အခန်း(၅၄) လူငယ်ဘဝ အမှတ်တရများ(2)
ထိုအရာသည် သူမကို ပင်ပန်းစေခဲ့သည်။သို့သော် လူဂျင်နန်နှင့် အခန်းတူ ကျစေရန် သူမကိုယ်သူမ အပြင်းအထန်ကြိုးစား ရမည်ကို သိရှိခဲ့သည်။
သူမ၏ အပြင်းအထန်ကြိုးစားမှုကြောင့် အတန်းတင်စာမေးပွဲတွင် အံ့ဩဖွယ်ကောင်းသော အမှတ်ဖြင့်အောင်မြင်ခဲ့သည်။ဆရာများအားလုံးက အံ့ဩတုန်လှုပ်ခဲ့ပြီး သူမကို မြင်းနက် ဟုအမည်တပ်ခဲ့ကြသည်။
သူမအလိုရှိသည့် အတိုင်း သိပ္ပံတန်း ပထမခန်းသို့ တတ်ရောက်နိုင်ခဲ့သည်။ သို့သော်လည်း လူဂျင်နန်သည် စာမေးပွဲရလဒ်ဆိုးရွားခဲ့ပြီး တတိယခန်းသို့ သာတတ်ရောက်ခဲ့ရသည်။
ထိုကဲ့သို့ သူမ၏ အိမ်မက်များလည်း ပျက်စီးခဲ့ရသည်။ ချောင်အန်ချောင်နှင့်ရှုချောင်မူ တို့က အနုပညာ တတိယခန်း၌ အတူတကွ တတ်ရောက်ခဲ့သည်။
သူမ၏ သူငယ်ချင်းအားလုံးက သူမ၏ အောင်မြင်မှုအတွက်ချီးကျူး ဂုဏ်ပြုခဲ့ကြပြီး သူမမှာမူ အားတင်းကာ ပြုံနေခဲ့ရသည်။ထို့နောက် သူမသည် ဆရာများတားမြစ်ထားသော သစ်တောထဲတွင်ပုန်းအောင်းကာ အလင်းရောင်ပျောက်သည် အထိ တိတ်တဆိတ် ငိုကြွေးနေခဲ့သည်။
သူမသည် ဝမ်းနည်းသော်လည်း သူနှင့် အတန်းအတူတူ ပင်ရှိနေမည်ကို သိသည်။သူတို့သည် အခန်းဖော်များမဖြစ်ခဲ့ခြင်းကို ပြောင်းလဲနိုင်စွမ်းမရှိခဲ့ပါ။ပထမနှစ်ကလိုပင် သူမသည် သူကိုအဝေးမှ စောင့်ကြည့်ခဲ့သည်။
တတိယခန်းမှ မိန်းကလေးများနှင့် ပထမခန်းမှ မိန်းကလေးများသည် ကွာခြားခဲ့ကြသည်။ တတိယခန်းမှ မိန်းကလေးများသည် စာကို အာရုံမစိုက်ကြပါ။ သူတို့သည် တစ်ယောက်ယောက်ကို ကြိုက်လျှင် သူတို့အားလုံး ဝန်းရံကြလိမ့်မည်။ ချောင်အင်ဟောင် တတိယခန်းမှ ဖြတ်သွားတိုင်း လူဂျင်နန်နားတွင် မိန်းကလေးအုပ်စု ဝန်းရံနေသည်ကို အမြဲတွေ့ရှိနေရသည်။သူသည် အမြဲတမ်း တူညီသော အေးစက်စက်ပုံစံကို ထားရှိနေခဲ့သော်လည်း ချောင်အင်ဟောင်သည် မနာလိုဖြစ်မှုကို မထိန်းချုပ်နိုင်ခဲ့ပါ။သူမသည် ခါးသီးမှုကို တစ်နေ့လုံးစားသုံးနေရသည်။
လူဂျင်နန်သည် အတန်းချိန်ပြီးနောက် ဂိတ်တံခါးဝ၌ ဖြစ်စေ ဘတ်ကားမှတ်တိုင်တွင် ဖြစ်စေ မိန်းကလေးတစ်ဦးနှင့် စကားပြောနေသည်ကို အကြိမ်ပေါင်းများစွာမြင်တွေ့ခဲ့ရသည်။ထို ကောင်မလေးသည် ကျောင်းရှိလူမှုရေးအသင်းများတွင်ပါဝင်ခဲ့ပြီး လူဂျင်နန်၏ အခန်းခေါင်းဆောင်ဖြစ်သည်။ အဲ့အချိန်တုန်းက ချောင်အင်ဟောင်သည် သူမ၏ နှလုံးသားကို ဓားမြှောင်ထိုးသွင်းခံရသလို ခံစားခဲ့ရသည် ။ သူမခံစားရသည့် နာကျင်မှုက သူမ ကမ္ဘာကြီးပြိုလဲတော့မလို ခံစားရသည်။သူမအိမ်၌ ရှိနေစဉ်တွင်လည်း သူတို့၏ ဆက်နွယ်မှုကို ဆန်းစစ်ကာ ခွဲခြားစိတ်ဖြာရန်ကြိုးစားခဲ့သည်။
သို့သော် ချောင်အင်ဟောင်နှင့်လူဂျင်နန်တွင် ကောင်းမွန်သော အမှတ်တရများ များစွာမရှိခဲ့ပါ။ သည် ၂နှစ်တာ ကာလအတွင်း သူမသည် သူမ၏ မိန်းကလေးကိစ္စကြောင့် ဆိုးဆိုးရွားရွားနာကျင်ခဲ့ပြီး သူမ၏ မျက်နှာသည် စက္ကူကဲ့သို့ ဖျော့တော့နေခဲ့သည်။သူမသည် နံရံကို လက်ဖြင့်ထောက်ကာမလှုပ်ရှားနိုင်တော့သည့် အချိန်တွင် လူဂျင်နန်သည် သူမအား ကူညီကာ သူနာပြုရုံးခန်းအထိ ခေါ်ဆောင်ခဲ့သည်။
ယခုအချိန်ထိပင် ထိုနေ့က အဖြစ်အပျက်များကိုကောင်းစွာ မှတ်မိနေသေးသည်။ သူမသည် သူနာပြုရုံးခန်းရှိကုတင်ပေါ်တွင် လဲလျောင်းနေစဉ် သူသည် စာအုပ်တစ်အုပ်ကိုဖတ်ကာ ပြတင်ပေါက်ဘေးရှိ ကုလားထိုင်တွင် ထိုင်နေခဲ့သည်။သူတို့နှစ်ဦး စကားမပြောဖြစ်ခဲ့ကြသော်လည်း သူမခံစားခဲ့ရသည့် နွေးထွေးမှုက သူမအတွက် လုံလောက်ခဲ့သည်။ ထိုအချိန်က သူမသည်ကမ္ဘာကြီးတစ်ခုလုံး ပိုင်ဆိုင်ခဲ့သည်ဟု ခံစားခဲ့ရသည်။
သို့သော်အဆုံး၌ သူတို့နှစ်ဦးစကားအနည်းငယ်ပြောဖြစ်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် လူဂျင်နန်နှင့် အကြိမ်ပေါင်းများစွာ စကားပြောဆိုဖူးသော မိန်းကလေးသည် သူနာပြုရုံးခန်းသို့ အနာကပ်ပလာစတာ ဝယ်ယူရန် တိုက်ဆိုင်စွာရောက်ရှိလာချိန်တွင် သူတို့၏ စကားဝိုင်းသည် ဖြစ်ပေါ်လာခဲ့သည်။