အခု မြို့ပြတီဗွီဇာတ်လမ်းတွဲက အမျိုးသားတွေကို ဗဟိုပြု ရိုက်ကူးထားခြင်းဖြစ်သည်။ဒါပေမယ့် ဇာတ်လိုက်အမျိုးသားနဲ့ဇာတ်လိုက်အမျိုးသမီးတို့ရဲ့ romanceအခန်းတွေကလည်း အရမ်းအရေးပါသည်။အကယ်၍ မဟုတ်လျှင် ဒီဇာတ်လမ်းတွဲတစ်ခုလုံးမှာ ပရိသတ်တွေကို ဆွဲဆောင်ဖို့အတွက်ဆိုပြီး အမျိုးသားတွေရဲ့ လိင်တူဇာတ်၀င်ခန်းတွေချည်းဖြစ်နေလျှင် ratingကျသွားလိမ့်မည်။
တတိယမြောက်အမျိုးသားဇာတ်ရံနေရာကဖြစ်တာကြောင့် ပေါ်ယွီ သရုပ်ဆောင်စရာ အပိုင်းတွေက အရမ်းမများချေ။ပြီးတော့ ဒီတီဗွီဇာတ်လမ်းတွဲမှာ အပိုင်းသုံးဆယ်သာ ပါ၀င်သည်။ဒါကြောင့် သူ ရိုက်ရမယ့်အခန်းအားလုံးကို လတစ်၀က်ကျော်ကျော်လောက်နဲ့ ရိုက်ကူးပြီးသွားပြီဖြစ်သည်။
ပေါ်ယွီက အခု ပြန်ရောက်လာတာ အရမ်းမကြာသေးတာကြောင့် သူ ရရှိတဲ့၀င်ငွေက သိပ်မများပေ။သူ့ရဲ့အေဂျင်စီကို ခွဲပေးလိုက်ရတဲ့ပိုက်ဆံ နှုတ်ပြီးတဲ့အခါ သူမှာ ယွမ်တစ်သိန်းခွဲသာရတော့သည်။
ဒါပေမယ့် သာမာန်လူတစ်ယောက်အတွက်ကတော့ လ၀က်လောက်အတွင်းမှာ ယွမ်တစ်သိန်းခွဲရတယ်ဆိုတာ တော်တော်များနေပြီဖြစ်သည်။
ပေါ်ယွီက အဲဒါတွေကို ဂရုမစိုက်ပေ။သူ့ acc ထဲကို ပိုက်ဆံရောက်မလာခင်မှာပဲ သူက ပျော်ရွှင်စွာနဲ့ အတူတူ hotpot စားဖို့ ဖရဲသီးလေးကို ခေါ်သွားလိုက်သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အစည်းအဝေးပြီးလို့ ရုံးခန်းပြန်ရောက်တဲ့အခါ စုန့်ရှီလင်က သူ အတည်ပြုပေးဖို့လို့တဲ့အရေးကြီး စာရွက်စာတန်းတွေကို လင်မှတ်ထိုးပေးပြီးနောက် ဘေးမှာရှိနေတဲ့ ဖိုင်တွဲကို တစ်ချက်ကြည့်လိုက်သည်။
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် စုန့်ရှီလင်ဟာ အဲဒီဖိုင်တွဲကို သူ စောစောလေးတုန်းက ကြည့်ပြီးပြီဖြစ်တာကြောင့် ဖိုင်ကို ကောက်ကိုင်လိုက်ကာ အထဲက စာရွက်တွေကို ဖျက်ကနဲ ကြည့်လိုက်သည်။
___ ___ ___ လွန်ခဲ့တဲ့နှစ်နှစ်က ပေါ်ယွီဟာ ဝေးလံခေါင်ဖျားတဲ့ မြို့တစ်မြို့ကို ပြောင်းရွှေ့သွားပြီး သီးသန့်နေထိုင်ခဲ့သည်။သူ နောက်တစ်ကြိမ် လူထုရှေ့ကို ပြန်ပေါ်လာတဲ့အချိန်တွင် သူ့မှာ ဉာဏ်ကောင်းတဲ့ ငယ်ငယ်ရွယ်ရွယ် ကလေးလေးတစ်ယောက် ရှိနေသည်။
ဘယ်သူကမှ အဲဒီကလေးလေးရဲ့ အမေဖြစ်သူကို မမြင်ဘူးကြပေ။
ဒါပေမယ့် အဲဒီကလေးလေးက ဘယ်ကနေ ရောက်လာတာလဲ ?
