အခန်း(၅၂) ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်ကို ပြန်လည်စဉ်းစားမိခြင်း(8)
ချောင်အင်ဟောင်၏ ဘဝသည် ငွေဇွန်းတပ်၍ မွေးဖွားလာခဲ့ရသည်။ သူမ၏ အသက်အရွယ်၌ အခြားသူများ မနာလိုနိုင်သည့် လှပသော အဝတ်အစားများနှင့် အခြားသူများ မဂ္ဂဇင်းတွင်သာ တွေ့မြင်နိုင်သော ချစ်စရာကောင်းသည့် ဖုန်းတစ်လုံးရှိခဲ့သည်။
သူမသည် သူမ ဦးလေးနှင့်အဒေါ်တို့၏ တရားဝင်သမီးမဟုတ်သော ကြောင့် သူမ၏ ဝမ်းကွဲအားဆက်ဆံသည့်နည်းတူ သူမအားလုံးဝဆက်ဆံ မည်မဟုတ်ပေ။ သူမတို့နှစ်ဦးစကားများခဲ့လျှင်တောင် သူတို့သည် သူမ၏ ဝမ်းကွဲ အန်ချောင်ကိုသာ အပြစ်ပေးခဲ့သည်။သူတို့ စကားများ ခဲ့ချိန်တွင် လည်းအန်ချောင်သာ ဆူပူခံခဲ့ရသည်။
ကွဲပြားခြားနားစွာဆက်ဆံခံရခြင်းကြောင့် ချောင်အင်ဟောင်သည် သူတို့မိသားစု နှင့် သူမ၏ အကာအဝေးကို သတိပြုမိခဲ့သည်။သူမသည် အမြဲသူစိမ်းတစ်ဦးဖြစ်ခဲ့သည်။သူမဆယ်နှစ်အရွယ်ယာဉ်မတော်တဆ ဖြစ်ပြီးနောက် သူမ၏ မိသားစုသည် ပျက်စီးခဲ့ရသည်။ ထိုအချိန်မှစပြီး သူမသည် အန်ချောင်ကို ဘယ်တော့မှ မတိုက်ခိုက်ခဲ့ပါ။လက်လျှော့အရှုံး ပေးရန်သင်ယူခဲ့ပြီး ၊လုပ်ငန်းခွင်မှ ပင်ပန်းစွာပြန်လာသော သူမ၏ ဦးလေးနှင့် အဒေါ်အား လက်ဖက်ရည်ပူကမ်းလှမ်းတတ်ရန် သင်ယူခဲ့သည်။
သူနှင့် မတွေ့ဆုံသည်အထိ သူမ၏ လူငယ်ဘဝသည် အမြဲအပြစ်ကင်းစင်လိမ့်မည်ဟု ထင်ခဲ့သည်။
ထိုနေ့၌ သူမသည် သူမ၏ အခန်းသန့်ရှင်းရန်တာဝန်ကျခဲ့သည်။ ကောင်းကင်သည်တိမ်ကင်းစင်ကာ နေသာနေခဲ့သည်။သူမသန့်ရှင်းရေး ပြီးလို့ အခန်းတံခါးပိတ်ကာ ကျောင်းပြင်သို့ ထွက်လာချိန်တွင် တောက်ပနေသော ကောင်းကင်အား တိမ်မည်းများဖုံးလွှမ်းသွားခဲ့သည်။
ချောင်အင်ဟောင်သည် သူမ၏အိတ်ကိုဖက်ကာ အနီးဆုံးဘတ်ကား မှတ်တိုင်သို့ပြေးလာခဲ့သည်။သို့သော် လမ်းတစ်ဝတ်အရောက်တွင် မိုးရွာချလာခဲ့ပြီး ချောင်အင်ဟောင်လည်း သူမ၏အိတ်ကို ဖက်ရင်း အနီးဆုံး အမိုးအကာဆီသို့ ပြေးဝင်ခဲ့သည်။
သူမသည် ယိုယွင်းပျက်စီးလုဖြစ်နေသော အိမ်ထဲသို့ ရောက်ရှိပြီးနောက် အခြားသူတစ်ဦးလည်း ဝင်လာခဲ့သည်။ သူမသည် သိချင်စိတ်ဖြင့် ခေါင်းကို မြှောက်ကာ ကြည့်လိုက်သည်။
ထိုသူသည် အသားဖြူဖွေးသော ကောင်လေးတစ်ယောက်ဖြစ်သည်။ သူသည် နားကြပ်တစ်စုံကို တပ်ဆင်ထားကာ သူမအိတ်အား ပုခုံးပေါ်သို့ တင်ထားသည်။သူတို့နှစ်ဦးလုံး၏ လက်များသည် အိမ်နံရံကို လက်ထောက်ထားခဲ့ကြသည်။သူ၏ ခေါင်းကို တစ်ဖက်သို့ လှည့်ထားသောကြောင့် ချောင်အင်ဟောင်သည် သူ၏ ပုံသဏ္ဍန်ကိုသာ မြင်ခဲ့သည်။ချောင်အင်ဟောင်သည် သူတို့နှစ်ဦးလုံးတွင် တူညီသော ကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားကြောင်းသတိပြုမိလိုက်သည်။ သူသည် ဖဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး သူမသည် ကျောင်းစကပ်ကို ဝတ်ဆင်ထားခဲ့သည်။
ချောင်အင်ဟောင်သည် မိန်းကလေးတစ်ယောက်ဖြစ်သောကြောင့် သူမ၏ အသက်အရွယ်၌ ယောင်္ကျားလေးများထက် အရပ်ပိုရှည်ခဲ့သည်။
နှစ်ဦးလုံး မိုးခိုရန် လာကြပြီး တစ်ယောက်နှင့်တစ်ယောက် မသိကြသောကြောင့် စကားမပြောဖြစ်ကြပါ။နောက်ဆုံးမိုးတိတ်သွားချိန် တွင်ကောင်လေးသည် သူ၏ အိတ်ကို ရှေ့သို့ ပို့ရန်လက်ကို ဆန့်လိုက်သည်။ သူ၏ ခေါင်းအားရှေ့ဘက်သို့အနည်းငယ် လှည့်လိုက်သည်။ ထို့အချိန်မှ ချောင်အင်ဟောင်သည် သူ၏မျက်နှာအား ပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရသည်။
သူသည် သူမမြင်တွေ့ဖူးသမျှအလှဆုံးသောမျက်နှာကို ပိုင်ဆိုင်ထားသည်။သူသည် ပုံမှန်မမြင်တွေ့နိုင်သည် သန့်ရှင်းသောမျက်နှာကို ပိုင်ဆိုင်ထားသည်။ သူမသည် သူမအိပ်မက်ထဲရှိ မင်းသားနှင့် မျက်နှာချင်းဆိုင်တွေ့နေရသည်ဟု ခံစားခဲ့ရသည်။