ဖရဲသီးလေးရဲ့ ပြသာနာကို ဖြေရှင်းပေးပြီးသွားတဲ့နောက်မှာ နောက်တစ်နေ့ရဲ့ နေရောင်ခြည်က ပိုပြီး တောက်ပလာတော့မယ်လို့ ပေါ်ယွီ ခံစားမိသည်။
ပလက်စတစ်အရိုးလေးကို ပါးစပ်မှာကိုက်ထားပြီး အူတူတူ တန်တန်က ဟောင်နေသည်။
" အိမ်သာထဲက ဖရဲသီးလေးကို သွားခေါ်လိုက် " ပေါ်ယွီက တန်တန်ရဲ့ တင်ပါးလေးကို ကန်လိုက်ပြီး သန့်စင်ခန်းဆီကို လက်ညှိုးထိုးပြလိုက်သည်။
တန်တန်ရဲ့ မျက်လုံးလေးတွေက ၀င်းလက်သွားပြီး သန့်စင်ခန်းဆီ ပြေးကာ တံခါးကို တဂျစ်ဂျစ် ကုတ်ခြစ်နေသည်။
ဖရဲသီးလေးဟာ တံခါးအပြင်ဘက်ကနေ တန်တန်ရဲ့ ကုတ်ခြစ်သံတွေကို ကြားလိုက်ရတဲ့အချိန်မှာ သူက သူ့ရဲ့တင်ပါးကို သုတ်လို့ မပြီးသေးတာကြောင့် သူ မြန်မြန်သွက်သွက်လုပ်လိုက်သည်။
" ဖရဲသီးလေးရေ , လာခဲ့ ပါးပါးနဲ့ ဆော့ရအောင် " ပေါ်ယွီ သူ့လက်ထဲက ဇာတ်ညွှန်းစာအုပ်ကို ကြည့်ပြီး ပျင်းလာတာကြောင့် ပြောလိုက်သည်။
ဖရဲသီးလေးက ပေါ်ယွီ့ဆီကို မျက်၀န်းတောက်တောက်လေးတွေနဲ့ ပြေးထွက်လာသည်။
" ပါးပါးက ဒီနေ့ ဇာတ်လမ်းစာသားတွေကို အလွတ်ကျက်ရဦးမှာ အဲဒါကြောင့် ပါးပါးတို့ ဒီနေ့ ဘယ်မှသွားလို့မရဘူး အိမ်မှာပဲနေရမယ် " ပေါ်ယွီက ဇာတ်ညွှန်းကို ဖတ်ရင်း ဖရဲသီးလေးကို သူ့ရဲ့လက်မောင်းတွေထဲမှာ ထည့်ကာ စိတ်ညစ်နေသလို ပြောလိုက်သည်။ " ပါးပါးက မင်းအတွက် ပိုက်ဆံတွေရှာဖို့ အသည်းအသန် ကြိုးစားနေတယ်နော် "
ဖရဲသီးလေးဟာ အရမ်းပဲ သိတတ်သည်။
" ပါးပါး , သား ပါးပါးကို အနှောင့်အယှက်မပေးတော့ပါဘူး "
မိဘတစ်ယောက်တည်းရှိတဲ့ မိသားစုကနေ ကြီးပြင်းလာရတဲ့ ကလေးတွေက ပိုပြီး အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်ထက်မြက်ကြသည်။
" ဖရဲသီးလေး , မင်း ငါ့ရဲ့ ဖုန်းနံပါတ်ကို သိလား ? " ပေါ်ယွီ ရုတ်တရက် မျက်နှာထားတင်းတင်းနဲ့ မေးလိုက်သည်။
သူက စတားတစ်ယောက် ဖြစ်တာကြောင့် ပေါ်ယွီ ဖရဲသီးလေးကို မူကြိုလိုက်ပို့တဲ့ အချိန်တုန်းက ဆရာတွေနဲ့ ဆက်သွယ်ဖို့အတွက် သီးသန့် Sim cardအသစ် တစ်ကဒ်ကို ၀ယ်လာခဲ့သည်။
အဲဒါက သူ့ရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်ဖြစ်လို့ ပေါ်ယွီက အဲဒီနံပါတ်ကို မှတ်ထားဖို့ ဖရဲသီးလေးကို ပြောထားသည်။
ဖရဲသီးလေးက ခေါင်းငြိမ့်ပြလိုက်သည်။အဲဒီနောက် သူက အံဆွဲထဲကနေ သူ့ရဲ့ပုံဆွဲစာအုပ်ကို ထုတ်လိုက်ပြီး ပုံဆွဲဖို့အတွက် ထိုင်လိုက်သည်။သူက ဘာမှ ပေါ်ယွီကို အနှောင့်အယှက်မပေးချေ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
" ကလေးလေး ? "
