ရန်ဖေးက ခုံတစ်ခုံပေါ်မှာ ထိုင်နေပြီး ရှက်စိတ်ကြောင့် မျက်နှာနီနေဟန်ရှိသည်။သူ စိတ်လည်း လှုပ်ရှားနေသည်။
" မင်း ဒီထဲကို ဘယ်လို၀င်လာတာလဲ ? "
ရန်ဖေးက တံခါးပေါက်၀ဘက်ကို လက်ယပ်ခေါ်လိုက်သည်။ " ဒီကိုလာဦး ! ဒီမှာ ရှယ်ပစ္စည်းလေးတစ်ခုရှိတယ် "
ဒါပေမယ့် နောက်စက္ကန့်မှာပဲ ရန်ဖေးဟာ ဒေါသတကြီးနဲ့ စိတ်ဆိုးမာန်ဆိုး အော်ဟစ်လိုက်ပြန်သည်။ " မင်း ရူးနေလား ? ဒီဟာက
ငါ့ရဲ့ ကွန်ပျူတာအသစ်လေးကွ မင်းက ငါ့ရဲ့ကွန်ပျူတာပေါ်ကို ရေလောင်းချလိုက်တယ် ! မင်း ငါ့ကို ဒီကိစ္စအတွက် အလျော်ပေးရမယ် !!! "
" ဂရုမစိုက်ဘူး ! စောင်တောသား ! မင်း ငါ့ရဲ့ကွန်ပျူတာအတွက် ငါ့ကို လျော်ကြေးပေးရမယ် " ရန်ဖေးက ဆိုးဆိုးဝါးဝါး ဒေါသထွက်နေပုံရပြီး မျက်ထောင့်နီကြီးနဲ့ အော်ဟစ်ပြောလိုက်သည်။
နောက်ထပ် တစ်ယောက်ယောက်က သူ့ကို တစ်ခုခု ပြောလိုက်သည်။ရန်ဖေးက ရုတ်တရက် ရယ်လိုက်ပြီး မျက်နှာပြန်တည်ဖို့ ကြိုးစားလိုက်သည်။ " ထွက်သွားစမ်း ! မင်း လစာရရင် ငါ့ကို ချက်ချင်း လျော်ကြေးပိုက်ဆံပေးရမယ် "
ရန်ဖေးကလည်း ပေါ်ယွီလိုပဲ စက်မှုသိပ္ပံပညာရှင်နေရာအတွက် auditionလာဖြေတာဖြစ်သည်။ယှဉ်ပြိုင်ရတဲ့ အပိုင်းက စက်မှုသိပ္ပံပညာရှင်ဟာ အခန်းထဲမှာ တိတ်တိတ်လေး adult videoတစ်ခုကို ကြည့်နေချိန်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင် ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းသူ ရှေးရိုးစာအုပ်ကြီးသမားက သူ့ကို တွေ့သွားပြီး ၀ယ်ထားတာမကြာသေးတဲ့ ကွန်ပျူတာအသစ်လေးပေါ်ကို ရေလောင်းချလိုက်တဲ့ အခန်းဖြစ်သည်။
ပေါ်ယွီက ဒါရိုက်တာ၀မ်တို့ကို တစ်ချက်ကြည့်လိုက်တဲ့အခါ ဒါရိုက်တာကြီးနဲ့ စာရေးဆရာတို့က မကြာခဏ ခေါင်းငြိမ့်နေတာကို တွေ့လိုက်ရသည်။သူတို့တွေက ရန်ဖေးရဲ့ တင်ဆက်မှုကို စိတ်ကျေနပ်ပုံရသည်။ပေါ်ယွီဟာ အကူအညီမဲ့စွာနဲ့ စိတ်လှုပ်ရှားပြီး ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။
ရန်ဖေးဟာ သူ့ရဲ့တင်ဆက်မှုကို အဆုံးသတ်လိုက်သည်ထိ သူ့ရဲ့မျက်လုံးထောင့်တွေက နီရဲနေဆဲဖြစ်ပြီး မိမိကိုယ်ကို ကျေနပ်အားရနေတဲ့ အမူအရာ အနည်းငယ်ရှိသည်။
" စီနီယာ , ကျွန်တော် ကိုယ့်ကိုကိုယ် အရူးတစ်ယောက်လို ပြုမူမိသွားတဲ့အတွက် ခွင့်လွှတ်နော် " ရန်ဖေးက သူ့ခုံမှာ ပြန်ထိုင်လိုက်ပြီး ပေါ်ယွီကို ပြောလိုက်သည်။
" စီနီယာက ကျွန်တော့်ရဲ့ တင်ဆက်မှုနဲ့ ပတ်သတ်ပြီး စိတ်ကသိကအောက်မဖြစ်လောက်ပါဘူးနော် , ဟုတ်တယ်မလား ? "
ပေါ်ယွီ ပြုံးလိုက်ပေမယ့် ဘာမပြန်မပြောဘဲ တည်တည်ငြိမ်ငြိမ်ပဲ နေလိုက်သည်။
ရန်ဖေးက သူ့ရဲ့မျက်လုံးတွေကို အောက်စိုက်ကြည့်လိုက်သည်။သူ့ကို ပေါ်ယွီက အထင်သေးနေတာလား ?
