အခန်း(၅၃) လူငယ်ဘဝ အမှတ်တရများ(1)
ထိုကောင်လေးသည် သူကို တစ်ယောက်ယောက် ကြည့်နေသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် ခေါင်းကို လှည့်ကာ ချောင်အင်ဟောင်အား အေးစက်သော မျက်လုံးဖြင့် တစ်ချက်ကြည့်လိုက်သည်။ ချောင်အင်ဟောင် လည်း သူမ၏ စိတ်ကူးအိပ်မက်မှ နိုးလာခဲ့သည်။ မိုးဆဲသွားသောအခါ သူသည် အမိုးအကာအောက်မှ ထွက်ခွာသွားခဲ့သည်။
ထွက်ခွာသွားသော သူ၏ နောက်ဘက်မြင်ကွင်းပျောက်ကွယ်သွားမှ ချောင်အင်ဟောင်သည် ဘတ်ကားမှတ်တိုင်သို့သွားခဲ့သည်။သူမ မှတ်တိုင်သို့ ရောက်သည်နှင့် ဘတ်ကားလည်း ဆိုက်ရောက်လာခဲ့သည်။ ချောင်အင်ဟောင်သည် သူမရဲ့ ကတ်ဖြင့်ငွေပေးချေပြီး ကားပြတင်ပေါက် နားတွင် ထိုင်ခဲ့သည်။ မိုးဖြင့်ဆေးကြောသန့်စင်ခြင်း ခံရသော မြို့၏မြင်ကွင်းကို ငေးကြည့်နေရင်း သူမ စိတ်ထဲတွင် အစောက တွေ့ခဲ့သော ကောင်လေးကိုသာအမှတ်ရနေမိသည်။
အလယ်တန်းတတိယနှစ် သည် အရေးကြီးသော ကာလဖြစ်သည်။ ချောင်အင်ဟောင်၏ စိတ်တွင် အတွေးများစွာဖြစ်ပေါ်နေပြီး သူမစိတ်ထဲတွင် ပေါ်လာသော သူ၏ ပုံရိပ်ကို မရပ်တန့်နိုင်ခဲ့ပါ။
သူမဘွဲရသည် အချိန်တွင် သူကို မတွေရှိခဲ့ပါ။သို့သော် အထက်တန်း ပထမနှစ် ၌ သူမကျောင်းသို့ပထမဆုံးသွားချိန်တွင်သူမနှင့် ချောင်အန်ချောင် တို့သည် ရှုချောင်မူနှင့် သူအားတွေ့ဆုံခဲ့ရသည်။သူမသည် သူမစိတ်ထဲရှိကောင်လေးနှင့်ပြန်လည်တွေဆုံခဲ့ရသည်။
ချောင်အင်ဟောင်နှင့် မတူသည်မှာ သူသည် မိုးရွာသောနေ့၌ တွေ့ဆုံခဲ့သော သူမအားမေ့သွားခဲ့ပုံရသည်။ရှုချောင်မူက သူမတို့အားမိတ်ဆက်ပေးချိန်တွင် သူသည် ခေါင်းသာငြိမ့်၍ စကားပင် ပြန်ပြောခဲ့ပါ။ချောင်အင်ဟောင်လည်း သူ၏ နာမည်အား ရှုချောင်မူမှ တဆင့် သိခဲ့ရသည်။
"လူဂျင်နန်"…ထိုညတွင် သူမသည် သူ၏နာမည်အား မှတ်စု စာအုပ်တွင် ရေသားခဲ့သည်။
ထိုစကားလုံးတွင် ပေါင်းစပ်ခြင်းများစွာပါဝင်ပြီး သူမသည် စကားတစ်လုံးစီတိုင်းအားလေးနက်စွာရေးသားခဲ့သည်။လူဂျင်နန်၏ နာမည်အား စာအုပ်တွင်သာမက သူမ၏ နှလုံးသာတွင်လည်း လေးနက်စွာ ပုံဖော်ထားမိခဲ့သည်။
သူမ၏ အထက်တန်းကျောင်းတွင်အခန်းများကို အဆင့်အလိုက်ခွဲခြား ထားသည်။ ရှုချောင်မူနှင့် လူဂျင်နန်သည်ထိပ်ဆုံးတွင် ရှိခဲ့ပြီး ပထမခန်းတွင် တတ်ရောက်ခဲ့သည်။ သူမနှင့် ချောင်အန်ချောင်သည် အလယ်အလတ်အဆင့်သာဖြစ်၍ တတိယ ခန်း၌ တတ်ရောက်ခဲ့ရသည်။
ရှုချောင်မူနှင့် လူဂျင်နန်သည် ရင်းနှီးသောကြောင့်အတူသွား အတူလာခဲ့ကြသည်။သူမသည် လူဂျင်နန်နှင့် တွေဆုံတိုင်း သူမ၏ သွေးခုန်နှုန်းသည် သိသိသာသာ တိုးများလာခဲ့သည်။ သူနှင့်တွေ့ဆုံတိုင်း သူ၏ အာရုံစိုက်ခြင်းခံရစေရန် သူမသည် စတင်ကြိုးစားလာခဲ့သည်။ ညအချိန် အိပ်ရာပေါ်၌ လှဲလျောင်းရင်း သူအကြောင်းစဉ်းစားမိရုံဖြင့် သူမ၏ နှလုံးခုန်သံတို့ မြန်ဆန်လာခဲ့သည်။
တဖြည်းဖြည်း သူမသည် အကျင့်ဖြစ်လာခဲ့သည်။ သူမသန့်စင်ခန်းသို့ သွားသည်အခါတိုင်း သူ၏ အာရုံကို ရယူရန် ပထမခန်းမှတမင်တကာ ဖြတ်သန်းသွားခဲ့သည်။ အကျွမ်းတဝင်ရှိသော သူ၏ ပုံရိပ်ကို မြင်လိုက်တိုင်း သူမသည် နှလုံးခုန်သံတို့ မြန်ဆန်လာခဲ့သည်။သူနှင့်မတွေ့ရသည့် နေ့ရက်တိုင်းသည် သူမအတွက် မှေးမှိန်ခြောက်ကပ်ခဲ့သည်။အတန်းချိန် ပြီးသည်အချိန်တိုင်း သူမသည် သူမ၏ သူငယ်ချင်းများကို အားကစားကွင်းသို့ဆွဲခေါ်ကာ လူဂျင်နန် ဘတ်စကတ်ဘော ကစားနေသည်ကို မြင်တွေ့ရန်အတွက် လေ့ကျင့်ခန်းလုပ်နေသကဲ့သို့ ဟန်ဆောင်ခဲ့သည်။
တစ်နှစ်ကုန်ဆုံးပြီးနောက် ချောင်အင်ဟောင်သည် လူဂျင်နန် က သိပ္ပံမေဂျာကို အဓိကထားရွေးချယ်လိမ့်မည်ကို သိရှိခဲ့သည်။ သူတတ်မည့်မေဂျာသည် နောက်တစ်ကြိမ် အမှတ်ဖြင့် အခန်းကို ခွဲခြားခဲ့သည်။ ချောင်အင်ဟောင်သည် လူဂျင်နန်နှင့် အခန်းအတူတူ တတ်ရရန်အတွက် သူမဘဝတွင် ပထမဆုံးအကြိမ် စာကို ကြိုးကြိုးစားစား လေ့လာခဲ့သည်။