Chereads / Bringing the nation's husband home (myanmar translate) / Chapter 39 - အခန်း(၃၈) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(2)

Chapter 39 - အခန်း(၃၈) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(2)

အခန်း(၃၈) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(2)

ချောင်အင်ဟောင်သည် ထုတ်လုပ်သူဆန်းနှင့် စကားနည်းနည်းပါးပါး ပြောဆိုခဲ့ပြီး သူတို့ လမ်းခွဲခြင်းမပြုမီ သူက နောင်တွင် သင့်လျော်သော်ထုတ်လုပ်မှုများအတွက် သူမနှင့် အဆက်အသွယ်ပြုလုပ်နိုင်ရန် သူမ၏ ဖုန်းနံပတ်အားတောင်းဆိုခဲ့သည်။

ချောင်အင်ဟောင်အတွက် သူမ၏ ဖုန်းနံပတ်ပေးခြင်းသည် ဘာမှမဖြစ်စေခဲ့ပါ။နံပတ်များကို ဖလှယ်ပြီးနောက် ထုတ်လုပ်သူဆန်းက သူဖုန်းကို သိမ်းလိုက်ပြီး သူမအား" ချောင်ချောင် ၊ အလုပ်ကိစ္စရှိသေးလို့ ငါအရင်သွားနှင့်တော့မယ်" ဟုပြောခဲ့သည်။

သူမသည် ထုတ်လုပ်သူဆန်းအား ကားတံခါးဖွင့် ပေးရန်အလျင်အမြန် ကြိုးစားခဲ့သည်။သူထိုင်ပြီးသည်နှင့် ကားတံခါးကို ပိတ်ကာ လက်ဝှေ့ရန်လိုက်ပြီး " နှုတ်ဆက်ပါတယ် မစ္စတာ ဆန်း" ဟု ချိုမြိန်စွာနှုတ်ဆက်လိုက်သည်။

ထုတ်လုပ်သူဆန်းသည် နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။

ကားအတော်ဝေးဝေး ရောက်သည် အထိ သူမပြုံးနေဆဲဖြစ်သည်။ ထို့နောက်သူမသည် ဇောင်မင်းပြန်မလာသေးကြောင်းသတိထားမိပြီး သူမအားဖုန်းခေါ်ဆိုရန် နံပတ်အားရှာဖွေခဲ့သည်။

သူမဇောင်မင်းဆီဖုန်းမဆက်မီ လူဂျင်နန်သည် သူမရှိရာသို့လာနေကြောင်းသတိထားမိလိုက်သည်။ သူမသည် အေးခဲသွားပြီး သတိလစ်စွာ မျက်လုံးအား နိမ့်ချလိုက်သည်။

ချောင်အင်ဟောင်က လူဂျင်နန်သည်သူမအား လျစ်လျူရှု လိမ့်မည်ဟုထင်ကာ ပုံမှန်အတိုင်းလမ်းလျှောက်ခဲ့သည်။သို့သော်သူသည် သူမရှေ့တွင်ရပ်လိုက်သည်။သူမ၏ နှလုံးသား အပြင်းအထန်ခုန်နေပြီး စိုးရိမ်စိတ်ဖြင့် လူဂျင်နန်အား ကြည့်ရှုရန်ခေါင်းကိုမော့လိုက်သည်။

သူသည် သူမ၏ ဖုန်းအား ခံစားချက်မဲ့သောမျက်နှာ နှင့်ကြည့်နေသည်။

ချောင်အင်ဟောင်သည် လူဂျင်နန်၏ အေးစက်မှုကိုခံနိုင်ရည်ရှိသော်လည်း သူသည် ဘာကြောင့် သူမ၏ ဖုန်းကို အပြင်းအထန်စိုက်ကြည့်နေမှန်းမသိခဲ့ပါ။

လူဂျင်နန်၏ အေးခဲသော အကြည့်များကြောင့် သူမ၏ လက်ချောင်းများသည် အေးစက်လာသည်။သူမသည် ဖုန်းကိုပိတ်လိုက်သည်။ လူဂျင်နန်သူမအား စကားပြောရန်ရည်ရွယ်ချက်မရှိကြောင်းသိလိုက်ရသောအခါ သူမသည် ရှက်ရွံ့ မှုကိုဖုန်းကွယ်ရန် အတွက် သူအား "အား….အဲ့ဒီတုန်းက ကူညီတဲ့ အတွက်ကျေးဇူးတင်ပါတယ်" ဟုပြောလိုက်သည်။

အမှန်တိုင်းပြောရရင် အဲ့လိုအခြေအနေတွင် လူဂျင်နန် သူမအား ကူညီလိုက်ခြင်းက သူမကို အဆင်ပြေစေခဲ့သည်။ထိုအဖြစ်အပျက်အပြီးတွင် သူမ၏ နှလုံးသား၌ ပန်းပွင့် နေသကဲ့သို့ ခံစားလိုက်ရသည်။သူမသည် ပျော်ရွှင်မှုတို့ ခံစားခဲ့ရပြီး တစ်နာရီကြာခဲ့ပြီဖြစ်သော်လည်း ပြန်စဉ်းစားတိုင်း သူမ၏ နှလုံးသားက နွေးထွေးမှုနှင့်ချိုမြိန်မှုကို ခံစားနေရဆဲဖြစ်သည်။

သူသည် သူမကို ကူညီခဲ့သည်။ဖြစ်နိုင်သည်မှာ သူ၏ နှလုံးသားတွင် သူမအား နက်ရှိုင်းစွာ မမုန်းခဲ့ဘူးလား…?

လူဂျင်နန်သည် ချောင်အင်ဟောင်ပြောသောစကားကို ကြားသောအခါ သူ၏ အကြည့်မှာ ဖုန်းဆီမှ သူမ၏ မျက်နှာဆီသို့ ရောက်ရှိလာသည်။

မှေးမှိန်နေသောအလင်းရောင်သည် သူမ၏ ကြွေထည် အသားအရောင်သို့ရောက်ရှိလာသောအခါ သူမ၏ အသွင် အပြင်မှာ ပျော့ပြောင်းနူးညံလိုနေလေသည်။