" ပေါ်ယွီ , မင်း စမ်းကြည့် " ဒါရိုက်တာ၀မ်က ရန်ဖေး တင်ဆက်သွားတာကို စဉ်းစားပြီး ပေါ်ယွီကို ပြောလိုက်သည်။
ပေါ်ယွီက ရှေ့ထွက်လာပြီး ခေါင်းငြိမ့်ပြလိုက်ကာ လျင်မြန်စွာပဲ ဇာတ်ကောင်ထဲမှာ စီးမြောလိုက်သည်။သူ့ပါးစပ်ကို အနည်းငယ်ဖွင့်ကာ ပြောလိုက်သည်။ " မင်း ... "
" ခဏလောက်ပါ !!! " ရန်ဖေးက ကြားဖြတ်ပြောလိုက်သည်။ " မစ္စတာပေါ်က ကျွန်တော့်ရဲ့ စီနီယာပါ မျှမျှတတဖြစ်ဖို့ဆိုရင် သူကလည်း ကျွန်တော် သရုပ်ဆောင်ခဲ့တဲ့ အပိုင်းကိုပဲ auditionဖြေသင့်ပါတယ် "
ပေါ်ယွီက သူ့ရဲ့ကာရိုက်တာထဲ စီးမြောနေချိန်မှာ ရန်ဖေး ကြားဖြတ်နှောင့်ယှက်လိုက်တာဟာ အလွန်မယဉ်ကျေးရာရောက်သည်။
ဒါရိုက်တာ၀မ်က ချက်ချင်းပဲ စိတ်ရှုပ်နေတဲ့ မျက်လုံးတွေနဲ့ မှုန်သုန်သွားပင်မယ့် သူ ဘာမှမပြောပေ။
ပေါ်ယွီက သူ့ရဲ့မျက်လုံးထဲမှာ ဒေါသအရိပ်အယောင်တွေနဲ့ ရန်ဖေးကို အေးစက်စွာ ကြည့်လိုက်သည်။
ဒါရိုက်တာ၀မ်နဲ့ စာရေးဆရာတို့က တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့ရဲ့ စိတ်ထဲမှာ အတွေးတစ်ခုတည်းကို တွေးလိုက်ကြသည်။
" ပေါ်ယွီ , ဒါမှမဟုတ် ..... "
" ဒါရိုက်တာ၀မ် , ကျွန်တော် အဲဒါကို လုပ်ကြည့်ပါ့မယ် " ပေါ်ယွီ အသက်ပြင်းပြင်း ရှူလိုက်ပြီး ကိုယ့်ကိုကိုယ် ကျေနပ်အားရနေတဲ့ ရန်ဖေးဆီကို ပြောလိုက်သည်။ " ဒီလောကထဲကို အရင်ရောက်တဲ့သူတစ်ယောက်အနေနဲ့
traineeလေးတစ်ယောက်ကို အလျော့ပေးသင့်တာပေါ့ "
ရန်ဖေးက အရမ်းအရှက်ရသွားတာကြောင့် ပြန်လည်မချေပနိုင်တော့ချေ။
ပေါ်ယွီက သူ့ရဲ့ကိုယ်ပိုင် ခံစားချက်တွေကို ဘေးဖယ်ထားလိုက်ပြီး နောက်ထပ်တစ်ကြိမ် ကာရိုက်တာထဲမှာ စီးမြောလိုက်သည်။
ပေါ်ယွီမှာ ချောမောခန့်ညားတဲ့ ရုပ်ရည်နဲ့ နူးညံ့သိမ်မွေ့ကာ ကြော့ရှင်းရည်မွန်တဲ့ ပင်ကိုယ်စရိုက်ရှိပြီး အပြုအမူကောင်းတွေလည်းရှိသည်။ဒါပေမယ့် ရန်ဖေးကတော့ မိန်းမဆန်ဆန် ဖြူဖွေးတဲ့ အသားအရေနဲ့ ငယ်ရွယ်လှပတဲ့ ကောင်လေးတစ်ယောက်ဖြစ်သည်။
စက်မှုသိပ္ပံပညာရှင်ရဲ့ ကဏ္ဍက အဖေဖြစ်ခါစ လူတစ်ယောက်ဖြစ်သည်။ဒါကြောင့် ပေါ်ယွီဟာ အဲဒီဇာတ်ရုပ်ရဲ့ ပုံပန်းသွင်ပြင်နဲ့ ပိုပြီးသင့်တော်သည်။
ရန်ဖေးရဲ့ သရုပ်ဆောင်စွမ်းရည်က သာမာန်လောက်ပဲ ရှိတယ်ဆိုပေမယ့် စက်မှုသိပ္ပံပညာရှင်နေရာကနေ သရုပ်ဆောင်ဖို့ဆိုရင်တော့ လုံလောက်သည်။
