Chereads / Bringing the nation's husband home (myanmar translate) / Chapter 56 - အခန်း(၅၅) လူငယ်ဘဝ အမှတ်တရများ(3)

Chapter 56 - အခန်း(၅၅) လူငယ်ဘဝ အမှတ်တရများ(3)

အခန်း(၅၅) လူငယ်ဘဝ အမှတ်တရများ(3)

ထိုမိန်းကလေးထွက်ခွာသွားချိန်တွင်သည် ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ချောင်အင်ဟောင်သည် သူမ၏ ရဲစွမ်းသတ္တိကို တိုးမြင့်ကာ သူမစိတ်ထဲတွင် အမြဲရှိနေသော မေးခွန်းကို မေးခဲ့သည်။ "မင်းနဲ့ အဲ့မိန်းကလေး တွဲနေကြတာလား?"

သူမမေးပြီးချိန်တွင်သူမ၏ လျှာကိုကိုက်ထားမိသည်။ လူဂျင်နန်က သူမကို စပ်စုသော မိန်းကလေးအဖြစ်မြင်လား….။

ချောင်အင်ဟောင်သည် သူအား စိုးရိမ်သောအကြည့်ဖြင့် ကြည့်ကာ သူ၏ အမူအရာအား လျှို့ဝှက်စွာအကဲခတ်လိုက်သည်။ သူမ၏ မေးခွန်းကို ကြားသောအခါ လူဂျင်နန်သည် စာအုပ်မှ အကြည့်ကို ခွာလိုက်ပြီး " မဟုတ်ဘူး" ဟုပေါ့ပေါ့တန်တန်ဖြေလိုက်သည်။

ချောင်အင်ဟောင်သည် ခေါင်ငြိမ့်ကား "အို" ဟုသောအသံထွက်လိုက်သည်။ လူဂျင်နန်သည် သူ၏ စာအုပ်ကို ပြန်လည်အာရုံစိုက်လိုက်သည်။

အခန်းထဲတွင် တိတ်ဆိတ်သွားပြီး နောက် မကြာမီတွင် လူဂျင်နန်က ထပ်မံပြောဆိုခဲ့သည်။ "ငါတို့အတန်းလှုပ်ရှားမှုကို မကြာခင်စတင်တော့မှာဖြစ်ပြီး ငါတို့နှစ်ဦးလုံးတာဝန်ယူထားရတယ်"။

လူဂျင်နန် စကားပြောနေစဉ်တွင်ပင် သူ၏ မျက်လုံးများက စာအုပ်မှ မခွာခဲ့ပါ။ ချောင်အင်ဟောင်သည် စောင်ထဲပုန်းလိုက်ပြီး တိတ်ဆိတ်စွာ ပြုံးလိုက်သည်။

သူမ၏ ကိုက်ခဲမှုအတွက် သူနာပြုမှ ကိုက်ခဲပျောက်ဆေးများ ပေးခဲ့သည်။ ချောင်အင်ဟောင်မှ ငွေမပေးချေမီ လူဂျင်နန်မှ ဒေါ်လာသုံးဆယ်ထုတ်ပေးခဲ့သည်။

သူနာပြုရုံးခန်းနားတွင် ချောင်အင်ဟောင်သည် ခဏစဉ်းစားကာ လူဂျင်နန်ဆီသို့ ပြေးခဲ့သည်။ ထို့နောက် သူမ၏ပိုက်ဆံအိတ်မှ ဒေါ်လာ၅၀ ထုတ်ယူပြီးလူဂျင်နန်ကို ပေးလိုက်သည်။

"မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ ဒီမှာ ဆရာဝန်အတွက် ပေးခ"

လူဂျင်နန်သည် သူမကိုင်ထားသော ဒေါ်လာ၅၀တန်ငွေစက္ကူနှင့် သူမဖွင့်ထားသော ပိုက်ဆံအိတ်ကို တစ်ချက်ကြည့်လိုက်သည်။ အတွင်းပိုင်း၌ ဒေါ်လာ၁၀၀ တန် ငွေစက္ကူ အထပ်လိုက်ရှိသည်။ သူ၏ မျက်လုံးသည် အနည်းငယ်မှေးမှိန်သွားပြီး ချောင်အင်ဟောင်ဆီအား လျစ်လျူရှုကာ ကြီးမားသော ခြေလှမ်းဖြင့် လှည့်ထွက်သွားခဲ့သည်။

ချောင်အင်ဟောင်သည် ခက်ခဲသောသင်ခန်းစာများပြီးနောက် ပျော်ပွဲရွှင်ပွဲတွင်ပါဝင်ခဲ့သည်။ရှုချောင်မူတို့အဖွဲ့သည် အိမ်ပြင်တွင် အသားကင်နေကြသည်။သူတို့သည် သူငယ်ချင်းများစွာကို ဖိတ်ကြားခဲ့ပြီး ထိုထဲတွင် လူဂျင်နန်လည်း ပါဝင်ခဲ့သည်။

ထိုနေ့တွင် ရာသီဥတုသာယာပြီး မိုးကောင်းကင်သည် ရှင်းလင်းနေသည်။ အစာစားပြီးနောက် လူတိုင်းသည် မြက်ခင်းပြင်ပေါ်တွင် လဲလျောင်နေကြသည်။သူတိုင်းသည် စကားပြောဆိုနေကြပြီး တနည်းနည်းဖြင့် စကားများက သူတို့၏ အိမ်မက်တက္ကသိုလ်များဆီသို့ ရောက်ရှိသွားခဲ့သည်။လူဂျင်နန်ကတော့ တစ်ချိန်လုံး တိတ်ဆိတ်စွာ နေလေသည်။ အပြန်တွင် ရှုချောင်မူသည် လူဂျင်နန်အား မေးလိုက်သည်ကို ကြားခဲ့သည်။"မင်းကော ဘယ်တက္ကသိုလ် တတ်ချင်လည်း"

"အေ တက္ကသိုလ်…"

အေ တက္ကသိုလ်သည် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုထားသော ထိပ်ဆုံး တက္ကသိုလ်တစ်ခုဖြစ်သည်။ ချောင်အင်ဟောင်က ထိုထဲဝင်နိုင်ရန် စိတ်တောင်မကူးဝံ့ပါ။

သူမသည် မည်သည့်တက္ကသိုလ်တတ်ရမည်ကို သေချာမသိပေမယ့် ဟန်ကျုံးတက္ကသိုလ်မှာ တတ်ချင်လားဟု တစ်ယောက်ယောက်က မေးလိုက်သောအခါ ခေါင်းငြိမ့်လိုက်သည်။ သူမမှာ မည်သည့် ဦးစားပေးတက္ကသိုလ်မှ မရှိခဲ့ပါ။သို့သော် ဟန်ကျုံးသည် မြို့ကြီးတစ်မြို့ဖြစ်ပြီး တက္ကသိုလ်တစ်ခု တတ်ရန်ကောင်းသည်ဟု ဆုံးဖြတ်ခဲ့သည်။