အခန်း(၄၃) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(7)
လူဂျင်နန်၏ မျက်လုံးများ မှေးမှိန်သွားကာ ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ဘေးတွင် ရှိသော ဇာတ်ညွှန်းကိုတစ်ချက်ကြည့်လိုက်ပြီး မှောင်မိုက်သော အသုံးအနှုန်းဖြင့် ထွက်ခွာသွားခဲ့သည်။
လူဂျင်နန်ထွက်ခွာ သွားသည်ကိုမြင်လိုက်သော ထုတ်လုပ်သူဆန်း သည် ဆက်လက်မနေဝံ့ပါ။သူ၏ နောက်သို့ အလျင်အမြန်ပြေးလိုက်သွားခဲ့သည်။
နောက်ဆုံးထမင်းစားပွဲသည် ပြီးဆုံးခဲ့ပြီဖြစ်သည်။ ချောင်အင်ဟောင်သည် အတွင်း၌ သက်ပြင်းချလိုက်မိသည်။ စိတ်တည်ငြိမ် စေရန်စောင့်ဆိုင်းပြီးနောက် ထိုင်ခုံမှ ထရပ်ကာ ထွက်ခွာခဲ့သည်။
သူမ ခြေနှစ်လှမ်းလောက် လျှောက်ပြီးနောက် သူမနောက်မှ " ခဏလောက်စောင့်ပါဉီး " ဟုခေါ်ဆိုလိုက်သော အသံကို ကြားလိုက်ရသည်။
ချောင်အင်ဟောင် နောက်ပြန်လှည့်ကြည့်လိုက်သော အခါ စားပွဲထိုးသည် သူလက်၌ ဇာတ်ညွှန်းကို ကိုင်ကာ သူဆီ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။
"အလှမယ်ချောင် ၊ ဒီဟာမင်းဥစ္စာလား"
ချောင်အင်ဟောင်သည် ညစာစားရာတွင် ဇာတ်ညွှန်းယူမလာသောကြောင့် ခေါင်းခါလိုက်သည်။
စားပွဲထိုးက " ရိုက်ကူးရေး အဖွဲသားထဲက တစ်ယောက်ယောက်ဟာ ဖြစ်မယ်ထင်တယ်၊ မင်းသူတို့ကို ပေးဖို့ ကူညီနိုင်မလား" ဟုပြောသည်။
ချောင်အင်ဟောင် က ဇာတ်ညွှန်းကို ယူလိုက်သည်။
"ကျေးဇူးတင်ပါတယ်" စားပွဲထိုးက မထွက်ခွာခင် ကျေးဇူးတင်ကြောင်းပြောဆိုခဲ့သည်။
ညစာစားချိန်တွင် သူမ၊ လူဂျင်နန်၊ ဆောင်းချန်စီနဲ့ ချင်ရန် စသည့် သရုပ်ဆောင် လေးယောက် တတ်ရောက်ခဲ့သည်။ဇာတ်ညွှန်းသည် သူမ၏ဟာမဟုတ်သောကြောင့် အခြားသုံးယောက်ထဲက တစ်ဉီး ဉီး ဟာ ဖြစ်လိမ့်မည်။
ပိုင်ရှင်မည်သူဖြစ်ကြောင်းသိရှိရန်သူမသည် ဇာတ်ညွှန်းအား ဖွင့်ဖတ်လိုက်သည်။ဇာတ်ညွှန်း၏ ပထမစာမျက်နှာတွင် လူဂျင်နန် ဟုသပ်ရပ်စွာရေးထားသော စာလုံးကို တွေ့လိုက်သည်။
တကယ်တော့ သည်ဟာက လူဂျင်နန်၏ ဇာတ်ညွှန်းဘဲ။
ချောင်အင်ဟောင်သည် ရုတ်တရက်တုန်လှုပ်သွားပြီး သူမ၏ နှလုံးသည်လည်း လျင်မြန်စွာခုန်လာခဲ့သည်။ သူမအခန်းသို့ပြန်ရောက်သောအခါ ထိုင်ခုံ၌ ထိုင်ပြီး ဇာတ်ညွှန်းကိုကြည့်ကာ လူဂျင်နန်အားမည်သည်အချိန်တွင် ပြန်ပို့ရမည်ကို စဉ်းစားနေမိသည်။
သူမသည် မနက်ဖြန်မနက် သူကို ပြန်ပေးရန် ပို၍ စိတ်အားထက်သန် သော်လည်း နောက်တစ်နေ့တွင် သူသည် တစ်နေ့လုံးရိုက်ကူးရန်လိုအပ်ခဲ့သည်။ ထို့ကြောင့် သူပြောဆိုရမည်စကားများကို ကျက်ရန်လိုအပ်ခဲ့ပါကမည်သို့ပြုလုပ်မည်နည်း။
သူမသည် ဟိုတယ်ဝန်ထမ်း ဒါမှမဟုတ် ဇောင်မင်းအား လွှတ်၍ ပေးပိုနိုင်သော်လည်း ထိုသို့ပြုလုပ်ရန်တွန့်ဆုတ်ခဲ့သည်။နောက်ဆုံး လူဂျင်နန်ကို ဖုန်းဆက်ရန်ဆုံးဖြတ်ခဲ့သည်။
သူမဖုန်းခေါ်ခဲ့ပြီး တစ်ဖက်မှဖုန်းကိုင်လိုက်ကာ သူမအား စကားပြောဆိုခွင့်မပေးဘဲ " ဘာကိစ္စလဲ" ဟုမေးခဲ့သည်။
ဖုန်းသံမှတဆင့် ချောင်အင်ဟောင်သည် လူဂျင်နန်၏ မုန်းတီးမှုကို ခံစားနိုင်သည်။ သူမက " မင်းရဲ့ဇာတ်ညွှန်း ထမင်းစားခန်းထဲ ကျန်ခဲ့တယ်" ဟု သူအား ပြောလိုက်သည်။လူဂျင်နန်သည် ၅စက္ကန့်လောက်တိတ်ဆိတ်ပြီးနောက် " အခန်း ၁၀၀၁"ဟု ချောင်အင်ဟောင်အား သူ၏ အခန်းနံပတ်အားပြောကာ ဖုန်းချသွားခဲ့သည်။