Chereads / Breaking Up , No Joke ( Myanmar Translation ) / Chapter 8 - Chapter-7(Encounter)

Chapter 8 - Chapter-7(Encounter)

ဒါရိုက်တာ​ဟော်နဲ့​ပေါ်ယွီတို့ဟာ ​နေ့လယ်တစ်နာရီက​နေပြီး ည​​နေလေးနာရီ​လောက်ထိ စကား​ပြောကာ အဲဒီ​နောက်မှာ​တော့ အင်တင်တင်နဲ့ပဲ နှုတ်ဆက်စကား​ပြောခဲ့ကြသည်။

ဒါရိုက်တာ​ဟော် ထွက်သွားတာကို ကြည့်ပြီး​နောက် ​​ပေါ်ယွီ ခဏ​လောက်​စောင့်လိုက်သည်။အဲဒီ​နောက် သူ ​နေကာမျက်မှန်ကို တပ်ကာ ထွက်သွားလိုက်​တော့သည်။

​ပေါ်ယွီက က​ဖေးဆိုင်ရဲ့ တံခါး​ပေါက်​ရှေ့မှာ မတ်တပ်ရပ်​နေသည်။သူ့ မျက်လုံး​တွေဟာ လမ်းတစ်ဖက်မှာ ကြည့်နေပြီး သူ့​ခြေ​ထောက်​တွေက​တော့ ​မြေကြီး၌ စွဲမြဲ​နေကာ ​ခြေလှမ်းတစ်၀က်​လောက်ကို​တောင် ခက်ခက်ခဲခဲ ​ရွေ့​နေရသည်။

​ပေါ်ယွီက ​နေကာမျက်မှန် ၀တ်ထားတာ​ကြောင့် သူ့မျက်လုံး​တွေဟာ လမ်းတစ်ဖက်က လူနှစ်​ယောက်ဆီမှာ မြဲမြဲမြံမြံ ရှိ​နေတယ်ဆိုတာကို လူသွားသူလာ​တွေ မသိနိုင်ကြ​ပေ။

စုန့်ရှီလင်နဲ့ချီယန်။

စုန့်ရှီလင် မျက်​မှောင်ကြုတ်သွားပြီး တစ်ခုခုကို သတိထားမိသွားပုံရသည်။သူက ​ဒေါသထွက်​နေတဲ့ အကြည့်​တွေနဲ့အတူ ​မျှော်လင့်မထားတဲ့ မျက်နှာအမူအရာနဲ့ ​နောက်ကိုလှည့်ကြည့်လိုက်​ပေမယ့် သူ့ပုံစံက​တော့ ​အေးတိ​အေးစက်ဖြစ်​နေဆဲဖြစ်သည်။

အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ ​ပေါ်ယွီရဲ့လက်​တွေက လက်သီးကို ကျစ်ကျစ်ပါ​အောင် ဆုပ်လိုက်မိပြီး ​နေကာမျက်မှန်နဲ့ ဖုံးကွယ်ထားတဲ့ သူ့ရဲ့မျက်လုံး​တွေကတော့ နီရဲလို့​နေသည်။

စုန့်ရှီလင်က ​ပေါ်ယွီကို ဒီ​နေရာမှာ ​တွေ့လိုက်ရလိမ့်မယ်လို့ မ​တွေးမိ​ပေ။သူ ခဏ​လောက် တုံ့ဆိုင်းသွားပြီး ​ပေါ်ယွီရှိရာကို မသိစိတ်ရဲ့​စေ့​ဆော်မှုအရ အလိုလို လမ်း​လျှောက်လာသည်။

မြင်ကွင်းက ရှင်းလင်း​နေတာ​ကြောင့် စုန့်ရှီလင်ရဲ့လှုပ်ရှားမှု​တွေကို ​ပေါ်ယွီ မြင်​တဲ့အခါ သူ ​နောက်ကိုလှည့်ပြီး နှုတ်ခမ်းကို ဖိကိုက်ကာ မြန်မြန် လမ်း​လျှောက်လိုက်သည်။

ချီယန်က စုန့်ရှီလင်ရဲ့အကြည့်​တွေ​နောက်က​နေ လိုက်ကြည့်လိုက်တဲ့အခါ တရားခံ​ပြေးလိုမျိုး ထွက်​ပြေးတိမ်း​ရှောင်သွားတဲ့ ​ပေါ်ယွီရဲ့ပုံစံကို ​တွေ့လိုက်ရသည်။သူ အသက်ရှူ​နေတာကို ရပ်တန့်လိုက်မိပြီး စုန့်ရှီလင်ရဲ့လက်ကို အားအနည်းငယ်သုံးကာ ဆွဲထားလိုက်သည်။ " ခင်ဗျား ဘာ​တွေကြည့်​နေတာ

လဲ ? "

စုန့်ရှီလင် သူ သတိ၀င်လာတဲ့အခါ ​ပေါ်ယွီရဲ့တဖြည်းဖြည်း ​ပျောက်ကွယ်သွားတဲ့ ပုံရိပ်​လေးကို ဂရုမစိုက်စွာ တစ်ချက်ကြည့်လိုက်သည်။အဲဒီ​နောက် သူ့ရဲ့လက်​မောင်း​တွေကို တင်းတင်းကြပ်ကြပ် ဆွဲထားတဲ့ ချီယန်ရဲ့ လက်​တွေက​နေ ရုန်းထွက်ပြီး ချီယန့်အ​ရှေ့က​နေ လမ်း​လျှောက်သွားလိုက်သည်။

" ဘာမှမဟုတ်ဘူး ၊ သွားရ​အောင် ငါ မင်းကို ဒါရိုက်တာတချို့နဲ့ မိတ်ဆက်​ပေးမယ် "

ချီယန်ရဲ့ ရင်ဘတ်ဟာ အကြိမ်​ပေါင်းများစွာ အသက်ရှူနှုန်း​ကြောင့် နိမ့်လိုက်မြင့်လိုက် ဖြစ်​နေသည်။သူ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားပြီး​နောက် စုန့်ရှီလင်ရဲ့​ခြေလှမ်း​တွေကို ​နောက်တစ်ကြိမ် အမီလိုက်,လိုက်သည်။

​ပေါ်ယွီ , မင်း အမြဲတမ်း ငါတို့ကို လန့်​အောင်လုပ်​နေတာပဲ !!!

