ရိုက်ကွင်းကနေ ထွက်လာပြီးတဲ့နောက်မှာ ပေါ်ယွီက ဖရဲသီးလေးကို မူကြိုကျောင်းကနေ သွားကြိုလိုက်ပြီး သူတို့ Supermarket ထဲမှာ အတူတူ ပျော်ပျော်ရွှင်ရွှင် စျေး၀ယ်ထွက်ကြသည်။
ညနေ ငါးနာရီ ၀န်းကျင်လောက် ရောက်တဲ့အခါ Supermarketရဲ့ အသားရောင်းတဲ့နေရာဟာ စျေး၀ယ်ဖို့ အပြေးအလွှားရောက်လာကြတဲ့ လူတွေနဲ့ အပြည့်ဖြစ်သွားသည်။စင်္ကြန်လမ်းကျဉ်းတွေထဲမှာ လူတွေအများကြီး ဖြစ်နေသည်။ဒါကြောင့် ပေါ်ယွီက တစ်ချိန်တည်းမှာ အလုပ်တွေ အများကြီးပြီးသွားအောင် အကောင်းဆုံး ကြိုးစားပေမယ့်လည်း သူ ပစ္စည်းတွေ ရွေးထည့်နေချိန်မှာ ဖရဲသီးလေးကို ရှာမတွေ့တော့ချေ။
ဖရဲသီးလေးဟာ အပြုံးလေးတစ်ခုတောင် မရှိတော့ဘဲ သူ့ရဲ့နှုတ်ခမ်းလေးကို ဖိကိုက်ထားသည်။ပြီးတော့ အရင်တုန်းက ပေါ်ယွီ သူ့ကို သင်ပေးခဲ့ဖူးတာလေးကို မှတ်မိသွားပြီး သူ့ရဲ့ခြေထောက်လေးတွေကို မကာ Supermarketက ၀န်ထမ်းတစ်ယောက်ဆီသွားဖို့လုပ်လိုက်သည်။
လူအုပ်ထဲမှာ ဘယ်သူကမှ Supermarketထဲမှာ လမ်းပျောက်နေတဲ့ ကလေးလေးကို သတိမထားမိကြပေ။လူတိုင်း တွန်းထိုးကာတိုးဝှေ့နေကြသည်။ဖရဲသီးလေးကို သူ့ရဲ့အနောက်က လူတွေက ပြင်းပြင်းထန်ထန် တွန်းမိသွားတာကြောင့် ဖရဲသီးလေး ဟန်ချက်ပျက်ပြီး ချက်ချင်းပဲ ကြမ်းပြင်ပေါ်ကို လဲကျသွားတော့သည်။
သန်မာတဲ့ လက်မောင်းတွေနဲ့ ယောကျ်ားတစ်ယောက်က ဖရဲသီးလေးကို ကောက်ပွေ့လိုက်ပြီး လူအုပ်ကြီး တွန်းထိုးတာကို ခံရမှာကနေ ကာကွယ်ပေးလိုက်သည်။
အဲဒီအမျိုးသားက လေးထောင့်သဏ္ဍာန် မေးရိုးတွေနဲ့ အရမ်းကို သူရဲကောင်းဆန်နေပြီး သူ့ရဲ့နှုတ်ခမ်းပါးကို ဖိကိုက်ထားကာ လူတွေကို ချဉ်းကပ်ဖို့ ကြောက်ရွံ့အောင် ပြုလုပ်နေသည်။
သူက အနက်ရောင် အနောက်တိုင်း၀တ်စုံနဲ့ leather shoeကို ၀တ်ဆင်ထားပြီး Supermarketကို စျေးလာ၀ယ်တဲ့ လူတစ်ယောက်နဲ့ လုံး၀ မတူဘဲ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ တူနေသည်။
အဲဒီအမျိုးသားကို မြင်တဲ့အခါ ဖရဲသီးလေးရဲ့ ကြောက်လန့်နေတဲ့ နှလုံးသားလေးဟာ တဖြည်းဖြည်း သက်သာသွားသည်။
သူက ဒီဦးလေးကြီးဟာ စာကြည့်စားပွဲအံဆွဲထဲမှာ ပါးပါး ဖွက်ထားတဲ့ albumထဲက ဓါတ်ပုံတွေထဲမှာ ပါတဲ့ ဦးလေးကြီးဆိုတာကို မှတ်မိသည်။
အဲဒီအမျိုးသားက ဖရဲသီးလေးကို ကြည့်ကာ ကြမ်းပြင်ပေါ် ပြန်ချပေးပြီး ပြောလိုက်သည်။ " မင်းရဲ့ မိဘတွေက ဘယ်မှာလဲ ? "
" ပါးပါးက ဟိုးနားလေးမှာ ကျောက်ပုစွန်ထုပ်တွေ ၀ယ်နေတယ် ဦးဦး , သားပါးပါးကို ရှာဖို့ သားကို လိုက်ပို့လို့ရမလား ? "