အတွင်းရေးမှူးချူဟာ စိတ်လှုပ်ရှားမှုကြောင့် သူဋ္ဌေးဖြစ်သူ မှောက်လိုက်တဲ့ ကော်ဖီအစွန်းကွက်တွေကို သုတ်ဖို့ ပဝါကို အလျင်အမြန် ယူလိုက်ကာ သူ့ကိုယ်သူ အားတင်းပြီး ပါးစပ်ကို တင်းတင်းစေ့ ပြောလိုက်သည်။
" ဟုတ်ကဲ့ "
လေးနက်နေတဲ့ မျက်လုံးတွေနဲ့အတူ သူဋ္ဌေးရဲ့ မျက်နှာကြွက်သားတွေက တင်းကြပ်နေပြီး အန္တရာယ်ရှိတဲ့ လက္ခဏာကို ဖော်ပြနေသည်။အချိန်အကြာကြီး ရှိသွားပြီးတဲ့အခါ သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
" ကလေးက ဘယ်နှနှစ်လောက်ရှိပြီလဲ ? "
" နှစ်နှစ်နီးပါးလောက်တော့ ရှိပါပြီ " အတွင်းရေးမှူးချူရဲ့ နောက်ကျောမှာ အလွန်အမင်းကြောက်လန့်မှုကြောင့် ချွေးအေးတွေတောင် ထွက်နေပြီဖြစ်သည်။
သူဋ္ဌေးက ဘောပင်ကို တင်းကြပ်စွာ ဆုတ်ကိုင်ထားပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ " သွားတော့ "
အတွင်းရေးမှူးချူဟာ အလျင်အမြန်ပဲ ဥက္ကဋ္ဌရုံးခန်းထဲကနေ စာရွက်စာတန်းတွေနဲ့အတူ ထွက်သွားတော့သည်။
တံခါးဟာ စေ့ပိတ်သွားခဲ့သည်။ဒါပေမယ့် နောက်စက္ကန့်မှာပဲ အတွင်းရေးမှူးချူဟာ အခန်းထဲကနေ ကော်ဖီခွက်ကို ပြင်းပြင်းထန်ထန် ပစ်ပေါက်လိုက်တဲ့အသံကို ကြားလိုက်ရပြီး သူ့ရဲ့နှလုံးသားက တုန်တုန်ယင်ယင် ဖြစ်သွားရှာသည်။
သူဋ္ဌေးက ပေါ်ယွီရဲ့အချက်အလက်တွေကို ကောက်ကိုင်လိုက်ပြီး လေးနက်တဲ့အမူအရာနဲ့ ကြည့်လိုက်သည်။
အိမ်မှာ သူ့ရဲ့သားလေးကို ပန်းနဲ့အပင်တွေဆွဲဖို့ သင်ပေးနေတဲ့ ပေါ်ယွီကတော့ သူဟာ ယောကျာ်းတစ်ယောက်ရဲ့ အာရုံကို ဆွဲဆောင်လိုက်တယ်ဆိုတာ လုံး၀မသိပေ။ပေါ်ယွီက ချွေးတွေထွက်နေပြီး သူ့လက်ထဲမှာ စုတ်တံကိုကိုင်ကာ ပြောလိုက်သည်။
" ဒါကြီးကို မေ့လိုက်တော့ , ပါးပါး မင်းအတွက် မနက်ဖြန်ကျရင် ပုံဆွဲစာအုပ်အသစ်၀ယ်ပေးမယ် "
ဖရဲသီးလေးက စားပွဲပေါ်ကို ကိုယ်တစ်၀က်ကိုင်းထားပြီး သူ့ရဲ့ပုံဆွဲစာအုပ်ထဲမှာ ပေါ်ယွီအလွယ်ဆွဲထားတဲ့ ပုံလေးကို ကြည့်လိုက်သည်။ " အွန်း " ဖရဲသီးလေးက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ကာ နားလည်မှုရှိစွာနဲ့ ပေါ်ယွီရဲ့နဖူးပေါ်က ချွေးတွေကို နှစ်သိမ့်ပေးတဲ့အနေနဲ့ သုတ်ပေးလိုက်သည်။
" ပါးပါး , သားတို့ နောက်တစ်ခါကျရင် ပန်းပင်တွေ မဆွဲတော့ဘဲနဲ့ မီးခြစ်ဆံတွေပဲ ဆွဲကြရအောင် "
နောက်ဆုံးတော့ ပေါ်ယွီဟာ မိဘနဲ့ကလေးကြားက အပြန်အလှန်ဆက်သွယ်တုန့်ပြန်မှုအလုပ်,လုပ်ပုံကနေ နိုးထလာခဲ့သည်။ဒါပေမယ့် သူဟာ အမှန်တရားရဲ့ ရက်ရက်စက်စက်တိုက်ခိုက်မှုကို ခံလိုက်ရသည်။ " ... "
( ဒီအပိုဒ်ကို သေချာနားမလည်လို့ ရှုပ်သွားတယ် မီယားနဲရော် )
" ပါးပါး , သား ညစာကို နံရိုးခေါက်ဆွဲမစားချင်ဘူး " ဖရဲသီးလေးက မီးဖိုချောင်ထဲကို ၀င်သွားတဲ့ ပေါ်ယွီ့အနောက်ကနေ လိုက်လာသည်။
