ့လည်တိုင်ကို ဖက်တွယ်ကာ ပြောလိုက်သည်။ " ဒါပေမယ့် ပါးပါးက အခု အလုပ်မှာလေ "
" ကိစ္စမရှိဘူး သူ စိတ်ဆိုးမှာမဟုတ်ဘူး " စုန့်ရှီလင် Private Room ထဲကနေ ထွက်သွားလိုက်သည်။
စုန့်ရှီလင်မှာ တစ်ကိုယ်ကောင်းဆန်တဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်တချို့ရှိတာကြောင့် သူက ပေါ်ယွီကို လမ်းမှာ ကြိုပြီး ဖုန်းဆက်မထားဘဲ ပေါ်ယွီကိုရှာဖို့ ရိုက်ကွင်းဆီ တစ်ခါတည်း တန်းမောင်းသွားလိုက်သည်။
ပေါ်ယွီ စုန့်ရှီလင်ဆီကနေပြီး ဖုန်း၀င်လာတာတဲ့အချိန်မှာ သူ ငြိမ်ငြိမ်မနေနိုင်တော့သလို ခံစားရသည်။Screen ပေါ်က ရင်းနှီးလွန်းလှတဲ့ phone number ကို ကြည့်ပြီး သူ အချိန်အတော်ကြာ တုံ့ဆိုင်းနေမိသည်။အဲဒီနောက် သူ answer button ကို နှိပ်ချလိုက်တော့သည်။
အဲဒီအခါ စုန့်ရှီလင်ရဲ့ လေးနက်ပြီး ညှို့ဓါတ်ပါတဲ့အသံ ပေါ်ထွက်လာသည်။သူက တည်ကြည်လေးနက်စွာနဲ့ မေးလာခဲ့သည်။ " အလုပ်များနေလား "
" ရပါတယ် " ပေါ်ယွီ သူ့ဖုန်းကို အုပ်လိုက်ပြီး ဇာတ်၀င်ခန်းတွေရှင်းပြနေတဲ့ ဒါရိုက်တာဟော်ကို ပြုံးပြကာ အခန်းထောင့်ကို လျှောက်သွားလိုက်သည်။
အမျိုးသမီးဇာတ်လိုက်နဲ့အတူ သရုပ်ဆောင်နေတဲ့ မော့အန်းယွီက သူ့တို့မှာ အပြန်အလှန် ဆက်နွယ်မှုရှိနေသလိုမျိုး ပေါ်ယွီ သွားတဲ့နေရာကို ကြည့်လိုက်သည်။သူ့မျက်၀န်းနက်တွေထဲမှာ အပြုံးတွေနဲ့ ပြည့်နှက်နေကာ ထူးဆန်းသလိုတောင် ဖြစ်နေသည်။
" ငါ မင်းရဲ့ရိုက်ကွင်းနားက milk tea shop မှာရှိတယ် " စုန့်ရှီလင် ပေါ့ပါးစွာ ပြောလိုက်သည်။ " မင်းရဲ့သားကလည်း ငါ့ဘေးနားမှာ ထိုင်နေတယ် "
စုန့်ရှီလင် ပြောတာတွေအပေါ် ပေါ်ယွီရဲ့ ပထမဆုံးတုံ့ပြန်မှုဟာ စုန့်ရှီလင်က သူ့ရဲ့အူတူတူသားလေးကို ပြန်ပေးဆွဲသွားတာလားဆိုတာမဟုတ်ဘဲ သူ့သားလေး ဘာများဖြစ်လို့လဲ ဆိုတာဖြစ်သည်။
စုန့်ရှီလင်နဲ့ တစ်နှစ်ကျော်ကျော် ပတ်သတ်ခဲ့ဖူးတာကြောင့် ပေါ်ယွီ သူ့အရင်ရည်းစားရဲ့ပင်ကိုယ်သဘောသဘာ၀နဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း သိသည်။စုန့်ရှီလင်က သူ့ကို ခြိမ်းခြောက်ဖို့အတွက်နဲ့ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲမည့်သူ မဟုတ်ပေ။
ဒါပေမယ့် ဘာအမှားမှမလုပ်ခဲ့တဲ့ ပေါ်ယွီက ထူးထူးခြားခြား ရှင်းမပြတတ်ဘဲ စုန့်ရှီလင်နဲ့တွေ့ရမှာကို ကြောက်လန့်နေမိသည်။