ပေါ်ယွီက တောက်ပတဲ့ မျက်လုံးတွေနဲ့ ထိုင်ခုံပေါ်မှာ ထိုင်နေပြီး ရှက်နေတဲ့ပုံစံနဲ့ သူ့နှုတ်ခမ်းကို အနည်းငယ် ဖိကိုက်ထားသည်။ပြီးတော့ သူက ဖြည်းဖြည်းချင်း အသက်ကို ပင့်သက်ရှိုက်ရှူနေပြီး အရမ်းကို စိတ်လှုပ်ရှားနေဟန်ရှိသည်။
ပေါ်ယွီရဲ့ သရုပ်ဆောင်မှုက ဒါရိုက်တာ၀မ်နဲ့ စာရေးဆရာတို့ရဲ့ မျက်လုံးကို ဖမ်းစားသွားတော့သည်။သူတို့တွေက သူတို့ရဲ့ လက်တွေကို အမှတ်တမဲ့ တင်းတင်းကြပ်ကြပ် ဆုတ်ထားမိကြပြီး မျက်တောင်တစ်ချက်မခတ်ဘဲ ပေါ်ယွီ့ကို ကြည့်နေကြသည်။
ပေါ်ယွီရဲ့ ဦးခေါင်းလေးက စောင်းနေပြီး ပွယောင်းယောင်းဖြစ်နေတဲ့ သူ့ရဲ့ အနက်ရောင်ဆံပင်ပုံစံလေးက ရိုးသားဖြူစင်ဟန်လေးဖြစ်နေသည်။သူက သူ့ရဲ့နှုတ်ခမ်းတွေကို သပ်လိုက်ပြီး စွဲမက်စရာအပြုံးလေးနဲ့ အရှေ့ကို လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " ခုလေးတင် videoကို download လုပ်ပြီးသွားပြီ အဲ့videoကို အတူတူ ကြည့်ရအောင် ? "
ဒါပေမယ့် နောက်စက္ကန့်အတွင်းမှာပဲ ပေါ်ယွီရဲ့မျက်နှာက ပြဇာတ်ဆန်ဆန်ပြောင်းလဲသွားပြီး ညီးညီးညူညူပြောလိုက်သည်။
" ငါ့ရဲ့ ဆိုရာအအိုးအိလေး , ငါ့ရဲ့ဟာလေးတွေ , ငါ့ရဲ့videoတွေ , ငါ့ရဲ့gameတွေ , ...
မင်း ငါ့ကို ပြန်လျော်ပေးရမယ် ! " ပေါ်ယွီက သူ့ရဲ့လက်တွေကို လေထဲမြှောက်လိုက်ပြီး ပြင်းပြင်းထန်ထန် လှုပ်ယမ်းလိုက်သည်။
[ A / N ; Sora Aoi (ဆိုရာအအိုးအိ) ဆိုတာ ဂျပန်အပြာမင်းသမီးပါ ] Sora Aoi👇

ခဏလောက် ဒေါသထွက်သွားပြီးတဲ့အခါ ပေါ်ယွီက ဟာသတွေကို ကြားလိုက်ရသလို ရယ်လိုက်သည်။သူက သူ့ရဲ့လက်တွေကို ပခုံးပေါ် ယှက်တင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပွတ်သပ်နေသည်။ { T /N ; ဒီအပိုဒ်ကို သေချာနားမလည်လို့ ဖြီးဖြန်းရေးထားပါတယ် }
ဒါရိုက်တာ၀မ်က သူ ဆုံးဖြတ်ချက်ချပြီးသွားသလို စိတ်ကျေနပ်မှုအပြည့်နဲ့ ခေါင်းငြိမ့်လိုက်သည်။
ရန်ဖေးကတော့ ဒေါသထွက်လွန်းတာကြောင့် မျက်ထောင့်နီကြီးနဲ့ လက်တွေ တဆတ်ဆတ်တုန်နေပြီး အံတင်းတင်းကြိတ်ကာ ခေါင်းငုံ့နေသည်။
ပေါ်ယွီက အပယ်ခံတစ်ယောက်ပဲလေ။ ဒီစက်မှုသိပ္ပံပညာရှင်နေရာအတွက် သူနဲ့လာယှဉ်ပြိုင်ဖို့ သူ့မှာ ဘာအရည်အချင်းရှိလို့လဲ ?