" ရတယ်လေ , ဒီနေ့ ကြက်သားခေါက်ဆွဲစွပ်ပြုတ်စားရအောင် ရေခဲသေတ္တာထဲမှာ ကြက်သားတစ်ခြမ်းရှိသေးတယ်ထင်တယ် "
ပေါ်ယွီက စိတ်လိုလက်ရ သဘောတူလိုက်သည်။
အဲဒီအခါ ဖရဲသီးလေးရဲ့ မျက်နှာအမူအရာက သူ တန်းပြီး ငိုကြွေးမိတော့မလိုဖြစ်သွားသည်။သူက သူ့ခေါင်းနောက်က ၀က်မြှီးလေး လွှဲယမ်းသွားတဲ့အထိ မြန်မြန် ခေါင်းငြိမ့်ပြလိုက်သည်။
ပေါ်ယွီ ရယ်မိသွားတော့သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
တခြားတစ်ဖက်တွင် တန်ဖိုးကြီး ဇိမ်ခံ nanny vanကားထဲမှာ ထိုင်နေပြီး နေကာမျက်မှန်၀တ်ထားတဲ့ ချီယန်က သူ့ရဲ့မန်နေဂျာဘက်ကို လှည့်ကာ ပြောလိုက်သည်။ " တတိယမြောက်အမျိုးသားဇာတ်ရံနေရာက ပေါ်ယွီဆို "
[ T / N ; nanny van photo ]

မန်နေဂျာက ခေါင်းငြိမ့်ပြလိုက်သည်။
ချီယန် အနည်းငယ် ပြုံးလိုက်သည်။ဒါပေမယ့် သူ့ရဲ့အပြုံးဟာ နှလုံးသားထဲကနေလာတဲ့ အပြုံးမျိုးတော့ မဟုတ်ချေ။
" ပေါ်ယွီ , အဲဒီအချိန်တုန်းက မင်း ထွက်သွားဖို့ ရွေးခဲ့တယ် ။ အခု မင်း ဘာလို့ ပြန်လာတာလဲ ? "
" မင်းက တကယ့်ကို စက်ဆုပ်ရွံရှာစရာကောင်းတဲ့ လူတစ်ယောက်ပဲ "
ပေါ်ယွီဟာ သူ့ရဲ့ ပထမဆုံး အလုပ်,လုပ်တဲ့နေကျမှပဲ ချီယန်က ဇာတ်လိုက်နေရာမှာ သရုပ်ဆောင်မယ့်သူဆိုတာကို သိရှိသွားတော့သည်။
ချီယန်က ပေါ်ယွီရဲ့ ကောက်ကျစ်တဲ့လူယုတ်မာရည်စားရဲ့ ပထမဆုံးချစ်သူဖြစ်သည်။
အဲဒီအချက်က သူ ကိုယ်၀န်ရှိနေတုန်းမှာ ပေါ်ယွီ ထွက်သွားခဲ့ရတဲ့ အကြောင်းပြချက်လည်း ဖြစ်သည်။
ချီယန်က ပေါ်ယွီကို မြင်တဲ့အခါ သူကလည်း အံ့သြသွားပြီး ရင်းနှီးနေကြသလို နှုတ်ဆက်လိုက်သည်။ " ပေါ်ယွီ မတွေ့တာကြာပြီပဲ ကျွန်တော် ခင်ဗျားနဲ့အတူ သရုပ်ဆောင်ရလိမ့်မယ်လို့ မျှော်လင့်မထားဘူး "
ပေါ်ယွီက သူ့ရဲ့လက်ကို တိတ်တဆိတ် ဆွဲထုတ်လိုက်ပြီး နှိမ့်ချတဲ့အပြုံးလေးနဲ့ ပြေလိုက်သည်။ " အဲဒီစကားက ကျွန်တော် ပြောသင့်တာပါ "
ဒါရိုက်တာ၀မ်က သူတို့ကို ကြည့်ပြီး ထူးဆန်းနေတဲ့ပုံနဲ့ ပြောလာသည်။ " မင်းတို့တွေက အသိအကျွမ်းတွေဆိုတော့ ထူးပြီး မိတ်ဆက်စရာမလိုတော့ဘူးပဲ ။ shootingစကြတာပေါ့ "
အဲဒီနောက် ဒါရိုက်တာ၀မ်က သူ့ခြေထောက်တွေကို မပြီး ထွက်သွားတော့သည်။
ဒါရိုက်တာ၀မ်က ချီယန်ရဲ့ မြင်ကွင်းထဲကနေ ထွက်သွားတဲ့အထိ ချီယန်က ခေါင်းငြိမ့်ကာ ကြည့်လိုက်သည်။အဲဒီနောက် သူက အပြုံးလေးနဲ့ ပြောလိုက်သည်။ " ကျွန်တော်က အချိန်တွေ ဒီလောက်ကြာပြီးခါမှ ခင်ဗျား ပြန်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး "
" ဘာလို့များ ကျွန်တော်က ပြန်မလာရမှာလဲ ? " ပေါ်ယွီ ရယ်လိုက်သည်။တကယ်လို့ ချီယန်က ဒီဇာတ်လမ်းတွဲထဲမှာ ပါတယ်ဆိုတာကိုသာ သူ သိခဲ့ရင် သူ ဒီဇာတ်ကောင်နေရာကို audition၀င်ဖြေမှာ မဟုတ်ပေ။
