Chereads / Breaking Up , No Joke ( Myanmar Translation ) / Chapter 9 - Chapter-8(Tracking)

Chapter 9 - Chapter-8(Tracking)

မိတ်ကပ်လိမ်းပြီး​နောက် ဓါတ်ပုံဆရာက ဓါတ်ပုံတချို့ကို ရိုက်ကူးပြီး အဲဒီပုံ​တွေကို ​ကြော်ညာအတွက် တရား၀င် website မှာ တင်လိုက်သည်။

​မော့အန်းယွီက မိတ်ကပ်လိမ်းလို့ ​စောပြီးသွားတာ​ကြောင့် သူ ၀တ်ရမယ့် အ၀တ်အစား​တွေကို လဲလိုက်သည်။သူက ​ပေါ်ယွီ့ရဲ့နား​နေခန်းတံခါးနားမှာ ရပ်ပြီး ​​ပေါ်ယွီကို တိတ်တဆိတ် ​စောင့်​နေသည်။

ရလဒ်​အနေနဲ့က​တော့ ​ပေါ်ယွီ ​ရှေး​ခေတ်၀တ်စုံကို ၀တ်ပြီး အပြင်ထွက်လာတဲ့အချိန်မှာ သူ ကြက်​သေ​သေသွား​တော့သည်။

​ပေါ်ယွီဟာ အဖြူ​ရောင်၀တ်ရုံနဲ့အတူ ကျက်သ​ရေရှိပြီး ​ချော​မောခန့်ညား​နေ​လေသည်။သူ့လက်ထဲမှာ ​ကျောက်စိမ်းယပ်​တောင်တစ်​ချောင်းကို ကိုင်​ဆောင်ထားပြီး အနက်​ရောင်ဆံနွယ်​တွေကို ခပ်မြင့်မြင့် စုစည်းထားသည်။

​ပေါ်ယွီရဲ့မျက်နှာက အခု​ခေတ် အ၀တ်အစား​တွေနဲ့ဆိုရင် အရမ်း​ချော​မောခန့်ညား​နေရုံသာမက ​ရှေး​ခေတ်အ၀တ်အစား​တွေ ၀တ်ဆင်ထားရင်လည်း အလွန်ဆွဲ​ဆောင်မှုရှိသည်။ဒါ​ကြောင့် ​ပေါ်ယွီ့မှာ သူ သရုပ်​ဆောင်နိုင်တဲ့ ဇာတ်​ကောင်ပုံစံအမျိုးမျိုး ရှိသည်။

​မော့အန်းယွီက ခဏ​လောက် အသက်ရှူရပ်သွားပြီး​နောက်မှာ​တော့ သူ လျင်မြန်စွာပဲ သတိပြန်၀င်လာသည်။​ပေါ်ယွီက တစ်ခုခုကို ရိပ်မိသွားမှာ သူ စိုးရိမ်​နေမိသည်။

ဒါ​ပေမယ့် ​မော့အန်းယွီသာမက ၀န်ထမ်း​တွေအပါအ၀င် သရုပ်​ဆောင်မင်းသား​တွေကို ကူညီဖို့လာကြတဲ့ နား​နေခန်းအပြင်မှာ ရပ်​နေကြတဲ့ လူ​တွေကလည်း ​ပေါ်ယွီကို မြင်ပြီးတဲ့အခါ သူတို့​တွေ တိတ်ဆိတ်သွားကြ​တော့သည်။

​​ပေါ်ယွီက ယပ်​တောင်ကို ဖွင့်လိုက်ပြီး ​လျှောက်လာကာ သူ့လက်​မောင်းကို ​မော့အန်းယွီရဲ့ပုခုံး​ပေါ်မှာ တင်လိုက်သည်။ " မင်း မင်းရဲ့အ၀တ်အစား​တွေနဲ့ ဓါတ်ပုံရိုက်ပြီးသွားပြီလား ? "

​မော့အန်းယွီ ​ခေါင်းငြိမ့်ပြလိုက်ပြီး သူ့နားရွက်​တွေက​တော့ အနီ​ရောင်​ပြောင်း​နေပြီဖြစ်သည်။သူ ​ပေါ်ယွီရဲ့အ​ရှေ့မှာ ​ခြေ​လေးလက်​လေးလှုပ်ဖို့ကို​တောင် စိတ်လှုပ်ရှား​နေတာ​ကြောင့် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ထိန်းချုပ်​နေရသည်။

ဒါရိုက်တာ​ဟော်က ​ပေါ်ယွီရဲ့​နောက်ဆုံးရိုက်ထားတဲ့ ဓါတ်ပုံ​တွေကို မြင်တဲ့အခါ သူလည်း ခဏ​လောက် ကြက်​သေ​သေသွားခဲ့သည်။အဲဒီ​နောက် သူ ​ပေါ်ယွီဆီကို အံ့အားသင့်​နေတဲ့မျက်နှာကြီးနဲ့ ​ပြေးလာ​​တော့သည်။ဒါက လုံး၀ကို သူ့စိတ်ကူးထဲက ကုချန်ကျင်းပဲ!!!

ကုချန်ကျင်းဆိုတာ စစ်သူကြီးငယ်​လေးရဲ့အမည်ဖြစ်သည်။

​မော့အန်းယွီက စိတ်ပျက်လက်ပျက်ဖြစ်သွားသလို ခံစားလိုက်ရပြီး စိတ်လှုပ်ရှား​နေတဲ့ ဒါရိုက်တာ​ဟော်ကို တစ်ချက်​လောက်ကြည့်ကာ ဘာစကားမှမ​ပြောဘဲ သူ့အကြည့်​တွေကို ရုတ်သိမ်းလိုက်သည်။

ဒါရိုက်တာ​ဟော်က စိတ်လှုပ်ရှားစွာ loudspeaker ကို ​မြှောက်ပြီး ​​ပြောလိုက်သည်။ " အလုပ်,လုပ်ချိန်​ရောက်ပြီ !!! အလုပ်,လုပ်ချိန် !!! "

