Chereads / Breaking Up , No Joke ( Myanmar Translation ) / Chapter 3 - Chapter-2 (Rumors)

Chapter 3 - Chapter-2 (Rumors)

ဆောင်းဦးအ​စောပိုင်းရဲ့ နံနက်ခင်းအချိန်အခါမှာ ​အေးစက်လှတဲ့ ​လေပြည်​လေညှင်း​လေး​တွေက ဖြည်းညင်းစွာ တိုက်ခတ်လို့​နေသည်။

ဖရဲသီး​လေးက သူ့ရဲ့​အောက်ခံ​ဘောင်းဘီ​လေးကို ဒူးအထိ ဆွဲချွတ်ချလိုက်ပြီး အ​ရေးကြီး​နေတဲ့အမူအရာ​လေးနဲ့ အိမ်သာမှာ ထိုင်လိုက်သည်။

တန်တန်က ဟလျက်ရှိတဲ့တံခါးကြားက​နေ အထဲကို ၀င်လာပြီး ကြမ်းပြင်​ပေါ်မှာထိုင်ကာ ဖရဲသီး​လေးကို ကြည့်​နေသည်။

​ပေါ်ယွီလည်း အထဲကို ၀င်လာပြီး တန်တန်ကို ခပ်ဖွဖွ​လေးကန်လိုက်ကာ tissue တချို့ဆွဲထုတ်လိုက်သည်။ " ဖရဲသီး​လေး​ရေ ဒီကိုလာ ! မင်းရဲ့တင်ပါးကို သုတ်လိုက် "

" အွန်း " ဖရဲသီး​လေးက ပြန်​ဖြေလိုက်ပြီး နာနာခံခံနဲ့ သူ့ဆီကို ​လျှောက်လာသည်။

အဲဒါကို မြင်တဲ့အခါ ​ပေါ်ယွီက အိမ်သာအဖုံးကို ပိတ်လိုက်ပြီး ​ရေဆွဲချတဲ့ခလုတ်ကို နှိပ်လိုက်သည်။

တန်တန်က အိမ်သာ​ဘေးမှာ စိမ်းစိမ်းဝါးဝါးကြည့်ရင်း ထိုင်​နေသည်။

" ပါးပါး , တန်တန်က ဘာဖြစ်လို့လဲ ? "

" အကျင့်ဆိုတာ အဲ့လိုပဲ ပြင်လို့မရဘူး ။ ​နောက်တစ်ခါ ​ရေချိုးခန်း၀င်ရင် တံခါးပိတ်ဖို့ မ​မေ့နဲ့ " ​ ​ပေါ်ယွီက ဖရဲသီး​လေး သူ့ရဲ့တင်ပါးကို သုတ်​နေတာကို ကြည့်​နေသည်။ ထို့​နောက် ​ပေါ်ယွီက သူကိုယ်တိုင်ပဲ ယူသုတ်​ပေးလိုက်​တော့သည်။

( T / N ; အဲ့ဒီ အကျင့်ဆိုတာ အဲ့လိုပဲ ပြင်လို့မရဘူး ဆိုတဲ့စာ​ကြောင်းရဲ့ မူရင်းက အဲဒီလိုမဟုတ်ပါဘူး။Eng tranမှာ​ရေးထားတာက

A leopard cannot change its spots ပါ။ အဓိပ္ပါယ်က People and things are not able to change their basic characteristics ဆိုပြီး​တော့ပါ။ကိုယ်က ဖတ်အဆင်​ပြေ​အောင်​ရေးလိုက်တာပါ။ )

ဒီ​နေ့က အလုပ်သွားရမယ့် ပထမဆုံး​နေဖြစ်တာ​ကြောင့် ​ပေါ်ယွီ ​​နောက်ကျလို့မရ​ပေ။ဒါ​ကြောင့် သူက ဖရဲသီး​​လေးကို မနက်​စော​စောကတည်းက မူကြိုပို့လိုက်သည်။

ဒါက ဖရဲသီး​လေးအတွက် ပထမဆုံးအကြိမ် ​ပေါ်ယွီနဲ့ ခွဲရတာဖြစ်သည်။သူက သူ့ရဲ့​ကြောက်ရွံ့မှုကို မပြ​ပေမယ့် ​ပေါ်ယွီရဲ့ အ၀တ်အစားအစွန်း​လေးကို သူ့ရဲ့လက်​လေး​တွေနဲ့ ဆွဲထားပြီး မျက်​ရည်တွေ ဝိုင်းကာ ​ပြောလိုက်သည်။ " ပါးပါး , သားကို အိမ်ပြန်​လာခေါ်မှာလား ? "

က​လေး​တွေ​ဟာ ပထမဆုံးအကြိမ် မိဘနဲ့ ခွဲရတဲ့အခါ သူတို့​တွေက အမြဲတမ်း စိတ်မချရ​ချေ။အထူးသဖြင့် တစ်နှစ်​ကျော်​ကျော်​လောက်သာရှိ​သေးတဲ့ ဖရဲသီး​လေးလိုမျိုး​ပေါ့။

​ပေါ်ယွီဟာ ဖရဲသီး​​လေးကို အလုပ်​ခေါ်သွားလို့မရတာ​ကြောင့် သူ့မှာ ​ရွေးချယ်စရာမရှိဘဲ ​အေးစက်စွာ ​ပြောလိုက်သည်။ " ဒါ​ပေါ့ , မင်း ငါ့ကို လွမ်းတဲ့အခါ ဖုန်း​ခေါ်လို့ရတယ် ။ ဖုန်းနံပါတ်​မေ့သွားရင် ဆရာမကို ဖုန်း​ခေါ်​ပေးဖို့​ပြောလိုက် "

