အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသားဇာတ်ရံတို့က နာမည်ကြီးတွေဖြစ်ရုံသာမက သူတို့ သရုပ်ဆောင်နေတဲ့အချိန်မှာလည်း ဆက်ဆံရေးကောင်းကြတာကြောင့် ဒါရိုက်တာဟော်ဟာ စာရေးဆရာနဲ့အတူ ဇာတ်ညွှန်းကို နေ့ချင်းညချင်း ပြန်ရေးတော့သည်။အစတုန်းက သူတို့ အမျိုးသမီးဇာတ်လိုက်ကို ပေးထားခဲ့တဲ့ များပြားလှတဲ့ဇာတ်၀င်ခန်းတွေဟာ အမျိုးသားဇာတ်ရံဆီကို ရောက်သွားတော့သည်။
ရလဒ်အနေနဲ့ကတော့ အမျိုးသမီးဇာတ်လိုက်ဟာ မရှိလည်းဖြစ်တယ် ဆိုပြီး ပရိသတ်တွေရဲ့ လျစ်လျူရှူခြင်းကို လွယ်လင့်တကူ ခံလိုက်ရတော့သည်။
အောက်တိုဘာ ဆယ့်နှစ်ရက် ည ခုနစ်နာရီ ဆယ်မိနစ်တွင်
" ဘုရားရေ !!! ပေါ်ယွီ အဖြူရောင်၀တ်စုံလေးကို ၀တ်ထားတာ အရမ်းချောတာပဲ ။ စစ်သူကြီးငယ်လေးက tsundere လိုပဲ ။ ငါလေး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူး "
{ T / N ; tsundere ဆိုတာက Japanese anime character ပါတဲ့ ဆိုလိုရင်းက လူတစ်ယောက်ဟာ အစပိုင်းမှာတော့ အေးစက်သလိုထင်ရပေမယ့် နောက်ကျ နွေးထွေးတတ်တဲ့သူမျိုး ကို ပြောချင်တာပါ }
" ငါလေး နောက်အပိုင်းတွေမှာ မော့မော့ကို စောင့်နေတယ် ။ ဒါရိုက်တာက သူ့အတွက် partner ရှာပေးမထားဖို့ မျှော်လင့်တယ် မဟုတ်ရင် ငါလေး ဒါရိုက်တာကြီးဆီကို ဓါးတွေပို့ပစ်မယ်ကွ "
" ဘာလို့ ပေါ်ယွီနဲ့မော့အန်းယွီက ဒီလိုမျိုး web series မှာ သရုပ်ဆောင်ဖို့ ရွေးလိုက်ကြတာလဲ ? ဇာတ်လိုက်မင်းသားရဲ့အ၀တ်အစားကလွဲပြီး တခြားအ၀တ်အစားတွေအကုန်လုံးက သူများသုံးပြီးသားကြီးတွေ ၀တ်ထားသလား အောက်မေ့ရတယ် ။ ရိုက်ကူးရေးအဖွဲ့က အဲဒီလောက်တောင် ပိုက်ဆံမရှိဘဲ ဆင်းရဲနေကြတာလား "
" ငါ သဘောတူတယ် ။ ပေါ်ယွီကလွဲပြီး တခြားလူတွေရဲ့အ၀တ်အစားတွေက ရုပ်ဆိုးလိုက်တာ ။ ဒါက အသုံးစရိတ်နည်းတဲ့ web series လေ ။ အဲဒါကြောင့် အဲဒီအ၀တ်အစားတွေကလည်း ကြည့်ရဆိုးရန်ကောပဲ ။ ငါ အတော်စိတ်ပျက်မိသလို ခံစားရတယ် "
ညနေခင်းအချိန်မှာ ထုတ်လွှင့်လိုက်တဲ့
မကျေနပ်ချက်တွေရှိကြပေမယ့်လည်း အဲဒါက ပရိသတ်တွေကို အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သည်။ပထမဆုံး ထုတ်လွှင့်လိုက်တဲ့ ညနေခင်းမှာတင်ပဲ
