Chereads / Bringing the nation's husband home (myanmar translate) / Chapter 51 - အခန်း(၅၀) ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်ကို ပြန်လည်စဉ်းစားမိခြင်း(6)

Chapter 51 - အခန်း(၅၀) ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်ကို ပြန်လည်စဉ်းစားမိခြင်း(6)

အခန်း(၅၀) ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်ကို ပြန်လည်စဉ်းစားမိခြင်း(6)

သူတို့သည် လူဂျင်နန်၏ စကားမှန်မမှန် သိရှိရန် အတွက် သူမ၏ သရုပ်ဆောင်စွမ်းရည်ကို အကဲဖြတ်ရန်လာရောက်ခဲ့ကြသည်။ သူမသည် လင်းရှီယီ၏ နေရာကိုရယူခဲ့ပြီး ဒုတိယအမျိုးသမီးခေါင်းဆောင် အဖြစ် အမှန်တကယ် တာဝန်ယူနိုင်ခြင်းရှိမရှိသိရှိလိုကြသည်။

ရိုက်ကူးရန်မရှိသော လင်းရှီယီတောင်မှ ကျပန်းအဝတ်အစားများကို ဝတ်ဆင်ကာ အခြားသရုပ်ဆောင်များနှင့်အတူလာရောက်ခဲ့သည်။ သူမ၏ ကိုယ်ပိုင်ထိုင်ခုံတွင်ထိုင်ကာ ရိုက်ကူးမည်အချိန်ကို စောင့်ဆိုင်းနေကြသည်။

ချောင်အင်ဟောင်သည် လူဂျင်နန်နှင့်အတူ သရုပ်ဆောင်ရမည်ဖြစ်ပြီး သူသည် ပြင်ဆင်မှုမပြီးသေးသောကြောင့် ဇောင်မင်းနှင့်အတူလူမြင်သာ သောနေရာတွင် ထိုင်ခဲ့ကြသည်။

လူဂျင်နန်သည် မိတ်ကပ်ကိုလတ်စသတ်ပြီးထွက်လာခဲ့သည်။ ရောက်ရှိလာသောလူအုပ်ကြီးကိုကြည့်ရှုလိုက်ပြီး သူ၏မျက်လုံးများက ချောင်အင်ဟောင်သို့ ရောက်သောအခါရပ်တန့်သွားသည်။ သူမ၏ အင်္ကျီပေါ်တွင် ဂျာကင်ကိုဝတ်ဆင်ထားပြီး ဇောင်မင်းဘက်သို့ လှည့်ကာ စကားပြောနေသည်။တစ်ခါတစ်ရံတွင် ဇောင်မင်းသည် လက်ကိုမြှောက်ကာ ချောင်အင်ဟောင်၏ခေါင်းကို ပုတ်လိုက်သည်။

လူဂျင်နန်သည် မိတ်ကပ်ခန်းမှထွက်ခွာလာပြီး စကားပြောဆိုနေသော ချောင်အင်ဟောင်နှင့် ဇောင်မင်း အနားမှဖြတ်သန်းသွားခဲ့သည်။ သူသည်မျက်မှောင်ကျုံကာ ပတ်ပတ်လည် သို့ရှာဖွေလိုက်ပြီး အဝေးတွင် လုံခြုံရေးကိရိယာများနှင့် အလုပ်ရှုပ်နေသော ဒါရိုက်တာထံသို့သွားခဲ့သည်။

"ချောင်ချောင်၊ လူဂျင်နန် ထွက်လာပြီ" ဟု ဇောင်မင်းက ပြောလိုက်သည်။

ဇောင်မင်းပြောသံကို ကြားလိုက်ရသောလူဂျင်နန်သည်သူမ၏ ခေါင်းကို လှည့်လိုက်သည်။လူဂျင်နန်သည် မိတ်ကပ်ခန်းသို့ ပြန်မသွားမီ ဒါရိုက်တာနှင့်ထုတ်လုပ်သူ ကို ဆွေးနွေးနေသည်ကို အဝေးမှ မြင်ခဲ့သည်။

သိပ်မကြာခင်တွင် ဒါရိုက်တာ၏ လက်ထောက်က သူမနှင့် ဇောင်မင်းဆီသို့ ပြေးလာခဲ့သည်။

ချောင်အင်ဟောင်သည် ဒါရိုက်တာ၏ လက်ထောက်အားရိုက်ကူးရန် အတွက်အသင့်ဖြစ်ပြီလား ဟု မေးမြန်းရန်ထရပ်လိုက်သည်။သို့သော် သူမ မမေးမီ လက်ထောက်မှ " မစ္စချောင်၊ တောင်းပန်ပါတယ် ၊ ဒါရိုက်တာက ကျွန်တော်ကို သည်နေ့ရိုက်ကူးမှု ရပ်နားလိုက်ပြီလို့ ပြောခိုင်းလိုက်တယ်" ဟုတောင်းပန်စကားဆိုခဲ့သည်။