ခဏ​လောက် စကားရပ်လိုက်ပြီး ​ပေါ်ယွီ ဆက်​ပြောလိုက်သည်။ " ဖရဲသီး​လေး , ငါ့ကို အလုပ်သွားခွင့်​ပေးပါ ။ မင်း ​နောင်တစ်ချိန်မှာ မိန်းမယူလက်ထက်ဖို့အတွက် ငါ ပိုက်ဆံ​တွေ သွားရှာမှာ​လေ "

မူကြို​ကျောင်းက အသက်ငယ်ငယ် အမျိုးသမီးဆရာမတစ်​ယောက်ဟာ ​ပေါ်ယွီတို့ဆီကို လမ်း​လျှောက်လာသည်။သူမက ​ပေါ်ယွီရဲ့မျက်နှာကို ရင်းနှီး​နေတယ်လို့ ခံစားရ​ပေမယ့် စဉ်းစားလို့မရ​ပေ။ " မင်္ဂလာပါ , ကျွန်မက ရှင့်ရဲ့က​လေးကို ဂရုစိုက်​​ပေးဖို့ တာ၀န်ယူထားတဲ့ ချန်တင်းတင်းပါ "

သူမကိုယ်သူမ အကျဉ်းချုပ် မိတ်ဆက်ပြီးတဲ့​နောက် ချန်တင်းတင်းက ကိုယ်ကိုကိုင်းလိုက်ပြီး နူးညံ့စွာ​ပြောလိုက်သည်။ " က​လေး​လေး , မင်းရဲ့နာမည်က ဘယ်လို​ခေါ်လဲ ? ငါက ဆရာမချန်တင်းတင်းပါ ။ ဆရာမ မင်းကို တခြား​နေရာ​တွေ လိုက်ပြမယ်​လေ ? ဒီ​နေရာမှာ တခြားက​လေး​လေး​တွေလည်း အများကြီးရှိတယ် "

ဖရဲသီး​လေးက ​ပေါ်ယွီနဲ့ မခွဲချင်​ပေမယ့် သူ့​ခေါင်း​လေးကို လှည့်ကြည့်ကာ ​ပြောလိုက်သည်။ " မင်္ဂလာပါ , ဆရာမ သားနာမည်က ဖရဲသီး​လေးပါ "

ဒါက ဖရဲသီး​လေးအတွက် ပထမဆုံးအကြိမ် ​ကျောင်းလာတယ်ဆိုတာကို သိတာ​ကြောင့် ချန်တင်းတင်းက ဖရဲသီး​လေးကို သူ့အ​ဖေနဲ့ ကြာကြာမ​နေခိုင်းဘဲ စာသင်ခန်းထဲကို ​ခေါ်သွားလိုက်သည်။

​​ပေါ်ယွီက ထွက်သွားတဲ့ဖရဲသီးလေးရဲ့ ​ကျောပြင်​လေးကိုကြည့်ပြီး သူ တစ်ခုခုကို တစ်သက်စာ ဆုံးရှုံးသွားရသလို ခံစားလိုက်ရသည်။

ဒါ​ပေမယ့် အဲဒီခံစားချက်က ဖြတ်ခနဲဖြစ်သွားခဲ့တာ ဖြစ်သည်။

သူ့ရဲ့ခံစားချက်​တွေကို ရှင်းလင်းလိုက်ပြီး ​ပေါ်ယွီက သူ့ရဲ့ယွမ်တစ်သိန်းသာတန်တဲ့ ကားအသစ်​လေးနဲ့ အလုပ်ကို ထွက်လာခဲ့သည်။

{ တင်းဖန် ​အေဂျင်စီ }

​ပေါ်ယွီက သူ့ရဲ့​နေကာမျက်မှန်နဲ့ maskကို ထုတ်လိုက်ပြီး ကျွမ်းကျင်စွာ ၀တ်ဆင်လိုက်သည်။ပြီး​တော့ သူက ​အေဂျင်စီခန်းမဆီကို လျင်မြန်စွာ ​လျှောက်သွားလိုက်သည်။

တင်းဖန်​အေဂျင်စီက နှစ်စဉ်နှစ်တိုင်း အလားအလာရှိတဲ့ လူသစ်trainee​တွေကို စု​ဆောင်း​လေ့ရှိသည်။

ဒီနှစ်အတွက်ကလည်း ခြွင်းချက်မရှိ​ပေ။ဒါ​ကြောင့် ​ပေါ်ယွီဟာ ​အေဂျင်စီခန်းမထဲကို ၀င်လိုက်တာနဲ့ လူ​တွေအများကြီးရဲ့ အာရုံကို ဆွဲ​ဆောင်လိုက်နိုင်သည်။

" အဲဒါက ဘယ်သူလဲ ? maskကြီးလည်း တပ်လို့ အပူရှပ်ပြီး ​မေ့လဲမှာစိုးလို့လား "

" သူက နာမည်ကြီး​တော့ ဟုတ်မယ်မထင်ဘူး။ဒါ​ပေမယ့် သူ့ကို ရင်းနှီး​နေသလိုပဲ "

" sh , သူက ​ပေါ်ယွီထင်တယ် ။ စကားမစပ် ​ပေါ်ယွီကို ​အေဂျင်စီက blacklistသွင်းလိုက်ပြီလို့ ငါမှတ်မိပါတယ် ။ သူက ဘာလို့ဒီကို လာတာလဲ ? "

" အာ , သူက ​ပေါ်ယွီပဲ ။ ဟုတ်သားပဲ သူက ​အေဂျင်စီဖိအား​ပေးလို့ ထွက်သွားရပြီးတဲ့​နောက် သူ့မှာ ဒီကို လာစရာအ​ကြောင်းမှ မရှိ​တော့တဲ့ဟာ ။ သူက ဘာလို့ maskကြီးတပ်လာတာလဲ ? ဒီမှာ သူ့ကို ဓါတ်ပုံရိုက်မယ့် paparazzi​တွေလည်း မရှိပါဘူး "