ချီယန်က သူ့ရဲ့သီးသန့် ပက်လက်ကုလားထိုင်မှာ ၀င်ထိုင်လိုက်သည်။သူတို့ဘေးပတ်၀န်းကျင်မှာ ဘယ်သူမှမရှိတာကြောင့် ချီယန်က သူပြောချင်တာပြောတော့သည်။ " ကျွန်တော်ကြားတာတော့ ခင်ဗျားက ဒီဇာတ်ရံနေရာကို traineeတစ်ယောက်ဆီကနေ ဖြတ်ယူထားခဲ့တာဆို ။ ခင်ဗျားက နှစ်နှစ်လောက် အဝေးမှာရောက်နေပင်မယ့် ခင်ဗျား တကယ်ကိုအချိန်မီ ပြန်ရောက်လာတာပဲ "
ပေါ်ယွီဟာ သူ့စကားလုံးတွေထဲက အမုန်းတရားတွေကို ဂရုမစိုက်ပေ။ " ငါက တကယ်ပဲ မင်းထက် ငယ်တယ်လို့ ထင်ရပုံပဲနော် "
ချီယန်ရဲ့ မျက်လုံးတွေက မည်းမှောင်သွားသည်။
ပေါ်ယွီ လှောင်ပြောင်သရော်လိုက်သည်။
" ဘ၀ရဲ့ ကံကြမ္မာအပြောင်းအလဲတွေက မင်းရဲ့မျက်နှာကို ပိန်ချုံးကျသွားစေတာပဲ ။ ဝါးဝိုး ! ကံကောင်းတာက မစ္စတာစုန့်က မင်းကို သဘောကျနေတုန်းပဲနော် "
မစ္စတာစုန့်က ပေါ်ယွီရဲ့ အရင်ရည်းစား ဖြစ်သည်။
ပေါ်ယွီရဲ့ စကားလုံးတွေက ချီယန့်ကို အနာပေါ် တုတ်ကျသွားစေလို့ ဖြစ်နိုင်သည်။ချီယန်က ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ ပေါ်ယွီကို မည်းမှောင်စွာ စိုက်ကြည့်ပြီး လှည့်ထွက်သွားတော့သည်။
ပေါ်ယွီက သူ့ရဲ့ထိုင်ခုံဆီ ပြန်သွားလိုက်ပြီး သူ့မျက်နှာပေါ်မှာ အရမ်းကို သက်တောင့်သက်သာရှိနေတဲ့ အပြုံးလေးကို ချိတ်ဆွဲရင်း လက်ထဲမှာ ဇာတ်ညွှန်းကို ကိုင်ကာ ထိုင်ချလိုက်သည်။
ပေါ်ယွီဟာ ရုပ်ရှင်တွေထဲက နူးညံ့သိမ်မွေ့တဲ့ပုံရိပ်နဲ့အတူ ငယ်ရွယ်ပြီး ချောမောခန့်ညားသည်။အခု သူ ပြုံးလိုက်တဲ့အခါ ချက်ချင်းပဲ သူ့အနားမှာ ရှိနေတဲ့ တချို့ ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးလက်ထောက်လေးတွေရဲ့ မျက်လုံးကို ဆွဲဆောင်လိုက်နိုင်လေသည်။
မိတ်ကပ်ဆရာမလေးက ရှက်သွေးဖြာသွားကာ ပေါ်ယွီကို မိတ်ကပ်လိမ်းပေးဖို့ လျင်မြန်စွာ ကူညီပေးလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ " ရှင့်ရဲ့ ရိုက်ကူးရေးက မကြာခင်စတော့မှာဆိုတော့ ရှင့်ရဲ့ပထမဆုံး sceneအတွက် အကောင်းဆုံး ဆုတောင်းပေးနေမယ်နော် "
ချောမောခန့်ညားတဲ့ ယောကျ်ားတွေမှာ အမြဲတမ်း အထူးအခွင့်အရေးကောင်းတွေ
ပိုရရှိသည်။
" ကျေးဇူးတင်ပါတယ် "
တိုက်ဆိုက်စွာနဲ့ပဲ ဇာတ်လမ်းရဲ့ ပထမဆုံး ဇာတ်၀င်ခန်းအစဟာ ပေါ်ယွီနဲ့ယန်ချီက ယှဉ်ပြိုင်ရတဲ့ အခန်းဖြစ်သည်။
စက်မှုသိပ္ပံပညာရှင် ကျီရှူဟာ သူ့ရဲ့အချစ်ဦးကောင်မလေးက သူ့အပေါ် လိမ်လည်လှည့်စားထားတာကို သိသွားတာကြောင့် ဒေါသထွက်ကာ ခေါင်မိုးထပ်ကို ပြေးတက်သွားသည်။အဲဒီနောက်မှာ သူ့ကို စိုးရိမ်နေတဲ့ ကျူတာဆရာ ကျယ်ဟွားက ပြေးလိုက်သွားကာ သူ့ကို နှစ်သိမ့်ပေးတဲ့ ဇာတ်၀င်ခန်းပဲဖြစ်သည်။
