Chereads / Bringing the nation's husband home (myanmar translate) / Chapter 49 - အခန်း(၄၈) ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်ကို ပြန်လည်စဉ်းစားမိခြင်း(4)

Chapter 49 - အခန်း(၄၈) ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်ကို ပြန်လည်စဉ်းစားမိခြင်း(4)

အခန်း(၄၈) ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်ကို ပြန်လည်စဉ်းစားမိခြင်း(4)

ချောင်အင်ဟောင်နိုးလာခဲ့ပြီး မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အခန်းတစ်ခုထဲတွင်ရှိနေပြီး နေရာတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေသည်။ အချိန်ခဏကြားပြီးနောက် သူမသည် လူဂျင်နန်၏ ရေချိုးခန်းထဲတွင် ရှိနေခဲ့သည်ကိုသတိရလိုက်မိသည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကိုက်ခဲနေသော်လည်း ထရပ်ရန်ကြိုးစားခဲ့သည်။ထိုနောက် လမ်းလျှောက်ရန်ကြိုးစားကာ ရေချိုးခန်းထဲမှ ထွက်ခွာခဲ့သည်။ အိပ်ခန်းပတ်ပတ်လည်သို့ ကြည့်လိုက်ရာ အခန်းတစ်ခုလုံးဗလာကျင်နေပြီး လူဂျင်နန်သည် ထွက်ခွာသွားပြီဖြစ်ပြီ။

ချောင်အင်ဟောင်သည် နံရံပေါ်ရှိနာရီကိုကြည့်လိုက်ရာ ညသန်းခေါင်ကျော်လာခဲ့ပြီးဖြစ်သည်။သူမ လူဂျင်နန်ထံသို့ ဇာတ်ညွှန်းစာရွတ် လာပေးသော အခါ ဖုန်းမယူလာခဲ့မိပါ။ ဇောင်မင်းကသူမအား ရှာမတွေ့လျှင် အဖွဲအား သတိပေးမည်လား မသိခဲ့ပါ။

ချောင်အင်ဟောင်သည် အခန်းထဲရှိဖုန်းကိုကောက်ကိုင်ကာ သူမအခန်းရှိဖုန်းသို့ လှမ်းဆက်သွယ်လိုက်သည်။ဖုန်းဝင်ပြီး ချက်ချင်းတစ်ဖက်မှ ကောက်ကိုင်လိုက်သည်။

ချောင်အင်ဟောင်က " ဟေ့…" ဟုပြောကာရှိသေး တစ်ဖက်ရှိဇောင်မင်းက " ချောင်ချောင်၊ မင်းဘယ်သွားနေတာလဲ" ဟု စိုးရိမ်တကြီးလှမ်းမေးလိုက်သည်။

ချောင်အင်ဟောင်သည် ဇောင်မင်း၏ မေးခွန်းအား ဖြေကြားရန်စိတ်မပါ ခဲ့ပါ။သူမက" အခန်း ၁၀၀၁ ကိုလာပြီး အဝတ်အစားအချို့ ယူလာပေးပါ" ဟုအားနည်းသော အသံဖြင့် ညွှန်ကြားလိုက်သည်။

ဖုန်းခေါ်ပြီးမကြာခင်မှာပင် ဇောင်မင်းသည် အဝတ်အစားကို ကောက်ယူကာ သူမဆီအမြန်ပြေးလာခဲ့သည်။ဇောင်မင်းသည် သူမအား အခန်း၁၀၀၁ မှာ ဘာကြောင့်ရှိနေတာလဲဟု မေးရန်စဉ်းစားထားသော်လည်း သူမသူငယ်ချင်းအားမြင်လိုက်ရသော အချိန်တွင် သူမတစ်ကိုယ်လုံးရေအေးဖြင့်လောင်းချလိုက်သကဲ့သို့ အေးစက်သွားသည်။ချောင်အင်ဟောင်၏ မျက်နှာသည် သွေးဆုတ်ဖြူလျော့နေပြီး ခန္ဓာကိုယ်အနှံ ခရမ်းရောင် အညိုကွက်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသောအခါ သူမ၏ စကားလုံးတို့ ပျောက်ဆုံးသွားခဲ့သည်။