••••••••••••••••••••••••••••••••••••••••••••••••••••

အင်ပါယာနန်းမြို့​တော်တွင် အရင်အတိုင်းပဲ လမ်း​တွေ​ပေါ်မှာ လူ​တွေအပြည့်နဲ့ ဆူညံ​နေပြီး ​အေး​အေးချမ်းချမ်း ​စျေး​ရောင်း​နေကြသူ​တွေနဲ့ ပြည့်နှက်​နေသည်။​ကျောက်စိမ်းတုံး​လေးလိုမျိုး ​ချော​မောခန့်ညားပြီး ကျက်သ​ရေရှိတဲ့ စစ်သူကြီးငယ်​လေးဟာ လက်မထပ်ရ​သေးတဲ့ အမျိုးသမီး​လေး​တွေရဲ့ ​ဘေးက​နေ ဖြတ်သွားလိုက်သည်။အဲဒီအမျိုးသမီး​လေး​တွေက သူမတို့ရဲ့ ​မွှေးပျံ့ရနံ့သင်း​နေတဲ့ လက်ကိုင်ပဝါ​တွေကို ​မြေပြင်​ပေါ်မှာ ကျဲလိုက်ကြပြီး စစ်သူကြီးငယ်​လေးကို လက်ထက်ရဖို့ တိတ်တိတ်​လေး ဆု​တောင်း​နေကြသည်။

​ပေါ့​ပေါ့ပါးပါး ​နေတတ်ပြီး ရည်မွန်​​ပေမယ့် သိက္ခာတရားရှိတဲ့ စစ်သူကြီးငယ်​လေးက သူတို့​တွေကို ပြန်ပြီးမတုံ့ပြန်ဘဲ ယပ်​တောင်​လေးကိုခပ်ကာ အ​စေခံ​ကောင်မ​လေး​တွေနဲ့ ကစားဖို့အတွက် စံအိမ်ဆီကို ပြန်သွား​လေသည်။

​နောက်ဇာတ်၀င်ခန်းတွင် သံသယများတတ်တဲ့ ဧကရာဇ်အိုကြီးက ​နောက်ဆုံးမှာ သူ့ရဲ့ဆိုးသွမ်းတဲ့ ကိုယ်လုပ်​တော်​တွေနဲ့ ​ကောက်ကျစ်စဉ်းလဲတဲ့ မိန်းမစိုး​တွေရဲ့ ​သွေးထိုးလှုံ့​ဆော်မှု​ကြောင့် လျို့ဝှက်အမိန့်ပြန်တမ်းတစ်ခု ချမှတ်ခဲ့သည် ; တရား၀င်ဇနီးက​နေ ​​မွေးဖွားလာပြီး စစ်ပွဲရဲ့ နတ်ဘုရားစစ်သူကြီးကို အမည်ရတဲ့ အကြီးဆုံးသားဖြစ်သူဟာ စစ်​မြေပြင်မှာ ​သေဆုံးဖို့ ဖိအား​ပေးခံခဲ့ရသည်။ဒုတိယသားက​တော့ ​ကြောက်စရာ​ကောင်းတဲ့ လူတစ်​ယောက်က တမင်တကာ လက်ထိုးသူစာရင်းကို အသိ​ပေးလိုက်တာ​ကြောင့် မြို့တံခါးမှာ ​ခေါင်းဖြတ်အသတ်ခံလိုက်ရသည်။

မာနကြီးတဲ့ စစ်သူကြီးငယ်​လေးတစ်​ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

​နောက်ထပ်ဇာတ်၀င်ခန်း။

စစ်သူကြီးငယ်​လေးရဲ့ အဖြူ​ရောင်၀တ်စုံဟာ အညစ်အ​ကြေးဖုန်​တွေနဲ့ စွန်းထင်​နေသည်။သူက ရှုပ်ပွ​နေတဲ့ဆံနွယ်​တွေနဲ့အတူ ​မြေကြီးပေါ်မှာ အခက်​တွေ့စွာနဲ့ ဒူး​ထောက်​နေပြီး သူ့ရဲ့ဒုတိယအစ်ကို ​ခေါင်းဖြတ်ခံလိုက်ရတဲ့ မြို့တံခါးကို ဝိုးတဝါးကြည့်​နေ​လေသည်။

အနက်​ရောင်၀တ်စုံ၀တ်ပြီး မျက်နှာဖုံးတပ်ထားတဲ့ လူတစ်​ယောက်က သူ့​​ဘေးမှာ မတ်တပ်ရပ်​နေကာ စိတ်မရှည်စွာနဲ့ ​သူ့ရဲ့​မေး​စေ့ကို ​မော့လိုက်သည်။ " မင်း ကလဲ့စား​ချေချင်ရင် အချိန်ဆွဲမ​နေနဲ့ ။ ကွန်ဖူး​လေ့ကျင့်ဖို့အတွက် လုံလုံ​လောက်​လောက် စား​သောက်ရမယ် ။ ပြီးရင်​တော့ ဧကရာဇ်အိုကြီးကို ဒုက္ခ​ပေးဖို့ ပြန်သွား​ပေါ့ "

" ကျွန်​တော် ... ကလဲ့စား​ချေချင်တယ် " နှလုံးသားကင်းမဲ့သွားတဲ့ စစ်သူကြီးငယ်​လေးက ခိုင်မာပြတ်သားတဲ့အမူအရာနဲ့ မျက်နှာဖုံး၀တ်ထားတဲ့လူကို ​မော့ကြည့်ကာ ထပ်​ပြောလိုက်သည်။ " ကျွန်​တော် ကလဲ့စား​ချေချင်တယ် "

မျက်နှာဖုံးနဲ့လူက ရယ်​မောကာ သစ်ပင်​ပေါ်က​နေ ခုန်ချလိုက်သည်။သူ့ရဲ့လက်ကို စစ်သူကြီးငယ်​လေးရဲ့ခါးမှာ ရစ်ပတ်လိုက်ပြီး ​ပေါ့ပါးစွာ သူ့​ခြေ​ထောက်​တွေကို ခုန်လိုက်တဲ့အခါ ချက်ချင်းပဲ မိုင်တစ်ရာ​လောက်အကွာကို ​ရောက်ရှိသွားသည်။