ဖရဲသီးလေးက အဲဒီအမျိုးသားရဲ့ ဘောင်းဘီစကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားပြီး နောက်လက်တစ်ဖက်က စိတ်လှုပ်ရှားစွာနဲ့ လက်သီးဆုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။
အမျိုးသားက ဖရဲသီးလေး သူ့ကို မျှော်လင့်တကြီး ကြည့်နေတာကို မြင်တဲ့အခါ သူ့ရဲ့မျက်နှာဟာ ပိုပြီး ဖိစီးသွားသည်။
ဒီကလေးလေးက ပေါ်ယွီနဲ့ တစ်ထေရာတည်း ချွတ်စွပ်ကို တူနေသည်။အဲဒါကပဲ တစ်ချက်ကြည့်လိုက်တာနဲ့ သူဟာ ပေါ်ယွီရဲ့ကလေး ဖြစ်ရမယ်ဆိုတာကို ပြောနိုင်သည်။
အဲဒီအချက်က အမျိုးသားကို စိတ်မကောင်းဖြစ်အောင် လုပ်လို့နေသည်။
ဖရဲသီးလေးက သူ့ကို ကြောက်ပြီး နောက်ကို ခြေလှမ်းဆုတ်သွားလေသည်။ဒါပေမယ့် ဖရဲသီးလေးဟာ လက်တစ်ဖက်နဲ့ သူ့ရဲ့ဘောင်းဘီစကို ဆက်ပြီး ဆုပ်ကိုင်ထားဆဲဖြစ်ကာ လေးလေးနက်နက် ပြောလိုက်သည်။
" ဦးဦး , သား ပါးပါးကို လိုချင်တယ် "
အမျိုးသားရဲ့ နှလုံးသားဟာ နူးညံ့သွားတော့သည်။ကြည့်ရတာ သူ ဒီကလေးလေးကို ခေါ်ပြီး ပေါ်ယွီ ဒါမှမဟုတ် တခြားလူတစ်ယောက်ယောက်ကို ရှာပေးလိုက်ဖို့ စဉ်းစားနေမိတာပဲ ဖြစ်သည်။
" စုန့်ရှီလင် , မင်း ငါ့သားကို ဘာလုပ်ချင်နေတာလဲ ? "
ပေါ်ယွီ စိုးရိမ်တကြီးနဲ့ cartကို တွန်းလိုက်သည်။စုန်ရှီလင်နဲ့ ဖရဲသီးလေးက အတူတူ ရှိနေတာကို မြင်လိုက်ရတာကြောင့် ပေါ်ယွီ့ရဲ့မျက်လုံးတွေဟာ ရုတ်တရက် မှောင်မည်းသွားသည်။
ဖရဲသီးလေးက စုန့်ရှီလင်ရဲ့ ဘောင်းဘီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ သူ့ရဲ့လက်ကို လွှတ်ချလိုက်ပြီး ပေါ်ယွီရဲ့ဘေးနားကို ပြေးသွားကာ ပေါ်ယွီရဲ့ပေါင်တံတွေထဲမှာ သူ့ခေါင်းလေးကို တိုးဝှေ့လိုက်သည်။ဒါပေမယ့် သူ စကားတစ်လုံးမှ မပြောရဲချေ။
ဖရဲသီးလေးက သူတို့နှစ်ယောက်ရဲ့ ကလေးဖြစ်တယ်ဆိုတာ ဒီအမျိုးသား သိသွားမှာကို ပေါ်ယွီ ကြောက်လန့်နေတာကြောင့် ဖြစ်နိုင်ပေသည်။ပေါ်ယွီရဲ့ လေသံက သိသိသာသာ ဒေါသတွေနဲ့ ပြည့်နေသည်။ " စုန့်ရှီလင် , မင်း ငါ့ရဲ့သားကို ဘာလုပ်နေတာလဲ ? "
သူ့အမြင်မှာ စုန့်ရှီလင်က ဖရဲသီးလေးကို အနိုင်ကျင့်နေတယ်ဆိုပြီး အထင်မှားနေတာကြောင့် ပေါ်ယွီ အရမ်းကို ဒေါသထွက်နေလေသည်။
စုန့်ရှီလင်ကို မျက်နှာချင်းဆိုင်နေတဲ့ အချိန်တုန်းက ဖရဲသီးလေးရဲ့ ထိတ်လန့်ကြောက်ရွံ့နေတဲ့ မျက်နှာအမူအရာကို ပေါ်ယွီရဲ့ စိတ်ထဲမှာ မမေ့ပျောက်နိုင်သေးပေ။
စုန့်ရှီလင်က စကားပြောကောင်းတဲ့ ယောကျာ်းတစ်ယောက် မဟုတ်ချေ။ပြီးတော့ ပေါ်ယွီရဲ့ ရန်လိုနေတဲ့ သဘောထားက သူ့ကို ရှင်းပြပြီး သူ့စကားတွေ ဖြုန်းတီးပစ်ဖို့ ပိုပြီး စိတ်မပါအောင် လုပ်နေသည်။သူ ပေါ်ယွီကို တစ်ချက် စိုက်ကြည့်လိုက်ပြီး လှည့်ထွက်သွားတော့သည်။