ကျီရှူရဲ့ ခန္ဓာကိုယ်က လက်ရန်းရဲ့ တစ်၀က်ကို မှီထားသည်။သူ့ရဲ့မျက်နှာအမူအရာဟာ ပွနေတဲ့ အနက်ရောင်ဆံပင်တွေနဲ့ ဖုံးကွယ်နေပြီး သူ့ရဲ့လက်တွေကတော့ လက်ရန်းကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားကာ ယိုယွင်းပျက်စီးနေတဲ့ သူ့ရဲ့ စိတ်ပျက်အားငယ်မှုတွေကို ဖော်ပြလို့နေသည်။
ကျယ်ဟွားက သူ့ကို အကွာအဝေးတစ်ခုကနေပြီး ပါးစပ်ကို တင်းတင်းစေ့ကာ ကြည့်နေလေသည်။
ကျီရှူက ရယ်လိုက်ပြီး သူ့ရဲ့မျက်၀န်းတွေထဲက တလက်လက်တောက်ပနေတဲ့ မျက်ရည်စက်တွေနဲ့အတူ ကွဲအက်နေတဲ့အသံနဲ့ ပြောလိုက်သည်။ " ငါ အမြဲတမ်း သူ့ရဲ့လက်ကို ကိုင်ပြီး သူ့ကို ဘ၀တစ်ခုလုံးအတွက် ပျော်ရွှင်မှုတွေ ပေးနိုင်လိမ့်မယ်လို့ယုံကြည်ခဲ့တာ ........ "
ကျယ်ဟွားက တိတ်ဆိတ်နေသည်။သူ့ရဲ့ ပညာရေးဟာ နိုင်ငံအနှံ့မှာရှိတဲ့ ဘယ်နေရာမှာမဆို သူ့ရဲ့ဆန္ဒတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်တယ်ဆိုပေမယ့် ဒီလိုအခြေအနေဖြစ်နေတဲ့ သူတွေအတွက်တော့ သုံးစားမရပေ။သူက ဒီလိုမျိုး ချစ်မှုရေးရာကိစ္စတွေမှာ ၀င်မပါတတ်ပေ။
ကျီရှူက အရမ်းချောတယ်ဆိုပင်မယ့် စိတ်ကူးယဉ်ဆန်ပြီး သံယောဇဉ်တွယ်တတ်တဲ့သူမျိုး မဟုတ်ချေ။ကျယ်ဟွားက ကျီရှူရဲ့ သူ့ပတ်၀န်းကျင်က လူတွေအပေါ် နူးညံ့သိမ်မွေ့ပြီး အသေးစိတ် ဂရုစိုက်ပေးတတ်တာတွေနဲ့ ရင်းနှီးနေပြီဖြစ်သည်။ဒါပေမယ့် အခု ကျီရှူရဲ့ အရူးအမူးချစ်ခင်စွဲလမ်းမှုနဲ့ ၀မ်းနည်းမှုတွေကို မြင်နေရတာ ကျယ်ဟွား ကျင့်သားမရချေ။
" သူမက ငါတို့ရဲ့ ပျော်ရွှင်မှုတွေကို အဆုံးသတ်လိုက်ပြီ ၊ အဲဒါကြောင့် ငါ့မှာ သူမကို သွားခွင့်ပေးလိုက်ဖို့ပဲ ရွေးချယ်နိုင်တော့တယ် " ကျီရှူက မေးစေ့ကို အနည်းငယ် မော့လိုက်သည်။ဒါပေမယ့် သူ့ရဲ့မာနကြောင့် လျစ်လျူရှူလိုက်တဲ့ မျက်နှာအမူအရာကို
ကျယ်ဟွား ကြုံတောင့်ကြုံခဲ တွေ့လိုက်ရသည်။
အဲဒါက ကျီရှူ ပိုင်ဆိုင်တဲ့ မာနပဲဖြစ်သည်။
" အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ် ..... " ကျယ်ဟွားက ခပ်တိုးတိုး ပြောလိုက်သည်။
ဒါရိုက်တာ၀မ်ဟာ စားပွဲကို ဒေါသတကြီး ပုတ်ပြီး အော်ဟစ်လိုက်သည်။ " Cut !!! "
ပေါ်ယွီနဲ့ချီယန်က ပဟေဠိဖြစ်သွားတဲ့ ခံစားချက်တွေနဲ့အတူ ရပ်လိုက်ကြသည်။
ဒါရိုက်တာ၀မ်က မစဉ်းစားဘဲ ဒေါသထွက်စွာ ပြောလိုက်သည်။ " ချီယန် , ဒီဟာက မင်းရဲ့ စာသားလား ? မင်းရဲ့စာသားတွေကို ချက်ချင်း ပြောင်းပြောပစ်လို့ မရဘူးလေ ! "
ကျယ်ဟွားရဲ့ ဇာတ်ညွှန်းထဲက စာသားဟာ