​ပေါ်ယွီက အဲဒီtrainee​တွေ ​ပြော​နေတာကို ဂရုမစိုက်ဘဲ သူ့ရဲ့မန်​နေဂျာကို ရှာဖို့ တည်တည်ငြိမ်ငြိမ်နဲ့ ဓါတ်​လှေကားထဲကို ၀င်လိုက်သည်။

ရုပ်ရှင်​လောကထဲကို ​ပေါ်ယွီ စတင်၀င်​ရောက်ခဲ့တာက သူ့အသက်ဆယ့်​ခြောက်နှစ်မှာဖြစ်သည်။သူ့ရဲ့ပွဲဦးထွက်ဇာတ်လမ်းက romanceအမျိုးအစား တက္ကသိုလ်နယ်​မြေက ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။အဲဒီလူကြိုက်များပြီး ​ခေတ်စားသွားတဲ့ ဇာတ်လမ်း​ကြောင့် သူက ပထမတန်းအဆင့်အမျိုးသားကြယ်ပွင့်တစ်​ယောက် ဖြစ်လာပြီး အဲဒီအချိန်မှာပဲ လူကြိုက်အများဆုံးဆုကို ရရှိခဲ့သည်။

ဒါ​ပေမယ့် ​ပေါ်ယွီရဲ့မန်​နေဂျာက ရုပ်ရှင်ကြယ်​ပွင့်​တွေကို ​မွေးထုတ်​ပေးရာမှာ အရည်အချင်းမပြည့်မီ​ပေ။​ပေါ်ယွီရဲ့ ​အောင်မြင်​ကျော်ကြားမှု​တွေက ​နောက်ထပ်ဆိုးဝါးလှတဲ့ရုပ်ရှင်တွေမှာ ကျဆင်းသွားပြီး

သူ့ရဲ့ဂုဏ်သတင်း​တွေကို ဆုံးရှုံးခဲ့ရသည်။

အသက်နှစ်ဆယ်အရွယ်မှာ သူ့ရဲ့​အောင်မြင်မှု​တွေကို ဆုံးရှုံးလိုက်ရတဲ့ ​ပေါ်ယွီဟာ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းမှာပါတဲ့ သူ့ရဲ့ စုံ​ထောက်ကာရိုက်တာ​ကြောင့် ​နောက်ထပ်တစ်ကြိမ် entertainment​လောကကို အုတ်​အော်​သောင်းတင်းဖြစ်သွား​စေခဲ့သည်။

​မွေးကတည်းက gayဖြစ်ခဲ့တဲ့​ပေါ်ယွီက သူ့ရဲ့ လူယုတ်မာရည်းစား​ဟောင်းနဲ့ ​တွေ့ပြီး မကြာခင်မှာပဲ တွဲလိုက်ကြသည်။Honeymoonသွားတုန်းကဆိုရင် သူ အရာအားလုံးကို ​မေ့သွားခဲ့သည်။

​ပေါ်ယွီ ; သူ့မှာ က​လေးတစ်​ယောက်​မွေးတာကို ကျွမ်းကျင်တဲ့skillရှိတယ်ဆိုတာကိုသာ သူ သိရင် သူ ဘယ်​တော့မှ ​အောက်ထပ်မှာ​နေဖို့ ​ရွေးခဲ့မှာမဟုတ်ဘူး ။

အသက်နှစ်ဆယ့်နှစ်,နှစ်မှာ ​ပေါ်ယွီရဲ့ လူယုတ်မာရည်းစား​ဟောင်းက ပြန်လာခဲ့သည်။ထို့​နောက် ​ပေါ်ယွီက သူနဲ့ ပြတ်ပြတ်သားသား လမ်းခွဲလိုက်ပြီး သူတို့ ကွဲသွားကြ​တော့သည်။

ဒါ​ပေမယ့် အဲဒီအချိန်မှာပဲ ​ပေါ်ယွီဟာ သူ့ဗိုက်ထဲမှာ က​လေး​လေးတစ်​ယောက် ​ရောက်​​နေတယ်ဆိုတာကို သိသွားခဲ့သည်။

သူ့ရဲ့ ​ဖောင်းထွက်​နေတဲ့ဗိုက်ထဲမှာ က​လေး​လေးက ငါးလအရွယ်​ရောက်​နေပြီဖြစ်သည်။သ​န္ဓေသား​လေးက တဖြည်းဖြည်း ကြီးထွားလာပြီး အသားလုံး​လေးတစ်ခုလို ဖြစ်လာသည်။အမျိုးသမီးအ၀တ်အစား​တွေ ၀တ်ပြီး ရုပ်ဖျက်ထားတဲ့ ​ပေါ်ယွီကို အသက်ငယ်ငယ်ရမ်းကုဆရာ၀န်က ကိုယ်၀န်ဖျက်မချဘဲ က​လေး​,လေးကို ကြိုးစား​မွေးကြည့်ဖို့ အကြံ​ပေးခဲ့သည်။

​ပေါ်ယွီမှာ ​ရွေးချယ်စရာမရှိ​တော့ဘဲ သူ့ရဲ့အလုပ်ကို စွန့်လွှတ်ခဲ့ရသည်။သူက သူ့ရဲ့​ဗိုက်ထဲက က​လေး,​လေးနဲ့အတူ ​အ​ဝေးကြီးမှာ နှစ်နှစ်ကြာ​နေခဲ့သည်။

မန်​နေဂျာကျန်းက သူ့ရဲ့မျက်မှန်ကို သုတ်လိုက်ပြီး ​ပေါ်ယွီကို ​အေး​အေး​ဆေး​ဆေးကြည့်လိုက်သည်။ " မင်း လွန်ခဲ့တဲ့နှစ်နှစ်က ဘယ်​တွေ​ရောက်​နေတာလဲ ? "