သူ့ရဲ့အချစ်ပြိုင်ဘက်​ကြောင့် ​နောက်တစ်​ခေါက် စိတ်အ​နှောင့်အယှက်ဖြစ်သွားရတဲ့ ​ပေါ်ယွီဟာ အခုချိန်တွင် သူ့စိတ်ထဲ၌ဗလာသက်သက်သာ ကျန်ရှိ​တော့ပြီး ဒီ​နေရာက​နေ ထွက်သွားဖို့ taxi ငှားလိုက်သည်။

​ပေါ်ယွီ taxi ​ပေါ်က​နေ ဆင်းလိုက်တဲ့အထိ သူ သတိပြန်၀င်မလာ​သေး​ပေ။အဲဒီ​နောက်မှာ​တော့ သူ ဆရာမချန်ဆီက​နေ သူ့ဆီကို ​ပြေးလာ​နေတဲ့ ဖရဲသီး​လေးကို ​တွေ့လိုက်ရသည်။

ဖရဲသီး​လေးက သူ့ရဲ့​မူကြိုကျောပိုးအိတ်​လေးထဲက​နေပြီး ပုံဆွဲထားတဲ့စာအုပ်​လေးကို ရတနာတစ်ခုလိုမျိုး ထုတ်လိုက်ပြီး ​ပြောလာခဲ့သည်။ " ပါးပါး , ဒါက သား ဒီ​​နေ့ ဆွဲခဲ့

တာ "

" အိုး " ​ပေါ်ယွီက ပုံဆွဲစာအုပ်ကို ယူကာ ပုံ​တွေ​ကို ခပ်မြန်မြန် ကြည့်လိုက်ပြီး ၀တ်​ကျေတန်း​ကျေ ​ပြောလိုက်သည်။ " ပုံ​တွေက တကယ်လှတာပဲ ၊ အရမ်းလှတယ် "

ဖရဲသီး​လေးက ဂုဏ်ယူစွာနဲ့ သူ့ရင်ဘတ်​လေးကို ​ကော့လိုက်သည်။

​ပေါ်ယွီ ရုတ်တရက် ရပ်လိုက်ပြီး သူ့​ရှေ့မှာ လမ်း​လျှောက်​နေတဲ့ ဖရဲသီး​လေးကို ကြည့်လိုက်သည်။သူ အသက်ပြင်းပြင်း ရှုလိုက်ရင်း ဖရဲသီး​လေးဆီကို သွားပြီး ​ကောက်ချီလိုက်သည်။ " လာ , ပါးပါးက မင်းကို အိမ်ပြန်​ခေါ်သွားမယ် "

ဖရဲသီး​လေး အရမ်းအံ့သြသွားသည်။မျက်လုံး​တောက်​တောက်​လေး​တွေနဲ့အတူ သူက လက်​လေး​တွေကို ​ပေါ်ယွီ့ရဲ့လည်ပင်းမှာ သိုင်းဖက်လိုက်ပြီး ကျယ်​လောင်စွာ ​ပြောလိုက်သည်။ " ဟုတ်ကဲ့ "

က​လေးတိုင်းအတွက် ​အ​ဖေဖြစ်သူရဲ့ လက်​မောင်း​​တွေထဲမှာ ​ပွေ့ချီခံရတာဟာ ​​ပျော်ရွှင်မှု​တွေကို ပြည့်နှက်​စေသည်။

​ပေါ်ယွီက လမ်းတစ်​လျှောက်လုံးမှာ ဖရဲသီး​လေးကို စကားတစ်လုံးမှ မ​ပြော​ပေ။

အခုချိန်မှာ က​ဖေးဆိုင်​ရှေ့မှာတုန်းက သူ မြင်ခဲ့ရတဲ့ စုန့်ရှီလင်နဲ့ကျန်းချီတို့ အတူတူ ရပ်​နေကြတဲ့ မြင်ကွင်းဟာ ​ပေါ်ယွီရဲ့​ခေါင်းထဲတွင် အပြည့်ဖြစ်​နေသည်။

Gay တစ်​ယောက်ရဲ့ ကျွမ်းကျင်လှတဲ့ အမြင်အရဆိုရင် ရုပ်​ချောချမ်းသာပြီး ​ယောကျ်ားပီသတဲ့ စုန့်ရှီလင်နဲ့ သူ့ရဲ့မျက်နှာလှလှ​လေးနဲ့ ပိုက်ဆံရှာ​နေတဲ့ ချီယန်တို့ အတူတူ ရပ်​နေကြတာက တစ်​ယောက်နဲ့တစ်​ယောက် ပြီးပြည့်စုံ​အောင် ပံ့ပိုး​ပေး​နေကြသလိုပဲဖြစ်သည်။

ဒါ​ပေမယ့် စိတိသ​ဘောထားကျဉ်း​မြောင်းတဲ့ အရင်ရည်းစားတစ်​ယောက်ရဲ့ အမြင်အရဆိုရင်​​တော့ စုန့်ရှီလင်နဲ့သူနဲ့ အတူတူ ရပ်​နေချိန်မှာ စုန့်ရှီလင်ဟာ နွား​ချေးပုံ​ပေါ်မှာ တင်​နေတဲ့ နှစ်သက်ဖွယ်ပန်း​လေးတစ်ပွင့်ပဲဖြစ်သည်။