ပေါ်ယွီ toiletထဲက ထွက်လာတဲ့အခါ လက်ဆေးကန်ရှေ့မှာ လက်ဆေးဖို့ မတ်တပ်ရပ်နေတဲ့ ရန်ဖေးကို တွေ့လိုက်ရသည်။အဲဒီနောက် ပေါ်ယွီလည်း လက်ဆေးကန်ဆီကို လျှောက်သွားလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို လက်ဆေးနေလိုက်သည်။
ရန်ဖေးက မျက်ထောင့်နီနဲ့ ပြောလာသည်။
" စီနီယာ , ကျွန်တော် အဲဒီနေရာကို တကယ်သဘောကျတယ် "
" အိုး " ပေါ်ယွီက သူနဲ့ဘာမှမပတ်သတ်သလို ပြောလိုက်သည်။
" တကယ်လို့ စီနီယာက တီဗွီဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ချင်တယ်ဆိုရင် စီနီယာမှာ ပိုကောင်းတဲ့ တခြားအခွင့်အရေးတွေ အများကြီး ရလာဦးမှာပါ ဘာလို့ စီနီယာက ကျွန်တော့်ဆီကနေ အဲဒီနေရာကို လုယူရတာလဲ ? " ရန်ဖေးက ပေါ်ယွီကို လက်ညှိုးထိုးပြီး မကျေမနပ်ပြောလိုက်သည်။ " စီနီယာ နှုတ်ထွက်ပြီး ကျွန်တော့်ဆီ အဲဒီနေရာကို ပေးလိုက်ပါ့လား "
" ရဲရင့်တဲ့ သူရဲကောင်းတစ်ယောက်က ရက်စက်ပြီး ပြင်းထန်တဲ့ အကြမ်းတမ်းဆုံးပြိုင်ပွဲတွေကို အောင်မြင်နိုင်တယ် ။ ဘာလို့ ငါက မင်းဆီ အဲဒီနေရာကို ပေးလိုက်သင့်တာလဲ ? " ပေါ်ယွီက ဘေးကနေ တစ်ရှူးဆွဲထုတ်လိုက်ပြီး မပြောင်းမလဲမျက်နှာထားနဲ့ လျစ်လျရှူကာ သူ့လက်တွေကို သုတ်လိုက်သည်။ " traineeတစ်ယောက်မှာ traineeတစ်ယောက်ရဲ့ အသိဉာဏ်မျိုးပဲ ရှိသင့်တယ် "
" စီနီယာ , စီနီယာက အရမ်း တစ်ကိုယ်ကောင်းဆန်တာပဲ " ရန်ဖေးက ရူးသွပ်လုနီးပါး ဖြစ်နေသည်။သူက အကျိုးအကြောင်းစဉ်းစားပြီး မပြောဆိုနိုင်တော့ပေ။
" ဒါက တတိယမြောက်အမျိုးသားဇာတ်ရံနေရာလေးပဲလေ ။ စီနီယာ , ခင်ဗျားက အရမ်းတွန့်တိုတာပဲ "
ပေါ်ယွီဟာ ဒါက အရမ်းကို ရယ်စရာကောင်းတာပဲလို့ စဉ်းစားမိသွားသည်။ရန်ဖေးရဲ့ ယူဆချက်သဘောထားအရဆိုရင် အဲဒီဇာတ်ရံနေရာကို ရန်ဖေးကို ပေးဖို့ ငြင်းဆိုလိုက်တဲ့ သူ့ရဲ့အပြုအမူက အရမ်းကို တစ်ကိုယ်ကောင်းဆန်တယ်ပေါ့ ???
ပေါ်ယွီက သူ့ကို လျစ်လျူရှူထားတာကို ရန်ဖေးတွေ့တဲ့အခါ သူ ပိုပြီးတော့ ဒေါသတွေထွက်လာသည်။ရန်ဖေးက ပေါ်ယွီ့ကို စိုက်ကြည့်ပြီး ပေါ်ယွီရဲ့ လက်ကောက်၀တ်ကို သူ့ရဲ့ လက်သည်းတွေ နစ်မြှုပ်သွားတဲ့အထိ ဆုတ်ကိုင်ထားတာကြောင့် လက်သည်းရာတချို့ကျန်ခဲ့သည်။
" ပေါ်ယွီ , ငါတို့နှစ်ယောက်လုံးက တင်းဖန်အေဂျင်စီမှာ အလုပ် လုပ်နေကြတာလေ ပြီးတော့ ငါတို့က နေ့တိုင်းလည်းတွေ့နေကြရဦးမှာကို မင်းက ငါ့ကို အဲဒီနေရာမပေးနိုင်ရတာလဲ ? "
နာကျင်လာတာကြောင့် ပေါ်ယွီက ရန်ဖေးလက်ကနေ အေးစက်တဲ့ မျက်လုံးတွေနဲ့ ရုန်းထွက်လိုက်ပြီး လှည့်ထွက်သွားလိုက်သည်။
သူ့မှာ ဒီလိုတန်ဖိုးမတူတဲ့လူမျိုးနဲ့ စကားပြောစရာ ဘာမှမရှိပေ။
ဒါပေမယ့် အရှုံးမပေးချင်သေးတာကြောင့် ရန်ဖေးက ပေါ်ယွီ ထွက်သွားလို့မရအောင် တံခါးရှေ့ပိတ်လိုက်ပြီး ပေါ်ယွီရဲ့ လည်ပင်းကို ဆွဲလိုက်သည်။ " ပေါ်ယွီ "