စုန့်ရှီလင်က တိမ်မည်းတွေ ဖုံးလွှမ်းနေတဲ့ မျက်နှာကြီးနဲ့ သူ့ရှေ့မှာ စုပုံထားတဲ့ စာရွက်စာတန်းအထပ်လိုက်ကြီးကို အမှိုက်စုတ်တွေလိုမျိုး ကြည့်လိုက်သည်။
( T / N ; ကလေးအမေကို မသိရလို့ Bossစုန့်ကြီး စိတ်ဆိုး😂 )
စာရွက်စာတန်းတွေကို အံဆွဲထဲထည့် သော့ခတ်လိုက်ပြီး စုန့်ရှီလင်က မျဉ်းဖြောင့်တစ်ကြောင်းလိုမျိုး နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။
အဲဒီအချိန်အတွင်းမှာ ရိုက်ကွင်းထဲမှာတော့ သူ့ရဲ့နှလုံးသားကို တစ်ယောက်ယောက်က ခြစ်ထုတ်နေသလိုမျိုး ဖိစီးစွာ ခံစားနေရတဲ့ ချီယန်က သူ့ဖုန်းကို ကြည့်နေသည်။သူ စုန့်ရှီလင်ကို ဖုန်းခေါ်လိုက်ချင်ပေမယ့် စုန့်ရှီလင်က သူ့ကို ငြိုငြင်သွားမှာ ကြောက်နေမိသည်။
လီလီက ချီယန့်ဘေးနားမှာ တုန်တုန်ရီရီနဲ့ မတ်တပ်ရပ်နေပြီး စကားမပြောရဲချေ။သူမ ချီယန်ရဲ့ဒေါသတွေကို တွေ့ကြုံဖူးပြီးသွားပြီဖြစ်သည်။ဒါကြောင့် သူမ မိုက်မဲစွာနဲ့ သူ့နားကို သိပ်မကပ်ရဲဘဲ အခက်အခဲတွေကို ကြံကြံခံပြီး သည်းခံနေရသည်။
တတိယမြောက်အမျိုးသားဇာတ်ရံနေရာက အလုပ်ကို လက်စသတ်ပြီးနောက်မှာ ပေါ်ယွီ နောက်တစ်ကြိမ် အလုပ်ရှာဖို့ အခက်အခဲကို တွေ့ကြုံရတော့သည်။အိမ်မှာ ရက်အနည်းငယ်လောက် နေပြီးသွားချိန်တွင် မန်နေဂျာကျန်းဆီကနေ ပေါ်ယွီ ဖုန်းတစ်ကောလက်ခံရရှိခဲ့သည်။
မန်နေဂျာကျန်းရဲ့ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့အခါ ပေါ်ယွီ မမျှော်လင့်ဘဲ ဒီနေရာမှာ ရှိမနေသင့်တဲ့ နာမည်ကြီး အမျိုးသားကြယ်ပွင့်နှစ်ယောက်ကို တွေ့လိုက်ရသည်။
တစ်ယောက်က ရယ်ဟွမ် အမည်ရပြီးကြော့ရှင်းကာ ချောမောခန့်ညားတဲ့ အမျိုးသားတစ်ယောက်ဖြစ်သည်။နောက်တစ်ယောက်ကတော့ တီဗွီတွေထဲမှာ အရမ်းဆွဲဆောင်မှုရှိပြီး ခန့်ညားတဲ့မျက်နှာနဲ့ မော့အန်းယွီပဲဖြစ်သည်။
တံခါးဖွင့်သံကြားလိုက်တဲ့အခါ သူတို့တွေက မရည်ရွယ်ဘဲ တံခါးဘက်ကို လှည့်ကြည့်လိုက်ကြသည်။အဲဒီနောက် သူတို့ ပေါ်ယွီကို မြင်သွားတော့သည်။
ရယ်ဟွမ်က အထက်စီးဆန်တဲ့ ပုံစံနဲ့ မျက်လုံးလှန်ကြည့်ပြီး ပေါ်ယွီကို မသိချင်ယောင်လိုက်သည်။ " စီနီယာ , ဒါက ကျန်းကောရဲ့ရုံးခန်းနော် စီနီယာ့ရဲ့အိမ်မဟုတ်ဘူး အထဲ၀င်မလာခင် စီနီယာ တံခါးခေါက်မပေးနိုင်ဘူးလား ? "
{ T / N ; ge(哥) = အစ်ကို }
မန်နေဂျာကျန်း မျက်မှောင်ကြုတ်လိုက်သည်။ " ပေါ်ယွီ , ငါတို့ စကားပြောနေကြတုန်းလေ မင်း ဒီလိုမျိုး ၀င်တဲ့အခါ စည်းကမ်းကို နားမလည်ဘူးပဲ "
မော့အန်းယွီကတော့ ဓါးတစ်ချောင်းနဲ့ ဆော့နေပြီး သူတို့ကို လျစ်လျူရှူထားလေသည်။
သူတို့တွေရဲ့ တိကျပြတ်သားလှတဲ့ စွပ်စွဲအပြစ်တင်သံတွေကို ကြားလိုက်ရဖို့ ပေါ်ယွီ မျှောင်လင့်မထားပေ။သူ ခဏလောက် နားမလည်နိုင်ဖြစ်သွားသည်။
လွန်ခဲ့တဲ့နှစ်တွေကတည်းက သူ တံခါးမခေါက်ဘဲ မန်နေဂျာကျန်းရဲ့ရုံးခန်းထဲကို ၀င်ခဲ့တာဖြစ်သည်။ဒါပေမယ့် အဲဒီအချိန်တွေတုန်းကတော့ မန်နေဂျာကျန်းက သူ မကျေနပ်ကြောင်း မဖော်ပြခဲ့ချေ။
ပေါ်ယွီက နာမည်ကြီး trainee နှစ်ယောက်ကို ကြည့်လိုက်တဲ့အခါ သူ အကြောင်းအရင်းကို ချက်ချင်းပဲ သဘောပေါက်သွားတော့သည်။သူ နှုတ်ခမ်းကို ကသိကအောက်ဖြစ်နေတဲ့ ခံစားချက်နဲ့အတူ ဖိကိုက်လိုက်သည်။
" ခင်ဗျားမှာ အရင်တုန်းကတော့ အဲဒီစည်းကမ်းမရှိခဲ့ပါဘူး " ပေါ်ယွီ တည်ငြိမ်စွာနဲ့ အထဲကို လျှောက်လာပြီး ၀ယ်ယူသူအလိုကျ အထူးပြုလုပ်ထားတဲ့ အဆင့်မြင့်သားရေဆိုဖာပေါ်မှာ ထိုင်လိုက်သည်။ " ဒါပေမယ့် အရင်က ကျွန်တော် အဲဒီစည်းကမ်းကို မသိခဲ့တာများ ဖြစ်နိုင်လား "
မန်နေဂျားကျန်းမှာ သူ့ရဲ့ဒေါသတွေကို ချုပ်တည်းနေရသည်။ သူ့နေရာက အရင်တုန်းကနဲ့ မတူတော့ဘူးဆိုတာ ပေါ်ယွီ မသိဘူးလား ? ပြီးတော့ သူက ဒီလိုလာပြီး superstar တစ်ယောက်လိုမျိုး အာဏာပြပွဲတောင် လုပ်လိုက်သေးတယ် ။ တစ်ဖက်လူရဲ့ အရိပ်အခြည်ကို မသိရင် သူ အရူးတစ်ယောက်လိုမျိုး ပျက်စီးကိန်းဆိုက်သွားနိုင်တယ်ဆိုတာ နားမလည်ဘူးလား !