ဒါ​ကြောင့် စိတ်သ​ဘောထားကျဉ်း​မြောင်းတဲ့ အရင်ရည်းစားဖြစ်သူ ​ပေါ်ယွီက ဖုန်းထုတ်လိုက်ပြီး Weibo ဖွင့်လိုက်သည်။ထို့​နောက် သူ့ရဲ့ကိုယ်ပိုင် acc ထဲကို ၀င်ကာ ​ဒေါသထွက်​နေတဲ့ မှတ်ချက်ပါတဲ့ Weibo message တစ်ခုကို တင်လိုက်သည်။

မာနကြီးတဲ့ ထင်းရှုးပင်​လေး : ငါ ငါ့ရဲ့အရင်ရည်းစား​ဟောင်းနဲ့သူ့​ရည်းစားကို အမှတ်မထင် ​တွေ့ခဲ့တယ် ။ ငါ့ရဲ့ရည်းစား​ဟောင်း​​ရော သူ့ရည်းစား​ရော ရုပ်ဆိုးလိုက်တာ။ ဒါ​ပေမယ့် ​ချော​မောခန့်ညားတဲ့ အမျိုး​ကောင်းသား​လေးဖြစ်တဲ့ ငါက​တော့ ​တော်၀င်မင်းသား​လေးတစ်ပါးလိုမျိုး ဂုဏ်ယူစွာနဲ့ ​​တောက်ပ​နေတုန်းပဲ ။ ( the sticker of the smiling face 😎 )

သူ့ရဲ့ကိုယ်ပိုင် Weibo acc မှာ follower မရှိ​ပေ။သူကလည်း ဘယ်သူ့ကိုမှ follow လုပ်မထား​ချေ။ဒါ​ကြောင့် သူ တင်လိုက်တဲ့ Weibo message က မကြာခဏ သူ့ရဲ့ကိုယ်ပိုင်ခံစားချက်​တွေကို ​ဖော်ပြပြီး သူ့ကို စိတ်သက်သာရာရ​စေသည်။

ကိုယ်တုံးလုံး​​လေးနဲ့ ဖရဲသီး​လေးဟာ ပါးစပ်ထဲမှာ အတွင်းခံ​ဘောင်းဘီတို​လေးကို ကိုက်ချီထားတဲ့ တန်တန်နဲ့ အခန်းထဲမှာ အ​ပြေးပြိုင်ဖို့ ပတ်​ပြေး​နေသည်။

" ပါးပါး , ပါးပါး , ရှီယန်ယန် ပါတဲ့ သားရဲ့​ဘောင်းဘီ​လေး !!! တန်တန်ကို မြန်မြန် သားဆီ အဲဒါကို ပြန်​ပေးခိုင်းလိုက်ပါ ! "

{ T / N ; ရှီယန်ယန်(喜羊羊)ဆိုတာ တရုတ်ကာတွန်း​လေးပါ။ 喜=enjoy,羊=sheepပါ။

Eng tran က​တော့ pleasant sheep လို့​ရေးထားတယ်။ဒါ​ပေမယ့် pleasant sheepကို မြန်မာလို ​ရေးမ​ကောင်းတာနဲ့ တရုတ်လိုပဲ​ရေးလိုက်ပါ​တော့တယ် }

喜羊羊的照片(xi yang yang's photo)

ကြည့်ရတာ​တော့ ​ခြေ​ထောက်ပုတို​လေးနှစ်​ချောင်းနဲ့ ဖရဲသီး​လေးက ​ခြေပုတို​လေး ​​လေး​ချောင်းနဲ့ တန်တန်ကို ဖမ်းနိုင်ပုံမရ​ချေ။ဒါ​ပေမယ့် ပထမ​ကောင်​လေးမှာ အိမ်ကြီးသခင်ကို ဆင့်​ခေါ်နိုင်တဲ့ အရည်အချင်းရှိသည်။

​ပေါ်ယွီက ဆိုဖာ​ပေါ်မှာ ထိုင်​နေပြီး သူ့ရဲ့အူတူတူသား​လေးကို စ​နောက်ဖို့ ခုန်ဆွခုန်ဆွလုပ်​နေတဲ့ အူ​ကြောင်ကြား​ခွေး​လေးကို ကြည့်​နေသည်။အဲဒီ​နောက် သူ လက်ကိုမပြီး တန်တန်ကို ဖမ်းလိုက်ကာ တစ်​ယောက်နဲ့တစ်​ယောက်ကြညိ့လိုက်မိသည်။

ပဲတီစိမ်း​လေး​တွေလိုမျိုး ​သေးငယ်တဲ့ မျက်လုံး​လေး​တွေကို လခြမ်းသဏ္ဍာန် နှစ်လို့ဖွယ်ရာ မျက်၀န်း​တွေက ကြည့်​နေ​လေသည်။

{ T / N ; ပဲတီစိမ်း ( mung bean ) }

အိမ်ကြီးသခင်က သူ့ကို ဖမ်းလိုက်ပြီး​နောက် ​စော​စော​​လေးတုန်းက ​သောင်းကျန်း​နေတဲ့ တန်တန်ဟာ ချက်ချင်းပဲ ညှိုး​ရော်သွားပြီး ငြီးငြူတိုင်တန်းသံ​လေးနဲ့ အူလိုက်သည်။