အဲဒီအခါကျမှ ပေါ်ယွီ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်မိသည်။
စုန့်ရှီလင်က သူ့အတွက်တော့ ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ ဖြစ်သည်။သူ သူ့ဆန္ဒအလျောက် လိုလိုလားလား ထွက်သွားတာက ကောင်းတဲ့ကိစ္စမဟုတ်နိုင်ချေ။
သိပ်မဝေးတဲ့နေရာအရောက်တွင် လူအုပ်ထဲမှာ ပုန်းကွယ်နေတဲ့ သက်တော်စောင့်က စုန့်ရှီလင်နောက်ကနေ အမှီလိုက်သွားသည်။
ပေါ်ယွီ သူ့မျက်လုံးတွေကို အောက်ချကြည့်လိုက်ပြီး လက်တစ်ဖက်မှာ ဖရဲသီးလေးကို ဆွဲကာ ထွက်ပေါက်ဆီကို မြန်မြန်သွားလိုက်သည်။
အချိန်နှစ်နှစ် ကုန်ဆုံးခဲ့ပြီးနောက်မှာ သူ သူ့ရဲ့အရင်ရည်းစားကို နောက်တစ်ကြိမ် ပြန်တွေ့ခဲ့သည်။သူ့ရဲ့အချစ်ကို ထွက်သွားခွင့်ပေးလိုက်ပြီလို့ ထင်ခဲ့တဲ့ ပေါ်ယွီဟာ ချက်ချင်းပဲ သူ့နှလုံးသားထဲမှာ မသက်မသာဖြစ်မှုတွေကို ခံစားလိုက်ရသည်။
စုန့်အုပ်စုရဲ့ ဥက္ကဋ္ဌ စုန့်ရှီလင်က တစ်ချိန်တည်းမှာ Supermarketကို ဘာကြောင့် ရောက်လာရသလဲဆိုတာ ပေါ်ယွီ မသိပေ။
ဒါက မတော်တဆဖြစ်တာ မဟုတ်ပင်မယ့် ရှောင်လွဲလို့ မရတော့ချေ။
အိမ်ကို ပြန်ရောက်ပြီးနောက်မှာ ပေါ်ယွီ မကြာခဏ သူ့ဦးနှောင်ထဲမှာ တ၀ဲလည်လည် စွဲကျန်နေတတ်တဲ့ တဝီဝီမြည်သံကြီးကို ကြားနေရပြီး စိုးရိမ်ထိတ်လန့်နေဆဲဖြစ်သည်။တစ်ခါတစ်ရံ စုန့်ရှီလင်က ဖရဲသီးလေးကို စိတ်၀င်စားနေမှာ သူ စိုးရိမ်မိသည်။တစ်ခါတစ်လေကျတော့ စုန့်ရှီလင်က သူ့အိမ်ကို ရောက်လာမှာ ပူပင်နေရသည်။တစ်ခွန်းတည်းပြောရရင် သူ့စိတ်ထဲမှာ အေးချမ်းငြိမ်သက်တယ်ဆိုတာ မရှိတော့ပေ။
အိမ်ပြန်ရောက်တဲ့အခါ ဖရဲသီးလေးက ပိုအဆင်ပြေလာပြီး ပေါ်ယွီရဲ့လက်ကို ကိုင်ကာ စိုးရိမ်စွာ ပြောလိုက်သည်။ " တောင်းပန်ပါတယ် ပါးပါး စိတ်မဆိုးပါနဲ့ "
ပေါ်ယွီရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။သူ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဖရဲသီးလေးကို သူ့လက်မောင်းတွေထဲ ထည့်ကာ နူးနူးညံ့ညံ့အသံလေးနဲ့ ပြောဖို့ ကြိုးစားလိုက်သည်။ " ဖရဲသီးလေး အဲဒီဦးလေးကြီးက ဖရဲသီးလေးကို အဲဒီတုန်းက ဘာပြောခဲ့သေးလဲ ? "
ဖရဲသီးလေးက ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်ပြီး အမောတကော ရှင်းပြတော့သည်။
" အဲဒီဦးဦးက ဘာမှ မပြောခဲ့ပါဘူး "
" ဦးဦးကို သားက ပါးပါးကို ကူရှာပေးဖို့ မေးလိုက်တာ " ဖရဲသီးလေးက သူ့ခေါင်းလေးကို ငုံ့လိုက်ပြီး သူ့ရဲ့မျက်ရည်တွေဟာ ပဲစေ့လုံးကြီးတွေလိုမျိုး သူ့ရဲ့မျက်နှာလေးပေါ်ကနေ ကြမ်းပြင်ပေါ်ကို ကျနေကာ စကားကို ရှိုက်ပြောနေရရှာလေသည်။