ဒါရိုက်တာဟော်ကတော့ အဲဒီရလဒ်နဲ့ ပတ်သတ်ပြီး အရမ်းကို စိတ်ကျေနပ်နေလေသည်။အပိုင်းတစ်မှာ ဇာတ်လမ်းရဲ့နောက်ခံဇာတ်ကြောင်းနဲ့ အဓိကဇာတ်ကောင်တွေအကြောင်းကို ပြသထားပြီး တကယ့်နောက်ကွယ်က အံ့သြဖွယ်ရာပုံပြင်တစ်ပုဒ်ကိုတော့ ဖုံးကွယ်ထားဆဲဖြစ်သည်။
ပေါ်ယွီလည်း ဒါရိုက်တာဟော်လိုပဲ စိတ်ကျေနပ်နေသည်။
ပထမဆုံးထုတ်လွှင့်လိုက်တဲ့ အပိုင်းတစ်ရဲ့ ကောင်းမွန်လှတဲ့ရလဒ်ကြောင့် ရိုက်ကူးရေးအဖွဲ့ဟာ တကယ့်ကို အားတက်ပျော်ရွှင်နေသည်။ရိုက်ကွင်းနောက်ရက်တွေမှာ အလုပ်ပြီးစီးနှုန်းကြီးက တိုးတက်မြန်ဆန်လာပြီး စောစော အလုပ်တွေပြီးလေ့ရှိတော့သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
တခစ်ခစ်ရယ်မောနေတဲ့ လူလည်၀တုတ်ကောင်က သူ့ရဲ့လက်ကို ဆန့်ထုတ်ပြီး ဖရဲသီးလေးရဲ့ ponytail လေးကို ဆွဲဆုတ်ထားလေသည်။သူက ဖရဲသီးလေးထက် အရပ်ပိုရှည်ကာ ပြောလိုက်သည်။ " မင်းရဲ့ဆံပင်က ဘယ်လောက်တောင်ရုပ်ဆိုးလိုက်သလဲ ဟား-ဟား "
ဖရဲသီးလေးရဲ့ ponytail လေးဟာ လူလည်၀တုတ်ကောင် ဖမ်းဆွဲထားတာကို ခံနေရပြီး ဆံပင်တွေ နာကျင်နေတဲ့အထိ အဆွဲခံထားရသည်။ဖရဲသီးလေးမှာ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ခြေတစ်လှမ်းလေးတောင် မရွေ့နိုင်ချေ။
သန့်စင်ခန်းထဲမှာ အတန်းကြီး ကလေးသုံးယောက်က ဖရဲသီးလေးရဲ့ရှေ့မှာ ပိတ်ရပ်နေကြသည်။တခြားကလေးနှစ်ယောက်ကတော့ ၀တုတ်လိုမျိုးမဟုတ်ဘဲ ကြောက်လန့်နေကြသည်။သူတို့နှစ်ယောက်က ခြင်္သေ့ရဲ့အနောက်မှာရှိနေတဲ့ မြည်းတစ်ကောင်လိုမျိုး အဆင်သင့်ရပ်နေပြီး အော်ဟစ်သာနေကြသည်။သူတို့တွေက ဖရဲသီးလေးကို ရိုက်ဖို့ ကြောက်နေကြသည်။
ဒါက ဖရဲသီးလေးအတွက် ပထမဆုံးအကြိမ် အနိုင်ကျင့်ခံရတာဖြစ်သည်။သူ့ရဲ့မျက်လုံးလေးတွေက နီရဲနေပြီး စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။ " ငါ့ဆံပင်ကို မထိနဲ့ "