" ငါ မကြာခင် အဲဒီကို လာခဲ့မယ် " ပေါ်ယွီ သူစိမ်းဆန်စွာ ပြောလိုက်သည်။ " မင်းကို ဒုက္ခပေးမိလို့ စိတ်မကောင်းပါဘူး "
စုန့်ရှီလင်က သူ့အရှေ့မှာ milk tea ခွက်လေးကို သောက်ရင်း တိတ်တိတ်လေးနဲ့ နာခံစွာ ထိုင်နေတဲ့ ဖရဲသီးလေးကို ကြည့်လိုက်သည်။ " ရတယ် "
ဖုန်းချပြီးနောက် ပေါ်ယွီက သူ့မှာ ဒီနေ့အတွက် ရိုက်မပြီးသေးတဲ့ ဇာတ်၀င်ခန်းတစ်ခုရှိနေတာကို သတိရသွားသည်။ဒါပေမယ့် သူက ဒါရိုက်တာဟော်ကို သူ့အပိုင်း အရင်ရိုက်ပေးဖို့လည်း မပြောနိုင်ပေ။ဒါကြောင့် သူ ဒါရိုက်တာဟော်ကို သူ အရင်အလုပ်ဆင်းလို့ရမလား မေးကြည့်ဖို့ ကြိုးစားလိုက်သည်။
ဒါရိုက်တာဟော်က မော့အန်းယွီနဲ့ အမျိုးသမီးဇာတ်ရံတို့ သရုပ်ဆောင်နေကြတာကို ကြည့်နေသည်။သူ့မျက်ခုံးတွေက တောင်တန်းတစ်ခုလို တွန့်ရှုံ့နေပြီး စိတ်ပျက်လက်ပျက်ဖြစ်နေပုံပေါ်သည်။
ရိုက်ကူးရေးအဖွဲ့ကို ငွေရေးကြေးရေး ထောက်ပံ့ပေးတဲ့ အမျိုးသမီးဇာတ်ရံဟာ သရုပ်ဆောင်တဲ့နေရာမှာ အလွန်ဆိုးဝါးသည်။သူမက သရုပ်ဆောင်နေတဲ့အချိန်မှာ ထထရယ်နေတတ်သည်။တစ်ခါတစ်လေ သူမက မော့အန်းယွီကြည့်ပြီး ရှက်သွေးဖြာကာ အထစ်ထစ်အငေါ့ငေါ့နဲ့ အာရုံမစိုက်နိုင်ဖြစ်နေတတ်သည်။ဒါရိုက်တာဟော်မှာ " NO GOOD ! " လို့ အကြိမ်ပေါင်းများစွာ ပြောပြီးနေရပြီဖြစ်သည်။အမျိုးသမီးဇာတ်ရံက တွေးလိုက်မိသည်။ရိုက်ကွင်းကို သူမအိမ်လို သဘောထားပြီး ဒီမှာပဲနေရတော့မှာလား!
" ရတယ်လေ ပေါ်ယွီ ငါတို့ မင်းရဲ့အပိုင်းတွေကို မနက်ဖြန်ကျမှပဲ ရိုက်လို့ရပါတယ် " ဒါရိုက်တာဟော်က အချိန်ကို ကြည့်လိုက်သည်။အမျိုးသမီးဇာတ်ရံ ရိုက်လို့ပြီးတဲ့အချိန်မှဆို အတော်နောက်ကျနေလောက်ပြီလို့ ဒါရိုက်တာဟော် တွေးလိုက်မိသည်။ဒါကြောင့် ပေါ်ယွီကို အရင်ဆုံး အိမ်ပြန်ဖို့ ခွင့်ပြုပြီး မနက်ဖြန်မှ သူ့အပိုင်းတွေကို ဆက်ရိုက်တာပိုကောင်းသည်။
ပေါ်ယွီ နားနေခန်းကို မြန်မြန်သွားကာ သူ့မိတ်ကပ်တွေကို ဖျက်ပြီး အ၀တ်အစားလဲလိုက်သည်။အဲဒီနောက် သူ့ပစ္စည်းတွေကို ယူပြီး ရိုက်ကွင်းကနေ လျင်မြန်စွာ ထွက်သွားလိုက်သည်။
ဒါရိုက်တာဟော်က ဇာတ်ရံမင်းသမီးကို
" NO GOOD ! " လို့ နောက်တစ်ခေါက် ထပ်ပြောနေပြီး သူမဟာ အအော်ခံနေရသည်။မော့အန်းယွီက လက်ထောက်တစ်ယောက်ကမ်းပေးလာတဲ့ ပဝါကို ချွေးသုတ်ဖို့ ယူလိုက်ပြီး ဘေးဘီကို ကြည့်ရင်း ပြောလိုက်သည်။ " ပေါ်ယွီရော ? ဘယ်မှာလဲ ? "
