အခန်း(၅၉) လူငယ်ဘဝ အမှတ်တရများ(7)
ညစာစားပြီးနောက် လူဂျင်နန်သည် ဟိုတယ်သို့ မပြန်မီ အိပ်ရာခင်းများကို လဲလှယ်ပေးခဲ့သည်။ သူထွက်သွားခါနီးတွင် ချောင်အင်ဟောင်သည် ရှေ့သို့တိုးကာ သူ၏ လက်ကိုဆုတ်ကိုင်လိုက်သည်။
လူဂျင်နန်သည် တိတ်ဆိတ်နေပြီးသူ၏ စိတ်ထဲ၌ သူမကြောက်ရွံ့နေသည်ဟု ထင်မှတ်လိုက်သည်။ ထို့နောက် လှည့်ကာ ကွန်ပျူတာရှေ့၌ ထိုင်လိုက်သည်။
ကွန်ပျူတာမှ ထွက်ပေါ်လာသော ဆူညံသံမှ အပ အခန်းတစ်ခုလုံးတိတ်ဆိတ်လို့နေသည်။အချိန်ကုန်လွန်ခဲ့ပြီး ည ၁၁ နာရီထိုးချိန်တွင် လူဂျင်နန်သည် ကြမ်းပြင်ပေါ်၌ မွေ့ရာကိုခင်းကာ လဲလျောင်းလိုက်ပြီး ချောင်အင်ဟောင်သည် အိပ်ရာပေါ်တွင် နေရာယူခဲ့သည်။ သူမခြုံထားသောစောင်မှ လူဂျင်နန်၏ ကိုယ်သင်းရနံကို ရရှိနေမိခဲ့သည်။ သူ၏ ရနံသည် သူမအနားတွင် ပျံနှံနေပြီး မသိလိုက်သည့် အချိန်တွင် သူမ၏ နှလုံးသည် လျင်မြန်စွာခုန်လာခဲ့လေသည်။
ထိုညသည် တိတ်ဆိတ်သောည ဖြစ်ခဲ့သည်။သူတို့၏ အတွေးများလည်းပျံလွင့်လို့နေပြီး နက်ရှိုင်းသော အမှောင်ထုထဲသို့ ကြည့်နေမိသည်။ တစ်ဦးနှင့် တစ်ဦးအသက်ရှူသံကို နားထောင်ရင်း တစ်ဖြည်းဖြည်း အိပ်ပျော်သွားခဲ့ကြသည်။
ညဉ့်နက်သန်းခေါင်အချိန်တွင် ဟန်ကျုံး၌ မိုးများသည်းထန်စွာရွာသွန်းခဲ့ပြီး လျှပ်စီးသံများနှင့် အလင်းရောင်များ တောက်ပနေခဲ့သည်။ ပြင်းထန်သောရာသီဥတုက ချောင်အင်ဟောင်အား မနိုးထစေခဲ့ပါ။ သူမ၏ မျက်နှာတွင် အပြုံးတစ်ပွင့်ဖြင့် နက်ရှိုင်းစွာအိပ်ပျော် နေသည်။
နောက်တစ်နေ့တွင် ချောင်အင်ဟောင်သည် ယာယီ နေထိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခဲ့သည်။ လူဂျင်နန်က သူမအတွက် လေယာဉ်လက်မှတ်ဝယ်ယူရန်ကူညီခဲ့ပြီး လေဆိပ်သို့ ကိုယ်တိုင်လိုက်ပို့ခဲ့သည်။
သူမ ခရီးသည် စောင့်ဆိုင်းခန်းမထဲမဝင်ခင် လူဂျင်နန်သည် သူ၏ ပိုက်ဆံအိတ်ကို ဖွင့်ကာ ဒေါ်လာရာတန် အနည်းငယ်ကို ထုတ်ယူလိုက်ပြီး သူမလက်ထဲသို့ထည့်ခဲ့သည်။ သူသည် စကားနည်းသော်လည်း သူမကိုယ်သူမ ဂရုစိုက်ရန်နှင့် ဂျန်ချန်သို့ ပြန်ရောက်ချိန်တွင် သူအား ဖုန်းဆက်ရန် တိုးတိုးလေး မှာကြားခဲ့သည်။