" Cut !!! "

ဒါရိုက်တာ​ဟော်က နဖူး​ပေါ်မှာရှိ​နေတဲ့ ​ချွေး​တွေကို သုတ်ပြီး ​လှေကား​ပေါ်မှာ ရပ်​နေကြရတုန်းပဲဖြစ်တဲ့ ​ပေါ်ယွီနဲ့​မော့အန်းယွီတို့ကို မြန်မြန် ​အောက်ချ​ပေးဖို့ ၀န်ထမ်း​တွေကို ​ပြောလိုက်သည်။

​မော့အန်းယွီက ​လှေကား​ပေါ်က​နေဆင်းလာပြီး မျက်နှာဖုံးကိုချွတ်ကာ လက်​ထောက်တစ်​ယောက်ကမ်း​ပေးလာတဲ့ ​ရေနှစ်ဘူးကို ယူလိုက်သည်။အဲဒီ​နောက် သူ တစ်ဘူးကို ​ပေါ်ယွီဆီ ​ပေးလိုက်သည်။ " အပူရှပ်မှာစိုးလို့ ​ရေနည်းနည်း​လောက်​သောက်လိုက်ပါဦး "

__________ အခုက ​ဆောင်းဦးရာသီဆို​ပေမယ့် ​နေ့ခင်းဘက်​တွေမှာ ရာသီဥတုပူ​နေဆဲပင်ဖြစ်သည်။သူတို့​တွေက အလွှာ​တွေအထပ်ထပ်ပါတဲ့ ​ရှေး​ခေတ်၀တ်စုံ​တွေကို ၀တ်လိုက်တဲ့အခါ ပိုပြီးပူအိုက်သွားသလို ခံစားရသည်။ည​ရောက်​တော့ သူတို့​တွေ အလုပ်ပြီးတဲ့အခါ သူတို့ရဲ့အ၀တ်အစား​တွေက ​ချွေး​တွေနဲ့ စိုရွှဲ​နေလို့သည်။

ရိုက်ကူး​ရေး​နေ့ ​တော်​တော်များများကို ဖြတ်သန်းပြီး​နောက် ​ပေါ်ယွီမှာ ​​မော့အန်းယွီအ​ပေါ် ​ကောင်းထဲ့ထင်မြင်ချက်တစ်ခုရှိလာသည်။​​မော့အန်းယွီက အပြင်ပန်းမှာ ​အေးစက်​နေပင်မယ့် ​နွေး​ထွေးတဲ့နှလုံးသားရှိတယ်လို့ ထင်မိသည်။သူ ​မော့အန်းယွီဆီက ​ရေဘူးကို ယူပြီး ​ရေအများကြီးတစ်ငုံ ​သောက်လိုက်သည်။

​မော့အန်းယွီလည်း ပါးစပ်နဲ့အပြည့် ​ရေခဲ​ရေကို ​မော့​သောက်လိုက်သည်။သူ့အ​ပေါ်မှာ ​ပေါ်ယွီက ယုံကြည်မှုရှိတာကို စိတ်​ကျေနပ်​နေတာ​ကြောင့် သူ အရမ်းကို စိတ်အ​ခြေအ​နေ သိပ်​ကောင်း​​နေသည်။

အ၀တ်အစား​တွေနဲ့အဆင်တန်ဆာ​တွေကို ဖယ်ပြီးသွားတဲ့အခါ ​မော့အန်းယွီက ​ပြေးလာပြီး ​ပြောလိုက်သည်။ " ​ပေါ်ယွီ , ဒီ​နေ့ည ကျွန်​တော်တို့အားလုံး အနားယူတဲ့​နေနဲ့ hotpot စားပြီး သီချင်းသွားဆိုကြမလို့ ခင်ဗျား​ရော လိုက်မလား ? "

​ပေါ်ယွီ ​ခေါင်းခါလိုက်သည်။သူ အိမ်က က​လေး​လေးအတွက် စိတ်ပူရ​သေးသည်။ဒါ့ပြင် ဒီ​နေ့ ရိုက်ကွင်းကလည်း ခက်ခဲခဲ့တာ​ကြောင့် သူ အိမ်ပြန်ပြီး​တော့သာ အနားယူချင်​နေပြီဖြစ်သည်။

​​မော့အန်းယွီက ပြုံး​နေဆဲပင်ဖြစ်သည်။ပြီး​တော့ သူက ​ပေါ်ယွီ ငြင်းလိုက်တာကို စိတ်အ​နှောင့်အယှက်ဖြစ်ပုံမရ​ချေ။ " အဲဒါဆို ကျွန်​တော် သူတို့နဲ့ သွားလိုက်​တော့မယ်​နော် "

​ပေါ်ယွီက ​မော့အန်းယွီကို လက်ယမ်းပြပြီး car parking ​နေရာကို လမ်း​လျှောက်သွားလိုက်သည်။

​ပေါ်ယွီ ထွက်သွားတာနဲ့ တစ်ပြိုင်နက် ​​မော့အန်းယွီရဲ့မျက်နှာဟာ ချက်ချင်း​ ပြောင်းလဲသွားပြီး ​ဒေါသအရိပ်အ​ယောင်​တွေ လျင်မြန်စွာ ထွက်​ပေါ်လာ​တော့သည်။

အဲဒီ​နောက်မှာ ၀န်ထမ်း​လေးတစ်​ယောက်က ​ရောက်လာပြီး ​မော့အန်းယွီရဲ့မျက်နှာအမူအရာကို သတိမထားမိဘဲ ​ပျော်ရွှင်စွာ ​ပြောလိုက်သည်။ " ​မော့ , အားလုံး အဆင်သင့်ဖြစ်​နေကြပြီ ဒါနဲ့ ​ပေါ်က သွားမှာလား မသွားဘူးတဲ့လား ? "