ချောင်အင်ဟောင်သည် မျက်မှောင်ကျုံလိုက်မိသည်။

ဇောင်မင်းက " ငါတို့ မရိုက်ဘူးလား" ဟု သံသယဝင်စွာပြောခဲ့သည်။

ဒါရိုက်တာ၏ လက်ထောက်က ပြုံးရွှင်စွာဖြင့် " ဟုတ်တယ်၊ မစ္စတာ လူက အရေးတကြီး တတ်ရောက်စရာရှိလို့ မြို့ကို ပြန်သွားရမယ်"။

"ဒါဆို ငါတို့ဘယ်နေ့စပြီး ရိုက်ကူးမှာလည်း"ဟု ချောင်အင်ဟောင်က မေးမြန်းခဲ့သည်။

"ငါခန့်မှန်းရသလောက် ၄ရက် ၅ရက်လောက်ကြာမှ ပြန်လည်ရိုက်ကူးမယ်၊ အသေးစိတ်သိရတဲ့အချိန် ငါတို့ မင်းကို ဆက်သွယ်မှာပါ။ မစ္စချောင် ငါတို့ သည်အတွက် အလွန်ဝမ်းနည်းပါတယ်"

ဒါရိုက်တာ၏ လက်ထောက်ထွက်ခွာသွားပြီးနောက် ဇောင်မင်းက စောဒက တတ်ကာ " သူလုပ်စရာရှိတယ်ဆို ဘာလိုစောစောမပြောတာလဲ၊ မိတ်ကပ်ပြင်ဆင်ပြီးလို့ နေ့တစ်ဝက်လောက်စောင့်ဆိုင်းပြီးမှ မရိုက်တော့ဘူးလို လာပြောတယ်"။

ချောင်အင်ဟောင်သည် မြို့သို့ ပြန်ရန်မစဉ်းစားခဲ့ပါ။သူမ၏ မိတ်ကပ်ကိုဖျက်သိမ်းကာ ဟိုတယ်သို့ပြန်လည်ရောက်ရှိချိန်တွင် သူ၌ အဖျားအနည်းငယ်ရှိနေကြောင်းသတိပြုမိသည်။

ဇောင်မင်းသည် အလွန်စိတ်ပူကာ မည်သည်နည်းနှင့်မဆို သူမအား ဆေးရုံသို့ ခေါ်ဆောင်လိုခဲ့သည်။ချောင်အင်ဟောင်လည်း အဖျားသည် ရက်အနည်းငယ်ကြာကာ ရိုက်ကူးမှုအား အနှောက်အယှက် ဖြစ်စေမှာကို ကြောက်ရွံခဲ့သည်။သည် ၄ ၊၅ရက်အတွင်းရိုက်ကူးရန် မရှိသောကြောင့် သူမသည်လည်း မြို့သို့ပြန်ရန် ဆုံးဖြတ်ခဲ့သည်။

မြို့သို့ ပြန်ရောက်ပြီးနောက် ပထမဉီးစွာ သူမသည် ဆရာဝန်ထံသွား၍ စစ်ဆေးခဲ့ပြီး အဖျားသည် ပြင်းထန်သည့် အခြေအနေမဟုတ်ကြောင်း အတည်ပြုခဲ့သည်။ သူမသည် အအေးမိရုံသာဖြစ်ပြီး ဆရာဝန်မှ အားဆေးအချို့ ညွှန်ကြားခဲ့သည်။

ဆေးခန်းမှ အိမ်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ချောင်အင်ဟောင်သည် ဆေးကိုသောက်ကာ အိပ်ရာပေါ်သို့တတ်ခဲ့သည်။ နာရီဝက်အကြာတွင် ဆေးစွမ်းပြလာပြီး မူးဝေကာ အိပ်ပျော်သွားခဲ့သည်။

အအေးမိသောကြောင့် ချောင်အင်ဟောင်သည် နက်ရှိုင်းစွာမအိပ်ပျော်ခဲ့ပါ။သူမ၏ စိတ်ထဲတွင် ပုံရိပ်အမျိုးမျိုး ဖြစ်ပေါ်လာခဲ့သည်။