" စီနီယာ , မိဘတွေရဲ့ သွန်သင်ဆုံးမမှုက ဘာလဲဆိုတာ မသိဘူးလား ? " ရယ်ဟွမ်က ပေါ်ယွီ့ကို အရေးမပါတဲ့ အမှုန်အမွှားလေးကို ကြည့်သလိုမျိုး အေးစက်စွာ ကြည့်လိုက်သည်။
ပေါ်ယွီ : မျက်လုံးထဲမှာ သဲမှုန်တစ်မှုန် ရှိနေရင် အဲဒီလူက မျက်လုံးဖွင့်နိုင်မှာ မဟုတ်ဘူး။သဲမှုန့်ဖုန်မှုန့်တွေ ထောင်သောင်းများစွာ အတူတူ စုပေါင်းလာရင် အင်ပါယာမြို့တော်ကြီးတစ်ခုလုံးက မျက်လုံးကို အ၀တ်နဲ့ ပိတ်စည်းခံထားရလိမ့်မယ် ။
ဒီ trainee လေးက အရမ်းကို ရိုးအလွန်းသည်။အခု ပေါ်ယွီက နာမည်မကြီးတော့တာကြောင့် သူက သူ့ရဲ့ကျော်ကြားမှုနဲ့ ပေါ်ယွီကို ဒုက္ခပေးလို့ရမယ်လို့ ထင်နေလေသည်။ဒါကြောင့် သူ့ရဲ့လေသံက ပိုပိုပြီး အမျက်ချောင်းချောင်းထွက်ကာ ပြင်းထန်လာသည်။
" ဘာလဲ ? စီနီယာက စကားပြောဖို့ကို အရမ်းလိပ်ပြာမသန့်ဖြစ်နေတာလား ? " ရယ်ဟွမ်က သူ့ကို မရပ်မနား အနှောင့်အယှက်ပေးနေသည်။
ပေါ်ယွီ မျက်လုံးကို မှေးစင်းကာ ကြည့်လိုက်သည်။
" မင်းရဲ့ ကိုးနှစ်တာ မဖြစ်မနေ သင်ကြားရမယ့် ပညာရေးက ပြီးပြီလား မပြီးသေးဘူးလားဆိုတာ ငါ သိချင်မိတယ် " ပေါ်ယွီ ဖြည်းညင်းစွာ ပြောလိုက်သည်။
ရယ်ဟွမ် မေးလာသည်။ " ခင်ဗျား ဘာကိုဆိုလိုတာလဲ ? "
အစကနေအဆုံးထိ ဘာစကားမှမဆိုဘဲ ဘေးမှာထိုင်နေတဲ့ မော့အန်းယွီက ရုတ်တရက် ရယ်လိုက်သည်။ " ငတုံး "
ရယ်ဟွမ်ရဲ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။သူ ဗြုန်းခနဲ မတ်တပ်ရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ပေါ်ယွီကို စိုက်ကြည့်နေသည်။
မန်နေဂျာကျန်းက ပေါ်ယွီကို အပြစ်တင်တဲ့ပုံစံနဲ့ ကြည့်လိုက်ပြီး သဘောထားကွဲလွဲငြင်းခုံနေကြတာကို ဖျန်ဖြေပေးဖို့ လုပ်လိုက်ချိန်မှာ သူ ကြားဖြတ်အပြောခံလိုက်ရသည်။
" ဘာကိစ္စရှိလို့လဲ ? လာပါ ငါ့ကို ပြောပြကြည့်လေ ငါ ထွက်သွားတော့မှာပဲဟာ " ပေါ်ယွီ ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သည်။အခုချိန်မှာ ရယ်ဟွမ်ရဲ့ အနုပညာလမ်းကြောင်းပေါ်က အခွင့်အလမ်းတွေဟာ တကယ့်ကို ကောင်းမွန်နေပြီဖြစ်သည်။ဒါပေမယ့် ပေါ်ယွီကတော့ traineeတစ်ယောက်ကို မျက်နှာချိုသွေးဖို့ဆိုတာ မဖြစ်နိုင်ပေ။
မန်နေဂျာကျန်းက ပေါ်ယွီကို ကြမ်းကြမ်းတမ်းတမ်း တစ်ချက်စိုက်ကြည့်လိုက်ပြီး ဘယ်လို ပြန်ပြောရမလဲဆိုတာကို သူ မသိတော့ချေ။သူ အံဆွဲထဲကနေ တီဗွီဇာတ်လမ်းတွဲတွေရဲ့ ဇာတ်ညွှန်းသုံးအုပ်ကို ထုတ်လိုက်သည်။ " ဇာတ်ညွှန်းစာအုပ်တွေပေါ်မှာ ငါ audition ဖြေရမယ့်အချိန်ကို ရေးပေးထားတယ် မင်း အိမ်ပြန်ရောက်တဲ့အခါ အဲဒါတွေကို သေချာဂရုတစိုက် ဖတ်ကြည့်လိုက် "
အဲဒါပြီးတဲ့နောက် သူ ပေါ်ယွီကို ဆက်ပြီး အာရုံမစိုက်တော့ပေ။