​မော့အန်းယွီက ​ပေါ့​ပေါ့ပါးပါး ပြန်​ပြောလိုက်သည်။ " သူ့မှာ လုပ်စရာရှိ​သေးတယ်တဲ့ အဲဒါ​ကြောင့် သူ အရင်ပြန်နှင့်သွားပြီ အခုတင် ကျွန်​တော့်ကို ကျွန်​တော့်ရဲ့ကိုယ်စားလှယ်က ဖုန်းဆက်တယ် ကျွန်​တော်လည်း မသွားနိုင်​တော့ဘူး အဲဒါ​ကြောင့် မင်းတို့​တွေပဲ ​ပျော်ခဲ့လိုက်ကြပါ "

၀န်ထမ်း​လေးက စိတ်ပျက်မှု​တွေနဲ့ ပြည့်နှက်သွားသည်။သူက ​ပေါ်ယွီတို့ ​​မော့အန်းယွီတို့နဲ့အတူ အစားတစ်နပ်​လောက်​တော့ စားရ​တော့မယ်လို့ ​တွေးခဲ့တာဖြစ်သည်။ဒါ​ပေမယ့် သူတို့တွေက တစ်ချိန်တည်းမှာပဲ မအားလပ်ကြ​ပေ။

​မော့အန်းယွီက ၀န်ထမ်း​လေးရဲ့ပုခုံးကို ၀တ်​ကျေတမ်း​ကျေ ပုတ်​ပေးပြီး ​ပြောလိုက်သည်။ " ​ကျေးဇူးပြုပြီး ကျွန်​တော် အရင်ပြန်နှင့်​တော့မယ်ဆိုတာ ဒါရိုက်တာ​ဟော်ကို ​ပြော​ပေးပါဦး "

​ပြောပြီးတာနဲ့ သူ လျင်မြန်စွာ car parking ​နေရာကို သွားလိုက်သည်။

ည​နေခင်းအချိန်က ကားအကြပ်ဆုံးအချိန်ပဲဖြစ်သည်။​ပေါ်ယွီ ​ရှေ့​နောက်တန်းစီ​နေတဲ့ ယာဥ်တန်းရှည်ကြီးကိုကြည့်ပြီး စိတ်ညစ်သွားသည်။

မူကြို​ကျောင်းက ည​နေ​လေးနာရီဆိုရင် ဆင်းပြီဖြစ်သည်။သူ့ရဲ့အလုပ်​ကြောင့် ​ပေါ်ယွီက ဆရာမချန်ကို ဖရဲသီး​လေးနဲ့ နာရီအနည်းငယ်​လောက်ထပ်ပြီး အတူတူရှိ​နေ​ပေးဖို့ ​တောင်းဆိုထားကာ သူမက လတိုင်း အချိန်ပိုအတွက် လစာရ​လေသည်။

အရင်က သူ များ​​သောအားဖြင့် မူကြို​ကျောင်းကို ​နောက်အကျဆုံး ငါးနာရီ​လောက်ဆိုရင် ​ရောက်ပြီဖြစ်သည်။ဒါ​ပေမယ့် ဒီ​နေ့ သူ ယာဥ်​ကြောထဲမှာ ပိတ်မိ​နေတာ​ကြောင့် ​ခြောက်နာရီထိုး​လောက်မှ ​ရောက်​တော့မှာဖြစ်သည်။သူ့ရဲ့အူတူတူသား​လေးက ပြသာနာရှာမလား မရှာဘူးလားဆိုတာ​တော့ သူ မသိ​ပေ။

ညအချိန်​ရောက်လာပြီဖြစ်သည်။ဟွားချန်မြို့​တော်က မီး​ရောင်စုံနဲ့ ထိန်ထိန်လင်းကာ ​တောက်ပ​နေသည်။

မိသားစုအိမ်တိုင်းရဲ့ ပြတင်း​ပေါက်​တွေဆီက​နေ အစားအစာနံ့​တွေ ပျံ့လွင့်လာတဲ့ အချိန်ကျမှပဲ ​ပေါ်ယွီ မူကြို​ကျောင်းဆီကို ​ရောက်​တော့သည်။

ဆရာမချန်ဟာ လွန်ခဲ့တဲ့ဆယ်မိနစ်​လောက်တုန်းက ​ပေါ်ယွီဆီက​နေ ဖုန်းတစ်​ကောရရှိခဲ့သည်။သူမက သူမရဲ့လက်​မောင်း​တွေထဲမှာ ဖရဲသီး​လေးကို ချီထားပြီး မူကြို​ကျောင်းတံခါး​ပေါက်​ရှေ့မှာ မတ်တပ်ရပ်​နေသည်။​ပေါ်ယွီ​ ​ရောက်လာတဲ့အခါ သူမ လျင်မြန်စွာ ထွက်လာခဲ့သည်။

ဖရဲသီး​လေးက ​ပေါ်ယွီကို စကားလည်းမ​ပြော ဖက်​ပေးဖို့လည်းမ​ပြောဘဲ တည်ငြိမ်တဲ့အမူအရာ​လေးနဲ့ သူ့​ခေါင်း​လေးကို ​နောက်လှည့်လိုက်သည်။

​ပေါ်ယွီရဲ့နှလုံးသား​လေးဟာ အံ့အားသင့်သွား​လေသည်။

ဆရာမချန်က အကူအညီမဲ့စွာနဲ့ သူမရဲ့နှုတ်ခမ်းကို လှုပ်ကာ အသံမထွက်ဘဲ စကား​ပြောလိုက်သည်။ဖရဲသီး​လေး စိတ်ဆိုး​နေတယ်။ အဲဒီ​နောက် သူမက ဖရဲသီး​လေးကို ​ပေါ်ယွီဆီပေးပြီး ​ပြောလိုက်သည်။

" မစ္စတာ​ပေါ် , ကျွန်မ အရင်ပြန်နှင့်​တော့

မယ် "

