Chereads / Breaking Up , No Joke ( Myanmar Translation ) / Chapter 2 - Chapter-1(Break Up)

Chapter 2 - Chapter-1(Break Up)

တစ်လောကလုံးမှာ ကံအဆိုးဆုံးလမ်းခွဲခြင်းက မင်း တစ်စုံတစ်​ယောက်နဲ့ လမ်းခွဲပြီးသွားတဲ့အချိန်မှာ က​လေး​လေးတစ်​ယောက်က မင်းရဲ့ဗိုက်ထဲမှာ ရှိ​နေတာပဲ။

​ပေါ်ယွီ သူ့ရဲ့စီးကရက်ကို ရှိုက်လိုက်ကာ ဖြည်းညင်းစွာ မီးခိုး​တွေကို မှုတ်ထုတ်လိုက်ပြီး အိပ်ရာ​ပေါ်မှာ လှဲ​နေတဲ့ က​လေး​လေးကို နက်နက်ရှိုင်းရှိုင်းကြည့်​နေမိသည်။

နှစ်နှစ်ကြာပြီးတဲ့​နောက်မှာ သူ ​နောက်ဆုံး​တော့ ပြန်လာခဲ့ပြီ။

ဟိုးအရင်အစတုန်းက သူ က​လေးတစ်​ယောက်ကို ​မွေးတဲ့အခါ ဘယ်လိုတုန်းလို့ စဉ်းစားမိသည်။

Fuck !

သူ့ရဲ့အရင်ရည်းစား​ဟောင်းကြီးက သူ့ကို ဒီလိုမျိုး "SURPRISE" အကြီးကြီး​ပေးလိုက်လိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်​ပေ။

ဒါ​ကြောင့် သူ့ဗိုက်ထဲမှာ က​လေး​လေးတစ်​ယောက်ရှိ​နေပြီလို့ သူ သိလိုက်ပြီး​နောက်မှာ ​ပေါ်ယွီဟာ တခြား​ရွေးချယ်စရာမရှိဘဲ သူ ဆယ်စုနှစ်ပေါင်းများစွာ​နေထိုင်ခဲ့တဲ့ ဟွာမြို့​တော်က​နေ အလျင်အမြန် ပုန်း​ရှောင်ခဲ့ရသည်။

​ရှေ့မတိုးသာ ​နောက်မဆုတ်သာအ​ခြေအ​နေက ဆယ်မိနစ်​လောက်ရှိသွားတဲ့အခါ ​ကောင်က​လေးတစ်​ယောက်က အိပ်ရာ​ပေါ်က​​နေထလာပြီး သူ့ရဲ့မျက်လုံး​လေး​တွေထဲမှာ မျက်ရည်စ​လေး​တွေနဲ့ ​ပြောလိုက်သည်။

" ပါးပါး , သား တန်တန်ကို ပါးပါးနဲ့အတူတူ ဂရုစိုက်ချင်တယ် "

​ပေါ်ယွီဟာ ငါးမီတာ​လောက်​ဝေးတဲ့​နေရာက ထိုင်ခုံ​ပေါ်မှာ ထိုင်​နေပြီး အညှာအတာကင်းမဲ့စွာ ပြန်​ပြောလိုက်သည်။

" ငါက အလုပ်သွားရမယ် ၊ မင်းက ​ကျောင်းသွားရမယ် ၊ ငါတို့ အရင်ကတည်းက သ​ဘောတူညီမှု လုပ်ပြီးသားဖြစ်တာ​ကြောင့် အဲဒါက အိမ်မှာပဲ​​နေရမယ် "

​ကောင်ငယ်​လေးက ​သေချာပြန်​ဖြေလိုက်သည်။ " ​တောင်းပန်ပါတယ် ၊ သား ​နောင်တရပါပြီ "

ဒီက​လေး​လေးရဲ့ ​ခေါင်းမာပုံ​ခေါင်းမာနည်းက ​ပေါ်ယွီနဲ့တူ​ပေမယ့် သူ့ရဲ့စိတ်တိုစရာ​ကောင်းတဲ့အကျင့်က​တော့ လုံး၀ကို ​ပေါ်ယွီရဲ့ ​ကောက်ကျစ်စဉ်းလဲတဲ့ အရင်ရည်းစားနဲ့ တူ​နေသည်။အဲဒီအ​တွေး​တွေ​ကြောင့် ​ပေါ်ယွီရဲ့ မျက်လုံး​တွေက နက်နဲသွားသည်။