လက်ထောက်လေးက သာမာန်ကာလျှံကာ ဖြေလာသည်။ " အစ်ကိုပေါ်က အခုလေးတင်ထွက်သွားတယ် သူ့မှာလုပ်စရာကိစ္စလေးရှိတယ်တဲ့ "
မော့အန်းယွီက သူ့မျက်လုံးတွေကို အောက်စိုက်ပြီး သိပ်မဝေးတဲ့နေရာမှာ ဒါရိုက်တာဟော်ရဲ့ ပြင်းထန်စွာ ပြစ်တင်မောင်းမဲတာကို ခံနေရတဲ့ ဇာတ်ရံမင်းသမီးကိုကြည့်ကာ သူ့နှလုံးသားထဲက ဂနာမငြိမ်မှုတွေကို ချုပ်တည်းနေရသည်။
ပေါ်ယွီ ရိုက်ကွင်းအပြင်ဘက်မှာရှိတဲ့ convenience store ကနေ စီးကရက်တစ်ဘူး၀ယ်လိုက်သည်။သူ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ဆေးလိပ်ငွေ့တွေမှုတ်ထုတ်လိုက်တဲ့နောက်မှာ သူ သတိရသွားသည်။ဒါကြောင့် သူက စီူကရက်ကို မြေကြီးပေါ်ပစ်ချလိုက်ပြီး ရှူးဖိနပ်ထိပ်နဲ့ ဖိချေချလိုက်သည်။
စီးကရက်ကို ပိပြားကြေမွသွားတဲ့အထိ ဖိချေပြီးမှ သူ့ခြေထောက်ကို ပြန်ရုတ်လိုက်သည်။သူ နေကာမျက်မှန်ကို ၀တ်လိုက်ပြီး ဘာနွေဖြစ်နေမှန်း ဖတ်လို့မရတဲ့ မျက်နှာနဲ့အတူ ချိန်ထားတဲ့နေရာကို စုန့်ရှီလင်နဲ့ တွေ့ဖို့ သွားလိုက်သည်။
ဖရဲသီးလေးက သူ့ခေါင်းလေးကို ငုံ့ကာ milk tea သောက်တဲ့ပိုက်တံလေးကို ကိုက်နေသည်။အဲဒီနောက်စက္ကန့်မှာပဲ သူ မြောက်တက်သွားပြီး တစ်စုံတစ်ယောက်ရဲ့ပွေ့ချီခြင်းကို ခံလိုက်ရတော့သည်။ဖရဲသီးလေးက လှည့်ကြည့်လိုက်တဲ့အခါ ပျော်ရွှင်စွာနဲ့ ပေါ်ယွီရဲ့လည်ပင်းကို ဖက်တွယ်ကာ အကျယ်ကြီးအော်လိုက်သည်။ " ပါးပါး ! "
စုန့်ရှီလင်က သူ့ရဲ့နက်ရှိုင်းတဲ့မျက်လုံးတွေကို ကျဉ်းမြောင်းပြီး စူးစမ်းတဲ့ပုံစံနဲ့ ပေါ်ယွီကို ကြည့်နေသည်။
ပေါ်ယွီဟာ မသိသိတ်ကနေ အလိုလို စုန့်ရှီလင်ရဲ့မျက်လုံးတွေကို ရှောင်ဖယ်လိုက်မိပြီး ဖရဲသီးလေးက သူ့ဆံပင်တွေကို ပွတ်နေတာကို လွှတ်ထားလိုက်သည်။သူ စုန့်ရှီလင်ကို ယဉ်ကျေးစွာပြုံးပြပြီး ပြောလိုက်သည်။ " မတွေ့တာကြာပြီ "
စုန့်ရှီလင်က သူ့ခေါင်းကို ငုံ့ပြီး သံပရာရည်သောက်လိုက်သည်။သူ့ကိုကြည့်ရတာ ပေါ်ယွီကို စကားပြန်ပြောချင်ပုံမရချေ။
ပေါ်ယွီကတော့ ဂရုမစိုက်ပေ။သူက စုန့်ရှီလင်နဲ့ အချိန်အတော်ကြာ တွဲခဲ့ဖူးတာကြောင့် စုန့်ရှီလင် သူ့ကို စိတ်ရှုပ်နေပြီမှန်း သူ သိသည်။အကယ်၍ သူကသာ အရင်စကားစမပြောရင် စုန့်ရှီလင်က သူ့ကို ဘာမှပြောမှာမဟုတ်ပေ။
" မင်းက ဘာလို့ ဖရဲသီးလေးနဲ့ ဒီမှာ ရှိနေတာလဲ ? " ပေါ်ယွီ စကားစကောင်းကောင်းကို ရွေးချယ်လိုက်သည်။