လူလည်၀တုတ်ကောင်က လန့်သွားသည်။သူ့ရဲ့အငယ်နှစ်ယောက်ရှေ့မှာ ဖရဲသီးလေးက သူ့ရဲ့ဂုဏ်သိက္ခာကို စိန်ခေါ်လိုက်သလို ခံစားလိုက်ရတာကြောင့် သူ ပိုပြီးဒေါသထွက်လာသည်။သူက ရိုင်းစိုင်းစွာ ဖရဲသီးလေးကို ရိုက်လိုက်သည်။ " ငါ မင်းရဲ့ဆံပင်ကို ဆွဲပစ်မယ် ! မင်းက မိန်းကလေးလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဆံပင်ကို ကျစ်ဆံမြှီးကျစ်ထားတာလဲ ? ဒါက အရမ်းရုပ်ဆိုးတာပဲ ! အရမ်းရုပ်ဆိုးတယ် ! "
သူတို့တွေက သူ့ရဲ့ဆံပင်လေးကို ဆွဲထားကြတဲ့အခါ ဖရဲသီးလေး အရမ်းပဲ စိတ်ဆိုးသွားသည်။သူက ချက်ချင်းပဲ သူ့ကိုယ်သူ အားပေးတဲ့အနေနဲ့ ဒေါသထွက်စွာ အော်လိုက်ပြီး ၀တုတ်ရဲ့ဗိုက်ကို သူ့ခေါင်းလေးနဲ့ ဆောင့်တိုက်ချလိုက်သည်။
ရလဒ်အနေနဲ့ သူတို့တွေက အင်အားများတာကြောင့် အဲဒီကလေးသုံးယောက်က ဖရဲသီးလေးကို ၀ိုင်းချုပ်လိုက်ကြတော့သည်။ကျစ်ဆံမြှီးလေးနဲ့ဖရဲသီးလေးက မိန်းကလေးမဟုတ်ဘူးဆိုတာ မှန်ကန်ကြောင်း ဖော်ထုတ်ဖို့အတွက် ဖရဲသီးလေးရဲ့အောက်ခံဘောင်းဘီတိုလေးဟာ အရှက်ရစွာနဲ့ ဆွဲချွတ်ခံလိုက်ရသည်။
ဖရဲသီးလေးက ယောကျ်ားမိန်းမ သဘောထားခံယူချက်တွေကို နားမလည်သေးဘူး ဆိုပေမယ့် လူကြားထဲမှာ ဘောင်းဘီချွတ်ခံလိုက်ရတာက မကောင်းဘူး ဆိုတာကိုတော့ သူ သိသည်။ဒါကြောင့် သူ တောင့်ခံပြီး ခုခံဖို့လုပ်လိုက်သည်။
ဒါပေမယ့် အဆုံးမှာတော့ သူ့ရဲ့ဘောင်းဘီတိုလေးက ဆွဲချွတ်ခံလိုက်ရပြီး သူ့ရဲ့ချစ်စရာသေးသေးလေးက ယောကျ်ားလေးဖြစ်ကြောင်း သင်္ကေတအနေနဲ့ ထွက်ပေါ်လာသည်။
ဖရဲသီးလေးက သူ့ရဲ့သေးသေးလေးကို အုပ်ပြီး ၀မ်းနည်းနေတဲ့ ခံစားချက်တွေနဲ့အတူ အနောက်ဘက်ခြံ၀င်းထဲက သံလက်ရန်းရဲ့ဘေးလေးမှာ ဆောင့်ကြောင့်လေးထိုင်ချလိုက်သည်။သူ့ရဲ့၀မ်းနည်းမျက်ရည်တွေဟာ မြေပြင်ပေါ်ကိုတောင် ပိုးပိုးပေါက်ပေါက် ကျနေလေသည်။ဖရဲသီးလေးဟာ သူ့ပါးပါးက အခုချိန်မှာ Superman ကြီးလိုမျိုး ရောက်လာဖို့ မျှော်လင့်နေမိသည်။
ဒါပေမယ့် ပေါ်ယွီကတော့ Superman လိုမျိုး ဖရဲသီးလေးရှေ့မှာ ပေါ်မလာပေ။အဲဒီအစား စုန့်ရှီလင်က အဲဒီနေရာနားလေးမှာ ရပ်သွားသည်။
စုန့်ရီီလင်ဟာ အဲဒီနားကနေ ဖြတ်သွားရုံလေးတင်ဖြစ်သည်။
