Chereads / Bringing the nation's husband home (myanmar translate) / Chapter 45 - အခန်း(၄၄) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(8)

Chapter 45 - အခန်း(၄၄) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(8)

အခန်း(၄၄) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(8)

'သူဘာကြောင့်သူမကို အခန်းနံပတ်ပြောပြခဲ့တာလဲ။ ဇာတ်ညွှန်းကို သူမကိုယ်တိုင်လာပို့စေချင်တာလား' ချောင်အင်ဟောင်သည် ဖုန်းချသွားသော အခါ သူပြောခဲ့သည့် ရည်ရွယ်ချက်ကို စဉ်းစားနေမိသည်။သူမသည် ဇောင်မင်းအား အကျိုးအကြောင်းရှင်းပြကာ ထွက်ခွာလာခဲ့သည်။

အခန်း ၁၀၀၁ သည် ပေါ်ဆုံးထပ် ဗီအိုင်ပီခန်းတစ်ခုဖြစ်သည်။ သူမဓါတ်လှေကားအတွင်းရပ်နေစဉ် နံပတ်များ တိုးများလာသည်နှင့်အမျှ သူမ၏ စိုးရိမ်စိတ်တို့မှာလည်း တိုးများလာခဲ့သည်။

နောက်ဆုံးအပေါ်ဆုံးထပ်သို့ရောက်သောအခါ ဓါတ်လှေကားမှ မထွက်မီ ဇာတ်ညွှန်းအားဆုတ်ကိုင်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် အခန်း ၁၀၀၁ ရှိရာသို့ ဉီးတည်သွားခဲ့သည်။

သူမသည် အဆင့်မြင့် အဖွဲဝင်များ၏ အခန်းမျာကို ကျော်ဖြတ်ခဲ့ပြီး လမ်းတစ်ဝက်အရောက်တွင် တံခါးဖွင့်ထားသောအခန်းဆီမှ ဟိုတယ်ဝန်ထမ်းနှစ်ဉီး ၏ ပြောဆိုသံကို ကြားလိုက်ရသည်။

"ငါ အခန်း ၁၀၀၃ ကို ကော်ဖီသွားပို့ခဲ့တုန်းက အထဲမှာ ကြောက်လန့်ပြီးသေလုနီးပါပဲ၊လူဂျင်နန် ရဲ့မျက်နှာက အလွန်တရာဆိုးရွား နေပြီး ရုပ်ရှင်ရဲ့ အရေးမပါတဲ့ အချက်တွေတောင် အသေးစိတ်ပြောဆိုနေတယ်။"

"လူဂျင်နန် အေးစက်စက် ဆက်ဆံနေတဲ့သူက ထုတ်လုပ်သူလား"

" ဟုတ်တယ်၊ သူက ထုတ်လုပ်သူ ဆန်းဘဲ၊ ထုတ်လုပ်သူဆန်းက သူကို ရေနွေးလှမ်းကမ်းလှမ်းနေတာတောင် သူက ရေနွေးကို ကိုတွန်းဖယ်လိုက်တယ်လေ အဲ့တာကြောင့်ထုတ်လုပ်သူဆန်းရဲ့ လက်တွေ အပူလောင်သွားတယ်။အပန်းဖြေစခန်းမှာ ရှိတဲ့ ဆရာဝန်က သူလက်ကို လာကုပေးပြီးတော့ အခြေအနေတော်တော်ဆိုးတယ်ကြားတယ်။"

"မဆိုးဝါးဘဲ ဘယ်နေမှာလဲ၊အဲ့တာ ရေပူတွေဘဲကို ၊အဲ့တာ အရေးမကြီး ဘူး အခု ၁၀၀၁ကို ဘယ်သူသွားမှာလည်း၊ ငါတော့မသွားဘူး။ သတ္တိရှိရင် မင်းသွားလိုက်"

ချောင်အင်ဟောင်သည် သူတို့ပြောဆိုသော စကားများကိုကြားလိုက် ရပြီး ပိုမိုစိုးရိမ်လာခဲ့သည်။သူမသည် အခန်း ၁၀၀၁ကို သတိကြီးစွာလျှောက်လှမ်းသွားပြီး တင်းတင်းစေ့သောတံခါးကို ကြည့်ကာ

အသက်ပြင်းပြင်းရှူလိုက်ပြီး အချက်ပေး ခလုပ်ကိုနိပ်လိုက်သည်။

သူမအချက်ပေးခလုပ်ကို နိပ်ပြီးမှ တံခါးလက်ကိုင်တွင် " အနှောက်ယှက်ရ "ဟုရေးထားသော ဆိုင်းဘုတ်ကိုတွေ့လိုက်သည်။ထို့နောက်သူမသည် တံခါးကို ငြင်သာစွာခေါက် လိုက်သည်။

တံခါသည် သော့မခတ်ထားသောကြောင့် သူမခေါက်လိုက်သည်အချိန်တွင်တံခါးပွင့်သွားခဲ့သည်။ချောင်အင်ဟောင်သည် အခန်းထဲသို့ ခေါင်းဝင်ကာ ကြည့်လိုက်ရာ ဧည့်ခန်းတွင်း ဗလာကျင်းနေသည်ကိုတွေ့လိုက်သည်။သူမသည် လက်ကိုမြှောက်ကာ တံခါးအား ထပ်မံခေါက်လိုက်ချိန်တွင် ရေချိုးခန်းတံခါးပွင့်လာပြီး လူဂျင်နန်သည် ပေါ့ပေါ့ပါးပါးဝတ်ဆင်ကာ ထွက်လာခဲ့သည်။

သူ၏ မျက်နှာသည် တင်းကျပ်မှောင်မိုက်နေသည်။ထုတ်လုပ်သူဆန်း နှင့် စကားများထားသောကြောင့် သူ၏ခန္ဓာကိုယ်မှ အေးစက်သော အော်ရာများ ထုတ်လွှတ်နေခြင်းဖြစ်လိမ့်မည်။

ချောင်အင်ဟောင်သည် တံခါးဝတွင်ရပ်ကာ အတွင်းသို့ မဝင်ရဲခဲ့ပါ။ သူမသည် သူဆီသို့ ဇာတ်ညွှန်းစာရွတ်ကို ပေးလိုက်ပြီး " ဒီမှာ မင်းရဲ့ ဇာတ်ညွှန်း ဘဲ"ဟုပြောလိုက်သည်။

လူဂျင်နန်သည် ချောင်အင်ဟောင်ကို ကြည့်နေကာ ဇာတ်ညွှန်းကို ယူရန် ရည်ရွယ်ချက်ရှိပုံမရပေ။

ထိုကြောင့်ချောင်အင်ဟောင်က ခဏတွန့်ဆုတ်ခဲ့ပြီးမှ အခန်းထဲသို့ ဝင်ကာ ဇာတ်ညွှန်းကို စားပွဲပေါ်တင်လိုက်ပြီး " မင်းရဲ့ဇာတ်ညွှန်းကို ဒီမှာ ငါထားခဲ့မယ်" ဟုပြောလိုက်သည်။

ထို့နောက် လူဂျင်နန်အား ကြည့်ရန်ခေါင်းကို မြှောက်လိုက်သည်။ သူသည် ရေချိုးခန်းမျက်နှာချင်းဆိုင်တွင် ရပ်နေကာ စကားပြန်ပြောရန် စိတ်မဝင်စားပုံရသည်။

Latest chapters

Related Books

Popular novel hashtag