" ဖြတ်သွားရင်း ငါသူ့ကိုတွေ့လို့ခေါ်လာတာ " စုန့်ရှီလင်က သူ့ရဲ့နက်ရှိုင်းတဲ့မျက်လုံးတွေနဲ့ ပေါ်ယွီကို ကြည့်ပြီး ပြောလိုက်သည်။ " မင်းရဲ့သားက မင်းနဲ့ အတော်တူတာပဲ "
" ကျေးဇူးပဲ " ပေါ်ယွီ အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။သူ milk tea ခွက်ကို ကိုင်လိုက်ပြီး ပိုက်တံလေးကို ကိုက်ကာ သောက်လိုက်သည်။သောက်ပြီးတဲ့နောက်မှာ ဖရဲသီးလေးက သူ့ကို အပြစ်တင်နေတဲ့မျက်နှာအမူအရာလေးနဲ့ စကားမပြောဘဲ ကြည့်နေတာကို တွေ့လိုက်ရသည်။
ဖရဲသီးလေးရဲ့ ချစ်စရာမျက်နှာအမူအရာလေးကြောင့် ပေါ်ယွီ ရယ်လိုက်မိပြီး စိတ်တည်ငြိမ်သွားကာ ပြောလိုက်သည်။ " ငါ နည်းနည်းလေးပဲ သောက်တာပါကွာ "
စုန့်ရှီလင် ပြောလိုက်သည်။ " မင်း ငါနဲ့ အရင်တုန်းက လမ်းခွဲခဲ့တာ သူ့ကြောင့်လား ? "
အဲဒါကို ကြားလိုက်ရတဲ့အခါ ပေါ်ယွီရဲ့မျက်လုံးတွေက အေးစက်လာသည်။
" မဟုတ်ဘူး "
" သူက နှစ်နှစ်နီးပါးလောက်ရှိပြီဆို " စုန့်ရှီလင်ဟာ ပေါ်ယွီရဲ့မျက်လုံးထဲက သတိထားခြင်းတွေနဲ့ ဥပေက္ခာပြုခြင်းတွေကို ဂရုပြုမိပုံမရဘဲ ဆက်ပြောလာသည်။ " သူ ကိုယ်၀န် ငါးလ ခြောက်လလောက် ရှိနေလို့ မင်း ငါနဲ့လမ်းခွဲခဲ့တာလား , ဟုတ်တယ်မလား ? "
{ T / N ; တရုတ်မှာလေ သူ ဆိုတဲ့အသံထွက်နဲ့ သူမဆိုတဲ့အသံထွက်က အတူတူပါပဲ
He (他), She (她) စုတ်ချက်ပဲကွဲပါတယ် }
တကယ်တော့ စုန့်ရှီလင် ပြောလိုက်တာက မေးခွန်းတစ်ခုမဟုတ်ပေ။
ပေါ်ယွီ လှောင်ပြောင်လိုက်ပြီး စုန့်ရှီလင် ပြောလိုက်တာတွေနဲ့ပတ်သတ်လို့ စဉ်းစားကြည့်လိုက်သည်။ဟုတ်တာပေါ့။သူမှာ ကိုယ်၀န်ရှိနေတယ်ဆိုတာကို ပေါ်ယွီ သိသွားတဲ့အချိန်မှာ ကိုယ်၀န်က ငါးလ ခြောက်လလောက် ရှိနေပြီဖြစ်သည်။ပေါ်ယွီက သူ့ကိုယ်သူ ၀လာတယ် ဒါမှမဟုတ် လေပွတယ် လို့ပဲတွေးပြီး အဲဒါကို လျစ်လျူရှူထားခဲ့သည်။သူ အဲဒါကို သေချာစစ်ကြည့်လိုက်တဲ့အချိန်မှသာ သူ ကိုယ်၀န်ရှိနေမှန်းသိသွားခဲ့သည်။
အဲဒီအချိန်မှာပဲ စုန့်ရှီလင်ရဲ့နှလုံးသားထဲမှာ ရိုးသားဖြူစင်တဲ့ကောင်လေးဖြစ်တဲ့ ချီယန်က နိုင်ငံခြားကနေ ပြန်လာခဲ့ပြီး ပေါ်ယွီက စုန့်ရှီလင်နဲ့ လမ်းခွဲလိုက်သည်။
သူ့ရဲ့အရာအားလုံးကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးစားနေတဲ့ ပေါ်ယွီက ဒီကလေးလေးကို သူဘာသာသူ မွေးဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။