အဲ့အချိန်တွင်သူတို့၏ ဆက်ဆံရေးသည် ပိုမိုနီးကပ်လာခဲ့ပြီး အချိန်မရွေး ပွင့်လင်းလာနိုင်သည်။ သို့သော် တနည်းနည်းဖြင့် ထိုနေ့မှစ၍ အရာအားလုံးအကြီးအကျယ်ပြောင်းလဲခဲ့သည်။
ဂျင်ချန်သို့ ပြန်ရောက်ပြီးနောက် ချောင်အင်ဟောင် ပထမဆုံးလုပ်ခဲ့သည်မှာ မှတ်ပုံတင် အသစ်တစ်ခုလျှောက်ထားခဲ့ပြီး ရရှိသည်နှင့် ရှန်ဟိုင်းသို့ လေယာဉ်လက်မှတ် ကြိုတင်မှာကြားခဲ့သည်။ ထို့နောက် ချောင်အန်ချောင်ကို ဟန်ကျုံးသို့ ဆွဲခေါ်ကာ လူဂျင်နန်သို့ ပုံမှန်အတိုင်း ခေါ်ဆိုခဲ့သည်။
လူဂျင်နန်က ဟန်တင်တွင် ရိုက်ကူးနေပြီး မြန်မြန်ဆန်ဆန် မလာရောက်နိုင်ကြောင်းပြောဆိုခဲ့သည်။သူမက သူဆီလာလည်ရန် ဟန်တင်သို့ လာခဲ့မည်ဟုပြောကြားလိုက်သည်။သူက ဒီရိုက်ကွင်းက ပုဂ္ဂလိက ပိုင်ဖြစ်လို့ အပြင်လူ လာရောက်ခွင့်မပြုခဲ့ဘူးလို့ ပြောခဲ့တယ်။
ထိုအချိန်က သူမသည် သူအလုပ်များနေသည်ဟု ပြောဆိုခြင်းကို သံသယ မဝင်ခဲ့ပါ။ သူမသည်အနည်းငယ်စိတ်ပျက်မိပြီး နှစ်ရက်အကြာတွင် ဟန်ကျုံးမှ ထွက်ခွာလာခဲ့သည်။
တစ်လ အကြာတွင် ဟန်ကျုံးသို့ လည်ပတ်ခဲ့သည်။ သို့သော် လူဂျင်နန်က စီအန်းတွင် ရိုက်ကူးနေသည်ဟု ပြောဆိုခဲ့သည်။ နောက်လတစ်ဝက်အကြာတွင် ဟန်ကျုံးသို့ ထပ်မံလည်ပတ်ခဲ့ပြီး လူဂျင်နန်သည် ထပ်မံငြင်းဆိုရန် အလာတူ ရိုက်ကူးရေးကိုဆင်ခြေအဖြစ် အသုံးပြုခဲ့သည်။
လူသိများသော အခန်းကဏ္ဍကို သရုပ်ဆောင်ပြီးနောက် လူဂျင်နန်၏ ကျော်ကြားမှုသည် ထိုအချိန်၌ ပိုမိုများပြာလာခဲ့သည်။ ချောင်အင်ဟောင်၏ အခန်းဖော်များက သူ၏ အကြောင်း ဆွေးနွေးပြောဆိုလာခဲ့ကြသည်။
အမျိုးသမီးများသည် သဘာဝအလျောက် ခံစားလွယ်သော သူများဖြစ်ကြပြီး ချောင်အင်ဟောင်က လူဂျင်နန်သည် သူမကို ရှောင်ရှားနေသည်ဟု စတင် ခံစားလာရသည်။
သူမသည် သူမချစ်နေမိသောကြောင့်ကျပန်းအတွေးများဖြစ်ပေါ်ခဲ့ သည်ဟု ထင်မှတ်လိုက်သည်။ တစ်ချိန်တွင် သူတွင် ကြိုက်နှစ်သက်နေသူ တစ်ဦးရှိကြောင်း ကြားသိလိုက်ရသည်။ ထို့ကြောင့် သူမသည် သူငယ်ချင်းကောင်း တစ်ဦး၏ လေသံကဲ့သို့ သူအား သူကြိုက်နှစ်သက်နေသည့် မိန်းကလေးကို မေးမြန်းလိုက်မိသည်။