Chereads / Bringing the nation's husband home (myanmar translate) / Chapter 47 - အခန်း(၄၆) ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်ကို ပြန်လည်စဉ်းစားမိခြင်း(2)

Chapter 47 - အခန်း(၄၆) ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်ကို ပြန်လည်စဉ်းစားမိခြင်း(2)

အခန်း(၄၆) ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်ကို ပြန်လည်စဉ်းစားမိခြင်း(2)

လူဂျင်နန် သူမအား ဘာကြောင့်ယခုလို လုပ်ရသည်ကို နားမလည်ခဲ့ပါ။သူ၏ ဖိအားပေးမှုအောက်တွင် သူမ၏ မျက်လုံးကိုသာ ပိတ်ထားလိုက်သည်။

လူဂျင်နန်၏ မျက်လုံးများက ရေခဲကဲ့သို့အေးစက်နေပြီးသူ၏ ဉီးခေါင်းကို စောင်းကာ စိုစွတ်နေသော ချောင်အင်ဟောင်ကို ကြည့်နေသည်။သူမ၏ ခန္ဓာကိုယ်ကို တွန်းပို့ထားခဲ့သော်လည်း မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပါ။

လူဂျင်နန်ကြောင့် ချောင်အင်ဟောင်၏ ဉီးခေါင်းမှ ခြေချောင်းများအထိ စိုစွတ်နေခဲ့သည်။သူမ၏ အဝတ်များသည်လည်း ရေစက်များ စီးကျနေခဲ့လေသည်။

ရေချိုးခန်းထဲတွင် ရေပန်းမှ ကန်ထဲသို့ စီးကျနေသော အသံမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေသည်။

တိတ်ဆိတ်နေသောလေထုက ချောင်အင်ဟောင်ကို စိတ်မသက်မသာ ဖြစ်စေသည်။ သို့သော် သူမ၏ မျက်လုံးများကို မဖွင့်ဝံ့ပါ။အေးစက်မှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုကို မထိန်းချုပ်နိုင်ခဲ့ပါ။

သူမ၏ အသေးစားလှုပ်ရှားမှုကအစ လူဂျင်နန်၏ မျက်လုံးမှ မလွတ်ကင်းခဲ့ပါ။သူသည် မျက်မှောင်ကျုံကာ ခေါင်းကိုငုံလိုက်ပြီး ထုတ်လုပ်သူဆန်း ထိခဲ့သော သူမ၏ ပုခုံးကို ကိုက်လိုက်သည်။

သူသည် ရက်စက်စွာဖြင့် အင်အားသုံးကာကိုက်ခဲ့သည်။ပုခုံးမှ ပြင်းထန်သောနာကျင်မှု ကို ချောင်အင်ဟောင်၏ ခန္ဓာကိုယ်တစ်လျှောက် အာရုံကြောများကို ဖြတ်သန်းသွားခဲ့သည်။မသိစိတ်ဖြင့် သူမသည် သူအားတွန်းထုတ်လိုက်မိသည်။သူမ၏ လုပ်ရပ်များကြောင့် လူဂျင်နန်သည် သူမပခုံးအား ပိုမို ကိုက်ခဲစေခဲ့သည်။

ချောင်အင်ဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံးတုန်ခါနေပြီး သူမပခုံးဆီမှ စေးကပ်စိုစွတ်သော ခံစားချက်ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ လူဂျင်နန်သည် ရပ်တန့်ရန်ရည်ရွယ်ချက်လုံးဝမရှိခဲ့ပါ။ချောင်အင်ဟောင် သည် နာကျင်မှုကို မခံနိုင်သည်အဆုံးတွင် လူဂျင်နန်၏ လည်ပင်းပေါ်သို့ မျက်ရည်များ စီးကျလာခဲ့သည်။

ပူနွေးသောမျက်ရည်များက လူဂျင်နန်၏ လည်ပင်းပေါ်မှ တဆင့် သူ၏ ဘယ်ဘက်ရင်အုံဆီသို့ စီးဆင်းလာခဲ့သည်။သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားပြီး ကိုက်နေသည်ကို ရပ်တန့်လိုက်သည်။သို့သော် သူ၏ နှုတ်ခမ်းများက ပခုံးပေါ်တွင် မလှုပ်ရှားဘဲရှိနေခဲ့သည်။

စက္ကန့်အနည်းငယ်ကြာသည်အထိ မျက်ရည်များက လည်ပင်းပေါ်သို့ စီးဆင်းနေဆဲဖြစ်သည်။လူဂျင်နန် လည်း တုန်လှုပ်သွားကာ သူ၏ နှုတ်ခမ်းကို သူမ၏ နှုတ်ခမ်းပေါ်သို့ ဖုံးအုပ်လိုက်လေသည်။သွေးဖြင့် ရောနှောနေထားသော ရန်လိုခြင်းနှင့်အတူ သူမကို နမ်းခဲ့သည်။

ယခုအချိန်တွင်သူတို့သည် နှစ်ကြိမ်မြောက် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံမိကြသည်။ယခင်က သူသည် မည်မျှပင်စိတ်ဆိုးစေကာမူ စိတ်မပါလျှင်ပင် သူမအပေါ် လူကြီးလူကောင်းဆန်ခဲ့သည်။

သို့သော် သည်တစ်ကြိမ်တွင်မူ ကွဲပြားခြားနားခဲ့သည်။သူသည် ရယူ ပိုင်ဆိုင်လိုစိတ်နှင့် ရက်စက်မှုတို့ဖြင့်သူမအပေါ် ကြမ်းတမ်း ပြင်းထန်ခဲ့သည်။ နာကျင်မှုကြောင့် ချောင်အင်ဟောင်သည် သူမကိုယ်သူမ ခံစားချက်တို့ပျောက်ဆုံးခဲ့သည်။