အခန်း(၅၈) လူငယ်ဘဝ အမှတ်တရများ(6)
ထိုအချိန်တွင် ရှန်ဟိုင်းမှ ဟန်ကျိုးသို့ ရထားစီးသွားလျှင် တစ်နာရီသာ ကြာသည်။ ထို့ကြောင့် ချောင်အင်ဟောင်သည် ရှန်ဟိုင်းရှိ ချောင်အန်ချောင်စီသို့ မကြာခဏ သွားလည်ခဲ့ပြီး ရှန်ဟိုင်းထက် ဟန်ကျိုးသည် ပို၍ ပျော်စရာကောင်းသည်ဟု ဆိုကာ သူမတို့အတူတကွ ဟန်ကျိုးသို့သွားလည်ခဲ့ကြသည်။ သူမတို့ ဟန်ကျိုးသို့ရောက်တိုင်း QQ သို့ဝင်ကာ လူဂျင်နန်အား တွေ့ဆုံရန် အမြဲဖိတ်ကြားလေ့ရှိသည်။
လူဂျင်နန်သည် သူမနှင့် ချောင်အန်ချောင်တို့ ဖိတ်ခေါ်တိုင်း အမြဲလာရောက်ခဲ့သည်။ ချောင်အင်ဟောင်သည် တက္ကသိုလ် လေးနှစ်တာ အတွင်း ဘေကျင်းမှ ရှန်ဟိုင်းသို့ လေယာဉ်လက်မှတ်များ၊ ရှန်ဟိုင်းမှ ဟန်ကျုံးသို့ ရထားလက်မှတ်များ ၊ ဟန်ကျုံးမှ ဘေကျင်းသို့ လေယာဉ်လက်မှတ်များ စုဆောင်းမိခဲ့သည်။
လက်မှတ်တစ်ခုချင်းစီသည် လူဂျင်နန်နှင့် တွေ့ဆုံခဲ့သည့် အချိန်များကို ကိုယ်စားပြုခဲ့သည်။အတိအကျဆိုလျှင် လက်မှတ် သုံးခုတွဲသည် လူဂျင်နန်နှင့် တွေ့ဆုံခဲ့သည် အချိန်အတိအကျကို ကိုယ်စားပြုလိမ့်မည်။ထိုထဲတွင် သူသည်သူမအား သုံးကြိမ်တိုင် မတွေ့ဆုံ ခဲ့ပါ။
သူမနှင့် တွေ့ဆုံရန် ငြင်းဆိုခြင်း မတိုင်မီ တစ်ခေါက်တွင် သူမသည် ပုံမှန်အတိုင်း ရှန်ဟိုင်းသို့ ထွက်ခွာလာခဲ့သည်။ သူမသည် အန်ချောင် အား ကြိုတင်အကြောင်းမကြားမိသောကြောင့် အန်ချောင်သည် သူမ၏ သူငယ်ချင်းများနှင့် အတူ ပြင်သစ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး ရှန်ဟိုင်းတွင် သူမတစ်ယောက်ထဲသာ ကျန်နေခဲ့သည်။
ရှန်ဟိုင်းနှင့် အကျွမ်းတဝင်မရှိသောသူမသည် ဟန်ကျုံးသို့ပြေးဆွဲသော ရထားဘူတာဆီသို့ တစ်ကိုယ်တည်း သွားခဲ့သည်။ ဒီတစ်ခါတွင် သူမတစ်ယောက်တည်း ဟန်ကျုံးသို့ ဆင်းသွားခြင်းဖြစ်သည်။ ယခင်က သူမနှင့်အတူ အန်ချောင် မဟုတ်ရင် ရှုချင်မူ ရှိခဲ့သည်။ ရထားပေါ်တွင် သူမသည်ခရီးစဉ် တစ်လျှောက်လုံး လူဂျင်နန်နှင့် တွေ့ဆုံရန်အတွက် အကြောင်းပြချက်ကို စဉ်းစားနေခဲ့သည်။