' အရာအားလုံး အဆင်ပြေသွားလိမ့်မယ် ' မဟုတ်ပေ။ဒါပေမယ့် စာသားအဓိပ္ပါယ်က
' မင်းက ပိုကောင်းတဲ့လူနဲ့ ထိုက်တန်ပါတယ် ၊သူမက မင်းနဲ့ မထိုက်တန်တာပါ ' ဖြစ်သည်။
ယခုခေတ်မှာ ကြည့်ရှူသူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် marketing ဆင်းတဲ့အနေနဲ့
တီဗွီဇာတ်လမ်းတွဲများတွင် လိင်တူဇာတ်၀င်ခန်းများကို တွေ့မြင်နိုင်သည်။ဒါပေမယ့် သူတို့တွေထဲက အများစုဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတစ်ခုရဲ့ ဟန်ချက်ရှိတာကြောင့် ပိုပြီး ဆွဲဆောင်နိုင်လေသည်။ဒါရိုက်တာ၀မ်နဲ့ စာရေးဆရာတို့ကလည်း ဒီခေါင်မိုးထပ်ဇာတ်၀င်ခန်းကို အသုံးပြုပြီး ပရိသတ်ကြည့်ရှူနှုန်း ပိုမိုရရှိဖို့အတွက် ဇာတ်လိုက်နဲ့ တတိယမြောက်အမျိုးသားဇာတ်ရံတို့ရဲ့ အတွဲညီညီချိတ်ဆက်မှုကို ကြော်ညာဖို့ ရည်ရွယ်ထားကြသည်။
ဇာတ်လိုက် ကျယ်ဟွားနေရောမှာ သရုပ်ဆောင်တဲ့ ချီယန်က အရှက်ရသွားလေသည်။သူဟာ မမျှော်လင့်ဘဲ ပေါ်ယွီရဲ့ သရုပ်ဆောင်မှုမှာ ဆွဲဆောင်ခံလိုက်ရပြီး ပြောရမယ့်စာသားတွေကို မေ့သွားတဲ့ မိုက်မဲတဲ့ အမှားမျိုးကို လုပ်လိုက်မိသည်။
ပေါ်ယွီဟာ လက်ရန်းကို မှီထားပြီး စိတ်ချမ်းသာစွာ လေပြည်လေညှင်းလေးတွေနဲ့ နေရောင်ခြည်ကို ခံစားနေသည်။
အကယ်၍ သူ့ရဲ့ အချစ်ပြိုင်ဘက်ကြီးက စိတ်ဆင်းရဲနေရင် သူကတော့ စိတ်ချမ်းသာနေလိမ့်မယ်။
ဇာတ်လိုက်ရဲ့ အမှားကြောင့် ချောချောမွေ့မွေ့မဖြစ်တော့တဲ့ ပထမဆုံးဇာတ်၀င်ခန်းဟာ ဒါရိုက်တာ၀မ်ရဲ့ စိတ်အခြေအနေကို မီးညှိုခံထားရတဲ့ အမြှောက်ဆံလိုမျိုး ဖြစ်နေစေသည်။နောက်အခန်းတွေ ရိုက်ကူးတဲ့အခါမှာ ဒါရိုက်တာ၀မ်ဟာ မကြာခဏ စိတ်တိုလာတော့သည်။
ဇာတ်လိုက် ချီယန်က သူ့ရဲ့အခြေအနေကို အချိန်မီ ကျင့်သားရအောင်လုပ်ဖို့ ကျရှုံးသွားပြီး နောက်အခန်းတွေမှာ NG Sceneတွေ အများကြီးဖြစ်ပြီးခါမှ ပွတ်ကာသီကာ ကျော်လွှားသွားနိုင်တော့သည်။
[ T / N ; NG scene = No Good scene ]
သူတို့နှစ်ယောက်ကြားက ခြားနားချက်ဟာ ဒါရိုက်တာ၀မ်ရဲ့ မျက်နှာကို မည်းမှောင်လာအောင် လုပ်နေသည်။ရုပ်ရှင်အဖွဲ့သားတွေက ဒါရိုက်တာ၀မ်ရဲ့ ဒေါသကို ကံမကောင်းစွာနဲ့ သွားထိမိမှာ စိုးရိမ်တဲ့အတွက် ပိုပြီးသတိထားနေကြရသည်။
ချီယန်က မည်းမှောင်နေတဲ့ မျက်နှာနဲ့ နားနေခန်းထဲမှာ ထိုင်နေသည်။အဲဒီအချိန်မှာ လက်ထောက်လီလီက သုတ်တီးသုတ်ပျာ ရောက်လာပြီး ချီယန်ကို ဂရုတစိုက်နဲ့ ကော်ဖီတစ်ခွက် ပေးလိုက်သည်။
ချီယန်က ကော်ဖီတစ်ငုံလောက်သောက်လိုက်ပြီး ချက်ချင်းပဲ လင်ထောက်လီလီရဲ့ အပေါ်ကို ကော်ဖီတွေ လောင်းချလိုက်သည်။အဲဒီနောက် သူက မျက်မှောင်ကြုတ်ကာ ဆူပူကြိမ်းမောင်းလိုက်သည်။ " ငါက ကော်ဖီအေး လိုချင်တာ အပူမဟုတ်ဘူး ပြီးတော့ ငါက သကြား မကြိုက်ဘူး !!! "