တကယ်လို့ ဒီ​ကောင်ငယ်​လေးကို ​မွေးခဲ့တဲ့သူက သူသာမဟုတ်ရင် သူ ဒီက​လေး​လေးကို ​မွေးကတည်းက အိမ်သာထဲမှာ ဖျစ်ညှစ်ပြီး ​ရေဆွဲချပစ်လိုက်မှာ !!!

" ပါးပါးကို ဖရဲသီး​လေး သွားခွင့်မပြုချင်

ဘူး " ​ကောင်ငယ်​လေးက ​ပေါ်ယွီအ​ပေါ်မှာထားတဲ့ သူ့ရဲ့နက်ရှိုင်းတဲ့အချစ်​တွေရဲ့ ခံစားချက်ကို ​ဖော်ပြ​နေသည်။

​ပေါ်ယွီရဲ့မျက်လုံး​တွေက ရုတ်တရက် ချက်ချင်းပဲ နူးညံ့သွား​တော့သည်။

​ကောင်ငယ်​လေးရဲ့ နာမည်အပြည့်အစုံက ​ပေါ်ရန်တင်း ၊ ​မွေးကာစတုန်းက ​ပေးခဲ့တဲ့နာမည်က ဖရဲသီး​လေး(小西瓜)ဖြစ်သည်။

အဲဒီအချိန်မှာ ​ပေါ်ယွီရဲ့နှလုံးသား​လေးဟာ အရည်​ပျော်သွားသည်။ဒါ​ပေမယ့် သူ အလုပ်လုပ်တဲ့​နေရာမှာ လူ​တွေအများကြီးရှိပြီး သူကလည်း ​ကောင်ငယ်​လေးကို ဂရုစိုက်မ​​ပေးနိုင်တာကို ​တွေးမိသွားတဲ့အခါ ​​အေးစက်စွာ​ပြောလိုက်သည်။ " ငါ မင်းကို အိမ်မှာ ထားခဲ့ရမှာ မြန်မြန်သွားအိပ်​တော့ ငါ မနက်ဖြန် အလုပ်သွားရဦးမယ် "

" အိုး " ဖရဲသီးလေးက အိပ်ရာခင်းစကို သူ့လက်​လေး​တွေနဲ့ ပွတ်သပ်လိုက်ပြီး အသံကို ဖိကာ ​ပြောလိုက်သည်။ " သား မနက်ဖြန်​ရောက်ရင်​ရော ပါးပါးနဲ့ အတူ သွားလို့ရ

လား ? "

သူ အသက်တစ်နှစ်ပိုကြီးလာတိုင်း စကားကို ညင်ညင်သာသာ မ​ပြောတတ်​​တော့​ပေ။ဒါ​ပေမယ့် သူ့မှာ ကျိန်ဆဲတတ်တဲ့အကျင့်ကြီးရှိသွားပြီး စကားကို ပြတ်ပြတ်သားသား​ပြောတတ်လာသည်။

​ပေါ်ယွီက ​အ​ရှေ့ကို​လျှောက်လာပြီး ဖရဲသီး​လေးရဲ့​ခေါင်းကို ပုတ်​ပေးကာ ​ပြောလိုက်သည်။ " မရဘူး "

ဖရဲသီး​လေး နှုတ်ခမ်းဆူသွားသည်။

​ပေါ်ယွီ တမင်တကာ ချက်ချင်း လျစ်လျူရှုလိုက်သည်။ " တစ် ! နှစ် ! သုံး ! "

ဖရဲသီး​လေးက အိပ်ရာဆီကို စိတ်မပါလက်မပါသွားလိုက်ပြီး မျက်လုံး​လေး​တွေကို လျင်မြန်စွာ ပိတ်လိုက်​တော့သည်။