သူက စီးပွားရေးကိစ္စတစ်ခုလုပ်ပြီး ပြန်လာခဲ့တာဖြစ်သည်။သူ ကားပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တဲ့အချိန်မှာ ၀မ်းနည်းနေတဲ့ ပေါ်ယွီအသေးစားလေးဟာ သံလက်ရန်းဘေးနားလေးမှာ ဆောင့်ကြောင့်ထိုင်နေပြီး လမ်းဘက်ဆီ ငေးမောကြည့်နေတာကို မြင်လိုက်ရသည်။သူ့ရဲ့နှလုံးသားဟာ ရုတ်တရက် သိမ့်ခနဲ လှုပ်ရှားသွားသည်။
" ရပ်လိုက် ! " စုန့်ရှီလင် အေးစက်စွာ ပြောလိုက်သည်။
စုန့်ရှီလင်က သူ ရူးနေတာများဖြစ်နိုင်လားဆိုပြီးတော့တောင် စဉ်းစားနေမိသည်။မဟုတ်ရင် သူက ထောင့်လေးမှာ ငိုနေတဲ့ ပေါ်ယွီအသေးစားလေးကို တွေ့လိုက်တဲ့အခါ သူ ဘာကြောင့် နူးညံ့သွားရသလဲဆိုတာ နားမလည်ပေ။
ဖရဲသီးလေးက သူ့မျက်နှာလေးကို လက်ခုံလေးနဲ့ သုတ်လိုက်ပြီး ရဲတွတ်ကာဖူးရောင်နေတဲ့ မျက်လုံးတွေနဲ့ ရှိုက်ကြီးတငင်ငိုနေတဲ့ပုံစံလေးဟာ အရမ်းပဲ သနားစရာကောင်းနေလေသည်။
အမှောင်ရိပ်တစ်ခုက သူ့မျက်လုံးလေးတွေအရှေ့ကို ကျရောက်လာသည်။ဖရဲသီးလေးက အရိပ်လာရာကို မော့ကြည့်လိုက်တဲ့အခါ မတ်တပ်ရပ်နေတဲ့ စုန့်ရှီလင်ကို တွေ့သွားတော့သည်။သူက ဒီဦးလေးကြီးဟာ သူ့ကို Supermarket တုန်းက တစ်ခါချီခဲ့ဖူးတဲ့ ဦးလေးကြီး ဆိုတာကို မှတ်မိသွားပြီး ပြောလိုက်သည်။ " မင်္ဂလာပါ , ဦးဦး "
စုန့်ရှီလင် သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်သည်။အရင်တုန်းက သူဟာ ကလေးတွေနဲ့ တစ်ခါမှ စကားမပြောဘူးတာကြောင့် ဖရဲသီးလေးကို သက်တောင့်သက်သာဖြစ်အောင် ဘယ်လိုပြုမူရမယ်မှန်း သူ မသိချေ။
" ဦးဦး ? "
စုန့်ရှီလင် ပြောလိုက်သည်။ " မင်းက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ ? ပေါ်ယွီကရော ဘယ်မှာလဲ ? "
" ပါးပါးက အလုပ်သွားတယ် ပြီးတော့ သားက ဒီမှာ စာသင်နေတာပါ " ဖရဲသီးလေးက သူ့ခေါင်းလေးကို ငုံ့ကာ သူ့လက်ချောင်းလေးတွေကို မရည်ရွယ်ပါဘဲ အလိုလို ခြေမွနေသည်။
စုန့်ရှီလင်က ဖရဲသီးလေးကို မျက်တောင်မခတ် စိုက်ကြည့်လိုက်ပြီး ဘာစကားမှမပြောဘဲ ထွက်သွားသည်။
ဖရဲသီးလေးက စုန့်ရှီလင် ထွက်သွားတာကို တွေ့တဲ့အခါ သူ မချင့်မရဲဖြစ်သွားပြီး သံလက်ရန်းလေးကို ပြန်မှီကာ ပတ်ပတ်လည်ကို ကြည့်နေသည်။
ဦးဦးက ဘယ်ရောက်သွားတာလဲ ?
