Chereads / Bringing the nation's husband home (myanmar translate) / Chapter 32 - အခန်း(၃၁) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(3)

Chapter 32 - အခန်း(၃၁) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(3)

အခန်း(၃၁) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(3)

သူမရှေ့နှုတ်ဆက်သူထံမှ ကြည်လင်ပြတ်သားပြီး ချိုမြိန်သော အမျိုးသမီး အသံထွက်ပေါ်လာသည်။

မသိစိတ်အရချောင်အင်ဟောင်သည် ခေါင်းကိုစောင်းပြီး ကြည့်လိုက်ရာ လင်းရှီယီ သူမအနားတွင်ရှိနေပြီး ထုတ်လုပ်သူ ဆန်း နှင့် လက်ချင်းနှုတ်ဆက်ကာ ပြုံးနေသည်။

"ရှီယီ ၊ ငါတို့နောက်ဆုံးရုပ်ရှင်ပြီးကတည်းက မတွေ့ဖြစ်တာကြာပြီ"ဟုထုတ်လုပ်သူက ပြောလိုက်သည်။

"အဲ့ဒါ သာယာတဲ့ လုပ်ငန်းအတွေ့အကြုံ ဖြစ်လိမ့်မယ်လို့မျော်လင့်ပါတယ်" ဟုလင်းရှီယီက ပြန်ဖြေလိုက်သည်။

သူမ ထုတ်လုပ်သူနှင့်နှုတ်ဆက်နေချိန် ဇောင်မင်း က ချောင်အင်ဟောင်ကို မှီ၍ တိုးတိုးလေးပြောလိုက်သည်။"ချောင်ချောင်၊ အစက လင်းရှီယီ ဟာ ဒီရုပ်ရှင်မှာ ဒုတိယ အမျိုးသမီး ခေါင်းဆောင်ဖြစ်တယ်၊မင်းက ဒုတိယ အမျိုးသမီးခေါင်းဆောင်နေရာဖြစ်လာတော့ သူမကို တတိယဉီးဆောင်သူ နေရာကို ချလိုက်တယ်၊သူမနစ်နာချက်ကို အမှတ်ရပြီး အငြိုးထားတတ်သူဖြစ်တယ်၊အထူးသဖြင့် ဒါရိုက်တာနဲ့ ထုတ်လုပ်သူရှေ့မှာ သိုးယောင်ဆောင်တဲ့ဝံပုလွေလို ဟန်ဆောင်တတ်တယ်"။

ဇောင်မင်း စကားအဆုံးမီ လင်းရှီယီ သည် နောက်လှည်လာခဲ့သည်။ ဇောင်မင်းလည်း တိတ်ဆိတ်သွားပြီး သူမအား ပြုံးပြလိုက်သည်။အလားတူ သူမက လည်းပြန်ပြုံးပြလိုက်တယ်။သူမက ချောင်အင်ဟောင်အား " အင်ဟောင်၊ အတွေ့ရတာကြာပြီး" ဟုနှုတ်ဆက်လိုက်သည်။

ချောင်အင်ဟောင်သည် လင်းရှီယီအားကောင်းစွာသိသည်။သူမသည် ဟွမ်ရင်း ဖျော်ဖြေရေးကုမ္ပဏီမှ သရုပ်ဆောင်တစ်ဉီး ဖြစ်ပြီး သူမ၏နေရာသည် အလျင်အမြန်တိုးတတ်လာခဲ့သည်။သူတို့နှစ်ဉီးလုံး ကုမ္ပဏီ တစ်ခုတည်းမှ ဖြစ်သော်လည်း ချောင်အင်ဟောင်သည် သူမနှင့် တစ်ခါမှ စကားမပြောဖူးပါ။လင်းရှီယီသည် မာနကြီး ပြီး ချောင်အင်ဟောင်နှင့် စကားပြောဆိုရန် စိတ်မဝင်စားပါ။

လင်းရှီသည် သူမအလွန်ရင်နှီးသော အသိအကျွမ်းများကဲ့သို့ သူမအားနွေးထွေးစွာနှုတ်ခွန်းဆက်ခဲ့သည်။သူမမျက်နှာအားမြင်လိုက်ချိန်တွင် ချောင်အင်ဟောင်၏ နှလုံးအနည်းငယ်ကျုံသွားခဲ့ပြီး ဇောင်မင်း၏စကားများ ပြန်သတိရလိုက်သည်။ချောင်အင်ဟောင်သည် လင်းရှီယီ၏ အခန်းကဏ္ဍအားခိုးယူခဲ့သည်။လင်းရှီသည် သူမအားမုန်းနေခဲ့လျင်ပင် အခုအချိန်တွင် ရင်းနှီးသော မိတ်ဆွေများကဲ့သို့ဆက်ဆံရန် လိုနေသေးသည်။ဒီအရာဟာ သူမအတွက်ခက်ခဲစေသည်။

လင်းရှီသရုပ်ဆောင်သကဲ့သို့ ချောင်အင်ဟောင်လည်းလုပ်နိုင်သည်။ သူမတို့နှစ်ယောက်လုံးသည် ထုတ်လုပ်သူ၏ ရှေ့မှောက်၌ မကောင်းသော အထင်အမြင်ကို မခံစေလိုပါ။

ချောင်အင်ဟောင်သည် လင်းရှီယီ အား ရင်နှီးသောမိတ်ဆွေများကဲ့သို့ နွေးထွေးစွာပြုံပြလိုက်သည်။သူမက " ရှီယီ ၊ မင်းကိုနောက်ဆုံး တွေ့ခဲ့တဲ့ အချိန်ထက် အများကြီး ပိုလှလာတယ်" ဟု နွေးထွေးစွာ ပြောဆိုလိုက်သည်။

လင်းရှီယီ လည်း ချောင်အင်ဟောင် သရုပ်ဆောင်နေကြောင်း ကောင်းစွာသဘောပေါက်သည်။ချောင်အင်ဟောင်အား ပြန်လည်၍ နွေးထွေးစွားပြုံပြလိုက်ပြီး "မဟုတ်ဘူး၊မင်းကမှ တကယ်ပိုလှလာတာ" ဟုပြန်လည်ပြောဆိုလိုက်သည်။

ရှီယီသည် ထုတ်လုပ်သူဘက်သို့ ပြန်လှည့်လိုက်ပြီး ချောင်အင်ဟောင်နှင့် ထုတ်လုပ်သူအားမိတ်ဆက်ပေးခဲ့သည်။" ထုတ်လုပ်သူ ဆန်း သူမက ဒုတိယ အမျိုးသမီးခေါင်းဆောင် ချောင်အင်ဟောင်ပါ၊သူမက သည်လုပ်ငန်းထဲဝင်တာ မကြာသေးပေမယ့် သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကခိုင်မာတယ်။"

ချောင်အင်ဟောင်သည် သူမကိုမိတ်ဆက်ပေးခြင်းဖြင့် ထုတ်လုပ်သူ ဆန်းအား သူမသဘောထားကြီးပြီး ရက်ရောကြောင်း ပြသရန်ဖြစ်သည်ကို ကောင်းစွာသတိပြုမိသည်။လင်းရှီယီ သူမသရုပ်ဆောင်သည်ကို တစ်ခါမှ မမြင်ဖူးသောကြောင့် ကောင်းမကောင်း မည်သို့ ပြောဆိုနိုင်မည်နည်း။