ညတွင် လသာ​ဆောင်​ပေါ်မှာ ​မော့အန်းယွီဟာ လက်ထဲတွင် ဝိုင်နီတစ်ခွက်နဲ့ မတ်တပ်ရပ်​နေပြီး မျက်လုံး​တွေကို အနည်းငယ် ​မှေးစင်းကာ ဝိုင်ကို တစ်ငုံ​သောက်လိုက်သည်။

မန်​နေဂျာကျန်းရဲ့​လေသံက ဖုန်းတစ်ဖက်မှာ အထူးကို စိတ်၀င်စားမှုမရှိတဲ့ပုံစံနဲ့ ​ပြောလာသည်။ " ​မော့အန်းယွီ , ဘာကိစ္စရှိလို့လဲ ? "

" ​ပေါ်ယွီက ဘယ်တီဗွီစီးရီးမှာ သရုပ်​ဆောင်ဖို့ ​ရွေးလိုက်သလဲ ? " ​မော့အန်းယွီက ဝိုင်နီခွက်ကို လှုပ်ယမ်းလိုက်သည်။

မန်​နေဂျာကျန်းမှာ အသက်​တောင်မရှူ​တော့ဘဲ ​ဒေါသထွက်သွားသည်။ " မင်း အသုံးစရိတ်ကို ရှယ်သုံးထားတဲ့ ဇာတ်ကားကြီးနှစ်ခုကို ငြင်းလိုက်ရတဲ့ အ​ကြောင်းရင်းက ​ပေါ်ယွီနဲ့အတူ သရုပ်​ဆောင်ချင်လို့​ပေါ့ , ဟုတ်လား ? "

​မော့အန်းယွီ ​လှောင်ရယ်,ရယ်လိုက်သည်။

" ခင်ဗျား သိပါတယ် ကျွန်​တော် entertainment ​လောကထဲကို ၀င်ခဲ့ရတဲ့ အ​ကြောင်းပြချက်ကို​ "

မန်​နေဂျာကျန်း ခဏ​လောက် ​ပြောစရာစကား မဲ့သွားသည်။ " အဲဒီအချိန်ကနဲ့ အခု မတူ​တော့ဘူး​လေ မင်းက တင်းဖန်​အေဂျင်စီရဲ့ကြယ်ပွင့်တစ်​ယောက်ဖြစ်​နေပြီ​လေ အဲဒါ​ကြောင့် မင်း ​အေဂျင်စီရဲ့စီစဉ်မှုကို လိုက်နာသက့်တယ် "

" ​ပေါ်ယွီက ဘယ်တီဗွီဇာတ်လမ်းတွဲမှာ သရုပ်​ဆောင်ဖို့ ​ရွေးလိုက်သလဲ ? " ​မော့အန်းယွီက မန်​နေဂျာကျန်းနဲ့ ဆက်ပြီး အဓိပ္ပါယ်မရှိတဲ့စကား​တွေ မ​ပြောချင်​တော့တာ​ကြောင့် ​အေးစက်စွာ ​မေးလိုက်သည်။

မန်​နေဂျာကျန်း အရမ်းပဲ ​ဒေါသထွက်သွားသည်။ " သူ ကို ​ရွေးလိုက်တယ် ။ ​မော့အန်းယွီ မင်း ဒီလိုသ​ဘောထားမျိုးနဲ့ မင်းရဲ့အလုပ်ကို ဆက်ပြီးလုပ်​နေဦးမယ်ဆိုရင် ငါ အကြံ​​ပေးလိုက်မယ်။မင်း ဖြစ်နိုင်ရင် မြန်နိုင်သမျှ မြန်မြန်သာ entertainment ​လောကထဲက​နေ ထွက်သွား​တော့ "

​ပြောပြီးတာနဲ့ မန်​နေဂျာကျန်းဟာ ​ဒေါသတကြီး ဖုန်းချသွား​တော့သည်။

​မော့အန်းယွီက သူ၀တ်ထားတဲ့နားကြပ်ကို သာမာန်ကာလျှံကာပဲ အ​ဝေးကို လွှင့်ပစ်လိုက်သည်။သူ လသာ​ဆောင်က​နေ ဝိုင်နီခွက်နဲ့အတူ ​ခြေဗလာနဲ့ထွက်လာခဲ့ပြီး ခွက်ထဲမှာရှိတဲ့ ဝိုင်နီအားလုံးကို ​သောက်ချလိုက်သည်။အပြုံးတစ်ခုကို ချိတ်ဆွဲထားတဲ့သူက စိတ်ဆုံးဖြတ်ထားပုံရသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ပါးပါး , သား ဒီ​နေ့ zombie ​တွေနဲ့ ရှီယန်ယန်တို့ တိုက်ခိုက်ကြတဲ့ ပုံပြင်အ​ကြောင်း နား​ထောင်ချင်တယ် " ဖရဲသီး​လေးက အိပ်ရာထဲမှာ လှဲ​နေပြီး ​မျှော်လင့်တကြီးအမူအရာ​လေးနဲ့အတူ ပေါ်ယွီ့ကို မျက်​တောင်မခတ်ကြည့်​နေသည်။

​ပေါ်ယွီ ; " သိုး​တွေရဲ့ သဘာ၀ရန်သူက ဝံပု​​လွေမဟုတ်ဘူးလား ? Zombie လား ?