" ကျွန်​တော် မင်းကို ကား​​မောင်းပြီး အိမ်ပြန်ပို့​ပေးပါရ​စေ " ​ပေါ်ယွီ လက်တစ်ဖက်က ဖရဲသီး​လေးကို ကိုင်ထားပြီး တခြားတစ်ဖက်က ကား​သော့ကို ကိုင်ထားသည်။

ဒီဆရာမ​လေးမှာ ကားမပါဘူးဆိုတာနဲ့ သူ့ကိုသာ ​စောင့်မ​နေရရင် အိမ်ပြန်​ရောက်တာ အ​တော်ကြာ​နေ​လောက်ပြီဆိုတာကို ​ပေါ်ယွီ သိသည်။ဒါ​ကြောင့် သူ သူမကို အားနာ​နေပြီး သူမတစ်​ယောက်တဘ်း အိမ်ကို မပြန်​စေချင်​ပေ။

ဆရာမချန်က ပြုံးကာ သိပ်မ​ဝေးတဲ့​နေရာမှာ ရပ်​နေတဲ့ လူငယ်အမျိုးသားတစ်ယောက်ကို လက်ညှိုးညွှန်ပြလိုက်သည်။

​ပေါ်ယွီ လျင်မြန်စွာ နားလည်သွားပြီး ကားဆီပြန်သွားလိုက်​တော့သည်။ဆရာမချန်က သူ့​ကောင်​လေးနဲ့ ထွက်သွားကြတဲ့အချိန်အထိ ​ပေါ်ယွီ မသွားရ​သေး​ပေ။

မနီးမ​ဝေး​နေရာမှာ ရပ်ထားတဲ့ ပြိုင်ကားအဖြူ​ရောင်​လေးရဲ့ပိုင်ရှင်ဟာ အဲဒီမြင်ကွင်းကို တိတ်တဆိတ် ကြည့်​နေခဲ့သည်။

ကားထဲတွင် ​မော့အန်းယွီက steering wheel ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ​ပေါ်ယွီနဲ့​ပေါ်ယွီ့လက်​​မောင်းထဲက က​လေး​လေးကို မျက်​တောင်မခတ် စိုက်ကြည့်​နေသည်။သူက နက်ရှိုင်းတဲ့ မျက်လုံး​တွေနဲ့အတူ နှုတ်ခမ်းကို တင်းတင်း​စေ့ပိတ်ထားသည်။ဘယ်သူကမှ သူ ဘာ​တွေ​တွေး​နေသလဲဆိုတာ မသိနိုင်​ပေ။

ရယ်ဟွမ်က သူ့လက်ထဲက ပန်းကန်ကို ချလိုက်ပြီး လက်သုတ်ပဝါနဲ့ သူ့ပါးစပ်ကို ​ကြော့​ကြော့​မော့​မော့​လေး သုတ်လိုက်သည်။အဲဒီ​နောက် သူ ​ပြောလိုက်သည်။ " ​မော့အန်းယွီက ရူး​နေ​တာပဲ !!! သူက အသုံးစရိတ်​တွေအများကြီးသုံးထားတဲ့ ရှုပ်ရှင်ကားကြီးကိုကျ​တော့ ငြင်းပြီး web series မှာ သရုပ်​ဆောင်ဖို့ ​ရွေးလိုက်တယ်​လေ သူ အသိစိတ်လွတ်​နေတာပဲဖြစ်ရမယ် "

ချီယန်က ဝိုင်တစ်ငုံ​သောက်ပြီး ဆက်​ပြောလိုက်သည်။ " web series က ဘာအမျိုးအစားလဲ ? "

" အဲဒီ web series ရဲ့ နာမည်က လို့​ခေါ်တယ်ရယ် ကျွန်​တော် အဲဒီဇာတ်ညွှန်းကို မြင်ဖူးတယ် အစ်ကိုချီ , အဲဒီဟာက အစ်ကို အခုရိုက်​နေတဲ့ ​ရှေး​ခေတ် drama လို မ​ကောင်းဘူး " ရယ်ဟွမ်က ချီယန့်ရဲ့ဖိနပ်ကို လျက်ဖို့ ဘယ်​သောအခါမှ မ​မေ့​ပေ။ " အဲဒီ web series က အကုန်လုံး ကြည့်မ​​ကောင်းဘူး "

ချီယန်က ရယ်ဟွမ့်ရဲ့အ​ပြောကို စိတ်​ကျေနပ်သွားပြီး အနည်းငယ် ပြုံးလိုက်သည်။ " ငါ ကြားတာ​တော့ ​ပေါ်ယွီက အဲဒီဇာတ်လမ်းတွဲမှာ ဇာတ်လိုက်​နေရာက သရုပ်​ဆောင်မှာဆို သူ web series ​တွေမှာ သရုပ်​ဆောင်ဖို့ ​ရွေးလိမ့်မယ်လို့ ငါ တစ်ခါမှ မ​တွေးဖူးဘူး "

ရယ်ဟွမ် ​ပြောလိုက်သည်။ " ​ပေါ်ယွီက နှစ်နှစ်​လောက် သရုပ်မ​ဆောင်ခဲ့တာ အခုချိန်မှာ ပရိသတ်ဘယ်​လောက်ကများ သူ့ကို မှတ်မိ​နေမှာတဲ့လဲ ? သူ web series ​တွေ​လောက်မှာပဲ ဇာတ်လိုက်​နေရာက သရုပ်​ဆောင်နိုင်​တော့တာ​လေ တခြားတီဗွီဇာတ်လမ်းတွဲ​တွေမှာဆိုရင် သူ တတိယ​မြောက် ဒါမှမဟုတ် စတုထ္ထ​မြောက် အမျိုးသားဇာတ်ရံ​နေရာ​လောက်မှာပဲ သရုပ်​ဆောင်လို့ရမှာ "

သူ ဟိုးအရင် ​ပေါ်ယွီနဲ့ သရုပ်​ဆောင်ခဲ့တုန်းက သူဟာ တတိယ​မြောက်အမျိုးသားဇာတ်ရံ​နေရာမှာ သရုပ်​ဆောင်ခဲ့ရတာကို စဉ်းစားမိသွားတဲ့အခါ ချီယန် ​ကျေနပ်၀မ်းသာသွားသည်။သူ ရယ်ဟွမ်ရဲ့​နေရာကို နားလည်သည်​လေ။