ဒါပေမယ့် နောက်စက္ကန့်မှာပဲ ဖရဲသီးလေး ကြောက်လန့်နေတော့သည်။သူ အကျယ်ကြီး အော်မငိုရသေးခင်မှာပဲ သူ့အနောက်ကနေ ရင်းနှီးကျွမ်း၀င်နေတဲ့ ယောကျ်ားသံကို ကြားလိုက်ရသည်။ " မင်း ဘာလို့ ငိုနေတာလဲ ? "
ဖရဲသီးလေးဟာ အနောက်ကို လှည့်ပြေးသွားပြီး သူ့လက်လေးတွေနဲ့ စုန့်ရှီလင်ရဲ့လည်ပင်းကို ဖက်တွယ်ကာ ဘာစကားမှမပြောဘဲ ခေါင်းလေးကို ယမ်းပြလိုက်သည်။
ကလေးတွေနဲ့ ဘယ်တုန်းကမှ နီးနီးကပ်ကပ် မနေဘူးတဲ့ စုန့်ရှီလင်ကတော့ ရုတ်တရက် မှင်တက်နေမိသည်။
ခဏလောက်ကြာတဲ့အခါ စုန့်ရှီလင်က လက်တစ်ဖက်နဲ့ ဖရဲသီးလေးရဲ့ကျောပြင်လေးကို ပုတ်ပေးရင်း ပြောလိုက်သည်။ " မင်း အရင်ဆုံး တစ်ခုခု စားလိုက်မလား ပြီးရင် ငါ မင်းကို ပေါ်ယွီကို ရှာဖို့ ခေါ်သွားပေးမယ်လေ "
ဖရဲသီးလေးက စုန့်ရှီလင်ရဲ့လက်မောင်းတွေကြားမှာ သူ့ရဲ့ခေါင်းလေးကို ထားပြီး ရှက်နေကာ ဘာတစ်ခွန်းမှ မပြောပေ။
စုန့်ရှီလင်က ဖရဲသီးလေး တိတ်ဆိတ်နေတာကို သဘောတူတယ်လို့ ယူဆပြီး ဖရဲသီးလေးကို ခေါ်ကာ မူကြိုကျောင်းထဲကနေ ထွက်သွားသည်။
ဒါပေမယ့် သူတို့ တခြားအတန်းတွေရှေ့ကနေ ဖြတ်သွားတဲ့အခါမှာ ၀တုတ်အပါအ၀င် ဟိုကလေးသုံးယောက်ဟာ သူတို့ကို ကြောက်နေတဲ့ပုံစံနဲ့ ကြည့်နေကြတာကို မြင်လိုက်ရသည်။သူတို့တွေက ကြောက်ရွံ့နေတဲ့ အမူအရာတွေနဲ့ သူတို့ရဲ့ အတွင်းခံဘောင်းဘီတိုလေးတွေကို မြှောက်ထားကြသည်။
စုန့်ရှီလင် ; " ....... "
သူက ကလေးတွေအတွက် သဘောကျချင်စရာလူမဟုတ်တာကို စုန့်ရှီလင် သိသည်။ဒါပေမယ့် ကလေးတစ်ယောက်က သူ့ကို ဒီလိုမျိုး ကြောက်နေတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပြီး ကြုံတောင့်ကြုံခဲပင်ဖြစ်သည်။
ဖရဲသီးလေးက သူ့လက်မောင်းတွေထဲမှာ ငြိမ်ငြိမ်လေး နေ,နေပြီး အဲဒီနေရာက ကလေးသုံးယောက်ကို ကြည့်နေလေသည်။ဖရဲသီးလေးက မျက်မှောင်ကြုတ်နေတဲ့အခါ စုန့်ရှီလင် အကြောင်းအရင်းကို နားလည်သလောက်ရှိသွားသည်။
မူကြိုကျောင်းက ကိုယ်ပိုင်မူကြိုကျောင်းဖြစ်သည်။၀န်ထမ်းတွေက သာမာန်ဆိုရင် ကလေးတွေကို ခေါ်ဖို့ သူတို့ရဲ့မိဘတွေကလွဲပြီး သူစိမ်းတွေကို ခွင့်မပြုချေ။အဆုံးမှာတော့ ကလေးတိုင်းက မိသားစုတိုင်းအတွက် အဖိုးတန်လေသည်။အကယ်၍ ကလေးတွေ မတော်တဆဖြစ်မှာကို သူတို့ လက်မခံနိုင်ပေ။
ဒါပေမယ့် စုန့်ရှီလင်က ဖရဲသီးလေးနဲ့အတူ မူကြိုကျောင်းကနေ ထွက်သွားတဲ့အချိန်မှာ ဘယ်သူကမှ သူ့ကို မတားပေ။
