အခန်း(၄၇) ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်ကို ပြန်လည်စဉ်းစားမိခြင်း(3)
အချို့ပြောကြသည်မှာ မိန်းကလေးတစ်ဉီး၏ ပထမဆုံးအကြိမ်သည် နာကျင်မှုအများဆုံးဖြစ်သည်။မှန်သည်၊ထိုအချိန်က နာကျဉ်ခဲ့ရသည်။ သို့သော် ထိုနာကျင်မှုသည် အလွန်လျော့နည်းနေသည်ဟုသူမခံစားရသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူမထိုအချိန်က မူးနေပြီး သူအပေါ်ထားရှိသည့် သူမ၏ အချစ်ကြောင့်ဖြစ်နိုင်သည်။ ထိုညတွင် သူသည် သူမကို အလွန် နူးညံသိမ့်မွေ့ခဲ့ပြီး သူမနာကျင်ခဲ့ရင်တောင် ထိုနာကျင်မှုက သူမအတွက် အလွန်ချိုမိန်စေခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ သူမသည် နာကျင်မှုကြောင့် သူမကိုယ်သူမ သေစေချင်ခဲ့သည်။
အဆုံးမဲ့ ညှင်းပန်းနှိပ်စက်မှု အောက်တွင် သူမသည် ဝမ်းမြောက်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းမရှိခဲ့ပါ။
မှန်တယ်…ညှင်းပန်းနှိပ်စက်ခြင်းဘဲ…။
သူသည် သူမကိုအပြစ်ပေးနေသကဲ့သို့ ခံစားနေရသည်။သူ၏ အနက်ရှိုင်းဆုံးနေရာတွင် ဖုံးကွယ်ထားသော ခံစားချက်တို့ကို ထုတ်လွှတ်နေသည်ဟု ခံစားခဲ့ရသည်။ သူမအား နာကျင်စေရန် အင်းအားအပြည့်အဝ အသုံးချနေသကဲ့သို့ သူ၏ လှုပ်ရှားမှုတိုင်းက ခံစားချက် တစ်စုံတစ်ရာ မပါဝင်ခဲ့ပါ။
သူမအတွက် တော့ ရုပ်ပိုင်းဆိုင်ရာတွင်သာ မက စိတ်ပိုင်းဆိုင်ရာ တွင်ပါ နာကျင်ခံစားခဲ့ရသည်။
ချောင်အင်ဟောင် သူဆီအား ဇာတ်ညွှန်းစာရွက် ပေးပို့ခဲ့သည် အတွက် နောင်တရခဲ့သည်။သူမသည် ဇောင်မင်းအား ပေးပို့ပေးရန် တောင်းဆိုခဲ့သင့်သည်။ သူ၏ စိတ်အခြေအနေဆိုးဝါးနေသည်ဟု ဝန်ထမ်းများမှ ကြားခဲ့ရတုန်း သူမထွက်လာခဲ့သင့်သည်။ သူမတွင် ခေါင်းနှစ်လုံးပါသကဲ့သို့ သေနတ်ရှေ့မှောက်တွင် လာမရပ်သင့်ပါ။ သူသည် သူမအား မကြိုက်ကြောင်း သူမကောင်းကောင်းနားလည်ခဲ့သည် ။ ဒါတောင်မှ သူမကို မုန်းတီးနေသော သူ၏ အခန်းတံခါးဝသို့ သွားကာ သူ၏ အမျက်ဒေါသ ထွက်ပေါက်အဖြစ်သူမကိုယ်သူမ ကမ်းလှမ်းခဲ့သည်။
သူသည် မတူညီသော လူနှစ်ဉီး ကဲ့သို့ ပထမအကြိမ်တွင် သူသည် သူမအပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။သူနှင့် ထိတွေမိသော ပထမဆုံးနှစ်ကြိမ်တွင် သူမသည် အံ့ဩသင့်ဖွယ်ခံစားခဲ့ရသည်။ပထမ တစ်ကြိမ်တွင် သူသည် အရက်မူးနေကြောင့်ဖြစ်နိုင်ပြီး ဒုတိယ တစ်ကြိမ်တွင် မူ အဖျားကြောင့် စိတ်ရှုပ်ထွေးခဲ့ခြင်းဖြစ်ပေလိမ့်မည်။
သူမမည်သို့ မေ့နိုင်ပါမည်နည်း သူသည် တစ်ချိန်က သူမအား " မင်းက ငါနဲ့ကစားချင်တာလား ၊ ကောင်းပြီ ၊ ငါမင်းနဲ့ကစားပေးမယ်" ဟုပြောဆိုခဲ့သည်များကို။
ဒါကြောင့် သူသည် သူမအားဆက်ဆံရာတွင် မည်သို့ ညင်သာနိုင်မည်နည်း။
အတွေးများစွာဖြင့် ချောင်အင်ဟောင်၏ မျက်လုံးများကကောင်းစွာ မဖွင့်နိုင်ခဲ့ပါ။
...
အချိန်ကြာမြင့်စွာကုန်ဆုံးပြီးနောက် အရာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားသည်။
ချောင်အင်ဟောင်သည် အလွန်အားနည်းစွာ ရေချိုးခန်း ကြမ်းပြင်ပေါ်တွင် လှဲလျောင်း နေခဲ့ပြီး နာကျင်မှုကြောင့် သူမ၏ ခန္ဓာကိုယ်သည် တုန်ခါနေခဲ့သည်။
လူဂျင်နန်ကတော့ ချောင်အင်ဟောင်အား ငေးကြည့်နေခဲ့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ကို လှည့်လိုက်စဉ် သူ၏ မျက်လုံးတွင် ဝမ်းနည်းမှုနှင့် နာကျင်မှုတို့ ပျံနှံသွားခဲ့သည်။သို့သော် စက္ကန့်ပိုင်းမျှအကြာတွင်ပြန်လည် တည်ငြိမ်ခဲ့ပြီး သူ၏ အသုံးအနှုံးဟာ အေးစက်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်အား ကိုယ်သုတ်ပဝါဖြင့်ပတ်ကာ ရေချိုးခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
စီးဆင်းနေသော ရေသံများမရှိလျှင် ရေချိုးခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် နေပေလိမ့်မည်။ရေချိုးခန်းတံခါးသည် ပွင့်နေခဲ့ပြီး အေးစက်နေသော ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေသော ချောင်အင်ဟောင်သည် သူမ၏ အဝတ်အစားထဲမှ တိုးညင်စွာမြည်နေသော အသံကိုမကြားခဲ့ပါ ။ သူမသည် မောပန်းလွန်သောကြောင့် နက်ရှိုင်းစွာအိပ်ပျော်ခဲ့သည်။
လူဂျင်နန်သည် ဝတ်ဆုံပြည့် ဝတ်ဆင်ခဲ့ပြီး ပိုက်ဆံအိတ်၊ ဖုန်းနှင့် ကားသော့အား ကောက်ယူကာ အိပ်ခန်းထဲမှ ထွက်ခွာရန်ပြင်ဆင်ခဲ့သည်။ ရေချိုးခန်း ရှေ့ရောက်သောအခါ အနည်းငယ် နှေးကွေးသွားပြီး တံခါးအားတစ်ချက်ကြည့်လိုက်သည်။နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက် ပြီး တံခါးအားအေးစက်စက်ကြည့်ကာ ထွက်ခွာသွားသည်။