လက်ထောက်လီလီဟာ အသက်နှစ်ဆယ်လောက်ပဲရှိသေးတဲ့ ကောင်မလေးတစ်ယောက် ဖြစ်သည်။သူမကို ကော်ဖီပူတွေနဲ့ အလောင်းခံလိုက်ရတာတောင်မှ သူမဟာ ချီယန် ပိုပြီး ဒေါသထွက်လာမှာကို ကြောက်လန့်နေတာကြောင့် သူမ မငိုရဲပေ။သူမက ထပ်ကာ ထပ်ကာ တောင်းပန်သာနေသည်။
ချီယန်က စိတ်မရှည်စွာ လက်ကို ဝေ့ယမ်းလိုက်သည်။ " မင်း ငါ့ရဲ့ လမ်းကို ပိတ်နေတယ် ထွက်သွားစမ်း ! "
လက်ထောက်လီလီက သက်သာရာရသွားသလို ခံစားလိုက်ရကာ တံခါးကို တွန်းဖွင့်ပြီး လျင်မြန်စွာ ထွက်သွားတော့သည်။
အဲဒါက မိတ်ကပ်ဆရာမနှစ်ယောက်ဟာ သူတို့ရဲ့ ခရီးဆောင်အိတ်တွေနဲ့အတူ ဖြတ်သွားချိန်မှာ ဖြစ်ပျက်သွားခဲ့တာဖြစ်သည်။သူတို့တွေက လက်ထောက်လီလီဟာ မျက်လုံးတွေနီရဲနေပြီး ညစ်ပတ်ရှုပ်ပွကာ ပြေးထွက်လာတာကို မြင်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အကူအညီမဲ့စွာ ကြည့်လိုက်ကြသည်။
" သူ ....... " ငယ်ရွယ်တဲ့ မိတ်ကပ်ဆရာမလေးက မျက်မှောင်ကြုတ်လိုက်သည်။
" ဒီနယ်ပယ်မှာ သူက လူတွေနဲ့ ဘယ်လို ကောင်းကောင်း ပြောဆိုဆက်ဆံရမယ်ဆိုတာကို မသိတာတောင် ကိစ္စမရှိဘူးပဲ နောက်ဆုံးတော့ သူ့မှာ အခွင့်အရေးကောင်းတွေအများကြီး ရှိတာပဲလေ " တခြားမိတ်ကပ်ဆရာမလေးက နှုတ်ခမ်းစူလိုက်ပြီး ဒီနေရာကနေ သူမရဲ့အဖော်ကို ခေါ်ကာ ထွက်သွားတော့သည်။
" ရေချိုးခန်း , တစ်ခန်း ဖြတ်ပြီး တစ်ခန်း ရိုက်မယ် , Action ! "
ကျယ်ဟွားက သူ့လက်ထဲမှာ ပိတ်ထားတဲ့ ရေချိုးပိုင်ခေါင်းကို ကိုင်ထားပြီး ရိုးသားစွာ ကြည့်နေလေသည်။သူက ဒီပိုက်ကို ဘယ်လို သုံးရမယ်ဆိုတာ မသိပေ။ဒါပေမယ့် ရှက်တတ်လွန်းတဲ့ ကျယ်ဟွားက ကျီရှူကို အထဲ၀င်လာပြီး ဘယ်လိုသုံးရမယ်ဆိုတာ သူ့ကို သင်ပေးဖို့အတွက် မေးရမှာကိုလည်း ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ဒါကြောင့် သူက ကြုံရာခလုတ်ကို ဖိချလိုက်သည်။အဲဒီမှာပဲ ရေပူတွေ ပန်းထွက်လာတော့သည်။
ပညာရေးက လွဲပြီး ဘယ်အရာကိုမှ စိတ်မ၀င်စားတဲ့ လူငယ်လေးဟာ ချက်ချင်းပဲ ကြောက်လန့်သွားပြီး ခြေချော်ကာ ကြမ်းပြင်ပေါ်ကို လဲကျသွားသည်။
အဆောက်အဦးပိုင်ရှင် အမျိုးသမီးကြီးရဲ့ သမီးဖြစ်သူ ဇာတ်လိုက်အမျိုးသမီးဟာ အိမ်လခ တောင်းဖို့အတွက် ရောက်လာပြီး ရေချိုးခန်းထဲကနေ အသံကြားလိုက်ရသည်။
သူမက တစ်ခုခု ဖြစ်နေတာပဲလို့တွေးပြီး အပြင်ဘက်ကနေ ရေချိုးခန်းထဲကို အပြေးအလွှားသွားလိုက်ပေမယ့် သူမ မမြင်သင့်တဲ့ မြင်ကွင်းကို မြင်လိုက်ရသည်။
" ဟုတ်ပြီ !!! " ဒါရိုက်တာ၀မ်က စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်သည်။ဒီဇာတ်လိုက်က နောက်ဆုံးတော့ တစ်ခေါက်တည်းနဲ့ ဇာတ်၀င်ခန်းကို အပြီးရိုက်သွားပြီပဲ။