" သူက ဘာမှ မပြောခဲ့ဘူးပေါ့ ? " ပေါ်ယွီ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး စုန့်ရှီလင် ဘာကြောင့် Supermarketထဲမှာ ပေါ်လာရသလဲဆိုတာကို စူးစမ်းလိုက်သည်။
ပေါ်ယွီက သူ့ကို နောက်တစ်ကြိမ် မေးလာတဲ့အခါ ဖရဲသီးလေးက စိတ်ထိခိုက်နေဟန်လေးနဲ့ ခေါင်းငြိမ့်ပြပြီး စကားပြောဖို့ကို ငြင်းပယ်လိုက်သည်။
ကလေးက စိတ်ထိခိုက်နေတယ်ဆိုတာကို သိတာကြောင့် လူတွေအများကြီးရှိနေရဲ့သားနဲ့ဖရဲသီးလေးကို cartထဲ ထည့်ခေါ်မသွားဘဲ သူ့နောက်ကနေ လိုက်လာဖို့ ခွင့်ပြုလိုက်မိတာကို ပေါ်ယွီ နက်နက်နဲနဲ နောင်တရနေမိသည်။
သူ အဲဒါကို မေ့လျော့နေခဲ့မိတာဖြစ်သည်။
ဖရဲသီးလေးက ကြောက်လန့်မှုကြောင့် ပေါ်ယွီရဲ့လည်ပင်းကို သူ့လက်လေးတွေနဲ့ ဆွဲဖက်လိုက်ပြီး ပေါ်ယွီရဲ့လည်ပင်းကြားမှာ သူ့ခေါင်းလေးကို တင်းကြပ်စွာ တိုးခွေ့ကာ ငိုနေသည်။ " ပါးပါး စိတ်မဆိုးပါနဲ့တော့ ဟုတ်ပြီလား ? "
ပေါ်ယွီက ဖျော့တော့နေတဲ့ မျက်နှာနဲ့ သူ့နှုတ်ခမ်းကို ဖိကိုက်ထားကာ ဖရဲသီးလေးရဲ့ကျောကို ညင်ညင်သာသာလေး ပုတ်ပေးရင်း ပြောလိုက်သည်။ " ပါးပါး စိတ်မဆိုးပါဘူး ပါးပါးက အခု ....... အဲဒါကို မေ့လိုက်တော့ အဲဒီကိစ္စကို နောက်မှ ပြောရအောင် ဘာပဲဖြစ်ဖြစ် ဖရဲသီးလေးက သူ့ရဲ့သားပဲလေ ပြီးတော့ အဲဒါက အချစ်ဟောင်းတစ်ခုပဲဟာ "
ပေါ်ယွီက နောက်ဆုံး စကားနှစ်ခွန်းကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။ဒါကြောင့် သူတို့ရဲ့ခေါင်းတွေကို အတူတူ မှီတွယ်ထားတဲ့ ဖရဲသီးလေးက အဲဒီစကားတွေကို မကြားလိုက်ပေ။
တခြားတစ်ဖက်မှာတော့ စုန့်ရှီလင်က ချက်ချင်း Supermarketထဲကနေ ထွက်မသွားဘဲ ကားဆီကို ပြန်ပြီး ၀င်ပေါကို စောင့်ကြည့်ဖို့ ဆက်နေနေသည်။ခဏလောက်ကြာတဲ့အခါ ပေါ်ယွီဟာ သူ့လက်မောင်းထဲမှာ ကလေးလေးနဲ့အတူ ထွက်လာပြီး ဖြူဖျော့နေတာကို သူ မြင်လိုက်ရသည်။
စုန့်ရှီလင်ရဲ့ ဒူးပေါ်က လက်ချောင်းတွေဟာ မရည်ရွယ်ဘဲ တင်းတင်း ဆုပ်မိသွားသည်။သဘာ၀တရားကြီးကိုတောင် ဂရုမစိုက် စိတ်မ၀င်စားတဲ့ သူက အခုဖြစ်နေတဲ့ စိုးရိမ်သောကတွေနဲ့ ပြသာနာတွေဟာ ဘာကိုဆိုလိုနေမှန်း သူ သဘောမပေါက်ပေ။ရုတ်တရက် သူ့ဖုန်းက တစ်ဖက်မှာ မြည်လာခဲ့သည်။
ဖုန်းကိုင်လိုက်တဲ့အခါ ချီယန်ရဲ့ ဖြတ်လတ်တက်ကြွပြီး ရွှင်ပျနေတဲ့ အသံက ထွက်ပေါ်လာသည်။ " ကျွန်တော် ခင်ဗျားအကြိုက် ဂဏန်းပေါင်းထားတယ် ညစာလာစားမလားဟင် ? "
ချီယန်ရဲ့ အသံက ရင်းနှီးကျွမ်း၀င်လို့နေသည်။စုန့်ရှီလင်က သူ့ရဲ့စကားတွေကို မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ " ငါ အလုပ်များနေတုန်းပဲ နောက်တစ်ခေါက်ကျမှ အဲဒီအကြောင်း ပြောရအောင် "