ပေါ်ယွီ တွေးလိုက်မိသည်။ဗုဒ္ဓဘုရားရှင်တောင်မှ ရန်ဖေးကို ကြာကြာသည်းခံနိုင်မှာ မဟုတ်ပေ။ဒီtraineeလေးက သူ့ရဲ့သည်းခံနိုင်စွမ်းကို ထပ်ခါထပ်ခါ စိန်ခေါ်လွန်းသည်။ပေါ်ယွီက ရန်ဖေးရဲ့ကော်လံကို ဆွဲလိုက်ကာ စိတ်မကြည်တဲ့လေသံနဲ့ ခပ်တိုးတိုးပြောလိုက်သည်။ " ငါ့ကို စိတ်တိုအောင်လာမလုပ်နဲ့ "
ပေါ်ယွီက သတိပေးလိုက်ရုံတင်ဖြစ်သည်။ဒါပေမယ့် ရန်ဖေးကိုကြည့်ရတာ အကြီးအကျယ် စော်ကားခံလိုက်ရသလို ဖြစ်သွားပြီး မယုံနိုင်တဲ့ပုံစံနဲ့ ပေါ်ယွီကို လက်ညှိုးထိုးလာခဲ့သည်။ပေါ်ယွီဟာ ရန်ဖေးက နောက်စက္ကန့်မှာပဲ ပြသာနာရှာတော့မယ်လို့ ထင်လိုက်မိပေမယ့် ရန်ဖေးက နောက်လှည့်တံခါးဖွင့်လိုက်ပြီး ထွက်ပြေးသွားခဲ့သည်။
ပေါ်ယွီ ; " ..... "
ရန်ဖေးဟာ သရုပ်ဆောင်ပိုင်းမှာ အတွေ့အကြုံမရှိသေးတဲ့ traineeတစ်ယောက်သာဖြစ်သည်။ဒါပေမယ့် ပေါ်ယွီကတော့ အတွေ့အကြုံရော အရည်အချင်းရောပါရှိတဲ့ ရုံတင်dynamiteတစ်လုံးဖြစ်သည်။ဒါရိုက်တာ၀မ်က ပရိုဂျူဆာရယ် စာရေးဆရာရယ်နဲ့ ဆွေးနွေးညှိုနှိုင်းပြီး ပေါ်ယွီကို စက်မှုသိပ္ပံပညာရှင်နေရာအတွက် ရွေးချယ်လိုက်ကြသည်။
ပေါ်ယွီက အဲဒီရလဒ်နဲ့ ပတ်သတ်လို့ မအံ့သြမိပေ။
ရန်ဖေးက ပေါ်ယွီကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး အောင့်အည်းမျိုသိပ်ထားရတဲ့ ဒေါသတွေနဲ့ အခန်းထဲက ထွက်သွားသည်။
ပေါ်ယွီက စာရေးဆရာနဲ့အတူ ဇာတ်ကောင်နေရာကို ဆွေးနွေးပြီးတဲ့နောက် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ထဲမှာ ဇာတ်ညွှန်းကို ကိုင်ကာ ထွက်လာခဲ့သည်။နောက်ကျနေပြီဖြစ်လို့ ဖရဲသီးလေးကို သွားခေါ်ပြီး အိမ်ပြန်ရတော့မယ့်အချိန် ရောက်ပြီဖြစ်သည်။
တီဗွီဇာတ်လမ်းတွဲက သန်ဘက်ခါကျမှ တရား၀င် စတင်ရိုက်ကူးမှာ ဖြစ်သည်။ပေါ်ယွီ သရုပ်ဆောင်ရမယ့် အပိုင်းက သိပ်မများချေ။ဒါ့ပြင် သူက အဓိကအားဖြင့် ဇာတ်လိုက်နဲ့ သရုပ်ဆောင်ရမှာ ဖြစ်သည်။ဒါ့ကြောင့် သူ့မှာ အချိန်တွေအများကြီးရှိပြီး အေးအေးဆေးဆေး လုပ်လို့ရသည်။
ပေါ်ယွီ ထွက်သွားတာကို ကြည့်ပြီး ဒါရိုက်တာ၀မ် မျက်မှောင်ကြုတ်လိုက်သည်။
" ဇာတ်လိုက်ရဲ့ အချိန်ဇယားကို အတည်ပြုပြီးသွားပြီလား ? "
" အင်း " ပရိုဂျူဆာက တီးတိုးပြောလိုက်သည်။ " ဒါပေမယ့် ကျွန်တော် ကြားတာတော့ ဇာတ်လိုက်က ပေါ်ယွီနဲ့ ဆက်ဆံရေးမကောင်းဘူးဆိုပဲ "
" အင်တာနက်ပေါ်က အတင်းအဖျင်းတွေကို ခင်ဗျားက ယုံတယ်လား ? " ဒါရိုက်တာ၀မ်က ရယ်လိုက်သည်။
ဇာတ်လိုက်နဲ့ တတိယမြောက်အမျိုးသားဇာတ်ရံတို့ရဲ့ ဆက်ဆံရေးက ဆိုးဝါးနေရင်တောင်မှ ကိစ္စမရှိပေ။သူတို့ ပြသာနာမရှာသ၍ တီဗွီဇာတ်လမ်းတွဲအတွက် လွှတ်ထားပေးလို့ရသည်။