ရိုးရိုးသားသား ပြောရရင် တကယ်လို့ ပေါ်ယွီကသာ အကြင်နာတရားကင်းမဲ့ပြီး ရက်စက်တတ်တဲ့သူသာဆိုရင် အခု ဖရဲသီးလေးက မွေးလာမှာတောင်မဟုတ်တာကို ခန့်မှန်းကြည့်လို့ရသည်။
အဲဒါကို ပေါ်ယွီ စဉ်းစားမိတဲ့အခါ သူက သူ့ရဲ့လက်မောင်းတွေထဲမှာ ထိုင်နေတဲ့ သူ့အူတူတူသားလေးရဲ့ ဆံပင်လေးတွေကို ပွတ်ပေးလိုက်သည်။ဖခင်မေတ္တာဟာ မိခင်မေတ္တာလိုပဲ ကြီးမားတယ်ဆိုတာကို ပေါ်ယွီ ခံစားမိသွားသည်။
ဖရဲသီးလေးက ပေါ်ယွီ့ရင်ခွင်ထဲကို စိတ်ကျေနပ်စွာ တိုးဝှေ့ပွတ်သပ်ပြီး milk tea ဆက်သောက်နေသည်။
စုန့်ရှီလင်က သူ့အရှေ့မှာ သားအဖနှစ်ယောက် ချစ်ခင်ကြင်နာနေကြတဲ့ မြင်ကွင်းကို မြင်လိုက်ရတဲ့အခါ သူ့မျက်လုံးတွေက ပို ပိုပြီး အေးခဲလာသည်။
ပေါ်ယွီက Mandarin ဘာသာစကားကို မပြောပေ။အဲဒီအစား သူက သူပြောတဲ့စကားတွေကို ဖရဲသီးလေး ကြားသွားမှာကနေ ကာကွယ်ဖို့ English လို ပြောလိုက်သည်။ပေါ်ယွီ ပြောလာသည်။ " ငါတို့က လမ်းခွဲပြီးသွားကြပြီ အဲဒါကြောင့် မင်းနဲ့ချီယန်ကြားမှာ ဘာကိစ္စဘဲရှိရှိ ငါ ဂရုမစိုက်ဘူး ပြီးတော့ မင်းလည်း ငါ့ဘ၀ကို ၀င်မပတ်သတ်ဖို့ မျှော်လင့်ပါတယ် "
{ T / N ; Mandarin ဆိုတာက အခုတရုတ်လူမျိုးတွေ ပြောဆိုရေးသားဆက်သွယ်နေတဲ့ဘာသာစကားပါ လွယ်လွယ်ပြောရရင်တော့ တရုတ်စကားပေါ့ }
" ငါ ချီယန်နဲ့ ဘာကိစ္စမှမရှိဘူး " စုန့်ရှီလင်ကလည်း ပေါ်ယွီကို English လို ပြန်ပြောလိုက်သည်။
" ငါတို့က ပြီးသွားပြီပဲ ကိစ္စမရှိပါဘူး " ပေါ်ယွီ ခဏလောက် တိတ်ဆိတ်နေပြီး စုန့်ရှီလင်ကို ကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။ " ငါ ဂရုမစိုက်ဘူး "
စုန့်ရှီလင်က မည်းမှောင်နေတဲ့ မျက်နှာအမူအရာကြီးနဲ့ ဘာမှပြန်မပြောပေ။
သူ စုန့်ရှီလင်ကို ချစ်နေသေးဆဲဖြစ်တာကြောင့် သူ အနည်းငယ် ဟန်ဆောင်နေမှန်း ပေါ်ယွီ သိပါသည်။ဒါပေမယ့် သူ အဲဒါကို ၀န်ခံပြီး သူ့အချစ်တွေကို မဖော်ပြချင်ပေ။
တကယ်လို့ သူတို့နှစ်ယောက်သာ နောက်တစ်ကြိမ်ပြန်ပြီး အတူတူရှိကြရင် အနာဂတ်မှာ သူနဲ့သူ့ရဲ့အူတူတူသားလေးကို တခြားလူတွေက အနှောင့်အယှက်ပေးကြမလား မပေးဘူးလားတော့ ပေါ်ယွီ မသိပါချေ။
ယောကျ်ားလေးတစ်ယောက်က ကလေးမွေးတယ်ဆိုတာကြီးက အဓိပ္ပါယ်မရှိကာ မဖြစ်နိုင်ပေ။
မိန်းမတစ်ယောက်က ကလေးမွေးတယ်ဆိုတာကသာ သာမာန်သဘာ၀ပင်ဖြစ်သည်။