ဆရာမချန်ကလည်း အစကနေအဆုံးထိ လုံး၀ မမြင်လိုက်ချေ။
စုန့်ရှီလင်က လူ့လက်မောင်းထဲမှာရှိတဲ့ ဖရဲသီးလေးနဲ့အတူ နောက်ခုံမှာ ၀င်ထိုင်ပြီး ပြောလိုက်သည်။ " စုန့်ဟော်တယ်ကို မောင်းတော့ "
ထိပ်ပြောင်နေတဲ့ driver က စိတ်အနှောင့်အယှက်မဖြစ်ဘဲ ကားမောင်းလိုက်သည်။သူက စုန့်ရှီလင်ရဲ့လက်မောင်းထဲမှာ ချီထားတဲ့ကလေးလေးနဲ့ပတ်သတ်ပြီး မစပ်စုပေ။သူက ဘာမေးခွန်းမှမမေးဘဲ ကားကို အရှိန်မြှင့်မောင်းလိုက်ပြီး ဒီနေရာကနေ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ဇာတ်လမ်းရိုက်နေတဲ့ ပေါ်ယွီက ရုတ်တရက် နှာချေလိုက်မိပြီး သူ့ရဲ့ညာဘက် မျက်ခုံးကပါ လှုပ်လာလေသည်။သူ မကောင်းတဲ့ကိစ္စတွေရဲ့နိမိတ်ကို ရလိုက်သည်။
" ဘာဖြစ်လို့လဲ ? " မော့အန်းယွီက သူ့ကို မေးလိုက်သည်။
ပေါ်ယွီ သတိပြန်၀င်လာကာ ပြုံးပြလိုက်သည်။ " ဘာမှမဖြစ်ပါဘူး အလုပ်ဆက်လုပ်ရအောင် "
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
သူတို့သွားမယ့်နေရာကို ရောက်တဲ့အခါ စုန့်ရှီလင်က သူ့လက်မောင်းတွေထဲကနေ မဆင်းချင်တော့တဲ့ ကလေးလေးကို ခေါ်ပြီး သူ သွားနေကျ Private Room ဆီ သွားလိုက်သည်။အဲဒီနောက် သူ ဖရဲသီးလေးကို မေးလိုက်သည်။ " မင်း ဘာစားချင်လဲ ? "
စာပွဲထိုးလေးက အလိုက်သိစွာနဲ့ menu ကို့ ဖွင့်ပြီး သူ့တို့ကို ပေးလာသည်။
ဖရဲသီးလေးက စုန့်ရှီလင်ရဲ့လက်မောင်းတွေထဲကနေပြီး သိချက်စိတ်အပြည့်နဲ့ menu ကို ကြည့်လိုက်သည်။
ဖရဲသီးလေးဟာ တရုတ်စာလုံးတွေကို မသိဘူးဆိုပေမယ့် ရုပ်ပုံတွေကိုတော့ နားလည်သည်။သူက ဟင်းပွဲတချို့ပါတဲ့ရုပ်ပုံပေါ်ကို လက်ထောက်လိုက်ပြီး စုန့်ရှီလင်ရဲ့လက်မောင်းထဲမှာ နေ,နေလေသည်။
" ဦးဦး , သားတို့ ပါးပါးကို ရှာဖို့ သွားကြမှာလား ? " ဖရဲသီးလေးက မျက်ရည်တွေ ကျလုနီးပါးဖြစ်ကာ မေးလိုက်သည်။
စုန့်ရှီလင် သူ့လည်ပင်းပေါ်က စိုစွတ်မှုကို လျစ်လျူရှုရင်း တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
ဖရဲသီးလေးဟာ သူ့မျက်ရည်တွေကို သုတ်ဖို့မေ့သွားတဲ့အထိ အရမ်းစိတ်လှုပ်ရှားသွားကာ မေးလိုက်သည်။ " ဦးဦး သားကို ကျစ်ဆံမြှီးကျစ်ပေးလို့ရမလား ? "
ဖရဲသီးလေးရဲ့ ponytail လေးက ၀တုတ် တမင်သက်သက် လုပ်လိုက်တာကြောင့် ပြေသွားပြီဖြစ်သည်။သူ နောင်ကျ ပေါ်ယွီနဲ့ တွေ့ရင်လည်း သူ့ဆံပင်လေးကို ကျစ်ပေးဖို့ ပေါ်ယွီကို ပြောမှာပဲဖြစ်သည်။