ရယ်ဟွမ်ကလည်း သူ့ကို နားလည်ပြီး အဲဒီကိစ္စကို ပြန်ဆွဲမထုတ်​ပေ။သူ ဝိုင်ခွက်ကို မပြီး တစ်ငုံ​​သောက်ချလိုက်သည်။

••••••••••••••••••••••••••••••••••••••••••••••••••••

Small Fanဟာ အသုံးပြုသူမှတ်ချက် အနည်းငယ်သာရှိပြီး နာမည်မကြီးတဲ့ အွန်လိုင်း website တစ်​ခုဖြစ်သည်။ဒါ​ပေမယ့် ၀န်​ထမ်း​တွေက ခုနစ်နာရီဆယ်မိနစ်​လောက်မှာ ​​ရှေး​ခေတ်၀တ်စုံနဲ့ဓါတ်ပုံအတွဲလိုက်ကြီးကို အွန်လိုင်း​ပေါ် တင်လိုက်တဲ့အချိန်မှာ Small Fan ရဲ့ တရား၀င် website ဟာ များပြားလှစွာ​သော အွန်လိုင်းအသုံးပြုသူ​တွေရဲ့ ​မွှေ​​နှောက်ခြင်းကို ခံလိုက်ရပြီး website ပျက်လုနီးပါး ဖြစ်သွား​တော့သည်။

" အား , အား , အား , အရမ်း​ချောတာပဲ ​​ကျေးဇူးပြုပြီး ဓါးကိုင်ထားတဲ့ အဖြူ​ရောင်​လေးနဲ့ မိတ်ဆက်​ပေးကြပါ အား , အား , အား "

" အား , အား , အား , အား , ဒါက ငါ့ရဲ့ ​မော့​မော့ပဲ ​မော့​မော့ရဲ့အ​နောက်မှာ ​ချော​မောခန့်ညား​​နေတဲ့ ​ကောင်​လေးက ဘယ်သူလဲ ? သူတို့နှစ်​ယောက်က အတွဲ​တွေလိုပဲ ! အရမ်းချစ်စရာ​ကောင်းပြီး ​ချောလိုက်တာ ! အား , အား , အား "

" ​ချောလိုက်တာ ! Computer screen ​ပေါ်မှာ သိမ်းထားမယ် ဖုန်း screen ​ပေါ်မှာလည်း သိမ်းထားမယ် ငါ​လေး ​နေ့တိုင်း screen ကို ထိုင်လျက်​နေ​တော့မယ် ! LOL ! "

အတိုချုပ်ရရင်​တော့ နှစ်နှစ်ကြာပြီး​နောက်မှာ အဖြူ​ရောင်၀တ်စုံနဲ့ ကျက်သ​ရေရှိပြီး တင့်တယ်​နေတဲ့ ​ပေါ်ယွီဟာ Weibo Hot Search list ထဲက Top Three ​မှာ ​နေရာယူထား​လေသည်။

နန်းပလ္လင်​ပေါ်မှာ ထိုင်​နေတဲ့ ဧကရာဇ်ရဲ့ အမိန့်​တော်​ကြောင့် စစ်သူကြီးငယ်​လေးကို နှစ်​ပေါင်းများစွာ လိုက်လံရှာ​ဖွေ​နေကြသည်။သူ့ကိုယ်သူ တစ်​နေရာပြီးတစ်​နေရာ အချိန်အကြာကြီး ပုန်း​အောင်းခဲ့ပြီး​နောက်မှာ​တော့ ကြံရာမရဖြစ်​နေတဲ့ စစ်သူကြီးငယ်​လေးက မျက်နှာဖုံးနဲ့အမျိုးသားရှိရာ ​ဆောင်ကြာမြိုင်ကို အ​ပြေးအလွှားသွားခဲ့သည်။

" ငါ မိန်းက​လေး​တွေ မလိုဘူး " အပြင်းအထန် အထိတ်တလန့်ဖြစ်​နေတဲ့ စစ်သူကြီးငယ်​လေးက မားမားကို ထွက်သွားဖို့​ပြောလိုက်သည်။သူ ဝိုင်အိုးကို မလိုက်ပြီး ​လေးနက်တဲ့မျက်နှာအမူအရာနဲ့ ပြန်ချထားလိုက်သည်။

အစ်ကိုအကြီးဆုံးက ဖခင်နှင့်တူသည် ဆိုတဲ့ဆိုရိုးရှိသည်။အစ်ကိုဖြစ်သူနှစ်​ယောက်လုံးဟာ ​သေဆုံးသွားကြပြီဖြစ်သည်။ဒါ​ကြောင့် စစ်သူကြီးငယ်​လေးက ဒီသုံးနှစ်မှာ အသားမစား၊အရက်မ​သောက်ဘဲ မိန်းမ​တွေနဲ့ ကလူကျီစယ်တာမျိုးကိုလည်း လုံး၀လုပ်​တော့မှာမဟုတ်​ပေ။

မျက်နှာဖုံးအုပ်ထားတဲ့ အမျိုးသားဟာ ​အေး​အေး​ဆေး​ဆေး ဝိုင်ကို အရသာခံ​နေ​လေသည်။သူ စစ်သူကြီးငယ်​လေးကို မ​လှောင်​ပြောင်ရ​သေးခင်မှာပဲ အပြင်က​နေလာတဲ့ အသံ​တွေကို ကြားလိုက်ရသည်။သူ့ရဲ့မျက်နှာအမူအရာက ချက်ချင်းပဲ ​ပြောင်းလဲသွား​တော့သည်။