အကယ်၍များ စုန့်မိသားစုလိုမျိုး ချမ်းသာကြွယ်၀ပြီး အင်အားကြီးတဲ့မိသားစုမျိုးက စုန့်ရှီလင်ဟာ ယောကျ်ားတစ်ယောက်ကို သူ့ရဲ့ဇနီးအဖြစ် ရွေးချယ်တာကို သဘောတူပေးလိုက်မယ်ဆိုရင်တောင်မှ ယောကျ်ားတစ်ယောက်ကမွေးတဲ့ ကလေးကိုတော့ အမွေဆက်ခံသူအဖြစ် ခွင့်ပြုမှာမဟုတ်ပေ။
ပြီးတော့ ပေါ်ယွီကလည်း သူ ကလေးမွေးနိုင်တယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ ပြောပြဖို့ ဆန္ဒမရှိချေ။
သူ အဲဒါကို လူသိအောင် မလုပ်နိုင်ပေ။
________________
စုန့်ရှီလင် ထွက်သွားတော့သည်။
ပေါ်ယွီက ဖရဲသီးလေးကို သူ့လက်မောင်းတွေထဲမှာ ထည့်ပြီး အမူအရာကင်းမဲ့စွာနဲ့ စုန့်ရှီလင်ရဲ့ တဖြည်းဖြည်း မှေးမှိန်သွားတဲ့ပုံရိပ်ကို ကြည့်နေသည်။
ခဏလောက်ဆက်ထိုင်ပြီးတဲ့နောက် ပေါ်ယွီ ထရပ်လိုက်ပြီး သူ့လက်မောင်းတွေထဲက ဖရဲသီးလေးကို ခေါ်ကာ ထွက်သွားလိုက်သည်။entertainment လောကနဲ့ အချိန်နှစ်နှစ်လောက်ဝေးကွာနေခဲ့တာကြောင့် သူ သူ့ရဲ့ လုပ်ငန်းခွင်သဘာ၀ကို မေ့သွားခဲ့သည်။ဒါကြောင့် သူ့နားက ထောင်ချိုးတစ်ခုကနေ ထွက်ပေါ်လာတဲ့ အဖြူရောင်အလင်းတွေကို ပေါ်ယွီ သတိမထားမိပေ။
" မင်း ကျောင်းကနေ ဘာလို့ထွက်လာတာလဲ ? " ပေါ်ယွီက ကလေးထိုင်ခုံလေးပေါ်မှာ ဖရဲသီးလေးကို တင်ပေးလိုက်ပြီး သူကတော့ driver seat မှာ ၀င်ထိုင်ကာ ကားမောင်းလိုက်သည်။
ဝတုတ်က သူ့ရဲ့ ponytail လေးကို ဆွဲခဲ့တာကို ဖရဲသီးလေး ပြန်သတိရသွားတဲ့အခါ ရုတ်တရက် သူ့ရဲ့မျက်နှာအမူအရာလေးက ပြောင်းလဲသွားတော့သည်။ဖရဲသီးလေးက ဘာတစ်ခွန်းမှမပြောဘဲ ငိုလိုက်သည်။
ပေါ်ယွီ စိတ်ဆိုးသွားသည်။သူ ဆေးလိပ်သောက်ချင်ပေမယ့် ဖရဲသီးလေးကို ကတိပေးဖူးတာကြောင့် ပေါ်ယွီ စောင့်ထိန်းခဲ့သည်။သူ သူ့ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။ " ငါ့ကို ပြောစမ်းပါ ! "
ဖရဲသီးလေးက ပေါ်ယွီ အော်လိုက်တာကို ကြောက်လန့်သွားပြီး သူ့ရဲ့မျက်လုံးလေးတွေက နီရဲလာတော့သည်။ခဏလောက်ကြာတဲ့အခါ ဖရဲသီးလေးက ရှ်ိက်ကြီးတငင်ငိုရင်း အဲဒီကလေးသုံးယောက်က သူ့ရဲ့ဘောင်းဘီလေးကို ဆွဲချွတ်တဲ့အကြောင်း ပြောပြလိုက်သည်။
ဖရဲသီးလေးကို ကာကွယ်စောင့်ရှောက်ပေးရမယ့် ပေါ်ယွီက စိတ်တိုတာတွေကို သည်းခံလိုက်ပြီး မူကြိုကျောင်းဘက်ကို မောင်းသွားဖို့ steering wheel ကို လှည့်လိုက်လေသည်။