ပေါ်ယွီ မြေအောက်ကားပါကင်မှာ လမ်းလျှောက်နေတုန်း အနောက်ကနေ သူ့ကို တက်တက်ကြွကြွ လိုက်ကြည့်နေတဲ့ မျက်လုံးတွေကို သတိထားလိုက်မိသည်။သူ လမ်းလျှောက်တာကို ရပ်လိုက်ပြီး အနောက်ကို နိုးနိုးကြားကြား လှည့်ကြည့်လိုက်ပေမယ့် ဘာမှမတွေ့ပေ။သူ ခေါင်းငုံ့ရင်း ကားဆီ မြန်မြန် လမ်းလျှောက်သွားလိုက်ပြီး ကားတံခါးဖွင့်ကာ ကားထဲမှာ ထိုင်လိုက်သည်။ထို့နောက် ဘာမှဂရုမစိုက်တော့ဘဲ သူ ကားမောင်းထွက်လာလိုက်တော့သည်။
သိပ်မဝေးလှတဲ့ နေရာမှာ ဦးထုပ်ဆောင်းမထားတဲ့ driverက နောက်ခုံမှာ ထိုင်နေတဲ့ သူဋ္ဌေးဖြစ်သူကို ကြည့်လိုက်သည်။ " Boss ? "
အမျိုးသားက သူ့ရဲ့အကြည့်တွေကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ " မောင်းတော့ "
ဦးထုပ်ဆောင်းမထားတဲ့ driverက ခေါင်းကုတ်လိုက်သည်။သူ Bossဘာတွေစဉ်းစားနေမှန်း မခန့်မှန်းနိုင်ပေ။ဒါပေမယ့် သူကဘသူ့ရဲ့Bossကို မေးလည်းမမေးရဲတာကြောင့် ကားမောင်းထွက်လိုက်တော့သည်။
အမျိုးသားရဲ့ ဒူးပေါ်က သူ့ရဲ့လက်ချောင်းတွေဟာ အမှတ်တမဲ့ ကွေးညွှတ်သွားပြီး ခဏလောက် လက်ဖြောက်တီးလိုက်သည်။သူ့မျက်နှာပေါ်က အမူအရာကလည်း ထူးထူးခြားခြား နားလည်ရခက်လို့နေသည်။
နှစ်နှစ်ကြာပြီး နောက်ဆုံးတော့ မင်း ပြန်လာခဲ့ပြီပေါ့။
ဆောင်းဦးအစောပိုင်းရဲ့ နံနက်ခင်းမှာ လူတွေကြားကနေ နှစ်နှစ်လောက် ပျောက်ကွယ်နေခဲ့တဲ့ ပေါ်ယွီ တင်လိုက်တဲ့ Weibo message အသစ်ဟာ ဖန်တွေဆီကနေ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေကို ချက်ချင်း လှုံ့ဆော်လိုက်နိုင်လေသည်။
ပေါ်ယွီ v ; Comeback ( picture attached )
[ Fuck ! ဒါက အမှန်ဆိုတာ ငါ့ကို ပြောကြပါဦး ! ငါ့ရဲ့ idolက နောက်ဆုံးတော့ နိုင်ငံခြားကနေ ပြန်လာပြီကွ !!! ]
[ Oh , ဘုရားရေ ! ငါ ရူးတော့မှာပဲ နောက်ဆုံးတော့ Idolပေါ်ယွီ ပြန်လာပြီ !!! နောက်တစ်ခါကျရင် ကျေးဇူးပြုပြီး မင်းရဲ့ချောမောလှတဲ့မျက်နှာလေးကို selfieရိုက်ပြီး တင်ပေးပါ
ကျေးဇူးတင်ပါတယ် ! ]
[ ငါလေးရဲ့လက်က buttonခလုတ်ကို နှိပ်ဖို့တောင် ရပ်တန့်သွားတယ် ။ ချောမောခန့်ညားတဲ့ မင်းရဲ့ မျက်နှာselfieပုံကို ငါလေးလည်း ကြည့်ချင်တယ်လို့ ]
ဒါပေမယ့် ပေါ်ယွီဟာ အရင်လိုတော့ နာမည်မကြီးတော့ပေ။Weiboပေါ်မှာ သူ တင်လိုက်တဲ့ သတင်းဟာ သူ့ရဲ့ဖန်တွေ ကြားထဲမှာသာ အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။
ပေါ်ယွီရဲ့ comeback က Weibo hot searchထဲကို ရောက်မသွားချေ။
ပေါ်ယွီကတော့ ဂရုမစိုက်ပေ။အေဂျင်စီဘက်က ၀ယ်ပေးထားတဲ့ zombie fanတွေ အပါအ၀င် သူ့ရဲ့ Weibo followerဟာ နှစ်မီလီယံကျော်ကျော်လောက်သာရှိသည်။ပြီးတော့ သူက နှစ်နှစ်လောက်လည်း activeမဖြစ်ခဲ့ပေ။ဒါကြောင့် လူထုက သူ့ကို မေ့ပျောက်သွားကြလောက်ပြီဆိုတာကို ခန့်မှန်းကြည့်လို့ရနိုင်သည်။
( T / N ; Zombie fan ဆိုတာက Chinese Social Media တွေမှာရှိတဲ့ fake followerတွေပါ )