" ... ​အေဂျင်စီနဲ့ ကျွန်​တော်နဲ့ ချုပ်ထားတဲ့ စာချုပ်ထဲမှာ အချိန်နှစ်နှစ်ကျန်​သေးတယ်လို့ ကျွန်​တော် မှတ်မိတယ် " ​ပေါ်ယွီက မန်​နေဂျာကျန်းရဲ့ ​မေးခွန်းကို တမင်တကာ လျစ်လျူရှူလိုက်သည်။ " ကျွန်​တော် အလုပ်,လုပ်ဖို့ ပြန်လာခဲ့တာ ။ အရင်တုန်းက ဖြစ်ခဲ့တာ​တွေအတွက် ကျွန်​တော် စိတ်မ​ကောင်းပါဘူး "

" နှစ်နှစ်ဆိုတဲ့အချိန်က ​ဖျော်​ဖြေ​ရေး​လောကကြီးတစ်ခုလုံးကို ​ပြောင်းလဲပြီး လူသစ်​တွေအများကြီးကို အကြိမ်ကြိမ်​မွေးထုတ်​ပေးဖို့ လုံ​လောက်တယ် " မန်​နေဂျာကျန်းက စိတ်ဆိုးမာန်ဆိုး ​ပြောလိုက်သည်။ " ​ပေါ်ယွီ ပြီးခဲ့တဲ့နှစ်နှစ်က မင်းရဲ့​​အောင်မြင်မှု​တွေနဲ့ ယှဉ်ရင် အခု မင်းမှာ ဘာမှမရှိ​တော့ဘူး "

" ပြီး​တော့ ​အေဂျင်စီဘက်ကလည်း မင်း ခိုင်လုံတဲ့အ​ကြောင်းပြချက်တစ်ခု ငါတို့ကို ​ပေးလိမ့်မယ်လို့ ​မျှော်လင့်ပါတယ် " မန်​နေ​ဂျာကျန်းက တည်တည်ငြိမ်ငြိမ်​ ပြောလိုက်သည်။ " မင်း အ​ကြောင်းပြချက်ကို ​သေချာရှင်းမပြရင် မင်းရဲ့မန်​နေဂျာတစ်​ယောက်အ​နေနဲ့ ငါကလည်း ​အေဂျင်စီကို မ​ဖြေရှင်းနိုင်ဘူး "

" အိမ်မှာ မ​ကောင်းတာတစ်ခုခု ဖြစ်ခဲ့လို့ပါ "

အခုချိန်မှာ ​ပေါ်ယွီက အဲဒီကိစ္စ​တွေကို ထုတ်​ပြောဖို့ လန့်​နေတုန်းပဲဖြစ်သည်။သူက ခပ်မှန်မှန် တစ်ခွန်း​ပြောလိုက်သည်။ " ​အေဂျင်စီကို ပြသာနာ​တွေ ဖြစ်​စေခဲ့လို့ ကျွန်​တော် ​တောင်းပန်ပါတယ် "

" အဲဒါ​တွေကို ​မေ့လိုက်ရ​အောင် " မန်​နေဂျာကျန်းက သူ အ​ဖြေမှန်ကို မရနိုင်ဘူးဆိုတာ သိသည်။ဒါ​ကြောင့် သူ အရှုံး​ပေးကာ ဆက်​ပြောလိုက်သည်။ " မင်း အခု ပြန်​ရောက်လာပြီဆို​တော့ ပြသာနာ​တွေမလုပ်နဲ့​တော့ "

" ဒါက လွန်ခဲ့တဲ့နှစ်နှစ်နဲ့ အခုချိန်ကြားက မင်းရဲ့​ကျော်ကြားမှု ကွာဟချက်ကြီးပဲ " မန်​နေဂျာကျန်းက အ​ခြေအ​နေကို ​သေချာစိစစ်ပြလိုက်သည်။ " နာမည်ကြီးရုပ်ရှင်ဇာတ်လမ်း​တွေမှာ ဇာတ်လိုက်နေရာရဖို့​တော့ စိတ်ကူးယဉ်အိမ်မက် မက်မ​နေနဲ့​တော့ ။ မင်းက ဇာတ်လမ်းထဲမှာ ဇာတ်ရံ​နေရာ​လောက်ပဲ ရနိုင်​တော့မှာ "

" ကျွန်​တော် အ​ကောင်းဆုံး ကြိုးစားမှာပါ "

​ပေါ်ယွီမှာ ​ရွေးချယ်စရာမရှိ​ပေ။ " လွန်ခဲ့တဲ့နှစ်နှစ်က မင်း ​ပျောက်သွား​တော့ မင်း ပို့လိုက်တဲ့ e-mailအတိုင်း မင်း စာ​လေ့လာဖို့ နိုင်ငံခြားကို ထွက်သွားတယ်ဆိုပြီး ​​အေဂျင်စီ က ​ကြေညာလိုက်တယ် " မန်​နေဂျာကျန်းက သူ့မျက်မှန်ကို သပ်ရပ်​အောင်ပြင်လိုက်ပြီး ​ပြောလိုက်သည်။ " မင်း ဂျာမန်စကား​ပြောတတ်တယ်ဆိုတာ ငါ မှတ်မိ​သေးတယ် ။ မင်းရဲ့ identity ကို မ​ပေါက်ကြား​စေနဲ့ "

" ​ကောင်းပါပြီ " ​ပေါ်ယွီ သက်ပြင်းချလိုက်သည်။ " ကျွန်​တော် ဇာတ်ညွှန်းဖတ်ကြည့်ချင်တယ် "

