အခန်း(၄၂) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(6)
ချောင်အင်ဟောင်သည် သူမစားဖူးသည် ညစာများတွင် နာကျင်ဖွယ် ကောင်းသော ညစာစားပွဲအဖြစ်ခံစားနေရသည်။
ဒါရိုက်တာ ၊ ချင်ရန်နှင့် ဆောင်းချန်စီတို့ မပြီးမချင်း သူမ တောင့်ခံခဲ့ရသည်။သူတို့ထွက်သွားသည်နှင့် တပြိုင်နက် သူမ၏ တူကို ချကာ သူမစားပြီးကြောင်းပြသခဲ့သည်။
သူမထွက်ခွာရန်ပြင်ဆင်ချိန်တွင် ထုတ်လုပ်သူဆန်းက သူမအား" ချောင်ချောင် မင်းမှာ ရိုက်ကူးရေးအပြင် အခြားအလုပ်တစ်ခုခုရှိလား" ဟုမေးမြန်းခဲ့သည်။
ချောင်အင်ဟောင်က ခေါင်းကို ခါကာ " ငါမှာ မရှိဘူး" ဟုဖြေဆိုလိုက်သည်။
"ငါ့မှာ အာရှနဲ့ ဥရောပ အလှကုန်အမှတ်တံဆိပ်မှာ စီမံခန့်ခွဲနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူက ကုန်ပစ္စည်း ကြော်ငြာမော်ဒယ်အတွက် ငါ့ဆီက အကြံလာတောင်းနေတယ်။မင်းရဲ့ အသွင်အပြင်နဲ့ ကိုယ်ရေကိုယ်သွေးက သည်လုပ်ငန်းမှာ အံဝင်ခွင်ကျဖြစ်လို့ မင်းကို အကြံပေးဖို့ရည်ရွယ်ထားတယ်"
ထုတ်လုပ်သူဆန်း၏ စကားကို ကြားသောအခါ သူမ၏ ဉီး ခေါင်းတင်းကျပ်ခဲ့သည်။ချောင်အင်ဟောင်က သူမထိုကဲ့သို့သော ကုသမှုမျိုးရရှိရန် သူနှင့်မနီးကပ်ကြောင်းထင်ရှားသည်။ထို့ကြောင့်သူမက သူ၏ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့သည်။' မစ္စတာဆန်း ၊ ငါဒီကိစ္စအတွက် စွမ်းဆောင်နိုင်မှာမဟုတ်ဘူး။ပြီးတော့ ငါက လူကြိုက်များခြင်းမရှိဘဲ အခုမှ လေ့လာနေသူတစ်ဉီး ပါ"
"ဘာလို့ မစွမ်းဆောင်နိုင်ရမှာလည်း၊ပြီးတော့ ဒါကထောက်ခံချက်တစ်ခုဘဲ ၊ဒါကိုကျော်ဖြတ်နိုင်မလားဆိုတာ မသေချာဘူး၊မင်းအားတဲ့ရက် တစ်ရက် ရက် သူတို့နဲ့ မင်းကို မိတ်ဆက်ပေးမယ်၊တကယ်လိုသူတို့က အဆင်ပြေတယ်ဆိုရင် မင်းကိုလက်ခံမှာဘဲ"
သူမ သူအားဆက်လက်ငြင်းပယ်လျှင်မကောင်းသောကြောင့် သူမ၏ ခေါင်းကို ငြိမ့်ကာ " ကောင်းပါပြီ၊ ကျေးဇူတင်ပါတယ် မစ္စတာဆန်း" ဟုပြောလိုက်သည်။
ချောင်အင်ဟောင် စကားပြောပြီးသည် အခါ လူဂျင်နန်သည် တူကို စားပွဲပေါ်တင်လိုက်သည် ။သူသည် ခွန်အားအများကြီး မသုံးသော်လည်း ထူးခြားသော ဖိအားကို ပေးခဲ့သည်။
ထုတ်လုပ်သူဆန်းက လူဂျင်နန်၏ မကျေနပ်မှုကို တွေ့ရှိခဲ့သည်။ ချက်ချင်းပဲ သူ၏ မျက်နှာတွင်အပြုံးကို ဆင်မြန်းကာ " မစ္စတာလူ၊ အစားအစာ ကိုသဘောကျရဲ့လား"ဟုမေးမြန်းခဲ့သည်။
လူဂျင်နန်သည် တိတ်ဆိတ်စွာနေပြီး သူ၏ လက်ကိုင်ပုဝါဖြင့် နှုတ်ခမ်းများကို သုတ်ခဲ့သည်။ထို့နောက်သူ၏ ခေါင်းကို မြှောက်ကာ လက်သုတ်ပုဝါကို စာပွဲပေါ်တင်လိုက်ပြီး ထုတ်လုပ်သူဆန်းအားအေးစက်စက်ကြည့်ကာ "မစ္စတာဆန်း ၊မင်းအချိန်ရှိရင် ငါမင်းနဲ့ပြောစရာရှိတယ်"ဟုပြောလိုက်သည်။
"ဟုတ်တယ် ၊ဟုတ်တယ် ငါမှာအချိန်ရှိတယ်"
ထုတ်လုပ်သူဆန်းသည် ခေါင်းကို လှည့်ကာ ထိုင်ခုံနောက်မှ သူ၏ အပေါ်ထည်ကို ဝတ်ဆင်ခဲ့သည်။ထို့နောက်မတ်တပ်ထရပ်ပြီး ချောင်အင်ဟောင်ဆီသို့လျှောက်သွားကာ သူမ၏ ပုခုံးကိုလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး" ချောင်ချောင် ၊အချိန်ယူပါအုန်း ၊ မစ္စတာလူနဲ့ အရင်သွားနှင့်ပြီ" ဟုပြောလိုက်သည်။
ချောင်အင်ဟောင်သည် ရှပ်အင်္ကျီတိုကိုဝတ်ဆင်ထားသောကြောင့် ထုတ်လုပ်သူဆန်း က သူမပုခုံးအား ဆုတ်ကိုင်လိုက်ချိန်တွင်သူ၏ လက်သည် သူမ၏ အသားအရေနှင့်ထိတွေ့ခဲ့သည်။