အခန်း(၃၆) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(8)
စားသောက်ခန်း အတွင်းရှိလူတိုင်းသည်သံသယဖြစ်လာကြပြီး ချောင်အင်ဟောင်အကြောင်းတီတိုးပြောဆိုလာကြသည်။
ချောင်အင်ဟောင်သည် သူတို့၏ အတွေးများကို သတိထားမိသည်။ သူမ၏ အခန်းကဏ္ဍသည် သူမ၏ ခန္ဓာကိုယ်နှင့် အမှန်တကယ်လဲလှယ်ခဲ့သည်။သူမ၏ ယုံကြည်မှု ကင်းမဲ့သောစိတ်ကြောင့် သူတို့အားမည်သို့ တုန့်ပြန်ရမည်ကို မသိခဲ့ပါ။
စားသောက်ခန်းမအတွင်းတီးတိုးသံများနှင့်ဆူညံနေသည်။
ချောင်အင်ဟောင်သည် လူအုပ်ကြီး၏ ပြောဆိုသံများကြားတွင် နှုတ်ဆိတ်နေသည်။သူမ၏ မန်နေဂျာဇောင်မင်းသည် ဤအခြေအနေကို ကယ်တင်ရန် အသည်းအသန်စဉ်းစားလိုနေသည်။
ခန်းမတွင်ရှိဝေဖန်မှုများမြင့်တတ်လာချိန်တွင် ချောင်အင်ဟောင်ရှေ့ တွင်ထိုင်နေသော လူဂျင်နန်သည် သူမကို ကြည့်လိုက်သည်။သူမသည် တည်ငြိမ်အောင်ကြိုးစားသော်လည်း တုန်လှုပ်နေသော နှုတ်ခမ်းများက သူမကို သစ္စာဖောက်ခဲ့သည်။
သူသည် သူမကို ၅စက္ကန့်လောက် ငေးကြည့်နေပြီးနောက် အေးခဲသောအသံဖြင့် "မစ္စချောင်၊မင်းမမှတ်မိတော့ဘူးလား၊ ကံကောင်းတာက မင်းရဲ့ စွမ်းဆောင်ရည်လို့ လုပ်ငန်းခွင်မှာ အမြဲပြောခဲ့တယ်မဟုတ်လား" ဟုပြောလိုက်သည်။
လူဂျင်နန်သည် ပေါ့ပေါ့တန်တန်ပြောဆိုနေပုံရသော်လည်း ချောင်အင်ဟောင်သည် ကံကောင်းသောကြောင့်မဟုတ်ဘဲ သူ၏ သရုပ်ဆောင်စွမ်းရည်သည် ဤအခန်းကဏ္ဍကို ရရှိစေခဲ့သည်။လူဂျင်နန်၏ စကားက လင်းရှီယီသည် ဤအခန်းကဏ္ဍကို ကိုင်တွယ်ရန် မလုံလောက်ကြောင်း အရိပ်အမွတ်ပြောဆိုခဲ့သည်။
လူဂျင်နန်က သူမကို အခက်အခဲများမှ အဘယ်ကြောင့် ကူညီခဲ့သည်ကိုမသိသော်လည်း သူမ၏ရင်ကို နွေးထွေးစေပြီး စိတ်လှုပ်ရှားစေခဲ့သည်။သူမသည် တည်ငြိမ်အေးဆေးသောအမူအရာဖြင့် နှုတ်ခမ်းထောင့်များကို ကွေးကာ ပြုံးလိုက်ပြီး နိမ့်ချသော အသံဖြင့် "ငါ့မှာ လေ့လာစရာတွေအများကြီးကျန်နေသေးတယ်၊ငါက အဖွဲ့သားတွေကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေဖို့ မျော်လင့်ပါတယ်" ဟုပြောလိုက်သည်။
လူဂျင်နန်၏ စကားများက အခွင့်အာဏာရှိခဲ့သည်။ချောင်အင်ဟောင် ၏ နိမ့်ချသောစကားသံနှင့်အတူ လူများသည် သူမအပေါ် အခြားနည်းလမ်း ဖြင့်စဉ်းစားလာကြသည်။သူတိုင်းက အကြောင်းအရာကို ပြောင်းလဲပြီး သူမကိုချီးကျူးခဲ့ကြသည်။
လင်းရှီယီသည် ထောင့်တွင်ထိုင်ကာ ပြုံးနေသော သူမမျက်နှာက တိမ်မည်းများ ဖုံးလွမ်းလာသည်။ချောင်အင်ဟောင်အားခက်ခဲစေရန် လုပ်ဆောင်ခဲ့သော်လည်း သူမကိုယ်သူမသာ ထိခိုက်မိသည်။
ချောင်အင်ဟောင် ကြောင့်သာမဟုတ်ခဲ့ရင် လူဂျင်နန်နှင့်အတူ သရုပ်ဆောင်ရမှာပါ။သူနှင့်အတူ သရုပ်ဆောင်ခြင်းသည် အမျိုးသမီး သရုပ်ဆောင်များအားလုံး၏ အိမ်မက်ဖြစ်သည်။
အစာစားပြီးနောက် ချောင်အင်ဟောင်သည် ရေချိုးခန်းသို့ ထွက်ခွာခဲ့သည်။သူမ စားသောက်ခန်းသို့ ပြန်ရောက်လာချိန်တွင် လူအများစုမှာ ထွက်ခွာသွားပြီဖြစ်သည်။
သူမစားသောက်ပွဲသို့ ရောက်ရှိချိန်တွင် ကားပါကင်၌ ကားများပြည့်နေပြီ ဖြစ်သောကြောင့် ဇောင်မင်းသည် ကားအား အဝေးတစ်နေရာတွင် ရပ်နားခဲ့သည်။ ချောင်အင်ဟောင်ရေချိုးခန်းအတွင်ရှိနေတုန်း ဇောင်မင်းသည် ကားယူရန်အတွက် ထွက်ခွာသွားခဲ့သည်။