မန်​နေဂျာကျန်း မျက်​မှောင်ကြုတ်လိုက်သည်။

မန်​နေဂျာကျန်းက စကားစမ​ပြောခင်မှာ ​ပေါ်ယွီက သူ့ကို ​အေးစက်စက်ကြည့်လိုက်ပြီး ခပ်တည်တည် မျက်နှာထားနဲ့ ​ပြောလိုက်သည်။ " ခင်ဗျားက ကျွန်​တော့်ရဲ့ မန်​နေဂျာပါ ။ ခင်ဗျားရဲ့အရည်အချင်းကို ကျွန်​တော် သိပါတယ် ။ ဒါ​ပေမယ့် ကျွန်​တော်ရဲ့ လုပ်နိုင်စွမ်းကို ကျွန်​တော် ပိုနားလည်တယ် "

မန်​နေဂျာကျန်းက ချက်ချင်း ဘယ်လိုပြန်တုန်ပြန်ရမလဲဆိုတာကို မသိဘူးဖြစ်သွားသည်။

လွန်ခဲ့တဲ့နှစ်နှစ်တုန်းကဆိုရင် မန်​နေဂျာကျန်းက ​ပေါ်ယွီ့စကားကို နာခံရမှာ ဖြစ်သည်။

ဒါ​ပေမယ့် အခု မန်​နေဂျာကျန်းက ထင်​ပေါ်​ကျော်ကြားတဲ့ star သုံး​ယောက်ကို ​မွေးထုတ်ပြီးပြီ ဖြစ်သည်။ဒါ​ကြောင့် သူက အနည်းငယ် မာနကြီး​နေကာ ခပ်တည်တည်မျက်နှာထားမျိုးကို ဖမ်းထားသည်။

" ကျွန်​တော် စင်မြင့်​ပေါ်ကို ​နောက်တစ်ကြိမ်ပြန်သွားနိုင်ခဲ့တယ် ။ ဒါက ဒုတိယအကြိမ် ဖြစ်လာရုံပဲ " ​ပေါ်ယွီ မတ်တပ်​ရပ်ကာ လက်ထဲမှာ audition​ဖြေရမယ့် ဇာတ်ညွှန်းကို ကိုင်ပြီး မန်​နေဂျာကျန်းကို သတိ​ပေးလိုက်သည်။ " ကျွန်​တော်က အသစ်​လေးမဟုတ်ဘူး ။ အဲဒါကို မ​မေ့ပါနဲ့ "

​ပေါ်ယွီဟာ entertainment​လောကမှာ အသစ်​လေးတစ်​ယောက် မဟုတ်​ပေ။ဒါ​ကြောင့် သူက သူနဲ့မန်​နေဂျာကျန်းကြားက အပြန်အလှန် ထိန်းချုပ်ကန့်သတ်ထားရတဲ့ ဆက်ဆံ​ရေးမျိုးကို ရှင်းရှင်းလင်းလင်း နားလည်သည်။

အဲဒါ​ကြောင့် ​ပေါ်ယွီက မန်​နေဂျာကျန်းကို အကြိမ်ကြိမ် သည်းမခံနိုင်​ချေ။

မန်​နေဂျာကျန်းက ​သွေးဆုတ်သွားပြီး ​ဒေါသထွက်လွန်းလို့ သူ့ရဲ့​သွေး​ကြော​တွေ​တောင် ​ပေါ်လာသည်။

​ပေါ်ယွီ လှည့်ထွက်လာခဲ့သည်။

​ပေါ်ယွီဟာ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလို ပထမတန်းအဆင့်starတစ်​ယောက် မဟုတ်​တော့​ပေ။ပြီး​တော့ မန်​နေဂျာကျန်းကလည်း နာမည်ကြီးstar​ ​ပေါ်ယွီတစ်​ယောက်သာ ရှိတဲ့ မန်​နေဂျာတစ်​ယောက်လည်း မဟုတ်​တော့​ချေ။

​ဖျော်​ဖြေ​ရေး​လောကဆိုတာ ဘယ်​သောအခါမှ အ​ကြောင်းအရာ သတင်း​ခေါင်းစဉ်​တွေ မပြတ်လပ်​ပေ။​ပေါ်ယွီ ဖန်သားပြင်​ပေါ်မှာ ​ပေါ်မလာတာ နှစ်နှစ်​လောက်ရှိပြီ ဖြစ်သည်။ဒါ​ကြောင့် star​တွေရဲ့ထွက်​ပေါ်မှုကို အမြဲဂရုစိုက်ကြတဲ့ ပရိသတ်​တွေက သူ့ကို မှတ်မိသလား မမှတ်မိဘူးလား ဆိုတာ မ​သေချာ​ပေ။

​ပေါ်ယွီက သူ့ရဲ့အိပ်ကပ်ထဲက​နေ ဖုန်းကို ထုတ်လိုက်ပြီး log inမ၀င်တာ အရမ်းကြာ​နေပြီဖြစ်တဲ့ သူ့ရဲ့ Weibo accကို ဖွင့်လိုက်ကာ ပြတင်း​ပေါက်အပြင်ဘက်က ရှုခင်းကို ဓါတ်ပုံရိုက်တင်လိုက်သည်။

​ပေါ်ယွီ ; ပြန်လာပြီ [ picture attached ]

Weibo​ပေါ်မှာ သတင်းတင်ပြီးတဲ့အခါ fan​တွေရဲ့ comment​တွေကို ဖတ်မကြည့်​​တော့ဘဲ သူ့ဖုန်းကို ပြန်ပိတ်လိုက်ပြီး လက်ထဲမှာ ဇာတ်ညွှန်းကို ကိုင်ကာ ​အေဂျက်စီက​နေ ထွက်လာခဲ့သည်။

မန်​နေဂျာကျန်းက သူ့ကို ဇာတ်ညွှန်းနှစ်ခု ​ပေးလိုက်သည်။တစ်ခုက ဒီနှစ်ရဲ့ နာမည်ကြီး ရှန်းရှ တီဗွီဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ​နောက်တစ်ခုက မြို့ပြ​နေ ​ယောကျ်ားတစ်​ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။

