အခန်း(၄၉) ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်ကို ပြန်လည်စဉ်းစားမိခြင်း(5)
ပင်းပန်းနွမ်းနယ်ပုံရသည့် ချောင်အင်ဟောင်က ခေါင်းခါလိုက်ပြီး " မေ့လိုက်ပါ၊ ဘာဘဲဖြစ်ဖြစ်ငါက ဒုတိယ အမျိုးသမီးခေါင်ဆောင်ဘဲ ။ အဲ့ဒီညစာစားပွဲမှာတုန်းက လူဂျင်နန်က ငါ့ရဲ့ အရည်အချင်းကြောင့် သည်နေရာကိုရခဲ့တာလို့ ပြောခဲ့တယ်။အခုလူတိုင်းက ငါကို အာရုံစိုက်နေကြပြီး ဒီနေ့ ငါရဲ့ ပထမဆုံးရိုက်ကူးမှုဖြစ်တာကြောင့် လူတိုင်းက စောင့်ကြည့်နေကြမှာဘဲ။အဲ့အချိန် ငါက အအေးမိလို ရိုက်ကူးမှုကို ပြောင်းရွှေ့လိုက်ရင် လူတိုင်းက ငါကို ဘယ်လိုထင်ကြမလဲ။ နောက်ဆုံးမိနစ်အရောက်မှ ရှောင်ပြေးနေတာ ဒါမှမဟုတ် လူသစ်တစ်ယောက်က ကောင်းကောင်းသရုပ်မဆောင်နိုင်လို့ ရှောင်ပုန်းနေတာ လို့ပြောကြလိမ့်မယ်။အဲ့ဒါက အဖွဲထဲမှာ ငါကို သည်နေရာကို ရည်ရွယ်ချက်ရှိရှိ ဆုတ်ကိုင်ထားတာလို့ မကောင်းသတင်းတွေပြောကြလိမ့်မယ်။"
အဖွဲ့သားများနှင့် တွေ့ဆုံခြင်းမပြုမီ ချောင်အင်ဟောင်သည် ရေနွေးတစ်ခွက်ကို သောက်သုံးလိုက်သည်။ဒါဟာသူမကို နည်းနည်းသက်သာလာအောင် ကူညီပေးခဲ့တယ်၊ ဒါပေမယ့်သူမ မိတ်ကပ်ခန်းထဲဝင်ထိုင်လိုက်ချိန်မှာ သူမ၏ ခေါင်းက ပြန်နာလာခဲ့တယ်။
သူမသည် မှန်ရှေ့တွင်ထိုင်ပြီး မိတ်ကပ်ပြင်ဆင်ရန် အတွက် သူမကိုယ်သူမ တည်ငြိမ်စေရန်ကြိုးစားခဲ့သည်။ အစ၌ သူမကိုယ်သူမ ထိန်းထားနိုင်သော်လည်း မိတ်ကပ်လိမ်းနေစဉ် တဝက်အရောက်တွင် သူမ ခေါင်းမူးလာခဲ့သည်။
ချောင်အင်ဟောင်ပြင်ဆင်နေချိန်တွင် လူဂျင်နန်လည်း မိတ်ကပ်ခန်း ထဲသို့ဝင်ခဲ့သည်။ ဒီနေ့ရိုက်ကူးရမည် သူ နည်းတာကြောင့် မိတ်ကပ်ခန်းထဲမှာ ထိုင်ခုံတော်တော်များများလွတ်နေခဲ့တယ်။ လူဂျင်နန်သည် ချောင်အင်ဟောင်နောက်ကွယ်ရှိထိုင်ခုံသို့သွားခဲ့သည်။
အအေးမိနေသောကြောင့်ချောင်အင်ဟောင်သည် အာရုံစူးစိုက်ရန် အခက်တွေ့နေပြီး လူဂျင်နန်ရောက်ရှိလာသည်ကို သူမ၏မိတ်ကပ်မှန်ကို မကြည့်မိမချင်းသတိမပြုမိခဲ့ပါ။ လူဂျင်နန်သည် သူမနောက်ကွယ်တွင် ထိုင်နေသည်ကို မှန်မှတဆင့်မြင်တွေ့လိုက်ရသည်။သူ၏မျက်လုံးများ ကအနည်းငယ်မှေးမှိန်နေခဲ့ပြီး တိုက်ဆိုင်စွာဖြင့် အချင်းချင်း မှန်နှစ်ခုမှ တဆင့် တွေ့ဆုံခဲ့သည်။
ချောင်အင်ဟောင်သည် လူဂျင်နန်နှင့်အချင်းချင်းတွေ့ဆုံလိုက်ချိန် မနေ့ညက အမှတ်တရများချက်ချင်းပေါ်လာခဲ့သည်။သူမသည် ထိတ်လန့်တုန်လှုပ် သွားပြီး သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်လုံးများက ယိုယွင်းလာသည်။သူမသည် ဆက်လက်လိမ်းခြယ်ရန် ရပ်တန့်နေခဲ့ပြီး သူမ၏ လက်သည် တစ်လက်မ မှ မရွေ့လျားနိုင်ခဲ့ပါ။
မိတ်ကပ်လိမ်းခြယ်ပြီး သောအခါ သူမသည် ထိုင်ခုံမှ ချက်ချင်းထလိုက်သည်။ သို့သော် သူမအအေးမိနေသောကြောင့်လား သို့မဟုတ် ချက်ချင်းထိုင်ခုံမှထလိုက်မိသောကြောင့်လားမသိသော်လည်း ထပြီးသည်နှင့်ချက်ချင်း ခေါင်းမူးလာခဲ့ပြီး ထိုင်ခုံပေါ်သို့ ပြန်ထိုင်မိသည်။
ဇောင်မင်းက စိုးရိမ်ပူပန်လာပြီး " ချောင်ချောင် မင်းဒါကို လုပ်နိုင်မှာသေချာရဲ့လား။မင်းအခုအခြေအနေမကောင်းဘူလို့ထင်တယ်။ ဒါရိုက်တာကိုပြောပြီး ဆရာဝန်နဲ့သွားတွေ့ရအောင်"လို့ပြောလိုက်သည်။
'မဟုတ်ဘူး၊ ငါအဆင်ပြေတယ်" ဟုချောင်အင်ဟောင်က တိုးညင်းစွာဖြေဆိုလိုက်သည်။ထို့နောက်နောက်တဖန် ထရပ်ကာ ခေါင်းငိုက်စိုက်ချပြီး ထွက်ခွာခဲ့သည်။
ရိုက်ကွင်းသို့ ရောက်သောအခါ ချောင်အင်ဟောင် ခန့်မှန့်ထားသည့်အတိုင်း ရိုက်ကူးရန်များများစားစား မရှိသော်လည်း သရုပ်ဆောင်နှင့် အဖွဲ့သားအားလုံးရောက်ရှိလာခဲ့ကြသည်။
သူမအားကြည့်ရှုရန် ရောက်လာခဲ့သည်ကို သူမသိရှိခဲ့သည်။