ယခင်က ပေါ်ယွီဟာ ရှည်လျားပြီး အီလေးဆွဲနေတဲ့ ဇာတ်ကြောင်းတွေနဲ့ တီဗွီဇာတ်လမ်းတွဲတွေကို အထင်သေးခဲ့သည်။ဒါကြောင့် သူက ရုပ်ရှင်တွေ အပေါ်မှာသာ အာရုံထားခဲ့သည်။သူ အောင်မြင်မှုတချို့ရရှိပေမယ့်လည်း သူ့မှာ ပရိသတ်တွေနဲ့ ထိတွေ့ဖို့ အခွင့်အရေးအနည်းငယ်သာရှိသည်။
အဲဒါကြောင့် သူ့ရဲ့ပရိသတ်တွေဟာ တီဗွီဇာတ်လမ်းတွဲတွေမှာ မကြာခဏ ပါ၀င်တဲ့starတွေရဲ့ ပရိသတ်တွေလောက် မများပြားချေ။
ပေါ်ယွီဟာ အရင်တုန်းက ပိုက်ဆံမချို့တဲ့ခဲ့ပေ။ဒါကြောင့် သူက ပိုက်ဆံဆိုတာ ဘာမှမဟုတ်ဘူးလို့ ထင်ထားခဲ့သည်။ဒါပေမယ့် အခု အခြေအနေတွေက ကွဲပြားခြားနားသွားပြီ ဖြစ်သည်။ကလေးကို ကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်ရတာဟာ ကိစ္စပေါင်းသောင်းခြောက်ထောင်နဲ့ ပိုက်ဆံအများကြီး ကုန်ကျသည်။သူ့မှာ အရွယ်အစားငယ် ငယ်သွားတဲ့ သူ့ရဲ့ပိုက်ဆံအိတ်လေးနဲ့ ပတ်သတ်ပြီး အမြဲ စဉ်းစားနေရသည်။
ပေါ်ယွီက maskတပ်ထားပြီး လက်တစ်ဖက်မှာ cartကိုင်ကာ တခြားလက်တစ်ဖက်မှာ ကလေးကို ဆွဲထားရင်း supermarketထဲမှာ အေးအေးလူလူ လမ်းလျှောက်နေသည်။အဲ့နောက် သူ ပြောလိုက်သည်။ " ဖရဲသီးလေး , မင်း မင်းအဖေကို လွမ်းလား ? "
ပေါ်ယွီဟာ လက်တစ်ဖက်က cartကို တွန်းနေပြီး နောက်လက်တစ်ဖက်က ကလေးကို ဆွဲထားရတောင်မှ မမောမပန်းဘဲ သူ့ရဲ့ ပြင်းထန်တဲ့ ယောကျ်ားပီသမှုကို ပြသနေသည်။
ဖရဲသီးလေးက လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ခေါင်းနောက်က ကျစ်ဆံမြှီးလေး လှုပ်ယမ်းသွားတဲ့အထိ လှုပ်ခါလိုက်သည်။ " ပါးပါး , မနက်ဖြန်လည်း အလုပ်သွားမှာလား ? "
ဖရဲသီးလေးရဲ့ ခေါင်းပေါ်မှာ ဆံပင်အစလေးနှစ်ခုရှိသည်။တစ်ခုက လေတိုက်လို့ ဖရဲသီးလေးရဲ့ နဖူးပေါ်မှာ ကျနေပြီး နောက်တစ်ခုက သူ့ခေါင်းနောက်မှာ ချစ်စရာကောင်းတဲ့ ကျစ်ဆံမြှီးလေးအဖြစ် ကျစ်ထားသည်။
" မနက်ဖြန် အိမ်မှာ နားလို့ရတယ် သန်ဘက်ခါကျမှ အလုပ်သွားရမှာ " ပေါ်ယွီ စင်ပေါ်က နံရိုးကို cartထဲထည့်လိုက်ပြီး အမှတ်မထင် ပြောလိုက်သည်။
" မင်းကတော့ မူကြိုကျောင်းမှာ နေရမယ် "
ပေါ်ယွီက သရုပ်ဆောင်ရတဲ့ အပိုင်းနည်းတဲ့ တတိယမြောက် အမျိုးသားဇာတ်ကောင်နေရာကို ယူထားတယ်ဆိုပင်မယ့် သူက အဓိကအားဖြင့် ဇာတ်လိုက်နဲ့ သရုပ်ဆောင်ရမှာဖြစ်သည်။ဒါကြောင့် seasonတိုင်းမှာ သူ့အပိုင်းတွေ ရှိသည်။
အဲဒါကြောင့်ပဲ သူက နေ့တိုင်း crewကို သွားဖို့လိုအပ်သည်။
ဖရဲသီးလေးက တွန့်ဆုတ်တွန့်ဆုတ်နဲ့ သူ့နှုတ်ခမ်းလေးကို အနည်းငယ် စူလိုက်ပေမယ့် ပေါ်ယွီကိုတော့ ပွင့်ပွင့်လင်းလင်း မဆန့်ကျင်ရဲပေ။သူ့မှာ တစ်ယောက်တည်းသာ စိတ်ကောက်နေရသည်။
ပေါ်ယွီက အကူအညီမဲ့သလို ခံစားလိုက်ရသည်။အဘယ်ကြောင့်ဆိုသော် ဖရဲသီးလေးကို မွေးဖို့အတွက် သူ့ရဲ့စုဆောင်းထားတဲ့ ပိုက်ဆံအားလုံးကို အသုံးပြုပြီးသွားပြီဖြစ်သည်။တကယ်လို့ အခုမှ သူ အလုပ်မလုပ်ရင် သူတို့တွေ လမ်းပေါ်ထွက်နေရလိမ့်မယ်။