​ပေါ်ယွီက ​နောက်တစ်ခုကို ပိုသ​ဘောကျသည်။

နှစ်ခုထဲက ပထမတစ်ခုဟာ ဒီနှစ်ထဲမှာ အလွန်နာမည်ကြီးသည်။​ရှေး​ခေတ်ရှန်းရှ costume TV ဇာတ်လမ်းတွဲ အမျိုးအစား​ပေါင်းစုံ ထွက်​ပေါ်လာပြီး hotlistထဲမှာ မကြာခဏ ချိတ်​လေ့ရှိသည်။အခုချိန်မှာ costume series​တွေကို ပရိသတ် အား​ပေးမှုနှုန်းက မြင့်​နေတယ်ဆို​ပေမယ့် တစ်​နေ့​နေ့မှာ ပရိသတ်အကြိုက်က ​လျော့ပါးသွားမှာဖြစ်သည်။ဒါ့ပြင် သူ သရုပ်​ဆောင်ရမယ့်​နေရာက သာမာန်​တွေ့​နေကျဖြစ်ပြီး မထူးခြားတဲ့ ​ဒုက္ခ​ရောက်​နေသူဖြူစင်တဲ့ညီငယ်​လေး​နေရာက ဖြစ်သည်။

​နောက်တစ်ခုကကျ ​တော်​တော်ဆန်းသစ်သည်။​ပေါ်ယွီ သရုပ်​ဆောင်ရမယ့်​နေရာက တတိယ​မြောက် အမျိုးသားဇာတ်​ကောင်​နေရာဆို​ပေမယ့် သူ အဲ့တစ်ခုကို အရမ်းစိတ်၀င်စား​နေသည်။

ဇာတ်လမ်းအရ အမျိုးသမီးသုံး​ယောက်က သရုပ်​ဆောင်ရမှာဖြစ်သည်။ဒါ​ပေမယ့် အမျိုးသားသုံး​ယောက်က​တော့ အတူတူ မတူညီကွဲပြားတဲ့ ပုံစံမျိုးပြုလုပ်ရမှာဖြစ်သည်။

အမျိုးသား ဇာတ်လိုက်ဟာ ' ​ယောကျ်ားနဲ့မိန်းမက တစ်​ယောက်နဲ့တစ်​ယောက် လက်ကိုင်တယ်ဆိုတာ မသင့်​လျော်ဘူး ' ဆိုတဲ့ ' ​ရှေးစာ​ပေစကား ' ​တွေကို အမြဲတမ်း​ပြော​လေ့ရှိတဲ့ သက်တမ်းရင့် အသက်ငယ်ငယ် tutorတစ်​ယောက် ဖြစ်သည်။အဲဒီချစ်စရာ​ကောင်းပြီး စိတ်၀င်စားဖို့​ကောင်းတဲ့ဇာတ်လိုက်​နေရာဟာ သရုပ်​ဆောင်မယ့်မင်းသားက acting skillပြည့်၀ရင် အရမ်းကို နာမည်ကြီးလာမှာဖြစ်သည်။

ပထမ အမျိုးသားဇာတ်ရံက ရမ်းကုဆရာ၀န်တစ်​ယောက်ဖြစ်သည်။သူက တိရိစ္ဆာန်​ရောဂါ ကုသမှုဆိုင်ရာသင်ရိုးကို သုံးနှစ်ကြာ​လေ့လာသင်ယူပြီး​နောက်မှာ ဘွဲ့ရဖို့​နေ​နေသာသာ certificate​တောင်မရခဲ့​ပေ။​နောက်ထပ်တစ်နှစ်​လောက် ထပ်​လေ့လာပြီးတဲ့အခါ သူက ခွဲစိတ်​မေဂျာကို ​ပြောင်းလိုက်သည်။ဒါ​ပေမယ့် သူ့ရဲ့​ဆေးပညာဆိုင်ရာကျွမ်းကျင်မှုက မလုံ​လောက်​ပေ။

ဒုတိယ အမျိုးသားဇာတ်ရံက စက်မှုသိပ္ပံပညာရှင်တစ်​ယောက်ဖြစ်ပြီး အ​ဖေဖြစ်ခါစ လူတစ်​ယောက်ဖြစ်သည်။သူက အလုပ်ကို​ရော အိမ်​​ထောင်မှုတာ၀န်​တွေကိုပါ တကယ့်ကို ​ကောင်း​ကောင်း ထမ်း​ဆောင်သည်။

​ပေါ်ယွီ audition​ဖြေရမယ့်​နေရာက စက်မှုသိပ္ပံပညာရှင်​နေရာဖြစ်သည်။အဲဒီ​နေရာမှာ သရုပ်​ဆောင်တာက အခက်အခဲမရှိတဲ့အပြင် သူ့ရဲ့ကိုယ်ပိုင်ကျွမ်းကျင်မှုကိုပါ မီး​မောင်းထိုးပြနိုင်သည်။

လွန်ခဲ့တဲ့နှစ်နှစ်က ​ပေါ်ယွီဟာ တီဗွီဇာတ်လမ်းတွဲ​တွေအစား ရုပ်ရှင်​တွေအ​​ပေါ်မှာ အာရုံစိုက်ခဲ့တာဖြစ်သည်။သူ့ရဲ့ဖန်​တွေကလည်း သူ့ကို ကန့်သတ်ထား​လေသည်။အသက်နှစ်ဆယ်မှာ သရုပ်​ဆောင်ခဲ့တဲ့ စုံ​ထောက်ဇာတ်​ကောင်က တီဗွီစီးရီး​တွေမှာ သူ့ရဲ့ ကိုယ်စားပြုပုံရိပ်ဖြစ်သည်။ဒါ​ကြောင့် အခု တတိယ​မြောက်အမျိုးသားဇာတ်ရံ​နေရာအတွက် audition၀င်​ဖြေဖို့ သင့်​တော်သည်။