ပေါ်ယွီ ဇာတ်ညွှန်းတွေကို ယူပြီး ထွက်သွားလိုက်သည်။
မော့အန်းယွီက မတ်တပ်ထရပ်လိုက်ပြီး လက်ခုပ်တီးကာ ရယ်လိုက်သည်။ " ကျန်းကော , ဘာကိစ္စရှိသေးလဲ ? ကျွန်တော် အခု သွားရတော့မယ် "
ပြောပြီးတာနဲ့ သူ ပေါ်ယွီ့နောက်ကနေ မြန်မြန်လိုက်ထွက်သွားတော့သည်။
ပေါ်ယွီ ဓါတ်လှေကားထဲမှာ အထပ်နံပါတ်တချို့နှိပ်လိုက်ပြီး မော့အန်းယွီ ပြေး၀င်လာတာကို မြင်တဲ့အခါ သူ စကားမပြောချင်တာကြောင့် ယဉ်ယဉ်ကျေးကျေးလေးပဲ ပြုံးပြလိုက်သည်။
အခုချိန်မှာ မော့အန်းယွီက ပေါ်ယွီကို သူ့အတွက် ကောင်းမွန်တဲ့ ထင်မြင်ချက်တစ်ခုပေးချင်လို့ တမင်တကာ ဟန်ဆောင်နေတာမဟုတ်ပေ။
မော့အန်းယွီက သူတို့ရဲ့ ကသိကအောက်နဲ့ နေရခက်နေတဲ့ အခြေအနေကြီးကို ဖြိုခွဲဖို့အတွက် လက်သီးဆုပ်ကာ နှုတ်ခမ်းနားမှာကပ်ပြီး ညင်ညင်သာသာလေး ချောင်းဆိုးလိုက်သည်။ " စီနီယာပေါ် , နောက်ကျရင် ကျွန်တော် ခင်ဗျားရဲ့လက်မှတ်လေးကိုများ ရနိုင်မလား ? ကျွန်တော့်ရဲ့၀မ်းကွဲက ဟိုးအရင်ကတည်းက ခင်ဗျားကို အသည်းစွဲကြိုက်နေတာလေ အဲဒါကြောင့် ...... "
ပေါ်ယွီ လှည့်ကြည့်လိုက်ပြီး အံသြသွားကာ နူးညံ့စွာ ပြန်ပြောလိုက်သည်။ " ရတာပေါ့ , မင်းရဲ့၀မ်းကွဲက ကျွန်တော့ကို သဘောကျတယ်ဆိုတာ ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါ "
" တင် ___ တင် ___ " ဓါတ်လှေကားတံခါးက ပွင့်သွားသည်။ပေါ်ယွီ သူ့ရဲ့ခြေထောက်ကို မပြီး ထွက်သွားလိုက်တဲ့အခါ မော့အန်းယွီကပါ သူ့အနောက်ကနေ နီးနီးကပ်ကပ် လိုက်လာခဲ့သည်။
ပေါ်ယွီ ကားဆီသွားပြီး notebook ကိုထုတ်ကာ စာလုံးတချို့ရေးလိုက်သည်။နောက်ဆုံးမှာ သူ့နာမည်ကို လက်မှတ်ထိုးလိုက်ပြီး မော့အန်းယွီကို အဲဒီစာရွက် ပေးလိုက်သည်။
မော့အန်းယွီ ပြုံးလိုက်မိသည်။ " စီနီယာ , ကျေးဇူးတင်ပါတယ် "
ပေါ်ယွီ လက်ကို ဝှေ့ယမ်းလိုက်ပြီး ကားသော့ကို လှုပ်ကာ ပြောလိုက်သည်။ " မင်းမှာ ကားပါလား ? ငါ မင်းကို လမ်းကြုံခေါ်သွားပေးရမလား ? "
မော့အန်းယွီက ပေါ်ယွီရဲ့ ဖိတ်ခေါ်မှုကို ငြင်းဆိုလိုက်ကာ အဲဒီနေရာမှာပဲ ရပ်နေပြီး မြေအောက်ကားပါကင်ကနေ ပေါ်ယွီရဲ့ကား ထွက်သွားတဲ့အထိ ကြည့်နေလေသည်။အဲဒီနောက်မှာ သူ အင်တင်တင်နဲ့ပဲ သူ့အကြည့်တွေကို ရုတ်သိမ်းလိုက်သည်။
ပေါ်ယွီရဲ့ ဆုတောင်းပေးစာနဲ့ လက်မှတ်ပါတဲ့ စာရွက်လေးကို ဂရုတစိုက်နဲ့ ကိုင်လိုက်ရင်း မော့အန်းယွီ ကားဆီ ပြန်လာခဲ့သည်။အဲဒီနောက် သူ tissue ကိုထုတ်ပြီး ချွေးစို့နေတဲ့ လက်ဖဝါးကို သုတ်လိုက်သည်။
မော့အန်းယွီ ဘေးဘီကို ကြည့်ပြီး သူ့မျက်လုံးတွေကို မှိတ်ချလိုက်သည်။သူ စာရွက်လေးကို ယူကာ ပေါ်ယွီ့ရဲ့လက်မှတ်ပေါ်ကို လေးနက်တဲ့ အနမ်းလေးတစ်ပွင့် ပေးလိုက်သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အဲဒီအချိန်တွင် ကဖေးဆိုင်တစ်ဆိုင်ထဲမှာ ပေါ်ယွီက ဇာတ်ညွှန်းတွေကို ယူပြီး စာဖတ်ရင်း ကော်ဖီသောက်နေသည်။