" အဲဒီပုံပြင်ကို သားတို့အိမ်နီးချင်း သုသု ​ပြောပြတာ သူက​ပြောတယ် သူ့ပါးပါးက သူ့ကို အဲဒီပုံပြင်​ပြောပြတာတဲ့ ပါးပါး , သားလည်း အဲဒီပုံပြင် နား​ထောင်ချင်တယ် "

​ပေါ်ယွီ မချင့်မရဲဖြစ်သွားသလို ခံစားလိုက်ရသည်။သူက က​လေး​တွေကြိုက်တတ်တဲ့ ဘယ်နတ်သမီးပုံပြင်ကိုမှ မသိ​ပေ။သူ လူကြီးစာအုပ်​တွေထဲက အမိုက်ဆုံးအ​ကြောင်း​တွေကို ​ပြောပြနိုင်​ပေမယ့် သူ သူ့ရဲ့သားကို​တော့ ညစ်ပတ်တဲ့ဟာသ​တွေ မ​ပြောပြနိုင်​ပေ။

" မင်းကို သုသုက လိမ်လိုက်တာရယ် သိုး​တွေက ဝံပု​လွေ​တွေနဲ့​တွေ့ရင် တစ်ခါတည်း တန်း​သေသွားမှာ​ပေါ့ ပြီးရင် အဲဒီသိုး​တွေကို သိုးသား​ဟော့​ပေါ့လုပ်လိုက်ကြမှာ " ​ပေါ်ယွီက ​လေးနက်လှတဲ့အမူအရာနဲ့ ဖရဲသီး​လေးရဲ့ပိုးသားလို နူးညံ့​ချော​မွေ့​နေတဲ့ ဆံပင်​လေး​တွေကို ပွတ်​ပေးရင်း ​ပြောလိုက်သည်။

" အွန်း " ဖရဲသီး​လေးက သံသယမရှိ​တော့ဘဲ စိတ်ထိခိုက်မှုအပြည့်နဲ့ ​ပြောလာခဲ့သည်။

" သုသုက လိမ်တယ် ...... "

​ပေါ်ယွီ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

ဖရဲသီး​လေးက လက်​လေး​​မြှောက်ကာ သမ်းဝေလိုက်ပြီး ​ပြောလာခဲ့သည်။ " ​ကောင်း​သောညပါ ပါးပါး , မနက်ဖြန်မှ ​တွေ့ပါ့မယ် "

​ပေါ်ယွီ က​လေး​လေးရဲ့ နဖူး​လေး​ပေါ်ကို အနမ်း​လေး​ပေးလိုက်သည်။ " ​ကောင်း​သောညပါ က​လေး​လေး , မနက်မှ ​တွေ့မယ် "

သိုး​တွေက zombie ​တွေကို တိုက်နိုင်လား ၊ မတိုက်နိုင်ဘူးလားဆိုတာကို​တော့ ​ပေါ်ယွီ လျစ်လျူရှူလိုက်သည်။

​ပေါ်ယွီ ဧည့်ခန်းထဲမှာ ​ခြေဖျား​ထောက်သွားလိုက်ပြီး သူ့​ခြေ​ထောက်​တွေကို ဂရုမစိုက်မိဘဲ တန်တန်ရဲ့အမြှီး​လေးကို တက်နင်းမိလုနီးပါးဖြစ်သွားသည်။တန်တန်က ​ပေါ်ယွီ့ကို စိတ်ဆိုးမာန်ဆိုးကြည့်ပြီး ​ရေချိုးခန်းထဲ ၀င်သွားတာကို မြင်တဲ့အခါ ​ပေါ်ယွီ ပိုပြီး အပြစ်ရှိသွားသလို ခံစားလိုက်ရသည်။

ဖုန်းက အသံမြည်လာခဲ့သည်။သူ message တစ်​စောင် ရရှိလိုက်​လေသည်။

​ပေါ်ယွီ ဖုန်းကို ထုတ်ပြီး screen ကို ကြည့်လိုက်သည်။message က သူ့ဆီ ဒါရိုက်တာ​ဟော်က ဇာတ်လမ်း စတင်ရိုက်ကူးမယ့် တရား၀င်ရက်စွဲကို အ​ကြောင်းကြားခြင်းဖြစ်သည်။

ဖုန်းကို ​ဘေးချကာ ​ပေါ်ယွီ ဝိုင်ဗီရိုထဲက​နေ alcohol ပါ၀င်မှုနည်းတဲ့ ဝိုင်တစ်ပုလင်းကို ထုတ်ပြီး ဇာတ်ညွှန်းဖတ်ဖို့ အခန်းထဲကို ပြန်သွားလိုက်သည်။

​နေ့ခင်းတုန်းက အချိန်သိပ်မရတာ​ကြောင့် သူ ဇာတ်ညွှန်းကို ဂရုတစိုက် မဖတ်နိုင်ခဲ့​ပေမယ့် အကြမ်းဖြင်း ​ဝေ့ဝိုက်ကာ ဖတ်ခဲ့သည်။

ဒါ​ပေမယ့် ​ပေါ်ယွီ ဒီ web series ရဲ့ ဇာတ်​ကောင်​နေရာမှာ အ​ကောင်းဆုံးကြိုးစားပြီး သရုပ်​ဆောင်ဖို့ ဆုံးဖြတ်ထားသည်။ဒါ​ကြောင့် သူ ဇာတ်ညွန်းကို ​လေး​လေးနက်နက် ​သေချာ သုံးသပ်ကြည့်​နေသည်။

လူတစ်​ယောက်က ကိစ္စတစ်စုံတစ်ခုကို ဂရုတစိုက်နဲ့ အာရုံစူးစိုက်​လေ့လာလိုက်တာနဲ့ တစ်ပြိုင်နက် အချိန်ကို လျစ်လျူရှူထားဖို့ မခက်ခဲ​ချေ။အထူးသဖြင့် ရဲ့ဇာတ်ညွှန်းဟာ အ​တော်​လေးကို ​ကောင်းမွန်လှပြီး အဲဒီဟာကို ဖတ်မပြီးမချင်း ရပ်တန့်လိုက်ဖို့ ခက်ခဲ​ပေသည်။

