အခန်း(၃၅) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(7)
ထုတ်လုပ်သူ၏ မိတ်ဆက်စကားသည် ရုတ်တရတ်ဖြစ်ခဲ့ပြီး သူမကိုယ်သူမ ပြင်ဆင်ချိန်မရခဲ့သော်လည်း လူထုဆီသို့ခေါင်းငြိမ့်ပြကာ သူမက"အားလုံးနဲ့ ဆုံတွေ့ရတာဝမ်းသာပါတယ်၊ကျွန်မ နာမည် ချောင်အင်ဟောင်ပါ၊ကျွန်မတို့ အတူတကွ အလုပ်လုပ်ရတာ ပျော်စရာကောင်းလိမ့်မယ်လို့မျော်လင့်ပါတယ်"။
သူမမိတ်ဆက်ပြီးတာနဲ့ ထုတ်လုပ်သူဆန်းက ချီးကျူးလိုက်သည်။
ချောင်အင်ဟောင် သူမကိုယ်သူမ မိတ်ဆက်လိုက်သည့်အခါ တစ်ချိန်လုံး တိတ်ဆိတ်စွာ စားနေသည့် ဆောင်းချန်စီသည် သူမအား ကြည့်ကာ အကဲခတ်လေ့လာခဲ့သည်။
လက်ခုပ်သံများ ရပ်တန့်သွားသည်နှင့် တပြိုင်နက် ထုတ်လုပ်သူဆန်းက ချောင်အင်ဟောင် ကို ပိုမို ရင်းနှီးလာစေရန် အတွက် သူက " မစ္စတာလူ ၊ မင်းရဲ့တွဲဖက်က ချောင်အင်ဟောင်ပါ"ဟုပြောလိုက်သည်။
လူဂျင်နန်သည် ချောင်အင်ဟောင်ရှိရာသို့ ကြည့်လိုက်သည်။ ချောင်အင်ဟောင်သည် အေးဆေးတည်ငြိမ်စေရန်ကြိုးစားသော်လည်း သူမ၏ လက်များကချွေးများဖြင့်စိုစွတ်နေသည်။
စားပွဲရှိလူများက သူတို့၏ ဆက်ဆံရေးကိုမသိရှိဘဲ တစိမ်းများဟု ထင်မှတ်ခဲ့သည်။ထို့ကြောင့် ထုတ်လုပ်သူဆန်းက ချောင်အင်ဟောင်ဘက် သို့လှည့်က သူမအား" အင်ဟောင် ၊ မစ္စတာလူကို မြန်မြန်နှုတ်ဆက်လိုက်ပါ၊သူနဲ့ခင်မင်ရင်နှီးဖို့ကြိုးစားပါ။ သူနဲ့ရင်နှီးတာက အကျိုးရှိလိမ့်မယ်"။
ထုတ်လုပ်သူဆန်း၏ စကားများကြောင် သူမသည် မတ်တပ်ရပ်ကာ သူမရဲ့ ဖန်ခွက်ကိုမြှောက်လိုက်ပြီး "မစ္စတာလူ၊ မင်းကို တွေ့ခွင့်ရတာ ဝမ်းသာပါတယ်၊ ငါတို့ အတူတကွ အလုပ်လုပ်ဖို့ အဆင်ပြေလိမ့်မယ်လို့ မျော်လင့်ပါတယ်" ဟုနှုတ်ဆက်လိုက်သည်။
လူဂျင်နန်သည် ထိုင်ခုံတွင်ထိုင်ကာ သူမအား လျစ်လျူရှု ပြီး သူ၏ ဖန်ခွက်ကို ငေးကြည့်နေခဲ့သည်။
ချောင်အင်ဟောင်သည် သူမ၏ ဖန်ခွက်ကို ပိုမိုတင်းကြပ်စွာဆုတ်ကိုင် လိုက်သည်။အများရှေ့တွင် သူစိမ်းများဖြစ်သောကြောင့် သူမသည် သူစိမ်းတစ်ယောက်နေဖြင့်အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။
အချိန်အတန်ကြာပြီးနောက် လူဂျင်နန်သည် သူကို မကြည့်ဘဲ သူ၏ ဖန်ခွက်အတွင်းရှိဝိုင်ကို သောက်လိုက်သည်။
ချောင်အင်ဟောင်သည် သက်ပြင်းချလိုက်ပြီး သူမဝိုင်ဖန်ခွက်ကို မြှောက်ကာ သောက်လိုက်ပြီး ပြန်ထိုင်လိုက်သည်။
သို့သော်သူမထိုင်ခုံသို့မထိုင်မီ " ချောင်အင်ဟောင်ဟာ လူသစ် တစ်ယောက်အနေဖြင့် လူဂျင်နန်နဲ့ အတူလက်တွဲလုပ်ရတာ တကယ်ကံကောင်းတာဘဲ" လို့ အသံကျယ်ကျယ်ဖြင့် ပြောသံကြားလိုက်ရသည်။
ပြောလိုက်သောသူမှာ လင်းရှီယီ ဖြစ်သည်။သူမပြောလိုက်သော စကားသည် အပြစ်ကင်းစင်ပုံရသော်လည်း ဂရုတစိုက်နားထောင်မည်ဆို ပါကကံကောင်းခြင်းကို အဓိက ပြောချင်တာမဟုတ်ဘဲ သူမသည် "လူသစ်" ဟူသောစကားကို အဓိကပြောချင်ကြောင်းနားလည်လိမ့်မည်။
အသစ်ရောက်ရှိလာသောသူမသည် လူဂျင်နန်နှင့် အတူလုပ်ခွင့်ရပြီး ရုပ်ရှင်လောကတွင် ကြာမြင့်စွာလုပ်ကိုင်ခဲ့သူ လင်းရှီယီ၏ အခန်းကဏ္ဍကိုပင် ရယူနိုင်ခဲ့သည်။လူတိုင်းသည် ချောင်အင်ဟောင် အခန်းကဏ္ဍရရှိခဲ့သည့် နည်းလမ်းကို သံသယဝင်လာကြသည်။