စုန့်ရှီလင်ဟာ အရင်က တစ်ခါမှ ကျစ်ဆံမြှီးကျစ်မပေးဘူးတာကြောင့် သူ ငြင်းပစ်လိုက်ချင်သည်။ဒါပေမယ့် မျက်လုံးရဲရဲလေးတွေနဲ့ ပြောနေတဲ့ ဖရဲသီးလေးကို မြင်တဲ့အခါ သူ သူ့ခံစားချက်တွေကို ဘယ်လိုဖော်ပြရမယ်မှန်း မသိတော့ချေ။
" မင်း နာမည်ကဘာတဲ့လဲ ? " စုန့်ရှီလင် အကြောင်းအရာ ပြောင်းလိုက်သည်။
" ပေါ်ရန်တင်း ပါ,ဦးဦး သားကို ဖရဲသီးလေးလို့ ခေါ်လို့ရပါတယ် " ဖရဲသီးလေးက တဖြည်းဖြည်း စိတ်အခြေအနေ တည်ငြိမ်လာသည်။Supermarket ကနေ အိမ်ပြန်လာပြီးနောက် သူ့ပါးပါးက ဒီဦးလေးကြီးကို ကြောက်နေခဲ့တာကို သူ ပြန်မှတ်မိသွားတဲ့ အချိန်မှာ ဖရဲသီးလေးက စုန့်ရှီလင်ရဲ့အဝေးကို ရွေ့သွားလိုက်သည်။
သူ မှတ်မိတာကတော့ ပေါ်ယွီက သူ့ကို ပါးပါးရဲ့သူငယ်ချင်းဆိုပြီး အခိုင်အမာ ပြောနေတဲ့သူစိမ်းတွေနဲ့ လိုက်မသွားရဘူးလို့ ပြောခဲ့ဖူးသည်။
ဒါပေမယ့် ဖရဲသီးလေးဟာ အလွန်အမင်း၀မ်းနည်းမှုတွေကြောင့် စိတ်သက်သာရာရဖို့အတွက် ယုံကြည်စိတ်ချရတဲ့ ပွေ့ဖက်မှုလေးတစ်ခုကို လိုအပ်နေခဲ့တာဖြစ်သည်။
စုန့်ရှီလင်က ဖရဲသီးလေးကို လုံခြုံတဲ့ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်ရုံသာမက သူနဲ့ပတ်သတ်ပြီး ဖရဲသီးလေးရဲ့ခံစားချက်ကို ပိုပြီးကောင်းမွန်အောင်လုပ်ပေးနိုင်သည်။ဒါကြောင့် ဖရဲသီးလေး သူ မသိလိုက်မိဘဲ အလိုလို ကျောင်းကနေ လိုက်သွားလိုက်မိသည်။
စုန့်ရှီလင်က သူ့မျက်လုံးတွေကို အောက်ငုံ့ပြီး ခေါင်းလေးတစ်၀က်ကိုသာ ဖော်ရုံမျှဖော်ထားကာ နှုတ်ခမ်းလေးတွေကို မျဉ်းဖြောင့်တစ်ကြောင်းလိုမျိုး တင်းတင်းစေ့ ထိုင်နေတဲ့ ဖရဲသီးလေးကို ကြည့်လိုက်သည်။
သူ သတိပြန်၀င်လာတဲ့အခါ သူလည်း ဖရဲသီးလေးလိုမျိုး စိုးရိမ်သွားသည်။သူ ဖရဲသီးလေးကို ခေါ်ပြီး ပေါ်ယွီ့ကို တွေ့ရမှာ နေရခက်သလို ခံစားရသည်။
ပြီးခဲ့တဲ့နှစ်နှစ်မှာ စုန့်ရှီလင်နဲ့ပေါ်ယွီတို့ဟာ တစ်ယောက်ကိုတစ်ယောက် မတွေ့ဖြစ်ကြပေ။စုန့်ရှီလင်က ပေါ်ယွီကို ပြန်တွေ့တဲ့အချိန်မှာလည်း ပေါ်ယွီမှာ ကလေးလေးတစ်ယောက်ရှိနေပြီး အဲဒါက စုန့်ရှီလင်ကို ဒေါသထွက်ပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေသည်။
ဒါပေမယ့် စုန့်ရှီလင်က တည်ငြိမ်ပြီး သီးသန့်နေထိုင်တတ်တာကြောင့် ဘယ်သူကမှ သူ့ရဲ့စိတ်ခံစားချက်တွေကို သတိမပြုမိချေ။