ပြောပြီးတာနဲ့ စုန့်ရှီလင်က ဖုန်းချလိုက်သည်။
ချီယန် စားပွဲပေါ်က အရသာရှိတဲ့ အစားအစာဆွေကို ကြည့်နေမိသည်။ဂဏန်းကိုင်တာကနေ ရလာတဲ့ ဒဏ်ရာအပြည့်နဲ့ သူ့လက်တွေက အောက်ကို တွဲလောင်းကျနေကာ သူ့ရဲ့နှုတ်ခမ်းက မဲ့ကျနေပြီး အရှုံးသမားတစ်ယောက်ရဲ့ ခံစားချက်မျိုး ရနေသည်။
သူ နောက်တစ်ခါ အငြင်းခံလိုက်ရတာပဲ ။
ချီယန် ပြောနေတုန်းကို ဖုန်းချလိုက်ပြီးနောက် စုန့်ရှီလင် ကားပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။အဖေနဲ့သားရဲ့
ပုံရိပ်တွေက လူအုပ်ထဲကနေ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
စုန့်ရှီလင်ရဲ့ လက်ချောင်းတွေက အချင်းချင်း အတင်း ပွတ်တိုက်နေသည်။သူက အတွင်းရေးမှူးချူကို ဖုန်းခေါ်ပြီး အေးစက်စွာ ပြောလိုက်သည်။ " မနက်ဖြန်မနက် ရုံးခန်းထဲမှာ လွန်ခဲ့တဲ့နှစ်နှစ်က ပေါ်ယွီရဲ့ အချက်အလက်တွေကို တင်ထားလိုက် "
စုန့်ရှီလင်က အမည်မသိမေးခွန်းတွေရဲ့ အဖြေကို စူးစမ်းရှာဖွေနေရတာ ကျင့်သားရနေပြီဖြစ်သည်။ဒါပေမယ့် ပေါ်ယွီကိုတော့ သူ စိတ်ပြောင်းသွားသည်။
အတွင်းရေးမှူးချူဟာ သူ့ရဲ့မကျေနပ်ချက်တွေကို မဖော်ပြရဲပါချေ။ဒါကြောင့် ခါးသီးနေတဲ့ စိတ်ခံစားချက်တွေနဲ့အတူ သူ တိတ်တဆိတ် ပြောလိုက်သည်။ " ဟုတ်ကဲ့ , ဥက္ကဋ္ဌ "
စုန့်ရှီလင် သူ့ဖုန်းကို အဝေးပစ်ချကာ ပေါ့ပါးစွာ ပြောလိုက်သည်။ " ကုမ္ပဏီကိုပဲ ပြန်မောင်းတော့ "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျယ်ဟွားက ကျီရှူကို အေးစက်စွာ ကြည့်လိုက်သည်။ " ရှောင်ရင်းကို အခု ဖုန်းခေါ်နေတာ မင်းလား , မင်းမလား ? "
ရှောင်ရင်းက အိမ်ပိုင်ရှင်ရဲ့ သမီးဖြစ်ပြီး ကျယ်ဟွားရဲ့ ချစ်သူကောင်မလေးလည်း ဖြစ်သည်။
ကျီရှူက ထိတ်လန့်သွားပြီး ပြောလိုက်သည်။
" ကျယ်ဟွား , ငါက ရှောင်ရင်းကို ကိစ္စတစ်ခုအကြောင်း ပြောရုံတင်ပါ ငါတို့ကို အထင်မလွဲပါနဲ့ "
ကျယ်ဟွားက ဒေါသထွက်ပြီး ကျီရှူ ချက်ပြုတ်ထားတဲ့ ညစာတွေကို စားပွဲပေါ်ကနေ ကြမ်းပြင်ဆီ တွန်းချလိုက်သည်။
" လူတစ်ယောက်က သူ့သူငယ်ချင်းရဲ့ မိန်းမနဲ့ ဘာကိစ္စမှ မရှိနိုင်ဘူး ။ ကျီရှူ , မင်းရဲ့ရည်းစားက တခြားလူ မြှူဆွယ်တာ ခံလိုက်ရတယ် ။ မင်း ဘယ်လိုများ ငါ့ကောင်မလေးကို ဖျားယောင်းရတာလဲ ? "
ကျီရှူနေရာမှာ သရုပ်ဆောင်တဲ့ ပေါ်ယွီက အံ့အားသင့်သွားပြီး သူ့ရဲ့အတွေးထဲမှာ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။အဘယ်ကြောင့်ဆိုသော် ချီယန် ပြောနေတဲ့စာသားတွေက ဇာတ်ညွှန်းထဲမှာ ဘယ်တုန်းကမှ မပါ၀င်ပေ။