နောက်ဆုံးအကြောင်းပြချက်ကို စဉ်းစားလို့မရမီ သူမသည် ပြဿနာတစ်ခုကိုတွေ့ရှိလိုက်ရသည်။ သူမ၏ အာရုံများ ပျံလွင့်နေသောကြောင့် ဟန်ကျုံးဘူတာရောက်မှ သူမ၏ ပိုက်ဆံအိတ်ပျောက်ဆုံးနေသည်ကို သတိပြုမိခဲ့သည်။
ထိုအချိန်တွင် ငွေမရှိဘဲ သူမနှင့်မရင်းနှီးသောနေရာသို့ တစ်ကိုယ်တည်းရောက်ရှိနေခဲ့သည်။ စိတ်မကောင်းဖြစ်မည့်အစား တစ်ယောက်ယောက်သူမ ပိုက်ဆံအိတ်ကို ခိုးယူသွားသည့်အတွက် သူမပျော်ရွှင်နေခဲ့မိသည်။
သူမသည်လူဂျင်နန်အာ မက်ဆေ့ပို့လိုက်ပြီး သူမရှိရာအရပ်ဆီသို့ လာရောက်ရန်ပြောဆိုခဲ့သည်။ လူဂျင်နန် ရောက်လာသည်အထိ သူမသည် ထိုနေရာတွင် နာခံမှုရှိရှိဖြင့် ၃ နာရီနီးပါ ရပ်စောင့်နေခဲ့သည်။
လူဂျင်နန်သည် ရှေးခေတ်ဝတ်ဆုံကို ဝတ်ဆင်ထားခဲ့သည်။ ထိုဝတ်ဆုံသည် ဟောင်နွမ်း ညစ်ပတ်နေပြီး လူတိုင်း၏ အာရုံကိုဆွဲဆောင်ခဲ့သည်။
သူတို့ တက္ကစီထဲဝင်ရောက်ပြီးမှသာ လူဂျင်နန်သည် သူမ၏ စာသားကို လက်ခံရရှိချိန်တွင် ဟန်တင်၌ ရိုက်ကူးနေကြောင်းသိရှိလိုက်ရသည်။
ချောင်အင်ဟောင်သည် သူမ၏ ပိုက်ဆံအိတ်နှင့် အတူ သူမ၏ မှတ်ပုံတင်ကဒ်ပါပျောက်ဆုံးခဲ့သည်။ မှတ်ပုံတင် မရှိသောကြောင့်သူမသည် ဟိုတယ်တွင် မတည်းခိုနိုင်ပါ။ထို့ကြောင့်လူဂျင်နန်သည် သူမအား ကျောင်းအနီးတွင်ငှားရမ်းထားသော သူ၏ တိုက်ခန်းသို့ခေါ်ဆောင်သွားခဲ့ သည်။
ထိုအရာသည် အတော်လေးသေးငယ်ဟောင်းနွမ်းနေသော တိုက်ခန်းတစ်ခုဖြစ်သည်။အခန်းထဲတွင် အခြေခံပရိဘောဂများ ပါရှိသည်။ အိပ်ရာနားတွင် ကွန်ပျူတာ ဟောင်းတစ်လုံးတင်ထားသည် စားပွဲခုံ၊ ပွင့်လင်းသော မီးဖိုချောင်နှင့် ရေချိုးခန်းတို့ပါဝင်သည်။
တိုက်ခန်းသို့ရောက်ချိန်တွင် လူဂျင်နန်သည် ရေချိုးခန်းသို့ ဝင်ကာ အဝတ်အစားပြောင်းလဲခဲ့သည်။ ထို့နောက် အိတ်တစ်လုံးနှင့် မထွက်ခွာမီ ချောင်အင်ဟောင်အား ရေချိုးရန် အချက်ပြလိုက်သည်။ သူမရေချိုးခန်းမှ ထွက်လာချိန်တွင် စာပွဲပေါ်၌ အိတ်တစ်လုံး ရှိနေပြီး လူဂျင်နန် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။