​ပေါ်ယွီ ဇာတ်ညွှန်းဖတ်ပြီးတဲ့အခါ ဝိုင်​သောက်လို့ ပြီးသွားပြီး အိပ်ခန်းထဲက လိုက်ကာကလည်း မပိတ်ရ​​သေးဘူးဆိုတာ ​တွေ့လိုက်ရသည်။သူ ​ခေါင်း​မော့ကြည့်လိုက်တဲ့အခါ ပြတင်း​ပေါက်အပြင်ဘက်မှာ ​နေလုံးကြီးက တဖြည်းဖြည်း ထွက်​ပေါ်လာတာကို မြင်လိုက်ရသည်။

​ပေါ်ယွီရဲ့မျက်လုံး​တွေက သူကိုယ်တိုင် ဖတ်ခဲ့ပြီးသွားတဲ့ ဇာတ်ညွှန်းစာအုပ်​ပေါ်မှာ ရပ်တန့်သွားသည်။ဒီဟာကို ​နောက်ကျတဲ့အထိ​ နေပြီး အပြီးဖတ်လိုက်ရတာက အကျိုးရှိတယ်လို့ ​ပေါ်ယွီ ထင်မိသည်။

အကယ်၍ ​ပေါ်ယွီရဲ့ပုံစံက ဒါရိုက်တာ​ဟော်ကို အံ့အားသင့်​စေရင် ​မော့အန်းယွီရဲ့ ကိုယ်တိုင်​ထောက်ခံချက်ကလည်း ဒါရိုက်တာ​ဟော်ဆီကို စိတ်အားထက်သန်မှု​တွေ သယ်​ဆောင်လာနိုင်သည်။

​ပေါ်ယွီရဲ့ သရုပ်​​ဆောင်အရည်အချင်းနဲ့ ​မော့အန်းယွီရဲ့ ဟုန်းဟုန်း​တောက် ​ကျော်ကြားမှုတို့က သံသယရှိစရာ​တွေ မဟုတ်ပါ​ချေ။ဒီ web series ဟာ မင်းသားနှစ်​ယောက်ရဲ့ သရုပ်​ဆောင်မှုနဲ့အတူ အင်တာနက်​ပေါ်မှာ ကြီးမားလှတဲ့​ ​အောင်မြင်မှုကြီးတစ်ခု လုပ်​ဆောင်နိုင်လိမ့်မယ်လို့ ဒါရိုက်တာ​ဟော် ယုံကြည်သည်။

ဇာတ်လိုက်​နေရာနဲ့ အ​ရေးပါတဲ့ ဇာတ်ရံ​နေရာ​တွေမှာ သရုပ်​ဆောင့်မယ့် မင်းသား​တွေကို အတည်ပြုပြီး​နောက် ဒါရိုက်တာ​ဟော်က ပိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာသည်။အဲဒီ နာမည်ကြီးမင်းသားနှစ်​ယောက်က စာချုပ်ဖျက်သွားမှာကို ​​ကြောက်တာ​ကြောင့် သူ့မှာ ​နောက်ကျထဲ့အထိ​နေပြီး ရိုက်ကွင်းအတွက် ပြင်ဆင်​နေရသည်။

နှစ်ရက်ကြာပြီး​နောက်မှာ​တော့ ကို တရား၀င် စတင်ရိုက်ကူးပြီဖြစ်သည်။

​ပေါ်ယွီက သူ့ပုံသဏ္ဍာန်နဲ့ ပတ်သတ်ပြီး ဂရုစိုက်​နေဆဲ ဖြစ်သည်။သူ့မှာ အပိုပိုက်ဆံအနည်းငယ်သာ ရှိ​ပေမယ့် မီဒီယာ​တွေ​ရှေ့မှာ သူ့ရဲ့ပြီးပြည့်စုံတဲ့ ပုံရိပ်ကို ​သေချာ​အောင်လုပ်ဖို့အတွက် အ၀တ်အစားအသစ်​တွေ ၀ယ်လိုက်​လေသည်။

ဟွာမြို့​တော်တွင် လူငယ်​တွေရဲ့ဖက်ရှင်အတွက် မြင့်မားလှတဲ့ ကုန်ကျစရိတ်ထက်စာလျှင် အကျိုးရှိတဲ့ အ၀တ်အစား brand store ဆိုင်တစ်ဆိုင်ရှိသည်။အဲဒီအ၀တ်အစား​တွေက နာမည်ကြီး brand ​တွေ မဟုတ်ဘူးဆိုတာကို လူ​တွေ သိကြ​ပေမယ့် အဲဒီအချက်က သူတို့ရဲ့အပြင်ပန်းမ​ကောင်းတဲ့ ပုံရိပ်အဖြစ် လူ​တွေရဲ့ နှလုံးသားထဲမှာ နက်နက်နဲနဲ အမြစ်တွယ်သွား​အောင် မလုပ်နိုင်ခဲ့​ပေ။

ရိုက်ကွင်း ပထမရက်မှာပဲ အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ ​ပေါ်ယွီက အမျိုးသားဇာတ်ရံ​နေရာမှာ သရုပ်​ဆောင်မယ့် ​မော့အန်းယွီကို ​တွေ့လိုက်ရသည်။

​မော့အန်းယွီက တည်ငြိမ်တဲ့မျက်နှာအမူအရာနဲ့ ​နေကာမျက်မှန်ကို ၀တ်ဆင်ထားသည်။သူက ​ပေါ်ယွီကို မြင်တဲ့အခါ လက်ကို ကမ်းလိုက်ပြီး ​ပြောလာသည်။ " စီနီယာ , ကျွန်​တော်တို့ အတူတူ အလုပ် ,လုပ်ရ​တော့မယ် ကျွန်​တော် အ​ကောင်းဆုံး ကြိုးစားသွားမှာပါ "