စုန့်ရှီလင်နဲ့ဖရဲသီးလေးတို့ဟာ ဘာစကားမှဆက်မပြောကြဘဲ သူတို့ရဲ့နှလုံးသားထဲမှာ လျို့ဝှက်ချက်ကိုယ်စီနဲ့ ထိုင်နေကြသည်။စားပွဲထိုးလေးက dinning cart ကို တွန်းလာတဲ့အခါမှသာ ကို့ရိုးကားရားအခြေအနေကြီးက ပျောက်ကွယ်သွားတော့သည်။
{ T / N ; Dinning cart photo }

စုန့်ရှီလင် မေးလိုက်သည်။ " ဒီမှာ ကလေးထိုင်ခုံရှိလား ? "
မတ်တပ်ရပ်ပြီး သူ့လက်လေးတွေကို စားပွဲပေါ် လှမ်းနေတာတောက်မှ စားစရာတွေကို မမြင်နိုင်တာကြောင့် ဖရဲသီးလေး စိတ်ညစ်သွားသည်။သူက စုန့်ရှီလင်မေးတာကို ကြားလိုက်တဲ့အခါ သူ ကျေးဇူးတင်နေတဲ့ပုံစံလေးနဲ့ စုန့်ရှီလင်ကို ကြည့်လိုက်သည်။
စားပွဲထိုးလေးက အကြပ်ရိုက်စွာနဲ့ ခေါင်းခါလိုက်သည်။ " လူတစ်ယောက်က တတိယထပ်တစ်ခုလုံးကို booking လုပ်ထားတာမို့လို့ လူတော်တော်များများက သူတို့ရဲ့ကလေးတွေကို ခေါ်လာကြပါတယ် အဲဒါကြောင့် ကလေးထိုင်ခုံတွေအားလုံး ကုန်သွားပါပြီ "
စုန့်ရှီလင် မျက်မှောင်ကြုတ်လိုက်ပြီး အစားအစာတွေ လာပြင်ဆင်ပေးတဲ့ စားပွဲထိုးလေးကို ထွက်သွားဖို့ လက်ဟန်ပြလိုက်သည်။
စားပွဲထိုးလေးက စိတ်သက်သာရာရသွားသလို သက်ပြင်းချကာ Private Room ထဲကနေ လျင်မြန်စွာ ထွက်သွားတော့သည်။
Private Room ရဲ့တံခါးကနေ ထွက်လာပြီးနောက် စားပွဲထိုးလေး နောင်တရသွားသည်။မစ္စတာစုန့်နဲ့ တွေ့ခွင့်ရဖို့က ခက်ခဲတာကို သူ big boss ကြီးရဲ့ အရှေ့မှာမှ မကောင်းထဲ့ထင်မြင်ချက်ရအောင် လုပ်မိသွားတယ် !!!
စုန့်ရှီလင်ကတော့ ဘာမှသိပ်ပြီး များများစားစား စဉ်းစားမနေပေ။ဖရဲသီးလေးက ထိုင်ခုံပေါ်မှာ မတ်တပ်ရပ် စားနေရတာကို မြင်တဲ့အခါ သူ မျက်မှောင်ကြုတ်သွားပြီး ဖရဲသီးလေးကို ထိုင်ခိုင်းလိုက်သည်။အဲဒီနောက် သူ ဟင်းတွေကို ပန်းကန်းလေးထဲထည့်ပြီး ဖရဲသီးလေးကို ကိုယ်တိုင်ခွံ့ကျွေးလိုက်တော့သည်။
ဖရဲသီးလေးက မျက်လုံးတောက်တောက်လေးတွေနဲ့ ပျော်ရွှင်စွာ သူ့ပါးစပ်လေးကို ဟလိုက်သည်။သူက အစားအစာတွေကို ဝါးနေတာကြောင့် သူ့ပါးစပ်လေးထဲမှာ ပြည့်နေသည်။
ဘယ်ကိစ္စကိုမဆို လေးလေးနက်နက်နဲ့ သေချာလုပ်လေ့ရှိတဲ့ စုန့်ရှီလင်ဟာ ပေါ်ယွီအသေးစားလေးကို ခွံ့ကျွေးနေရတဲ့ ခံစားချက်မှာ အရမ်းပျော်ရွှင်နေသည်။အထူးသဖြင့် ဖရဲသီးလေးက သူ့ကို ပျော်ရွှင်နေတဲ့အမူအရာလေးနဲ့ ကြည့်လာတဲ့အခါမှာ တင်းတင်းစေ့ပိတ်ထားတဲ့ စုန့်ရှီလင်ရဲ့နှုတ်ခမ်းတွေဟာ ရှားရှားပါးပါး ကွေးတက်သွားခဲ့သည်။
.
.
.
.
.
.
.
.
.
.