" ဘန်း !!! " စစ်သားအုပ်ကြီးက အပြင်က​နေ အခန်းတံခါးကို ဖျက်ဆီးလိုက်သည်။

စစ်သား​တွေရဲ့ သတ္တိရှိတဲ့ ​ခေါင်း​ဆောင်ဖြစ်သူက ​ယောကျ်ားဆန်စွာ ​ခြေလှမ်းကျဲကျဲနဲ့ အခန်းထဲကို ၀င်လာခဲ့သည်။သူ အထဲမှာ အိမ်​ခြေရာမဲ့ စစ်သူကြီးငယ်​လေးကို ​မ​တွေ့ရ​ချေ။ဒါ​ပေမယ့် အိပ်ရာ​​ပေါ်မှာ ​ယောကျ်ားတစ်​ယောက်နဲ့မိန်းမတစ်​ယောက် လူးလှိမ့်​နေတာကို​တော့ မြင်လိုက်ရ​လေသည်။ရုတ်တရက် သူ ​တောင့်တင်းသွား​တော့သည်။

" မင်း ဘယ်သူလဲ ? " ​ယောကျ်ားဖြစ်သူရဲ့အသံက ကွဲအက်​နေပြီး ​ဒေါသအနည်းငယ်ပါလို့​နေသည်။ " ထွက်သွား !!! "

သူတို့ ဒီ​ယောကျာ်းနဲ့မိန်းမကို အ​နှောင့်အယှက်​ပေးမိလိုက်ပြီဆိုတာကို စစ်သား​တွေက သိသွားတာ​ကြောင့် ဒီ​နေရာက​နေ လျင်မြန်စွာ ထွက်သွားကြ​တော့သည်။

အခန်းက ​နောက်တစ်ကြိမ် တိတ်ဆိတ်သွားတဲ့အခါ ​အောက်မှာလှဲ​လျောင်း​နေတဲ့ 'အမျိုးသမီး' ဖြစ်သူက အမျိုးသားကို ​ဘေးတွန်းချလိုက်သည်။စစ်သူကြီးငယ်​လေးက အမျိုးသားရဲ့ခန္ဓာကိုယ်​အောက်ပိုင်းတစ်​နေရာကို မျက်နှာနီနီနဲ့ ညွှန်ပြလိုက်ပြီး စိတ်ဆိုးစွာ ​ပြောလိုက်သည်။ " ခင်ဗျားက ၀တ်ရုံလက်ပြတ်လား ? "

[ T / N ; အမှန်​တော့ ​နောက်ဆုံးစာ​ကြောင်းကို You are gay ? လို့​ရေးထားတာ ဒါ​ပေမယ့် အဲ့ဒါ​ရှေး​ခေတ်ဆို​တော့ gay ဆိုတဲ့အသုံးကရှိမှာ မဟုတ်ဘူး​လေ လိင်တူနှစ်သက်တဲ့သူလား ဆိုကျ​တော့လည်း စကား​ပြောကြီးဆို​တော့ နည်းနည်း​ထောက်​နေတယ်ထင်လို့ ၀တ်ရုံလက်ပြတ်လို့ပဲ​ရေးလိုက်​တော့တယ် ]

အမျိုးသားရဲ့မျက်နှာက အရင်ဆုံး ​အေးစက်လာသည်။အဲဒီ​နောက် သူက စစ်သူကြီးငယ်​လေးရဲ့အနားကို တိုးကပ်သွားပြီး နားရွက်ဖျား​တွေ နီသလိုဖြစ်​နေတဲ့ စစ်သူကြီးငယ်​လေးကို ဟိုလိုလို ဒီလိုလို စကား​ပြောလိုက်သည်။ " ကိုယ်က တရုတ်ပြည်ရဲ့​နွေဦးနဲ့​ဆောင်းဦးကာလထဲက ​ဝေ့နိုင်ငံရဲ့ဘုရင်မင်းမြတ်နဲ့ မီကျစ်ရှာတို့လိုမျိုး မင်းနဲ့အတူ မက်မွန်ပန်း​တွေကို မျှ​ဝေခံစားဖို့ ဆန္ဒရှိတယ် အဲဒါ​ကြောင့် မင်း​က​ရော ဟန်မင်းဆက်ရဲ့ဧကရာဇ်နဲ့တုန်းရှန့်လိုမျိုး ကိုယ့်အတွက် မင်းရဲ့၀တ်ရုံလက်ကို ဖြတ်ချင်လား ? "

အနီ​ရောင်ခန်းဆီး ကန့်လန့်ကာ​တွေ ​အောက်မှာ စစ်သူကြီးငယ်​လေးက ​ယောကျ်ားလား မိန်းမလား ​ပြောရခက်တဲ့ တစ်ဖက်လူကိုဘကြည့်​နေသည်။သူ့မျက်နှာ​လေးက အနီ​ရောင်​ပြောင်းသွားပြီး ခဏ​လောက်တုံ့ဆိုင်း​နေတဲ့ အမူအရာ​လေးနဲ့ ဘာမှ​ပြောမလာခဲ့​ပေ။

" Cut ! " ဒါရိုက်တာ​ဟော် စိတ်လှုပ်ရှားစွာနဲ့ သူ့လက်​တွေကို ပွတ်လိုက်မိသည်။သူ ဘယ်၀န်ထမ်းကိုမှ သူတို့နှစ်​ယောက်အနားကို သွားဖို့ ခွင့်မပြု​ပေ။သူကသာ အိပ်ရာ​ပေါ်က​နေဆင်းလာတဲ့ အမျိုးသားကြယ်ပွင့်နှစ်​ယောက်ဆီကို လျင်မြန်သွာ သွားလိုက်သည်။

​ပေါ်ယွီက မျက်နှာ​ပေါ်မှာ ရှက်ရွံ့​နေတဲ့အမူအရာမရှိဘဲ အရမ်းကို တည်ငြိမ်​နေသည်။​ဒါရိုက်တာ​ဟော် အူလှိုက်သည်းလှိုက် အကူအညီမဲ့စွာ ​တွေးလိုက်မိသည်။သူက တကယ့်ကို professional သရုပ်​ဆောင်ပါပဲ လက်ရှိ​လောကကို တန်းပြီး ပြန်​ရောက်လာနိုင်တယ်။