ပေါ်ယွီဟာ ဒေါသအမျက်ချောင်းချောင်းထွက်ကာ ပြင်းထန်လှတဲ့ တိုက်ခိုက်လိုစိတ်စွမ်းအားတွေရှိနေသည်။သူတို့ မူကြိုကျောင်းကို ရောက်တဲ့အခါ အတန်းမဆင်းရသေးချေ။
ပေါ်ယွီက ဖရဲသီးလေးကို သူ့လက်မောင်းထဲမှာ ပွေ့ချီပြီး မေးလိုက်သည်။ " သူတို့က ဘယ်အတန်းကလဲ ? "
ဖရဲသီးလေးက ပေါ်ယွီကို လျင်မြန်စွာ လမ်းပြလိုက်ပြီး ဝတုတ်ရဲ့အခန်းကို ခေါ်သွားကာ အတန်းရှေ့မှာထိုင်နေတဲ့ ၀တုတ်ကို လက်ညှိုးထိုးပြလိုက်သည်။ " ပါးပါး အဲဒါသူပဲ !!! "
သြဇာအရှိန်အဝါအငွေ့အသက်တွေနဲ့ ပေါ်ယွီက ကြောက်ရွံ့နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ ၀တုတ်ဆီကိုသွားပြီး ပြုံးပြကာ ပြောလိုက်သည်။ " ငါနဲ့လိုက်ခဲ့ ၀တုတ်လေး "
၀တုတ်က တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ့မျက်လုံးသေးသေးလေးတွေနဲ့ ပေါ်ယွီကို ကြည့်လိုက်သည်။အဲဒီနောက်မှာ သူ ချက်ချင်းပဲ ငိုတော့သည်။သူက နှာရည်တွေထွက်တဲ့အထိ ငိုနေပြီး သူ့ကိုကြည့်ရတာ ရုပ်ဆိုးပြီး ရယ်စရာကောင်းနေလေသည်။
____________
မူကြိုကျောင်းရဲ့ဋ္ဌာနမှူးက အေးအေးဆေးဆေးဖြစ်နေတဲ့ပေါ်ယွီနဲ့ မျက်ရည်တွေ သုတ်နေတဲ့ ၀တုတ်ကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်သွားပေမယ့် တတ်နိုင်သမျှ ညင်သာစွာ ပြောလိုက်သည်။ " မစ္စတာပေါ် ..... "
" ကျွန်တော်က ကျွန်တော့်သားကို စျေးကြီးတဲ့ခင်ဗျားကျောင်းမှာ ထားတယ်ဆိုတာ အနိုင်ကျင့်ခံရဖို့ မဟုတ်ဘူး " နေကာမျက်မှန်တပ်ထားတဲ့ ပေါ်ယွီက ဖုန်းကို ကစားနေပြီး ဋ္ဌာနမှူးကို မကြည့်ဘဲ ပြောလိုက်သည်။ " ကျွန်တော် ဒီဝတုတ်ရဲ့မိဘတွေကို တွေ့ချင်တယ် "
၀တုတ်က ငိုတာခဏရပ်သွားပြီး ပြီးတာနဲ့ ပိုပိုပိုပိုပြီး ကျယ်ကျယ်လောင်လောင် အော်ငိုတော့သည်။
ဖရဲသီးလေးက ကြမ်းပြင်ပေါ်မှာ ဆောင့်ကြောင့်လေးထိုင်ချကာ အကုန်လုံးကို စိတ်ရှုပ်နေပြီး သူ့လက်ချောင်းလေးတွေကို ရေတွက်နေသည်။
ဋ္ဌာနမှူး စိတ်ဆင်းရဲသွားသည်။မူကြိုကျောင်းက စျေးကြီးတဲ့ ကိုယ်ပိုင်ကျောင်းဖြစ်တာကြောင့် သူတို့တွေဟာ နောက်ခံအင်အားကောင်းတဲ့ မိသားစုက အဲဒီလိုကလေးတွေကို အပြစ်ပြုဖို့ မတတ်နိုင်ချေ။
ဒါ့ပြင် ပေါ်ယွီ ပြောတာကလည်း ယုတ္တိရှိပေသည်။သူ့ရဲ့ကလေးဖြစ်သူက ကျောင်းမှာ အနိုင်ကျင့်ခံရသည်။ဒါကြောင့် သူက သူ့သားအတွက် တရားမျှတမှုကို ရှာဖွေတာ အကျိုးအကြောင်းသင့်သည်။ဒါပေမယ့် ...