မန်နေဂျာကျန်းရဲ့ နဂိုစိတ်ရင်းက စိတ်ပျက်စရာကောင်းပင်မယ့်လည်း သူက ဉာဏ်အမျှော်အမြင်ရှိသည်။မန်နေဂျာကျန်း ရွေးချယ်ထားတဲ့ တီဗွီစီးရီးသုံးခုလုံးရဲ့ ဇာတ်ညွှန်းတွေက ပေါ်ယွီ့အတွက် အလွန်အကျိုးရှိသည်။
Idol တီဗွီဇာတ်လမ်းတွဲတွေထဲက ပထမတစ်ခုဟာ ဆရာကြီးလုပ်တတ်တဲ့ ဥက္ကဋ္ဌ အမျိုးသားဇာတ်လိုက်အကြောင်းဖြစ်သည်။အဲဒီဇာတ်လမ်းတွဲရဲ့ အသုံးစရိတ်က နည်းပေမယ့်လည်း မြန်မြန် နာမည်ကြီးနိုင်သည်။
ဒုတိယတစ်ခုကတော့ ဂျပန်ကို ဆန့်ကျင်တဲ့ စစ်ပွဲအကြောင်းကို ရိုက်ကူးမယ့် တီဗွီဇာတ်လမ်းတွဲဖြစ်သည်။ဒုတိယအမျိုးသားဇာတ်ဆောင်က နောက်ဆုံးရာစုနှစ်ရဲ့ အငယ်တန်းစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး လိမ္မာပါးနပ်ကာ ပရိယာယ်ကြွယ်၀တဲ့ ဇာတ်ကောင်ဖြစ်သည်။
နောက်ဆုံးတစ်ခုက ရှေးခေတ် costume TV series ဖြစ်သည်။ဇာတ်လိုက်အမျိုးသားက အပျော်အပါးလိုက်စားတတ်တဲ့ လူပေါ်ကြော့ စစ်သူကြီးတစ်ယောက်ပဲဖြစ်သည်။
တီဗွီဇာတ်လမ်းတွဲ သုံးခုလုံးရဲ့ ဇာတ်ညွှန်းတွေကို ဖတ်ပြီးတဲ့နောက် ပေါ်ယွီ ကော်ဖီတစ်ငုံလောက်သောက်ကာ စဉ်းစားကြည့်လိုက်သည်။အခုခေတ်ဇာတ်လမ်းတွေမှာ သရုပ်ဆောင်တာဟာ သရုပ်ဆောင်အရည်အချင်းကို မီးမောင်းထိုးမပြနိုင်ပေ။သူက နာမည်ကျော်ကြားမှုကို လျင်လျင်မြန်မြန် ရလာလိမ့်မယ်ဆိုပေမယ့် အဲဒါက သူ့ကို ပုံသေသမားရိုးကျပုံစံကြီးဖြစ်စေဖို့ လွယ်ကူသွားမှာဖြစ်သည်။ဂျပန်ကို ဆန့်ကျင်တဲ့ စစ်ပွဲအကြောင်း အမျိုးအစားကတော့ ပြစ်တင်ဝေဖန်ခံရဖို့ မခက်ခဲချေ။ပြီးတော့ လူငယ်ပရိသတ်တွေကလည်း အဲဒီဇာတ်လမ်းကို သိပ်ပြီး စိတ်၀င်စားကြမှာ မဟုတ်ပေ။
ပေါ်ယွီကတော့ အမျိုးသားဇာတ်လိုက်လည်းဖြစ်ပြီး သရုပ်ဆောင်ရမယ့် အပိုင်းပေါင်းများစွာရှိတဲ့ စစ်သူကြီးဇာတ်ကောင်နေရာကို သဘောကျသည်။အဲဒီနေရာက အခုချိန်မှာ အောင်မြင်မှုကို အရေးတကြီး တကယ်လိုအပ်နေတဲ့ ပေါ်ယွီအတွက် အတိအကျကို အကောင်းဆုံးဖြစ်သည်။
အရေးအကြီးဆုံးကတော့ ဒီရှေးခေတ် costume TV seriesဟာ အင်တာနက်ပေါ်မှာပါ ထုတ်လွှင့်မှာဖြစ်သည်။ရိုက်ကူးရေးအဖွဲ့က အရင်ဦးဆုံး အပိုင်းတချို့ကို ရိုက်ကူးပြီး online ပေါ်မှာ တင်ကြည့်လိုက်မှာဖြစ်သည်။အကယ်၍ တုန့်ပြန်မှု ကောင်းကောင်းရရင် သူတို့တွေက အဲဒီဇာတ်လမ်းကို ဆက်ပြီး ရိုက်ကူးမှာဖြစ်သည်။
ဒါပေမယ့် ပေါ်ယွီက ဂျန်ပန်ကို ဆန့်ကျင်တဲ့ စစ်ပွဲအကြောင်း တီဗွီဇာတ်လမ်းတွဲ အတွက်ကိုလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည်။သူ မသိတာက ဘယ်တစ်ခုကို ရွေးရမလဲဆိုတာပင်ဖြစ်သည်။
