Chereads / Bringing the nation's husband home (myanmar translate) / Chapter 41 - အခန်း(၄၀) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(4)

Chapter 41 - အခန်း(၄၀) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(4)

အခန်း(၄၀) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(4)

ရိုက်ကူးမှု စတင်သည့် ပထမ ၂ရက်တွင် ချောင်အင်ဟောင်၏ အခန်းမပါဝင်သော်လည်း ရိုက်ကွင်းနှင့်အကြွမ်းတဝင် ရှိစေရန်သူမသည် အချိန်မှန်လာခဲ့သည်။

ရိုက်ကူးမှုပထမနေ့တွင် လူဂျင်နန်၏ အခန်းမပါဝင်သောကြောင့်သူသည် မလာခဲ့ပါ။ဒုတိယနေ့တွင် ပါဝင်ရိုက်ကူးရန် တစ်ခန်းရှိသည်။၁၀နာရီတွင် ရောက်ရှိလာပြီး ပြင်ဆင်ရန် အလျင်မလိုဘဲ ထိုင်ခုံတွင်ထိုင်ကာ ရိုက်ကူးမှုကို ကြည့်နေခဲ့သည်။

လူဂျင်နန် ရောက်ရှိလာမှုကြောင့် ရိုက်ကူးရန်မရှိသည် သရုပ်ဆောင်များပင် ရောက်ရှိလာခဲ့သည်။သို့သော် လူဂျင်နန်၏ အေးစက်သော အော်ရာကြောင့် မည်သူမျှသူ့အနားသို့ မချဉ်းကပ်ဝံ့ပါ။

နေလည်စာ စားချိန်တွင် လူတိုင်းစားသောက်ရန်စုဝေးခဲ့ကြပြီး လူဂျင်နန်လည်းရောက်ရှိခဲ့သည်။သူသည် မည်သည်စကားမျှမဆိုဘဲ အစားအစာကို လက်ခံကာ တိတ်တဆိတ် စားသောက်ခဲ့သည်။

သူသည်ယဉ်ကျေးလျောက်ပတ်စွာစားသောက်ခဲ့ပြီး အစာစားပြီးနောက် အဝတ်လဲခန်းသို့ဝင်ခဲ့သည်။သူ၏ ယနေ့ရိုက်ကွင်းမှာ ဆောင်းချန်စီ နှင့်ဖြစ်သည်။

ဆောင်းချန်စီ သည် မနက်ကတည်းက ရိုက်ကူးနေပြီး နေ့လည်စာစားချိန်၌ အသင့်ပြင်ထားပြီးဖြစ်သည်။လူဂျင်နန် အဆင်သင့် ဖြစ်ပြီးနောက် ဆောင်းချန်စီ ၏ မိတ်ကပ်ပညာရှင်သည် မီးမောင်းထိုးအဖွဲ့နှင့် ရိုက်ကူးရေးအဖွဲ့များပြင်ဆင်နေချိန်တွင် သူမ၏ မိတ်ကပ်ကို ပြင်ဆင်ရန်ထွက်လာခဲ့သည်။

လူဂျင်နန်နှင့် ဆောင်းချန်စီသည် တစ်ချိန်တည်း ပွဲထွက်ခဲ့ပြီး စုံတွဲတစ်တွဲအဖြစ်သရုပ်ဆောင်ခဲ့သည်။နှစ်ဉီး စလုံးသည် တစ်ဉီးနှင့်တစ်ဉီး လိုက်ဖက်သည် အဆင်းလှသော ရုပ်သွင်ကို ပိုင်ဆိုင်ထားပြီး အကောင်းဆုံးလိုက်ဖက်သည် စုံတွဲဟူသောခေါင်းစဉ်ကို ရရှိထားသည်။

သူတို့သည် အကြိမ်ပေါင်းများစွာ အတူတကွ အလုပ်လုပ်ခဲ့ကြသောကြောင့် တစ်ဉီးနှင့်တစ်ဉီး အလုပ်လုပ်ပုံနှင့် ပတ်သတ်၍ အကျွမ်းတဝင်ရှိခဲ့ကြသည်။ဒီတစ်ကြိမ် စုံတွဲတစ်တွဲအဖြစ်သရုပ်မဆောင်လျှင်တောင် သူတို့ သည် ဇာတ်ကောင်အတွက် လိုအပ်သော စိတ်ခံစားမှုကိုဖော်ထုတ်နိုင်ခဲ့ကြသည်။ ရိုက်ကူးနေစဉ် ဒါရိုက်တာမှ "ကောင်းတယ်၊အဆင်ပြေတယ်၊ ဆက်ထိန်းထားပါ" စသော အဆုံးမဲ့ ချီးကျူးသံကို ကြားနေရသည်။

ရိုက်ကူးမှု တစ်ဝက်မှာ ဒါရိုက်တာမှ အနားယူရန်ပြောဆိုလိုက်ပြီး မိတ်ကပ်ပညာရှင်များအား ပြန်လည်ပြင်ဆင်ရန်ပြောနေသည်။

လူဂျင်နန်သည် သူ၏ လက်ထောက်မှ ယူလာသော ရေကို သောက်လိုက်ပြီး မိတ်ကပ်ပြင်ဆင်ခဲ့သည်။ထို့နောက် ရိုက်ကူးမည့် နေရာသို့ စောင့်ဆိုင်းရန်ထွက်ခွာသွားခဲ့သည်။

ဆောင်းချန်စီ ပြင်ဆင်ပြီး နောက် ရပ်နားခဲ့သောအခန်းကို ဆက်လက်ရိုက်ကူးခဲ့သည်။လူတိုင်းသည် ရိုက်ကွင်းကိုကြည့်ရှုပြီး ရိုက်ကူးရေး၏ ဒုတိယတစ်ဝက်တွင် စောင့်ကြည့်နေသူများအား အဖြစ်မှန်လားဟု မေးရလောက်သည်အထိ အံအားသင့်စရာကောင်းအောင် ပြီးပြည့်စုံခဲ့သည်။

ရိုက်ကူးရေး၏ ဒုတိယ တစ်ဝက်ပြီးဆုံးပြီး အဆုံးသတ်သည် အထိ လူတိုင်းသည် တိတ်ဆိတ်နေကြသည်။ ၁၀စက္ကန့်လောက်အကြာမှ ဒါရိုက်တာမှ "ဖြတ်" ဟုအော်လိုက်သည်။

ထိုအခန်းပြီးနောက် ရိုက်ကူးရေးသည် အဆုံးသတ်ခဲ့သည်။

သူတို့သည် ဂျင်ချန်ရှိ အပန်းဖြေစခန်းတစ်ခုတွင်ရိုက်ကူးနေကြပြီး ရိုက်ကူးရေးကို သီးသန့်ပြုလုပ်ရမည်ဖြစ်သောကြောင့် အပန်းဖြေစခန်းတစ်ခုလုံးကို ငှားရမ်းခဲ့သည်။အဖွဲ့သားအားလုံးလည်း အပန်းဖြေစခန်းရှိဟော်တယ်၌ တည်းခိုခဲ့သည်။

Latest chapters

Related Books

Popular novel hashtag