Chereads / Bringing the nation's husband home (myanmar translate) / Chapter 35 - အခန်း(၃၄) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(5)

Chapter 35 - အခန်း(၃၄) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(5)

အခန်း(၃၄) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(5)

ဆောင်းချန်စီ သာလျှင် မီနူးကို ယူပြီး သူမအနှစ်သက်ဆုံး ဟင်းပွဲ ၂ ကို မှာယူခဲ့သည်။ချောင်အင်ဟောင်စီသို့ မီနူးရောက်သောအခါ လက်ခါပြလိုက်ပြီးငြင်းပယ်လိုက်သည်။

စားပွဲထိုးထွက်ခွာသွားသောအခါ သူမရှေ့ရှိ လူဂျင်နန်အားကြည့်ရှုရန်ခေါင်းကို မြှောက်လိုက်သည်။ပွဲခန်းမ၏ အလင်းရောင်ကြောင့် လူဂျင်နန်၏ မျက်နှာသည် ထွန်းလင်းတောက်ပနေသည်။သူ၏ ဘေးတွင် 'Alluring Time' ၏ ဒါရိုက်တာထိုင်နေပြီး လူဂျင်နန်သည်ဒါရိုက်တာ ပြောစကားကို ခေါင်းငြိမ့်ကာ နားထောင်နေလေသည်။

လူဂျင်နန်သည်ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ချောင်အင်ဟောင်အား ကြည့်လိုက်သည်။သူမသည် ချက်ချင်းထိတ်လန့်သွားပြီး ဇောင်မင်းနှင့် စကားပြောဟန်ဆောင်လိုက်သည်။

သူမ အချင်းချင်း တွေ့ဆုံရန် နီးပါဖြစ်ခဲ့သည်။ချောင်အင်ဟောင်သည် လူဂျင်နန်ကို နောက်တဖန် မကြည့်ဝံ့ပါ။

ဤကဲ့သို့ ညစာစားပွဲမျိုးတွင် အရက်သည် မပါမဖြစ်ပါသည်။လူဂျင်နန်ရှိနေသောကြောင့် ထုတ်လုပ်သူ ဆန်းသည် တော်ဝင်ဝီစကီ ပုလင်းကို ရက်ရက်ရောရောမှာယူခဲ့သည်။စားပွဲထိုးသည် လူတိုင်းအတွက် ခွက်ကို သွန်းလောင်းပေးခဲ့ကာ ၂ကြိမ် ၃ကြိမ် ခန့် ပြန်လည် ဖြည့်တင်းပြီးနောက် အခန်းတွင်း လေထုသည် ပူနွေးခဲ့ပြီး ရွှင်လန်းမှု စတင်ခဲ့သည်။

လူဂျင်နန်သည် တိတ်ဆိတ်စွာ နေလေသည်။ သူအားလာရောက်၍ ဂုဏ်ပြုလျှင်ပင် ခွက်ကိုသာ မြှင့်တင်ခဲ့သည်။အခြားသူများက နှုတ်ဆက်လျှင်လည်း ခေါင်းကိုသာ အနည်းငယ်ငြိမ့်ပြခဲ့သည်။သူ၏ မျက်နှာသည် အေးခဲကာ စိတ်ခံစားမှုကင်းမဲ့နေပြီး အခြားကမ္ဘာမှလာသူ ဟုပင်ထင်ရသည်။

ဤကဲ့သို့သော ညစာစားပွဲမျိုးတွင် လူတိုင်းသည် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်မိတ်ဆက်နေကြ သော်လည်း ချောင်အင်ဟောင်သည် လူဂျင်နန် ရှိနေသောကြောင့် ထုတ်လုပ်သူနှင့် ဒါရိုက်တာအား လာရောက်နှုတ်ဆက်သော သူများကဲ့သို့ မပြုမူနိုင်ဘဲ တိတ်တဆိတ်သာ နေခဲ့သည်။ သူမအား လာရောက်နှုတ်ဆက်မှသာလျှင် နွေးထွေးစွာ ပြုံးပြခဲ့သည်။

ချောင်အင်ဟောင်နှင့်ဆန့်ကျင်စွာ ဆောင်းချန်စီသည် နေရာမှထွက်ခွာခဲ့သည်။သူမသည် စားသောက်ရန်အတွက်သာ ရောက်လာသည်ဟု ထင်ရပြီး ​ဂုဏ်သိက္ခာရှိရှိ ကျော့ရှင်းစွာဖြင့် ထိုင်ခုံတွင် ထိုင်ကာ အစားအစာများကို တစ်ချက်တစ်ချက် စားသောက်ခဲ့သည်။

ညစာစားချိန် တစ်ဝက်သို့ရောက်သောအခါ ချောင်အင်ဟောင်၏ဘေးတွင်ထိုင်နေသော ထုတ်လုပ်သူက " အားလုံး၊ဒီမှာ လူတိုင်းက တနည်းနည်းနဲ့ အတူတူ အလုပ်လုပ်ကြရပြီး တစ်ယောက်နဲ့တစ်ယောက်အကျွမ်းတဝင်ရှိသင့်တယ်၊အခု ကျွန်တော်တို့ရဲ့ ဒုတိယ အမျိုးသမီး ခေါင်းဆောင်ကို မိတ်ဆက်ပေးချင်ပါတယ်" ဟုပြောလိုက်သည်။ထုတ်လုပ်သူသည် သူမ၏ အမည်ကို မိတ်ဆက်ပေးချင်သော်လည်း သူမ၏ မျိုးရိုးအမည်ကိုသာ မှတ်မိခဲ့သည်။ သူသည် ချောင်အင်ဟောင်အား ကြည့်လိုက်ပြီး"ဘာကြောင့် မင်းကိုမင်း မိတ်မဆက်တာလဲ" ဟုပြောလိုက်သည်။