အခန်း(၄၁) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(5)
အဖွဲဝင်များအားလုံးအတွက် အခန်းများလုံလောက်စွာမရှိသောကြောင့် နာမည်ကြီး သရုပ်ဆောင်များကိုသာ အခန်းတစ်ခန်းစီ ထားရှိခဲ့သည်။ ကျန်သူများသည် ၎င်းတို့၏ မန်နေဂျာနှင့်မျှဝေသုံးစွဲရမည်ဖြစ်သည်။
ဟိုတယ်ခန်းထဲ၌ ခဏအနားယူပြီးနောက် ချောင်အင်ဟောင်နှင့် ဇောင်မင်းတို့သည် ညစာစားရန် တတိယထပ်ရှိ စားသောက်ဆိုင်သို့သွားခဲ့သည်။
ညစာသည် ဘူးဖေးစတိုင်ဖြစ်သောကြောင့် သူတို့နှစ်ယောက်စလုံး စိတ်ကြိုက် ထည့်ခဲ့ကြသည်။သူတို့ထိုင်ခုံနေရာကို ရှာနေစဉ် ပြတင်းပေါက်နားတွင်ထိုင်နေသော ထုတ်လုပ်သူဆန်းက ဖိတ်ခေါ်ခဲ့သည်။
"ချောင်ချောင်၊သည်မှာလာထိုင်ပါ၊ မနက်ဖြန်ရိုက်ကူးမယ့်အကြောင်းဆွေးနွေးစရာရှိတယ်"
ထုတ်လုပ်သူဆန်းသည် ထိုင်ခုံခြောက်ခုပါသော စားပွဲတွင်ထိုင်နေခဲ့ပြီး ၎င်းတို့အနက် ငါးခုမှာ ဒါရိုက်တာ၊ချင်ရန်၊ဆောင်းချန်စီနှင့် လူဂျင်နန်တို့ဖြစ်သည်။တိုင်ဆိုင်စွာ နေရာလွတ်မှာ လူဂျင်နန်၏ ဘေးထိုင်ခုံဖြစ်သည်။
ချောင်အင်ဟောင်သည် ပန်းကန်ပြားနှင့်အတူ ထိုင်ခုံဆီသို့ လျှောက်လှမ်းလာသည်။သူမ သည်တွန့်ဆုတ်နေပြီး ထုတ်လုပ်သူဆန်းမှ ထပ်မံပြောဆိုမှသာ လူဂျင်နန်အားကြည့်လိုက်မိသည်။သူမ၏ ခင်ပွန်းဖြစ်သူသည် အရာအားလုံးကို မေ့ပျောက်ထားပြီး အစာကိုသာစားနေသည်။ချောင်အင်ဟောင်သည် ပန်းကန်ပြားကို စားပွဲပေါ်သို့ သတိထားကာချလိုက်သည်။
မနက်ဖြန်ရိုက်ကွင်း၏ အဓိကအချက်များကိုဒါရိုက်တာမှ ရှင်းပြနေပြီး ချောင်အင်ဟောင်သည် ခေါင်းငြိမ့်ကာနားထောင်ခဲ့သည်။လူဂျင်နန်က တော့ ဘာမှမဖြစ်သလိုဆက်လက်စားနေခဲ့သည်။တခြားသူများအာလုံး ဒါရိုက်တာကို အာရုံစူးစိုက်နေသောကြောင့်ချောင်အင်ဟောင်သည် အစာကိုမထိဝံ့ပါ။သူမ၏ အာရုံစူးစိုက်မှုအားလုံးကို ဒါရိုက်တာဆီသို့ပို့ခဲ့သည်။
ကျေးဇူတင်စရာကောင်းသည်မှာ ဒါရိုက်တာသည် ခပ်တိုတိုသာပြောဆိုခဲ့သောကြောင့် လူတိုင်းစားနိုင်ပြီဖြစ်သည်။
ထုတ်လုပ်သူ ဆန်းသည် ချောင်အင်ဟောင်ရှေ့တွင်ထိုင်ကာ သူ၏ ပန်းကန်ကို ကောက်ကိုင်ရင်းသူမကို ပြုံးကာ" ချောင်ချောင်၊မနက်ဖြန်ပြောဆိုရမဲ့ စကားတွေကိုမှတ်မိပြီလား" ဟုမေးလိုက်သည်။
"ဟုတ်တယ်၊ အဲ့တာတွေအကုန်မှတ်မိပြီ" ဟု ချောင်အင်ဟောင်က အပြုံးဖြင့်ပြန်လည်ဖြေဆိုလိုက်သည်။
"ဒီဟာ မင်းစားတာလား" ဟု ထုတ်လုပ်သူ ဆန်းက သူမပန်းကန်ကို ကြည့်ကာမေးလိုက်သည်။
"ဟုတ်တယ်" ဟုချောင်အင်ဟောင်က အပြုံးဖြင့်ဖြေဆိုလိုက်သည်။
"ရိုက်ကူးရတာပင်ပန်းတယ်၊ မင်းပိုပြီးစားသင့်တယ်" ဟုထုတ်လုပ်သူဆန်းက ပြောလိုက်ပြီး ထောင့်နားတွင်ရှိသော စားပွဲထိုးအား " ထမင်းဖြူတစ်ပွဲနဲ့ အသားကင်တစ်ပွဲ " ဟုပြောကာ မှာယူလိုက်သည်။
လူဂျင်နန်သည် မျက်နှာ၌ မည်သည် ခံစားချက်မှ မပြဘဲ အစာစားခြင်း ကို ရပ်တန့်လိုက်သည်။သိုသော် သူ၏ ပတ်ဝန်းကျင်လေထုသည် အကြီးအကျယ်ကျဆင်းနေသည်။
ချောင်အင်ဟောင်သည် လူဂျင်နန်၏ဘေးတွင်ထိုင်နေသောကြောင့် သူထုတ်လွှတ်သော အေးခဲသော အော်ရာကို ခံစားနိုင်သည်။သူမသည် ပို၍ စိတ်လှုပ်ရှားလာပြီး သူမ၏ လုပ်ရပ်များသည်လည်း ပိုမိုတင်းကျပ်လာသည်။
သိုသော် ထုတ်လုပ်သူဆန်းနှင့် စကားပြောနေခြင်းကြောင့် သူမသည် သာမာန် ဖြစ်ဟန်ဆောင်ကာ ပြံုးနေရသည်။