တစ်ခါတစ်ရံမှာ သရုပ်ဆောင်တွေက သူတို့ရဲ့စာသားတွေကို အခြေအနေအရ ချက်ချင်း ပြောင်းပြောလိုက်ရတာမျိုး ရှိတယ်ဆိုပေမယ့် ချီယန် ပြောလိုက်တဲ့ စာသားတွေကတော့ ဆက်ပြောရမယ့်စကားကို အနည်းငယ် အဆင်မပြေ ဖြစ်သွားစေသည်။
ကြည့်ရတာ ချီယန်က ပေါ်ယွီ့ကို တမင်တကာ အဲဒီစာသားတွေကို ပြောလိုက်ပုံရသည်။
ဒါပေမယ့် ပြန်ပြီးတုံ့ပြန်ဖို့ အံ့သြနေတဲ့ ပေါ်ယွီဟာ နောက်စက္ကန့်မှာပဲ သူ့ရဲ့နှဖူးကနေစပြီး ရှပ်အင်္ကျီအဖြူပေါ်ကို ကော်ဖီအေးတွေ တစ်စက်ချင်း လောင်းချခံလိုက်ရသည်။ပေါ်ယွီ အရမ်းပဲကသိကအောက် ဖြစ်သွားတော့သည်။
ဒါရိုက်တာ၀မ်က " CUT ! " ဆိုပြီး တစ်ခွန်းတောင် မညွှန်ကြားပေ။
ပေါ်ယွီက သူ့ကျောမှာ အတောင်ပံတွေ ပေါက်နေပြီး သန့်စင်မြင့်မြတ်တဲ့ နတ်ဘုရားတစ်ပါး မဟုတ်ချေ။သူက ချီယန် စာသားတွေ ဖြတ်ပြောလိုက်တာကို အကြိမ်ကြိမ် ဒေါသထွက်နေသည်။အဲဒါကြောင့် ပါးရိုက်နားရိုက်လုပ်လိုက်မှာက သူ့ရဲ့ အစီအစဉ်ဖြစ်သည်။
ဒေါသမျက်၀န်းတွေနဲ့ ပေါ်ယွီက သူ့ရဲ့လက်ကို ဆွဲထုတ်လိုက်ပြီး အေးစက်ကာ မာနကြီးတဲ့ ပုံစံနဲ့ သူ့ရဲ့ရှပ်င်္ကျီအဖြူပေါ်က ကြယ်သီးတွေကို တစ်လုံးချင်း ဖြုတ်လိုက်သည်။အခု ပေါ်ယွီရဲ့ပုံစံက အမျက်ချောင်းချောင်း ထွက်လုနီးပါးဖြစ်နေတဲ့ အထက်တန်းစား သခင်လေးတစ်ယောက်လိုမျိုး ဖြစ်နေသည်။
ပေါ်ယွီက တပ်မက်ဖွယ်ကောင်းပင်မယ့်လည်း အန္တရာယ်များသည်။
တတိယမြောက်အမျိုးသား ဇာတ်ရံဟာ ရက်မှုသိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး အေးအေးချမ်းချမ်းနေတတ်တဲ့ အဖေဖြစ်ခါစ လူတစ်ယောက်ဖြစ်ကာ သူ စိတ်ဆိုးဒေါသထွက်တယ်ဆိုတာ မရှိသလောက်ရှားပါးသည်။ သူ့ရဲ့ပထမဆုံး ချစ်သူကောင်မလေးက သူ့အပေါ် လှည့်စားခဲ့တာကို သူ သိသွားခဲ့တဲ့အချိန်တုန်းကတောင်မှ သူဟာ တိတ်တိတ်လေး သည်းခံနေခဲ့သည်။
ဒါပေမယ့် သူ့သူငယ်ချင်းရဲ့ အထင်လွဲတာကို ခံရပြီးနောက်မှာ နူးညံ့သိမ်မွေ့ပြီး ရိုးရိုးကုပ်ကုပ် နေတတ်တဲ့သူက ဒေါသထွက်တတ်လာတော့သည်။
ထက်မြက်ပြတ်သားပြီး ဆန့်ကျင်ကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိတဲ့ ပေါ်ယွီက အရမ်း ချစ်စရာကောင်းတာလိုက်တာ။
ရိုက်ကွင်းနေရာမှာ တချို့အမျိုးသမီး ၀န်ထမ်းတွေလည်း ရှိသည်။ပေါ်ယွီက ဒီလို အ၀တ်အစားချွတ်ပြတဲ့ showပွဲမျိုးကို လုပ်လိုက်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပေ။သူတို့ရဲ့လက်တွေကို အလိုလို ပါးစပ်မှာအုပ်လိုက်မိကြသည်။သူတို့ရဲ့ဗိုက်ထဲမှာ လိပ်ပြာလေးတွေ ပျံနေကြပြီး အရမ်းကို စိတ်လှုပ်ရှားနေသည်။
ပေါ်ယွီက အရမ်းချောတာပဲ ! အရမ်းကို ချောပြီးရင်း ချောနေတာပဲ !!!