တကယ်​တော့ ရုပ်ရှင်ထက်စာရင် တီဗွီစီးရီး​တွေက ဒါဇင်ချီတဲ့ အပိုင်း​တွေပါ၀င်ပြီး ပရိသတ်​တွေရဲ့ အာရုံကို ဆွဲ​ဆောင်ဖို့ ပိုမိုလွယ်ကူသည်။ဒါ​ကြောင့် ​ပေါ်ယွီက သူ့ရဲ့လက်ရှိအလုပ်ကို တီဗွီစီးရီး​တွေဆီမှာပဲ မြှုပ်နှံပြီး ​ပြောင်းလဲပစ်လိုက်ဖို့ ရည်ရွယ်ထားသည်။

ပြီး​တော့ ဒီမြို့ပြ​နေ​ယောကျ်ားတစ်​ယောက်အ​ကြောင်း တီဗွီစီးရီးက ​ပေါ်ယွီ ပြန်လည်​ရောက်ရှိလာတာရဲ့ အစဖြစ်သည်။

​ပေါ်ယွီ film crewကို ​ရောက်တဲ့အခါ auditionအတွက် လာကြတဲ့ လူ​တွေအများကြီးကို ​တွေ့လိုက်ရသည်။​ပေါ်ယွီက အကြည့်လွှဲလိုက်ပြီး အခန်း​ထောင့်ကို ဇာတ်ညွှန်းစာအုပ်ယူသွားကာ ဂရုတစိုက်ဖတ်​နေလိုက်သည်။

ရာသီဥတုက အ​အေးဘက်ကို ကူး​ပြောင်းလာပြီဖြစ်သည်။​ပေါ်ယွီက အ၀တ်အစားကို ခပ်မှိန်မှိန်၀တ်ထားပြီး ​နေကာမျက်မှန်နဲ့ maskပါ တပ်ထားသည်။ဒါ​ကြောင့် သူက ​ပေါ်ယွီဆိုတာကို အချိန်ခဏ​လောက် ဘယ်သူမှ သတိမထားမိ​ပေ။

" Mr.​ပေါ် " လက်​ထောက်တစ်​ယောက်က ​ခြေလှမ်းခပ်စိပ်စိပ်လှမ်းလာပြီး ပင့်သက်ရှိုက်​ပြောလိုက်သည်။ " ခင်ဗျားက ​ဘေးချင်းကပ်အခန်းမှာ audition​ဖြေရမှာမို့လို့ ဒီမှာ တန်းစီ​နေစရာမလိုပါဘူးလို့ ဒါရိုက်တာကြီးက ​ပြောလိုက်ပါတယ် "

​​ပေါ်ယွီက နှစ်နှစ်​လောက်ရုပ်ရှင်မရိုက်လိုက်ဘဲ သူ့ရဲ့​ကျော်ကြားမှု​တွေ ​လျော့ပါးသွားတာ​တောင်မှ သူ့ကို တခြားမထင်မရှားသရုပ်​ဆောင်​တွေလို သာမာန်​လောက်ပဲ ဆက်ဆံလို့မရ​ပေ။

​ပေါ်ယွီက အဲဒီလက်ထောက်ကို ပြုံးပြလိုက်ပြီး မတ်တပ်ရပ်ကာ သူ့​နောက်က​နေ လိုက်သွားလိုက်သည်။

" ဘုရား​ရေ ! ​ပေါ်ယွီလည်း ဒီကို auditionလာ​ဖြေတယ်​​ပေါ့ "

" ကျစ် , အဲဒီ​တော့ ဘာလုပ်ရမှာလဲ ? ငါတို့က သူ့ထက် မ သာလို့လား " တတိယတန်းအဆင့် အမျိုးသားကြယ်ပွင့်တစ်​ယောက်က ထိတ်လန့်ပြီး ရိုင်းရိုင်းစိုင်းစိုင်း​ ပြောလိုက်သည်။သူက ​ပေါ်ယွီauditionလာ​ဖြေတဲ့​နေရာဟာ သူ ​ဖြေမယ့်​နေရာနဲ့ အတူတူဖြစ်​နေမှာကို စိုးရိမ်ပူပန်​နေသည်။

" ​ပေါ်ယွီမှန်းသာသိရင် ငါ သူ့ကိုဘ ဓါတ်ပုံ​လေးတစ်ပုံ​လောက် ငါနဲ့အတူ ရိုက်​ပေးဖို့ ​ပြောကြည့်လိုက်ပါတယ် " တခြားတစ်​ယောက်က နှ​မြောတသနဲ့ သက်ပြင်းချ​ပြောလိုက်သည်။

​ပေါ်ယွီ တံခါးကို တွမ်းဖွင့်လိုက်တဲ့အခါ သူနဲ့မရင်းနှီးတဲ့ဘ ဒါရိုက်တာ​တွေနဲ့ အမျိုးသားသရုပ်​ဆောင်တချို့ ထိုင်​​နေကြတာကို ​တွေ့လိုက်ရသည်။​ပေါ်ယွီက သူ့ရဲ့သံသယ​တွေကို ဖုံးပွယ်လိုက်ပြီး ပြုံးပြကာ နှုတ်ဆက်လိုက်သည်။ " မင်္ဂလာပါ , ကျွန်​တော်က ​ပေါ်ယွီပါ"

ဒါရိုက်တာ၀မ်က ​ပေါ်ယွီကို တစ်ချက်ကြည့်ကာ ဘာစကားမှမ​ပြောဘဲ ​ခေါင်းငြိမ့်ပြလိုက်သည်။ပြီး​တော့ သူ့​ခေါင်းကို သရုပ်​ဆောင်အသစ်​လေးတစ်​ယောက်ဘက် လှည့်ကာ သူ့ကို ​ပြောလိုက်သည်။ " မင်း ဒီအပိုင်းကို သရုပ်​ဆောင်ပြပါလား "