ပေါ်ယွီရဲ့ နဖူးမှာ ချွေးတွေထွက်လာပြီး သူ သတိတောင်မထားလိုက်မိဘဲ ခွက်ထဲက ကော်ဖီတွေအားလုံးကို သောက်မိသွားလေသည်။
ပေါ်ယွီ စဉ်းစားနေစဉ်မှာ သူ့ရဲ့ဖုန်းက အသံမြည်လာခဲ့သည်။ခေါ်ဆိုသူကတော့ မန်နေဂျာကျန်း ပင်ဖြစ်သည်။
မန်နေဂျာကျန်းရဲ့လေသံက မအီမသာ ဖြစ်နေသည်။ " ပေါ်ယွီ , ဂျပန်ကို ဆန့်ကျင်တဲ့ စစ်ပွဲအကြောင်း တီဗွီဇာတ်လမ်းတွဲရဲ့ ဒုတိယအမျိုးသားဇာတ်ကောင်နေရာကို လူ ဆုံးဖြတ်ပြီးသွားပြီ "
ကော်ဖီခွက်ကို ဆုပ်ကိုင်ထားတဲ့ ပေါ်ယွီရဲ့လက်တွေ ပြေလျော့သွားသည်။ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူ ပြောလိုက်သည်။ " ဟုတ်လား အင်း , ကျွန်တော် web series ကိုပဲ ရွေးလိုက်တော့တယ်လို ခင်ဗျားကို ပြောတော့လို့ "
" အင်း , ငါ သိပြီ " မန်နေဂျာကျန်းရဲ့ လေသံက အေးစက်နေသည်။သူက ပေါ်ယွီရဲ့ရွေးချယ်မှုကို ကြိုပဲသိနေတာလား ဒါမှမဟုတ် စိတ်ပဲမ၀င်စားတာလားတော့ သေချာ မပြောတတ်ပေ။
Web series ရဲ့ ရိုက်ကူးရေးအဖွဲ့က လျင်မြန်စွာပဲ ပြန်ပြီး အကြောင်းကြားလာသည်။အဲဒါကတော့ ပူးပေါင်းမှုရဲ့အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးဖို့အတွက် ဒါရိုက်တာက ပေါ်ယွီကို ခေါ်တာပဲဖြစ်သည်။
အဲဒီ web series တွေက ဒေသတွင်း တီဗွီတွေမှာ ထုတ်လွှင့်နေကျ တီဗွီဇာတ်လမ်းတွဲတွေနဲ့ မယှဉ်နိုင်ပေ။ပရိတ်သတ်တွေရဲ့ video click နှိပ်တဲ့ အရေအတွက်နဲ့ နာမည်ကြီးမှု မမြင့်မားရင် ထုတ်လွှင့်ပေးတဲ့နေရာက ချက်ချင်းပဲ web series တွေကို ပယ်ချပစ်လိုက်နိုင်သည်။
ရိုးရိုးသားသား ပြောရရင် ဒါရိုက်တာက ဒီ web series ကို ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်တဲ့အထိ တစ်စုံတစ်ခုကို စိတ်ပူနေရသည်။ဒါပေမယ့် ပေါ်ယွီက ဒီ series ကို သရုပ်ဆောင်ဖို့ ရွေးချယ်လိုက်တာကို သိသွားပြီးနောက် အဲဒီစိုးရိမ်ပူပန်မှုတွေဟာ ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားတော့သည်။
ပေါ်ယွီက ဖန်သားပြင်ပေါ်မှာ အရင်ကတည်းက နေထိုင်လာတာဖြစ်သည်။နှစ်နှစ်လောက် ရုပ်ရှင်မရိုက်ခဲ့တာကြောင့် ပေါ်ယွီရဲ့ ကျော်ကြားမှု နာမည်ကြီးလူငယ်ကြယ်ပွင့်တွေနဲ့ ယှဉ်မရဘူးဆိုပေမယ့် ပေါ်ယွီရဲ့သရုပ်ဆောင်စွမ်းရည်ကတော့ တကယ့်ကို ကောင်းမွန်လေသည်။
အဆုံးမှာတော့ ဖန်သားပြင်ပေါ်မှာ နှစ်တွေအကြာကြီး နေထိုင်နိုင်ခဲ့တဲ့ လူတစ်ယောက်ဟာ ငတုံးတစ်ယောက်တော့ မဟုတ်ပါချေ။
ပြီးတော့ ပေါ်ယွီကလည်း အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုနဲ့ အကောင်းဆုံးလူသစ်အနုပညာရှင်ဆုကို ရရှိဖူးတဲ့ သရုပ်ဆောင်ကြယ်ပွင့်တစ်ယောက်ဖြစ်သည်။