ဒေါက်မြင့်ဖိနပ်ကို စီးထားတဲ့ ဆရာမချန်က စိတ်မကောင်းဖြစ်စွာ ပြေး၀င်လာပြီး အားနာနေတဲ့ပုံနဲ့ ပေါ်ယွီကို ပြောလာသည်။
" မစ္စတာပေါ် , ကျွန်မ ..... "
" ကျွန်တော် ဆရာမ ကိုင်တွယ်ဖြေရှင်းပေးမယ့်နည်းလမ်းကလွဲပြီး ဘာမှမသိချင်ပါဘူး " ပေါ်ယွီက ဂရုမစိုက်စွာပဲ အမျိုးသမီးငယ်လေးရဲ့တောင်းပန်မှုကို ငြင်းဆိုလိုက်သည်။
အရင်တုန်းက သူဟာ ဒီအသက်နှစ်ဆယ်လောက်ပဲရှိသေးတဲ့ မိန်မငယ်လေးက ဖရဲသီးလေးကို ကောင်းကောင်းဂရုစိုက်ပေးတယ်လို့တွေးပြီး သူ သူမကို သဘောကျခဲ့သည်။
ဒါပေမယ့် ကလေးလေးတွေအားလုံးက အထိမခံနိုင်ဘဲ နူးညံ့ကြသည်။သူ ပထမဆုံးအကြိမ် မတရားအနိုင်ကျင့်ခံရတဲ့အချိန်မှာ ဖရဲသီးလေးက ဆရာမချန်ဆီက အကူအညီမရခဲ့ဘူးဆိုတာဟာ ဆရာမချန်က ဖရဲသီးလေးကို အရမ်းအာရုံမစိုက်ဘူးလို့ သွယ်ဝိုက်ညွှန်းဆိုနေသည်။
ပေါ်ယွီက မိုက်မဲပြီး ကြင်နာတတ်သူ မဟုတ်ချေ။
ဆရာမချန်က ဋ္ဌာနမှူးကို အကူအညီတောင်းတဲ့အနေနဲ့ ကြည့်လိုက်ပေမယ့် ဋ္ဌာနမှူးက လေးနက်တဲ့အမူအရာနဲ့ ခေါင်းယမ်းပြလာခဲ့သည်။
ဆရာမချန်က ကြမ်းပြင်ပေါ်မှာ ကုပ်ကုပ်ကလေး ဆောင့်ကြောင့်ထိုင်ကာ လက်ချောင်းလေးတွေကို ဆော့ကစားနေတဲ့ ဖရဲသီးလေးကို မြင်တဲ့အခါ သူမရဲ့မျက်လုံးတွေက တောက်ပသွားသည်။သူမက လျင်မြန်စွာပဲ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဖရဲသီးလေးကို ပွေ့ချီကာ နူးညံ့စွာ ဆိုလိုက်သည်။ " ဖရဲသီးလေး , ဆရာမက မင်းကို တောင်းပန်ပါတယ် , ဟုတ်ပြီလား ? ကျေးဇူးပြုပြီး စိတ်မဆိုးနဲ့တော့နော် "
ပေါ်ယွီ ကြည့်လိုက်သည်။ " သူ့ကို အောက်ချထားလိုက်ပါ "
ဆရာမချန်ဟာ မိုးကြိုးမုန်တိုင်းကြားက ဘဲလေးတစ်ကောင်လိုမျိုး မျှော်လင့်ချက်မဲ့စွာနဲ့ ၀မ်းပန်းတနည်းဖြစ်ကာ ရှက်သွားလေသည်။သူမ နောက်ထပ်ဘာဆက်လုပ်မလဲ မသိတော့ချေ။
ဋ္ဌာနမှူးကတော့ ဒီလိုမျိုးအရူးတစ်ယောက်ကြောင့် ဒေါသထွက်ကာ တဆတ်ဆတ်တုန်ယင်လာသည်။
.
.
.
.
.
.