တခြား professional မင်းသားဖြစ်တဲ့ ​မော့အန်းယွီမှာ​တော့ အနည်းငယ် ပုံမှန်အတိုင်းမဟုတ်တဲ့ မျက်နှာအမူအရာမျိုးရှိ​နေသည်။ကံ​ကောင်းစွာနဲ့ သူက အခု​ ​ရှေး​ခေတ်၀တ်စုံကို ၀တ်ထားဆဲဖြစ်သည်။တစ်နည်း​ပြောရရင် သူ ရှက်​နေတယ်ဆိုတာကို ရှာ​တွေ့ဖို့ မဖြစ်နိုင်​ချေ။

[ T / N ; မျက်နှာဖုံးမချွတ်ရ​သေးလို့ပါ ]

​ပေါ်ယွီ သူ့ကို ဖျက်ကနဲ ကြည့်လိုက်သည်။

​မော့အန်းယွီက ရှက်​နေတယ်။

ဒါရိုက်တာ​ဟော်က ကြယ်ပွင့်နှစ်ယောက်ကြားမှာ ရှိ​နေတဲ့ လျှို့ဝှက်ဆက်သွယ်မှုကြီးကို နားမလည်ဘဲ ​နောက်ထပ်ဇာတ်၀င်ခန်းကို ရှင်းပြ​နေသည်။ " ​နောက်ဇာတ်၀င်ခန်းကကျ​တော့ သစ္စာ​ဖောက်ကို ​ဖြေရှင်းဖို့ နန်း​တော်ကို ဂိုဏ်းချုပ်က ​ရောက်လာပြီး စစ်သူကြီးငယ်​လေးက​တော့ မ​တော်တဆ အမှတ်မထင်နဲ့ အန္တရာယ်ရှိတဲ့​နေရာကို သွားမိသွားမယ် "

" ကျွန်​တော် အရင်ဆုံး ​သန့်စင်ခန်း သွားချင်လို့ပါ " ရုတ်တရက် ဂိုဏ်းချုပ်​နေရာမှာ သရုပ်​ဆောင်တဲ့ ​မော့အန်းယွီက ​​ပြောလိုက်သည်။

ဒါရိုက်တာ​ဟော်ဟာ မ​​မျှော်လင့်ဘဲ စကားဖြတ်​ပြောခံလိုက်ရတဲ့အခါ သူ့ရဲ့စိတ်လှုပ်ရှား​နေတဲ့မျက်နှာအမူအရာက ​ပျောက်ကွယ်သွားသည်။

​ပေါ်ယွီရဲ့မျက်နှာမှာ ခပ်​ဖျော့​ဖျော့ အပြုံးတစ်ခု ​ပေါ်လာသည်။သူ အ​ပေးအယူအတွက် ကူညီလိုက်သည်။ " မင်း ရိုက်ကွင်းမစခင်က ​​ရေ​တွေအများကြီး​သောက်ထားတာ အခုချိန်ထိ ​အောင့်ထားရတာ ခက်ခဲမှာပဲ သန့်စင်ခန်းသွားလိုက်ပါ "

ဒါရိုက်​တာဟော်ရဲ့မျက်နှာ​ပေါ်မှာ ရှက်ရွံ့မှု​တွေနဲ့မ​ကျေနပ်ချက်​တွေအစား စိတ်သက်သာရာရပြီး ရယ်​မောခြင်း​တွေက အစားထိုးလာ​တော့သည်။

ဒီအဓိပ္ပါယ်ပြည့်၀တဲ့ ပူး​ပေါင်း​ဆောင်ရွက်​ပေးမှုက ​မော့အန်းယွီကို ပိုပြီးရှက်​အောင်လုပ်​နေသည်။သူ ဘာမှပြန်မ​ပြော​တော့ဘဲ သန့်စင်ခန်းဆီ ​လျှောက်သွားလိုက်သည်။

​ပေါ်ယွီ သူ့လျှာကို သပ်လိုက်သည်။ဒီလူငယ်​လေးကို စိတ်ဆိုး​​အောင်လုပ်ရတာ လွယ်လိုက်တာ။

ဒါရိုက်တာ​ဟော်က ​ချောင်းဟန့်ပြီး ဆက်​ပြောလာသည်။ " ဒါနဲ့ မနက်ဖြန်ကျရင် ငါတို့ အင်တာနက်​ပေါ်မှာ အပိုင်းတစ်ကို တင်​တော့မှာ ​ကြော်ညာအတွက် အဲဒါကို အား​ပေးဖို့ မ​မေ့နဲ့​နော် "

ရိုက်ကူး​ရေးက အပိုင်းသုံးပိုင်း​လောက်ထိ ရိုက်ကူးပြီးပြီဖြစ်သည်။တစ်ပတ်မှာ တစ်ပိုင်းတင်ပြီး အဲဒီတစ်ပိုင်းရဲ့ကြည့်ရှူနှုန်းအရ ပထမဆုံးအပိုင်းကို တင်ရမယ့်အချိန်ဖြစ်သည်။

​ပေါ်ယွီ ​ခေါင်းငြိမ့်ပြလိုက်သည်။

••••••••••••••••••••••••••••••••••••••••••••••••••••

​ရေချိုးခန်းထဲတွင် ​မော့အန်းယွီရဲ့မျက်နှာက နီရဲ​နေပြီး သူ့လက်​တွေက​တော့ ခပ်မှန်မှန်​လေး လှုပ်ရှား​နေသည်။သူ့စိတ်ထဲမှာ ရှက်​သွေးဖြာ​နေတဲ့မျက်နှာ​လေးနဲ့ ​ပေါ်ယွီဟာ သူ့​အောက်မှာ လှဲ​လျောင်း​နေတဲ့ ပုံရိပ်​လေးက တဝဲလည်လည်ဖြစ်​နေသည်။

သူ့နှုတ်ခမ်း​တွေဟာ ​ရွေ့လျားသွားပြီး သူ အသံမထွက်ဘဲ ရွတ်လိုက်မိသည်။

" ပေါ်ယွီ "

.

.

.

.

.

.

.

.

.