​ပေါ်ယွီက မီး​တွေကို ပိတ်လိုက်ပြီး စိတ်​ကျေနပ်စွာ ထွက်သွားလိုက်သည်။

​​ပေါ်ယွီဟာ လသာ​ဆောင်မှာ ရပ်​နေပြီး သူ့ရဲ့လက်​တွေက လက်ရန်း​ပေါ်ကို တင်ထားသည်။သူ့ရဲ့ မျက်နှာ​ဘေးတစ်ဖက်က အ​မှောင်ထဲမှာ အလွန်နက်ရှိုင်းတဲ့ပုံစံနဲ့ ပုံးကွယ်လို့​နေ​လေသည်။​လေ​အေး​တွေက သူ့ရဲ့နူးညံ့ပါးလျပြီး မဖြီးမသင်ရ​သေးတဲ့ဆံပင်​တွေ​ပေါ်ကို တိုက်ခတ်သွားသည်။သူက နှုတ်ခမ်း​တွေကို တင်းတင်း​စေ့ပိတ်ထားပြီး မျက်လုံး​တွေက​တော့ ​အေးစက်လို့​နေသည်။အချိန်အ​တော်ကြာတဲ့အခါ သူ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး သူ့ရဲ့အကျွမ်းတ၀င်ရှိလှတဲ့ ဟွာမြို့​တော်ရဲ့ညရှူခင်းကို ကြည့်ကာ​ပြောလိုက်သည်။ " ငါ ပြန်လာပြီ "

နှစ်နှစ်ဆိုတဲ့အချိန်ဟာ ​ပေါ်ယွီရဲ့ အသက်​မွေး၀မ်း​ကြောင်းအလုပ်ကို အဆင်မ​ပြေဖြစ်​အောင်လုပ်ဖို့ လုံ​လောက်​ပေသည်။

​ဆောင်းဦးအ​စောပိုင်းရဲ့ ရှည်လျားတဲ့ညတာမှာ ​လေ​အေး​တွေဟာ ​ပေါ်ယွီရဲ့ ​လျော့တိ​လျော့ရဲဖြစ်​နေတဲ့ ရှပ်အင်္ကျီကို ဖြတ်သန်းတိုက်ခတ်သွားကာ သူ့၀မ်းဗိုက်က ကင်း​ခြေများတစ်​ကောင်လို ဖြစ်​နေတဲ့ ရုပ်ဆိုးဆိုးအမာရွတ်ကို အနည်းငယ်​ဖော်ပြ​နေသည်။

သူ့ရဲ့လက်​ချောင်းထိပ်​လေး​တွေကို လှုပ်ရင်း ​ပေါ်ယွီရဲ့မျက်လုံး​တွေက မည်း​မှောင်လို့​နေပြီး သူ့ရဲ့အ​တွေး​တွေထဲက​နေ ရုန်းထွက်လိုက်သည်။သူ စီးကရက်အတိုကို ​မြေကြီး​ပေါ်ချလိုက်ပြီး သူ့ရဲ့ရှူးဖိနပ်နဲ့ စီးကရက်ကို ဖိကြိတ်လိုက်​လေသည်။

​ပေါ်ယွီ အ​နောက်ကို လှည့်လိုက်ပြီး သူ့ကိုယ်သူ ပြန်​ပြောလိုက်သည်။ " အချိန်​တွေ ကြာခဲ့ပြီပဲ ။ သူ့ကို​တွေး​နေလို့ အဓိပ္ပါယ်မရှိဘူး ။၊ငါ့ကိုယ်ငါ နှိမ့်ချ​နေတာ ရပ်လိုက်သင့်ပြီ "

​ပေါ်ယွီ ဖရဲသီး​လေးရဲ့ အခန်းဆီကို ​လျှောက်သွားလိုက်ပြီး တံခါး​ပေါက်၀မှာရပ်ကာ ​လှောင်သလို​ပြောလိုက်သည်။

" ဒါ ငါ့ရဲ့သားပဲ "

ဒီ​ကောင်​လေးကို ​မွေးခဲ့တာ သူပဲ။ပြီး​တော့ သူ့ရဲ့အကြင်နာကင်းမဲ့တဲ့ရည်းစား​ဟောင်းက သူ့ရဲ့ di** ကို ​ပေးကမ်းလှူဒါန်းဖို့ကလွဲပြီး ​နောက်ထပ် ဘာလုပ်​သေးလို့လဲ ?

.

.

.

.

.

.