အခန်း( ၅၇) လူငယ်ဘဝ အမှတ်တရများ(5)
မျက်ရည်များ စီးကျလာသော မျက်လုံးကို ပိတ်ကာ အတိတ်မှ အကြောင်းအရာများကို ပြန်လည် စဉ်းစားမိသည်။သူမဘယ်လောက်ပဲ ကြိုးစားကာမူ သူနှင့်ဘယ်တော့မှ မနီးစပ်နိုင်ခဲ့ပါ။
အကြိမ်ပေါင်းများစွာ သူမနှလုံးသားထဲတွင်လူမသိအောင် သိမ်းဆည်းထားသော ဝမ်းနည်းမှုများက သူမ၏ အိမ်မက်ထဲတွင်သာ လွှတ်မြောက်နိုင်ခဲ့သည်။ထိုနာကျင်မှုများကို မည်မျှပင် ခက်ခဲစွာလျစ်လျူရှုထားပါစေ သေးငယ်သောထိတွေ့မှုလေး တစ်ခုကြောင့် မီးတောင်ပေါက်ကွဲသလို သန်းပေါင်းများစွာသော အပိုင်းအစများအဖြစ်ပေါက်ကွဲထွက်နိုင်သည်။မခံစားနိုင်သော ရက်စက်မှုနှင့် အဆုံးမဲ့နာကျင်မှုတို့က သူမရင်ကိုရိုက်ခတ်လာသည်။
ချောင်အန်ချောင်သည် သာမန်လူများကဲ့သို့ ရှန်ဟိုင်းရှိဒေသခံ တက္ကသိုလ်တွင်တတ်ရောက်ခဲ့သည်။ ချောင်အန်ချောင်နှင် ချောင်အင်ဟောင် တို့သည် ဇီဝဗေဒဆိုင်ရာ ညီအမများမဟုတ်ကြသော်လည်း တူညီသော မျိုးရိုးမှ ဆင်းသက်လာပြီး ချောင်အင်ဟောင်၏ မိဘများ ကားမတော်တဆမှုကြောင့် ဆုံးပါးသွားချိန်တွင် သူမသည် ချောင်အန်ချောင်၏ အိမ်တွင် နေထိုင်ခဲ့ကာ ညီအမ အရင်းများကဲ့သို့ သံယောစဉ်ချည်နှောင်ခဲ့သည်။
ချောင်အန်ချောင်သည် သူမ၏ ဇာတိမြို့ဖြစ်သော ရှန်ဟိုင်းသို့ ထွက်ခွာသွားပြီး ချောင်အင်ဟောင်နှင့် ရှုချောင်မူတို့ကို လာလည်ရန် ဖိတ်ခေါ်ခဲ့သည်။ အကြိမ်များစွာ ဖိတ်ကြားချက်အပြီးတွင် ချောင်အင်ဟောင်နှင့် ရှုချောင်မူ တို့သည် ဆောင်တွင်း၌ သူမဆီ ထွက်ခွာလာခဲ့ကြသည်။
ရှန်ဟိုင်းနှင့် ဘေကျင်းသည် ဆင်တူကြပြီး လည်ရန်နေရာမရှိဘဲ နှစ်ခုလုံးဖွံ့ဖြိုးသောမြို့ကြီးများဖြစ်ကြသည်။ ထို့ကြောင့် ချောင်အန်ချောင်သည် ဟန်ကျုံးသို့ အရင်သွားလည်အကြံပြုခဲ့သည်။
ရှုချောင်မူမှာမူမကန့်ကွက်ခဲ့ပါ။ လူဂျင်နန်ထိုတွင်ရှိသောကြောင့် ချောင်အင်ဟောင်သည်လည်း ကန့်ကွက်ရန် အကြောင်းမရှိခဲ့ပါ။ သူတို့သုံးဦးသား ဟန်ကျုံးသို့ ဦးတည်သွားခဲ့ကြသည်။