ဒါကြောင့် ပေါ်ယွီက ဒီ web series ရဲ့ ဇာတ်ကောင်နေရာကို သရုပ်ဆောင်ဖို့ ရွေးလိုက်တဲ့အခါ ဒါရိုက်တာက အချိန်မဆွဲရဲပေ။မန်နေဂျာကျန်းကနေတစ်ဆင့် ပေါ်ယွီကို ဆက်သွယ်ပြီး ပေါ်ယွီနဲ့ အသေးစိတ် ဆွေးနွေးဖို့အတွက် ကဖေးဆိုင်ကို အပြေးအလွှားရောက်လာလေသည်။
အသက်လေးဆယ်လောက်ရှိပြီဖြစ်တဲ့ ဒါရိုက်တာက ခန့်ညားပြီး စိတ်လှုပ်ရှားလွယ်တဲ့ အမျိုးသားတစ်ယောက်ဖြစ်သည်။
" မင်္ဂလာပါ ပေါ်ယွီ , ငါက ဟော်ရှီလိ ပါ "
" မင်္ဂလာပါ ဒါရိုက်တာဟော် " ပေါ်ယွီက သူနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပြီး ထိုင်လိုက်သည်။ဒါရိုက်တာဟော်က latte တစ်ခွက်မှာပြီးနောက် ပေါ်ယွီ စကားဆက်ပြောလိုက်သည်။ " ဒါရိုက်တာဟော် , ခင်ဗျားက ကျွန်တော်နဲ့တွေ့ဖို့ အရမ်းဆန္ဒစောနေတယ်ဆိုတော့ ခင်ဗျားမှာ ကျွန်တော်ကို ပြောချင်တဲ့ အကြောင်းများရှိလို့လား ? "
ဒါရိုက်တာဟော်က အနည်းငယ် စိတ်လှုပ်ရှားပြီး ခဏလောက် ချီတုံချတုံဖြစ်သွားသည်။
" ပေါ်ယွီ , မင်း တကယ်ပဲ ဒီ web series ရဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ ရည်ရွယ်ထားတာလား ? "
ဒီလိုမျိုး ပွင့်လင်းပြီး ရိုးသားဖြောင့်မတ်တဲ့ ဒါရိုက်တာမျိုးနဲ့ တွေ့လိုက်ရတာကြောင့် ပေါ်ယွီရဲ့ အပြုံးက နက်ရှိုင်းသွားသည်။ " ကျွန်တော် ဒီဇာတ်ကောင်နေရာကို အရမ်းစိတ်၀င်စားပါတယ် "
ဒါရိုက်တာ၀မ်က စိတ်သက်သာရာရသွားသလို သက်ပြင်းချကာ ဆက်ပြောလာသည်။ " ငါ ဘာမှ ထိမ်ချန်မထားချင်ဘူး ။ web series ရဲ့ အလားအလာ တိုးတက်မှုအကြောင်းကို မင်း နည်းနည်းလောက်တော့ သိထားသင့်တယ် ထင်တယ် ။ ငါတို့ရဲ့ web series က တကယ်လို့ ပရိသတ်တွေရဲ့ တုံ့ပြန်မှုနဲ့ video click နှိပ်တဲ့ အကြိမ်အရေအတွက် မကောင်းရင် ချက်ချင်း website ကနေ ချောင်ထိုးထားခံလိုက်ရမှာ "
" အဲဒါကြောင့် မင်း ၀င်ပါလာရင်တောင် ဒီ web series က အရှက်ရစရာ အခြေအနေထဲမှာ နစ်မြုပ်သွားမှာ မဟုတ်ပါဘူးလို့ ငါ အာမမခံနိုင်ဘူး " ဒါရိုက်တာဟော်က ဖိအားတွေနဲ့အတူ ပေါ်ယွီကို ကြည့်လိုက်သည်။
ပေါ်ယွီ ရယ်လိုက်သည်။ " ကျွန်တော် ဒီ series ကိုလည်း ယုံကြည်ပြီး ကိုယ့်ကိုယ်ကိုနဲ့ ဒါရိုက်တာဟော်ကိုလည်း ယုံကြည်လို့ ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ဖို့ ရွေးလိုက်တာပါ အဲဒါကြောင့် အဲဒီအခြေအနေကြီးက ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ကျွန်တော် ယုံတယ် "
ဒါရိုက်တာဟော်က ခေါင်းငြိမ့်လိုက်ပြီး ပေါ်ယွီ ဒီကိစ္စကို နောင်တမရသ၍ တခြားအရာတွေကို နောက်မှပြောလည်း ရတယ်လို့ တွေးမိသည်။
" အခု အစောကြီးရှိသေးတယ် web series နဲ့ ပတ်သတ်ပြီး အရင်ပြောကြရအောင်ပါ "