ဒါရိူက်တာ၀မ်က စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး ကင်မရာထဲက ပေါ်ယွီကို သဘောကျနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသည်။
ပေါ်ယွီက တကယ့်ကို ပန်းပုထုဆစ်ပေးဖို့ ထိုက်တန်တဲ့ အဖိုးတန် ကျောက်စိမ်းတုံးတစ်တုံးပဲ ။
အစတုန်းက မိမိကိုယ်ကို ကျေနပ်အားရနေတဲ့ ချီယန်ဟာ အရှက်ရသွားသည်။သူ ပေါ်ယွီ့ကို တမင်သက်သက် အရှက်ခွဲဖို့ ကြိုးစားခဲ့ပေမယ့် ပေါ်ယွီက ဒီလိုလုပ်လိုက်နိုင်လိမ့်မယ်လို့ သူ မတွေးဘူးပါချေ။
ရှပ်အင်္ကျီကြယ်သီးတွေကို တတိယမြောက်အလုံးအထိ ဖြုတ်လိုက်ပြီးချိန်မှာ ပေါ်ယွီ ရပ်လိုက်သည်။သူက ချီယန့်ဆီ လျှောက်သွားလိုက်ပြီး နက်နဲတဲ့ မျက်လုံးတွေနဲ့ အေးစက်စွာ ပြောလိုက်သည်။ " မင်းရဲ့ရည်းစားလား ငါ သူ့ကို စက်ဆုပ်လွန်းလို့ "
ချီယန် အကူအညီမဲ့စွာနဲ့ အသက်ရှူနေတာကို ရပ်တန့်လိုက်မိပြီး ပေါ်ယွီ့ကို ကြက်သေသေကြည့်နေကာ စကားပြန်မပြောနိုင်တော့ချေ။
" Cut !!! "
" လူတိုင်းပဲ , ရိုက်ကွင်းအဆုံးသတ်ပါပြီ "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပေါ်ယွီ မှန်ရှေ့မှာ မတ်တက်ရပ်နေပြီး ရှပ်အင်္ကျီအသစ်တစ်ထည်ကို ယူကာ လဲ၀တ်လိုက်သည်။သူ့ရဲ့လက်ချောင်းတွေဟာ အနည်းငယ် တုန်ယင်နေပြီး ညှိုးကျနေတဲ့ မျက်လုံးတွေနဲ့အတူ သူ့ရဲ့ဗိုက်ကို ထိလိုက်သည်။
သူ့ဗိုက်ပေါ်က အမာရွတ်ဟာ သူ အရင်တုန်းက တွေ့ကြုံခဲ့ရဖူးတဲ့ မယုံနိုင်စရာ ကိစ္စကို ကိုယ်စားပြုလေသည်။
" ဒေါက် ___ ဒေါက် " တစ်စုံတစ်ယောက်က နားနေခန်း အပြင်ဘက်ကနေ တံခါးခေါက်လိုက်သည်။
ပေါ်ယွီ ကြယ်သီး မြန်မြန် တပ်ပြီး တံခါးဖွင့်လိုက်တဲ့အခါ တံခါးအပြင်ဘက်တွင် သူ့ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး မတ်တပ်ရပ်နေတဲ့ ချီယန်ကို တွေ့လိုက်ရသည်။သူ အကူအညီမဲ့စွာနဲ့ မျက်ခုံးပင့်လိုက်မိသည်။ " ဒီထဲကို ဘယ်လို ၀င်လာတာ
လဲ ? "
ရိုက်ကွင်းမှာ လူတွေ ရှိနေကြတုန်းပဲဖြစ်သည်။ဒါကြောင့် ပေါ်ယွီက ဒီလူတွေအများကြီးရှေ့မှာ ချီယန်ကို အရှက်ရစေမှာ မဟုတ်ပေ။
သူကလည်း နှစ်ပေါင်းများစွာ ချီယန် ပုံဖော်ခဲ့တဲ့ သူ့ရဲ့ပုံရိပ်ကောင်းကို ဖျက်ဆီးဖို့ ဆန္ဒမရှိပါချေ။