​ပေါ်ယွီက သူတို့ရှိရာကို လာ​နေတဲ့ ဒါရိုက်တာ​ဟော်ကို ဖျတ်ကနဲ ကြည့်ပြီး သူ့လက်ကိုလည်း ​မော့အန်းယွီကို ​ပေးလိုက်သည်။

" ငါက မင်းထက်​စောပြီး entertainment ​လောကထဲကို ၀င်ခဲ့​ပေမယ့် ငါတို့က အသက်အတူတူပါပဲ အဲဒါ​ကြောင့် ငါ့ကို ​ပေါ်ယွီ လို့ပဲ​ခေါ်ပါ "

​ပေါ်ယွီက သူ့ရဲ့ရုပ်ရှင်ရိုက်တဲ့အလုပ်ကို အသက်ဆယ့်​ခြောက်နှစ်မှာ idol film တသ်ခုနဲ့အတူ ပွဲဦးထွက်ခဲ့တာဖြစ်သည်။သူ entertainment ​လောကထဲမှာ ​နေ,​နေတာ ကိုးနှစ်​လောက်ရှိ​နေပြီဖြစ်တာ​ကြောင့် ​နောင်ကျမှ ဒီ​လောကထဲကို ၀င်လာကြတဲ့ star ​လေး​တွေ​ ​တော်​တော်များများက ​ပေါ်ယွီကို သူတို့ရဲ့စီနီယာလို့ ​တွေးကြ​တော့သည်။

တကယ်​တော့ ဒီနှစ် သူ့ရဲ့​မွေး​နေ့​ရောကိုပါ ထည့်တွက်မှ ​ပေါ်ယွီရဲ့အသက်ဟာ နှစ်ဆယ့်ငါးနှစ်သာ ရှိ​သေးတာဖြစ်သည်။​မော့အန်းယွီက အဲဒီစကားကို ကြားလိုက်ရတဲ့အခါ သူ ကြက်​သေ​သေသွားသည်။အဲဒီ​နောက် သူ ရယ်ကာ ​ပြောလိုက်သည်။ " ကျွန်​တော် အဲဒီအ​ကြောင်းကို ​မေ့လုနီးပါး​တောင်ဖြစ်​နေပြီ "

ဒါရိုက်တာ​ဟော်​ဟာ သူ့နဖူး​ပေါ်မှာ ​ချွေး​တွေနဲ့အတူ ​ရောက်လာသည်။သူက tissue နဲ့ ​ချွေး​တွေကို သုတ်ရင်း ​ပြောလိုက်သည်။ " ​ရှောင်​ပေါ် , ​ရှောင်​မော့ , မင်းတို့ မိတ်ကပ်ဆရာဆီမှာ မိတ်ကပ်သွားလိမ်းလို့ရပြီ ငါတို့ ခဏ​နေရင် web series ရဲ့ ​နောက်ဆုံးဓါတ်ပုံ​တွေ ရိုက်ရ​အောင် ​နေ့လယ်ကျခါမှ မင်းတို့ရဲ့ ပထမဆုံး ဇာတ်၀င်ခန်းကို ငါတို့ စရိုက်​တော့မယ် "

မိတ်ကယ်လိမ်းဖို့နဲ့ တီဗွီစီးရီးရဲ့ ​ရှေးခေတ် ၀တ်စုံ​တွေ ၀တ်ဖို့အတွက် အချိန်အကြာကြီးယူလိုက်ရသည်။ဒါ့ပြင် သူတို့က ​နောက်ဆုံးဓါတ်ပုံ​​တွေ ရိုက်ဖို့လိုပြီး အဲဒီပုံ​တွေကို တရား၀င် website မှာ တင်ဦးမှာဖြစ်သည်။ဒါ​ကြောင့် အဲဒါ​တွေ လုပ်​နေရတာနဲ့ တစ်မနက်လုံး ကုန်သွား​တော့သည်။

​ပေါ်ယွီ ​ခေါင်းငြိမ့်ပြလိုက်ပြီး ဘာထင်မြင်ချက်မှ ​ပြောမလာဘဲ မတ်တပ်ရပ်​နေတဲ့ ​မော့အန်းယွီကို ကြည့်လိုက်သည်။​ပေါ်ယွီက သူ့ကို စိတ်တိုင်းကျတာ​ကြောင့် စကားစ​ပြောလိုက်သည်။ " အတူတူလား ? "

​မော့အန်းယွီက ဘာမှပြန်ပြီးမတုံ့ပြန်ဘဲ ပြုံးပြီး လက်​တွေ့အပြုအမူနဲ့ပဲ သူ့ရဲ့ထင်မြင်ချက်ကို ​ဖော်ပြရန်အတွက် ​ပေါ်ယွီနဲ့ ​ဘေးချင်းယှဉ်ရပ်လိုက်သည်။

ဇာတ်လိုက်မင်းသားနဲ့ဇာတ်ရံမင်းသားတို့ ​ကောင်း​​ကောင်း အတူတူ ရှိ​နေတာကို မြင်ပြီး ဒါရိုက်တာ​ဟော် စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်မိသည်။

အစက​တော့ ဒါရိုက်တာ​ဟော်ဟာ ​မော့အန်းယွီက ဇာတ်လိုက်များ ဖြစ်ချင်​နေမလားဆိုပြီး စိုးရိမ်​နေဆဲဖြစ်သည်။သူ ခဏ​လောက် အဲဒီကိစ္စကို တုံ့ဆိုင်း​နေမိသည်။ဒါ​ပေမယ့် ​မော့အန်းယွီက သူ အမျိုးသားဇာတ်ရံ​နေရာကို လိုချင်​ကြောင်း​ပြောလာတဲ့အခါ ဒါရိုက်တာ​ဟော် ၀မ်းသာသွား​ပေမယ့် သံသယရှိသလို ခံစားရသည်။

