Chereads / Bringing the nation's husband home (myanmar translate) / Chapter 33 - အခန်း(၃၂) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(4)

Chapter 33 - အခန်း(၃၂) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(4)

အခန်း(၃၂) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(4)

ချောင်အင်ဟောင် စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေသော် လည်း သူမမျက်နှာပေါ်တွင် တောက်ပသော အပြုံးကို ဆက်လက်ထားရှိခဲ့သည်။ထိုနောက် ထုတ်လုပ်သူ ဆန်း နှင့်လက်ဆွဲနှုတ်ဆက်ကာ "ထုတ်လုပ်သူ ဆန်းနဲ့ တွေ့ရတာဝမ်းသာပါတယ်၊ ရှီယီ က ပိုပြောနေလိုပါ ငါသင်ယူဖို့ အများကြီး လိုနေသေးတယ်၊ဒါနဲ့ ရှီယီ နဲ့ အလုပ်များစွာတွဲလုပ်ဖူးတယ်လို ငါကြားခဲ့တယ်။"

နှုတ်ဆက်စကားသည် ရိုးရှင်းလျှင်တောင် ထုတ်လုပ်သူအား ကောင်းသောထင်မြင်ချက်ရှိစေရန်အတွက် ချောင်အင်ဟောင်တွင် အပြည့်အဝ စွမ်းရည်ရှိသည်။

ထုတ်လုပ်သူဆန်း သည်ချောင်အင်ဟောင်၏ စကားကြောင့် ကြေနပ်ခဲ့ပြီး သူမအား ဂရုတစိုက်ကြည့်ရှုလိုက်သည်။

ဖျော်ဖြေရေးလုပ်ငန်းသည်အလှအပများနှင့် ပြည့်နှက်နေပြီး လူတို့အားပိုမို အာရုံစူးစိုက်မှုရ ရန်သာ ကြိုးစားလုပ်ဆောင်နေကြသည်။ သို့သော် သူ၏ ရှေ့မှောက်၌ ရှိသောမိန်းမသည် နူးညံသိမ်မွေ့သော အသွင်အပြင်နှင့် သန့်ရှင်းသော အလှတရားရှိသည်။

သူမ၏ ဘေးတွင် လင်းရှီယီ ရှိနေပြီး သူမ၏ အပြုံးမှာ တောက်ပနေဆဲဖြစ်သည်။သို့သော် ချောင်အင်ဟောင်အား ကြည့်လိုက်ချိန်တွင် သူမ၏ အပြုံးတို့ မှာ အေးစက်နေသည်။

ထုတ်လုပ်သူဆန်းအား သူမနှုတ်ဆက်ပြီးချိန်တွင် အဖွဲ့သားအများစုမှာ ရောက်ရှိနေပြီ ဖြစ်သည်။

ထုတ်လုပ်သူ ဆန်းသည် ချောင်အင်ဟောင်အား သူ၏ ဘေးတွင် ထိုင်စေခဲ့သည်။လူတိုင်းထိုင်ပြီးသောအချိန်တွင် သူမရှေ့ရှိ ထိုင်ခုံလေးခုမှာ ဗလာဖြစ်နေဆဲဖြစ်သည်။

" သည်ကို ဘယ်သူရောက်မလာသေးတာလဲ" ဟုစဉ်းစားလိုက်ပြီး မည်သူပျောက်ဆုံးနေကြောင်း သိရှိရန် စားပွဲအား လိုက်လံကြည့်ရှုနေချိန်တွင် စားသောက်ခန်းတံခါးပွင့်လာပြီး လူသုံးဉီး ရောက်ရှိလာသည်။

ရောက်ရှိလာသူမှာ ' Alluring Time' ၏ ဒါရိုက်တာ၊ အဓိက အမျိုးသမီး ခေါင်းဆောင် ချန်စီ နှင့် အဓိက အမျိုးသား ခေါင်းဆောင် ချင်ရန် တို့ဖြစ်သည်။

ချင်ရန်သည် လူကြိုက်များသော အမျိုးသား သရုပ်ဆောင်တစ်ယောက် ဖြစ်သော်လည်း လူဂျင်နန်သည် နယ်ပယ်တစ်ခုလုံးကို အုပ်စိုးထားဆဲဖြစ်သည်။ သူသည် သူ၏ ပြိုင်ဘက် လူဂျင်နန်ကို ကျော်ဖြတ်နိုင်ခြင်းမရှိပါ။လူဂျင်နန်သည် သူရိုက်ကူးသည် ဇာက်ကားတိုင်းတွင် သူအား ပါဝင်စေကာ ထောက်ပံ့ပေးခြင်းမရှိခဲ့ပါက ယခုကဲ့သို့ အောင်မြင်ကျော်ကြားလာမည် မဟုတ်ပေ။

ဆောင်ချန်စီ သည် လူဂျင်နန်ကဲ့သို့ တစ်နိုင်ငံလုံးတွင် အောင်မြင်ကျော်ကြားသော အကောင်းဆုံးအမျိုးသမီး ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။

"နောက်ကျသွားလို့စိတ်မကောင်းပါဘူး၊ယာဉ်ကြောပိတ်ဆို့နေလိုပါ" ဟု ဒါရိုက်တာကပြောကာ ထိုင်ခုံတွင်ထိုင်လိုက်သည်။ချင်ရန်သည်လည်း ထိုင်ခုံတွင် မထိုင်မီ နောက်ကျသည့်အတွက် တောင်းပန်ကြောင်းပြောဆိုခဲ့ သည်။ဆောင်းချန်စီ ကလည်း တောင်းပန်ကြောင်း ခေါင်းငြိမ့်ပြခဲ့သည်။

လူတိုင်းနီးပါရောက်ရှိနေသည်ကို မြင်လျင်စားပွဲထိုးက "အခုဒီမှာ အားလုံးရောက်နေပြီဆိုတော့ ငါတို့ စားသောက်ပွဲစတင်နိုင်ပြီလား" ဟုမေးလိုက်သည်။

ထုတ်လုပ်သူက " တစ်မိနစ်လောက်စောင့်ပါ၊ နောက်ထပ်လူတစ်ယောက် ကျန်သေးတယ်" လို့ပြောခဲ့သည်။

ထုတ်လုပ်သူနှင့်ဒါရိုက်တာသည် ရိုက်ကူးရေးအဖွဲတွင် အမြင့်ဆုံး ရှိသူများဖြစ်ပြီး ယခုအခါ စားသောက်ပွဲစတင်ရန်အတွက် တစ်စုံတစ်ယောက်အားစောင့်ဆိုင်းခဲ့သည်။

လူတိုင်းက သိချင်စိတ်နှင့်လှည့်ပတ်ကြည့်လိုက်ကြပြီး တစ်စုံတစ်ယောက်က " ဘယ်သူကျန်နေတာလဲ" ဟုမေးလိုက်သည်။

ဒါရိုက်တာက ချက်ခြင်းဘဲ "ငါ့တို့ရဲ့ ဒုတိယ အမျိုးသားခေါင်းဆောင်" ဟုဖြေလိုက်သည်။

ဒုတိယအမျိုးသားခေါင်းဆောင်လား….အခု အဓိက အမျိုးသားခေါင်းဆောင်တောင်ရောက်နေခဲ့ပေမယ့် ဒုတိယ ဉီးဆောင်သူကို စောင့်နေခဲ့တာလား။လူတိုင်းကသူဘယ်သူလဲသိချင်နေကြသည်။

Latest chapters

Related Books

Popular novel hashtag