မနေ့ညက နောက်တစ်ရက် ရိုက်ကူးရမည်ဖြစ်သောကြောင့် စောစောအနားယူရန်အခန်းထဲသို့ ပြန်လာခဲ့ပြီး သူမအိပ်ပျော်သည်အထိ ချောင်အင်ဟောင်အား မတွေ့ခဲ့ပါ။

ဇောင်မင်းသည် သူမတို့အခန်းသို့ပြန်ရောက်လာသောအခါ " ချောင်ချောင်၊ လူဂျင်နန် ကြောင့်လား" ဟုမေးမြန်းခဲ့သည်။

ချောင်အင်ဟောင်သည် အောက်နှုတ်ခမ်းကို ကိုက်ကာ သူမ၏ မေးခွန်းကို ရှောင်ရှားခဲ့သည်။ " ငါပျောက်ဆုံးနေတာကို အဖွဲ့ကို အကြောင်းမကြားခဲ့ဘူးမလား"

"မကြားခဲ့ဘူး" ဟုဇောင်မင်းက ပြန်လည်ဖြေကြားခဲ့သည်။သူမ ထပ်မံမေးမြန်းရန်ပြင်လိုက်ချိန်တွင် ချောင်အင်ဟောင်က " ငါရေချိုးချင်တယ်"ဟု ဉီးစွာပြောလိုက်သည်။

ဇောင်မင်း၏ တုန့်ပြန်မှုကို မစောင့်ဘဲ သူမသည် ရေချိုးခန်းထဲသို့ ထွက်ခွာခဲ့သည်။

ထွက်ခွာသွားသော ချောင်အင်ဟောင်အား ကြည့်ကာ "ချောင်ချောင်.." ဟုတိုးညှင်းစွာ ခေါ်ဆိုပြီး နာကျင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ချောင်အင်ဟောင်က " ဇောင်မင်း၊ ငါအဆင်ပြေတယ် ၊ နောက်ကျနေပြီမို့ မင်းလည်းပြန်အိပ်တော့လေ" ဟုပြောလိုက်သည်။

အခန်းထဲတွင် တိတ်ဆိတ်သွားပြီး ဇောင်မင်းလည်းသက်ပြင်းချကာ အိပ်ယာပေါ်သို့တတ်ခဲ့သည်။

ချောင်အင်ဟောင်လည်း ရေချိုးပြီးလို့ ညအိပ်ဝတ်ဆုံကို ဝတ်ဆင်ခဲ့သည်။ ထို့နောက်အိပ်ခန်းမီး အားပိတ်ကာ အိပ်ရာပေါ်တတ်ခဲ့သည်။ သူမ၏ ဉီးခေါင်းကို ခေါင်းအုံးဖြင့် ပုန်းကွယ်ရင် မျက်ရည်တို့စီးကျလာခဲ့ကာ တိတ်ဆိတ်ငိုကြွေးနေမိသည်။

မနက်ရောက်ချိန်တွင် ချောင်အင်ဟောင်သည် ပြီးခဲ့တဲ့ညက အေးစက်နေသော ကြမ်းပြင်ပေါ်တွင် အိပ်ခဲ့ရသောကြောင့် သူမ၏ ခေါင်းတစ်ခုလုံးကိုက်ခဲနေခဲ့သည်။

ချောင်အင်ဟောင်၏ ဖြူဖတ်ဖြူလျော်မျက်နှာကို မြင်တွေ့လိုက်ရသော ဇောင်မင်းသည် စိုးရိမ်ပူပန်သောလေသံဖြင့် သူမအား " မင်းရဲ့ရိုက်ကူးမှုကို ရပ်တန့်ဖို့ ဒါရိုက်တာကိုဖုန်းခေါ်လိုက်မယ်။ မင်းတစ်ကိုယ်လုံးအေးစက်နေတာဘဲ သည်နေ့မင်းရိုက်ကူးနိုင်မှာမဟုတ်ဘူး" ဟုပြောလာသည်။