ချီယန် တောင်းပန်လိုက်သည်။ " ဒီနေ့ သရုပ်ဆောင်တာမှာ ငါ အရမ်း ဒုက္ခပေးမိသွားတယ် ။ ငါ မင်းကို ကြိုပြောလိုက်သင့်တာကို။
တောင်းပန်ပါတယ် "
ပေါ်ယွီက ဒီဖျော်ဖြေရေးရုပ်ရှင်လောကမှာ နေလာခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။ဒါကြောင့် သူ မေ့လျော့တာနဲ့ တမင်သက်သက်လုပ်တာရဲ့ကြားက ကွဲပြားချက်ကို ရှင်းရှင်းလင်းလင်း သိသည်။
ဒါပေမယ့် ချီယန်က ဒီလိုမျိုး ဆန္ဒအလျောက် သူ့ဆီလာပြီး တောင်းပန်နေတယ်ဆိုတော့ကား ပေါ်ယွီ မသိချင်ယောင်ဆောင်ပေးလိုက်သည်။ " ငါ သိပြီ "
ချီယန်က အချိန်အကြာကြီး အကြောင်းပြချက်ကို ပြင်ဆင်ထားခဲ့ပေမယ့် အကျပ်ရိုက်နေတဲ့ မျက်နှာအမူအရာနဲ့အတူ သူ စီလာခဲ့တဲ့ စကားလုံးတွေက သူ့၀မ်းဗိုက်ထဲမှာ တစ်ဆို့နေသည်။
ပေါ်ယွီ သူ့လက်တွေကို ရင်ဘတ်ပေါ်တင်ကာ မေးလိုက်သည်။ " မင်းက ငါနဲ့ ဘာအကြောင်းတွေကိုများ ထပ်ပြီး ပြောချင်သေးလို့လဲ ? "
" HOONNN ----- NNNK " ရုတ်တရက် အနက်ရောင်ကားတစ်စီးက ရိုက်ကွင်းရဲ့ အ၀င်၀မှာ ရပ်လိုက်သည်။
" အဲဒါက ငါ့ကို လာခေါ်တဲ့ ရှစ်လင်လေ ။ မင်း သူနဲ့ စကားပြောချင်သေးလား ? " ခဏလောက်ရပ်လိုက်ပြီး ချီယန်က ပေါ်ယွီကို ရန်စကာ ကိုယ့်ကိုကိုယ် ကျေနပ်အားရနေတဲ့ပုံစံနဲ့ ပြုံးပြလာသည်။ " ငါ စိတ်မကောင်းပါဘူး ။ ငါ သူနဲ့မင်း အရင်တုန်းက ဆက်ဆံရေးရှိခဲ့တယ်ဆိုတာ မေ့သွားတယ် ။ အဲဒါကြောင့် သူ့ကို ငါ လာမကြိုဖို့ ပြောခဲ့ပါသေးတယ် "
" အဆင်ပြေပါတယ် ငါတို့ဆက်ဆံရေးက လူမြင်မခံနိုင်တာမှ မဟုတ်ဘဲ " ပေါ်ယွီ သူ့ကို ယောင်ဝါးဝါး သတိပေးလိုက်သည်။ " ဒါပေမယ့် ငါ မှတ်မိသလောက်တော့ သူက အရမ်းစိတ်မရှည်တတ်ဘူးနော် သူ ကြာကြာ မစောင့်နိုင်ရင် ထွက်သွားလိမ့်မယ် မင်းမှာ ဘာမှလုပ်စရာမရှိရင် သူ့ကို အကြာကြီး မစောင့်ခိုင်းတာ ကောင်းလိမ့်မယ် "
ချီယန်ရဲ့ မျက်နှာပေါ်က အပြုံးဟာ တဖြည်းဖြည်း တန်းသွားသည်။ " အိုး ... ကျွန်တော့်ကို သတိပေးလို့ ကျေးဇူးတင်ပါတယ် အဲဒါဆို အရင်သွားနှင့်လိုက်ပါဦး
မယ် "
သူ သူ့ရဲ့ခြေထောက်တွေကို မပြီး ပေါ်ယွီ ပြန်ဖြေတာကိုတောင် မစောင့်တော့ဘဲ ထွက်သွားလေသည်။
ပေါ်ယွီကတော့ ချီယန်ရဲ့ တောင့်တင်းနေတဲ့ကျောပြင်ကို အလွန်လေးနက်တဲ့အမူအရာနဲ့
ကြည့်နေသည်။
.
.
.
.
.
.
.
.
.
.