အခန်း(၃၉) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(3)
ထိုအချိန်တွင် ထုတ်လုပ်သူဆန်း ရှေ့တွင် ပြုံးပျော်ရွှင်နေသော ချောင်အင်ဟောင်၏ ပုံရိပ်ကို လူဂျင်နန်၏ စိတ်တွင်ပေါ်လာခဲ့သည်။သူ၏ လေသံသည် နွေးထွေးမှု မရှိဘဲ " မင်း အတွေးလွန်နေတယ်" ဟုပြောလိုက်သည်။
ချောင်အင်ဟောင်သည် စိတ်ရှုပ်ထွေးသွားပြီး ခေါင်းကို ငုံကာ သူပြောသော " အတွေးလွန်နေတယ်" ဟူသောစကားကို စဉ်းစားနေလေသည်။
လူဂျင်နန်၏ အံ့ဩဖွယ်ကောင်းသော နှုတ်ခမ်းများက အပြုံးတစ်ပွင့် သို့ ပြောင်းလဲသွားပြီး အေးခဲနေသော အသံနှင့်ဆက်ပြောလိုက်သည်။" ငါမင်းကို မကူညီခဲ့ဘူး ၊ ငါဆီ ပြဿနာမယူလာချင်လိုဘဲ၊ လူသစ်တစ်ယောက်က ဒုတိယခေါင်းဆောင် နေရာရတော့ အတင်းအဖျင်းတွေ ထွက်လာမှာဘဲ၊ပြီးတော့ မင်းက ငါနဲ့အတူ သရုပ်ဆောင်နေတာကြောင့် မင်းရဲ့မကောင်းတဲ့ဂုဏ်သတင်းကြောင့် ငါကို မထိခိုက်စေချင်ဘူး"
သူကသူမအတွက်လုပ်ခဲ့တာမဟုတ်ဘူး ၊သူအတွက်သာလုပ်ခဲ့တာဘဲ ၊ သူမသည်တစ်လျှောက်လုံးအတွေးလွန်နေခဲ့တာလား…..သူမရဲ့ မျက်လုံးကိုမှိတ်ကာ ပျောက်ဆုံးသွားသော သူမ၏ စိတ်ခံစားချက်များကို ဖုံးကွယ်ခဲ့သည်။သူမ၏ နှုတ်ခမ်းများက တဆက်ဆက်တုန်ခါနေပြီး သူမ၏ လက်သည် စကပ်ကို တင်းတင်းဆုပ်ကိုင်ထားမိသည်။
လူဂျင်နန်သည် ချောင်အင်ဟောင်အား အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီး ထွက်ခွာသွားခဲ့သည်။
လူဂျင်နန်ထွက်ခွာသွားပြီး အချိန်အတန်ကြာသည် အထိ ချောင်အင်ဟောင်သည် မလှုပ်ရှားဘဲ ရပ်နေမိသည်။သူမ၏ အာရုံတွင် စူးရှသောဆူညံသံကို ကြားမှသာ မျက်တောင်ခပ်မိလိုက်သည်။ ဇောင်မင်းသည် ကားမောင်း၍ သူမရှေ့သို့ရောက်ရှိလာခဲ့သည်။
ချောင်အင်ဟောင်သည် ကားထဲဝင်၍ထိုင်လိုက်သည်။
ဇောင်မင်းက" လမ်းပေါ်မှာ မတော်တဆ ယာဉ်တိုက်မှုတစ်ခုဖြစ်နေလို မိနစ် ၃၀ လောက်နောက်ကျသွားတယ်" ဟုရှင်းပြသည်။ချောင်အင်ဟောင်သည် တိတ်ဆိတ်စွာ နေပြီး ကားပြတင်ပေါက်မှတဆင့် အပြင်ဘက်သို့ကြည့်နေသည်။ဇောင်မင်းသည် နောက်ကြည့်မှန်မှ တဆင့်သူမကို ကြည့်ကာ"ချောင်ချောင်၊ လူဂျင်နန်ကို တကယ်ကျေးဇူးတင်တယ်၊သူမင်းကို ကူညီလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူး"။
ဇောင်မင်းပြောသောစကားကို ကြားလိုက်သည်နှင့် ချောင်အင်ဟောင် သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
ဇောင်မင်းဆက်ပြောသည်မှာ" လူဂျင်နန်က အရင်အချိန်တွေကို အမှတ်ရနေတုန်းလို့ထင်တယ်။ သည်လောက် နှစ်တွေအကြာကြီး တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးလာပြီးမှ စကားလုံးအနည်းငယ်ပြောတာက ဘာမှ မဟုတ်ပါဘူး"
အရင်အချိန်တွေကိုအမှတ်ရတယ်…သည်ဟာက သူ၏ ရည်ရွယ်ချက်မဟုတ်ဘူး။ သူက အတင်းအဖျင်းတွေကို စိတ်ပူနေတာ။သူမအရမ်းနုံအခဲ့တယ်၊ သူရဲ့ စကားလုံးအနည်းငယ်ကြောင့် ထီပေါက်သလို ခံစားခဲ့ရတယ်။လူဂျင်နန် သူမ အတွက်ကူညီတာမဟုတ်ကြောင်း သိသင့်တယ်။သူမသာ အတွေးလွန်နေခဲ့တာဘဲ…။
သူတစ်ချိန်ကပြောခဲ့တဲ့စကားကို သူမဘယ်လိုမေ့နိုင်ခဲ့တာလဲ ' သူကြိုက်တာဘယ်သူဘဲဖြစ်ဖြစ် အဲ့ဒါသူမမဖြစ်နိုင်ဘူး' ။
ချောင်အင်ဟောင်မှ မည်သည့် စကားမှ ပြန်လည်ပေါဆိုသည်ကို မကြားသောအခါ ဇောင်မင်းက" ဘာဖြစ်လိုလဲ ၊ တစ်ခုခုဖြစ်လိုလား"ဟုမေးမြန်ခဲ့သည်။
" မဖြစ်ဘူး"။ ဇောင်မင်းရှေ့တွင် မျက်ရည်ကျမည် စိုးသောကြောင့်ချောင်အင်ဟောင် မျက်လုံးမဖွင့်ခဲ့ပါ။သူမကဆက်ပြီး" အရက်သောက်ထားလို့ ပင်ပန်းနေတာပါ" လို ဖြေလိုက်သည်။
"အို၊ ဒါဆိုအိပ်လိုက်လေ၊ အိမ်ရောက်မှ ငါမင်းကို နိုးလိုက်မယ်"
သူမ သဘောတူလိုက်ပြီး ကားထဲတွင်တိတ်ဆိတ်သွားခဲ့သည်။