ချီယန်က အပြင်လူတွေအရှေ့မှာ သူ့ရဲ့ ဖော်ရွေတဲ့ပုံရိပ်ကို ဂရုစိုက်နေတုန်းပဲဖြစ်သည်။ဒါကြောင့် သူက ၀န်ထမ်းတစ်ယောက် ကမ်းပေးလာတဲ့ အ၀တ်အစားတွေကို ယူ၀တ်လိုက်ပြီးချိန်မှာ အမျိုးသမီးဇာတ်လိုက်ကို နှစ်သိမ့်ပေးတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်သည်။
အမျိုးသမီးဇာတ်လိုက်က traineeတစ်ယောက် ဖြစ်သည်။ဒါကြောင့် သူမဟာ သူမရဲ့ပထမဆုံး သရုပ်ဆောင်မှုမှာ တလွဲတချော်လုပ်မိမှာကို စိတ်ပူနေပြီး တစ်ချိန်လုံး စိတ်ဖိစီးနေလေသည်။ဒါပေမယ့် ချီယန်က သူမကို နှစ်သိမ့်ပေးလိုက်တဲ့အခါ သူမရဲ့ပါးတွေက ရှက်သွေးဖြန်းကာ နီရဲသွားပြီး စိတ်သက်တောင့်သက်သာ ဖြစ်သွားသည်။
ဒီတီဗွီဇာတ်လမ်းတွဲဟာ အမျိုးသားဇာတ်ကောင်တွေကို ဗဟိုပြုထားတာဖြစ်သည်။အမျိုးသမီးဇာတ်လိုက်ရဲ့ ရေပန်းစားကျော်ကြားမှုကို လုံး၀ရှောင်ရှားဖို့အတွက် အလယ်ဇာတ်ကောင်နေရာအတွက် traineeတစ်ယောက်ကိုပဲ ရွေးသင့်တယ်ဆိုပြီး ဒါရိုက်တာ၀မ်နဲ့စာရေးဆရာအားလုံးတို့က သဘောတူထားခဲ့ကြသည်။
လူအုပ်ရဲ့ အပြင်မှာ မတ်တပ်ရပ်နေတဲ့ ပေါ်ယွီက ဆိုဒါရေတစ်ငုံသောက်လိုက်ရင်း တွေးမိသည်။ချီယန်ရဲ့ သရုပ်ဆောင် အရည်အချင်းက ကောင်းပင်မယ့် သူက ပညာရှင်မဆန်ဘူးပဲ။
ချီယန်က သူ့ရဲ့စိတ်ခံစားချက်တွေကို ရှင်းထုတ်လိုက်ပြီးနောက်မှာ သူ့ကိုယ်သူ လျင်မြန်စွာပဲ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ထဲကို moodသွင်းလိုက်တော့သည်။ပြီးတော့ သူဟာ နောက်ဇာတ်၀င်ခန်းတွေကို တစ်ကြိမ်တည်းနီးပါးနဲ့ ရိုက်ကူးနိုင်ခဲ့သည်။
ပေါ်ယွီ သရုပ်ဆောင်ရမယ့်အပိုင်းတွေက သိပ်မများချေ။ဒါကြောင့် သူက ညနေသုံးနာရီ လေးနာရီလောက်ဆိုရင် အလုပ်ပြီးပြီ ဖြစ်သည်။
ချီယန်ဟာ ပေါ်ယွီက သူ့လက်ထဲမှာ ဖုန်းကို ကိုင်ပြီး ရုပ်ရှင်အဖွဲ့နဲ့ အကွာအဝေးတစ်ခုဆီထွက်သွားတာကို ကြည့်နေသည်။ဖြစ်နိုင်ရင်သူက သူ့ဖုန်းကို တစ်စစီဖြစ်အောင် ထုခြေပစ်တော့မလို သူ့လက်သီးဆုတ်ကို ပိုပြီး အားစိုက်ဆုတ်လိုက်သည်။
အဲဒီအချိန်မှာပဲ ချီယန် စောင့်မျှော်နေခဲ့တဲ့ messageဟာ နောက်ဆုံးတော့ ၀င်လာခဲ့သည်။
' ငါ ဒီနေ့ meetingရှိတယ် ။ နောက်တစ်ခေါက်မှ စကားပြောကြတာရအောင် ။ '
Messageထဲမှာ စကားလုံးလေး ဆယ့်သုံးလုံးလောက်ပဲပါတာဟာ အံသြစရာမကောင်းပင်မယ့် ချီယန်ကတော့ သူ့လက်တွေ အနည်းငယ် တဆတ်ဆတ်တုန်ယင်သွားတဲ့အထိ အများကြီး ပျော်ရွှင်သွားသည်။
နောက်ဆုံးတော့ သူ စာပြန်ပြီပေါ့ ။ ဒါကလည်း တိုးတက်လာတဲ့ လက္ခဏာပဲ မလား , ဟုတ်တယ်မလား ?
.
.
.
.
.
.