Chereads / Bringing the nation's husband home (myanmar translate) / Chapter 38 - အခန်း(၃၇) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(1)

Chapter 38 - အခန်း(၃၇) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(1)

အခန်း(၃၇) ပြဿနာဖြစ်ပေါ်စေရန်ကြောက်ရွံ့ခြင်း(1)

သူမဟိုတယ်တံခါးရှေ့သို့ ရောက်သောအခါ ဇောင်မင်းသည် ရောက်ရှိမလာသေးပါ။သူမ ဘေးထွက်၍စောင့်ဆိုင်းနေစဉ် လူဂျင်နန် ဟိုတယ်မှ ထွက်လာသည်ကိုမြင်တွေ့လိုက်ရသည်။သူမသည် ဟိုတယ်ရှေ့တွင် စောင့်နေသောကြောင့် လူဂျင်နန် ဆက်လျှောက်လာမည်ဆိုပါက သူမနှင့်တွေ့ဆုံလိမ့်မည်။

လူဂျင်နန်သည် အများပြည်သူဆိုင်ရာ နေရာများ၌ သူမနှင့်ဆက်ဆံ ရသည်ကို မကြိုက်နှစ်သက်ခဲ့ပါ။သူတို့တွေ့ဆုံတိုင်း သူသည် သူမကို လေကဲ့သို့ လျစ်လျူရှုလိမ့်မည်။

သူမသည် သူ၏ လျစ်လျူရှုခံရမည်ကို စောင့်ဆိုင်းနေမည်အစား ပုန်းရှောင်ထွက်ပြေးရန်ကြိုးစားခဲ့သည်။

သူမ ထွက်ပြေးရန် ချက်ချင်းလှည့်လိုက်ပြီး ထိုအချိန်တွင် သူမဘေး၌ ကားတစ်စီးရပ်လာခဲ့သည်။ကား၏ မှန်ပြတင်းပေါက်တို့ လျောကျလာပြီး အထဲမှ " ချောင်ချောင်" လို့ခေါ်သံကိုကြားလိုက်ရသည်။

ချောင်အင်ဟောင်သည် ကားမောင်းသူဘေးတွင်ထိုင်နေသော ထုတ်လုပ်သူဆန်းအားတွေ့လိုက်ပြီး ယာဉ်ကျေးစွားဖြင့် " မစ္စတာဆန်း " ဟုနှုတ်ဆက်လိုက်သည်။

ထုတ်လုပ်သူဆန်းသည် ကားပြတင်းပေါက်မှ ဆန့်ထုတ်၍ " ချောင်ချောင်၊ဘာလို့တစ်ယောက်တည်း ရပ်နေတာလဲ ၊ ကားမရှိဘူးလား" ဟုမေးလိုက်သည်။

ပြောပြီးသည်နှင့် ထုတ်လုပ်သူဆန်းသည် ကားထဲမှထွက်လာပြီး ချောင်အင်ဟောင်အား ကားနောက်တံခါးဖွင့်ပေး၍ " မင်းဘယ်မှာနေတာလဲ၊ ငါလိုက်ပို့ပေးနိုင်တယ်" ဟုဆိုလိုက်သည်။

ချောင်အင်ဟောင်က မြန်မြန်ဆန်ဆန် ကျေးဇူးတင်ကြောင်းပြောလိုက်သည်။"မစ္စတာဆွန်း ၊ ကျေးဇူးတင်ပါတယ် ၊ ဒါပေမယ့် ဒုက္ခခံစရာမလိုပါဘူး ငါ့မန်နေဂျာက ကားသွားယူနေတယ်။"

"အို…." နောင်တရသောမျက်နှာနှင့် ချောင်အင်ဟောင် အားကြည့်နေရင် သူ၏ မျက်လုံးများမှေးမှိန်သွားသည်။ သူမကို ကြည့်လေလေ သူမ၏ အလှသည် သူ၏ မျက်လုံးထဲတွင် နက်ရှိုင်းလာလေဖြစ်သည်။သူက" ချောင်ချောင်၊ ဘယ်တက္ကသိုလ်မှာတတ်နေလဲ" ဟုမေးလိုက်သည်။

ချောင်အင်ဟောင်သည် လူဂျင်နန်ကို ရှောင်လိုသော်လည်း ထုတ်လုပ်သူဆန်းအား စိတ်မဆိုးစေချင်ခဲ့ပါ။သူမက " X တက္ကသိုလ်" ဟုယဉ်ယဉ်ကျေးကျေး ဖြေဆိုလိုက်သည်။

" X တက္ကသိုလ် ….ဒါတကယ်ကောင်းတဲ့ကျောင်းဘဲ"

ချောင်အင်ဟောင် သည် လူဂျင်နန်ကို မတွေ့မီ အချိန်ကပင် သူသည် သူမအားအရင်တွေ့ခဲ့သည် ။ သူမ၏ မျက်လုံးများက သူအပေါ် မိနစ်အနည်းငယ်ကြည့်ပြီးနောက် သူအား ရှောင်ကြဉ်ရန် ထွက်ခွာသွားကြောင်း တွေ့လိုက်သည်။

လူဂျင်နန်သည်အေးခဲသော အကြည့်နှင့်ရပ်တန့်သွားခဲ့သည်။ သူသည် ကားဆီသို့ လျှောက်လှမ်းသွားချိန်တွင် သူမ၏ ဘေး၌ ထုတ်လုပ်သူဆန်း၏ ကားကို တွေ့လိုက်ရသည်။

လူဂျင်နန်သည်သူတို့ ပြောဆိုမှုကို ကြားရန်ဝေးလွန်းသော်လည်း သူတို့နှစ်ဉီး ပျော်ရွှင်နေကြောင်း ပြောဆိုနိုင်သည်။ချောင်အင်ဟောင်သည် သူမ၏ အပြစ်ကင်းစင်သော သွားများကို ဖော်ထုတ်ကာ ထုတ်လုပ်သူဆန်းအား ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။

နောက်ဆုံးမှာ ထုတ်လုပ်သူဆန်း သည် သူဖုန်းကို ထုတ်ယူလိုက်ပြီး ချောင်အင်ဟောင် ပြောဆိုနေစဉ် တစ်ခုခုကိုရိုက်လိုက်သည်။ထို့နောက် ချောင်အင်ဟောင်သည် သူမ၏ ဖုန်းကို ထုတ်ယူလိုက်ပြီးဖွင့်လိုက်သည်။

သူတို့ နံပတ်ချင်းဖလှယ်ခဲ့ကြခြင်းဖြစ်ပေမည်။

Latest chapters

Related Books

Popular novel hashtag