အခန်း(၆၀) လူငယ်ဘဝ အမှတ်တရများ(8)
ချောင်အင်ဟောင်သည် ထိုအချိန်က အဖြစ်အပျက်များကို မှတ်မိရန်မရဲဝံ့ပါ။ သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာခဲ့သည်။
ထိုအရာသည် အိမ်မက်ဆိုးတစ်ခုလိုပဲ…..
"မင်းဘယ်တော့မှ မဖြစ်နိုင်ဘူး…"
ထိုအချိန်မတိုင်ခင်အထိ သူမသည် အလယ်တန်းကျောင်းမှ စတုတ္ထနှစ်အထိ ရှစ်နှစ်ကြာချစ်ခြင်းမေတ္တာကို သယ်ဆောင်လာခဲ့သည်။ ထိုရှစ်နှစ်တိုင်အောင်သူမသည်သူအား တစ်ဖက်သတ်ချစ်မြတ်နိုးခဲ့သည်။ သူနှင့်နေနိုင်ရန် ကြိုးစားအာထုတ်ခဲ့သည်။ မိုက်မဲသောအရာများ ပြုလုပ်ခဲ့သည်။ သူအကြောင်းအိပ်မက် မက်ခဲ့သည်။သူ့ကြောင်းကို စဉ်းစားတွေးတောခဲ့ပြီး သူမဘဝတစ်ခုလုံးကို သူထံသို့ပုံအပ်ခဲ့သည်။ ဒါပေမယ့် သူမအဖိုးတန်ဆုံး ရှစ်နှစ်ကိုပေးဆပ်ခဲ့သော ကောင်လေးက သူကြိုက်တဲ့သူ ဘယ်သူဘဲဖြစ်ဖြစ် သူမဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။
သူမ၏ တဖက်သတ်ချစ်ခြင်းမေတ္တာ၊ သူမသိုမှီးထားသော ခံစားချက်များ မပေါက်ဖွားမီပင် သေဆုံးခဲ့ရသည်။ ထိုနေ့မှစ၍ သူမ၏ ချစ်ခြင်းမေတ္တာသည် လျှို့ဝှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
သူမသည် သူအားတဖြည်းဖြည်း ရှောင်ရှားရန်ကြိုးစားခဲ့ပြီး သူနှင့် တွေ့ဆုံခြင်းမရှိတော့ပါ။ ရံဖန်ရံခါ သူအကြောင်းရှုချောင်မူ ဆီမှ ကြားသိရလိမ့်မည်။သူသည်သူ၏ လုပ်ငန်းတွင် ကောင်းမွန်စွာလုပ်ဆောင်နေပြီး အကောင်းဆုံးသရုပ်ဆောင်ဆုကိုပင် ရရှိခဲ့သည်။ ထပ်မံ၍ ဟွမ်ရင်ဖျော်ဖြေရေးကုမ္ပဏီကိုပင် ဝယ်ယူခဲ့ကြောင်းကြားသိခဲ့ရသည်။
ရှုချောင်မူ သူမအားမပြောခဲ့လျှင်တောင် သူမအလွယ်တကူ သိရှိနိုင်ခဲ့သည်။ သူသည် တစ်ကမ္ဘာလုံးတွင် အောင်မြင်ကျော်ကြားခဲ့ပြီး သူ၏ဘဝနှင့်ပတ်သတ်သော သတင်းအချက်အလတ်များအားလုံးသည် သတင်းစာ ခေါင်းစီးဖြစ်လာခဲ့သည်။
သူမသည်သူအားသတိရှိရှိရှောင်ရှားခဲ့သော်လည်း သူမသွားသည့် နေရာတိုင်းတွင် သူ၏ ကြော်ငြာပိုစတာများကို တွေ့မြင်နေခဲ့သည်။ သူမသည် သူအားရှောင်ရှားနေရမည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သော်လည်း သူ၏ပိုစတာများကိုမြင်တိုင်း သူမ၏ မှတ်ဉာဏ်ထဲမှ မျက်နှာနှင့် သူ၏ယခုမျက်နှာတို့၏ ပြောင်းလဲမှုကို ကြိုးစားရှာဖွေနေခဲ့မိသည်။
ထိုအချိန်များကို ပြန်လည်စဉ်းစားကာ သူမ၏ဝမ်းနည်းမှုများကို မထိန်းချုပ်နိုင်ကာ ငိုကြွေးမိလိုက်သည်။ ထို့နောက်မျက်ရည်များ က သူမကို အိပ်မက်မှ နိုးထလာစေခဲ့သည်။
သူမနိုးလာချိန်တွင် အကျွမ်းတဝင်ရှိသော အိပ်ခန်း၌ မျက်စိဖွင့်လာခဲ့သည်။နံရံကိုငေးကြည့်ကာ အိပ်မက်ကြောင့်သူမသည် မျက်ရည်များဖြင့် စိုစွတ်နေကြောင်းသတိပြုမိလိုက်သည်။
နာရီသို့လှမ်ကြည့်လိုက်ချိန်တွင် ည၁၂နာရီထိုးပြီဖြစ်သည်။ မွန်းလွဲပိုင်းတွင် အိမ်ပြန်ရောက်လာခဲ့ပြီး ဆေးသောက်ပြီးနောက် အိပ်ပျော်သွားခဲ့သည်။ ချောင်အင်ဟောင်သည် သူမ၏အိပ်ရာကိုစွန့်ခွာပြီး သူမရဲ့မျက်နှာကိုဆေးကြောရန် ရေချိုးခန်းသို့သွားခဲ့သည်။ မျက်နှာသစ်ပြီးနောက် မီးဖိုချောင်မှ ရေတစ်ခွက်ခတ်ကာ ဆေးကိုသောက်သုံးလိုက်သည်။ ဆေးသောက်ပြီးနောက် ရေခဲသေတ္တာမှ အေးခဲနေသော ဖက်ထုပ်အချို့ကို ထုတ်ယူခဲ့သည်။ သူတို့ကိုချက်ပြုတ်ကာ အစာစားရန်အတွက် ထမင်းစားပွဲ၌ ထိုင်လိုက်သည်။
သူမအစာ စားနေစဉ် အပြင်ဘက်မှ ကားသံကို ကြားလိုက်သည်။ ပြတင်းပေါက်မှ ကြည့်လိုက်ရာ ကားတစ်စီးမောင်းဝင်လာသည်ကို တွေ့လိုက်ရသည်။ သူမသည် သူမ၏ဦးခေါင်းကို ငုံကာ ဖက်ထုပ်ပန်းကန်အား ငေးကြည့်နေမိသည်။ မကြာမီတွင် တံခါးပွင့်လာကာ လူဂျင်နန်ဝင်လာခဲ့သည်။
အခန်း( ၆၁) ဒီမှာ လက်မှတ်ထိုးပါ(၁)