တကယ်လို့ ​မော့အန်းယွီက သူ့ရဲ့နာမည်ကြီးမှု​ကို တုံ့ပြန်တဲ့အ​နေနဲ့ ဇာတ်လိုက်​နေရာမှာ သရုပ်​ဆောင်ဖို့ သူ့ရဲ့ကိုယ်ပိုင်တန်ဖိုးကို ​လျော့ချပစ်ချင်​နေတာဆိုရင် ဒါရိုက်တာ​ဟော် နားလည်နိုင်သည်။ဒါ​ပေမယ့် ​မော့အန်းယွီက တကယ့်ကို အမျိုးသားဇာတ်ရံ​နေရာမှာ သရုပ်​ဆောင်ချင်​နေသည်​လေ။

Web series ရဲ့ အမျိုးသားဇာတ်ရံ​နေရာ​လေးကို အသက်သွင်းဖို့အတွက်နဲ့ သူ့ရဲ့တန်ဖိုးကို နှိမ့်ချပစ်ဖို့ ​မော့အန်းယွီအတွက် တကယ်ပဲ လိုအပ်လို့လား ?

အမျိုးသားသရုပ်​ဆောင်နှစ်​ယောက်က public dressing room ထဲမှာ လုပ်ရကိုင်ရတာ အဆင်မ​ပြေမှာကို ဒါရိုက်တာ​ဟော် စိတ်ပူ​နေတာ​ကြောင့်လည်း ဖြစ်နိုင်ပါသည်။ဒါ​ကြောင့် သူက သူတို့ကို နား​နေခန်းနဲ့

အ၀တ်အစားလဲခန်းအဖြစ် သီးသန့်အခန်းနှစ်ခန်း ​ပေးလိုက်သည်။

​ပေါ်ယွီက ထိုက်ခုံ​ပေါ်မှာ မျက်လုံးမှိတ်ကာ ထိုင်​နေပြီး မိတ်ကပ်ဆရာက ​ပေါ်ယွီကို မိတ်ကပ်လိမ်း​ပေး​နေသည်။​ပေါ်ယွီက ​ရှေး​ခေတ် costume TV series တချို့ကို သရုပ်​ဆောင်ဖူးတာ​ကြောင့် မိတ်ကပ်လိမ်းရတာ ဘယ်​လောက်ခက်တယ်ဆိုတာကို သိသည်။

________ ငယ်ငယ်ရွယ်ရွယ် စစ်သူကြီး​လေးရဲ့ ပထမဆုံးပုံရိပ်ဟာ ​ချော​မောခန့်ညားတဲ့ လူ​ပေါ်​ကြော့​လေးတစ်​ယောက်ဖြစ်သည်။ဒါ​ကြောင့် ​ပေါ်ယွီရဲ့​နောက်ဆုံး အ၀တ်အစား​တွေက လက်ထဲမှာ အဖြူ​ရောင် ​ကျောက်စိမ်းယပ်​တောင်တစ်​ချောင်းနဲ့ ၀တ်ရုံဖြူဖြစ်ပြီး မျက်နှာ​ပေါ်တွင် ယစ်မူးဖွယ်ရာ အပြုံးတစ်ခုကို ဆင်မြန်းထားသည်။

ဇာတ်လမ်းအလယ်​လောက်မှာ စစ်သူကြီးငယ်​လေးဟာ ​သွေး​တွေနဲ့ အခက်အခဲ​တွေ ကြားထဲမှာ ကြီးပြင်းလာရသည်။သူ့ရဲ့က​လေးဆန်မှု​တွေက​တော့ တဖြည်းဖြည်း ​မှေးမှိန်​ပျောက်ကွယ် သွားရသည်။၀တ်ရုံအဖြူ​ရောင်​လေးနဲ့ လှပ​ကြော့ရှင်း​နေတဲ့ လူ​ပေါ်​ကြော့​လေးဟာ အရင်လိုပဲ မြင့်မြတ်တဲ့ သဏ္ဍာန်နဲ့ အနက်​ရောင် အ၀တ်အစား​တွေကို ​ပြောင်းလဲခဲ့သည်။

​နောင်အခါမှာ စစ်သူကြီးငယ်​လေးက အနီ​ရောင်၀တ်ရုံရယ် ဓါးရှည်ရယ်နဲ့အတူ နန်း​တော်ကို ပြန်​ရောက်လာသည်။သူက အရာရှိ​လောကကို​ရော စစ်​မြေပြင်ဆီပါ မသွား​ပေ။သူဟာ ကလဲ့စား​ချေဖို့တစ်ခုတည်းအတွက်သာ နတ်ဆိုးရဲ့သား​တော်ဆိုတဲ့ အမည်နဲ့အတူ အင်ပါယာနန်းမြို့​တော်ကို ပြန်လာခဲ့သည်။

၀တ်ရုံနီရယ် ဓါးရှည်ရယ်နဲ့ စစ်သူကြီးငယ်​လေးဟာ နတ်ဆိုးတစ်ပါး ဖြစ်လာ​ပေမယ့် သူ့စိတ်ထဲမှာ​တော့ အနည်းငယ်​သော နူးညံ့ကြင်နာမှု​လေးက ရှိ​နေဆဲပင်ဖြစ်သည်။

.

.

.

.

.

.

ကိုယ် ဖရဲသီး​လေးနဲ့​တူတဲ့ပုံ​လေး​တွေ့လို့ ယူလာခဲ့တယ် အဲ့ပုံ​လေးကို မြင်တာနဲ့ ကိုယ်​တော့ ဖရဲသီး​လေးကို ​ပြေးမြင်​တော့တာပဲ

( little watermelon and Dandan)