ဖရဲသီးလေးကို အစားအသောက်တို့ အရုပ်တို့နဲ့ ဆွဲဆောင်လို့ပဲဖြစ်ဖြစ် ခြိမ်းခြောက်လို့ပဲဖြစ်ဖြစ် မရပေ။ဒါကြောင့် သူတို့က လမ်းတစ်လျှောက်လုံး ဘာစကားမှမပြောဘဲ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေခဲ့ကြသည်။
ပေါ်ယွီက နံရိုးကိုထုတ် ၊ ရေးဆေးပြီး အိုးထဲထည့်လိုက်သည်။နံရိုးကို ချက်ပြုတ်ပြီးတဲ့အခါ အိုးထဲကို ခေါက်ဆွဲ ထပ်ထည့်လိုက်သည်။
နံရိုးခေါက်ဆွဲနှစ်ပန်းကန်က စားပွဲပေါ်မှာ နေရာယူထားပြီပြီဖြစ်သည်။ပေါ်ယွီက နံရိုးခေါက်ဆွဲပန်းကန်တစ်လုံးကို ခပ်မြန်မြန် စားလိုက်ပြီး ဖရဲသီးလေးကို ကျွေးဖို့အတွက် လျှောက်လာကာ ဖြောင်းဖြပြောလိုက်သည်။
" ပါးပါးက အလုပ်သွားရမှာလေ ၊ ကစားလို့မရဘူး ။ ဖရဲသီးလေးက အဲဒါကို နားလည်နိုင်ရမယ်လေ "
ဖရဲသီးလေးက အလုပ်ရဲ့အဓိပ္ပါယ်ကို မရေမရာ ဝိုးတဝါးဖြစ်နေပင်မယ့် နားလည်မှုရှိစွာပဲ ခေါင်းငြိမ့်ပြလိုက်သည်။ " တန်တန် အိမ်မှာကြောက်နေလိမ့်မယ် "
အဲဒီ မိုက်မဲတဲ့ ခွေးလေးက ဘာကိုကြောက်ရမှာလဲ ? စားတာနဲ့အိပ်တာကလွဲပြီး ဒင်းက ဘာများဂရုစိုက်လို့တုန်း ?
" ဖရဲသီးလေးလည်း မူကြိုကျောင်းမှာ ကြောက်နေလိမ့်မယ် " ဖရဲသီးလေးက ၀မ်းပန်းတနည်း ပြောလိုက်သည်။ " ပါးပါးက ကလေးလေးနဲ့ အတူတူ နေမပေးဘူး ... "
ပေါ်ယွီရဲ့ ကျောက်တုံးနှလုံးသားဟာ ချက်ချင်းပဲ အရည်ပျော်သွားတော့သည်။
ပေါ်ယွီ ခဏလောက် စဉ်းစားလိုက်ပြီး လက်ထဲက ပန်းကန်လုံးနဲ့ တူတွေကို အောက်ချလိုက်သည်။ထို့နောက် သူ အခန်းထဲကို ၀င်သွားလိုက်ပြီး ပြန်ထွက်လာခဲ့သည်။သူက သူ့ရဲ့အရင်တုန်းက ဓါတ်ပုံတစ်ပုံကို ထုတ်လာပြီး ဖရဲသီးလေးကို သူ့ရဲ့ဓါတ်ပုံပေးလိုက်သည်။ " မင်း ကြောက်တဲ့အခါ ငါ့ရဲ့ဓါတ်ပုံကြည့်လို့ရတယ် ။ ဝါး မင်းပါးပါး ဘယ်လောက်ချောလဲ ကြည့်ပါဦး "
အခု ဖရဲသီးလေး ကျေနပ်သွားပြီဖြစ်သည်။သူ့ရဲ့လက်ထဲက ဓါတ်ပုံကြောင့် သူ ပျော်ရွှင်နေသည်။ " ပါးပါး , သားပုံကရော ဘယ်မှာလဲ ? "
ပေါ်ယွီ တွေးလိုက်သည်။ " မင်း ကိုယ်တုံးလုံးနဲ့ တခစ်ခစ်ရယ်နေတဲ့ ပုံတွေလား ? စိတ်လျှော့လိုက် ငါ့သား ။ ငါကိုယ်တိုင်ရဲ့ ပေါကြောင်ကြောင် အသေးစားဗားရှင်းကို တခြားဘယ်သူ့ကိုမှ မပြနိုင်ဘူး "
ဒါပေမယ့် ပေါ်ယွီက ကလေးကို မိမိကိုယ်ကို သိက္ခာကျစေမယ့် စကားလုံးတွေကို မသိချင်ယောင်ဆောင်လိုက်ပြီး ချက်ချင်းပဲ စကားလမ်းကြောင်းလွှဲလိုက်သည်။
.
.
.
.
.
.
.
.
.
This translator has something to say
ဤ chapterတွင် ပါ၀င်သော အချို့အကြောင်းအရာများကို သိပ်နားမလည်တဲ့နေရာလည်းရှိပြီး တချို့ဟာတွေကို မြန်မာလို ဆီလျော်အောင် ရေးလိုက်ရသည့်အတွက် မူရင်းနဲ့ အနည်းငယ်ကွဲလွဲသွားတာမျိုးလည်းရှိပါသည်။ဒီtranslatorက စိတ်နဲ့ကိုယ်နဲ့ မကပ်သဖြင့် အမှားအယွင်းတစ်စုံတစ်ရာရှိပါက ဤဘာသာပြန်သူ၏အမှားသာဖြစ်ပါသည်။