ရှုချောင်မူနှင့် လူဂျင်နန်သည် မတူကွဲပြားသော မိခင်များမှ မွေးဖွားလာခဲ့ကြသော်လည်း အမြဲတမ်းရင်းနှီးခဲ့ကြသည်။ ရှုချောင်မူ ဖုန်းခေါ်ရုံဖြင့် လူဂျင်နန်ကို အောင်မြင်စွာဖိတ်ကြားနိုင်ခဲ့သည်။
သူတို့သည် ၄ရက်ကြာ နေထိုင်ခဲ့ကြပြီး လူဂျင်နန်သည် သူတို့နှင့်လိုက်ပါခဲ့သည်။ သူသည် အနောက်ရေကန် ကျိုးပဲ့တံတားမှ လိုင်ဖုန်း မျော်စင် အထိ၊ လင်းယီ ဘုရားကျောင်းမှ ရှီးရှီး အမျိုးသား ဥယျာဉ်အထိ သူတို့နှင့်အတူလိုက်ပါခဲ့သည်။၄ရက်နှင့် ၁၂ကြိမ်အတူတကွ စားသောက်ပြီးနောက် ချောင်အင်ဟောင်သည် လူဂျင်နန်နှင့် လွန်ခဲ့သော လေးနှစ်သာ ကျောင်းသားဘဝထက်ပိုမို ရင်းနှီးလာခဲ့သည်။
နောက်ဆုံးနေ့၌ သူတို့သည် ဟန်ကျုံးဈေးဝယ်စင်တာသို့ သွားခဲ့သည်။ မိန်ကလေးများဖြစ်သောကြောင့် သူမနှင် အန်ချောင်သည် အရာအားလုံးကို ဝယ်ယူလိုခဲ့သည်။ချမ်းသာကြွယ်ဝသော ရှုချောင်မူနှင့် အမြဲရင်းနှီးနေသောသူမတို့သည် သူတို့၏ ပိုက်ဆံကို ကြမ်းတမ်းစွာသုံးစွဲခဲ့သည်။
ရိုးရှင်းသော ပစ္စည်းအတွက် ထောင်ဂဏာန်းအနည်းငယ် သုံးစွဲခြင်းသည် သူတို့သုံးဦးအတွက်ပုံမှန်ဖြစ်သည်။ သို့သော် လူဂျင်နန်သည် တိတ်ဆိတ်မှုတို့ တိုးပွားလာခဲ့သည်။ ပိုက်ဆံများကို လွတ်လပ်စွာသုံးဖြုန်းနေသည်ကို မြင်သောအခါ သူ၏ မျက်လုံးတို့ မှေးမှိန်သွားသည်။ နောက်ဆုံးတွင် သန့်စင်ခန်းသို့ သွားရန် အကြောင်းပြချက်ဖြင့် ထွက်လာခဲ့သည်။သေးငယ်သော အခန်းတွင်ထိုင်ကာ စီးကရက်ကို နက်ရှိုင်းစွာဖွာလိုက်သည်။ သူ၏ အိပ်ကပ်ထဲသို့ သေးငယ်သော သေတ္တာတစ်ခုကို အလျင်အမြန် ထိကြည့်လိုက်သည်။ ထိုအချိန်မှာဘဲ သူတို့သည် သူဘယ်မှာလဲဟု လှမ်းခေါ်လိုက်ကြသည်။
ဟန်ကျုံးတွင် ချောင်အင်ဟောင်က လူဂျင်နန်အား သူမ၏ QQ တွင်ထည့်သွင်းခဲ့ပြီး ဂျင်ချန်သို့ ပြန်ရောက်ချိန်တွင် သူနှင့် စကားပြောဆိုရန် အကြောင်းပြချက်ရှာဖွေခဲ့သည်။သူတို့သည် စကားစမြည်းပြောဆိုခဲ့ကြသော်လည်း ဆက်သွယ်မှုသည် ဘယ်တော့မှ မရပ်တန့်ခဲ့ကြပါ။
သူတို့၏ နှလုံးသားချင်းနီးကပ်နေသမျှ အကွာအဝေးသည် ပြဿနာမဟုတ်ပါ။