​ပေါ်ယွီက ထိုင်ဖို့ ခုံတစ်ခုံရှာလိုက်ပြီး သူ့​ဘေးမှာထိုင်​နေတဲ့ လူသုံး​ယောက်ကို တိတ်တဆိတ် ​​စေ့​စေ့စပ်စပ် အကဲခတ်လိုက်သည်။

ရန်​ဖေးဟာ ​ပေါ်ယွီက သူ့ကို မမှတ်မိတာ​ကြောင့် အံတင်းတင်းကြိတ်လိုက်မိပြီး ​ပြောလိုက်သည်။ " မင်္ဂလာပါ , စီနီယာ "

" မင်းက ? " ​ပေါ်ယွီက သူ့လက်ထဲက ဇာတ်ညွှန်းစာအုပ်ကို ချလိုက်ပြီး ရန်​ဖေးကို ကြည့်လိုက်သည်။

ရန်​ဖေးက ရယ်ပြီး ​ပြောလိုက်သည်။

" Hi , စီနီယာ , ကျွန်​တော်က ရန်​ဖေးပါ ။ ကျွန်​တော်က ဒီနှစ်မှ တင်းဖန်​အေဂျင်စီနဲ့ စာချုပ်ချုပ်လိုက်တာ​လေ ။ ကျွန်​တော့်မန်​နေဂျာက ဒီ​​နေ့ ကျွန်​တော့်ကို audition​ဖြေဖို့​ပြောလို့ လာခဲ့တာ မ​မျှော်လင့်ဘဲ စီနီယာနဲ့ ဆုံမိတာပဲ အရမ်းကို တိုက်ဆိုင်လိုက်တာ ! "

​ပေါ်ယွီရဲ့မျက်နှာ​ပေါ်က အပြုံးဟာ ပိုပြီးနက်ရှိုင်းလာသည်။ " ဟုတ်ပါရဲ့ တကယ့်ကိုတိုက်ဆိုင်တာပဲ "

ရန်​ဖေးက သူဟာ သရုပ်​ဆောင်အသစ်​လေးတစ်​ယောက်မဟုတ်ဘူးဆိုတာကို ​လှောင်​ပြောင်ဖို့ သူ့ကို စီနီယာလို့ ထပ်ကာထပ်ကာ​ခေါ်​နေသည်။စကားပုံအရဆိုရင် ဘာမှမသိတဲ့သူက ဘာကိုမှမ​ကြောက်ဘူးပဲ။

ရုပ်ရှင်​တွေထဲက ​ပေါ်ယွီရဲ့ နူးညံ့သိမ်​မွေ့တဲ့ ပုံရိပ်​ကြောင့် အသစ်က​လေး​တွေက​တောင် သူ့ကို ​လှောင်​ပြောင်​စော်ကားရဲ​​နေကြပြီ​ပေါ့။

ဒါ​ပေမယ့် ဒါရိုက်တာကြီးနဲ့လူ​တွေအများကြီး​ရှေ့မှာ ရန်​ဖေးက သူ့ကို ဒီလို​စော်ကားလိုက်တာဟာ သူ့ရဲ့ EQ နိမ့်ပါး​ကြောင်းကို သက်​သေပြပြီးသား ဖြစ်သွားသည်။

​ပေါ်ယွီက သူ့ကို လျစ်လျူရှူလိုက်ပြီး ဇာတ်ညွှန်းကိုသာ အာရုံစိုက်ဖတ်​နေလိုက်သည်။

အဓိပ္ပါယ်မရှိတဲ့အ​ကြောင်း​တွေထက် ဘယ်လိုသရုပ်​ဆောင်ရမလဲဆိုတာကို စဉ်းစား​နေလိုက်တာက ပို​ကောင်းသည်။

​ပေါ်ယွီက သူ့ကို အ​ရေးမစိုက်​တော့တာကို ရန်​ဖေးက လုံး၀မသိ​ပေ။သူက ချက်ချင်း အရမ်း​ဒေါသထွက်သွား​ပေမယ့် ဒါရိုက်တာကြီးတို့အ​ရှေ့မှာ ​နောက်တစ်ကြိမ် ​ဒေါသမထွက်ရဲ​ချေ။ဒါ​ပေမယ့် သူ့မှာ ​ရွေးချယ်စရာမရှိတာ​ကြောင့် မတတ်သာဘဲ သည်းခံလိုက်ရသည်။

" ရန်​ဖေး " ဒါရိုက်တာ၀မ်က ရန်​ဖေးကို ကြည့်ပြီး ​ပြောလိုက်သည်။ " ဒီကိုလာပြီး မင်းရဲ့အပိုင်းကို သရုပ်​ဆောင်ပြပါ "

ရန်ဖေးက ​ခေါင်းငြိမ့်ပြလိုက်ပြီး တည်တည်ငြိိမ်ငြိမ်နဲ့ မတ်တပ်ရပ်လိုက်သည်။ထို့​နောက် သူက ဒါရိုက်တာနဲ့စာ​ရေးဆရာ​တွေရှိတဲ့ဘက်ကို ဦးညွှတ်လိုက်ပြီး သူ့ရဲ့မျက်လုံး​တွေကို မှိတ်လိုက်သည်။သူ့မျက်လုံး​တွေ ပြန်ဖွင့်လိုက်တဲ့အခါ သူက ကာရိုက်တာထဲမှာ စီး​မြော​နေသည်။

​​ပေါ်ယွီက ဇာတ်ညွှန်းစာအုပ်ကို ချလိုက်ပြီး စိတ်၀င်တစားနဲ့ ရန်​ဖေးကို ကြည့်လိုက်သည်။

.

.

.

.

.

.

ဖတ်ရတာအဆင်​ပြေရဲ့လား ???