ပေါ်ယွီ အကြောင်းအရာ ပြောင်းလိုက်ပြီး စားပွဲပေါ်က ရှေးခေတ် costume TV series ရဲ့ ဇာတ်ညွှန်းစာအုပ်ကို ယူလိုက်သည်။
ဒီရှေးခေတ် costume TV series ရဲ့ အမည်ကို < The Young General > လို့ခေါ်သည်။ဇာတ်လိုက်အမျိုးသားဟာ အင်ပါယာနန်းမြို့တော်ရဲ့ မိသားစုမျိုးရိုးနာမည်နဲ့ လားလားမှ မသက်ဆိုင်တဲ့ တကယ့် လူပေါ်ကြော့စစ်စစ် အသက်ငယ်ငယ် စစ်သူကြီးတစ်ယောက်ဖြစ်သည်။
စစ်သူကြီးငယ်လေးမှာ အစ်ကိုနှစ်ယောက်ရှိသည်။တစ်ယောက်က အရာရှိအမှုထမ်း ဖြစ်ဖို့အတွက် စာပေလေ့လာသင်ယူနေပြီး နောက်တစ်ယောက်ကတော့ စစ်တိုက်ဖို့အတွက် ကွန်ဖူးလေ့ကျင့်နေကြသည်။မျိုးရိုးနာမည်နဲ့ မဆိုင်ဘဲ အဲဒီသခင်လေးနှစ်ယောက်ရဲ့ ချီးမြှောက်လောက်တဲ့ လုပ်ဆောင်မှုတွေက ရာဇနန်းပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရင်ဖြစ်သူကို နေ့ရောညပါ အနားယူမရအောင် လုပ်မိနေသည်။
ဒါကြောင့် မိသားစုရဲ့ ကံကြမ္မာကောင်းဟာ အဆုံးသတ်ကို ရောက်ရှိလာခဲ့တော့သည်။အစ်ကိုကြီးဖြစ်သူက စစ်မြေပြင်မှာ အသတ်ခံလိုက်ရပြီး ဒုတိယအစ်ကိုကတော့ အကျင့်ပျက်ခြစားမှုကြောင့် ခေါင်းဖြတ်ကွပ်မျက်ခံလိုက်ရသည်။
စစ်သူကြီးငယ်လေးကတော့ နေ့ချင်းညချင်း ရင့်ကျက်လာဖို့ ဖိအားပေးခံခဲ့ရသည်။အရင်ဘ၀တုန်းက သူ တစ်ခါမှမတွေးခဲ့ဘူးတဲ့ ပုံစံနဲ့ လောကကြီးထဲကို ခြေလှမ်း၀င်ခဲ့ရတော့သည်။
ဇာတ်လမ်းက အဲဒီမှာစတာဖြစ်သည်။
ဒါရိုက်တာဟော်က အကူညီမဲ့စွာနဲ့ မေးကြည့်လာသည်။ " ဒီဇာတ်လမ်းမှာ အမျိုးသားတွေကြားက မရှင်းမရှင်းဖြစ်စရာ ဇာတ်၀င်ခန်းတချို့ပါတယ် အဲဒီအခန်းတွေကို ဖြတ်ထုတ်ပစ်လိုက်လို့မရဘူး ပြီးတော့ လူစားထိုးသုံးလိုက်လို့လည်း မဖြစ်ဘူးနော် မင်း , အဲဒါကို လက်ခံနိုင်လား ? "
ဟုတ်တာပေါ့။< The Young General > ဆိုတဲ့ web series ရဲ့ ဇာတ်၀င်ခန်းတော်တော်များများဟာ ဇာတ်လိုက်အမျိုးသားနဲ့ အမျိုးသားဇာတ်ရံကြားက ^ ရင်းနှီးကျွမ်း၀င်မှု ^ ကို ရိုက်ကူးထားသည်။ဇာတ်ကြောင်းလိုအပ်ချက်နဲ့ အမျိုးသားဇာတ်ကောင်တွေ အားလုံးတို့ကြောင့် တကယ်လို့ လူစားထိုးသုံးရိုက်လိုက်ရင် အဲဒါကြီးကို ဖုံးကွယ်ထားရမှာဖြစ်သည်။
ပေါ်ယွီ ပဟေဠိဖြစ်စွာနဲ့ ခေါင်းငြိမ့်ပြလိုက်သည်။
တကယ်တော့ သူ ဇာတ်ညွှန်းကို ဖတ်တဲ့အချိန်ကတည်းက အဲဒီဇာတ်၀င်ခန်းတွေကို သတိပြုမိသည်။ယနေ့ခေတ် web series တွေထဲမှာ လိင်တူဇာတ်၀င်ခန်းတွေပါတဲ့ series က ပိုပြီး ပရိသတ်များသည်။
ဒါရိုက်တာဟော်က ခေါင်းကို ကိုင်လိုက်ပြီး ပေါ်ယွီက အရမ်းပွင့်လင်းတာပဲလို့ စဉ်းစားမိသည်။သူကိုယ်တိုင်ဆိုရင်တောင် အဲ့လောက်သဘောထားကြီးမှာ မဟုတ်ပေ။ဒါကြောင့် သူ ဆက်ပြီး ဒီလိုအကြောင်းအရာမျိုးနဲ့ ခေါင်းရှုပ်မခံတော့ချေ။
.
.
.
.
.
.
Vote and comment , please !